K-Pop ကို မကြိုက်ဘူးလို့ ဘာ့ကြောင့် ကြက်ဖပြောတာလဲ

ပို့စ်တင်ချိန် - 7/02/2014 07:42:00 AM


ကိုရီးယား K-Pop ကို မြန်မာလူငယ်တွေ အရူးအမူးဖြစ်နေချိန်မှာ အဆိုတော် ကြက်ဖက K-Pop ကို မကြိုက်ဘူးလို့ ဗြောင်ပဲ ပြောလိုက်ပါတယ်။ ကြက်ဖက ကိုရီးယားဂီတအဖွဲ့ K-Pop အပေါ် ဘယ်လိုမြင်ပြီး မကြိုက်ဘူးဖြစ်တာလဲ။

“ကျနော်ကတော့ သိပ်မကြိုက်ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အမြင်ဆန်းတာလောက်ပဲ ရှိတယ်။ သူတို့တွေက အဖွဲ့လိုက်ဆိုတဲ့အခါကျတော့ ဘယ်သူ့ကိုကြည့်လို့ ကြည့်ရမှန်းမသိတော့ဘူး။ အားလုံးက လှနေကြတယ်။ ဒါပမေယ့် ကျနော်ကတော့ မကြိုက်ဘူး”လို့ ကြက်ဖက ပြောပါတယ်။

ပရိသတ်နဲ့ နည်းနည်းကင်းကွားတဲ့ ကြက်ဖက အခုတော့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်အတွက် သီချင်းတွေ စုနေပါပြီလို့ ပြောပါတယ်။ “သီချင်းတွေကို ကျနော်ဆိုနိုင်တဲ့အချိန်တုန်းက ဆိုခဲ့ပြီးပါပြီ။ အခု ခဏနားနေပြီး လက်ရှိ နိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ Hip Hop အဖွဲ့တွေကို ကြည့်နေတယ်”

“မြန်မာပြည်မှာရှိတဲ့ လူငယ်တော်တော်များများက (K-Pop)ဝတ်သလို လိုက်ဝတ်ကြတယ်။ စကတ်တွေခွဲဆိုလည်း လိုက်ခွဲကြတာပဲ။ သူတို့ဆံပင်ဖြောင့်ရင် လိုက်ဖြောင့်ကြတယ်။ လူတွေက အခုအချိန်မှာ K-Pop ကို ရူးသွပ်နေကြပေမယ့် ကျနော်ကတော့ မကြိုက်ဘူး”
(နွေး – Free Wings)

Kamayut Media