မြေးဖြစ်သူ ၁၃ နှစ်ကလေးအား မုဒိန်းကျင့်သူ သားကို မိခင်ကိုယ်တိုင်အမှုဖွင့်

ပို့စ်တင်ချိန် - 4/08/2014 04:27:00 PM



ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ပြွန်တန်ဆာ မြို့တွင် အသက် (၁၃) နှစ် အရွယ်သာ ရှိ သေး သည့် အရွယ် မရောက် သေးသော မြေးဖြစ်သူ အား အဓမ္မ ပြုကျင့်မှု ဖြင့် သားဖြစ်သူအား မိခင်ကိုယ်တိုင် အမှုဖွင့် ထားကြောင်း ပြွန်တန်ဆာမြို့မ ရဲစခန်းမှ သိရ သည်။ ဖြစ်စဉ်မှာ ဧပြီလ (၆) ရက်နေ့ တွင် ညောင် လေး ပင် မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ............ကျေးရွာ၊ . ........................ အပိုင်း၊ ..................... နေ ဒေါ် ................. (၄၂)နှစ်သည် ၎င်း ၏ အငယ်ဆုံး သားဖြစ်သူ မောင် ................ နှင့် နံနက် သုံးနာရီ ညောင်လေးပင်မြို့သို့ ဈေးရောင်းထွက်သွား ပြီး ကျန်သည့် သားနှစ်ယောက်မှာလည်း ကန် စွန်းရွက်ခူးရန် ထွက် သွားခဲ့ကာ အိမ်တွင် အ သက် (၁၃)နှစ်အရွယ် မြေးဖြစ်သူ တစ်ဦး တည်းကျန်ခဲ့သည်။ နံနက်(၁၀)နာရီအချိန် ခန့်၌ ဒေါ်............ အိမ်ပြန်ရောက်လာသည့် အချိန်တွင် မြေးဖြစ်သူ မ .................. (၁၃) နှစ် မှာ တုံးလုံးလဲ နေပြီး ဗိုက်အောင့်သည်ဟု ပြောသဖြင့် မေးမြန်းရာတွင် သား ဖြစ်သူ မောင် ................... (၁၈)နှစ်မှ အလိုမတူ ဘဲ သားမယားပြုကျင့်ခဲ့ကြောင်း ပြောကြားခဲ့ သဖြင့် ပြွန်တန်ဆာရဲစခန်းသို့ သွားရောက် အ မှုဖွင့် ခဲ့ ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။ယင်းကဲ့သို့ အရွယ်မရောက်သေးသူအား အဓမ္မပြု ကျင့်ခံရ မှုဖြစ် ပွား ခြင်းကို ထိရောက် သည့် ပြစ်ဒဏ်ပေးရန်နှင့် အမှုမဖြစ်ပွား စေရန် အတွက် အသိပညာ ပေး အစီအစဉ် များ ဆောင်ရွက်ရန်လိုအပ်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးဇော်လင်း က The Messenger သတင်းစာသို့ ပြောသည်။

ကလေးတွေကို အိမ်မှာ တစ်ယောက် တည်း မထားခဲ့ဖို့၊ လူပြတ်တဲ့ နေရာ တွေမှာ ကလေးကို တစ် ယောက် တည်း မလွှတ်ဖို့ အ သိပညာ မျိုးတွေကို မိဘတွေ သိရှိဖို့ လိုပါ တယ်””ဟု ၎င်း က ပြောသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သားဖြစ် မောင် ............... (၁၈) နှစ်အား အရေးယူ ပေးပါရန် မိခင်ဖြစ်သူ ဒေါ် .................... (၄၂) နှစ်၏ တိုင်တန်းမှုအား ပြွန်တန်ဆာ မြို့မ ရဲစခန်းမှ (ပ) ၆၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။


The Messenger