လူရွှင်တော်ကြီးတွေ ပြောတဲ့ သင်္ကြန်သံချပ်


သင်္ကြန်ရောက်ပြီဆိုတာနဲ့ ပြည်သူတွေအားလုံး တမ်းတသည်ကတော့ သင်္ကြန်သံချပ်တွေပဲ ဖြစ်ပါတယ်။ သံချပ်ဆိုသည်က ပြည်သူတို့၏ အသံများ ကို ဖော်ညွှ န်းကြ သည်များဖြစ်သည်။ ထို့ကြောင့်လည်း သင်္ကြန်နဲ့ သံချပ်အကြောင်းကို လူရွှင်တော်ကြီးတွေက အခုလို ပြောပြခဲ့ကြပါတယ်။

ဇာဂနာ

“သံချပ်ဆိုတာ ပြည်သူ ထဲကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့အသံတွေပါ။ သင်္ကြန်တစ်ခါလာရင် သူလည်း တစ်ခါလာတယ်။ အဲဒါကိုသင်္ကြန် သံချပ်သူရဲကောင်းတွေ က ပြည်သူတွေခံစားရတဲ့ သောက၊ ဒုက္ခ၊ အပူမီးတွေကို ရင်ဖွင့်ပေးလိုက်တဲ့အခါမှာ ဖမ်းဆီးခံရ၊ ပိတ်ပင်ခံရ၊ ထောင်ကျခံရတာတွေ ဖြစ် လာတဲ့အထိ ရှိခဲ့ဖူးတယ်။ ကိုယ့်အ တွက်တစ်ပါတီ အာဏာရှင်လက်ထက်မှာ သင်္ကြန်သံချပ်တွေကို လုံးဝပျောက်ကွယ်သွားအောင် ပိတ်ပစ်လိုက်တယ်။ သေချာတာ ကတော့ ခဏလေးပျောက်သွား တာ ပါ။ ပြည်သူတွေကလည်း သံချပ်ဆိုတာနဲ့ စည်းဝါးကိုက်လက်ခုပ်တီး အားပေးခဲ့တာပဲလေ။ ဒီသံချပ်တွေရဲ့စကား၊ သရော်စာကို ကြည့်ပြီး၊ နား ထောင်ပြီး ပြုပြင်ပြောင်း လဲ သွား တဲ့ အစိုးရခေတ်စနစ်တော့ မရှိဘူး။ တကယ်တော့ သင်္ကြန် သံချပ်သီချင်းတွေကို နားထောင်ရင်း ဘာကတော့ဘာဖြစ်တယ်၊ ဘယ်လိုရှိတယ်ဆို တာကို ပြည် သူတွေ ကိုသံချောင်းခေါက် လိုက်တာပါ။ ပြည်သူတွေကလည်း ဒါကိုကြားတော့ အဓိပ္ပာယ်တွေသိလာပြီး အသိတွေဝင်လာတယ်လေ၊ အသိဝင် လာ တဲ့ ပြည် သူတွေ ကို အစိုးရကလည်း ကြောက်ခဲ့တယ်။

ကြောက် တော့ တော်တော် ကြာကြာပိတ် ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှ အခု နှစ်၊ အခုအချိန်အထိ ပွင့်လင်း မြင်သာမှုနဲ့ ပြန်မဖွင့်သေးပါဘူး။ ရယ်စရာကောင်းတာက သံချပ် မှာ ဆင်ဆာတင်ရတာပဲ။ အရင် က ဒါတွေမှမရှိတာ။ ရန်ကင်း မြို့နယ်မှာဆိုရင်ဆုပေးမဏ္ဍပ် ၆ ခုလောက်ရှိတယ်။ ဒါပေမဲ့ အခုတစ်မြို့လုံးမှာ တောင် တစ်ခုမှမရှိတော့ဘူး။ ပုသိမ်၊ မန္တလေး၊ မော်လမြိုင်ထိတောင် ဆုပေးမဏ္ဍပ်တွေရှိခဲ့တယ်။ အခု အဲဒီလိုမျိုးပြန်ဖြစ်ရင်တော့ ကောင်းတယ်။ ဘာကြောင့် သံချပ် ကိုပိတ်တာလဲဆိုရင်တော့ အစိုးရ က ကြောက်လို့ ပိတ်တယ်လို့ပဲသိတယ်”

မေတ္တာ

နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးထဲမှာ သံချပ်လည်း အပါအဝင်ပါပဲ။ လူကြီးတွေကဆိုရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဆိုရင် သံချပ်ရဲ့ အနှစ်သာရကိုသိတယ်။ သံချပ်စာသားကောင်းရင် ချီးမွမ်းတယ်။ သံချပ်က အားလုံးအတွက်သာမက တစ်တိုင်းပြည်လုံးကလည်း သံချပ်ဆိုသဘောကျကြတယ်။ သံချပ်ဆိုတာက အပြုသဘောပဲ။ အပျက်သဘောမပါပါဘူး။ သံချပ်ရဲ့အနက်အဓိပ္ပာယ်ကိုက အဖြူသဘောပါ။ ပြုပြင်ပြောင်းလဲဖို့ သဘောပါ။ ပြောင်းလဲခြင်း၊ မပြောင်းလဲခြင်းကတော့ စိတ်နဲ့ ဆိုင်တယ်။ သံ ချပ်ကြောင့် ပြု ပြင်လိုက်တယ်ဆိုရင် ပိုကောင်းတာပေါ့။

သံချပ်ကို ဆိုကြ၊ တိုက်ကြတဲ့ သင်္ကြန်အသင်းကြီးတွေ အများကြီးပဲရှိတယ်။ ကြည့်မြင်တိုင်ကထွက်တဲ့ သင်္ကြန်သံချပ်အသင်းတွေ အများကြီးပါပဲ။ ဦးမေတ္တာတို့နဲ့ အတူ သင်္ကြန်ဆို အတူတူလုပ်တဲ့ နှစ်ပေါင်းများ စွာတွဲလာတာဆိုရင် ” ကျွန်ုပ်တို့သည်” အဖွဲ့ပေါ့ဒီသံချပ်ထိုးကြတဲ့ အဖွဲ့တွေ၊ အဲဒီအသင်းတွေ အားလုံးကသံချပ်တိုက်ရင် အပျ က်သဘောနဲ့ တစ်ယောက် မှမပြောကြပါဘူး။ တိုင်းပြည် ပျက်စီးအောင်၊ လူတွေ ပျက်စီး အောင်၊ စနစ်တွေပျက်စီး အောင် ပြောတာမျိုးမဟုတ်ပါဘူး။ တိုင်းပြည်ေ ကာင်းေ အာင် အပြုသဘောတွေပဲပြောကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါကြောင့် မို့ သံချပ်ဟာ အပြုသဘောနဲ့ တင်ပြတဲ့သံချပ်တွေ ဖြစ်တာ ကြောင့်မို့ ခွင့်လွှတ်သင့်တယ်။ လက်ခံရမယ်။

မနှစ်တုန်းကဆိုရင် ” ပြည်တော်ချစ်” ရေသဘင်အဖွဲ့ဆိုပြီးထွက်တယ်။ ဦးမေတ္တာ ဦးဆောင်ပြီးတော့ သံချပ်သီချင်းရေးတယ်။ လုပ်ဖော်ကိုင်ဖက်တွေအားလုံး ရဲ့ အတွေ့ အကြုံ၊ အယူအဆ၊ အတွေးအခေါ်တွေနဲ့ပေါင်းပြီး သံချပ်သီချင်းရေးခဲ့တယ်။ နာမည်ရတယ်၊ အောင်မြင်ခဲ့တယ်။ အခုလောလောဆယ် ရေးထားတာ က ပညာရေး အကြောင်းရေးထား တယ်။ အဲဒီသံချပ်တွေမှာ ဗဟု သုတ ဖြစ်စရာလေးတွေလည်း ပါ တယ်။ သံချပ်နဲ့ ပတ်သက်ပြီး ပြည်သူ့တရားရှင်ဆိုပြီး ဦးမေတ္တာ ခေါင်းဆောင်ဖြစ် ခဲ့ဖူးတယ်။ ဦးမေတ္တာ ရှစ်တန်းကျောင်းသား ဘဝကတည်းက သံချပ်တွေနဲ့ ရင်းနှီးခဲ့တာပါ”

အရိုင်း

ပြည်သူနဲ့နီးစပ်တဲ့အကြောင်းအရာလေးတွေကို သံချပ်နဲ့ဖော်ဆောင်ပေးတဲ့အတွက် တိုင်းပြည်ရဲ့ လိုအပ်တဲ့နေရာက ထောင့်ပေါင်းစုံပေါ့။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဒါတွေ အကုန်လုံးကို ထောက်ပြနေတဲ့ သံချပ်တွေဖြစ်တဲ့အတွက် ဒါတွေ က တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သင်ခန်းစာယူတတ်မယ်ဆိုရင် တော့ အင်မတန်ကောင်းတဲ့ သင်္ကြန်ရဲ့ သံချပ်ဖော်ဆောင်မှုက အများကြီး ထိရောက်မှုရှိနိုင်မှာပါ။ ဒါပေမဲ့ ထောက်ပြတဲ့ သူကဘယ်လောက်ပဲ ထောက်ပြထောက်ပြ၊ ဘယ်ေ လာက်ပဲ ဖော် ဆောင်ပေးနေပေးနေ မလိုက်နာခဲ့ဘူးဆိုရင် ဘယ်လောက် သံချပ်ထိုးနေနေ၊ ဘယ်လောက်ပဲ တင်ပြနေနေအကျိုးထူးမှာတော့ မဟုတ် ဘူးေ ပါ့။ ထောက်ပြနေတဲ့သူက ဘယ်လောက်ပဲ ထောက်ပြနေနေ မှားတဲ့သူကလည်း ပြင်ဦးမှကိုး။ မြန်မာတွေရဲ့ထုံးတမ်းအစဉ်အလာအရ ဒီအချိန်လေးမှာ သင်္ကြန် သံချပ်တွေ ထိုး ပြီး ပြောကြ၊ ဆိုကြတယ်ဆိုတာကလည်း ဒီအချိန်မှာ စိတ်သစ်လူသစ်နဲ့ လွတ်လွတ်လပ်လပ် ပျော်ကြ၊ ပါးကြတဲ့အချိန် ဖြစ်တဲ့အတွက် ရင်ထဲမှာ ရှိတဲ့ဟာတွေကို တစ်နှ စ်တာအတွက် ဖွင့်ထုတ်ကြတာပေါ့။ ဒီသဘောပါပဲ”

ထူးထူး၊ သိမ့်သိမ့်
Popular Myanmar

နိုင်ငံတကာအဖွဲ့များ ရခိုင်ကို ပြန်သွားပြီ


ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ လကုန်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ခွာသွားခဲ့ကြရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့တွေ ထဲက တချို့ကို စစ်တွေ ကိစ္စ စုံစမ်းရေး ကော်မရှင် ဥက္ကဌ နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ဒီကနေ့ ပြန်ခေါ်သွားခဲ့ပါတယ်။

