လ္ဘက်ရည်ဆိုင်အလုပ်သမဖြစ်သူကို ခင်ပွန်းဟောင်းမှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရ

ပို့စ်တင်ချိန် - 4/25/2014 03:38:00 PM


ရန်ကုန်၊ ဧပြီ ၂၅

၂၄.၄.၂၀၁၄ရက်နေ့ ၀၇၀၀အချိန်ခန့်တွင် ကမာရွတ်မြို့နယ်နေ ဦးသူရထွန်း
မှ ၎င်းသည် ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်းရှိ လက်ဖက်ရည်ဆိုင်၌ အဖျော်ဆရာအလုပ်လုပ်ကိုင်နေစဉ် ဆိုင်မှအလုပ်သမဖြစ်သူ မသူဇာထွေး၊ (၁၉)နှစ်နှင့် ၎င်း၏ခင်ပွန်းဟောင်းဖြစ်သူ ဇော်ဇော်လေး၊ (ဘ)ဦးဝင်းမောင်၊ လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူတို့(၂)ဦးမှာ လ္ဘက်ရည်ဆိုင်
အတွင်း၌ စကားများရန်ဖြစ်နေသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ရန်ဖြစ်စဉ်
ဇော်ဇော်လေးမှ မသူဇာထွေးကို အရိုးအသွား(၆)လက်မခန့်ရှိ ဓါးမြှောင်ဖြင့်
ထိုးခဲ့ပြီးထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ မသူဇာထွေးတွင် ကျောကုန်းဝဲဘက်၊ ၀ဲလက်မောင်း၊ ၀ဲလက်ကောက်ဝတ်၊ ၀ဲပေါင်တို့တွင်ပြတ်ရှဒဏ်ရာ(၁)ချက်စီ
နှင့် ၀မ်းဗိုက်တွင်ပြတ်ရှဒဏ်ရာ(၂)ချက်တို့ရရှိကာ လဲကျသွားခဲ့သည်ကို
တွေ့ရှိရကြောင်း၊ ဒဏ်ရာရရှိသူ မသူဇာထွေးကို ရန်ကုန်ဆေးရုံကြီးသို့
ပို့ဆောင်ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသမှုခံယူနေရကြောင်းနှင့် ထိုသို့ကျူးလွန်သူ ဇော်ဇော်လေးအား အရေးယူပေးရန် တိုင်တန်းလာ
ပါသည်။

တိုင်တန်းချက်အရ ကမာရွတ်မြို့မရဲစခန်း(ပ)၁၉၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆
ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်
လျက်ရှိပါသည်။

Yangon Police