သရဖူ အသိမ်းမခံရအောင် လိမ္မာစေချင်တယ် ဆိုတဲ့အပေါ် မေမြတ်နိုး နှင့် မေးမြန်းချက်

ပို့စ်တင်ချိန် - 7/02/2014 07:41:00 AM


မကြာသေးခင်ကမှ အာရှပစိဖိတ်အလှမယ်ဆု ၂၀၁၄ ကို ရရှိခဲ့တဲ့ မြန်မာအလှမယ် မေမြတ်နိုးအနေနဲ့ ဒီသရဖူ အသိမ်းမခံရအောင် မေမြတ်နိုးကို လိမ္မာစေချင်တယ် ဆိုတဲ့ ခေါင်းစဉ်တပ် အင်တာဗျူးတခုကို ဒီတပတ်ထုတ် ရန်ကုန်အခြေစိုက် Oasis  ဂျာနယ်မှာ တွေ့ရပါတယ်။

မေမြတ်နိုး ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ အာရှပစိတ်ဖိတ်အလှမယ် ၂၀၁၄ ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၀ လောက်က အလှမယ်တွေနဲ့ ယှဉ်ပြိုင်အနိုင်ရပြီး သရဖူ ဆွတ်ခူးခဲ့တာပါ။

မေမြတ်နိုးကို အာရှပစိဖိတ် အလှမယ်ပြိုင်ပွဲ ၀င်ဖို့ ရွေးချယ်ခဲ့တဲ့ မလှနုထွန်း အိုအေစစ်နဲ့အင်တာဗျူးဟာ မေမြတ်နိုးကို သတိပေးထားတယ်ဆိုတော့ မေမြတ်နိုးဘက်က ဘယ်လို ထင်မြင်ယူဆပါသလဲ။ အလှမယ်မေမြတ်နိုးကို နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

DVB