ဒီလောက် နှေးတဲ့ ဖာရာရီအင်ဂျင်သုံးကားကို မြင်ရတာ အရမ်းကြေကွဲစရာပဲလို့ ပြောခဲ့တဲ့ ဖာရာရီဥက္ကဌ

ပို့စ်တင်ချိန် - 4/08/2014 02:48:00 PM




Angel on 2014-04-08 12:30    
ဘာရိန်းဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဖာနန်ဒိုအလွန်ဆိုနဲ့ ဖာရာရီအသင်းဖော် ကီမီရက်ကွန်နန် တို့ နှစ်ယောက် အဆင့် ၉ နဲ့ ၁၀ သာ ရရှိပြီးခဲ့တဲ့နောက် ဖာရာရီအသင်း ပြိုင်ပွဲဝင်ကားတွေရဲ့ အမြန်နှုန်းကို စိတ်ပူမိကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

အင်ဂျင်တွန်းအားမကောင်းမွန်မှု၊ တာယာအကြီးစားအသုံးပြုမှုနဲ့ လမ်းဖြောင့်မှာတင်နိုင်တဲ့အမြန်နှုန်း ညံ့ဖျင်းမှု တို့ ကြောင့် အခုလို အဆင့်နောက်ဆုံးမှာ ရပ်တည်ခဲ့ရတာဖြစ်တယ်လို့ ဖာနန်ဒိုအလွန်ဆိုက ပြောကြားခဲ့ပါတယ်။

ဖာရာရီကုမ္ပဏီရဲ့ ဥက္ကဌ လူကာဒီမွန်တီဇီမိုလို ကိုယ်တိုင် ဘာရိန်းပြိုင်ကွင်းမှာရှိနေခဲ့ပြီး ပြေးလမ်းထဲမှာ သူ့  ဖာရာရီအသင်းရုန်းကန်နေရတာကို မြင်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ၀န်ခံခဲ့ပါတယ်။

“ ကျွန်တော် ဒီပြိုင်ပွဲကနေ အများကြီးမမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် ဒီထက်တော့ ပိုမှန်းခဲ့တာပေါ့ဗျာ။ ပြေးလမ်း တစ်ဖြောင့်တည်းမှာတောင် ဖာရာရီအင်ဂျင်သုံးကားက ဒီလောက်နှေးနေတာကို မြင်ရတာ အရမ်းကြေကွဲဖို့  ကောင်းတယ်ဗျာ”

“ စက်ရုံမှာရှိတဲ့ အင်ဂျင်ပိုင်းကလူတွေ အရည်အသွေးပိုင်းမှာ ဒီထက်အများကြီးတိုးတက်လာအောင် လုပ်ဖို့  လိုပါတယ်” လို့  ဖာရာရီဥက္ကဌ က ပြောကြားခဲ့ပါတယ်။

Ref: bbc.com

Trend Myanmar