မန္တလေး အိမ်၊ ခြံ၊ မြေ စံနှုန်းကြောင့် ဝင်ငွေခွန် ကောက်ခံရရှိမှု မြင့်တက်


မန္တလေး၊ ဖေဖော်ဝါရီ ၂

မန္တလေးမြို့တော်တွင် အိမ်၊ ခြံ၊ မြေ စံနှုန်းများ သတ်မှတ်လိုက်ပြီးနောက် မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန် လျာထားချက်၏ ၉၀ ရာခိုင်နှုန်းကျော် ကောက်ခံ ရရှိပြီ ဖြစ်သောကြောင့် ပြီးခဲ့သည့် နှစ်ကထက် ဝင်ငွေခွန် ကောက်ခံရရှိမှု မြင့်တက်သွားကြောင်း အဆိုပါ တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

လက်ရှိ မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးကွက် ပေါက်ဈေးထက် များနေသော အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်မှုနှင့် ပတ်သက်၍ အခွန်ဆောင်ရန် စောင့်ကြည့် အနေအထား ရှိနေသော်လည်း အိမ်၊ ခြံ၊ မြေ အခွန်ဆောင်မှုများကြောင့် ယင်းကဲ့သို့ ဝင်ငွေခွန် များလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း အိမ်၊ ခြံ၊ မြေ အခွန်နှုန်းထားများကို လက်ရှိ ပေါက်ဈေးအောက် သုံးပုံ တစ်ပုံ သတ်မှတ်ပေးပါက အခွန်ဆောင်သူ ယခုထက် များပြားလာနိုင်ကြောင်း၊ အခွန်ဆောင်ရန်အတွက် စည်းရုံးမှု အားနည်းမှုများကြောင့် အခွန်ဆောင်ရန် ၁၀ ဦးတွင် တစ်ဦးသာ စိတ်ဝင်စားမှုရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးတင်ထွန်းအောင်က ပြောကြားသည်။

“အခွန်ဖြတ်တာ များတော့ အခွန်ဆောင်သူ နည်းသွားတယ် ဆိုပေမယ့် ဆောင်ရတဲ့ ပမာဏများလို့ များသွားတာ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန် ကျပ်သန်းပေါင်း ၁၅၅၆၆ လျာထားရာ ဇန်နဝါရီလကုန်ထိ ကျပ်သန်းပေါင်း ၁၄၃၁၄ ရရှိထားကြောင်း ယင်းစာရင်းများအရ သိရသည်။

ဘဏ္ဍာနှစ်အလိုက် သတ်မှတ်မည့် မန္တလေး အိမ်၊ ခြံ၊ မြေ အခွန် စံနှုန်းများကို ဧကကွက် မဟုတ်ဘဲ ပေဖြင့် သတ်မှတ်ရန် ဌာနသို့ တင်ပြထားမှု ရှိကြောင်း ဦးတင်ထွန်းအောင်က ဆိုသည်။

လက်ရှိ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကသာ လိုအပ်သည့် မြေကွက်များ ဝယ်ယူမှု ရှိနေပြီး မြေယာတွင် ရင်းနှီးမြှုပ်နှံမှုမှာ စောင့်ကြည့် အနေအထားတွင်သာ ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အောင်ဘာလေခွန်၊ တံဆိပ်ခေါင်းခွန်တို့မှ ကျပ်သန်းပေါင်း ၅၁၅၆၇ ရရှိခဲ့ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

The Voice Weekly Myanmar

တောင်တရုတ် လေကြောင်းဇုန် ထူထောင်သည်ဆိုသော သတင်း တရုတ်ငြင်းဆို


ဘေဂျင်း၊ ဖေဖော်ဝါရီ ၁

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက တောင်တရုတ် ပင်လယ်ပြင် အတွင်း၌ လေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင်ရန် လုပ်ဆောင်နေသည်ဟု ဂျပန် သတင်း မီဒီယာများတွင် ခန့်မှန်း ဖော်ပြထားသည့် အချက်များမှာ မှားယွင်းမှုများ ဖြစ်သည်ဟု တရုတ်အစိုးရက ငြင်းဆိုသွားကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

“အာဆီယံနိုင်ငံတွေကနေ လေကြောင်း လုံခြုံရေး ခြိမ်းခြောက်မှု တရုတ်နိုင်ငံက မကြုံတွေ့ရသေးပါဘူး။ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးနဲ့ တောင်တရုတ်ပင်လယ် အထွေထွေ အခြေအနေ တစ်ခုလုံးကို အကောင်းမြင်ထားပါတယ်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက စနေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

တောင်တရုတ် ပင်လယ်ပြင် အတွင်း၌ လေကြောင်းရန် ကာကွယ်ရေးဇုန်တစ်ခု တည်ထောင်ရန် တရုတ်နိုင်ငံက အစီအမံ မူကြမ်း ရေးဆွဲနေကြောင်း ဂျပန်သတင်းစာ Asahi Shimbun တွင် ဖော်ပြခဲ့ခြင်းကြောင့် ယခုကဲ့သို့သော မှတ်ချက်ပေး ပြောကြားမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံတွင်းရှိ လက်ယာယိမ်း အင်အားစုများက တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်သည့် သတင်းကို ပွဲဆူစေရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဟွန်လီက ပြောကြားသည်။

ထို့အပြင် စစ်မလိုလားသည့် အခြေခံဥပဒေ ပြုပြင်ရေးနှင့် စစ်အင်အား တိုးချဲ့ရေး ဂျပန်နိုင်ငံက လုပ်ဆောင်နေသည်ကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက သတိမထားမိအောင် အာရုံလွှဲပြောင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကောလာဟလတွေသုံးပြီး ပြည်သူတွေကို မလှည့်စားဖို့ လက်ယာ အင်အားစုတွေကို ကျွန်တော်တို့ သတိပေးပါတယ်။ ကိုယ်ကျိုး အတ္တအတွက် တင်းမာမှုတွေ ပေါ်ပေါက်အောင် မလုပ်ဆောင်ပါနဲ့” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိထိရောက်ရောက် လွှမ်းခြုံနိုင်မည့် လိုက်နာ ကျင့်သုံးရေး အချက်များကို ထုတ်ပြန်နိုင်ရန် တရုတ်နှင့် အာဆီယံနိုင်ငံ အတူတကွ ကြိုးပမ်း လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

သို့သော်လည်း တောင်တရုတ် ပင်လယ်၌ လေကြောင်းရန် ကာကွယ်ရေးဇုန် မတည်ထောင်ရန်နှင့် တင်းမာမှုများ တိုးပွားအောင် မလုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံကို တောင်းဆိုထားသည်။

ယင်းကဲ့သို့သော ပြောကြားချက်ကို တရုတ်နိုင်ငံက တုံ့ပြန်လိုက်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် အမျိုးသား လုံခြုံရေး ကာကွယ်ရန် လေကြောင်းရန် ကာကွယ်ရေးဇုန် အပါအဝင် အခြားသော လိုအပ်သည့် နည်းလမ်းများကို ထူထောင်ပိုင်ခွင့် ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။

အဆိုပါအရေးနှင့် ပတ်သက်၍ မည်သည့်နိုင်ငံကမျှ တာဝန်မဲ့ ပြောကြား ချက်များကို မပြုလုပ်သင့်ကြောင်း ဟွန်လီက မှတ်ချက်ပြုသည်။

သယံဇာတ ကြွယ်ဝသည့် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အိမ်နီးချင်း ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ် စသည့် နိုင်ငံများကြား အငြင်းပွားမှုများ ပေါ်ပေါက်နေပြီး တရုတ်နိုင်ငံက လေကြောင်းရန် ကာကွယ်ရေးဇုန် ထူထောင်ရန် ကြံစည်နေသည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဒေသတွင်း စိုးရိမ်မှုများ ပေါ်ပေါက်နေသည်။

The Voice Weekly Myanmar

သီရိလင်္ကာ ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရဟု အမေရိကန်ဆို


ကိုလံဘို၊ ဖေဖော်ဝါရီ ၂

သီရိလင်္ကာ ပြည်တွင်းစစ် ပြီးဆုံးပြီး နောက်ငါးနှစ်တာ ကာလ အကြာတွင် နိုင်ငံ၏ ဒီမိုကရေစီနှင့် အခွင့်အရေးမှာ ခြိမ်းခြောက် ခံနေရသည်ဟု အမေရိကန်ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့က သုံးသပ်သွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား ပြန်လည် သင့်မြတ်မှု၊ တရားမျှတမှု၊ တာဝန်ခံမှုများ ရရှိအောင် သီရိလင်္ကာ အစိုးရအဖွဲ့က လုပ်ဆောင်ခြင်း မရှိကြောင်း နိုင်ငံခြား စုံစမ်း စစ်ဆေးမှုများ ပေါ်ပေါက်လာအောင် တွန်းအားပေးမှုများ ပေါ်ပေါက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တောင်နှင့်ဗဟို အာရှ လက်ထောက် ဝန်ကြီး နစ်ရှာဘစ်ဝယ်က ပြောကြားသည်။

“သီရိလင်္ကာမှာ တိုးတက်မှုတွေ ကင်းမဲ့လို့ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ စိတ်ပျက်ပြီး အဆိုးမြင်နေကြပါပြီ” ဟု သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေသော လက်ထောက် ဝန်ကြီး နစ်ရှာက ပြောကြားသည်။

စစ်ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းစစ် နောက်ဆုံးကာလ ၂၀၀၉ ခုနှစ်ပိုင်းတွင် အရပ်သား ထောင်ပေါင်းများစွာကို အစိုးရ တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း သတင်းများ ပေါ်ထွက်နေခြင်းကို ပြည်တွင်း စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက လိုလားကြောင်း ၎င်းက ထုတ်ဖော် ပြောကြားလိုက်သည်။

“အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းရဲ့ သည်းခံနိုင်မှုက တဖြည်းဖြည်း ပါးပါးလာပါပြီ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထို့အပြင် စစ်ရာဇဝတ်မှုများ စုံစမ်း စစ်ဆေးရေးနှင့် ပတ်သက်ပြီး တိုးတက်မှုများ ကင်းမဲ့နေခြင်းကြောင့် ပြည်ပ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ရန် ဖိအားပေး ပြောကြားမှုများ ပေါ်ပေါက်နေကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း သီရိလင်္ကာနိုင်ငံကို သတိပေးလိုက်ပြီး မေလအရောက်တွင် စုံစမ်းမှု ရလဒ်များ မပြသနိုင်ပါက သီးခြား လွတ်လပ်သော စုံစမ်းမှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့ကို တောင်းသွားမည်ဟု နိုဝင်ဘာလအတွင်း သတိပေး ပြောကြား ခဲ့သည်။

ထို့အပြင် သီရိလင်္ကာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်မှု၊ တရားမျှတမှု၊ တာဝန်ခံမှုတို့ အခိုင်အမာ ပေါ်ပေါက်လာစေရန် လာမည့်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် လုပ်ဆောင်သွားမည်ဟု ဝါရှင်တန်က ပြောကြားသည်။

“လူ့အခွင့်အရေး လေးစားမှု၊ ပွင့်လင်း မြင်သာမှုရှိမှု၊ ဒီမိုကရေစီ အုပ်ချုပ်မှု ရှိမှုတွေက အရေးကြီးပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သီရိလင်္ကာ ဒီမိုကရေစီမှာ အဲဒီနယ်ပယ်တွေက ဆက်လက် ဆုတ်ယုတ်နေပါတယ်” ဟု အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး နစ်ရှာက ပြောကြားသည်။

ထို့အပြင် သီရိလင်္ကာနိုင်ငံတွင်းရှိ ဘာသာရေး လူနည်းစုများအပေါ် တိုက်ခိုက်မှုများ ပေါ်ပေါက်နေခြင်း၊ အကျင့်ပျက် လာဘ်စားမှုများ ပေါ်ပေါက်နေခြင်းကို စိုးရိမ်မိကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြားသည်။

သီရိလင်္ကာနိုင်ငံ၏ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်နေခြင်းကြောင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ သီရိလင်္ကာနိုင်ငံသို့ လာရောက် လည်ပတ်နေပြီး လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှာ ဒုတိယမြောက် ရောက်ရှိလာသည့် ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်အတွင်း သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီး ပီရစ်၊ အတိုက်အခံ ခေါင်းဆောင် ရာနီတို့နှင့် တွေ့ဆုံခဲ့သလို ယခင် စစ်မြေပြင်ဟောင်း ဖြစ်သော ဂျက်ဖနာ ကျွန်းဆွယ်သို့ သွားရောက် လည်ပတ်ခဲ့ကာ မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက် ပွဲတွင် အနိုင်ရခဲ့သော တမီး နိုင်ငံရေးသမားများနှင့်လည်း တွေ့ဆုံခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ ဒီမိုကရေစီနှင့် ပတ်သက်ပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ပြင်းပြင်းထန်ထန် မှတ်ချက်ပေး ပြောကြားခဲ့သော်လည်း အစိုးရအဖွဲ့က တရားဝင် တုံ့ပြန် ပြောကြားမှု မပြုလုပ်သေးပေ။

သို့သော်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တာဝန်ခံရေးတို့ ပေါ်ပေါက်လာစေရန် အချိန်ပိုယူရဦးမည်ဟု သီရိလင်္ကာ အစိုးရအဖွဲ့က ယူဆထားကြောင်း အစိုးရ သတင်းရင်းမြစ်များက ပြောကြားသည်။

၃၇ နှစ်တာ ဖြစ်ပွားခဲ့သော တမီးကျား သူပုန်များ၏ တော်လှန် ပုန်ကန်မှုမှာ ၂၀၀၉ ခုနှစ်တွင် လုံးဝ ဖြိုခွင်းခံခဲ့ရပြီး ပြည်တွင်းစစ် နောက်ဆုံးလများတွင် အရပ်သား ၄၀,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ယုံကြည်ရသည့် စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းကြောင့် စုံစမ်းစစ်ဆေးပေးရန် ကုလသမဂ္ဂ အဖွဲ့က တောင်းဆိုခဲ့သော်လည်း သီရိလင်္ကာ အစိုးရက ငြင်းဆိုထားသည်။

The Voice Weekly Myanmar

မန်းရတနာပုံ ပုဂ္ဂလိက လေကြောင်းလိုင်း ပျံသန်း ပြေးဆွဲမည်


ပုဂ္ဂလိက လေကြောင်းလိုင်းတခု ဖြစ်သည့် မန်းရတနာပုံ လေကြောင်းလိုင်းသည် ပြည်တွင်း ခရီးစဉ်များကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ စတင်ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ မန္တလေး အခြေစိုက် မန်းရတနာပုံ ပြည်တွင်း လေကြောင်းလိုင်းတွင် ခရီးသည် ၇၀ ဆံ့ ATR 72-600 လေယာဉ် အသစ်များဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုန်၊ တာချီလိတ် နှင့် မြစ်ကြီးနား မြို့များသို့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ ပူတာအို၊ ဟုမ္မလင်း၊ ဗန်းမော်၊ မုံရွာ၊ ကလေးနှင့် လွိုင်ကော်မြို့များသို့ လည်း တိုးချဲ့ ပျံသန်းသွားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။

Irrawaddy ဧရာဝတီ သတင်း

ရာနှုန်းပြည့် အောင်မြင်ခြင်း မရှိသည့် ထိုင်းရွေးကောက်ပွဲ


အောင်ဘိုဘိုရှိန်

ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ ရတ်ချာတေဝီ (Ratchathewi) မဲဆန္ဒနယ်၏ ဖရာ့ထိုင်း ဆေးရုံမဲရုံတွင် အစိုးရ ဆန့်ကျင်သူများက ရှစ်ဘီး မော်တော် ယာဉ်များဖြင့် ပိတ်ဆို့ကာ မဲမပေးရေး ဟောပြော လှုံ့ဆော်နေကြပြီး မဲရုံအတွင်း ဝင်ရောက်ကာ တားဆီးမှုများ ပြုလုပ်ခဲ့သောကြောင့် မဲရုံ ပိတ်သိမ်းခဲ့ပြီး ရတ်ချာတေဝီ မဲဆန္ဒနယ်သည်လည်း ရွေးကောက်ပွဲ ဆက်လက် ကျင်းပနိုင်ခြင်း မရှိတော့ပေ။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပသည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် ရတ်ချာတေဝီ မဲဆန္ဒနယ်အပြင် ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလိုတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော လက်ခ်စီ မဲဆန္ဒနယ်၊ ဒင်းဒန် မဲဆန္ဒနယ်တို့လည်း ရွေးကောက်ပွဲ ပျက်ပြယ်ခဲ့ရသည်။

မြို့တော် ဘန်ကောက်တွင် မဲဆန္ဒနယ်ပေါင်း ၃၃ ခုရှိသည့်အနက် မဲဆန္ဒနယ် သုံးခု ရွေးကောက်ပွဲ ပျက်ခဲ့ပြီး မဲဆန္ဒနယ် ၁၁ ခုတွင် အချို့ မဲရုံများတွင်သာ မဲပေးနိုင်ခဲ့ပြီး မဲရုံအချို့ကို ပိတ်သိမ်းခဲ့ ရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်း PBS သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုသို့ပိတ်သိမ်းခဲ့ရသော မဲရုံများသည် ဘန်ကောက်မြို့ တစ်မြို့တည်းတွင် မကဘဲ ထိုင်းနိုင်ငံ တောင်ပိုင်းမြို့ အများစုတွင် ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၅၇ ခုရှိသည့်အနက် မဲဆန္ဒနယ် ၃၀၆ ခုသာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပြီး မဲဆန္ဒနယ် ၄၂ ခု တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်း မရှိဘဲ မဲဆန္ဒနယ် ၂၇ ခု တွင်လည်း မဲရုံတစ်ဝက်နီးပါးသာ မဲပေးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရပိုင် သတင်းဌာန Channel 9 က ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲသည် ၈၉ ဒသမ ၂၈ ရာခိုင်နှုန်းသာ အောင်မြင်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Supa Chai က ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရွေးကောက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက လက်ခ်စီ မြို့နယ်အတွင်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရှပ်နီထောက်ခံသူ တစ်ဦးနှင့် အမေရိကန် နိုင်ငံသား စစ်သတင်းထောက် ဂျိမ်းနက်တ်ဝေးတို့ အပါအဝင် ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် လက်ခ်စီ မဲဆန္ဒနယ်ကို ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ရသည်။

ယင်းပစ်ခတ်မှုများ မတိုင်ခင် နှစ်လနီးပါးကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အခြေအနေသည် တည်ငြိမ်နေခြင်း မရှိပေ။

အတိုက်အခံ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ရွေးကောက်ပွဲကို နှောင့်ယှက်မည် မဟုတ်ဟု ကြေညာထားသော်လည်း ဆန္ဒပြသူများက မဲရုံသို့ သွားရောက်ရာ လမ်းများ၊ မဲရုံဝများကို ပိတ်ဆို့ အော်ဟစ် ဆန္ဒပြခဲ့ကြသည်။