WFP နဲ့ UNHCR အပါအဝင် အရေးကြီးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပြန်ရောက်လာပြီး လူမှုအကူအညီပေးရေး လုပ်ငန်းတွေ ပြန်လည် စတင်ဖို့အတွက် ရှေ့ဆက်လက် ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆွေးနွေးလျှက် ရှိပါတယ်။

ပြီးခဲ့တဲ့ ပဋိပက္ခတွေနဲ့ တော်တော်လေး ပက်သက်ခဲ့တဲ့ အဖွဲ့ တချို့ကတော့ ပြန်မပါလာသေးဘူးလို့ သိရပါတယ်။

ဒီအဖွဲ့တွေရဲ့ လုံခြုံရေး၊ ရေရှည် တည်မြဲရေးတို့ အတွက် ဘာတွေ လုပ်ဆောင်ပေးမှာလဲ ဆိုတာကို ဗိုလ်ချုပ် မောင်မောင်အုန်းကို မေးမြန်းကြည့်တဲ့အခါ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ပြသနာကို သင်ခန်းစာ ယူပြီးလုံခြုံရေးကို အပြည့်အဝ လုပ်ဆောင်ထားတယ် လို့ ပြောပြပါတယ်။

လောလောဆယ်တော့ သူတို့ကို စစ်တွေမြို့က ဟိုတယ် တစ်ခုမှာ ထားပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို သီးသန့်နေရာ တစ်ခု စီစဉ်ပေးမှာပါ။

ဒါပေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အားလုံး ပါဝင်လုပ်ဆောင်နေတဲ့ ကာလ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ပဋိပက္ခတွေကို ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေ က လုပ်ဆောင်ခဲ့လဲ ဆိုတာကိုတော့ သူ့အနေနဲ့ သုံးသပ် မသွားပါဘူး။

ဒါကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသာ ဆက်လက် ဆောင်ရွက်လိမ့်မယ် လို့ သူက ပြောခဲ့တာပါ။အမုန်းတရားတွေကို ရေးသားဟောပြော ဆွေးနွေးဖြန့်ချီမှုတွေ ရှိနေတယ် ဆိုတာကို မှန်ကန်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ဒါမျိုးတွေကို ဟောပြောဆွေးနွေးတာတွေ မလုပ်ကြဖို့ အတတ်နိုင်ဆုံး စည်းရုံးပြောဆိုနေပါတယ် လို့ သူက ဆက်ရှင်းပြခဲ့ပါတယ်။

BBC Burmese

လေဒီဂါဂါ နုပျိုအောင် ဘာတွေ လုပ်ထားသလဲ



ဂါဂါ တစ်ယောက် သဘာဝကိုအံတုပြီး ငယ်ရွယ်နုပျိုဖို့ အတွက် နေ့စဉ်နေ့တိုင်း Facelift tape သုံးပါတယ်။

အသက် ၂၈နှစ်ရှိပြီ ဖြစ်တဲ့ ဂါဂါဟာ သူမရဲ့ မေးရိုးနဲ့ လည်ပင်တ၀ိုက်က အရေပြား လျော့ရဲကျ

ဖော်ချွတ် ရိုက်မှသာ Sexy လို့ မခေါ်ဘူး။ လုံလုံခြုံခြုံ နဲ့ Sexy ဖြစ်တာ လည်းရှိတယ်ဟု ဆိုလိုက်တဲ့ မြန်မာမော်လ်ဒယ်


အတိုအပြတ် ဝတ်ပြီး ဖော်ချွတ် ရိုက်မှသာ Sexy လို့ မခေါ်နိုင်ကြောင်း မြနှင်းရည်လွင်က ပြောသည်။ ”ဟိုပေါ်ဒီပေါ်ဖော် မှ Sexy လို့ မဆိုနိုင်ဘူး။ လုံလုံခြုံခြုံ နဲ့ Sexy ဖြစ်တာ လည်းရှိတယ်” ဟု မြနှင်းရည်လွင် က ပြောသည်။

”အင်ဂျလီနာဂျိုလီ ကို မြနှင်း ကြိုက်တယ်။ သူက မဖော်မချွတ်ဘဲ Sexy ကျတဲ့ ပုံတွေ အများကြီး ရှိတယ်။ အဓိကက မျက်နှာ၊ မျက်လုံး အမူအရာ၊ ညှို့အားပါပဲ” ဟု မြနှင်းရည်လွင် က ဆိုသည်။ အကယ်ဒမီ ဗန်းကိုင်အဖြစ် အနုပညာလောက ထဲ စတင် ဝင်ရောက်ခဲ့ပြီး ဓာတ်ပုံမော်ဒယ် အဖြစ် အနုပညာ အလုပ် ကိုလုပ်နေ သည့် မြနှင်းရည်လွင် သည် ဗီဒီယို၊ ရုပ်ရှင်ဘက်သို့ ကူးပြောင်း ရိုက်ကူးလာကြောင်း သိရသည်။

”မြနှင်း ပထမဆုံး ရိုက်တဲ့ ‘ဧဒင်ရဲ့ နတ်သမီးများ’ ရုပ်ရှင် ကားကြီးကို ရုံမတင်ရသေးဘူး။ မြနှင်း တို့လည်း စိတ်လှုပ်ရှားစွာ နဲ့ စောင့်နေပါတယ်” ဟု ၄င်းက ဆက်ပြော သည်။ မြနှင်းရည်လွင်က Sexy ပုံစံကို မကြိုက်ဘဲ မြန်မာ ဝတ်စုံသာလျှင် ဘဝအတွက် အလုံခြုံဆုံး ဝတ်စုံဟု ခံယူထားသည်ဟု ပြောသည်။ ”မြန်မာ ဝတ်စုံက ကိုယ်နဲ့ မလိုက်ဖက် ပေမယ့် ဝတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်လို့ ခံယူထားတယ်”ဟု ၄င်းက ဆိုသည်။

ထူးထူး
Popular Myanmar News

ယခုနှစ် ဗိုလ်ချုပ်ဈေးသင်္ကြန် ယခင်နှစ်များလောက် မစည်ကား



၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ဈေးသင်္ကြန်သည် ယခင်နှစ်များကထက် စည်းကားမှုနည်းပါးခဲ့ပြီး လာရောက်ရေကစားကြသူများလည်း အနည်းငယ်သာ ရှိခဲ့သည်။

နှစ်စဉ် သင်္ကြန်အကြိုနေ့ မတိုင်မီ ပြုလုပ်လေ့ရှိသည့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဗိုလ်ချုပ်ဈေးသင်္ကြန်သည် လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်မှ စတင်ကာ တဖြည်းဖြည်းစည်ကားမှု လျော့နည်းလာခဲ့ပြီး ယခုနှစ်တွင် စည်းကားမှု အလွန်နည်းပါးလာသည်ဟု ဗိုလ်ချုပ်ဈေးဆိုင်ပိုင်ရှင်များက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဗိုလ်ချုပ်ဈေးသင်္ကြန်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် အရမ်းစည်းကားခဲ့ပါတယ်။ ဗိုလ်ချုပ်ဈေးလမ်းတစ်လျှောက် လာရောက်လည်ပတ်သူတွေနဲ့ တိုးလို့တောင်မပေါက်ခဲ့ပါဘူး။ အခု ဗိုလ်ချုပ်ဈေးသင်္ကြန် မစည်တော့တာ ၃ နှစ်လောက်ရှိပြီ။ ဒီနှစ်မှာ တော်တော်ဆိုးလာတယ်။ ဈေးသင်္ကြန်ကို လာလည်တဲ့လူ တော်တော်နည်းသွားတယ်” ဟု ဗိုလ်ချုပ်ဈေးတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ပန်းရောင်းချခဲ့သူ မရီရီမြင့်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ဈေးသင်္ကြန် ဆိုသည်မှာ သင်္ကြန်မတိုင်မီ တစ်ရက်အလိုတွင် ဗိုလ်ချုပ်ဈေး၌ ဈေးရောင်းသည့် ဆိုင်ပိုင်ရှင်များ အချင်းချင်း ရေပက်ကစားရာမှ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များတွင် ဗိုလ်ချုပ်ဈေးဆိုင်ပိုင်ရှင် အများစုသည် ခရီးများထွက်ကြသဖြင့် ယခင်နှစ်များသကဲ့သို့ ကြီးကျယ်စွာ မဏ္ဍပ်များထိုး၍ ရေကစားမှုများ နည်းပါးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ဈေးရှိ ကိုကိုညီညီ ဖိနပ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက “အရင်နှစ်တွေကဆို ပန့်လူငယ်တွေရော (Punk)၊ မာမီတွေရော အများကြီးလာကြတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ သူတို့တွေလာတာ အတော်နည်းသွားတယ်။ ဒီနှစ်ဆိုရင် ဗိုလ်ချုပ်ဈေးက လမ်းတွေပေါ်မှာ ခြောက်ကပ်ပြီး ဗိုလ်ချုပ်ဈေးသင်္ကြန်ကို လာရောက်ပါဝင် ဆင်နွဲတဲ့သူ အတော်နည်းသွားပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ယခုနှစ် ဗိုလ်ချုပ်ဈေးသင်္ကြန်တွင် ဈေးဆိုင်အချို့မှ မုန်လုံးရေပေါ်ကျွေးခြင်းနှင့် စတုဒိသာကျွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ / ဗမာနဲ့ပတ်သက်ပြီး ဂျာမဏီနိုင်ငံအစိုးရအဖွဲ့နှင့် ပြည်သူများကို ရှင်းလင်းပြောပြချက်ဘာသာပြန်(ရုပ်။သံ)


ကျမဘာကြောင့် Burma လို့ သုံးရသလဲဆိုတာကို ဒီနေရာမှာ ရှင်းဖို့လိုလာပါတယ် ။ လူတော်တော်များများကလည်း ဒီအကြောင်း ကျမကို မေးကြတယ်လေ ။

၁၉၄၈ မှာ လွတ်လပ်ရေးရလာတော့ ကျမတို့နိုင်ငံကို Burma လို့ သိကြပါတယ် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( BSP ) လက်ထက် ၁၉၇၀ နဲ့ ၁၉၈၀ နှစ်များ ကာလအတွင်းလို့ ထင်ပါတယ် ..........နှစ်အတိအကျကိုတော့ ကျမ သိပ်မမှတ်မိပါဘူး.........ဒီလို မမှတ်မိတာကဘဲ ဒီကိစ္စကို ကျမ သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်မနေဘူး ဆိုတာ ပြနေတယ်လို့ ပြောရမှာပါ ဘဲ ။
အဲဒီနှစ်တွေ အတွင်းမှာထိလည်း ကျမတို့ဟာ Burma ဆိုတဲ့နာမည်နဲ့ ဆက်ရပ်တည်ခဲ့ပါတယ် ။


