ဂျန်းရှင်းမော်တင် သုံးလပိတ်ထားမည်

ပို့စ်တင်ချိန် - 6/02/2014 02:46:00 PM



 ရွှေတောင်လုပ်ငန်းစုမှ ဖွင့်လှစ်ထားသော ဈေးဝယ်စင် တာကြီးများထဲမှ တစ်ခုဖြစ်သည့် ဂျန်းရှင်းမော်တင်ကို သုံးလပိတ် ထားရန် စီစဉ်နေသောကြောင့် အဆိုပါစင်တာတွင် လုပ်ကိုင်နေ သော ဝန်ထမ်းများ အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

‘‘အခုဆိုင်တွေကို အစည်း အဝေးခေါ်ပြီးတော့ ပြောထားပြီး သွားပြီ။ ဆိုင်တွေအတွက်က အဓိကအခက်အခဲက ဝန်ထမ်းပဲ။ ဝန်ထမ်းတွေကို ထိန်းထားဖို့ဆို တာ မလွယ်သလို ဝန်ထမ်းတွေ လည်း    ရုတ်တရက်နားရရင် အခက်အခဲတော့   ဖြစ်လာနိုင် တယ်’’ဟု အဆိုပါစင်တာမှ အထည်ဆိုင်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

စင်တာအတွင်းရှိနေသော အဲကွန်းများမအေးခြင်းကြောင့် ပြန်လည်ပြုပြင်ရန်နှင့် လိုအပ် ချက်အချို့   ပြန်လည်ပြင်ဆင် ရန်ဖြစ်သည်ဟု စင်တာမှခေါ်ယူ ပြောကြားခဲ့ကြောင်း သိရသည်။

ဂျန်းရှင်းမော်တင်ဈေးဝယ် စင်တာကြီးသည် ဆိုင်ခန်းပေါင်း တစ်ရာခန့်ဖွင့်လှစ်နိုင်သော စင် တာကြီးဖြစ်ပြီး အဆိုပါစင်တာရှိ ဆိုင်ခန်းများတွင် အနည်းဆုံးဝန် ထမ်းနှစ်ဦးမှ ငါးဦးအထက်ထိရှိ သော ဆိုင်ခန်းများလည်း ရှိ သည်။

‘‘ပိတ်တာတော့ သုံးလယာ ယီပိတ်မယ်လို့ ပြောထားတာရှိ တယ်။ အဓိက,က အဲကွန်းတွေနဲ့ တခြားပြင်ဆင်မှုတွေလုပ်ဖို့ အတွက် ပိတ်မှာပါ’’ဟု ဈေးဝယ် စင်တာအုပ်ချုပ်မှုဌာန၏ ဈေး ကွက်ရှာဖွေရေးမန်နေဂျာ ကိုရဲ နိုင်က ပြောသည်။

‘‘ပိတ်ဖို့ခေါ်ပြောတုန်းက တော့ ဒီမှာပဲ တစ်ဆိုင်တည်းရှိတဲ့ သူတွေရဲ့ ဝန်ထမ်းတွေအတွက် ယာယီရပ်တည်လို့ရမယ့် တစ်ခုခု စီစဉ်ပေးမယ်လို့တော့ ပြောထား တယ် ပြောတယ်။ လောလော ဆယ်ထိ ဘယ်လိုလုပ်ငန်းမျိုး လဲဆိုတာ     သေချာမသိရသေး ဘူး။ အလုပ်ကလည်း ချက်ချင်း ရှာလို့ရတာမဟုတ်တော့ ပိတ် လိုက်ရင် နားရမယ်ထင်တယ်’’ဟု အဆိုပါစင်တာမှ ဝန်ထမ်းတစ်ဦး က ပြောသည်။

စင်တာတစ်ခုလုံးကို သုံးလ ပိတ်ထားမည်ဟုဆိုသော်လည်း စီးတီးမတ် စူပါမားကက်တစ်ခုကို ဆက်ဖွင့်ခွင့်ပေးမည်ဖြစ်သည်။

‘‘အဲကွန်းကလည်း မအေး တော့ ပြင်တာတော့ ပြင်ဆင် သင့်တယ်။ သူတို့ဘက်က တစ် လွှာချင်းပိတ်မလားတော့ ပြော ထားတာရှိပေမယ့် တစ်လွှာချင်း ဆိုလည်း အဆင်မပြေနိုင်တော့ အားလုံးပိတ်တာပဲဖြစ်မယ်ထင် တယ်’’ဟု ထိုစင်တာမှ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ဂျန်းရှင်းမော်တင်တစ်ခု တည်း၌သာ ဆိုင်ရှိသောလုပ်ငန်း ရှင်များအား ယာယီလုပ်ကိုင်နိုင်မည့်နည်းလမ်းကို စီစဉ်ပေးမည်ဟု ပြောထားသည်များရှိသော်လည်း မည်သည့်ပုံစံဖြစ်မည်ကို လက်ရှိ ကာလထိ    မသိရှိရကြောင်း စင်တာမှ ဆိုင်လုပ်ငန်းရှင်များက ပြောသည်။

အဆိုပါရွှေတောင်အုပ်စု ကုမ္ပဏီသည် ဂျန်းရှင်းမော်တင် သာမက ဂျန်းရှင်းစကွဲ၊ ဂျန်းရှင်း ဇဝန၊ ဂျန်းရှင်း နေပြည်တော်နှင့် ဂျန်းရှင်းအိတ်ခ်ျတို့ကိုလည်း ဖွင့် လှစ်လုပ်ကိုင်နေသည်။

သိမ့်သိမ့်စိုး
7day daily