အသက် ၂၀ ပြည့်မွေးနေ့ပွဲအတွက် Facebook ကနေမေးခွန်းမေးပြီး အဖြေမှန်သူ ၁၀ ဦးနှင့်အတူ မွေးနေ့ပွဲဆင်နွှဲမဲ့ ၀ါဆိုမိုးဦး

ပို့စ်တင်ချိန် - 7/02/2014 08:12:00 AM




ဝါဆိုမိုးဦးက မွေးနေ့ပွဲ ကို ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး မွေးနေ့ပွဲမှာ ပရိသတ်တွေ ပါဝင် ဆင်နွှဲနိုင်ဖို့ အတွက် ဖေ့စ်ဘုတ် ကနေ မေးခွန်း တွေ ကိုမေးပြီး အဖြေ မှန်တဲ့သူ ၁ဝ ဦးကို မွေးနေ့ပွဲကို ဖိတ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

“ဝါဆိုမွေးနေ့ က ၁၉ ရက်နေ့ မှာလုပ်မှာ ဆိုတော့ ဇူလိုင် ၁ ရက်နေ့ ကနေ ၁ဝ ရက်နေ့ အထိ ဝါဆိုရဲ့ ဖေ့စ်ဘုတ်မှာ မေးခွန်း ၁ဝ ခု ပရိ သတ်တွေ ကိုမေး မယ်။ မေးခွန်းတွေ က လွယ်လွယ်လေးတွေ ပါပဲ။ အပျော် သဘောလေး ပရိသတ်နဲ့ ရင်းနှီး ရအောင်ပေါ့။ ဝါဆို မေးထားတဲ့ မေးခွန်း ၁ဝ ခုလုံးကို မှန်အောင် ဖြေ ဆိုပေးနိုင်တဲ့ ၁ဝ ယောက်ကို ရွေးပြီး ဝါဆိုရဲ့ မွေးနေ့ပွဲကို ဖိတ်မှာပါ။ အဖြေ ကိုလည်း Message Box ကနေ ပြန်ဖြေပေးစေ ချင်တယ်။ ဖုန်းနံပါတ် နဲ့ လိပ်စာကိုပါ တစ်ခါ တည်း အဖြေနဲ့ အတူပို့ပေးရမယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ အဖြေမှန်တဲ့ သူ ၁ဝ ယောက်ကို အကြောင်းပြန်မယ်။ မွေးနေ့ပွဲကို ဖိတ်မယ်။ မေးခွန်း လေးတွေက တအား လွယ်တော့ မေးခွန်း ၁ဝ ခုလုံး မှန်တဲ့သူကိုပဲ ရွေးမှာပါ။ ပရိသတ်တွေ ဝင်ရောက် ဖြေဆိုနိုင်ပါတယ်။ မွေးနေ့ပွဲ ကိုလည်း ဖိတ်ပြီး လက်ဆောင်လည်း မဲဖောက်ပြီး ၁ဝ ယောက် လုံးပေးမယ်” လို့ မွေးနေ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဝါဆိုမိုးဦး က ပြောပြပါ တယ်။

မွေးနေ့ပွဲမှာ ပရိသတ်တွေနဲ့ တွေ့ဆုံရဖို့ အတွက် ရင်ခုန်နေမိ တယ်လို့ပြောပြတဲ့ ဝါဆိုမိုးဦးက “ဝါဆိုရဲ့အသက် ၂ဝ ပြည့်မွေး နေ့မှာ ဒီလို ပရိသတ်တွေ နဲ့ တွေ့ ရဖို့ အတွက် တအားလည်း ရင် ခုန်နေတယ်။ ဝါဆို တစ်သက်လုံး ဒီ ၂ဝ နှစ် ပြည့်မွေးနေ့ က အမှတ် တရဖြစ်နေမယ် လို့လည်း ယုံ ကြည်မိတယ်။ မျှော်လည်း မျှော်လင့်မိ တယ်” လို့ ပြောပြခဲ့ပါတယ်။

Popular Myanmar