ဒါပေမယ့် ၁၉၈၈ စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ........တစ်နေ့လည်းကျရော သတင်းစာတွေမှာ ကြေငြာလိုက်ပါတယ် ။ အဲဒီနေ့ အဲဒီရက်က စပြီ ကျမတို့ နိုင်ငံကို နိုင်ငံတကာမှာ Myanmar လို့ ခေါ်ရမယ် လို့ ပါ ။ Burma လို့ မခေါ်ရတော့ပါဘူး တဲ့ ။ ကျမ သိသလောက်တော့ ကြေငြာချက်က အစိုးရပိုင်ရေဒီယိုတွေမှာတော့ မပါဘူးလို့ သိရပါတယ် ။
ဒီလို နာမည်ပြောင်းမှုအတွက် တရားဝင်ထုတ်ပြန်ရှင်းပြချက်မှာ ပြောတာက Burma ဆိုတာ ကိုလိုနီတွေ ထွင်ခဲ့တဲ့ နာမည်ဖြစ်တာကြောင့်လို့ ဆိုပါတယ် ။ Myanmar ဆိုတာတော့ ကျမတို့က ကျမတို့နိုင်ငံကို ခေါ်တဲ့ မူရင်းနာမည်လို့ ဆိုပါတယ် ။

ဒါဟာ မဟုတ်ပါဘူး ။ ကျမ အစောပိုင်းတုန်းက ပြောခဲ့သလိုဘဲ Burma ဆိုတာ တိုင်းရင်းသားအများကြီး ပါဝင်တဲ့ နိုင်ငံပါ ။ ဗမာ ( Burmese ) ဆိုတာ အဲဒီအများကြီးထဲက တိုင်းရင်းသားတစ်မျိုးသာ ဖြစ်ပါတယ် ။ ဗမာဆိုတာကို စာတွေ ပေတွေထဲမှာ ရေးရင် Myanmar လို့ ရေးတတ်ကြပါတယ် ။ ဒီတော့ Myanmar ဆိုတာ Burmese လို့ ခေါ်တဲ့ လူဦးရေအများဆုံးတိုင်းရင်းသား တစ်ရပ်ရဲ့ literary name သာ ဖြစ်ပါတယ် ။ ကျမက ဗမာပါ ....သို့မဟုတ် မြန်မာပါ ။ ကျမ ဗမာစကားပြောရင် ကျမတို့ကို ကျမတို့ Burmese လို့ ဘယ်တော့မှ မရည်ညွှန်းဘဲ Myanmar လို့သာ ရည်ညွှန်းပြောဆိုပါတယ် ။

ဒီလိုဘဲ လူကြီးမင်းတို့လည်း အင်္ဂလိပ်စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ရည်ညွန်းပြောဆိုကြတဲ့အခါ ဂျာမန် ( German ) လို့ ရည်ညွန်းကြရပါတယ် ။ ဒွိုက်ရှ် Deutsch လို့ မရည်ညွှန်းကြပါဘူး ။ ဒါလုံးဝကို သဘာဝကျပါတယ် ။ ပြင်သစ်တွေဆိုရင်လည်း အင်္ဂလိပ်လိုပြောကြရင် သူတို့ကိုသူတို့ French လို့ ပြောကြပါတယ်......français လို့ မပြောကြပါဘူး ။ ဒီလိုဘဲ ကျမလည်း အင်္ဂလိပ်လိုပြောရင် ကျမတို့နိုင်ငံကို Burma လို့ ရည်ညွှန်းပြောဆိုလေ့ရှိပါတယ် ။

ဒါပေမယ့် Myanmar ဆိုတဲ့ နာမည်ကို ကျမ ကန့်ကွက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ပြည်သူ့ဆန္ဒ ဘယ်လိုရှိသလဲ ဆိုတာ မမေးဘဲ အတင်းအကျပ် ပြောင်းခဲ့လို့ပါဘဲ ။ တနည်းပြောရရင် လုံးဝ ဒီမိုကရေစီမကျတဲ့နည်းနဲ့ ပေးခဲ့တဲ့ နာမည်မို့လို့ပါဘဲ ။ ကျမတို့ကို ဒီနာမည်နဲ့ ကမ္ဘာက သိရမယ် ဆိုပြီး အာဏာလက်ဝယ်ရှိသူတွေက ဆုံးဖြတ်ခဲ့တာပါ ။ ဒါကြောင့် ကျမက ကျမတို့နိုင်ငံကို Burma လို့ ဆက်လက်ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေနဲ့ ပြောရရင် Burma လို့ ခေါ်မလား ၊ Myanmar လို့ခေါ်မလားဆိုတာ လူကြီးမင်းတို့အနေနဲ့ မိမိဘာသာ ဆုံးဖြတ်လို့ ရပါတယ် ။

ကျမအတွက်တော့ နှစ်ခုလုံးကို လက်ခံလို့ ရပါတယ် .......ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ခေါ်မယ် ၊ တစ်စုံတစ်ယောက်က ဒီနာမည်ကို ခေါ်ရမယ် လို့ အတင်းအကြပ်ခိုင်းလို့ ခေါ်ရတာမျိုး မဟုတ်ဘူး ဆိုရင်ပေါ့လေ ။

Spring Flowers
ပြန်လည်မျှဝေပေးပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမ၀င်လိင်စိတ်ကြွဆေးဝါးများဖမ်းဆီး




ရန်ကုန်၊ ဧပြီ ၁၂

၁၂.၄.၂၀၁၄ရက်နေ့ ၁၀၅၀အချိန် ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် တရားမ၀င် လိင်စိတ်ကြွဆေးဝါးများရောင်းချနေကြောင်း သတင်း
အရ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့်
(၃၅)လမ်းကြား၊ အနော်ရထာလမ်း ပလက်ဖောင်းပေါ်သို့ သွားရောက် ရှာဖွေရာမင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုတင့်(ခ)တင်အောင်ဦးအား တရားမ၀င်လိင်စိတ်ကြွ ဆေးဝါးများနှင့်အတူ ရောင်းချနေစဉ် ဖမ်းဆီးရမိ
ခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်း(ပ) ၁၄၈/၂၀၁၄၊ အမျိုးသားဆေးဝါး
ဥပဒေပုဒ်မ ၁၈ဖြင့်အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၁၄၅အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်အရှေ့ရပ်ကွက်နေ ဦးအောင်မြင့်၏ ဆေးဆိုင်သို့ ၀င်ရောက်ရှာဖွေရာ တရားမ၀င် လိင်စိတ်ကြွဆေးဝါးများ သိမ်းဆည်းရမိသဖြင့် ဦးအောင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ) ၂၁၉/၂၀၁၄၊ အမျိုးသားဆေးဝါး
ဥပဒေပုဒ်မ ၁၈ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၀၁၅အချိန်တွင် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားမ၀င်လိင်စိတ်ကြွဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရတာမွေ
မြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊သမိန်ပရမ်းလမ်းဘေးပလက်ဖောင်းသို့
သွားရောက်ရှာဖွေရာ တရားမ၀င်လိင်စိတ်ကြွဆေးဝါးများအား
ရောင်ချရန်ခင်းကျင်းထားသည်ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် အဆိုပါဆေးဝါးများရောင်းချသူ (စုံစမ်းဆဲ)အားအမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


ကချင်ပြည်နယ် ဗန်မော်ခရိုင် မန်စီမြို့နယ် ပန်ခမ်းကျေးရွာ အုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေးရွာတွေ တစ်ဝိုက်မှာ အစိုးရတပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရာ မနေ့ညက ကေအိုင်အေတပ်ရင်း ၂၇ ရဲ့ ပန်ခမ်းပါ အခြေစိုက်စခန်းကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရပါတယ်။

တပ်ရင်း ၂၇ အခြေစိုက် ပန်းခမ်းပါစခန်း ဆုတ်ခွာပေးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အိုဌာနချုပ် လိုင်ဇာအခြေစိုက် အမည်မဖေါ်လိုတဲ့ ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးက အခုလို ပြောပါတယ်။

"မနေ့က နောက်ဆုံးအခြေအနေက မိုးချုပ်ခါနီးမှာ ပန်းခမ်းပါ ဆိုတဲ့နေရာမှာ ဆုတ်ခွာတယ်လို့ကြား တယ်၊ ထိခိုက်ဒဏ်ရာရတဲ့အပိုင်းကတော့ ဘာမှမကြားသေးဘူး၊ အစိုးရဖက်ကလည်း မကြားဘူး၊ ကျနော်တို့ အဖွဲ့အစည်းဖက်ကလည်း မကြားဘူး"

မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အိုနည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ကေအိုင်အေတပ်ရင်း ၂၇ အခြေစိုက်စခန်းကို ဆုတ်ခွာပေးလိုက်ရတာ မှန်ကန်ကြောင်း ပြောပါတယ်။ ရက်အတော်ကြာဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲတွေကြောင့် မန်စီမြို့နယ်က ထောင်နဲ့ချီတဲ့ ဒေသခံရှမ်းတိုင်းရင်းသားတွေဟာ တရုတ်ပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

အဲ့ဒီစစ်ဘေးဒုက္ခသည်တွေကို မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဝင်တွေက ဆန်နဲ့အခြေခံစားကုန်တွေကို ဒီနေ့သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

RFA Burmese

ဦးဝင်းတင် ကျန်းမာရေး တိုးတက်ကောင်းမွန်


ရန်ကုန်ဆေးရုံကြီးမှာ နှစ်ပတ်ကြာဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်နေပြီး စိတ်ချရတဲ့ အနေအထားရောက်နေပြီလို့ မိသားစုဝင်တွေ ကပြောပါတယ်။

နောက်ထပ် ဆယ်ရက်လောက်အထိ အထူးကုသဆောင် ထဲမှာပဲ ဆက်လက်ထားရဦးမယ်လို့ ဆရာဝန်ကြီးတွေ ကပြောကြောင်း မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုပေါက် က ပြောပါတယ်။

"အခု အစာတွေဘာတွေ စားနေပါပြီခင်ဗျ၊ အခြေအနေကတော့ အရင်နေ့တွေထက် တိုးတက်လာတာပေါ့နော်၊ အစာစားတာမှန်သွားရင် သူ့ကိုတပ်ထားတဲ့ ပိုက်တွေဘာတွေလည်း ဖြုတ် မယ်ပေါ့နော်၊ အခုကတော့ တော်တော်လေး တိုးတက်လာတဲ့သဘောရှိပါတယ်၊ သူတို့ကတော့ ဒီထဲမှာပဲ ၁ဝ ရက် နှစ်ပတ်လောက် ထားချင်သေး တာပေါ့နော်၊ တိုးတက်လာမှ အခြေအနေကြည့်ပြီးတော့ စောင့်ကြည့်ချင်တယ်"

ဦးဝင်းတင် ကျန်းမာရေးအခြေအနေကို လာရောက်သတင်းမေးကြတဲ့သူတွေကိုတော့ လက်ရှိအချိန်ထိ အထူးကုသဆောင်ထဲအထိ ၀င်တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က Green Cross ဆေးရုံမှာ ကုသခံယူခဲ့ပြီး မတ်လ ၂၇ ရက်နေ့မှာ ၀ိတိုရိယဆေးရုံကို ပြောင်းရွှေ့ခဲ့ပါတယ်။ မတ်လ၂၉ ရက်နေ့က ၀ိတိုရိယဆေးရုံကနေတစ်ဆင့် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသခံနေတာ ဖြစ်ပါတယ်။