အတိုက်အခံ PDRC အဖွဲ့က ယခု ရွေးကောက်ပွဲ မတိုင်ခင် ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း မဲရုံများ ပိတ်ဆို့ ဆန္ဒပြခြင်း၊ မဲရုံသို့ သွားရောက်သည့် လမ်းများကို ပိတ်ဆို့ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မဲရုံ ၈၃ ရုံတွင် မဲပေးနိုင်ခြင်း မရှိခဲ့ပေ။

ယင်းနေ့တွင် PDRC ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်ခံရခြင်းကြောင့် သေဆုံးခဲ့ရပြီး ဗုံးပေါက်ကွဲမှု အချို့လည်း ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းတွင် နိုဝင်ဘာလအတွင်းမှ စတင်ကာ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဦးဆောင်သော အစိုးရအဖွဲ့က ၎င်း၏ အစ်ကို သက်ဆင်ရှင်နာဝပ်ကို ချမှတ်ထားသော ပြစ်ဒဏ်များမှ လွတ်မြောက်စေနိုင်မည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ တစ်ရပ် တင်သွင်းခဲ့ခြင်းကြောင့် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဆူသက်သောင်ဆူဘန်က ဦးဆောင်ကာ ပြည်သူ့ ဒီမိုကရက်တစ ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) ကို ဖွဲ့စည်း ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယင်းလပ် ရှင်နာဝပ် အစိုးရက ပါလီမန်ကို ဖျက်သိမ်းပေးခဲ့ရပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဟု ကြေညာခဲ့ရသည်။

ယင်းသို့ ကြေညာခဲ့သော်လည်း အတိုက်အခံများက ယင်းလပ် အစိုးရကိုသာ နုတ်ထွက်ပေးရန် ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ရွေးကောက်ပွဲ နောက်ဆုတ် ကျင်းပရန် အခြေခံဥပဒေ ခုံရုံး တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲ ကော်မရှင်က ယင်းလပ် အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရက ဖေဖော်ဝါရီလ ၂ တွင်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲကို ဆန္ဒပြ အင်အားစုများ ဖြစ်သော ရှပ်ဝါ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိပေ။

ယခုကျင်းပသော ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၅၃ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဓိက ပါတီများဖြစ်သော လက်ရှိ အစိုးရ ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော ဖေ့အ်ထိုင်းပါတီ၊ Chart Parrana ပါတီ၊Bhumjaithai ပါတီ၊ Charthaipattana ပါတီတို့ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြုလုပ်သော ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် မဲပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ စာရင်းပေးပို့ထားသူ ၄၈ သန်း ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရှိရသည်။

ယနေ့ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဆူသက်၊ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်၊ ဘန်ကောက် မြို့တော်ဝန် Sukhumbhandp တို့က မဲပေးခြင်း မရှိသော်လည်း ထိုင်းနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth မဲပေးခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဖေ့အ်ထိုင်း ပါတီ ထောက်ခံသူများက အလုံးအရင်းနှင့် မဲပေးခဲ့ကြသော်လည်း တောင်ဘက်ပိုင်း တွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် ပြည်နယ် ကိုးခုနီးပါး ရှိကြောင်း အစိုးရပိုင် သတင်းဌာနက ကြေညာသည်။

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ် ၄၂ ခုနှင့် မဲရုံတစ်ဝက်နီးပါးသာ မဲပေးနိုင်သော မဲဆန္ဒနယ် ၂၇ ခုရှိနေသည့်အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော မဲဆန္ဒနယ်များကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ကျင်းပပေးမည် ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ထားသည်။

အဆိုပါ ရွေးကောက်ပွဲ ပျက်ပြယ်ခဲ့ရသော မဲဆန္ဒနယ်များမှ မဲမပေးခဲ့ရသူ ၁၂ သန်းခန့်ရှိပြီး ကြိုတင် မဲပေးရန် စာရင်းသွင်းထားသူ တစ်သန်းခန့် ကြိုတင်မဲ မပေးခဲ့ရကြောင်း ထိုင်း PBS သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

“ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲကို တရားဝင်ခြင်း ရှိမရှိ တရားရုံးချုပ်ကို တင်ပြထားပါတယ်။ တရားရုံးက တရားဝင်တယ်လို့ ဆုံးဖြတ်ရင်တော့ ရွေးကောက်ပွဲ ရလဒ်တွေကို အတည်ပြုပေးရမှာပါ” ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Supa Chaiက ဆိုသည်။

ရွေးကောက်ပွဲ ရလဒ်များကိုလည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နောက်ပိုင်းမှသာ ကြေညာနိုင်မည်ဟု ဖေဖော်ဝါရီလ ၂ ရက်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

“ဒီနေ့ ရွေးကောက်ပွဲမှာ မဲမပေးလိုက်ရဘူး။ ကျွန်မတို့ရဲ့ မဲပေးခွင့် အခွင့်အရေးကို ခုရက်အတွင်း ပြန်တောင်းမယ်” ဟု ထိုင်းရွေးကောက်ပွဲ ထောက်ခံပြီး ယနေ့ ရွေးကောက်ပွဲတွင် မဲပေးရန် မနက် ၈နာရီ ကတည်းက မဲရုံဖွင့်ရန် စောင့်ဆိုင်းနေသော်လည်း မဲပေးခွင့် မရခဲ့သူ အသက် ၄၀ ခန့်ရှိ ထိုင်းအမျိုးသမီးတစ်ဦးက ပြောကြားသည်။

The Voice Weekly Myanmar

အရွယ်တင် နုပျိုလိုသူတိုင်း ညဘက်လုပ်သင့်သည့် အသားအရေ ထိန်းသိမ်းနည်း


Sunday, Frbruary 2, 2014

တစ်နေ့လုံး အလုပ်မှာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရ၊ ကလေးတွေကို ထိန်းခဲ့ရ၊ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ ထိတွေ့ခဲ့ရ….. ဒီလိုအချက်တွေကြောင့် ကျွန်မတို့ရဲ့ အသားအရေဟာ ထိခိုက် ညစ်နွမ်းနေနိုင်ပါတယ်။ ဒီလို ထိခိုက်ပျက်စီးတာ အချိန်ကြာလာရင် အသားအရေ အိုမင်းလာပြီး အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အသားအရေကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။

ညဘက်မှာ အသားအရေ ထိန်းသိမ်းမှု လုပ်တာကြောင့် အရေပြားရဲ့ တင်းအားနဲ့ အရောင်ကို ကောင်းမွန်စေနိုင်ပြီး အရေပြား အပြစ်အနာအဆာတွေကို လျော့ကျစေကာ အရေပြားကို စိုပြည်တင်းရင်း လှပစေပါတယ်။ ညဘက်မှာ အသားအရေကို ကောင်းကောင်းထိန်းသိမ်းမှု လုပ်တာကြောင့် အရေပြားကို လေဝင်လေထွက် ကောင်းစေပြီး အနာကျက်စေကာ အရေပြားကို တင်းရင်းလှပစေပါတယ်။ အောက်ပါတို့က ညဘက် အသားအရေ ထိန်းသိမ်းနည်းအတွက် အခြေခံအချက်တွေ ဖြစ်ပါတယ်။

(၁) မိတ်ကပ်ဖျက်ဆေး

သင်က မိတ်ကပ်လိမ်းသူဖြစ်ရင် ပထမဆုံးအချက်က မိတ်ကပ်ဖျက်ဖို့ အမျိုးအစားကောင်းတဲ့ မိတ်ကပ်ဖျက်ဆေး (Make-up Remover) ကို သုံးပါ။ ဒီလိုနည်းနဲ့ မိတ်ကပ်တွေကို ဖယ်ရှားလိုက်တဲ့အခါ မျက်နှာသစ်ပြီးရင် သင့်မျက်နှာမှာ အညစ်အကြေးနဲ့ မိတ်ကပ်တွေ ကြွင်းကျန် ကပ်ငြိတာမျိုးမဖြစ်ဘဲ သန့်စင်သွားပါလိမ့်မယ်။ ပြီးရင် အရေပြားရဲ့ စံဓာတ်ကို ဟန်ချက်ညီအောင် ထိန်းဖို့ အယ်လ်ကိုဟော မပါတဲ့ တိုနာထဲစိမ်ထားတဲ့ ဂွမ်းစနဲ့ ပွတ်ပေးလိုက်ရင် အဆီတွေပါ ကင်းသွားပါလိမ့်မယ်။

(၂) မျက်နှာသစ်ဆေး

မျက်နှာနဲ့ လည်ပင်းအရေပြားကို မျက်နှာသစ်ဆေး လိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ပြီးမှ ကြက်သီးနွေးရေကို သုံးပြီး မျက်နှာနဲ့ လည်ပင်းကို သေချာ ဆေးကြောပေးပါ။ မျက်နှာသစ်ဆေးနဲ့ သစ်တာကြောင့် အရေပြားပေါ်က အညစ်အကြေးတွေနဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။ ကြက်သီးနွေးရေက ချွေးပေါက်ကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေကို ထွက်ရှိ သွားစေပါတယ်။ ပြီးရင် မျက်နှာကို ခြောက်သွေ့အောင် သုတ်ပေးပါ။

(၃) အိုင်းခရင်မ်

မျက်ဝန်းတစ်ဝိုက်မှာ အဆီဂလင်း မရှိတဲ့အတွက် မျက်ဝန်းတစ်ဝိုက် အရေပြားမှာ အိုင်းခရင်မ် လိမ်းတာက အရေပြားကို အားဖြည့်ပေးပြီး မျက်ဝန်းအိတ် ဖောင်းတာနဲ့ မျက်ကွင်းညိုတာတို့ကို လျော့ကျစေနိုင်ပါတယ်။ ညဘက်မှာ အိုင်းခရင်မ် လိမ်းပြီးမှ အိပ်ရာဝင်ပါ။

(၄) နှုတ်ခမ်းထိန်းသိမ်းမှု

နှုတ်ခမ်းသားကို ကြက်သီးနွေးရေထဲ ဆွတ်ထားတဲ့၊ နူးညံ့ပျော့ပျောင်းတဲ့ အဝတ်စနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ဒီလိုလုပ်ပေးရင် ခြောက်သွေ့နေတဲ့ အရေပြားပေါ်က ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ ပြီးရင် နှုတ်ခမ်းသား စိုပြည်တင်းရင်းအောင် နှုတ်ခမ်းဆိုးဆေး အဆီဆိုးပေးပါ။

(၅) အစိုဓာတ်ထိန်းခရင်မ်

အရေပြားကို စိုပြည်စေမယ့် အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပါ။ အစိုဓာတ်ထိန်း ခရင်မ်ကို ရွေးချယ်ရာမှာ ဓာတုပစ္စည်း မပါတာရွေးပါ။ ကောင်းမွန်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ဟာ အရေပြားဆဲလ်သေ၊ လေထုညစ်ညမ်းမှုနဲ့ အညစ်အကြေးတွေကြောင့် အရေပြား ညစ်နွမ်းမှုတို့ မဖြစ်အောင် ကာကွယ်ပေးပြီး အရေပြားကို ဗီတာမင်နဲ့ သတ္တုဓာတ်တွေရရှိအောင် ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် ဆဲလ်သစ် ဖြစ်ပေါ်မှုကို အားပေးပြီး အရေပြား တင်းရင်းစေတဲ့ ကော်လာဂျင်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ အရေပြားပေါ်က အမည်းစက်၊ အရေးကြောင်း၊ သက်ကြီးအစက်အပြောက်နဲ့ ပါးရေတွန့်တာတွေကိုလည်း ကင်းဝေးစေပါတယ်။

Tip!

ညဘက်မှာ အသားအရေ ထိန်းသိမ်းဖို့အတွက် အချိန် ငါးမိနစ်လောက်ပဲ လိုအပ်ပါတယ်။ နေ့စဉ် အချိန်ငါးမိနစ်ပေးပြီး အသားအရေ ထိန်းသိမ်းတာကြောင့် နုပျိုတဲ့ အသွင်ကို ဖြစ်စေရုံသာမက အရေပြားကို ချောမွေ့ နူးညံ့ကြည်လင်စေပါတယ်။ မျက်နှာမှာ မိတ်ကပ်တွေလိမ်းပြီး ဘယ်တော့မှ မအိပ်ပါနဲ့။ မိတ်ကပ်တွေလိမ်းပြီး အိပ်တာကြာလာရင် အသားအရေကို နွမ်းနယ် ထိခိုက်စေနိုင်ပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အစိုဓာတ် ထိန်းခရင်မ်နဲ့အတူ Serum ကိုပါ လိမ်းပေးရင် အသားအရေကို ပိုမို တင်းရင်းစေပါတယ်။ အရေးကြောင်းပါးပါး ထင်နေတဲ့ နေရာတွေကို များများလိမ်းပြီး အိပ်စက်ပေးပါ။

ဇွန်
Credit to Shwe Beauty

ဆိုတေးပါဝင်သီဆိုသရုပ်ဆောင်ထားတဲ့ Hello Music Thingyan ဗီစီဒီရိုက်ကွင်း


ယုန်လေး၊ Cobra ၊အာတီချုပ်၊ ဇွဲနိုင်ဝင်း၊ Nine One ၊ ကျော်ထွဋ် ဆွေ၊ ဆိုတေး၊ စန္ဒီမြင့်လွင်၊ ရတနာ မိုင်၊ ဆူဇီ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ နန်းသူဇာ၊ ကာကာ စတဲ့နာမည်ကြီး အဆိုတော် အများစုပါဝင်သီ ဆိုထား ပြီးဂီတ အမျိုးအစားစုံလင်စွာနဲ့ ထွက် ပေါ်လာတော့ မယ့် Hello Music Thingyan အခွေ လိုက်ဖ်ရှိုး ဗီစီဒီ ရိုက်ကွင်း ကိုဇန်နဝါရီ ၃ဝရက် နေ့၊ မနက် ၁ဝနာရီကစတင်ပြီး ကန်တော်ကြီး မျှော်စင်ကျွန်းမှာ တစ်နေကုန် ရိုက်ကူးခဲ့ပါတယ်။Hello Music Thingyan ရိုက်ကွင်းမှာ ကူညီ ဆောင်ရွက်ပေးေ နတဲ့ယုန်လေး က ‘ရယ်သောသူသည် အသက်ရှည် ၏’ ဆိုတဲ့သင်္ကြန်သီချင်း တစ်ပုဒ်ကို လည်း ပါဝင်သီဆိုထားပါတယ်။ Hello Music Thingyan ရိုက်ကွင်းနဲ့ ပတ်သက် ပြီး ယုန်လေးက “စီစဉ်တာက ရတနာမိုင် ပါ။ ကျွန်တော်စီစဉ်တာမဟုတ်ဘူး။ ကျွန် တော်က ကူညီပေးတာ။ ဒီအခွေမှာ ကျွန် တော်ကိုယ်တိုင်ရေး၊ ကျွန်တော်ကိုယ်တိုင် ဆိုထားတဲ့ ‘ရယ်သောသူသည် အသက် ရှည်၏’ ဆိုတဲ့ သီချင်းပါတယ်။ ကိုကြီး ကျော်တီး ပေးထားတယ်။ဒီသီချင်းလေး ကိုတော့ တော်တော် အားရပါတယ်” လို့ ပြောပါ တယ်။Hello Music Thingyan အခွေမှာ နေပြန်ကောင်း လာပြီဖြစ်တဲ့ ပရိသတ်အချစ်တော်ဆိုတေးက သင်္ကြန် သီချင်းအမြူးတစ်ပုဒ်ကို ပါဝင်သီဆို ထားပါတယ်။Hello Music Thingyan အခွေမှာ လာရောက်ရိုက်ကူးပေးတဲ့ ဆိုတေးရဲ့ လက်ရှိအခြေအနေနဲ့ ပတ် သက်ပြီး “သူကိုယ်တိုင်ရေး၊ သူကိုယ် တိုင်ဆိုထားတဲ့ သီချင်းပါ။ အရင် ကတည်းက ရေးထားတဲ့သီချင်းပါ။ ခိုင်သဇင်ယုဝါ၊ ခိုင်သဇင်ငုဝါ၊ နန်း စန္ဒာလှ ထွန်းစတဲ့ မော်ဒယ်တွေက ပါဝင် ကူညီပြီး ရိုက်ကူးပေးထား တယ်။ ဘာပဲပြောပြော ဆိုတေး ရဲ့ ကျန်းမာရေး အခြေအနေက တော် တော်လေးကို ကောင်းမွန်လာတဲ့ အတွက် ဝမ်းသာကြည်နူးစရာ ကောင်းပါတယ်” လို့ယုန်လေးက ပြောပါတယ်။

ဒါရိုက်တာကိုလင်း (Studio- K) ရိုက်ကူးတဲ့Hello Music Thingyan အခွေဟာ မကြာမီကျ ရောက်လာတော့မယ့် မဟာသင်္ကြန် ပွဲတော်ကြီးမှာ ပျော်ရွှင်ကြမယ့် သင်္ကြန်ချစ်သူ ပရိသတ်တွေအတွက် ဂီတအမျိုးအစားစုံလင်လှတဲ့ သင်္ကြန် သီချင်းတွေနဲ့အတူ အဆိုတော် များစွာရဲ့ သင်္ကြန် ပုံရိပ်တွေကို မြင် တွေခံစားနိုင်တော့ မှာ ဖြစ် ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း
Popular Journal

သနပ်ခါးဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ ဝေဖန်မှု ကို အမှန်အတိုင်း သိချင်တဲ့ ဝတ်မှုံရွှေရည်


ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ ‘သနပ်ခါး’ ဇာတ်ကား ထဲမှာ ဝတ်မှုံရွှေရည်က ရဲတိုက်နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ မိဘရဲ့ ဆန္ဒအရ မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ခဲ့ရပေမယ့် ကိုယ်တကယ် ချစ်တဲ့သူ နဲ့ကြား ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဇာတ်ရုပ်ငြိမ်ငြိမ်နဲ့ သရုပ် ဆောင် ထားပါတယ်။ ဇာတ်ရုပ်အရ ပရိသတ်တွေရဲ့ဝေဖန် မှုကို ဘယ်လိုဖြစ် လာမလဲဆိုတာ အမှန် အတိုင်းသိချင်တယ်ဆိုတဲ့ ဝတ်မှုံရွှေရည်က..

