သင်္ကြန်ကာလအတွင်း မူယစ်သောက်စားထားသည့်ယာဉ်မောင်းများကို စခန်းတွင်း ခေါ်ယူထိန်းသိမ်းမည်

ပို့စ်တင်ချိန် - 4/10/2014 05:57:00 PM



သင်္ကြန်ကာလတွင် မူးယစ်သောက်စားထားသည့် ယာဉ်မောင်းများကို ချလန်ဖြတ်အရေးယူခြင်းအစား စခန်းတွင်းခေါ်ယူထိန်းသိမ်းသည့် စနစ်ကို ယခုနှစ်တွင် ပြုလုပ် မည်ဟု နေပြည်တော်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ ယာဉ်ပေါ်ပါ သင်္ကြန်ပျော်ပါးသူများနှင့် လမ်းသွား လမ်းလာပြည်သူများ အဆိုပါယာဉ်မောင်းကြောင့် ယာဉ် အန္တရာ ယ်မဖြစ်စေရန် ကြိုတင်ကာကွယ် ခြင်းဖြစ်ပြီး ထိန်းသိမ်းခံရသည့် သူကို စိတ်ချရသည့် အနေအထားရှိမှသာ လွှတ်ပေးမည်ဟု အဆိုပါ ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဦးကျော်ထွေးက ဆိုသည်။ ပြီးခဲ့သော ၂ဝ၁၃ သင်္ကြန်တွင် တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှု ၃ဝ၃ မှုဖြစ်ခဲ့ပြီး လူပေါင်း ၈ဝ သေဆုံးကာ ၇၂၂ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရဲမှူး ကြီးထံမှ သိရသည်။ ”ဒီလိုဖြစ်တာတွေကို လျှော့ချရမယ်”ဟု ၎င်းက ပြောသည်။

ယခင်နှစ်က ယာဉ်မတော်တဆ ဖြစ်မှုတွင် ရန်ကုန်တိုင်းဒေ သကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့က အများ ဆုံးဖြစ်နေ သဖြင့် ယင်း တိုင်းဒေသကြီးတို့ ကို အထူး အရေးပေး စောင့်ကြ ည့်ခြင်း နှင့် ကျန်ဒေသတို့ကိုလည်း လွတ်မသွားအောင် ပုံမှန် ထက် ယာဉ် ထိန်းရဲအား နှစ်ဆတိုးချ ထားပေးမည်ဟု သိရသည်။

ယာဉ်မတော် တဆဖြစ်မှု မရှိစေရေးအတွက် ပြည် သူများက ဝိုင်းဝန်း ပူးပေါင်းပါဝင်ကြရန် တပ်ဖွဲ့မှူးရုံးက မေတ္တာရပ်ခံမှုကို ဧပြီ ၆ ရက်နေ့ က နိုင်ငံပိုင်သတင်းစာ နှင့် ရုပ်သံများမှ တစ် ဆင့် ပြုလုပ်ခဲ့သေးသည်။

ရဲမှူးကြီး ဦးကျော်ထွေးက ”အများပြည်သူတွေ ရေကစားနေတဲ့ အချိန်မှာ ယာဉ်အန္တရာယ်မဖြစ်စေဖို့ ယာဉ်ထိန်းရဲတွေက တာဝန်ယူပေးပါ့မယ်။ အဲဒီအခါ မှာလည်း ထိပ် တိုက်ရင်ဆိုင်ရမှုတွေကို တပ်ဖွဲ့ဝင်တွေသည်းခံကြဖို့ မှာထားပြီးပါပြီ”ဟု ပြောသည်။ သင်္ကြန်ကာလမဟုတ်သော ပြီးခဲ့သည့်နှစ်က တာမွေအပါအဝင် နေရာ အချို့တို့ တွင် ယာဉ်ထိန်းရဲ အတိုက်ခိုက်ခံရမှုမှာ ငါးမှုနှင့်အထက်ရှိခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

Popular Myanmar News Journal