RFA Burmese 

ရေစက်ပြင်ရာမှ စကားများရန်ဖြစ်ပြီး ရေတုံကင်လက်ကိုင်သံပိုက်နှင့် ရိုက်နှက်ခဲ့သဖြင့် သေဆုံး


ရန်ကုန်၊ ဧပြီ ၁၂

၁၂.၄.၂၀၁၄ ရက်နေ့ ၀၈၂၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဆင်စခန်း
ကျေးရွာအုပ်စု၊ ဂျိုးဖြူကျေးရွာ နှင့် သဲဝါကျေးရွာကြား မြေနီလမ်းဘေးရှိ ဗိုလ်ချုပ်(ခ)အသူရမန်၏အုတ်ကွင်းမှ မန်နေဂျာဖြစ်သူ ကိုထွန်းထွန်းမြင့်၊ (ဘ)ဦးကျော်အေး၊ သဲဝါကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူပျောက်ဆုံး
နေကြောင်းကို ၎င်း၏ဦးလေးဖြစ်သူ ဦးစိုးရွှေမှ ကူညီစုံစမ်းရှာဖွေ
ပေးရန်တိုင်တန်းလာသဖြင့် တိုက်ကြီးမြို့မရဲစခန်း လူပျောက်အမှတ်စဉ်
(၁၀/၂၀၁၄)ဖြင့် ဖွင့်လှစ်၍ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေခဲ့ပါသည်။

ထိုသို့စုံစမ်းရှာဖွေနေစဉ် ၀၉၃၀ အချိန်တွင် အဆိုပါအုတ်စက်တွင်
လုပ်ကိုင်သော အုတ်စက်လုပ်သား ကိုထင်ကျော်မှ အုတ်ကွင်းအတွင်းရှိ အလျား(၁၅၀)ပေ၊ အနံ(၁၀၀)ပေ၊ အနက်(၂၀)ပေခန့်ရှိ ရေကန် အတွင်း၌
ပျောက်ဆုံးနေသော ကိုထွန်းထွန်းမြင့်အား သေဆုံးလျက်တွေ့ရှိကြောင်း အကြောင်းကြားသဖြင့် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှသွားရောက်
စစ်ဆေးခဲ့ရာ သေဆုံးသူ ကိုထွန်းထွန်းမြင့်တွင် ယာချိုစောင်း၊ နဖူး၊ ယာမျက်ခုံး၊ နှာခေါင်း၊ ယာပါးတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိထား
သည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူ ကိုထွန်းထွန်းမြင့်သည် ၁၁.၄.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် အုတ်စက်လုပ်သား ဖိုးထောင်(ခ)အောင်ဇော်လင်း၊ (၁၉)နှစ်၊ (ဘ)ဦးသန်းဇော်၊ သဲဝါကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူနှင့်အတူ အုတ်စက်၌ရေစက်ပြင်နေရာမှ စကားများရန်ဖြစ်စဉ် ဖိုးထောင်(ခ) အောင်ဇော်လင်းမှ ရေတုံကင်လက်ကိုင်
သံပိုက်ဖြင့်ရိုက်နှက်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။

အမှုမှပျောက်ဆုံးသူ ကိုထွန်းထွန်းမြင့် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ တိုက်ကြီး
မြို့မရဲစခန်း၌ တိုင်တန်း ထားသော လူပျောက်အမှတ်စဉ်(၁၀/၂၀၁၄)အား တိုက်ကြီးမြို့မရဲစခန်း(ပ)၁၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် ပြောင်းလဲ
စစ်ဆေးခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ ဖိုးထောင်(ခ)အောင်ဇော်လင်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၁၁၅ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိသဖြင့် အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

အမြန်လမ်းတွင် မီးလောင်ခဲ့သည့် တောင်ပြာတန်းယာဉ်ကို စီးနင်းလိုက်ပါလာသည့် ခရီးသည် ကိုနေမင်းထွန်းနှင့် အင်တာဗျူး


နန်းလွင်နှင်းပွင့်| စနေနေ့၊ ဧပြီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။             ။ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေသည့် တောင်ပြာတန်းယာဉ်လိုင်းနှင့် မတ်တူးအမျိုးအစား အိမ်စီးကားတို့ ဧပြီလ ၁၂ ရက် နံနက် ၂နာရီ ၁၀မိနစ်က ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၁၆ မိုင်တွင် တိုက်မိခဲ့သည်။ အိမ်ကားမှာ ခရီးသည်တင်ကားအောက်သို့ ရောက်သွားပြီး ကားနှစ်စီးလုံး မီးလောင်ကျွမ်းကာ ခရီးသည်တင်ကားမှ ခရီးသည် ၆ ဦး၊ အိမ်ကားမှ ၆ ဦး မီးလောင်ကျွမ်း သေဆုံးသွားခဲ့သည်။ ခရီးသည်တင်ကားမှ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တောင်ပြာတန်းကားပေါ်တွင် လိုက်ပါလာပြီး ကားမီးလောင်မှု ဖြစ်စဉ်မှ လွတ်မြောက်လာခဲ့သည့် ခရီးသည်တစ်ဦးဖြစ်သူ ကိုနေမင်းထွန်းကို မဇ္ဈိမက မေးမြန်းထားသည်မှ ကောက်နှုတ်ဖော်ပြထားသည်။ ကိုနေမင်းထွန်းသည် မိသားစုနှင့် သင်္ကြန်တွင်း ဘုရားဖူးရန်၊  တောင်ကြီးမှ ရန်ကုန်မြို့သို့ ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။

ကားက ဘယ်လိုကနေ ဘယ်လို စဖြစ်တာလဲ။

ကျွန်တော်က အိပ်ငိုက်နေတာ၊  “ ဒုန်း”  ဆိုပြီး အသံကြားမှ နှိုးလာတော့ ကြည့်လိုက်တော့ ကားက မီးလောင်နေပြီ။ အဲ့တော့မှ ဘယ်ကထွက်ရမလဲ ကြည့်တော့ ကားရဲ့ဘယ်ဘက်က ဒရိုင်ဘာ ထိုင်တဲ့ဘက်က အပေါက်က ထွက်လို့ရမယ်ဆိုပြီး ပြေးဆင်းတာ။

 အစ်ကိုတို့က အရင်ဆုံး ထွက်လို့ ရတာလား။ ဘယ်လိုလဲ။ ကျန်တဲ့သူတွေကရော။

ကျွန်တော်တို့ မိသားစု ၄ယောက်က၊ ခုံနံပါတ် ၁၊၂၊ ၃၊ ၄ ကို ယူထားတာ၊ ကျန်တဲ့သူတွေကိုတော့ နောက်မှ ကူဆွဲ ထုတ်ရတယ်။

ဒါနဲ့ ဆက်ပြောပြပါဦး။

ကျွန်တော်က ကိုယ်ခန္ဓာက ၀တော့ တော်တော် တိုးထွက်ယူရတယ်။ ပြီးတော့ ကျွန်တော့ မိန်းမနဲ့ ကလေး နှစ်ယောက်ကိုလည်း အဲ့အပေါက်ကနေပဲ ဆွဲထုတ်တယ်၊ ဘာမှတော့ မဖြစ်ဘူး။

နောက်လူတွေကရော ဘယ်ကနေ ထွက်လဲ။

တစ်ချို့ကိုတော့ ကျွန်တော်တို့ ဆက်ဆွဲထုတ်တယ်။ တစ်ချို့ကတော့  အနောက်ဘက်က အပေါက်နဲ့ နီးတဲ့သူတွေက အနောက်ဘက်ကနေ ခုန်ဆင်း အစုံပဲ၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နဲ့ နီးတဲ့ သူတွေကို ဆွဲထုတ်တာပေါ့။ အဲ့မှာ မီးက ဆက်လောင်နေပြီ။ တော်တော်လောင်လာတော့ ကျွန်တော်တို့လဲ ဝေးရာကို ပြေးရတယ်။ တစ်ချို့လည်း ကျန်ခဲ့တယ်။

ရန်ကုန်ကိုရော ဘယ်လို ပြန်လာလဲ။

ကျွန်တော်တို့ စီးလာတဲ့ တောင်ပြာတန်းကားက ရန်ကုန်ဂိတ်ကို ဖုန်းဆက်ပေးတော့  ကားလွှတ်ပေးတယ်။ ကျွန်တော်တို့ မိသားစုကတော့ မစောင့်တော့ဘူး။ ရန်ကုန်က သူငယ်ချင်းကို ဖုန်းဆက်ပြီးတော့ ကားလာကြိုတာနဲ့ ပြန်သွားတာ။

ပစ္စည်းတွေရော အကုန်ကျန်ခဲ့တာပေါ့။

 မကျန်ခဲ့ဘူး။ အ၀တ်အစား အိတ်တွေပဲ ကျန်ခဲ့တာ။ အခြားပစ္စည်းတွေက ကိုယ်နဲ့ အတူပါလာတယ်။ အ၀တ်အစားတွေပဲ ကျန်ခဲ့တာ။ မီးလောင်တဲ့ထဲ ပါသွားတယ်။

ရုတ်တရက် အခုလို ဖြစ်တော့ အစ်ကို ဘယ်လိုဖြစ်သွားလဲ ။

စစဖြစ်ချင်း ဘာမှမသိလိုက်ဘူး။ “ဒုန်း"လို့ အသံကြားမှာ နိုးတော့ မီးက စလောင်နေပြီ။ ကျွန်တော်တို့လည်း ငိုက်လာတာ တစ်လမ်းလုံး၊ နောက်မှ မီးလောင်တော့ ရတဲ့အပေါက်က ပြေးထွက်၊ ကလေးတွေနဲကဆိုတော့ ပြာယာခတ်နေတာပဲ။ ပူထူပြီး ဘာမှန်းကို မသိလိုက်ဘူး။ နောက်တော့ အခြားသူတွေလည်း ကယ်နေရင်းတန်းလန်းနဲ့ မီးက ပေါက်ကွဲတော့မယ်။ အရမ်းလောင်လာတော့ အဝေးကို ထွက်ပြေးရတာပဲ။

Mizzima Burmese

သန်းခေါင်စာရင်းမှာ ချန်လှပ်ထားခဲ့သူတွေကို ဆက်လက်ကောက်ခံမည်


တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံစဉ် နိုင်ငံတော် က တရားမ၀င်သတ်မှတ်ထားတဲ့  လူမျိုးနာမည်ကို ပြော ဆိုတာကြောင့် ကောက်ခံခြင်းမပြုဘဲ ချန်ထားခဲ့သူတွေကို လာမယ့်နှစ်လအတွင်း နိုင်ငံတော်က တရားဝင်လက်ခံ ထားတဲ့ တခြားလူမျိုးစုအမည်နဲ့ ပြန်လည်ထည့်သွင်းမယ် ဆိုရင် ဆောင်ရွက်ပေးသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်က တရားမ၀င်လို့ သတ်မှတ်ထားတဲ့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုအမည်ကို ထည့်သွင်းလိုသူတွေကို စာရင်းကောက်ခံခြင်းမပြုဘဲ ချန်ထားခဲ့တာကို အခွင့်အရေးပြန်ပေးတာဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