“ဇာတ်လမ်းက ဒိုင်ယာလော့ခ်တွေ အများကြီးမပါဘူး။ အိုက် တင်နဲ့ပဲ ဇာတ်ကားရဲ့အဓိပ္ပာယ်ကို ပြသွားတဲ့ပုံစံမျိုးပါ။ ဒါက ကစ် အတွက် ဇာတ်ရုပ်အဆန်းအသစ်တစ်ခုဖြစ် တယ်။ အဲဒါကြောင့်လည်း ဒီလို နေရာမျိုးကို အရဲစွန့်ပြီး ဒါရိုက်တာရော၊ ဇာတ်ကိုရော ယုံကြည်ပြီး ရိုက်လိုက်တာ။ ပရိသတ်တွေရဲ့ ဝေဖန်သံ ကို စောင့် ကြည့်ရမှာပေါ့။ ကိုယ်တိုင်ပြန်ကြည့်တော့ ဦးမင်းထင်ရိုက်ထား တာရိုက်ချက်တွေရော၊ တင်ပြပုံတွေရောကောင်းပါတယ်။ မြင် နေကျ ဇာတ်ကားမျိုးတော့မဟုတ်ဘူး။ ရသတစ်ခုဆိုတော့ အသစ်ဖြစ်တာပေါ့။ ကစ်က အငြိမ်ပုံစံမျိုးလေးနဲ့ ဒါရိုက် တာလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်တော့ သရုပ်ဆောင် ခဲ့တယ်။ ပရိသတ်ရဲ့ ဘယ်လိုဝေဖန်မှုမျိုးရမလဲဆိုတာ ကစ်လည်း အမှန်အတိုင်းသိချင်တယ်။ ဂရုစိုက်ပြီး လိုက်မေးဖြစ်တယ်။ ဒီကားမျိုးကဆန်းတယ်။ ဝေဖန် ပေးစေချင် တယ်။ ကစ်ကိုမြင်နေကျပုံစံ၊ ဇာတ်ရုပ် မဟုတ်တာမျိုးလည်း ဖြစ်စေ ချင်တယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဒီကားအကြောင်း ပြန်ပြီးပုံဖော်ပြီး အဖြေ စဉ်းစားကြည့်နေလိမ့်မယ်လို့ ကစ် ထင်တယ်။ အတွေးတစ်ခုကျန် တယ် ဆိုရင် ကျေနပ်ပါတယ်။ မင်းသား ရော၊ ဒါရိုက်တာရော တိုက်ဆိုင်လို့ ရိုက်ဖြစ်တာလေ” လို့ပြောပြပါတယ်။ ဝတ်မှုံရွှေရည်က ဇန်နဝါရီ ၂၆ ရက်နေ့က အောင်ဇမ္ဗူတောရ ကျောင်း တိုက်မှာ ဆရာတော်နဲ့ သံဃာ တော်များကို အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်း ခဲ့ပါတယ်။ လာရောက်ဘုရားဖူးမြော်သူ အယောက် လေးထောင်ကိုလည်း ကြက် သား ပလာတာကျွေးမွေးလှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး..

“ကစ်က တံခွန်တိုင်လှူထားတော့ ပြီးသွားပြီ ဆိုတာနဲ့ ရေစက်ချခဲ့ တယ်။ ကိုယ့်ရဲ့ အနုပညာကြေးတွေထဲက ဖယ်ထား ပြီး တတ်နိုင် သလောက် လှူဖြစ်တာပါ။ ဒီလို အလှူလေးတွေလုပ်ရတာ စိတ်ကိုကြည်လင်စေပြီး ပီတိဖြစ်ရတယ်။ အဲဒီတော့ ပရိသတ်ရဲ့အလှူ ဒါနတွေလည်းပါတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်၊ ဓာတ်ပုံ – ထက်လူလူ
Popular Journal

သင်္ဘောပေါ်တွင် ဘိလပ်မြေအိတ်များပြိုကျပိမိ၍ အလုပ်သမားတစ်ဦးသေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၂.၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန် ဆိပ်ကမ်းမြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင် များသည် ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြစ်၊ ဆူးလေအမှတ်(၁)ဗောတံတား
တွင် ဆိုက်ကပ်ထားသောမြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းပိုင် ကျိုင်းတုံသင်္ဘော
ပေါ်တွင် အလုပ်သမားတစ်ဦး ဘိလပ်မြေအိတ်များပိမိ၍ သေဆုံးသွား
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
အင်းစိန်မြို့နယ်နေ ကုန်တင်/ချလုပ်သားဖြစ်သူ ဦးဖိုးချိုဖြစ်ပြီး မျက်နှာ
တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည်အဆိုပါသင်္ဘောပေါ်တွင် ဘိလပ်မြေအိတ် များနှင်သင်္ဘောနံရံတို့အကြားသို့ဝင်ရောက်သွားလာချိန် ဘိလပ်မြေအိတ် များမှာပြိုကျခဲ့ပြီး ပိမိနေသဖြင့် အတူအလုပ်လုပ်ကိုင်သူများမှ ဘိလပ်မြေ အိတ်များအားဖယ်ရှားကာ သင်္ဘောကုန်းပတ်ပေါ်သို့ပို့ဆောင်ပေးခဲ့စဉ်
သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်း ဦးဖိုးချိုသေဆုံးရခြင်းနှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အမည်မသိ ခရီးသည်မှ ချွန်ထက်သောအရာဖြင့်ထိုးခဲ့၍ ဆိုင်ကယ်ကယ်ရီမောင်းသူတွင် ဒဏ်ရာများရရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နေ ဒေါ်အေးအေးလွင်မှ ၎င်း၏ သားဖြစ်သူ မောင်ကောင်းခန့်ဗိုလ်မှာ ခင်မင်ရင်နှီးသည့် ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုမင်းမင်းခိုင်၏ ဆိုက်ကယ်နှင့်အတူ ၁.၂.၂၀၁၃ရက်နေ့ ၂၂၃၀အချိန်တွင် နေအိမ်မှလိုက်ပါသွားခဲ့ကြောင်း၊ တံတားဖြူထိပ်တွင် ကိုမင်းမင်းခိုင်၏ဆိုင်ကယ်အားငှားကာ တစ်ဦးတည်းစီးနင်းသွားခဲ့ကြောင်း၊ ၂.၂.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် ရွှေပေါက္ကံ(၁၅)ရပ်ကွက်၊
ညောင်ရမ်းလမ်းပေါ်တွင် ဆိုင်ကယ်မှောက်သည်ဟုကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ အခင်းဖြစ်နေရာ၌ သားဖြစ်သူတွင် လည်ပင်း
၌ ပြတ်ရှဒဏ်ရာ(၁)ချက်၊ နောက်ကျောယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်
တို့ရရှိထားကာ ဆိုင်ကယ်နှင့်အတူတွေ့ရကြောင်း၊ ဖြစ်စဉ်အားမေးမြန်း
ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ကျောင်းလမ်းထိပ်မှ အမည်မသိအမျိုးသား(၁)ဦးက ရွှေပေါက္ကံမြို့သစ်ဆေးရုံကွေ့သို့ဆိုင်ကယ် ကယ်ရီငှားသဖြင့်လိုက်ပို့ပေးခဲ့စဉ် အဆိုပါခရီးသည်မှ ချွန်ထက်သော အရာဖြင့်ထိုးခဲ့သဖြင့် ရရှိသောဒဏ်ရာများဖြစ်သည်ကို ပြောပြသိရှိခဲ့ရ
ကြောင်းနှင့် သားဖြစ်သူမှာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်တက် ရောက်ကုသနေလျက်ရှိကြောင်းတို့ကို ပြောပြ
တိုင်တန်းခဲ့သဖြင့် ရွှေပေါက္ကံနယ်မြေရဲစခန်း(ပ)၂၀ /၂၀၁၄၊ ပုဒ်မ ၃၂၆ ဖြင့်
အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဖုန်းပြောနေသူထံမှ ဖုန်းကိုလုယူထွက်ပြေးသူအား ဖမ်းဆီးရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၁.၂.၂၀၁၄ ရက်နေ့ ၂၁၂၀အချိန် တာမွေမြို့နယ်နေ ဒေါ်ဇင်မေသူသည် မလွှကုန်းလမ်းတွင် ဖုန်းပြောနေစဉ် နောက်ဘက်မှဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက ၎င်း၏ HUAWEI-8812 အမျိုးအစားလက်ကိုင်ဖုန်း
အား လုယူမောင်းနှင်ထွက်ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့် လှစ်ကာ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားနိုင်သော အခြားရဲစခန်းများသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ရာ ၂.၂.၂၀၁၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းအပိုင်တွင် ၎င်းရဲစခန်းမှ
သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်နေ ကိုကိုဦး(ဘ)ဦးတင်စိုးအား
ဒေါ်ဇင်မေသူ၏ လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့၍ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများရရှိမည်ဟုပြောဆိုကာ ငွေများ လိမ်လည်ရယူသွားသူအား ဖမ်းဆီးရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၂၀၁၃ခုနှစ်၊ မတ်လခန့်က ကြည့်မြင်တိုင်မြို့နယ်နေ ဒေါ်သက်နွယ်လှ
ထံသို့ တာမွေမြို့နယ်၊ ဒဂုံလွင်လမ်းနေ ဥာဏ်မြင့်ဇော်(ဘ)ဦးစိုးမြင့်မှာ
ရောက်ရှိလာပြီး ၎င်းသည် နိုင်ငံတော်သမ္မတရုံးမှ စုံစမ်း သတင်းပေးဌာန အဖွဲ့ဝင်(၁၄)ဖြစ်ကြောင်း၊ရန်ကုန်မြို့ရှိတန်ဖိုးနည်းအိမ်ရာစီမံကိန်း(ပါရမီ) တိုက်ခန်းများကို အရစ်ကျဝယ်ယူရရှိထားသည့် အစိုးရ၀န်ထမ်းများက
ပြန်ရောင်းမည်ဖြစ်ကြောင်းပြောဆိုကာ စာရွက်စာတမ်းများပြသရောင်းချ
ခဲ့သဖြင့် ဒေါ်သက်နွယ်လှမှတိုက်ခန်း(၂)ခန်းအတွက် ငွေကျပ်သိန်း (၅၀)အား ပေးအပ်ခဲ့ကြောင်း၊ ဥာဏ်မြင့်ဇော်မှာ အခြားသူများအားလည်း ယခုကဲ့သို့ပင် တိုက်ခန်းများရောင်းချထားကြောင်း၊ ယခုအခါ၎င်းမှာ
ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပြီး ၎င်းပေးခဲ့သော စာရွက်စာတမ်း
များတွင် နိုင်ငံတော်တံဆိပ်ကိုအတုပြုလုပ်ထားခြင်း၊ငွေသွင်းစာအုပ်များနှင့် တိုက်ခန်းပိုင်ဆိုင်မှုစာရွက်စာတမ်းများမှာ မမှန်မကန်ပြုလုပ်ထားခြင်းများ
ဖြစ်ကြောင်းကို သိရှိရသဖြင့် ဥာဏ်မြင့်ဇော်အား စုံစမ်းအရေးယူးပေးပါရန်
ဒေါ်သက်နွယ်လှမှတိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၇၇၄/၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဥာဏ်မြင့်ဇော်အား ဖမ်းဆီးရမိရေး အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များမှ ၎င်းထွက် ပြေးတိမ်းရှောင်နေ သည့် နေရာများအား သတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ ၂၈.၁.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ရန်ကင်းမြို့နယ်၊ ကလေးဆေးရုံရှေ့လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူဥာဏ်မြင့်ဇော်အားစစ်ဆေးရာ ၎င်းသည် အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်သည့်အပြင် အလားတူတန်ဖိုးနည်းတိုက်ခန်း များဝယ်ယူရရှိမည်ဆိုကာ အင်းစိန်မြို့နယ်နေဒေါ်မိမိငယ်ထံမှငွေကျပ်
(၂၇)သိန်းအားလည်းကောင်း၊အင်းစိန်မြို့နယ်နေ မအယ်လ်ဘောမ်ဘုံထံမှ
ငွေကျပ်(၂၁)သိန်းခွဲအားလည်းကောင်း၊လှိုင်မြို့နယ်နေဒေါ်နော်ကပေါ်ထူး
ထံမှငွေကျပ်(၂၁)သိန်းအားလည်းကောင်း၊အလုံမြို့နယ်နေဒေါ်ဖြူဝင်းညွန့်
ထံမှငွေကျပ်သိန်း(၂၀)အားလည်းကောင်း၊ဗဟန်းမြို့နယ်နေဒေါ်တင်ဝေနှင်း ထံမှငွေကျပ်(၄၅)သိန်းအားလည်းကောင်း၊ပန်းဘဲတန်းမြို့နယ်နေဒေါ်ခင်မမ ထံမှ ငွေကျပ်(၂၉၅၀၀၀)အားလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်နေ
ဒေါ်နော်ဂျူးဒစ်ဖေထံမှ ငွေကျပ် (၂၆၅၀၀၀)အားလည်းကောင်းလိမ်လည်
ရယူခဲ့သဖြင့်ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် ဖွင့်လှစ်အရေးယူထားရှိခဲ့သည့် အမှုအသီးသီးမှ ထွက်ပြေးတရားခံဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

စစ်တွေတွင် ပြည်သူ ၃၀၀၀ ခန့်က White card ကိုင်ဆောင်သူများကို ၂၀၁၅ ခုနှစ်တွင် မဲပေးခွင့်မပြုရန် ဆန္ဒဖေါ်ထုတ်


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူပေါင်း ၃၀၀၀ ခန့်က အဖြူရောင်  White card (၀ိုက်ကဒ်) ကိုင်ဆောင်သူများကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွှေးကောက်ခံပိုင်ခွင့်နှင့် မဲပေးခွင့်မပြုရန် ယနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ လမ်းမများပေါ်တွင် ချီတက်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နေလည် ၁ နာရီတွင် စတင်ခဲ့ပြီး ဆရာတော် ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိ ၀င်္ကဘာကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းမှာ ၂၀၁၅ ခုနှစ်တွင် အဖြူရောင် White Card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်နှင့် အရွှေးခံပိုင်ခွင့် မပြုရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ညိုအေးက ပြောသည်။

“ အဓိကတော့ White card ကိုင်ဆောင်ထားတဲ့ တရားမ၀င် နေထိုင်သူတွေကို ၂၀၁၅ ရွှေးကောက်ပွဲမှာ အရွှေးခံခွင့်နဲ့ မဲပေးခွင့်မပြုဖို့၊ ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို လွတ်တော်က အမြန်ဆုံးအကောင် အထည်ဖော်ပြီး ဆောင်ရွက် ပေးဖို့စတဲ့ အချက်တွေ အပါအ၀င် အချက် ၇ချက်နဲ့ တောင်းဆို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်သူများ တောင်းဆိုသော အခြား အချက် (၅) ချက်ထဲတွင် ရခိုင်ပြည်နယ်ရှိ  ရဲတပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များ အစာထိုး တပ်ဆင်ပေးရန်၊  ဒေသခံပြည်သူများ လုံခြုံရေးကို တာဝန်ယူရန်၊ အဖြူရောင် ကဒ်များ တရားမ၀င်ကြောင်း အစိုးရမှ ကျေညာရန်၊ AZG (MSF) ၇ ရက် အတွင်း ဒေသအတွင်းမှ ထွက်သွားရန် ဆိုသည့် အချက်များကို တောင်းဆို ခဲ့ကြသည်ဟု သူမက ဆိုသည်။

ဆန္ဒပြသူများသည် ဘင်္ဂလီဘက်လိုက် နိုင်ငံများကို အလိုမရှိ၊ ဘင်္ဂလီဘက်လိုက် UN အဖွဲ့ကို အလိုမရှိဟု ဆိုကာ ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရခိုင်လူမှုကွန်ယက်နှင့် တခြားလူမှုအဖွဲ့အစည်းများနှင့် မြို့သူ မြို့သားများက ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။

UN အပါအ၀င် နိုင်ငံတကာဖွဲ့အစည်းများအနေဖြင့် စစ်တွေမြို့ခံများတောင်းဆိုထားသည့်အတိုင်း ၇ ရက်အတွင်း တစုံတရာလုပ်ဆောင်မှုမရှိပါက ဥပဒေဘောင်အတွင်းမှ လူထုအားဖြင့်ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်းလည်း ဒေါ်ညိုအေးကပြောသည်။

people demonstration no voter for white card

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် White card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုထားသည့်အတွက် ရခိုင် ပြည်နယ်နှင့် ရခိုင်ပြည်သူများအတွက် နစ်နာမှုများရှိနေကြောင်းလည်း ဒေါ်ညိုအေးက ယခုကဲ့သို့ ပြောသည်။

“White card ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီတွေကို မဲပေးခွင့်ပေးထားတဲ့အတွက် White card အတုတွေဖောင်း ပွလာတယ်။ တစ်ဘက်က ခိုးဝင်သူတွေများလာတယ်။ ဒါကြောင့် ကျမတို့က White card တွေကို တရားမ၀င်ဘူးလို့ အစိုးရကထုတ်ပြန်ပေးဖို့လည်း ကျမတို့ တောင်းဆိုထားပါတယ်။”

မောင်တောမြို့တွင်လည်း သတင်းမှားများ ထုတ်ပြန်သည့် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဒုသမ္မတ ဦးဥာဏ်ထွန်း ခရီးစဉ်နှင့် တိုက်ဆိုင်နေသည့်အတွက် ဆန္ဒထုတ်ဖော်မှုအစီအစဉ်ကို နောက်ဆုတ်လိုက်သည်ဟု သိရသည်။

အလားတူ ဘူးသီးတောင်မြို့တွင်လည်း သတင်းမှားများ ထုတ်ပြန်သည့် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်သည့် လူထု ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်အား အစိုးရသဘောထားကို သိရှိရန် ဖုံးဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုံးမကိုင်သဖြင့် ဆန္ဒပြသူများ တောင်းဆိုချက်အပေါ် အစိုးရ၏ သဘောထားကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

(နိရဉ္စရာ- ၃ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး

၁၅၀၀ တန်ဖုန်းများ စတင်အသုံးပြုရန် ရက်လွန်ခဲ့ပါက ပြန်လည်လျှောက်ထားခွင့်ပြုမည်မဟုတ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို ဖုန်းလိုင်းကတ်ဝယ်ယူပြီး ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိခဲ့ပါက လိုင်းပိတ်သိမ်းခြင်း အပြီးပြုလုပ်သွားမည်ဟု ယခုလမှ စတင် ကြေညာခဲ့သည်။

ယခင်က အသုံးပြုရက်ကျော်လွန်သည့်အတွက် လိုင်းပိတ်သိမ်းမည်ဟု စည်းကမ်းချက်များအတွင်း ပါရှိခဲ့သော်လည်း လိုင်းပိတ်သိမ်းခံရသူများသည် သက်ဆိုင်ရာဆက်သွယ်ရေးရုံးများ၌ လိုင်းကတ်ပြန်လည် လျောက်ထားနိုင်ခဲ့ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး သုံးရမယ်လို့ စာထဲမှာ ပါတယ်။ ဒီလကစပြီး စာအိတ် လေးတွေပါတယ်။ ကျွန်တော်တို့ကတော့ မဲပေါက်တဲ့လူကို ၅ ရက် နေ့နောက်ဆုံးထားပြီး လက်ထဲအ ရောက်ပေးရမယ်လို့ ညွှန်ကြားလိုက်တယ်။ ကိုယ့်လက်ထဲမှာကြာလို့ ရက်ကျော်သွားတယ်ဆိုတာမျိုး မဖြစ်စေရဘူး။ လိပ်စာရှိတာပဲ ဆက်သွယ်ပြီးပေးလို့ ပြောထားတယ်” ဟု သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ပြောသည်။

