မန်းသင်္ကြန်တွင် မြို့မအဖွဲ့နှင့်အတူ အဆိုတော်မာမာအေး ဖျော်ဖြေမည်

ပို့စ်တင်ချိန် - 4/08/2014 03:02:00 PM


ဖြိုး

မန္တလေး၊ ဧပြီ ၇

၂၀၁၄ ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်တွင် မြို့ဂုဏ်ဆောင်တူရိယာအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် မြို့မတူရိယာ အဖွဲ့နှင့်အတူ နိုင်ငံ ကျော်အဆိုတော် မာမာအေးပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်းအသင်း၏ မန်နေဂျာ ကိုဇော်ဝင်းသန်းက ပြောသည်။

“ဒေါ်မာမာအေးက မန္တလေးသင်္ကြန် မြို့မနဲ့လိုက်မယ်လို့ ပြောတယ်။ သင်္ကြန်လေးရက်လုံး မြို့မအဖွဲ့နဲ့အတူ ပါဝင်ဖျော် ဖြေမှာပါ။

“ဒါပေမဲ့ မြို့မငွေငန်း အလှယာဉ် သွားတဲ့နေရာတောက်လျှောက် တစ်ညလုံး အလင်းထိ ပါဝင်မလားတော့ မသိသေးပါဘူး”ဟု ၎င်းက ဆိုသည်။

အဆိုတော် မာမာအေးသည် မြို့မအဖွဲ့နှင့်အတူ ဖျော်ဖြေရန် မန္တလေးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။ မာမာ အေးနှင့် အတူ မြို့မတူရိယာအသင်းမှ အဆိုတော်များက သင်္ကြန်ရက်များတွင် မြို့တော်ဝန် မဏ္ဍပ်အပါ အ၀င် မန္တလေးမြို့တွင်း၌ လှည့်လည်ဖျော်ဖြေမည်ဖြစ်သည်။

“တခြားအဆိုတော်၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုတော့ ကြိုတင်ပြီး ဖိတ်ထားတယ်လို့ မရှိပါဘူး။ သူတို့ ရောက်တဲ့ အချိန်၊ အလှပြယာဉ်နဲ့ကြုံတယ်ဆိုရင် ဖျော်ဖြေကြတာပါ” ဟု ကိုဇော်ဝင်းသန်းက ပြောသည်။

မြို့မငွေငန်းအလှပြယာဉ်ကို ယခင်နှစ်များနှင့်မတူ အယ်လ်အီးဒီရောင်စုံမီးများဖြင့် အလှဆင်သွားမည် ဖြစ်သည်။ သင်္ကြန် အကြိုနေ့တွင် အသင်းတိုက်မှ နံနက် ၇ နာရီ၌စတင်ထွက်ခွာပြီး မန္တလေးမဟာမုနိ ဘုရားကြီးကို ဦးခိုက်မည်ဖြစ်၍ နေ့လယ် ၃နာရီခန့်တွင် မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲအ ခမ်းအနားသို့ သွားရောက်ဖျော်ဖြေမည် ဖြစ်သည်။

၎င်းမှဆက်၍ မန္တလေးနန်းရှေ့အောင်တော်မူရပ်တွင် နေရာနှံ့အောင် လိုက်လံဖျော်ဖြေသွားမည်ဖြစ်ပြီး သင်္ကြန်ကာလ လေးရက်တွင် မန္တလေးကျုံးပတ်လည်၊ ကမ်းနားလမ်းတို့တွင် ဖျော်ဖြေမည်ဖြစ်သည်ဟု သိရသည်။

Mizzima Burmese