"ခင်ဗျားတို့ လက်ရှိ လူမျိုးအမည်မှန်ကို ရေးရင်ရေး၊ မရေးရင် ကျနော်တို့ မရေးသွင်းဘူးလို့ပြောတယ်၊ လူမျိုးအမည်မှန်ကို တကယ်လို့ သူတို့ကမရေးရင် သန်းခေါင်စာရင်းဥပဒေအရ အရေးယူရတော့မယ်၊ အရေးယူရတော့မည်ဆိုရင် ကျနော်တို့ တိုင်းသူပြည်သားတွေအများကြီး အရေးယူခံရမည့် အနေအထားရှိတယ်၊ ဒါ့ကြောင့် ရိုဟင်ဂျာလို့ ပြောတဲ့လူတွေကို ကျနော်တို့က ကျော်သွားခဲ့တယ်၊ အဲဒီဟာတွေကို သူတို့ကို ပြန်ပြီးစဉ်းစားဖို့ အချိန်ပေးထားတယ်၊ တချို့လည်း သန်းခေါင်စာရင်းကောက် ပြီးသွားပေမဲ့ သန်းခေါင်စာရင်း ကွပ်ကဲမှုရုံးတွေမှာလာပြီးတော့ သူတို့ကို ဘင်္ဂါလီအနေနဲ့ပဲ ကောက်ခံပါဆိုပြီး သူတို့ရဲ့အထောက်အထားတွေပြပြီး ဘင်္ဂါလီအနေနဲ့ စာရင်းသွင်းနေတဲ့ အိမ်ထောင်စုတွေလည်း သွင်းနေတယ်၊ အဲဒါကို ကျနော်တို့ ၆ ပတ်ကနေ၊ ဂ ပတ်အထိ သည်းခြင်းခံပြီး စောင့်ပြီးယူနေတယ်"

အလားတူ တချို့ပြည်နယ်တွေမှာ လုံခြုံရေးအရ စာရင်းကောက်ခံခြင်းမပြုနိုင်တဲ့ ဒေသတွေအတွက်လည်း သန်းခေါင်စာရင်း ဆက်လက်ကောက်ခံနိုင်ဖို့ အချိန်ပေးထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

နားဆင်ရန်

RFA Burmese

သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေးကင်မရာ တပ်ဆင်








Mizzima Burmese 

Gonorrhea ဂနိုရောဂါ


မေးလာသူတွေ အလွန်များတယ်။ နမူနာလောက်သာတင်ပါမယ်။
၁။ ဂနိုရောဂါက ဘယ်လောက်ထိဆေးကိုသောက်ရမှာ ပျောက်ကင်းဖိုအချိန်ဘယ်လောက်ကြာနိင်လဲ။ နေ့တိုင်း တစ်နေ့တစ်လုံးသောက်ရမလား ပိုသောက်မရဘူးနော်။ CIPROFLOX 500mg အဲဒီဆေးဟုတ်ပါတယ်နော် ပြောပြပေးပါ။
၂။ ဂနိုရောဂါအကြောင်းကို သိချင်နေတာ လွန်ခဲ့တဲ့ ၃နှစ်လောက်ထဲကပါ။ သမီးရဲ့အမတယောက် ဖြစ်ဘူးပါတယ်။ သူရဲ့ခင်ပွန်းက့ က စက်ရုံတခုမှာ့ လုပ်ပါတယ်။ အဲ့ဒီအချိန်က သူတို့် အတူမနေကြပါဘူး။ သူ့ခင်ပွန်းသည် ခွင့်နဲ့ပြန်လာပြီး၊ တပတ်လောက်အကြာမှ အမလဲ့ ကိုလိုက်သွားပါတယ်။့ ရောက်မှ ရောဂါဖြစ်ပါတယ်။ ဆရာဝန်အမတယောက်ရဲ့ ညွှန်ကြားမှုနဲ့ အရေးပြားဆရာဝန်တယောက်ထံ ၂ ယောက်လုံး သွားရောက် ကုသ ပျောက်ကင်းသွားပါတယ်။ ဒါပေမယ့် ပြသာနာက ပြီမးသွားပါဘူး။ ဒီရောဂါဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ပက်သက်ပြီး သူတို့လင်မယားကြားမှာ သံသယ ပွားစရာတွေ ဖြစ်လာတယ်။
၃။ ဂနိုရောဂါ ရှိနေပါတယ်။ စဖြစ်နေတာက လွန်ခဲ့တဲ့ ၅ နှစ် လောက်ထဲကပါ။ အဲ့ဒီ့တုန်းက ငယ်သေးတော့ မသိဘူးလေ။ အခုတော့ ဖြစ်နေမှန်း သိလိုက်ရတယ်။ အခုဖြစ်နေတာက စိတ်ညစ်ဖို့ အရမ်းကောင်းတယ်။ ဆီးသွားပြီးရင် ဆီးက ကျန်နေသလိုမျိုးပဲ။ ဆီးလမ်းကြောင်းက ရောင်နေတာတော့ သိသာတယ်။ ဒါပေမဲ့ ကျွန်တော် ဖြစ်တာက ပြီလိုမျိုး အရေတွေ (အဝါရောင်အရည်) မထွက်တော့ဘူး။ ဆေးခန်းလဲ မပြချင်ဘူးဗျာ။
၎။ ကျွန်တော်က ဂနို ဖြစ်နေတာ ၅ နှစ်လောက်ကြာတဲ့ တယောက်ပါဆရာ။ ဆရာကို အကူအညီတောင်းလို့ ဆရာက Erthromyzin 500 mg သောက်ခိုင်းတဲ့တယောက်လေဆရာ။ အဲ့ဒီဆေးကအရမ်း ပြင်းတာနဲ့ ခေါင်းတွေ ဘာတွေ မူးပါတယ်။ ဒါကြောင့် ကျွန်တော် အခု Ofloxazin 200 mg ကိုပဲ တနေ့ ၃ လုံး သောက်နေပါတယ်။ အခု တော်တော်လေး သက်သာနေပါတယ်။ အရင်က ဆီးသွားရင် ဆီးကျန်နေတာတွေ၊ ဘာတွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ အခုတော်တော်လေး ဒုက္ခရောက်စရာတခု နဲ့ကြုံနေရပါတယ်။ ဆီးခဏခဏ သွားချင်းတာပါ။ နောက်ပြီး ဆီးသွားချင်ပြီဆိုလဲ တော်တော်လေးကို ထိန်းနေရပါတယ်။ ဆီးသွားဖို့ အဆင်မပြေတဲ့ အချိန်တွေဆို တော်တော်လေး တိုင်ပတ်ပါတယ်။ ဆီးအရမ်းသွားချင်တဲ့အခါ ထိန်းထားရင်လည်း ဇော်ချွေးတွေ ပြန်လာပါတယ်။ ကူညီပါအုံးဗျာ။

ဂနိုရောဂါဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမှာ အများဆုံးထဲက တခုဖြစ်တယ်။ ဆီးပူညောင်းကျရောဂါလို့ အရပ်ထဲမှာခေါ်ကြတယ်။ အရင်က နည်းသွားခဲ့ရာကနေ အခု ပြန်များ လာပြန်ပြီ။ Neisseria gonorrhoeae ဗက်တီးရီးယားကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံရာမှာသုံးတဲ့ ကျားအင်္ဂါ၊ မအင်္ဂါ၊ ပါးစပ်၊ စအို၊ နေရာတွေကနေ ဝင်လာတာပါ။ အဖေါ်မှာ ပိုးရှိရင် ယောက်ျားတွေက ၂ဝ% မိန်းမတွေက ၅ဝ% ကိုယ့်ကို ကူးစက်ဘို့ အခွင့်အလမ်း ရှိတယ်။

(၁) ယောက်ျား
ပိုးဝင်တာနဲ့ ၂ ရက်ကနေ ၁ဝ ရက်အတွင်း လက္ခဏာတွေ ပေါ်တယ်။ ဆီးအောင့်မယ်။ ခပ်ပြစ်ပြစ်-ခပ်ဝါဝါ အရေ ပန်းအဖျားကနေ ဆင်းမယ်။ အစေ့ရောင်မယ်၊ နာမယ်။ ဆီးကြိတ်ရောင်မယ်၊ နာမယ်။

(၂) အမျိုးသမီး
ပိုးဝင်တဲ့နောက် ၃ ပါတ်အထိနေလို့ ပိုကြာတတ်တယ်။ ဒါလဲ ၃ဝ-၄ဝ%မှာ ဘာ လက္ခဏာမှ မပေါ်ဘူး။ သားအိမ်အဝ မှာလည်း ဖြစ်လာတတ်တယ်။ ဆက်ဆံရင်နာမယ်။ ဆီးခဏခဏသွားချင်မယ်၊ ဆီးသွားရင်နာမယ်။ ဗဂျိုင်းနာမှာ ပူစပ်လာမယ်။ အဖြူ-အဝါ-ခပ်စိမ်းစိမ်း အရောင်ဆင်းမယ်။ ကြားရက်မှာ သွေးဆင်းတတ်တယ်။ ဆက်ဆံနေတုံး သွေးဆင်းတတ်တယ်။ ပိုဆိုးတဲ့ Pelvis Inflammatory Disease ရောဂါ ဖြစ်လာတတ်တယ်။ ဗိုက်အောက်ပိုင်း ဆီးစပ်နေရာက နာမယ်။ ဖြစ်ရင် ကလေးမရတာအထိ ဖြစ်နိုင်တယ်။ ရောဂါသေခြာအောင် ဆီးလမ်း-မွေးလမ်းက ဆင်းတဲ့အရည်ကို စစ်ရတယ်။ ၂ ရက်ကြာတယ်။ သွေးစစ်ရင် သွေးဖြူဥ များနေမယ်။ ပိုးတွေ့သူတွေ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေ HIV, Syphilis, Chlamydia ရှိ-မရှိပါ စစ်ပါ။

(၃) ကလေးငယ်
ရောဂါရှိတဲ့ မအေက မွေးတုံးက ကလေးကိုလည်း ကူးတယ်။ မျက်စိနာမယ်။ မကုရင် မျက်စိကွယ်နိုင်တယ်။

ဆေးကုခြင်း
• ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အဝရောင်ခြင်း၊ သားအိမ်အဝရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levaquin® 500 mg ၁ ပြား၊ ဒါမှမဟုတ် Tequin® 400 mg mg ၁ ပြား၊
• သာမန် ဂနိုရောဂါ၊ Ceftriaxone 125 mg IM ထိုးဆေး ၁ လုံး၊ ဒါမှမဟုတ် Cefixime 400 mg ၁ ပြား၊ ဒါမှမဟုတ် Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg ဒါမှမဟုတ် Penicillin မတည့်ရင် Spetinomycin 1 Gm IM ထိုးဆေး ၁လုံး၊ ဒါမှမဟုတ် Cefpodoxime 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg တနေ့ ၁ ပြား။
• ရှုတ်ထွေးတဲ့ ဂနိုရောဂါ၊
Penicillin G 10 million units IV နေ့စဉ်အကြောဆေး ၅ ရက်ဆက်သွင်းပါ၊ ဒါမှမဟုတ် Ceftriaxone 1 Gm IV နေ့စဉ်အကြောဆေး ၅ ရက်ဆက်သွင်းပါ၊ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ၊ ဒါမှမဟုတ် Levofloxacin 500 mg တတေ့ ၁ ကြိမ်၊ ၅ ရက်သောက်ပါ၊
• Endocarditis နှလုံးရောင်နေသူကို Ceftriaxone 1 Gm အကြောဆေး တနေ့ ၂ ခါ၊ ၃ ပါတ်သွင်းပေးပါ။
• ဖြစ်တဲ့ မိန်းကလေး အသက်ငယ်ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိရင် ထိုးဆေးပေးတာ ကောင်းတယ်။ ခံစားနေရတာတွေ သက်သာပေမဲ့ ဆေးပါတ်စေ့ပါစေ။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံး တပြိုင်တည်းဆေးကုပါ။ ကာကွယ်ဘို့က Latex condoms ကွန်ဒွန် သုံးပါ။