လက်ဆင့်ကမ်းရောင်းချခြင်းကို ကာကွယ်နိုင်ရန် အထက်ပါစည်းကမ်းချက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်သော်လည်း ပြင်ပဈေးကွက်၌ ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်းလိုင်းများသည် ကျပ် ၁ သိန်းဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်မြောက်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စည်းကမ်းချက်များအရ ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်း၍ အသုံးပြုရမည်ဖြစ်ပြီး တစ်လလျှင် ၂၅၀၀ ကျပ် ပုံမှန်အသုံးပြုရမည်ဟုလည်း ပါရှိသည်။ ထို့အပြင် ဘီလ်ကုန်ဆုံးပြီး ၁၅ ရက်အတွင်း ဘီလ်ထပ်မံ ဖြည့်သွင်းခြင်းမရှိခဲ့ပါကလည်း လိုင်ပိတ်သိမ်းမည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်း၍ ဇန်နဝါရီ လအတွက် CDMA 800 မိုဘိုင်းဖုန်းလိုင်း ၁၅၀၀၀၀၊ GSM မိုဘိုင်းဖုန်းလိုင်း ၁၀၈၁၀၀ ၊ WCDMA မိုဘိုင်းဖုန်းလိုင်း ၄၁၉၀၀ တို့ကို ရောင်းချပေးသွားမည်ဟု ယခု ၂၃ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာမှ ကြေညာခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

တယ်လီနောက ၀န်ဆောင်မှု ပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက်ဝန်ဆောင်မှုပါ ထည့်သွင်း ပေးထားမည်


စ ချိုကို| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီက ၀န်ဆောင်မှုပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက်ဝန်ဆောင်မှုပါ တပါတည်း ထည့်သွင်းပေးထားမည်ဖြစ်သည်ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberge က ဘားကမ့်ရန်ကုန်ပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

Mr.Petter Furberge က “ ကျွန်တော်တို့ ရောင်းမယ့် မိုဘိုင်းဆင်းကတ်တွေမှာ အင်တာနက် ဝန်ဆောင်မှု ပါဝင်လာမှာဖြစ်ပါတယ်။ အင်တာနက် လျှောက်ထားခ ထပ်ပေးရတာမျိုး မရှိပါဘူး။ အဲဒီ အင်တာနက်လိုင်းကို အသုံးပြုမှသာ အသုံးပြုခကို ပေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများ၌ အင်တာနက် ဝန်ဆောင်မှု ရရှိသော်လည်း အဆိုပါ အင်တာနက် လျှောက်ထားမှုအတွက် ငွေကျပ် တစ်သောင်း ထပ်ပေးရခြင်းဖြစ်သည်။

ဆက်လက်၍ Mr.Petter Furberge က“ တစ်နိုင်ငံလုံးကို အင်တာနက် Access ပေးနိုင်ဖို့ အဓိက ထားတယ်။ Internet Access သုံးနိုင်မှသာ တစ်နိုင်ငံလုံး မဟုတ်ဘူး တစ်ကမ္ဘာလုံးကိုပါ ချိတ်ဆက် နိုင်မယ်” ဟု ဆိုသည်။

တယ်လီနော အနေဖြင့် လိုင်စင်ရပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချ သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီ ၃၀ က လုပ်ငန်းလိုင်စင်အတွက် လက်မှတ်ရေးထိုးခဲ့သည်။ တယ်လီနောက ကနဦးအနေဖြင့် ဖုန်းဆက်သွယ်ခြင်း (Voice) နှင့် အင်တာနက် အသုံးပြုခြင်း (Data) တို့ကို 2G နှင့် 3 G ကွန်ယက်များပေါ်တွင် ဝန်ဆောင်မှု ပေးသွားဖြစ်ကာ ငါးနှစ်အတွင်း နိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ ၀န်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်ဟု တယ်လီနောကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင်ဖုန်းပြောဆိုခကိုလည်း တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်အထိသာ ကောက်ခံရန် စီစဉ်ထားပြီး မိုဘိုင်းဆင်းကတ်ဈေးနှုန်းမှာလည်း ၁၅၀၀ ကျပ် ဝန်းကျင်ဖြင့်သာ ရောင်းချသွားမည် ဖြစ်သည်ဟုလည်း မစ္စတာ Petter Furberge က ပြောသည်။

၎င်းက “ ဖုန်းပြောဆိုခကိုတော့ တရားဝင် မသတ်မှတ်ရသေးဘူး။ ဒါပေမယ့် တစ်မိနစ်ကို အများဆုံး ၂၅ ကျပ် အထိသာ ကောက်ခံသွားမယ်။ ဒီဈေးနှုန်းထက် နည်းရင်လည်း နည်းသွားလိမ့်မယ်။ လူတိုင်း လက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ ”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ယက်များတည်ဆောက်ရန်အတွက် တယ်လီနောအနေဖြင့် Huawei နှင့် Ericsson ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သော အူရီဒူးနှင့် တယ်လီနောကို ဇန်န၀ါရီ ၃၀ ရက်တွင် လုပ်ငန်းလိုင်စင် စတင်ချထားပေးခဲ့သည်။

အဆိုပါ လိုင်စင်သည် ဖေဖော်ဝါရီ ၅ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ လိုင်စင်သက်တမ်းမှာ ၁၅ နှစ်ဖြစ်ပြီး အော်ပရေတာ တစ်ခုစီက လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း၅၀၀ ပေးဆောင်ရမည်ဖြစ်သည်။

Mizzima Burmese

ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့်ခုတ်


ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ တိုက်ကြီးမြို့နယ်တွင် ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်မှုတစ်ခု ဖေဖော်ဝါရီ ၂ရက်က ဖြစ်ပွားခဲ့သည်ဟု မြို့နယ် ရဲစခန်းမှူးဖြစ်သူ ရဲအုပ် သန်းဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ အမှုမှာ တိုက်ကြီးမြို့နယ် စပါးကိုင်းအုပ်စု၊ လက်ပံကုန်းရွာတွင် နံနက် ၁၀နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျော်လွင်ဦး (၄၉)နှစ်ကို ဇနီးဖြစ်သူ မတင်မာဝင်း (၄၂)နှစ်က ထမင်းချက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ယောက်ျားဖြစ်သူက ထမင်းမချက်ဘဲ ထမင်းကြော်ထားကြောင်း၊ ထမင်းကြော်ပဲ စားရန် ပြောရာ မကျေနပ်ဘဲ စကားများပြီးနောက် မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်ခဲ့သော အမှုလည်း ဖြစ်သည်။

"လောလောဆယ်တော့ ဓါးနဲ့ခုတ်သူက ရှောင်နေပါတယ်။ ကျွန်တော်တို့ လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။ သူက ဓါးမနဲ့ခုတ်လို့ နာကျင်စေမှု ပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ ယောက်ျားဖြစ်သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” ဟု စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။

ဖြစ်စဉ်တွင် စကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ကျော်လွင်ဦးမှာ ဝါးခုတ်ဓါးမအား ဘေးချထားပြီး နှီးဆက်ထိုးနေစဉ် ဇနီးဖြစ်သူ မတင်မာဝင်းက ဓါးမအား ကောက်၍ နောက်မှ ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် ကျော်လွင်ဦးတွင် ဦးခေါင်းနောက်စေ့၊ ဦးခေါင်းဝဲဘက်နောက်စေ့နှင့် ယာလက်ခလယ်၊ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ကြီးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသနေရသည်။

ထို့နောက် ဇနီးးဖြစ်သူ မတင်မာဝင်းကို အရေးယူပေးရန် ကျော်လွင်ဦးက တိုင်တန်းသဖြင့် တိုက်ကြီးရဲစခန်းက (ပ)၄၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို လိုက်လံရှာဖွေဖမ်းဆီးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

Mizzima Burmese

Media 7 မှ ရိုက်ကူးမည့်ဇာတ်ကားတွင် ပအိုဝ်းတိုင်းရင်းသူအဖြစ် မိုးစက်ဝိုင်ကို ထည့်သွင်းရိုက်ကူးမည်


ပန်းမြတ်ဇော်|ဖေဖော်ဝါရီ ၃၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

Media 7 က ယခု ၂၀၁၄ ခုနှစ်တွင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် Miss Universe Myanmar မိုးစက်ဝိုင်ကို ပအိုဝ် တိုင်းရင်းသူအဖြစ် ထည့်သွင်းရိုက်ကူး သွားမည်ဖြစ်ကြောင်း ADMA media Co,Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုဝေမင်းမောင်က မဇ္ဈိမသို့ ပြောသည်။

ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ထိုင်းနာမည်ကျော် PEE MARK မင်းသမီးဒါဝိကာ(Davika)၊ ထိုင်းအဆိုတော်၊ မင်းသားမို့စ် (Mos) ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် လူမင်းတို့ သရုပ်ဆောင်ရန် ရွေးချယ်ထားပြီး ယခုအခါ မိုးစက်ဝိုင်ကိုလည်း ပအိုဝ်းတိုင်းရင်းသူအဖြစ် ပါဝင်သရုပ်ဆောင်ရန်အတွက် ထပ်မံရွေးချယ်ခဲ့ ခြင်း ဖြစ်သည်။

“သူက ရုပ်ရှင် ၊ ဗီဒီယိုဇာတ်ကား ရိုက်ကူးဖို့ လက်မခံပေမယ့် အခုဇာတ်ကား ရဲ့script ကို သေချာပြ တယ်။ သူနဲ့အကြို ညှိနှိုင်းမှုတော့ ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ကင်မရာပိုင်း၊ နည်းပညာပိုင်းတွေကို Kantana JK မှ အားလုံးအဓိက ပံ့ပိုးကူညီသွားမှာပါ။ ရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်း တချို့ကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာများလည်း ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်” ဟု Media 7 မှ CEO ဦးဝေမင်းမောင်က ပြောသည်။ Media 7 အနေဖြင့်နိုင်ငံတကာတွင် မြန်မာနိုင်ငံအနေ ဖြင့် ပထမဆုံးရုပ်ရှင်ထွက်ရိုက်ရာတွင် မြန်မာကိုယ်စားပြုဖြစ်သည့် Miss Universe မိုးစက်ဝိုင်ကို ကမ္ဘာ ကသိနေခြင်းကြောင့်ထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။ မိုးစက်ဝိုင်သည် miss ဆုများ ရရှိခဲ့ပြီးနောက်ပိုင်း တွင်မီဒီယာသမားများ၏ “ရုပ်ရှင်ဗီဒီယိုရိုက်ကူးမှု ရှိလာမလား” ဆိုသည့်မေးခွန်းတွင် ရိုက်ကူးမှု မရှိနိုင် ကြောင်း ငြင်းဆိုခဲ့ဖူးသူဖြစ်သည်။ ယခုရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားသည် ၎င်း၏ ပထမဆုံးသော ရုပ်ရှင် ရိုက်ကူးသည့် အနုပညာခြေလှမ်းဖြစ်သည်။

အဆိုပါဇာတ်ကားတွင် PEE MARK ဇာတ်ကားမှ ထိုင်းမင်းသမီးဒါဝိကာ (Davika Hoorne)၊ စိုင်းစိုင်းခမ်း လှိုင်နှင့် Miss Universe မိုးစက်ဝိုင်တို့၏ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို အဓိကအခြေခံ ရိုက်ကူးသွား မည် ဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် ရှမ်းလူမျိုး Tour Guide အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ပအိုဝ်းတိုင်းရင်းသူအဖြစ် မိုးစက်ဝိုင်၊ ထိုင်းနိုင်ငံသူအဖြစ် Davika တို့ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ပြီး ဇာတ်ညွှန်းကိုလည်းပြင် ဆင်ထားပြီးဖြစ်သည်။ ၎င်းရုပ်ရှင် ဇာတ်ကားနာမည်ကို အတည်တကျ ရွေးချယ်ပြီးပါက ပရိသတ်တွေကို အသိပေးသွားမည် ဖြစ်သည်။

Media 7 က ထုတ်လုပ်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်အတွင်းတွင် အပြီးသတ်ရိုက်ကူးသွား မည် ဖြစ်ပြီး အထင်ကရနေရာများဖြစ်သည့် အင်းလေးဒေသကို အဓိကထားရိုက်ကူးသွားမည် ဖြစ်ကာ ပုဂံ ၊ ရန်ကုန် ၊ ဘန်ကောက်တို့တွင်လည်း ရိုက်ကူးသွားမည်ဖြစ်သည်။

ယောက်ျားယူရမည်စိုး၍ သေကြောင်းကြံအဆိပ်သောက်


ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ မိဘများက ယောက်ျားပေးစားမည်ဆိုသဖြင့် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ပိုလို ကြမ်းပိုးသတ်ဆေးသောက်သုံးခဲ့သူမှာ လမ်းမတော်မြို့နယ် ၁၅လမ်းတွင် နေထိုင်သည့် အသက် ၂၅နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ထိုသတင်းကြောင့် ရန်ကုန်ဆေးရုံကြီးကို သွားရောက်စစ်ဆေးခဲ့သည့် လမ်းမတော် ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်။

သူမသည် ရန်ကုန်ဆေးရုံကြီး အမျိုးသမီးကုသဆောင် (၁၀)တွင် တက်ရောက်ကုသနေရပြီး မိဘများက အိမ်ထောင်ချပေးမည်ပြော၍ စိတ်ညစ်သဖြင့် ပိုလိုပိုးသတ်ဆေးသောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့သည်။

ထို့ကြောင့်ပင် မိမိကိုယ်ကို သေကြောင်းကြံစည်သူအပေါ် အရေးယူပေးရန် ဒုရဲအုပ် အောင်နိုင်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရဲစခန်းက (ပ)၃၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့်အရေးယူရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ ရက်ကလည်း ကွမ်းခြံကုန်းမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ရည်စားထားသည်ကို အဒေါ်ဖြစ်သူက ဆူခဲ့သဖြင့် အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့သည်။

Mizzima Burmese

ပါးရိုက်ခံရန် ဆန္ဒပြပွဲပြုလုပ်





ရန်ကုန် ဖေဖော်ဝါရီ ၃

ဝန်ကြီးဦးအုန်းမြင့်က 'ဗိုလ်ချုပ်ဘ၀ထဲက နိုင်ငံရေးသမားတွေကိုနယ်လှည့်ပြီး ပါးရိုက်လာတာ"ဟု ပြောသောကြောင့်ပါးရိုက်ခံရန် ဆန္ဒပြပွဲကို ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၃း၀၀ အချိန်ခန့် က ရန်ကုန်မြို့ တော်ခန်းမဘေးတွင်ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒပြပွဲတွင် နိုင်/ကျဉ်း များဒီမိုကရေဒီ အင်အားစု နှင့်ပြည်သူအချို့ ပါဝင်ကြောင်းသိရသည်။

ဇေဝေယံ
Popular Myanmar News Journal

အုန်းဖျန် ဒုက္ခသည်စခန်း မီးလောင်

ဓာတ်ပုံ - Ler Lah Shee ဖေ့စ်ဘွတ်ခ်

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းမှာ ဒီနေ့ မွန်းလွဲပိုင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၁၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်အလုံး ၅၀ ဖျက်လိုက်ရတယ်လို့ စခန်းလုံခြုံရေးဒု-တာဝန်ခံ ဦးကျော်လင်းစိုးက ပြောပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းရဲ့ ဇုန်အေ ရပ်ကွက် ၅ မှာ ကလေးငယ်တဦးက မီးခြစ်ကစားရာကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိပေမယ့် မီးလောင်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

မီးလောင်မှုကြောင့် အိုးအိမ်မဲ့သွားသူတွေကို စခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကူညီပေးနေတယ်လို့ ပြောပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခု ဖေဖော်ဝါရီကလည်း မီးလောင်ခဲ့ဖူးပြီး ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ် တပ်ခ်ခရိုင်မှာ တည်ရှိပြီး ဒုက္ခသည်စခန်း ၁၀ ခုအနက် မယ်လဒုက္ခသည်စခန်းပြီးရင် ဒုတိယမြောက် လူဦးရေအများဆုံး စခန်းဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တွေကို အစားအစာနဲ့ တခြား လူမှုရေးအကူအညီတွေ ပံ့ပိုးပေးနေတဲ့ တီဘီဘီစီအဖွဲ့ရဲ့ စာရင်းအရ ဒုက္ခသည် ၁၇,၀၀၀ ကျော်​ ရှိတယ်လို့ သိရပါတယ်။

DVB Burmese

သံလွင်ရေကာတာစီမံကိန်းများ ရပ်တန့်ရေး ဆန္ဒဖော်ထုတ်မည်


သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေ ရပ်တန့်ရေး လူထုဆန္ဒကောက်ခံပြီး ဆန္ဒထုတ်ဖော်သွားမယ်လို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ သတင်း စာရှင်းလင်းပွဲပြုလုပ် ပြောဆိုလိုက်ပါတယ်။

သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းဟာ လူထုအတွက် အကျိုး မရှိနိုင်သလို အေးချမ်းမှုကို ပိုပြီး ပျက်ပြားစေနိုင်တဲ့အတွက် လူထုဆန္ဒကောက်ခံပြီး ကန့်ကွက်ဆန္ဒပြသွားမယ်လို့  ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေးအဖွဲ့ဝင် စောသာဘိုးက  ပြောပါတယ်။

“ဘာကြောင့် ကန့်ကွက်တာလဲဆိုတော့ နံပါတ် ၁ က ရေကာတာ ၆ ခုလုံးက တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတယ်။ ပြီးတော့ အဲဒီနယ်မြေတွေကလည်း မအေးချမ်းသေးဘူး။ ပိုပြီး ငြိမ်းချမ်းမှုကို ပျက်ပြားစေနိုင်တယ်။  ပြီးတော့ ရင်နှီးမြှုပ်နှံမှုပေါင်း ထွက်မယ့် မဂ္ဂ၀ပ် ၁၅,၀၀၀ လောက်ရှိတယ်။ အဲဒီ မဂ္ဂ၀ပ် ၉၀ ရာခိုင်နှုန်းက ထိုင်းနဲ့တရုတ်ကို ရောင်းမှာ၊ ၁၀ ရာခိုင်နှုန်း မဂ္ဂ၀ပ် ၁,၅၀၀ ပဲ မြန်မာက ပြန်ရမှာ။ ဒါက မြန်မာပြည်သူပြည်သားတွေအတွက်လည်း အကျိုးအမြတ်မရှိဘူး။ ဒါ့ကြောင့် လူထုသိအောင် လက်မှတ်ထိုးပြီး ဆန္ဒထုတ်ထော်မယ်။  ရတဲ့လက်မှတ်တွေကို စုဆောင်းမယ်။ စုဆောင်းပြီး မတ်လ ၁၄ ရက်နေ့ကစပြီး ကျနော်တို့ ထုတ်ပြန်ကြေညာမယ်။ ဒီထုတ်ပြန်မှုကို မြန်မာ၊ ထိုင်းနဲ့ တရုတ်အစိုးရ နဲ့ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီဆီပေးပို့သွားမယ်။ ”

 ဒါ့အပြင် လက်ရှိ ရေကာတာ မတည်ဆောက်ခင်မှာလည်း တပ်တွေ ချထားတာတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပြီး စစ်ပြေးဒုက္ခသည် သိန်းချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့  ပြောပါတယ်။

