လူမှုရေး အကြိမ်ကြိမ် ဖောက်ပြန်သည့် ဇနီးကို ယောက်ျားက ဓားဖြင့်ခုတ်သတ်

ပို့စ်တင်ချိန် - 5/09/2014 01:14:00 PM



အုတ်ဖိုမြို့နယ်တွင် အမျိုးသား တစ်ဦးက ၎င်း၏ဇနီးကို လူမှုရေး အကြိမ်ကြိမ် ဖောက်ပြန်နေ၍ ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။

အုတ်ဖိုမြို့နယ်၊ ထန်းပင် ကုန်းအုပ်စု ဗိုလ်ရုံစုရွာတွင် မေလ ၇ ရက်မွန်းလွဲက လူမှုရေး ဖောက်ပြန်သည့် ကိစ္စဖြင့် စကား များရန်ဖြစ်ရာ အမျိုးသားက ၎င်း ၏ဇနီးဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သောကြောင့် နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့သည်။

‘‘သူတို့သမီးတောင်(၁၄)နှစ် လောက်ရှိပြီဆိုတော့ အိမ်ထောင် သက်က ၁၅ နှစ်ကျော်လောက် ပြီ။ အဲဒီမိန်းမက နောက်ယောက်ျား နောက်လိုက်ပြေးတာ ခဏခဏပဲ။သူ့ယောက်ျားက ခွင့်လွှတ်ထားလို့။မနေ့က (မေလ ၇ရက်) ကတော့ နောက်ယောက်ျားနောက်လိုက်သွားမယ်ဆိုတာကို သိလို့ တားရင်းနဲ့ဖြစ်သွားတာ’’ဟုဒေသခံတစ်ဦးကပြောသည်။

အသတ်ခံရသည့်အမျိုး သမီး၏တစ်ကိုယ်လုံးတွင် ဓား ဒဏ်ရာများရရှိထားကာ ဓားဒဏ် ရာအနည်းဆုံးရှစ်ချက်ခန့်ရှိမည် ဟု အေးမြသာယာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဖြစ်သူကို အေးမြသာ ယာရဲစခန်း၌ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Author: ဇွဲဉာဏ်
7Day Daily