(ဂနိုရီးယား) ပိုးနဲ့အတူ (ကလာမိုင်ဒီယား) ပိုးလဲ တွဲရှိနေတာက ၅ဝ% လောက်ရှိလို့ တခုကိုသာမကဘဲ ၂ မျိုးလုံး တွဲပေးတာကောင်းတယ်။ (ကလာမိုင်ဒီယား) ပိုးအတွက်
• Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Zithromax® (azithromycin) 1.0 gm တခါထဲသောက်ပါ။ ဒါမှမဟုတ်
• Zithromax® Z-pak® (azithromycin) - 500mg ကို ပဌမနေ့သောက်ပြီး၊ 250mg ကို တနေ့ ၁ ကြိမ်၊ နောက်၎ ရက်ဆက်သောက်ပါ။

မကုသရင်
ဆိုးဝါးတာတွေ ဖြစ်လာတတ်တယ်။ သွေးကတဆင့် တခြားနေရာတွေဆီ ကူးစက်မယ်။ နောက်ဆက်တွဲ ရောဂါတွေ ရှိလာရင် ဖျားမယ်၊ ဗိုက်နာမယ်၊ ဆီးလမ်း-မွေးလမ်းက တခုခုဆင်းမယ်၊ အဆစ်နာ၊ အရေပြားမှာ အနီရောင် အပြင်တွေ အလယ်က ခပ်မဲမဲဖြစ်မယ်၊ အားယုတ်မယ်၊ စအိုနာ၊ လည်ချောင်းနာမယ်။
• ၂ဝ-၄ဝ% အမျိုးသမီးမှာ တင်ပဆုံတွင်းအင်္ဂါတွေရောင်ခြင်း၊
• ဦးနှောက် အမြှေး ရောင်နိုင်တယ်။
• ၁% နှလုံးသားရောင်နိုင်တယ်။
• Chlamydia (ကလာမိုင်ဒီးယား) ၆ဝ% အမျိုးသမီး တခြားပိုးကြောင့် အဖြူဆင်းခြင်း။

အတွဲဆိုရင် နှစ်ယောက်လုံးတပြိုင်တည်း ဆေးသောက်သင့်တယ်။ ဆေးကုနေစဉ်မှာ အကာကွယ်မသုံးဘဲ အတူမနေသင့်ပါ။ လိင်ကတဆင့် ကူးစက်ရောဂါတခုခုရှိသူတိုင်း HIV ကိုလဲစစ်ရပါမယ်။ သံသယရှိတဲ့အပြုအမူနောက် ၃ လနေရင် စစ်လို့ရပါပြီ။ ဆီးအက်စစ်ဓါတ် နည်းအောင် အစားအသောက် သတိပြုပါ။ အစပ်လျှော့စားပါ။ အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်၊ အက်စစ်ဓါတ် များစေပါတယ်။

Dr. တင်ဆွေ
၁၂-၄-၂ဝ၁၄

၂၀၁၀ မတိုင်ခင်အခြေအနေကို ပြန်မသွားနိုင်တော့ပါဘူးဟုဆိုသည့် လီရှန်လွန်းနှင့် အာရှသတင်းကွန်ရက် ၁၅ နှစ်ခရီး

Eleven Media Group အပါအ၀င် အာရှသတင်းကွန်ရက် ANN တွင်ပါဝင်သည့် အဖွဲ့ဝင်များ၏ Logo များပါဝင်သော ANN ၁၅ နှစ်ပြည့် အထိမ်းအမှတ်ကိတ်မုန့်

(ဆောင်းပါးရှင် - ဒေါက်တာသိန်းမြင့်)

အာရှသတင်းကွန်ရက် (Asia News Network-ANN) သည် အာရှနိုင်ငံများ၏ အဓိကအဖြစ်အပျက်များကို ခြုံငုံပေါင်းစပ်ဖော်ပြနိုင်ရန်အတွက် နေ့စဉ်ထုတ်သတင်းစာများ စုစည်းထားသည့် ကွန်ရက်တစ်ခုဖြစ်ပါသည်။

၎င်းကို ၁၉၉၉ ခုနှစ်၊ မတ်လတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ KAS (Konrad Adenauer Stiftung) ကဦးစီးကျင်းပသည့် အာရှ-ဂျာမန် အယ်ဒီတာဖိုရမ်အပြီးတွင် ဖွဲ့စည်းခဲ့သည့်အတွက် ယခုဆိုလျှင် ၁၅ နှစ်ပြည့်ပြီးခဲ့ပြီးဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ဒေသတွင်း၌ ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်ဇင်ဖွံ့ဖြိုးရေးကို အားပေးကူညီရန် ဖြစ်ပါသည်။ အရေးကြီးသည့် ဘုတ်အဖွဲ့အစည်းအဝေးကို တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် စင်ကာပူနိုင်ငံ The Straight Times သတင်းစာနှင့် Channel News Asia သတင်းဌာနတို့ကို ဖြန့်ချိထုတ်လွှင့်နေသည့် Singapore Press Holdings ဧပြီ ၇ ရက်၌ ပြုလုပ်ခြင်းဖြစ်ပါသည်။

နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အဖွဲ့ဝင်ပေါင်း ၂၁ ဖွဲ့သည် မိမိတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသော တစ်နှစ်စာအဖြစ်အပျက်များကို တင်ပြပြောဆိုဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်မှုအပေါ် ဖိနှိပ်တားဆီးမှုများ ပိုမိုဆိုးရွားလာပြီး သတင်းထောက်များအား ထောင်ချခြင်းများ၊ သတင်းရယူမှုအပေါ် တားဆီးမှုများ၊ သတင်းလက်ဝါးကြီးအုပ်မှုများအပြင် မျှတသော ယှဉ်ပြိုင်မှု (Fair Competition) မရှိစေရန် လုပ်ဆောင်မှုများကို အစိုးရကိုယ်တိုင်က အဓိကပြုလုပ်နေကြောင်း ရှင်းလင်းပြောဆိုခဲ့ပါသည်။

ရှင်းလင်းပြောဆိုရာတွင် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်၌ Public Owned Daily သတင်းစာများ စတင်ထုတ်ဝေခဲ့ကြောင်း၊ Fair Competition မရှိသည့်အတွက် တချို့ရပ်နားလိုက်ရကြောင်း၊ အစိုးရသတင်းစာများ၏ Advantage ယူမှု၊ Low Price နှင့် သတ်မှုများကြောင့် နောက်ထပ်လည်း ရပ်နားရနိုင်ကြောင်း ရှင်းပြခဲ့သည်။ ထို့ပြင် မခိုင်ကို ထောင်သုံးလချသည့်ကိစ္စ၊ Unity ကို သမ္မတရုံးအစီအစဉ်ဖြင့် တရားစွဲဆိုသည့်ကိစ္စ၊ DVB သတင်းထောက်ကို ထောင်ချသည့် ကိစ္စတို့ကိုလည်း ရှင်းပြခဲ့ပါသည်။ နောက်ပြီး ၂၀၀၃ ခုနှစ် မေ ၃ ရက် Press Freedom နေ့တွင် The Daily Eleven နေ့စဉ်ထုတ်သတင်းစာကို အခက်အခဲ အနှောင့်အယှက်များကြားထဲမှ စတင်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ The Nation နှင့် ပူးပေါင်းလုပ်ဆောင်မည့် Myanmar Eleven အင်္ဂလိပ်သတင်းစာထုတ်ဝေခွင့် လျှောက်ထားမှုကိုလည်း ကြိမ်ဖန်များစွာ အကြောင်းအမျိုးမျိုးပြပြီး ဆိုင်းငံ့ထားခဲ့ကြောင်းနှင့် တစ်နေ့တွင် ရှေ့သို့ မဖြစ်မနေ ရွေ့သွားမည်ဖြစ်ပြီး အောင်မြင်မှုမလွဲမသွေ ရလာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

သတင်းဌာနတချို့က ကျွန်တော်တို့ သတင်းစာထုတ်ဝေမှုမှာ အရင်း (Break Even) ရပြီလားဟု လာမေးကြပါသည်။ ရပြီဖြစ်ကြောင်း ကျွန်တော်ပြန်ပြောသည့်အခါ သူတို့အံ့သြသင့်သွားကြပါသည်။ တချို့ကလည်း "မင်းတို့သတင်းစာက ဘယ်ပါတီကို ကိုယ်စားပြုသလဲ" ဆိုပြီး ထူးထူးဆန်းဆန်းလာမေးကြပါသည်။ ဘယ်ပါတီကိုမှ ကိုယ်စားမပြုကြောင်းနှင့် အတိုက်အခံပါတီရော အစိုးရပါတီပါ ဝေဖန်စရာရှိလျှင် အကုန်ဝေဖန်ကြောင်း ရှင်းပြလိုက်ပါသည်။

ဧပြီ ၈ ရက် စင်ကာပူဝန်ကြီးချုပ်နေအိမ်သို့သွားရောက်ပြီး စင်ကာပူဝန်ကြီးချုပ်အား တွေ့ဆုံကြပါသည်။ အ၀င်အ၀တွင် စစ်ဆေးမှုများ တင်းကျပ်သော်လည်း အိမ်အတွင်းပိုင်းရောက်သည့်အခါ လွတ်လပ်စွာ သွားလာကြည့်ရှုခွင့်များ ရကြပါသည်။ တွေ့ဆုံသည့် ခန်းမတွင်းရှိ အခင်းအကျင်းအပြင်အဆင်များသည် သာမန်ကုမ္ပဏီရုံးခန်းအဆင့်ထက်မပိုဘဲ ရိုးရိုးရှင်းရှင်းဖြစ်သည်ကို တွေ့ရပါသည်။

ဝန်ကြီးချုပ်သည် တည်ကြည်ပြီး မိမိအလုပ်အပေါ် နားလည်ယုံကြည်တတ်ကျွမ်းမှု ရှိနေပုံရပါသည်။ ANN အဖွဲ့ဝင်အသီးသီးက မိမိနိုင်ငံအကြောင်း၊ မိမိနိုင်ငံနှင့် စင်ကာပူ ဆက်ဆံရေးအကြောင်း၊ ဒေသတွင်းအခြေအနေပြသနာများအကြောင်းကို မေးမြန်းရာတွင်လည်း အေးအေးဆေးဆေး ရှင်းလင်းလွယ်ကူစွာ ပြန်လည်ဖြေကြားသွားသည်ကို တွေ့ရပါသည်။

