မြို့နယ်ထွေအုပ်ရုံး ဒုဦးစီးမှူး စီးနင်းလာသည့် ဆိုင်ကယ် လမ်းဘေး ကတ္တရာပုံးများအား ၀င်တိုက်မိ၍ သေဆုံး

ပို့စ်တင်ချိန် - 4/08/2014 07:09:00 AM


သတင်း၊ ကိုတိုးကြီး
ကျွန်းလှ၊ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ တပင်ရွှေထီးလမ်းမကြီးနေ ဦးကျော်မျိုး အောင် ဆိုသူ၏ နေအိမ်ရှေ့တံတာားအနီးရှိ ကတ္တရာပုံး များအား ယခုလ ၆ ရက်နေ့မနက် ၄၅ မိနစ်အချိန်က ဆိုင် ကယ်စီးနှင်လာသူ လူတစ်ဦးမှ ၀င်ရောက်တိုက်ခဲ့ရာ ဒဏ်ရာများရရှိခဲ့ကြောင်း ပိတောက်မြိုင်ရပ်ကွက်နေ ဒေသခံပြည် သူတစ်ဦးက ပြောပြသည်။

အဆိုပါ လမ်းဘေးကတ္တရားပုံးများအား ဆိုင်ကယ်ဖြင့် ၀င်ရောက်တိုက်မိသူမှာ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံး ဒုဦးစီးမှူး ဦးဝဏ္ဏစိုးဝင်း အသက်(၃၃)နှစ် ဆိုသူဖြစ်ကြောင်း ဆေးရုံသို့သွားရောက်ကြည့်ရှု့ခဲ့ကြသည့် ဒုတိ ယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့်အဖွဲ့က အတည်ပြုပြောကြားသည်။

လမ်းဘေးကတ္တရာပုံးများအား မြို့နယ်ထွေအုပ်ရုံး ဒုဦးစီးမှူး ဦးဝဏ္ဏစိုးဝင်း စီးနင်းလာသည့် new sam bo 125 ဆိုင် ကယ်ဖြင့် မတော်တဆ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆိုင်ကယ်စီးနင်းလာသည့် ဒုဦးစီးမှူးမှာ ၀ဲဘက် ပါးပွန်းပဲ့ဒဏ်ရာ၊ နဖူး၊ နှာခေါင်း၊ ပွန်းပဲ့ဒဏ်ရာ၊ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ၀ဲတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ၊ ယာမျက်လုံး ဘေးပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း မှုခင်းဆေးစာဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားကြောင်း သိရသည်။

“ ဒုဦးစီးမှူး အခြေအနေကတော့ မနက် ၆ နာရီခွဲအချိန်မှာ ဆေးကုသခံနေရင်း ဆုံးပါးသွားခဲ့ပါတယ်..” ဟု ကျွန်းလှ ပြည်သူ့ဆေးရုံရှိ အမည်မဖော်လိုသည့် ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှ ပြောပြသည်။
ထို့ကြောင့် ကျွန်းလှမြို့မရဲစခန်းက ယာဉ်(ပ) ၁၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က) အရ ၎င်းအမှုအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုလ ၃ ရက်နေ့ည ၈ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်း ကျေးရွာအနီး၊ မုံရွာ ပုသိမ် အဝေးပြေးကားလမ်းမကြီးပေါ်တွင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဌာ နပိုင် ကာရီနား အမျိုးအစား အဖြူရောင် ယာဉ်အမှတ် 5G/ 18…နှင့် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်မှ Surf အမျိုးအစား ယာဉ်အမှတ် 5 F/ 43…. ယာဉ်ဖြင့် မျက်နှာချင်းဆိုင် ယာဉ်မတော်တ ဆမှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဘိုးအား သက်ဆိုင်ရာမှ သိန်း(၃၀)ကျပ်ရှိခဲ့သည်ဟု ခန့်မှန်းတွက်ချက်ထားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကိုကိုလည်း ဆားလင်းကြီးမြို့မရဲစခန်း ယာဉ်(ပ) ၁၃ / ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ အရ အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ကိုတိုး ချင်းတွင်း