“သံလွင်ရဲ့ မြစ်ကြောင်းတလျှောက်မှာ တိုင်းရင်းသား လူမျိုးနွယ်စု ၁၃ စုလောက်ရှိတယ်။ ဥပမာ ကယားပြည်နယ်က ယင်းတလဲ လူမျိုးဆိုရင် လူပေါင်း ၁၀၀၀ လောက်ပဲရှိတော့တယ်။ အခုရေကာတာဆောက်လို့ ဒီလူတွေ ရွှေ့ပြောင်းရတဲ့အခါမှာ ဒီလူမျိုးစုတွေရဲ့ နေထိုင်မှုက ကမ္ဘာမှာ ပျောက်ကွယ်သွားမယ့် အနေအထားရှိတယ်။ နောက်တခုက ဒီမှာရှိတဲ့ ငါးမျိုးတွေ၊ သက်ရှိ ဇီဝမျိုးစေ့တွေ တကယ်ကို ပျောက်ဆုံးပျက်စီးသွားမှာ။ အခုလည်း ရေကာတာ မဆောက်ခင်မှာ ရှမ်းပြည်နယ်ဘက်မှာဆိုရင် ရေကာတာဆောင်နိုင်ဖို့ လုံခြုံရေးယူပြီး တိုက်ပွဲဖြစ်ကြတယ်လေ။ တိုက်ပွဲဖြစ်တဲ့အခါ ဒုက္ခသည်ပေါင်း ၃ သိန်းလောက်ရှိတယ်။ ကျနော်တို့ ကရင်ပြည်နယ်ဘက်မှာဆိုရင် ၄၀၀၀ လောက်က ရေကာတာနဲ့ပတ်သက်ပြီးတော့ ထွက်ပြေးနေရတယ်။ ”

အစိုးရအနေနဲ့ သံလွင်မြစ်ပေါ်  ရေကာတာ ၆ ခု တည်ဆောက်မယ်လို့ ပြီးခဲ့တဲ့နှစ်က ကြေညာထားခဲ့ပါတယ်။

အဲဒီ ရေကာတာတွေကတော့ ရှမ်းပြည်နယ်အတွင်းမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာနဲ့ တာဆန်း(ဝါ)မိုင်းတုန်ရေကာတာ၊ ကယားပြည် နယ်မှာဆိုရင်   ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ်မှာ  ဟတ်ကြီးရေကာတာတို့ ဖြစ်ပါတယ်။

ဒီ ရေကာတာစီမံကိန်းတွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကိုသာ ရောင်းချမှာ ဖြစ်သလို မြန်မာနိုင်ငံအတွက် အကျိုးမရှိတဲ့အပြင် သဘာဝပတ်ဝန်ကျင် ပျက်စီးတာနဲ့ လူမျိုးပျက်တုံးမှာ တွေကြောင့်လည်း ဒီစီမံကိန်း ရပ်တန့်စေချင်တာလို့လည်း ပြောပါတယ်။

DVB Burmese

သင်္ကန်းကျွန်းတွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ စတင်ခွဲဝေသုံးစွဲ


လွှတ်တော်အမတ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်တွေအလိုက်  သုံးစွဲဖို့ ချပေးထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၁၀၀၀ စီကို ရန်ကုန်တိုင်းဒေသကြီး သင်္ကန်း ကျွန်းမြို့နယ်မှာ ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်အရ  စတင် ခွဲဝေပေးနေပါတယ်။

ရပ်ရွာလိုအပ်ချက်တွေကို အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်အောင် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့် ခေါင်းဆောင်တဲ့  အမျိုးသားဒီမိုက ရေစီပါတီသစ် ဌာနချုပ်မှာ သက်ဆိုင်ရာရပ်ကွက်တွေက ဖွံ့ဖြိုးရေးအထောက်အကူအဖွဲ့က  တာဝန်ရှိသူတွေကတဆင့် ရန်ပုံငွေတွေ ခွဲဝေပေးနေတာပါ။

ပြည်ထောင်စုလွှတ်တော်ရဲ့ ညွှန်ကြားချက်နဲ့အညီ မြို့နယ်အတွင်း ၃၈ ရပ်ကွက် ရှိတဲ့အနက် အကူအညီ အလိုအပ်ဆုံး ၃၄ ရပ်ကွက်က  ဒေသခံပြည်သူတွေအတွက် အကျိုးရှိမယ့်  လုပ်ငန်းပေါင်း ၆၆ ခုအတွက်  ဦးစားပေးပြီး ရန်ပုံငွေတွေကို ခွဲဝေပေးနေတာလို့ ပါတီရဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ်အတွင်းက ဖွံ့ဖြိုးရေးအတွက် မလိုအပ်တဲ့ သုဝဏ္ဏ ၂၃၊ ဗိုလ်ချုပ်ရွာ၊ ဘဏ်ရိပ်သာရပ်ကွက်၊ မိကျောင်းကန် ၁ နဲ့ မိကျောင်းကန် ၃ ရပ်ကွက်တွေကတော့ ရန်ပုံငွေတွေ  ခွဲဝေပေးမယ့် အစီအစဉ်မပါဝင်ဘူး။

လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရလာတဲ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ စီကို အစိုးရ စီမံကိန်းတွေမှာ မပါဝင်တဲ့ ရပ်ရွာအတွင်း  လိုအပ်ချက်တွေ ဖြစ်တဲ့  သောက်သုံးရေရရှိရေး၊ စာသင်ကျောင်း၊ ဆေးရုံး၊ ဆေးခန်းနဲ့ ကျေးလက်ဒေသ လမ်းတံတားပြုပြင်ရေးစတဲ့ လုပ်ငန်းတွေမှာ သုံးစွဲရမှာပါ။

သင်္ကန်းကျွန်းမြို့နယ်နဲ့ ဃ ရပ်ကွက်က ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ကတော့ ရန်ပုံငွေတွေနဲ့ ရပ်ကွက်အတွင်း ဆောင်ရွက်မယ့်လုပ်ငန်းတွေကို အခုလို ပြောပါတယ်။

“သိန်း ၁၀၀၀ ရတဲ့အထဲက ကျနော်ရပ်ကွက်က ၄၃ သိန်းကျော် ရပါတယ်။ ကျနော်တို့ လုပ်ရမယ့်လုပ်ငန်းက ရပ်ကွက်မှာရှိတဲ့ ချောင်းကူးတံတားတခု လုပ်ရမယ်။ လျှပ်စစ်မီးကြိုး သွယ်ရမယ်။ အများသုံး ၈ ခန်းတွဲ အိမ်သာတခု ဆောက်ရမယ်။ နောက် ကျနော်တို့ လိုအပ်တဲ့ လုပ်ငန်းလေးတွေ ရှိပါတယ်။ ကျောင်းရှေ့မှာ ရေမြောင်းလေးလုပ်ဖို့ကိစ္စ၊ ကလေးတွေ ကစားဖို့ ဘောလုံးကွင်းကိစ္စ အဲဒါတွေတော့ ပါမလာပါဘူး။ အရေးကြီးတာတွေပဲ ထည့်ပေးလိုက်တယ်။ နိုင်ငံတော်က ထောက်ပံ့တဲ့ အနေအထားအရ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ဆန္ဒကတော့ မပြည့်ဝဘူးပေါ့။”

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ အတွင်းရေးမှူး ဦးကျော်ကလည်း  ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တွေက  အများအပြားရှိနေပေမယ့် ရတဲ့ငွေနဲ့ အကောင်းဆုံး အကျိုးရှိအောင်နဲ့ အလဟဿ ဆုံးရှုံးမှုမရှိရလေအောင် စောင့်ကြပ်စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

“တကယ်တော့ လူထုက အမှန် လိုအပ်နေတာပါ။ လိုအပ်နေသော်လည်း တခါတလေကျရင် ဒီရတာလေးနဲ့ ကျနော်တို့က ရသလောက်လူထုအတွက် အကျိုးပြုအောင် လုပ်ပေးရတာပါ။ တကယ်ဆိုလို့ရှိရင် ငွေကြေး ဒီထက်မက လိုအပ်ပါတယ်။ လူထု တကယ်လိုအပ်ချက်တွေက။ ကျနော်တို့ကတော့ ညွှန်ကြားချက်နဲ့အညီ ကြီးကြပ်ရမယ်။ လူထုနဲ့ ထိတွေ့ရမယ်။ ဆွေးနွေးမယ်။ သူတို့ကိုလည်း လမ်းညွှန်မှုပေးရမယ်၊ ပြီးစလွယ် မလုပ်နိုင်ဘူးလေ။”

 လွှတ်တော်အမတ်တွေဟာ ခွင့်ပြုရရှိထားတဲ့ ငွေကျပ်သိန်း ၁၀၀၀ ကို သက်ဆိုင်ရာမြို့နယ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အမတ်တွေ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ  ဥပဒေကြမ်းကို အတည် ပြုနိုင်ခြင်း မရှိသေးပေးမယ့်  ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနဲ့  သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကိုတော့  ပြီးခဲ့တဲ့နှစ်  နိုဝင်ဘာလကကတည်းက  ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ပေးပြီး ဖြစ်ပါတယ်။

DVB Burmese

အနုပညာ အလုပ်တွေ ကို သမီးနဲ့ တစ်ခဏ အစားထိုး ထားတယ် လို့ ပြောတဲ့ လွင်မိုး


ဆောက်လုပ်ရေး လုပ်ငန်း၊ ကြွေရည်သုတ်၊ ကြွေရည်စိမ် လုပ်ငန်း၊ အညစ် အကြး သန့်စင်စက်ရုံ၊ မြေတူး လုပ်ငန်း၊ နိုင်ငံခြား အင်ဂျင်နီယာတွေ နဲ့ တွဲဖက် လုပ်ကိုင်နေတဲ့ ဒီဇိုင်းဆွဲ လုပ်ငန်း၊ ကလော အိမ်ရာစီမံကိန်းစတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဦးစီးပြီး ဇောက်ချ လုပ်ကိုင်နေသူ အကယ်ဒမီ လွင်မိုးက အနုပညာ အလုပ်ကို သူ့သမီး ယွန်းဝတီလွင်မိုးနဲ့ တစ်ခဏ အစားထိုးထားတယ် လို့ ပြောပါတယ်။

လွင်မိုးက “သူရွေးချယ်ရမယ့် အလုပ်က ပညာရေးပဲ။ ဒါပေမဲ့အခုချိန် မှာ ကြော်ငြာပဲ ရိုက်ရိုက်၊ သရုပ်ဆောင်ပဲ လုပ်လုပ် လုပ်လို့ရတယ်။ ဒါပေမဲ့ သူဒီထက် ကြီးလာရင် ပညာရေးကို ဆုံးခန်းတိုင် သင်ယူရမယ်။ အခြေခံ တစ်ခု ရှိရမယ်ပေါ့နော်။ ပညာရေး ဆုံးခန်းတိုင်မှ ဘယ်အရာ မဆို လုပ်လို့ ရမယ်။ ပညာတတ် သွားတဲ့ အချိန်မှာ သူ့ ကိုယ်သူ စဉ်းစား တွေးခေါ် တတ် သွားလိမ့်မယ်။ တကယ် လုပ်ချင်တာ သရုပ်ဆောင်လား၊ ပညာတတ် တစ်ယောက်လား ဆိုတာကိုပေါ့။ အခုတော့ ငယ်ရွယ်သေးတဲ့ အချိန် ဆိုတော့ လုပ်လို့ရတာပေါ့လေ။ အဲဒါကြောင့် အနုပညာ အလုပ်ကို လုပ်ဖို့ ခွင့်ပြုပေးထားတယ်။ ကိုယ်ကိုယ်တိုင် ကျတော့ အရင် ကလို မလုပ်နိုင်ဘူး။ စီးပွားရေး ကိစ္စတွေ နဲ့ လုံးချာ လိုက်နေတယ်။ အနုပညာ အလုပ်ကို သမီးနဲ့ တစ်ခဏ အစားထိုး ထားတာပေါ့” လို့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက ပြောပါတယ်။

စီးပွားရေး မှာအောင် မြင်တာက မခိုမကပ်ဘဲ ဇွဲ၊ လုံ့လတွေ နဲ့ လုပ်ခဲ့လို့ တိုးတက်တာ ပါလို့လည်း ထပ်လောင်း ပြောပြပါတယ်။

Mဘွယ်
Popular Journal

ဖွဲ့စည်းပုံပြင်ရေး သတ္တိရှိကြဖို့ လွှတ်တော်အမတ်များကို ဒေါ်စုတိုက်တွန်း (ရုပ်/သံ)


ဖွဲ.စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ ပြည်သူအများစုက လိုလားနေတဲ့ အတွက် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လွှတ်တော် ကိုယ်စားလှယ် တယောက်ချင်း သတ္တိရှိရှိ လုပ်ရဲရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို.ထားပါတယ်။


DVB TV

ဘဝကြမ်းခဲ့တဲ့ Walt Disney တည်ထောင်သူ


လက်ရှိ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ Walt Disney ကို တည်ထောင်ခဲ့ သူက Walter Elias Disney လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။


အထက်တန်း တောင် ပြီးအောင် မတက်နိုင်ခဲ့တဲ့ ကျောင်းထွက် ဖြစ်ပြီး သတင်းစာ တိုက်တစ်ခုမှ အယ်ဒီတာ လုပ်နေတုန်း အလုပ်ထုတ် ခံရ ပါတယ်။ တွေးခေါ်ယူဆမှု၊ အိုင်ဒီယာကောင်း မရှိသူလို့  မှတ်ချက် အပေးခံ ရပြီး အလုပ်ထုတ်ပယ်ခံရခြင်း ဖြစ်ပါတယ်။ နောက်တော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ၂ ခု ကြိုးစားလုပ်ကိုင်ခဲ့ပါသေးတယ်။ ရလဒ်ကတော့ ၂ ကြိမ်စလုံး ဒေဝါလီခံရခြင်း ဖြစ်ပါတယ်။

သူလုံးဝ အရှုံးမပေးပါဘူး။ လေ့လားသင်ကြားမှုကို မရပ်တန့်ပြီး အရှုံးထဲကနေ သင်ခန်းစားယူပြီး သူ့ရဲ့  Walt Disney ဇာတ်ကောင်များကို စတင် ဖန်တီးပါတော့တယ်။ ယနေ့တော့ Walt Disney ဆိုတာ ကမ္ဘာ့အကြီးဆုံး ဘက်ပေါင်းစုံ မီဒီယာ လုပ်ငန်း ကုမ္မဏီများထဲက တစ်ခုအဖြစ် ပါဝင်လာစေခဲ့ ပါတယ်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလမှာ အသက် ၆၅ နှစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူ သက်ရှိထင်ရှားအချိန်ကာလအတွင်း မှာလည်း အမေရိကန်ရဲ့  ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ စာရင်းထဲ မှာ ပါဝင်ခဲ့ကြောင်း သိရ ပါတယ်။

.
Ref: wiki
အောင်ခမ်း ( International news for Myanmar )

မိတ်လိုက်ပြီး အထီးကိုပြန်စားသော မုဆိုးမ ပင့်ကူ (video ပါသည်)


မုဆိုးမ ပင့်ကူ (Black Widow) လို့ခေါ်တဲ့ ယင်းပင့်ကူဟာ ထူးဆန်ပါတယ်။ မုဆိုးမလို့ခေါ်ရတဲ့ အကြောင်းအရင်းကလည်း အထီးပင့်ကူများကို သတ်စား လို့ ဖြစ်ပါတယ်။

ချက်ချင်းမသတ်စားပါဘူး။ အထီးပင့်ကူနဲ့ အရင်ဆုံး မိတ်လိုက် ပါတယ်။ ပြီးတော့ စိတ်တိုင်းကျပြီဆိုမှ ယင်း ပင့်ကူအထီးကို သတ်စား ပါတယ်။ Sexual cannibalism လို့ခေါ်တဲ့ လုပ်ဆောင်ချက် မျိုး ဖြစ်ပြီး Black Widow မှာ ပါတဲ့ အဆိပ်ကို အသုံးချပါတယ်။ ယင်းအဆိပ်က အမျိုးတူ Latrodectus ပင့်ကူ အထီး တွေထက် သုံးဆပိုပြင်းပါတယ်။


ယင်းအဆိပ်ကို မိတ်လိုက်နေစဉ် အသုံးချပြီး ဘယ်ပင့်ကူအထီးမှ မရုန်းနိုင် တော့ပါဘူး။ နဂိုကတည်းကလည်း အမက အထီးထက် ပိုအားကြီးတဲ့ ပင့်ကူမျိုး ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ လေ့လာချက်အရ ပင့်အကူး အထီးရဲ့  အသက်ရှင်နိုင်ချေက ၃၀ ရာခိုင်နှုန်းပဲရှိပါတယ်။ အများစု က အသတ်စားခံရတာချည်း ဖြစ်ပါတယ်။

ဒါကြောင့် ခင်ပွန်းတစ်ဦးပြီး တစ်ဦးသတ်တဲ့ မုဆိုးမ အမျိုးသမီးကို Black Widow လို့တင်စားခေါ်ဝေါ်တဲ့ အသုံးအနှုန်းလည်း ပေါ်ပေါက်လာပါတယ်။ Black Widow အမည်နဲ့ ရုပ်ရှင်ဇာတ်ကောင်တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေလည်း ပေါ်ထွန်းခဲ့ပါတယ်။

Black Widow ရဲ့  အဆိပ်ဟာ ပြင်းပြီး ဆေးသာ အချိန်မှီ အသုံးမပြုရင် လူ့အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ကြောင်း သိရ ပါတယ်။

Credit  : International news for Myanmar

နိုင်ငံသားဖြစ်ခွင့် ဥပဒေကို အကောင်အထည်ဖော်ပေးရန် စစ်တွေတွင် ဆန္ဒထုတ်ဖော်

စစ်တွေမြို့တွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေ အကောင်အထည်ဖော် စိစစ်ရန် ဇန်နဝါရီလ ၃ရက်က ဆန္ဒထုတ်ဖော်သူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- စစ်တွေလူမှုကွန်ရက်)

ရန်ကုန်၊ မဇ္ဈိမ။ ။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံသားပြဿနာများကြောင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို အကောင်အထည်ဖော် စိစစ်ပေးရန်အပါအ၀င် တောင်းဆိုချက် ၆ ချက်ကို စစ်တွေ ဒေသခံ ၃၀၀၀ ကျော်က ဖေဖော်ဝါရီ ၃ ရက်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုလိုက်သည်။

ဒေသခံ ၃၀၀၀ ကျော်က ၁၉၈၂ နိုင်ငံသား ဥပဒေ ချက်ချင်းအကောင်အထည် ဖော်ပေးရေး၊ White Card ကိုင်ဆောင်သူများ မဲပေးခွင့်မပြုရေး၊ ဒေသခံပြည်သူများ လုံခြုံရေးဆောင်ရွက်ပေးရန်၊ လူမျိုးစု နှစ်ခုကို ခွဲခြားဆက်ဆံသော NGO နိုင်ငံများနှင့် အဖွဲ့အစည်းများ အလိုမရှိ အပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မှီလက်နက်များ အစာထိုးတပ်ဆင်ပေးရန်တို့ကို တောင်းဆိုကာ ဆန္ဒထုတ်ဖော်ခဲ့သည် ဟု ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ စစ်တွေလူမှုကွန်ရက်က ဦးထွန်းလှိုင်က မဇ္ဈိမကို ပြောသည်။

"၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို တိတိကျကျ အကောင်အထည် မဖော်သ၍ ဒီပြဿနာတွေ ဖြစ်နေမှာပဲ။ ဒီကြားထဲ သတင်းမှားတွေ ဖြန့်ဝေတဲ့သူတွေကြောင့် ပိုဆိုးနေတဲ့အတွက် သူတို့ကိုလည်းဆန္ဒထုတ်ဖော်တာပါ” ဟု ဦးထွန်းလှိုင်ကပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်းရှိ ဦးဥတ္တမ ပန်းခြံတွင် နေ့လည် တစ်နာရီက လူစုဝေးခဲ့ပြီး မြို့မလမ်းမှ ကမ်းနားလမ်း သင်္ဘောဆိပ်ကို စီတန်းလှည့်လည်ကာ ဝင်္ကပါကွင်းတွင် လူထုဟောပြောမှုများပြုလုပ်ခဲ့သည်။

"လုံခြုံရေး တာဝန်ယူတွေလည်း သူတို့လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်၊ ဒါကြောင့် ခေတ်မှီလက်နက်တွေ တပ်ဆင်ပေးဖို့ တောင်းဆိုတာပါ”ဟု ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ ရခိုင်အမျိုးသမီးကွန်ရက်က ဒေါ်ညိုအေးကပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော ရဲတပ်ကြီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများကြားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒုချရားတန်းကျေးရွာတွင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ထို့နောက် မောင်တောဒေသ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် အစိုးရက ဖွဲ့စည်းပေးထားသော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့က သွားရောက်လေ့လာက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သံရုံးများသို့ ဇန်နဝါရီ ၂၈က သတင်းထုတ် ပြန်ခဲ့ရှင်းလင်းခဲ့သည်။

မောင်တော ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗြိတိန်သံရုံးက "ဗြိတိန်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်တကြီးရှိနေပြီး မြန်မာအစိုးရအနေဖြင့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုများ ချက်ခြင်းပြုလုပ်ပါရန် ဆက်လက်တိုက်တွန်းအပ်ပါသည်" ဟု ထုတ်ပြန်ထားသည်။

အမေရိကန်သံရုံးအနေဖြင့် အစိုးရ၏ ရှင်းလင်းချက်အပေါ် အပြည့်အဝ ယုံကြည်နိုင်ခြင်း မရှိသေးဟု ပြောကြားထားသည်။ EU နှင့် နိုင်ငံတစ်ကာ လူ့အခွင့်ရေးကော်မရှင်တို့ အနေဖြင့် မောင်တောဒေသသို့ သွားရောက် လေ့လာခဲ့သေးသည်။

ကေဇူး
Mizzima - News in Burmese

ကယားပြည်နယ်က ထူးဆန်းတဲ့ ကျတ်ဂူ










ကျတ်ဂူ အဝင်ပေါက်ဝကိုတွေ့ ရစဉ် (ဓာတ်ပုံ တေဇလှိုင်၊ ဧရာဝတီ)

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲမှာ ဝိညာဉ်တွေ ခိုအောင်းတယ်ဆိုပြီး ဒေသခံတွေကြားမှာ ပြောစမှတ်ဖြစ်နေတဲ့“ကျတ်ဂူ”လို့ခေါ်တဲ့ သဘာဝ မြေအောက် လိုဏ်ဂူကြီးထဲမှာ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းသဏ္ဌာန် ထူးဆန်းတဲ့ သစ်သားထွင်း အခေါင်း ကြီးတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။

ကြီးမားပြီး ရှည်လျား လွန်းတဲ့ အဲဒီလှိုက်ဂူကြီးရဲ့ အဆုံးအဆွန်ကို ရောက်ဖူးသူ မရှိသေးတဲ့အတွက် အစအဆုံး အကွာအဝေးကို အစိုးရနဲ့ ပညာရှင်တွေဘက်ကလည်း တွက်ချက် ထုတ်ပြန်နိုင်ခြင်းလည်းမရှိသေးပါဘူး။

အဲဒီ့လှိုဏ်ဂူဟာ လွိုင်ကော် မြို့ရဲ့ အရှေ့ဘက် ၁၀ မိုင်ခန့် အကွာမှာရှိပြီး လွိုင်ကော်-ရှားတော အဝေးပြေး ကားလမ်းမကြီး ပေါ်ကနေ နောက်ထပ် ၃ ဖာလုံ လောက် ဆက်သွားရင် ရောက်နိုင်ပါတယ်။ တောင်ခြေရောက်ရင်တောင် ဂူပေါက်ဝကိုရောက်ဖို့ တောင်ပေါ်ကို ပေ ၁ ရာ ကျော်လောက်ထပ်တက်ရပါသေးတယ်။

ဂူကြီးရဲ့ အဝင်ဝဟာ အထက်အောက် ပေ ၂၀ ခန့်ကျယ်ဝန်းပြီး ပေ ၅၀ လောက်အထိပဲ အလင်းရောင်ရပါတယ်။ အထဲမှာ တော့ ပိန်းပိန်းမှောင် နေပြီး ဓာတ်မီးထိုးတဲ့ နေရာထက်ပိုပြီး အလင်းရောင်မရရှိပါဘူး။ ကျောက်ဆွယ်၊ ကျောက်ခက်တွေနဲ့ မညီညာတဲ့ ဂူအတွင်း အဝင်လမ်းတွေကြောင့် မီးမရှိရင်တော့ ဘယ်လိုမှ ဝင်လို့ ထွက်လို့ မရတဲ့ ဂူကြီးလည်းဖြစ်ပါတယ်။

ကျနော်တို့ ရောက်ရှိချိန်မှာတော့ အလင်းရောင် ရရှိဖို့ ဓာတ်မီးနဲ့ လက်ကိုင်ဖုန်းမီးတွေကို အသုံးပြုခဲ့ရပါတယ်။ အထဲမှာတော့ ကျောက်ဆောင်၊ ကျောက်ခက်တွေ ထိုးထွက်နေတာကြောင့် တချို့နေရာတွေဟာ လူတစ်ယောက်လောက်ပဲ လျှောက်လို့ရလောက် အောင် ကျဉ်းပေမယ့် တချို့နေရာတွေကြတော့လည်း ဂူရဲ့ အမြင့်ပေ ၃၀ လောက်ရှိပြီး အောက်ခြေမြေပြန့်တင် ပေ ၅၀ လောက် ကျယ်ဝန်းပါတယ်။

လင်းနို့ချေးနံ့တွေရနေတဲ့ ဂူကြီးရဲ့ အတွင်းပိုင်း နံရံတွေမှာတော့ ငွေရောင်၊ အညိုရောင်အဆင်းရှိတဲ့ သဘာဝ ကျောက်စက် ပန်းဆွဲတွေကို တွေ့မြင်ရပါတယ်။ တချို့နေရာတွေက ကျောက်ခက်ပန်းဆွဲတွေဟာ ရေတံခွန်လို ပုံသဏ္ဌာန်မျိုးတွေဖြစ်ပြီး တချို့နေရာတွေမှာ ဆင်ဦးခေါင်းနဲ့ နှာမောင်းတွေ တန်းစီထားသလိုမျိုးတွေ့ရပါတယ်။

တချို့နေရာတွေမှာ အဖုအထစ်၊ အဆွယ်တွေ အဆင့်ဆင့် ထိုးထွက်နေတဲ့ ကျောက်ဆွယ်တွေကိုလည်း တွေ့မြင့်ရသလိုတချို့ နေရာတွေမှာတော့ စိမ့်စမ်းရေတွေစိမ့်ကျနေတာ တွေ့ရပါတယ်။ ဂူအတွင်းပေ ငါးရာလောက်အရောက်မှာတော့ ဒေသခံတွေ ပြောပြောနေတဲ့ လူသေ ရုပ်အလောင် ထည့်တဲ့ အခေါင်းတွေဆိုတဲ့ သစ်သားအခေါင်းကြီးတွေကို တွေ့မြင် ခဲ့ရပါတယ်။

ကျိုးပဲ့ပျက်စီးနေတဲ့ သစ်သား အခေါင်းတွေရဲ့ အကျိုးအပဲ့ အပိုင်းအစအပုံကြီးကို မညီမညာ အစုလိုက် အပုံလိုက် တွေ့ရပါတယ်။ အကောင်းအတိုင်း ရှိနေသေးတဲ့ အခေါင်းတွေလည်း မြေပြင်ပေါ်မှာပဲတွေ့ပါတယ်။ အဲဒီ့အခေါင်းတွေဟာ အလျား ၁၅ ပေ အနံ ၂ ပေခွဲလောက်ရှိပြီး ဂူရဲ့ မြေပြင်ပေါ်မှာတင် စုစုပေါင်း ၁၅ ခုလောက် တွေ့ရသလို အလျား ၈ ပေ၊ အနံ ၂ ပေ ခွဲ လောက်ရှိတဲ့ သစ်သားခေါင်းကြီးတွေလည်း အများအပြားတွေ့မြင်ရပါတယ်။

ဂူရဲ့ အပေါ်ပိုင်းနံရံတွေပေါ်မှာတော့ အလျား၊ အနံ ၄ ပေ လောက် ရှိတဲ့ ဂူပေါက်လေးတွေတွေ့ရပြီး အဲဒီဂူပေါက်လေးတွေ ထဲမှာလည်း အောက်မှာမြင်တွေ့ရတဲ့ သစ်သားခေါင်းမျိုးတွေ ရှိနေပါတယ်။ အဲဒီအခေါင်းတွေထဲမှာနဲ့ အောက်မြေပြင်ပေါ်မှာတော့ လူအရိုးစု အစအနတွေကို တွေ့မြင်ခဲ့တာတော့မရှိပါဘူး။

တချို့ အခေါင်းတွေရဲ့ အောက်ဘက် အစွန် ၂ ခုနဲ့ အလယ်ပိုင်းတွေမှာ ကြိုးထိုးလို့ရအောင်လုပ်ထားတဲ့ အပေါက်ပုံစံတွေလည်း တွေ့ရတဲ့ အတွက်ကြောင့် တချို့က နွားစာကျွေးတဲ့ နွားစာကျင်းနဲ့ တူတယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။

ဒီဂူထဲကိုလာလည်တဲ့ နိုင်ငံခြားသားတချို့ကတော့ လှေတွေဖြစ်နိုင်တယ်လို့ ပြောဆိုကြသူတွေရှိကြသလို နွားစာကျင်းနဲ့ တူတယ်၊ ရုပ်အလောင်းထည့်တဲ့ အခေါင်းတွေနဲ့ တူတယ် စသဖြင့် အမျိုးမျိုး ထင်ကြေးပေး ပြောဆိုနေကြတာတွေပဲရှိပြီး တိကျတဲ့ အဖြေ ကတော့ ဒေသခံ အစိုးရအာဏာပိုင်တွေဆီမှာတောင် မရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

လိုဏ်ဂူအတွင်း လမ်းတလျှောက်မှာတော့ ကျယ်တဲ့နေရာတွေက အိမ်တလုံးစာလောက် ကျယ်သလို ကျဉ်းတဲ့နေရာတွေမှာလည်း လူနှစ်ယောက် ရှောင်ရရုံသာပါပဲ။ ဂူအတွင်း မြေပြန့်ကျယ်တဲ့ နေရာတချို့က အောက်မြေပြင်ကို ခြေဖနောင့်နဲ့ ခပ်ဆတ်ဆတ်လေး ပေါက်ကြည့်ရင် အောက်က လိုဏ်သံထွက် နေပါတယ်။

လိုဏ်ဂူအတွင်းပိုင်းမှာ ပေ ၁၇၀၀ လောက်အထိ သွယ်တန်းထားတဲ့ ဓာတ်ကြိုးတချောင်းနဲ့ ခပ်စိပ်စိပ် သွယ်ထားတဲ့ မီးလုံးတချို့ ကိုတော့ ရုပ်ရှင်မင်းသား လွင်မိုးက လာပြီး လှူဒါန်းထားတာလို့ သိရပါတယ်။ မီးကြိုးသွယ်တန်းထားပုံဟာ ဂူအတွင်းပိုင်းရဲ့ အလှကိုတောင် အကျည်းတန်သလို ဖြစ်နေပါသေးတယ်။ ကျနော်တို့ သွားတဲ့အချိန်မှာတော့ မီးစက်ပျက်နေလို့ဆိုပြီး မီးမပေးနိုင်ပါဘူး။

ဒေသခံတွေနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ပြောပြချက်အရ ဒီလိုဏ်ဂူကို ဆုံးအောင်သွားနိုင်တဲ့သူတွေ မရှိသေးတဲ့ အတွက် ဘယ်နေရာမှာ ဆုံးတယ်ဆိုတာ သိသူမရှိကြသေးဘူးလို့ သိရပါတယ်။ ဒီလိုဏ်ဂူကြီးကို ဒေသခံတိုင်းရင်းသားတွေက စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံခြားသားတချို့ ၂ မိုင်လောက်အထိ ဝင်ရောက် လေ့လာခဲ့ဖူးပြီး ဂူပေါက် အဆုံးအထိကိုတော့ မရောက်ရှိခဲ့ ဘူးလို့ ပြည်နယ် အစိုးရက ပြောပါတယ်။

ဒီဂူနဲ့ ပတ်သက်ပြီး ကယားပြည်နယ် အစိုးရက သုတေသန ပြုလုပ်ဖို့ ဘူမိဗေဒ ပညာရှင်တွေကို ဖိတ်ကြားထားသလို မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ဌာနကို အကြောင်းကြားသွားမယ်လို့ ဆိုပါတယ်။

လိုဏ်ဂူကြီးနဲ့ပတ်သက်ပြီး အချက်အလက်တွေ ခိုင်ခိုင်လုံလုံမရှိသေးပေမယ့် ကယားပြည်နယ် အစိုးရကတော့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် လေ့လာနိုင်အောင်ဆိုပြီး နားနေဆောင်တခုနဲ့ ဂူပေါက်ဝအထိ ကွန်ကရစ် လှေခါးထစ်တွေ ပြုလုပ် ထားတာကိုလည်း တွေ့ရပါတယ်။

ဒီလိုဏ်ဂူကြီးကို ၁၉၆၀ ကာလတွေတုန်းက ဒေသခံတွေ စတင်တွေ့ရှိခဲ့တာလို့ အရပ်စကားတွေ အရသိရပါတယ်။ ဂူထဲမှာ လူသေ အလောင်းထည့်တဲ့ အခေါင်းပုံစံလုပ်ထားတဲ့ သစ်ခေါင်းတွေ အများအပြားတွေ့ရှိရတာကြောင့် ဒေသခံတွေက ဝိညာဉ်တွေ နေတဲ့ ဂူဆိုပြီး ကျတ်ဂူလို့ ခေါ်ဆိုကြတာလို့ ဂူအနီး ကျောင်းသင်္ကန်းတခုမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဝါယမ က မိန့်ကြားပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လယ်တွေမှာ မြေသြဇာအဖြစ်သုံးဖို့ ဒီဂူကြီးထဲမှာ လင်းနို့ချေးတွေ ညအိပ် ညနေ သွားကျုံးယူခဲ့ဖူးတဲ့ လွိုင်ကော်မြို့ဒေါအူခူ ရပ်ကွက်သား ကိုအောင်လွင်နဲ့ တွေ့တော့ သူကလည်း အဲဒီတုန်းက အခြေအနေတွေနဲ့ မြင်ကွင်း ကိုပြန်ရှင်းပြ ပါတယ်။

“ကျနော်တို့ လင်းနို့ချေး ကျုံးတုန်းကဆိုရင် အဲဒီဂူထဲက အခေါင်းတွေက မပျက်စီးသေးဘူးဗျ၊ အဲဒီဂူထဲက ဂူပေါက်လေးတွေထဲမှာ ထိုးထည့်ထားတဲ့ အတိုင်းပဲ ရှိသေးတယ်၊ ဘယ်သူမှလည်း အဲဒီ အခေါင်းတွေကို သွားမတို့ရဲကြဘူး၊ ကျနော်တို့လာတာက လင်းနို့ချေး ကျုံးဖို့အတွက်ပဲလေ”လို့ ကိုအောင်လွင်က သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

လင်းနို့ချေး တခါသွားကျုံးရင် ဂူထဲမှာပဲ ရိက္ခာ အပြည့် အစုံနဲ့ တပတ်လောက်နေပြီး ကျုံးကြတယ်လို့ ဆိုပါတယ်။ လင်းနို့ချေးဟာ စပါးပင်တွေ ရှင်သန်ကြီးထွားဖို့နဲ့ စပါးအထွက်နှုန်းကောင်းဖို့အတွက် အကောင်းဆုံးမြေသြဇာလို့ ဒေသခံတွေက ပြောပါတယ်။

လယ်သမားတွေအပြင် ဘိန်းစိုက်တဲ့ ဘိန်းတောင်သူတွေကလည်း လင်းနို့ချေးကို ဈေးကောင်းပေးဝယ်လို့ လာကျုံးတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီဂူထဲမှာတော့ လင်းနို့တွေ အနေများတဲ့ အတွက် တပတ်ကျုံးရင် လူတယောက်ကို ၁၅ တင်းလောက် ရပြီး ရက်ပြည့်မှပဲ နွားလှည်း တွေနဲ့ လာတိုက်ကြတယ်လို့ ပြောပါတယ်။ ချက်ပြုတ်စားသောက် တာတွေ ကိုတော့ ဂူအပြင်ဘက်မှာပဲ ပြုလုပ်ပြီး ညအိပ်ရင်လည်း အဲဒီဂူကြီးထဲမှာပဲ လက်နှိပ်ဓာတ်မီးတွေ အသုံးပြုပြီး နေထိုင်ကြတယ်လို့ ဆိုပါတယ်။

“လင်းနို့ချေး သွားကျုံးတဲ့အခါ တခြားလယ်သမားတွေနဲ့ အုပ်စုဖွဲ့ပြီး သွားကြတယ်၊ စားချိန်ပဲ အပြင်ထွက်တယ်၊ ဂူထဲမှာတော့ မှောင် လွန်းလို့ အချိန်တိုင်းဟာ ညပဲ၊ နေ့လယ်ဆိုတာ နာရီက ပြတာပဲသိရတာ၊ အိပ်ချိန်တွေဆိုရင်တော့ လမ်းလျှောက်တဲ့ ခြေသံတွေအရမ်းကြားရတယ်၊ အဖေက ထမကြည့်ဖို့ မကြောက်ဖို့ ကျနော့်ကို အမြဲတမ်းသတိပေးတယ်”လို့ ကိုအောင်လွင် က ပြောပါတယ်။