မေးခွန်းများ၏အဖြေများကို ကြည့်ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီပွားရေး၊ ဘာသာရေး၊ လူမျိုးရေး အခြေအနေများအပေါ် ကျွမ်းကျင်နှံ့စပ် ဗဟုသုတပြည့်စုံသူဖြစ်ကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက "ခရီးရှည်ကြီးဖြစ်ပြီး ပထမအဆင့် ခြေလှမ်းအနည်းငယ်သာရှိသေးကြောင်း၊ ရွေးကောက်ပွဲ မကျင်းပခင် ၂၀၁၀ ကရရှိခဲ့တဲ့ အနေအထားထက် ပိုမိုခိုင်မာတဲ့အနေအထားကို သူတို့ရောက်ရှိနေပါပြီ" ဟု ဖြေကြားခဲ့ပါသည်။ စင်ကာပူသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသားအများအပြားသည်လည်း စင်ကာပူတွင် နေထိုင်အလုပ်လုပ်ကိုင်နေကြပါသည်။

၂၁၀၅ ရွေးကောက်ပွဲမတိုင်မီ မြန်မာရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ လီရှန်လွန်းက "ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့က မြန်မာနိုင်ငံနဲ့ ပြည်သူတွေက ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ် သူတို့မှာရှိပါတယ်။ ဖွဲ့စည်းပုံကိုပြောင်းလဲဖို့ သူတို့ဆုံးဖြတ်ခဲ့ရင် အဲဒီလုပ်ငန်းစဉ်အတိုင်း သွားရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲသင့်သလား။ မပြောင်းလဲသင့်ဘူးလားဆိုတာ ကျွန်တော်တို့ပြောရမယ့်စကားမဟုတ်ပါဘူး" ဟု ရှင်းရှင်းလင်းလင်း ရှုမြင်ပြောကြားခဲ့သည်။

အာဆီယံအစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ လာရောက်ရန်ရှိသည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက "မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းမှာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ခရီးရှည်ကြီးပါ။ သူတို့ဟာ အစကောင်းနေပါပြီ" ဟု ပြောကြားခဲ့သည်။ "အစိုးရအုပ်ချုပ်ရေးနဲ့ စီးပွားရေးစီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ရမယ့်ဟာတွေ အများကြီး ရှိနေပါသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ စီးပွားရေးခန့်ခွဲမှုအတွက် ကြိုးစားဆောင်ရွက်ရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အလွန်ရှုပ်ထွေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်" ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

၎င်းအပြင် မြန်မာနိုင်ငံကို အုပ်ချုပ်ရန်အတွက် နှင်းဖုံးတောင်တန်းများရှိသည့် မြောက်ဘက်စွန်းမှ အပူပိုင်းဇုန် တောင်ဘက်စွန်းအထိ ငြိမ်းချမ်းရေးရရှိစေရေး ဆောင်ရွက်လုပ်ဆောင်ရပါမယ်။ ၎င်းလုပ်ငန်းသည် ခရီးရှည်ကြီးဖြစ်ကြောင်း၊ အတူတူသွားရမည့် လူများအကြားတွင်လည်း နိုင်ငံရေးကွဲလွဲမှုရှိနေကြောင်း၊ ဦးဆောင်မည့်သူများကြားတွင်လည်း ကွဲလွဲမှုများရှိနေကြောင်း၊ ယင်းအခြေအနေသည် လူ့အဖွဲ့အစည်း၏သဘာဝဖြစ်ပြီး ခရီးလမ်းအောင်မြင်ပါစေကြောင်း ဆုတောင်းပါသည်ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ စင်ကာပူကုမ္ပဏီများသည် လွန်ခဲ့သော နှစ် ၂၀ ခန့်ကပင်ရှိနေပြီး လုပ်ငန်းများတိုးချဲ့ရန်လည်း ရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

"မြန်မာမှာ ဆိပ်ကမ်းတည်ဆောက်ဖို့ ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးနဲ့ ကျွန်တော်စကားပြောခဲ့ပါတယ်။ အခြေအနေများ ပိုမိုကောင်းမွန်လာကြောင်း၊ သို့သော်လည်း ပြုပြင်ပြောင်းလဲရန် အများကြီးဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း သူကပြောခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံရဲ့အခက်အခဲတွေ ကျွန်တော်လျှော့မတွက်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သမ္မတဦးသိန်းစိန်တို့ ကျွန်တော်နဲ့သိခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှေ့သွားရမယ့်လမ်းကိုလည်း သူကသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ မတိုင်ခင်က ရှိနေခဲ့တဲ့အခြေအနေ ခင်ဗျားတို့ပြန်မသွားနိုင်တော့လို့ပါ" ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

သင်္ချာပညာထူးချွန်၍ အတွက်အချက်ကောင်းပြီး ကွန်ပျူတာသိပ္ပံဘာသာရပ်တွင် ဂုဏ်ထူးထွက်ခဲ့သည့် ကိန်းဘရစ်တက္ကသိုလ် ဟားဗက်တက္ကသိုလ်ကျောင်းဆင်း လီရှန်လွန်း၏နောက်ကြောင်း မပြန်နိုင်ဘူးဆိုသည့်စကား မည်မျှမှန်မည်ဆိုသည်ကို စောင့်ကြည့်ရပေဦးတော့မည်။

Eleven Media Group

လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဘုရားစေတီများနှင့် အိမ်များ ပြိုကျပျက်စီး



မြင်းခြံ၊ ဧပြီ ၁၁

မန္တလေး တိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ်၏ မြောက်ဘက် ဆီမီးခုံ ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများတွင် (၁၀.၄.၂၀၁၄) ရက်နေ့ ည (၇) နာရီအချိန်က လေပြင်း မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်- မန္တလေး အမြန် လမ်းမပေါ်တွင် ယာဉ်နှစ်စီး တိုက်၍ မီးလောင်မှု ဖြစ်ပွား (နောက်ဆက်တွဲ သတင်း)


ဖြူး ဧပြီ ၁၂

ရန်ကုန်- မန္တလေး အမြန်လမ်းမ မိုင်တိုင် ၁၁၆ ၂/၃ တွင် ဖြစ်ပွားခဲ့သော ယာဉ် (၂)စီး မီးလောင်မှု ဖြစ်စဉ်တွင် တောင်ပြာတန်း ယာဉ်မောင်း၏ အမည် ဦးအောင်ဇေယျ ဖြစ်ပြီး ယင်းမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိပြီး မော်တော်ယာဉ်မယ် မသူဇာသိမ့်သည် ယာဉ်တိုက်မှု ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်- မန္တလေး အဝေးပြေး လမ်းမရဲစခန်းသို့ ကိုယ်တိုင် လာရောက် သတင်းပို့ခဲ့ကြောင်း ရဲမှူးကြီး နေဝင်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ချီဇာဆလွန်းကား ၉ အေ - ၉၃၀၂ မှ ခရီးသည် (၆) ဦးနှင့် တောင်ပြာတန်း ခရီးသည်တင်ယာဉ် ၅ဃ- ၈၂၅၆ ပေါ်မှ ခရီးသည် (၆) ဦး၊ စုစုပေါင်း ခရီးသည် (၁၂)ဦး သေဆုံးခဲ့ကြောင်း ရဲမှူးကြီး နေဝင်းမှ အတည်ပြု ပြောကြားခဲ့ပါသည်။

တောင်ပြာတန်း ယာဉ်ပေါ်မှ ဦးအောင်မင်းသိန်း (၄၀)နှစ်၊ ဇနီး မသန်းသန်းဝင်း (၃၈)နှစ်၊ (၂-ခ) ရေကျော်လမ်း၊ အင်းစိန်နေသူနှင့် ကိုသက်လှိုင်ထွန်း (၂၄)နှစ်၊ အမတ (၃၅၇) တောင်ကြီး၊ မခင်စန်းဝေ (၃၆)နှစ်၊ (၂၀၈)၊ အာသောကလမ်း၊ (၃)ရပ်ကွက်၊ လှိုင်မြို့နယ် နေသူ ခရီးသည် (၄)ဦး မီးလောင်ကျွမ်း ထိခိုက် ဒဏ်ရာများ ရရှိ၍ ဖြူး ပြည်သူ့ ဆေးရုံသို့ တင်ပို့ ထားရှိကြောင်း၊ စိုးရိမ်ရသော လူနာ (၁)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသလျက် ရှိကြောင်း၊ တောင်ပြာတန်း အမြန်ယာဉ်ပေါ်တွင် ခရီးသည် (၄၄)ဦး လိုက်ပါ စီးနင်းလာကြောင်း၊ ရဟန်း (၁)ပါးနှင့် ခရီးသည် (၈)ဦးခန့်မှာ အခင်း ဖြစ်နေရာမှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ မိမိ အစီအစဉ်ဖြင့် ခရီး ဆက်လက် ထွက်ခွာ သွားသည်ဟု ကျန်ရှိ ခရီးသည်များမှ ဆိုကြောင်း သိရသည်။

MOI Webportal Myanmar

ဘောလုံးသမားဘ၀မှ အနားယူလျှင် ရုပ်ရှင်မင်းသားလုပ်မည့် မန်ယူတိုက်စစ်မှူးဟောင်းကြီး


ဂျာမန်ဘွန်းဒစ်လီဂါနှင့် ပရီးမီးယားလိဂ်တို့တွင် ထိပ်တန်း ကစားသမား တစ်ဦးအဖြစ် ရပ်တည်ပြခဲ့ပြီးနောက် ဒီမစ်တာ ဘာဘာတော့ဗ် အနေဖြင့် ၎င်း၏ ဘောလုံးသမားဘဝ နှောင်းပိုင်းကာလကို ပြင်သစ်ကလပ် မိုနာကို၌ ဖြတ်သန်းနေပြီ ဖြစ်သည်။ အသက်(၃၃)နှစ် ရှိပြီဖြစ်သော ဘူလ်ဂေးရီးယား လက်ရွေးစင်ဟောင်းသည် ယခုအခါ ဘောလုံးသမားဘဝ အပြီးသတ်ချိန်၌ ရှေ့ဆက်ရမည့် အသက်မွေးမှု လုပ်ငန်းကို ကြိုတင် စဉ်းစားနေပြီ ဖြစ်သည်။ ၎င်းသည် အခြားနာမည်ကျော် ဘောလုံးသမားများကဲ့သို့ TVအစီအစဉ်မှူး၊ ဘောလုံးနည်းပြ နယ်ပယ်များထဲ ခြေချရန် မရည်ရွယ်ဘဲ ဟောလီးဝုဒ်တွင် မင်းသားအဖြစ် ထိုးဖောက်ရပ်တည်ရန် ကြံစည်လျှက်ရှိသည်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း အဲရစ်ကန်တိုနာသည်လည်း ဘောလုံးကစားခြင်းမှ အနားယူသွားချိန်၌ ပြင်သစ် ရုပ်ရှင်လောကတွင် နာမည်ကျော်သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ဖူးသည်။ ဖူလ်ဟမ်အသင်းမှ မိုနာကိုသို့ အငှားထွက်ကစားနေသည့် တိုက်စစ်မှူးက “ကျွန်တော်ကတော့ ဘဝတစ်လျှောက်လုံး ကွဲပြားခြားနားတဲ့ အရာတွေကို စမ်းသပ်ကြည့်ခဲ့ဖူးပါတယ်။ လှပတဲ့ အရာမျိုးတွေ ဆိုပါတော့။ ဘောလုံးမှာလည်း ဒီလို စိတ်ကူးအတွေးအခေါ်မျိုးနဲ့ ကျွန်တော် ကစားခဲ့တယ်။ ခုတော့ ကျွန်တော့် အနာဂတ်ဟာ သရုပ်ဆောင် ဘဝမှာ လှပတဲ့ အခြေအနေ ရှိလိမ့်မယ်လို့ တွေးမြင်မိပါတယ်။ ကန်တိုနာနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်မယ် ဆိုရင်တော့ မျှတမှု မရှိပါဘူး။ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခမ်းနားလှတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။ သူသွင်းတဲ့ဂိုးတွေ၊ သူ့ကစားပုံတွေအပြင် ကော်လံကြီး တထောင်ထောင်နဲ့ သူ့ပုံရိပ်က အရမ်းကို မိုက်လွန်းပါတယ်”ဟု ဆိုသည်။

