ဆန်ဆီ- လယ်သမားတွေအတွက် သတင်းကောင်း

ပို့စ်တင်ချိန် - 4/08/2014 04:50:00 PM





ကျနော့်အတွက်တော့ ဖြေရှင်းရတဲ့ အကြာင်းအရာ
-
မြန်မာနိုင်ငံသားတွေတင် မကပါဘူး၊ တကမ္ဘာလုံးမှာ လူတွေ သိနေတာ မြေပဲဆီ၊ နှမ်းဆီ၊ ပန်းနေကြာဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ ဖရုံသီးအစေ့ဆီ စသည်ဖြင့် အသီးအနှံတွေတော်တော်များများက အစေ့တွေကို ကြိတ်ချေပြီး ဆီလုပ်ကြတာကိုပါ။
-
ကျနော်ဟာ ချက်ရပြုတ်ရတာ ၀ါသနာပါတဲ့အပြင်၊ ခရီးတွေ သွားနေရတော့ ရောက်တဲ့နေရာတွေက ဈေးဆိုင်တွေမှာ ကောင်းနိုးရာရာတွေ ၀ယ်ရင်းနဲ့ ရိုးရိုဆီတွေနဲ့ ဈေးသိပ်မကွာတဲ့ ဖွဲနုဆီ(ဆန်ဆီ) ကို သုံးစွဲနေခဲ့တာ ကြာပါပြီ။ အိမ်က သမီးနှစ်ယောက်ကလည်း စားတဲ့ ဆီ ဆိုရင် ဖင်လန်လို ရီးစီ (ဆန်ဆီ)လို့ပဲ သိကြပါတယ်။
-
ဒီနေ့ အကြီးမ အသက် ၉ နှစ်ပြည့် ကျောင်းကျန်းမာရေးက စစ်တော့ အစားအသောက်ထဲကို ဘာဆီမျိုး ထည့်ပြီး သုံးစွဲလဲလို့ မေးတော့ သမီးက ဆန်ဆီ ပဲ သုံးတယ်လို့ ပြောတဲ့အခါမှာ အဟာရဓါတ်ကျွမ်းကျင်တဲ့ ပညာရှင်က ကျနော့်ဆီ ဖုံးဆက်ပြီး မေးမြန်းပါတယ် တကယ်ပဲ အိမ်မှာ ဆန်ဆီ သုံးစွဲသလား ပေါ့။ ကျနော်ကလည်း ဟုတ်ကဲ့ သုံးပါတယ် ၂ နှစ်ကျော်ကျော်လောက် ရှိပါပြီပေါ့။

ဒီတော့ ပညာရှင်က သူ့ကို ပြလို့ ရမလားပေါ့။ ကျနော်ကလည်း ရပါတယ် ဆိုပြီး အိမ်ပြန် (ဖွဲနုဆီ) ဆန်ဆီပုလင်းကို ယူပြီး ပြတော့မှ ဟာ အီတလီ နိုင်ငံက ထုတ်တာပဲ၊ သူတခါမှ မမြင်ဘူး မကြားဘူး ဘူး။ ဗီတာမင် အီး ဓါတ်တွေလည်း အများကြီးပဲ သံလွင်ဆီ ထက်တောင် ကျန်းမာရေးကောင်းသေးတယ်တဲ့။

(တကယ်ကတော့ အာဟာရဓါတ်ကျွမ်းကျင်တဲ့ ပညာရှင်က ဆန်ဆီ ဆိုတဲ့ နာမည်ကို ကြားတဲ့အခါမှာ အာရှတိုက်သားတွေ ထွေလီကာလီ စားကြတော့ ကလေး ကျန်းမာရေး ထိခိုက်မှာစိုးလို့ မေးမြန်းတာပါ။)
-
ဟုတ်ကဲ့ မြန်မာနိုင်ငံဟာ ဆန်စိုက်ပျိုးတဲ့ နိုင်ငံပါ၊ ဆန်ကြိတ်ရင် ထွက်လာတဲ့ ဖွဲနုဟာ မြန်မာနိုင်ငံမှာတော့ တိရစ္ဆာန်အစာ ဖြစ်ပေမဲ့ နည်းပညာရှိတဲ့ နိုင်ငံတွေမှာတော့ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ ဗီတာမင် အီး ပေါများရာ ကိုယ်လက်စရော အဆီဓါတ်မပါသော လူတို့ စားသုံးတဲ့ ဆီ အဖြစ်နဲ့ ၁ လစ်တာကို ၅ ယူရို နီးပါး ပေးရတဲ့ အိမ်အသုံးအဆောင် ဖြစ်နေပါပြီ။
-
တောင်သူလယ်သမား ဦးကြီးတို့ တချိန်မှာ နည်းပညာတိုးတက်မှု့တွေကို ခံစားနိုင်ကြပြီး ချမ်းသာကြွယ်ဝကြပါစေလို့ ကျနော် ဆုတောင်းပေးလိုက်ပါတယ်။

Nyein Chan Aung