အစက ဒီဂူကြီးထဲမှာ ဝိညဉ်တွေ နေထိုင်ကြတယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ နောက်ပိုင်းမှာ လူတွေ အဝင်အထွက် များလာပြီး အခေါင်းတွေလည်း ဘယ်သူဖျက်ဆီးလို့ ဖျက်ဆီးမှန်း မသိကြသလို လင်းနို့တွေတောင် အရင်ကလောက် မခိုအောင်းနိုင် ကြတော့ဘူးလို့ ဆိုပါတယ်။

“လင်းနို့တွေကတော့ အထဲမှာ သောင်းနဲ့ သိန်းနဲ့ချီပြီး နေကြတယ်၊ ကျနော်တို့ ချေးဝင်ကျုံးတဲ့ အချိန်တွေဆိုရင် လင်းနို့တွေ နေရာ ပြောင်းနေကြတယ်။ ကျနော်တို့ကတော့ လင်းနို့ချေးတွေရှိတဲ့ ဂူလမ်းကြောင်းအတိုင်းပဲ လိုက်ကျုံးတာ ၂ မိုင်လောက် အထိတော့ ရောက်ဖူးတယ်၊ အဆုံးအထိတော့ ဘယ်သူမှ မရောက်ဖူး သေးဘူး”လို့ ကိုအောင်လွင် ကပြောပါတယ်။

နောက်ပိုင်းမှာ ဂူထဲက သစ်ခေါင်းတွေ ဘာကြောင့်ပျက်စီးကုန်လဲ ဆိုတာကိုတော့ ဒေသခံတွေဘက်မှာ တိကျတဲ့ အဖြေမရှိပါဘူး။ နယ်မြေ မတည်ငြိမ်သေးခင် ကာလတုန်းက ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ဒီဂူထဲမှာ ခိုလှုံခဲ့ကြဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ သမီးရည်းစား စုံတွဲတွေလည်း ဒီဂူထဲမှာ မကြာခဏ လာရောက်ချိန်းတွေ့ကြသလို မူးယစ်ဆေးဝါး သုံးစွဲသူ တချို့လည်း ဒီဂူထဲကို ဝင်ရောက် အသုံးပြုလာကြတဲ့ အတွက် ဒေသခံတွေက ဒီဂူကြီးကို စနစ်တကျ ထိန်းသိမ်း စေချင်ကြပါတယ်။

Irrawaddy ဧရာဝတီ သတင်း

ခြေထောက်ကိုအနှိပ်ခံခြင်းက ဘာတွေကောင်းကျိုးပြုနိုင်သလဲ


(လန်းဆန်း ပေါ့ပါးလာစေခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဓာကိုယ်တွင်းသွေး လည်ပတ်မှုကို တိုးတက်ကောင်း မွန် လာစေခြင်း၊ ကိုယ်ခံစွမ်းအား တိုးပွားစေခြင်း၊ နှစ်ခြိုက် စွာအိပ်မော ကျစေခြင်း၊ အားသစ်လောင်းပေးခြင်း၊ ခန္ဓာကိုယ် ဘက်စုံ ကျန်းမာအောင်ကြို တင်ပြင်ဆင် ရာေ ရာက်ခြင်း၊ စိတ်အာရုံစူးစိုက်မှုကောင်းစေခြင်း၊ အသက်ရှုလမ်းကြောင်း၊ နှလုံး နှင့် ဦးနှောက်သို့  သွေးစီးခြင်း စသည့် ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် ကို ကောင်းမွန်ေ စခြင်း၊ ကြွက်သားများ ပြေလျော့စေခြင်း၊ ခန္ဓာကိုယ်ခွန် အားဖြစ်စေခြင်း၊ အာရုံကြောများပြေလျော့စေခြင်း )
ခြေထောက်နှိပ်ခြင်း (၀ါ) ခြေထောက်သွေး လည်ပတ်မှု မှန်စေရန် သဘာဝနည်း အားဖြင့် နှိပ်ပေးခြင်းနည်း ပညာကို တရုပ်၊ အိန္ဒိယ၊ အီဂျစ်၊ ဟေဗြဲလူမျိုးစု(ခေါ်) ရှေး ပါလက်စတိုင်းလူမျိုးများ သည် ရှေးနှစ်ထောင်ပေါင်း များစွာကတည်းက ကုသမှု ခံယူလာခဲ့ကြသည်။
ပထမဦးဆုံးအကြိမ်အနှိပ်ခံပါကအချိန်၅မိနစ်ထက်မပိုသင့်ပါ။ နေ့ စဉ် ခြေထောက်အနှိပ်ခံသူများအဖို့ ကြာ ချိန်၁၅မိနစ်ဆိုလုံလောက်ပါပြီ။ နှိပ်နယ်ခြင်းအတွက် အကောင်း ဆုံးအနေအထားမှာ အနှိပ်ခံရမည့်သူသည် လဲလျောင်းနေရမည် ဖြစ်သည်။ ဦးစွာ ခြေဖ၀ါးအနွေးဓာတ်ရရိစေရန် ခြေဖ၀ါး တစ်ဖက်ချင်းစီ ကို နှိပ်ပေး သူ၏ လက်ဖြင့် တစ်မိနစ်လောက် ဆုပ် ကိုင်နယ်ပေးရမည်။ အချို့  အနှိပ်ပညာရှင်များက လက်မဖြင့် စက်ဝိုင်းသဏ္ဍာန် နှိပ်ကြသလို၊ အချို့ ကလည်း ခဲတံကဲ့သို့  သစ်သားတုတ်ချောင်း (သို့ မ ဟုတ်) သစ်သား ဘုလုံးကလေးဖြင့် နှိပ်လေ့ရှိသည်။ မည်သည့်နည်းဖြင့်နှိပ်ပါစေ .ဖြေးဖြေးနှင့် ညင်ညင်သာသာနှိပ်ပေး ရမည်ဖြစ်ပြီး၊ အလွန်အ မင်းအားစိုက် မထုတ် သင့်ပေ။
ဝဲ-ယာခြေဖ၀ါး နှစ်ဘက်စလုံးရှိ အာရုံခံကြောများသည် လည်ပင်း၊ လေပြွန်၊ နား၊ မျက် လုံး၊ အသံအိုး၊ အဆုပ်၊ ပခုံး၊ သိုင်း ရွိက်အကြိတ်၊ ရင်နှင့်ဝမ်းဗိုက်ကြားရှိကြွက် သား ဆိုင်၊ ကျောက်ကပ်အပေါ်ပိုင်းရှိ အာ ဒရီန ယအရည်များထုတ်ပေးသည့် အ ကျိတ် တစ် စုံ၊ ကျောက်ကပ်၊ အူမ၊ အူမကြီး၊ ဆီးအိမ်၊ အူသိမ်၊ တင်ပါးရိုးအာရုံကြောများ၊ ဒူးေ ခါင်း၊ ပေါင်၊ တင်ပါး တို့ နှင့် စက်ဆပ်နေကြသည်။ ထူးခြားမှုအနေဖြင့် ၀ဲ ဘက်ခြေ ဖ ၀ါးပေါ်ရှိ အာရုံခံကြောများသည် နှလုံး၊ သရက်ရွက်၊ ပန်ကရိယ၊ အစာအိမ် တို့ နှင့် ဆက်စပ်နေ သလို၊ .ယာဘက်ခြေဖ၀ါးပေါ်ရှိ အာရုံခံကြောများသည် သည်းခြေအိတ်၊ အသည်း တို့ နှင့် ဆက်စပ်နေသည်။ ထို့ ကြောင့် ဖော်ပြပါ ခန္ဓာ ကိုယ်တွင်း အင်္ဂါ အစိပ်အပိုင်းများနှင့် ပတ်သက်သော ဖြေဖ၀ါးပြင်ပေါ်ရှိဇုန်ကို ထိထိမိမိ ဆုပ် ကိုင်ခြင်းဖြင့် ခံစားနေ ရသော ဝေဒ နာများ ပြေလျော့ လာစေမှာ မလွဲပါ။
အထက်ဖော်ပြပါ ကိုယ်တွင်းကလီစာများကို သဘာဝနည်းဖြင့်ကုသနိုင်သည့် အပြင် ခြေထောက် အနှိပ် ခံခြင်းဖြင့် လန်းဆန်း ပေါ့ပါးလာစေခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဓာကိုယ်တွင်းသွေး လည်ပတ်မှုကို တိုးတက်ကောင်း မွန် လာစေခြင်း၊ ကိုယ်ခံစွမ်းအား တိုး ပွားစေခြင်း၊ နှစ်ခြိုက်စွာအိပ်မောကျစေခြင်း၊ အားသစ်လောင်းပေးခြင်း၊ ခန္ဓာကိုယ် ဘက်စုံ ကျန်း မာအောင်ကြို တင်ပြင်ဆင် ရာေ ရာက်ခြင်း၊ စိတ်အာရုံစူးစိုက်မှုကောင်းစေခြင်း၊ အသက်ရှုလမ်းကြောင်း၊ နှလုံး နှင့် ဦးနှောက်သို့  သွေးစီးခြင်း စသည့် ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် ကို ကောင်းမွန်ေ စခြင်း၊ ကြွက်သားများ ပြေလျော့စေခြင်း၊ ခန္ဓာကိုယ်ခွန်းအားဖြစ်စေခြင်း၊ အာရုံကြောများပြေလျော့စေခြင်း စ သည် ဖြင့် ကောင်း ကျိုးပြုသည်။
လူကြီးသာမက၊ ကလေးငယ်များကိုလဲ ခြေထောက်နှိပ်ပေးသင့်ပါသည်။ မခွဲစိပ်ခင်လူနာများ နှင့် ခွဲစိပ်ပြီး လူ နာများ၊ ခြေ ထောက်ရောင်ကိုင်းနေသော ကိုယ် ၀န်ဆောင်မိခင်များ၊ ပန်းနာရင်ကြပ်ရောဂါသည်များ၊ ဆီး အိမ် နှင့် ကျောက် ကပ် ကျောက် တည်ခြင်းလူနာများကို အထောက်အကူဖြစ်စေသည်။ ထို့ ပြင် အေ အး မိ နှာစေးချောင်းဆိုးခြင်း၊ လေပြွန်ပွ၊ လည် ချောင်းနာ၊ စသည့်ရာသီဖျားကူး စက်နောရောဂါများကိုပါ ကြိုတင်ကာကွယ်ပေးနိုင်သည်။
ခြေထောက်နှိပ်နယ်ခြင်း အတတ်ပညာသည် အလွန်သိမ်မွေ့ နက်နဲသည့်အတွက် တတ်ကျွမ်းနာလည်သော ပညာရှင်ဖြင့် သာ ကုသမှုကိုခံယူသင့်ပါသည်။ စံနစ်တကျမ ဟုတ်ဘဲ အလွန်အမင်းရမ်းသမ်းနှိပ်ပါက လူနာ ကို ဗိုက်အောင့်ဗိုက် နာခြင်း၊ ဖောေ ရာင်ကိုင်ခြင်း၊ နာကျင်မှုဝေဒနာများအပြင်၊ အကြောတက်၊ ခါးနာ၊ ကျော ရိုးတေ လျှာက်နာကျဉ်ခြင်း စသည့် နောက် ဆက်တွဲ ဝေဒနာများ ဖြစ်စေနိုင်သည်။
ပထ၀ီ(မြေကြီး)ဓာတ်စီးဝင်ခြင်းကလည်း ကုသမှုကို ပိုမိုထိရောက်စေ သဖြင့် ခြေ ဖ၀ါးနှိပ်ကု သ ခံဝေဒနာရှင်များသည် ဖိနပ် မစီးဘဲမြေကြီးပေါ်တွင် လေ့ကျင့်ခဏ်းယူ လမ်းလျှောက်ပေးသင့်သည်ဟု Daily Health အင်တာနက် ကျန်းမာရေး ကဏ္ဍ တွင် ဖော်ပြထားသည်။

30-01-2014 နေ့ ထုတ် ရန်ကုန်တိုင်းမ် The Yangon Times အပတ်စဉ်ထုတ်ဂျာနယ် (စာမျက်နှာ ၃၀) မှာပါ တဲ့ဆောင်းပါးလေး ပါ။ FB မိတ်ဆွေများ ကျမ္မာသုတ ရစေဖို့ အ တွက် စေတနာ များစွာဖြင့်.မျှဝေလိုက် ရပါ တယ်ရှင်။
(ဆောင်းပါးရှင်….ပေါက်ပေါက်)
written by (ပေါက်ပေါက်/promise.pauk FB)

ဂုဏ်ရည်အေးကျော်နဲ့ ကလေး မမွေးနိုင်တဲ့ ကိုယ်ဝန်သည် ကြောင်မကြီး



ဓာတ်ပုံ- ဂုဏ်ရည်အေးကျော်ရဲ့ ဖေ့စ်ဘုတ်

၂ဝ၁၃ ခုနှစ်အတွက် ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သူ ဂုဏ်ရည်အေးကျော်ရဲ့ ဇီဝိတ ဒါနကုသိုလ်တခုပါ။

ကလေးမွေးရ ခက်နေတဲ့ ကြောင်မကြီးကို ခွဲစိပ်မွေးပေးခဲ့တဲ့အကြောင်း သူ့ ဖေ့စ်ဘုတ်ကတဆင့် အသိပေး
ပြောဆိုလာတာပါ။ သူ့ရဲ့ ကူညီမှုလုပ်ရပ်အတွက် သူကိုယ်တိုင် ကောင်းတဲ့အကျိုးရလာဒ်တခု ရမှာ မုချ လို့ ပြောနိုင်ပါလိမ့်မယ်။ ကြားရသူတွေလည်း သူ့ရဲ့လုပ်ရပ်အပေါ် ချီးကျူးနေကြပါလိမ့်မယ်။

ဗိုက်ကြီးနေတဲ့ ကြောင်မေကြီး ကလေးမမွေးနိုင်လို့ Uncle ခင်ဇော်ဆီကိုလာပြတာ၊ ဂုဏ်ရည် မန်းလေး
ရောက်နေတုန်း ကြုံတာနဲ့ ဗိုက်ခွဲပြီး ကူမွေးပေးခဲ့ပါတယ်။ ကြောင်ပိစိလေး ငါးကောင်ထွက်လာတယ်။ ဒါပေမယ့် ထိပ်ဆုံးကအကြီးဆုံးကြောင်လေးက ဗိုက်ထဲမှာပဲ သေပြီးပုပ်သွားတော့ ကျန်တဲ့ ကြောင်လေးတွေ ကို အသက်မမှီတော့ဘူး။

မေ့ဆေးပေးထားပါရက်နဲ့ သားသမီးဇောကြောင့် ရုန်းကန်နေတဲ့ ကြောင်မေကြီးသနားပါတယ်။ အကုန်သေ တယ် ဆိုတာကိုသာ သိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ ဗိုက်ထဲက ပုပ်နေတဲ့ အကျိအချွဲတွေကိုဖယ်၊ သားအိမ်နံရံတွေနဲ့ ဗိုက်ကို ၆ ချက်လောက် ပြန်ချုပ်ခဲ့ရတယ်။ခုတော့ ကြောင်မေကြီး ပြန်ကျန်းမာနေပြီတဲ့။

ရန်ကုန်ပြန်ရောက်နေပြီဆိုတော့ ကိုယ်တိုင်လည်း မမြင်ရ၊ ကြားရတဲ့ စကားနဲ့ပဲ အသက်တချောင်းအတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကမ္ဘာပေါ်က ရှိရှိသမျှ မေမေများအားလုံး ကျန်းမာကြပါစေ။

အထက်ပါအတိုင်း ဂုဏ်ရည်အေးကျော်က သူပြုခဲ့တဲ့ ကိုယ်ချင်းစာစိတ်၊ သတ္တဝါတွေအပေါ် သနားငဲ့ညှာ စိတ်မျိုး လူတိုင်း ထားရှိနိုင်ကြရင် ကျမတို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေဆိုတာ အငွေ့ပျံ ကွယ်ပျောက်သွားမယ် ထင်ပါရဲ့။ 


အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း

ဆွစ်ဇာလန်မှာ အရိုးပြာကို စိန်အဖြစ်ပြောင်းလဲပေး


ဥရောပတိုက် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်းက Algordanza လို့အမည်ရတဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယင်း ကုမ္မဏီကပေးတဲ့ ဝန်ဆောင်မှုကတော့ ကွယ်လွန်ပြီး လူတို့ရဲ့  ပြာကို စိန်အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ မိမိချစ်ခင် တန်ဖိုးထားသူကို တစ်သက်တာ အမြဲ တနိုး သိမ်းဆည်း သွားနိုင်စေဖို့ ဖြစ်ပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်က ဒီလိုပါ။ ရရှိလာတဲ့ ပြာကို ဓာတုဗေဒ ဒြပ်ပေါင်းများနဲ့ ရောစပ်ပြီးတော့ ကာဘွန်ကို မရရအောင် ထုတ်ပါတယ်။ ပြီးတော့ ရရှိလာတဲ့ ကာဘွန်ကို အပူပေးပြီး ဂရက်ဖိုက်အစုအဖွဲ့ ဖြစ်လာတဲ့အခါ နောက်ဆုံးတော့ စိန်တုံး ဖြစ်သွားပါတယ်။ လက်ရှိ ကမ္ဘာမြေပေါ်က စိန်တုံးများ ဆိုတာကလည်း သက်ရှိတွေရဲ့ ဇီဝရုပ်ကြွင်းတို့ လောင်ကျွမ်းစုဆေင်းပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီအတွက်လိုအပ်တဲ့ အပူချိန်ကလည်း မနည်း ပါဘူး။ ၁၅၀၀ ဒီဂရီ ဆဲလ်ဆီးယက်တောင် ရှိပါတယ်။

ဒီတော့ အရိုးပြာကို စိန်ဖြစ်အောင်လုပ်တဲ့နေရာမှာ ဘာစိန်မှ ထပ်ဖြည့်ထားခြင်း မရှိပါဘူး။ တကယ့် ပြာတွေနဲ့သာ စုဆောင်းလို့ ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ ဒီအတွက် ရလာတဲ့ စိန်အရည်အသွေးကလည်း ၁.၈ ကာရပ် ဝန်းကျင်လောက်အထိ ရှိပါတယ်။ တန်ဖိုးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၅၀၀၀ တန်ကနေ ၂၂၀၀၀ တန် အထိ ဖန်တီး ပြုလုပ် ပေးခြင်း ဖြစ်ပါတယ်။ လည်ဆွဲ လော့ကတ်သီး၊ လက်စွပ် အစရှိသဖြင့် ကိုယ်လိုချင်တဲ့ ပုံစံကို Algordanza အဖွဲ့အစည်းမှ ဖန်တီး ပြုလုပ် ပေးကြောင်း သိရ ပါတယ်။
.
Ref: motdboard
အောင်ခမ်း

အချစ်နဲ့ Sex ကို မရောထွေးပါနဲ့

ဒေါက်တာ ဒေါ်နုနုဆွေ (ဓာတ်ပုံ – ဧရာဝတီ)

