တစ်လလျှင် အမေရိကန်ဒေါ်လာ (၈၀၀၀၀) ဖြင့် ဌားရမ်းနေထိုင် လုပ်ကိုင်နေခဲ့သည့် WHO

ပို့စ်တင်ချိန် - 6/02/2014 10:31:00 AM


WHO's Office, No.2 Pyae Road,8-miles, Mayangone Township, Yangon

မေလ ၂၁ ရက်က UNICEF ၏ အရှေ့အာရှပစိဖိတ်ဒေသရုံး ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်တွင် ငှား ရမ်းပြီး ရုံးခန်းဖွင့်လှစ်နေသည့်စတုရန်းပေ ၃၃၀၀၀ ကျယ် ၀န်းသည့် ယူနီဆက်၏ ရုံးခန်း သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ် ထားပြီး တစ်လလျှင် ငှားရမ်းခ ဒေါ်လာ ၈၇,၀၀၀(မြန်မာငွေကျပ်သိန်း ၈၀၀) နှုန်းဖြင့် ခုနစ်နှစ်စာချုပ် ချုပ်ဆိုထားကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိခဲ့ပြိးနောက် အင်တာနက်သတင်းစာမျက်နှာများတွင် ဗိုလ်ချုပ်ဟောင်းတစ်ဦး၏နေအိမ်အပေါ် ထိုကဲ့သို့ ဌားရမ်းအသုံးပြုမှုများအပေါ် ဝေဖန်မှုများဖြစ်ပေါ်ပြီးစီးသည့်နောက် ပိုင်း ဒုတိယမြောက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် WHO အဖွဲ့မှ မြန်မာနိုင်ငံမှ နာမည်ကြီး လုပ်ငန်းရှင် ခရိုနီတစ်ဦးပိုင်ဆိုင်သည့် ရန်ကုန်မြို့...မရမ်းကုန်းမြို့နယ်...(၈)မိုင်...ပြည်လမ်း...ခြံအမှတ်(၂) သို့ ၂၀၁၃ခုနှစ်..ဇူလိုင်လမှစတင်ပီး တစ်လလျှင် အမေရိကန် ဒေါ်လာ ( ၈၀၀၀၀)( ရှစ်သောင်း)ကျော်ဖြင့် တနှစ်စာချုပ်ချုပ်ဆိုကာ အမေရိကန် ဒေါ်လာ တသန်းနဲ့ တနှစ်စာဌားရမ်းခပေးပီးတော့ အံ့သြ လောက်စရာကောင်းတဲ့ ...တစ်ခါမှ မကြားဘူးခဲ့တဲ့ ဈေးနုန်းတွေနဲ့ကြောက်ခန်းမလိလိ ဌားရမ်းခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်..WHO အဖွဲ့ အစည်းသည် ယခင်က TRADERS HOTEL တွင် အခန်းပေါင်း (၃၀)ခန်း ခန့်ကို တခန်းလျှင် အမေ၇ိကန်ဒေါ်လာ (၅၀၀)ဖြင့် တစ်လလျှင် ဒေါ်လာ ( ၁၅၀၀၀) ခန်းဖြင့် ဌား၇မ်းနေထိုင်ခဲ့၇ာမှ ၂၀၁၃ခုနှစ်.ဇူလိုင်လမှစတင်ကာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပေသည်....ထိုသို့ဌားရမ်းဆောင်၇ွက် ခဲ့၇ာတွင် WHO အဖွဲ့အစည်းအတွင်းမှ အိန္ဒိယနိုင်ငံသားအရာရှိတစ်ဦးမှ ပွဲစားခ အဖြစ် အမေရိကန် ဒေါ်လာတစ်သိန်းခန့်ကိုအိတ်ဝင်သပိတ်ဝင် ရရှိခဲ့ပါသည်...ဒီလိုမျိုး .ဆင်းရဲတဲ့တိုင်းပြည်တွေအတွက်ချမ်းသာတဲ့ နိုင်ငံတွေနဲ့ စေတနာရှင် အလှူရှင်တွေကနေပီးတောု့WHO ကတဆင့် စေတနာအပြည့်နဲ့ဆင်းရဲတဲ့မြန်မာပြည်လိုတိုင်းပြည်တွေကိုလှူဒါန်းနေကြတဲ့အလှူရှင်တွေ ဟာ ဒီလိုမျိုး အဖွဲ့အစည်းတွေက ဌားရမ်းခတွေကို မတန်မဆ မရှိသေးတဲ့ ဈေးနုန်းတွေပေးပီး ဌားရမ်းနေထိုင်ပီးတော့ လုပ်ကိုင်နေခဲ့တာတွေကို အလှူရှင်တွေသာ ပြန်လည်သိရှိမယ်ဆိုယင် တော့ တော်တော်လေးကိုစိတ်မကောင်းဖြစ်ကြမှာပါ.....သူတို့ လှူလိုက်တဲ့ငွေတွေကို ဌားရမ်းခတွေအဖြစ် အဆမတန်ပေးဌားပီးတော့ သူတို့ ငွေတွေကို သဲထဲရေသွန်သလိုမျိုးနဲ့ အောက်ခြေမှာလုပ်ချင်သလိုလုပ်နေကြတဲ့ အိမ်ဌားဖြစ်တဲ့ အမ်ဂျီအို အဖွဲ့အစည်းတွေနဲ့ အိမ်ရှင်ဖြစ်တဲ့ ခရိုနီတွေပေါင်းပီး လုပ်စားနေ တာကိုတွေ့ကြရင်တော့ ရင်ထုမနာဖြစ်ကြရမှာပဲ....UNအဖွဲ့အစည်းတွေနဲ့ INGOs တွေရဲ့ အဖွဲ့အစည်းကြီးကို အကြောင်းပြပီးတော့ လုပ်စားတတ်တဲ့သူတွေကတော့ ကြားထဲကနေပီးတော့ ဒေါ်လာသိန်းချီပိုက်ပီးတော့ လုပ်စားလို့ ကောင်းနေခဲ့တယ် ဆိုတာကို အများသိအောင် တင်ပြလိုက်ရပါတယ်....

ငယ်လေးညီ စုံစမ်း ရေးသား တင်ပြသည်.....
Ygn News (Myanmar CNN) မှ တင်ဆက်သည်။