လက်ရှိမြန်မာနိုင်ငံမှာ လူငယ်တွေရဲ့အကြား Sex Education နဲ့ပတ်သက်ပြီး ဗဟုသုတ ပျံ့ပွားမှု ဘယ်လောက် ရှိနေသလဲ၊ ဒီအပေါ်မှာ လူငယ်တွေက ဘယ်လိုလက်ခံသလဲ၊ ပညာပေးဖြန့်ဝေမှုတွေ အနေနဲ့ရော ဒီလိုပညာပေးရာမှာ ဘယ်လို အခက်အခဲ အတွေ့အကြုံတွေ ရှိသလဲဆိုတာကို မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ အမျိုးသမီး ဆရာဝန်များအဖွဲ့က ဒေါက်တာ ဒေါ်နုနုဆွေကို ဧရာဝတီ အယ်ဒီတာ အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ အခု မြန်မာပြည်က လူငယ်တွေ၊ ဆယ်ကျော်သက်တွေအတွက် Sex Education ပေးနိုင်မှုက အိမ်နီးချင်း နိုင်ငံတွေလောက် မလုပ်ပေးနိုင် သေးတဲ့အခြေအနေမှာ ဆယ်ကျော်သက်လူငယ်တွေ အနေနဲ့ ဒီလို Sex ကိစ္စကို စမ်းသပ်ပြီဆိုရင် ဆောင်ရန် ရှောင်ရန်တွေက ဘာတွေရှိနိုင်မလဲ။

ဖြေ။ ။ အဲဒီကိစ္စတွေကို အရင်တုန်းက Sensitive issue ဖြစ်တဲ့အတွက် ဘယ်သူမှလည်း မလုပ်ကြဘူး။ ကျမတို့က ဆရာဝန်အသင်း အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက ကျောင်းတွေမှာ သွားပြီး ၆ တန်းကနေ ၁၀ တန်းအထိ အမျိုးသမီး လေးတွေကို စုလိုက်တယ်။ စုပြီးရင် မသဘာဝ ဘာညာပြောတယ်။ သူတို့က သိသင့်သမျှကို သိထားသင့်တယ်။ မသိဘဲနဲ့ စမ်းသပ်တာ အန္တရာယ်များတယ်။ အလင်းရောင်လေးရှိတဲ့ နေရာကိုသွားတာ ကောင်းတယ်လေ။ မှောင်ထဲကို မသိဘဲနဲ့ စမ်းတဝါးဝါးသွားတာ မကောင်းဘူး။ အရမ်း စိုးရိမ်စိတ်ပိုတဲ့ လူကြီးတွေကတော့ ဒါတွေကို ဒီလို အရွယ်လေးတွေမှာ
သိအောင် ပြောလိုက်ရင် သူတို့တွေရဲ့ စိတ်ကို နှိုးဆွသလို ဖြစ်မလားဆိုပြီးတော့ ဆောင်ရန်ရှောင်ရန် မရောက်ခင်မှာကို အတိုက်အခံ လုပ်ပြီးတော့ အမျိုးသမီးဆရာဝန်အဖွဲ့က မသဘာဝ ဆယ်ကျော်သက်ဘဝ ဆိုပြီးတော့ ပြောတယ်။ အဓိက ကတော့ ဆောင်ရန် ရှောင်ရန်တွေက ဆယ်ကျော်သက်လို့ ပြောလိုက်ပေမယ့် အမျိုးသမီးတွေဘက်က ပိုပြီးတော့
နစ်နာဆုံးရှုံးနိုင်ချေ များတယ်လေ။ အဲဒါကြောင့် အမျိုးသမီးတွေကို ပိုပြီးတော့ ဦးစားပေးပြောတယ်။ လူနေမှုစနစ်က တံခါးဖွင့်ဆို၊ ဖွင့်နေတဲ့အချိန်မှာ အကုန်လုံးဝင်လာမယ်။ အဲဒီမှာ ကိုယ်က နည်းမှန်လမ်းမှန်
အသိမပေးဘဲနဲ့ သူတို့ဟာသူတို့ ရှာဖွေမှာပဲလေ။ ဒါ စူးစမ်းတဲ့အရွယ်၊ အဲဒီမှာ မဟုတ်တဲ့၊ မမှန်တဲ့ အချက်တွေတွေ့ရင် အန္တရာယ် အရမ်းများတယ်။ အဲဒါကို မျှော်တွေးပြီးတော့၊ အတိုက်အခံလုပ်ပြီးတော့ ကျောင်းတွေမှာ မ သဘာဝကိစ္စ
ပြောတယ်။

အရေးကြီးတဲ့ အန္တရာယ်က ကိုယ်ဝန်တခုတည်း မဟုတ်ဘူး။ လိင်ကတဆင့် ကူးစက်တဲ့ STD လို့ခေါ်တဲ့ အရာတွေရဲ့ အန္တရာယ်။ AIDS ပဲ လူတွေက ကြောက်တာ။ အသည်းရောင် အသားဝါပိုးတွေ၊ အဲဒါတွေကလည်း တသက်လုံး လူလုံးမလှဘူးလေ။ နောက်ဆက်တွဲ ကင်ဆာတွေ၊ ဘာတွေ ဖြစ်တယ်။ အဲဒါမျိုး ဆိုးကျိုးတွေ အများကြီးရှိတယ်။ ဘယ်အသက်အရွယ် မဆို လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေက အန္တရာယ် ဖြစ်တယ်ပေါ့။ ကိုယ်ဝန်ရတယ် ဘာဖြစ်လဲ။ ကိုယ်ဝန်ရသွားရင် ဖျက်ချလိုက်မယ်။ ဖျက်ချပြီးရင် နောက်အပျိုလိုပဲ နေပြီးတော့ အိမ်ထောင်ပြုကြမယ် ပေါ့နော်။ ဒီလူနဲ့ပဲ ယူရင်လည်း ယူမယ်ပေါ့။ အဲဒီလိုမျိုးတွေ တိမ်တိမ်လေးမတွေးဖို့ပေါ့နော်။ ကိုယ့်အတွက်က ဘယ်လောက် အန္တရာယ်များလဲ၊ ကိုယ်ဝန် ဖျက်ချတာရဲ့ နောက်ဆုံး အောင်မြင်သွားတဲ့ လူတွေက ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြတယ်လို့ လူတွေက ထင်တယ်။ ဒါပေမယ့် တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ တကယ်လို့ ဒီလူနဲ့ မဟုတ်ဘဲ၊ ကိုယ့်ကို တန်ဖိုးထားတဲ့ လူနဲ့ အိမ်ထောင်ကျပြီး ကလေးယူမယ်ဆိုရင် ကိုယ်လိုချင်တဲ့ အချိန်ကျရင် မရတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ဝန်ဆောင်တဲ့ သားအိမ်ကနေ လမ်းကြောင်းတွေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ ပိုးဝင်တယ်၊ အနာဖြစ်တယ် ဆိုရင် အနာရွတ်တွေ ဘာတွေက သားဥပြွန် ဆင်းတဲ့ လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်တယ်။ နောက်ပြီး ဒီထက်ပိုဆိုးတာက မီးယပ်ပိန်၊ မီးယပ်ခြောက် ဖြစ်တာ။ အိမ်ထောင်ပြုတဲ့အချိန်မှာ ကိုယ့်အိမ်ထောင်ရေး သာယာမှုမရှိတာပေါ့။ ဒါတွေက လူတွေမသိတဲ့ နောက်ဆက်တွဲ
ဆိုးကျိုးတွေပေါ့။

မေး။ ။ ဒီကိစ္စတွေမှာ မိန်းကလေးတွေကို ပညာပေးတယ်ဆိုတော့ ယောက်ျားလေးတွေကရော အန္တရာယ် မရှိနိုင်ဘူးလား။
ဖြေ။ ။ အဲဒီဟာတွေကို လုပ်တာကျတော့ ဆရာဝန်အသင်းမှာ Reproductive health ဆိုတာ၊ ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး ဆိုတာ ရှိတယ်။ အဲဒါကတော့ Mobile Educator တွေ ဆင်းပြီးတော့ ပြောတယ်။ အဲဒီမှာ ယောက်ျားလေး တွေကို ဘာပြောလဲဆိုတော့ သူတို့က ကိုယ်ဝန်မရနိုင်လို့ ကိစ္စမရှိတာ မဟုတ်ဘူး။ နောက် ကိုယ့်ဆီကနေ တဆင့် STD ကို ဖြန့်ဖြူးတဲ့ ကိစ္စဟာ အလွန် အရေးကြီးတယ်ဆိုတာ ပြောတာပေါ့။ ကျမတို့ အကြောက်ဆုံးကတော့ တသက်လုံး ကုနေရမယ်၊ လူမှုအသိုင်းအဝိုင်းထဲမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာလေ။ အဲဒီလိုဆို သူ့လုပ်အားကိုလည်း ဆုံးရှုံးမယ်၊ သူကို ဝိုင်းစောင့်ရှောက်ရတဲ့ လူတွေအတွက်လည်း လုပ်အားဆုံးရှုံးမယ်။ တိုင်းပြည်အတွက်လည်း တိုးတက်ဖွံ့ဖြိုးမှုမှာ နှေးနိုင်မယ် ပေါ့နော်။ အနှောင့်အယှက် ပြုနိုင်တဲ့ ကိစ္စရပ်အားလုံးကို ကျမတို့က ကူညီပြီးတော့ တိုက်ဖျက်ပေးတာပေါ့။ မှန်ကန်တဲ့ အသိ သူတို့မှာ ရှိသွားအောင်ပေါ့။ လူငယ် တော်တော်များများက ဒါကိုလုပ်၊ ဒါမလုပ်နဲ့ဆို မကြိုက်ဘူး။ ဘာလုပ်လဲ ဆိုတော့ ပုဂ္ဂိုလ်ခင်မှ တရားမင်မယ် ဆိုသလိုလေ သူတို့ ယုံကြည်စိတ်ချတဲ့၊ သူတို့အားကိုး စိတ်ချတဲ့ လူကိုပဲ ပြန်ပြီးတော့ Educate လုပ်စေတယ်။ Educate ဆိုတာ ပြောတော့ လွယ်တယ်။ အခုနောက်ပိုင်း ကမ္ဘာမှာ Health Education က Education နဲ့ မပြီးဘူး။ Health Promation နော်၊ Promation လာရမယ်။

မေး။ ။ အခုနောက်ပိုင်းမှာ မလိုချင်ဘဲရတဲ့ ကိုယ်ဝန်ကိစ္စ၊ အဲဒါတွေက ဘယ်လောက်အထိ များလာလဲ။

ဖြေ။ ။ အရမ်းများတယ်။ ကိုယ် လက်တွေ့လုပ်နေတဲ့ ဆေးခန်းမှာဆိုရင်လေ အမျိုးကောင်း သမီးလေးတွေလည်း ရောက်လာတယ်။ သူတို့ဟာ ပိုက်ဆံလိုချင်လို့လည်း မဟုတ်ဘူး၊ အပျော်ရှာချင်လို့လည်း မဟုတ်ဘူး။ ကံမကောင်း အကြောင်း မသင့်လို့ ဖြစ်မယ်။ စောစောကလို Sex Education မရှိတဲ့ဟာ အဓိက အချက်လို့ ထင်တယ်။ ရည်းစားရှိတဲ့ ကောင်မလေး တယောက်ကို သမီးရေ ဒီလိုတော့ မနေနဲ့ ဘယ်အချိန်က ကိုယ်ဝန်ရှိနိုင်တယ်။ ဒါတွေ ကိုယ့်ကို ကျူးလွန်မခံနဲ့ ပြောလိုက်လို့ ရှိရင် ဘယ်အချိန်ကတော့ ဖြစ်နိုင်တယ် ဆိုပြီး အဲဒီအချိန်မှာ တခါတည်း ပါသွားမှာ။ အဲဒါ ဆိုရင် ဘယ်အချိန်မှာ နေလို့ရတယ် ဆိုတာကြီးပါ သင်ပေးသလိုမဖြစ်အောင် အဲဒါ အရမ်းအန္တရာယ် ကြီးတယ် ဆိုတာတော့ ပြောတတ်ဖို့ လိုတယ်။ ကျမတို့က ရယ်စရာပြောတယ် ပေါ့နော်။ ကလေးတွေကို ခိုးစားနည်း သင်အပေးနဲ့ဆိုတာ ကိုယ်ပြောကာမှ သူတို့ ခိုးစားတတ်သွားရင် ဒါကြီးကို ကိုယ်ဝန်လည်း မရနိုင်ပါဘူးကွာဆိုပြီး အဲဒီလိုမျိုး Attitude ဘက် ရောက်သွားမှာ၊ အရမ်း အန္တရာယ်များတယ်။

မေး။ ။ ငယ်ရွယ်တဲ့အချိန်မှာ၊ ဥပမာ – ၁၄ နှစ်ကနေ ၁၆ နှစ်ပေါ့။ အဲဒီလိုဝန်းကျင်မှာ ကိုယ်ဝန်ဆောင်မိ၊ ကိုယ်ဝန်လွယ်မိရင် အန္တရာယ် ဘယ်လိုရှိနိုင်လဲ။

ဖြေ။ ။ ဆေးပညာ အလိုအရတော့ ၁၈ နှစ်ကနေ ၃၅ နှစ်ဟာ ကိုယ်ဝန်ဆောင်ရတာ အသင့်လျော်ဆုံးပဲလို့ ပြောတယ်။ ရုပ်ခန္ဓာ အရတော့ အန္တရာယ်တွေတအား မများဘူးပေါ့နော်။ လူတွေက ထင်တယ်၊ ငယ်ငယ်ရွယ်ရွယ် ဆိုရင်
အန္တရာယ်တွေ များတယ်လို့။ အမှန်မှာတော့ သိပ်မရှိဘူးလို့ ပြောတယ်။ စိတ်ကြောင့်၊ စိတ်ဖိစီးမှုတွေရှိပြီးတော့ ရုပ်ခန္ဓာ အားနည်းတာတို့ မစားနိုင်တာတို့ သူတို့ အဆင်သင့် မဖြစ်ရင် သူတို့ အပေါ်မှာ ဒါကြီးက စိတ်ဒဏ်ရာ ရမယ်လို့ ထင်တယ်။ တကယ် အန္တရာယ် များတာကတော့ ၃၅ နှစ်ကျော် ၄၀ သက်ကြီးပိုင်း သားဦးမွေးတာ။

မေး။ ။ အခုအချိန်မှာ Valentine’s Day ကလည်း နီးလာပြီလေ။ Valentine’s Day ဆိုတာ အရင်တုန်းက မြန်မာပြည်မှာ သိပ်ခေတ်မစား ပေမယ့် အခု နောက်ပိုင်း အရမ်း ခေတ်စားလာတယ်။ အဲဒီလို ရက်တွေမှာ စုံတွဲတွေ အတူနေကြမယ် ဆိုတာမျိုး ဖြစ်လာတဲ့အခါကျတော့ အဲဒီနေ့ အတွက်၊ လူငယ်စုံတွဲတွေ အတွက် စကား လက်ဆောင် တခုလောက် ပေးပါလား။

ဖြေ။ ။ လူငယ်တွေအတွက်တင် မကဘူး၊ အဓိက ကတော့ ဘေးက ဝိုင်းဝန်းပြီး မြှောက်ပေးနေတဲ့ မီဒီယာတွေရယ်၊ စီးပွားရေးသမားတွေရယ် အဲဒါတွေကစပြီး ပိတ်ရမှာ။ ကလေးဆိုတာတော့လေ ဒီလိုပဲ မြှောက်ပေးတော့ သူတို့ဟာသူတို့တော့
ဟုတ်တယ်ထင်နေမှာပဲ။ ဘေးက အရမ်းလိုတယ်။ ကိုယ့်ရဲ့ စီးပွားရေးပေါ့။ ကိုယ့်နာမည် ကြော်ငြာတခု အတွက်၊ မြန်မာနိုင်ငံရဲ့
သားကောင်းရတနာ လေးတွေကို ချောက်ထဲ တွန်းမပို့ စေချင်ဘူး။ အဲဒီနေ့ဆို ဟိုတယ်တွေ ပြည့်လို့ဆိုတာ ကြားတယ်။ တည်းခိုခန်း တွေမှာ အကုန်ပြည့်နေတယ် ဆိုတော့ ဒါ မဖြစ်သင့်ဘူးလေ။ တံခါးဖွင့်တာ ဟုတ်တယ်။ သို့သော်
တံခါးဖွင့်လာရင် စောစောက ပြောသလို ဖုန်တွေ သဲတွေ ဝင်လာတဲ့အထဲမှာ ဒီဖုန်ကတော့ အဆိုးဆုံးပဲ။ ဘဝပျက်နိုင်တဲ့ ဖုန်မှုန်တွေ။ အဲဒါတွေကိုတော့ ကာကွယ်ရမယ်ဆိုတော့ ဘေးက ပံ့ပိုးမှုကို ဝိုင်းဝန်းပြီးတော့ပေါ့နော်၊ ဥပမာ – သီချင်းဆို ပြိုင်ပွဲ၊ ဒီလို ရိုးရိုးသားသား လေးတွေတော့ ကောင်းပါတယ်။ ဒါပေမယ့် မြန်မာ့ရိုးရာ အစဉ်အလာ ရှိတယ်လေ။ ကိုယ့်ဟာကိုယ် ယူကာမှသာ ယူရော ဒီရည်းစား တယောက် အနေနဲ့ ဘာဖြစ်လို့ ဒီလိုပေါ်တင်ကြီး ဒါ ကျမချစ်သူပါလို့ မိန်းကလေးတွေ အနေနဲ့ရော ပြတာတော့ မကောင်းဘူး။ ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ဒါကတော့ ကိုယ့်အမြင်ပဲ။ နေရာတကာမှာ ခေတ်ဆန်လွန်းတာ၊ နိုင်ငံခြားကနေ ပုံတူကူးချတာတော့ မကောင်းဘူး။ လူငယ်တွေကို ဘာပြောချင်သလဲ ဆိုတော့
စကားတခွန်းက ချစ်တာက ချစ်ပါ၊ ချစ်လို့ရတယ်လို့။ နောင်တချိန်မှာ နောင်တရစရာ ဆိုတာ ပြန်ပြင်လို့ရမယ့် အမှားဆိုရင်
တော်သေးတယ်။ ကိုယ့်ဘဝကို အရိပ်မည်း ထိုးမယ့်ဟာမျိုးကို ဘယ်လိုမှ မလုပ်ပါနဲ့၊ ချစ်သူထားတဲ့အရွယ် ဆိုတာလည်း တနည်းနည်းတော့ ဝေဖန်နိုင်ပြီ၊ စဉ်းစားနိုင်ပြီ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသလို ကိုယ့်ရဲ့ လက်တွဲဖော်ကိုလည်း တန်ဖိုး ထားပါ။ အချစ်နဲ့ Sex ကို မရောထွေးပါနဲ့၊ စောင့်စည်းပြီးတော့ သစ္စာရှိတဲ့ အချစ်ကသာ ဘဝလမ်းကို ဖြောင့်ဖြူးနိုင်ပါတယ် ဆိုတာ ပြောချင်ပါတယ်။