ကန်တိုနာကဲ့သို့ပင် ယူနိုက်တက် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်ခဲ့သည့် ဘာဘာတော့ဗ်က “နောက်တော့ ကန်တိုနာက ရုပ်ရှင်လောကဆီ ကူးပြောင်းသွားတယ်။ ကျွန်တော်လည်း ရုပ်ရှင်ရပ်ဝန်းကို နှစ်သက်တဲ့ အမာခံ ပရိသတ် တစ်ယောက်ပါ။ ဒါကြောင့် ဘောလုံးကစားသမား ဘဝက အနားယူရင် ရုပ်ရှင်တချို့မှာ ပါဝင်နိုင်ဖို့ သေချာပေါက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်တဲ့အခါ ကောင်းကောင်း လုပ်ပြနိုင်မယ်လို့လည်း ယုံကြည်မှု ရှိပါတယ်”ဟုလည်း ပြောကြားသွားသည်။
Planet Myanmar Network

ယောက်ျားကို လည်ပတ်ပတ်ပြီး သူမကြိုးဆွဲရာ လေးဘက်ထောက်လိုက်ခိုင်း (ရုပ်/သံ)


ဒီနေ့လည်း Myanmar CNN က သတင်းထူးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ သတင်းမရေးခင် Myanmar CNN ကို www.ygnnews.com လို့ ပြောင်းလဲထားတာကိုပါ အသိပေးချင်ပါတယ်။ ရင်အတိုင်း MyanmarCNN.com နဲ့ဝင်ဖတ်လည်း ဖတ်လို့ရနေမှာပါ။ ဒါပေမယ့် www.ygnnews.com နဲ့

ဂျာမနီရောက် ဒေါ်အောင်ဆန်းစုကြည့်၏ မိန့်ခွန်းများ (ရုပ်/သံ)

ရွေးကောက်ပွဲမှာဖြစ်လာမယ့် အခြေအနေ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား



၂၀၁၅ ရွေးကောက်ပွဲမှာ ဖြစ်လာမယ့် အခြေအနေ၊ လက်ရှိရွေးကောက်ပွဲကော်မရှင်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား တုံ့ပြန့်ချက်များ

-----------------------------

မြန်မာ / ဗမာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ / ဗမာနဲ့ပတ်သက်ပြီး ဂျာမဏီနိုင်ငံအစိုးရအဖွဲ့နှင့် ပြည်သူများကို ရှင်းလင်းပြောပြချက်


---------------------------------------------------

ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်2014 International Willy Brandt Prize ဆုလက်ခံရယူ (ရုပ်/သံ)




မြန်မာနိုင်ငံ ဒီမိုကရေစီ မရသေးဘူးဟု ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)




အားသွင်းရင် ဖုန်းပြောလို့ လက်ပြတ်သွားတဲ့ ဓာတ်ပုံတွေနဲ့ မိတ်ကပ်ပညာ (video)




စိန်ရွှေ ရတနာဆိုင်မှ ပစ္စည်းများ ၀ယ်မည်ဟု ဟန်ပြကာ ရတနာများ ခိုးယူသွားသူ ပါကစ္စတန်နိုင်ငံသား (၂)ဦးကို စစ်ဆေးရာမှ အခြားခိုးမှုများ ထပ်မံပေါ်



ရန်ကုန်၊ ဧပြီ ၁၂

၉.၄.၂၀၁၄ရက်နေ့၁၀၃၀အချိန်ကမာရွတ်မြို့နယ်၊(၇)ရပ်ကွက်၊ပြည်လမ်း
နှင့် ကျွန်းတောလမ်းကြား Junction Square စင်တာရှိ Rose Mary စိန်ရွှေရတနာဆိုင်သို့ နိုင်ငံခြားသားဟုယူဆရသော ကုလားအမျိုးသား(၂)ဦး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တရုတ်သမ္မတ တို့ တွေ့ဆုံ


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မွန်ဂိုလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာစဉ်

တရုတ်နိုင်ငံ၊ ပေကျင်း ကို ရောက်ရှိနေတဲ့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင်းပင်းတို့ ဧပြီလ ၁၁ ရက် ဧပြီလ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံအဖြစ် ဒေသတွင်းမှာရော၊ ကမ္ဘာမှာပါ ပိုမိုကြီးမားတဲ့ ကဏ္ဍမှာ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံကို တရုတ်က အားပေးထောက်ခံပါကြောင်းနဲ့ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ထပ်ပြီးခိုင်မာစေရေးအတွက် မြန်မာနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ တရုတ်သမ္မတ ရှီက ပြောဆိုပါတယ်။

၂ နိုင်ငံစလုံးက ကျယ်ပြန်တဲ့ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်ရေးကို တက်လှမ်းနိုင်ဖို့၊ နိုင်ငံရေးအရ ယုံကြည်မှု တိုးလာစေဖို့နဲ့ ကဏ္ဍအားလုံးမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ စိတ်ဓာတ်ကြံခိုင်မှု ရှိဖို့ တရုတ်သမ္မတ က တိုက်တွန်းလိုက်ပါတယ်။

ပါတီအချင်းချင်း ဆက်ဆံရေးအကြောင်း ပြောကြရာမှာတော့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့အတူ အဆက်အသွယ်တွေ တိုးလာဖို့ ဆန္ဒရှိကြောင်းနဲ့ နောက်ထပ် အစိုးရ စီမံခန့်ခွဲမှုတွေ ဖလှယ်ကြဖို့နဲ့ ၂ ဖက် ပါတီတွေရဲ့ အစိုးရစီမံခန့်ခွဲမှု လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်လာဖို့ ကေဒါရဲဘော် လေ့ကျင့်သင်တန်းပေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကြမယ့် ကိစ္စတွေကိုလဲ ဆွေးနွေးခဲ့တယ်လို့ ရှင်းဟွာသတင်းမှာ ဖော်ပြပါတယ်။

သူရဦးရွှေမန်းကတော့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် အောက်မှာ တရုတ်နိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဆက်ဆံရေးကို အထူးအလေးထားပါကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုအတွက် အကူအညီတွေ အပြင် နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်ပါကြောင်း ပြောကြားသွားပါတယ်။

DVB Burmese 

မြန်မာပြည်အတွက် အန္တရာယ်ကြီးတဲ့ အချိန်ရောက်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အခုအချိန်ဟာ မြန်မာပြည်အတွက် အကဲဆတ်ပြီး အန္တရာယ်ကြီးတဲ့အချိန် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဂျာမနီနိုင်ငံ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၁ ရက်နေ့က ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် ဆုတခုဖြစ်တဲ့ နိုင်ငံတကာ Willy Brandt ဆုကို လက်ခံရယူတုန်း သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားသေးပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ အခွင့်အရေးတော့ ရနေပါပြီ။ ဒါပေမဲ့လည်း အခုထိတော့ မတည်ထောင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ အခွင့်အရေး ရနေပြီ။ ရွေးချယ်ခွင့်လည်း ရှိနေပြီဖြစ်တဲ့အတွက် ဒီအချိန်က ကျမတို့အတွက် အရမ်းကို အကဲဆတ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် အရမ်းကို အန္တရာယ်များတဲ့ ကာလတခုဖြစ်ပါတယ်။”

ဆုပေးပွဲအခမ်းအနားကို ဘာလင်မြို့က SPD ပါတီ ရုံးချုပ်ရှိရာ Willy Brandt House မှာ ကျင်းပခဲ့ပါတယ်။ ပါလီမန်အမတ်တွေ၊ သံတမန်တွေ၊ ပါတီရဲ့ခေါင်းဆောင်တွေ ဂျာမနီ ဒုဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီ ဆုလက်ခံ အခမ်းအနားမှာ မြန်မာ့နိုင်ငံရေး အခြေအနေကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောသွားပါတယ်။

“စစ်အစိုးရက ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်မယ်ဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ညီဘူး။ စစ်တပ်ကိုလည်း အထူးအခွင့်အရေး ပေးထားတယ်ဆိုတာ သတိထားမိကြပါ လိမ့်မယ်။ ဒီနေ့ဒီအချိန် ကျမတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်ကတော့ လူ့အခွင့်အရေးနဲ့ ဒီိမိုကရေစီစံနှုန်းတွေ အပြည့်အ၀ရှိတဲ့ နိုင်ငံတခုဖြစ်လာအောင် ဒီဖွဲ့စည်းပုံကို ပြင်ဆင်မှာ ဖြစ်ပါတယ်။”

ဒါဟာ သူ့ရဲ့ ပထမဆုံး ဂျာမဏီနိုင်ငံခရီးစဉ်ဖြစ်ပြီး ဂျာမန် သမ္မတနဲ့ ဂျာမန်ဝန်ကြီးချူပ်တို့ကိုလည်း သီးခြားစီ တွေ့ဆုံခဲ့ပြီးပါပြီ။ ဧပြီ ၁၃ ရက်နေ့မှာတော့ Free University of Berlin မှာ ဂျာမနီရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ဧပြီလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

အမြန်လမ်းယာဉ်တိုက်မှု ဓါတ်ပုံများ


မြန်မာ့ငြိမ်းချမ်းရေးအတွက် ဗြိတိန် ပေါင်စတာလင် ၁ သန်းခွဲ ထောက်ပံ့ခဲ့


ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ပံ့ပိုးကူညီနေတာတွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေကို ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့အတွက် ပေါင်စတာလင် ၁ သန်းခွဲထောက် ပံ့ထားတယ်လို့ သိရပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းအတွက် ပေါင်စတာလင် ၁ဝ သန်းထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးလုပ်ငန်း ခေတ်မှီတိုးတက်ရေးအတွက် ၅ နှစ်စာ ပေါင်စတာလင် သန်း ၂၀ ထောက်ပံ့မယ် လို့ဆိုပါတယ်။

အခုလိုကူညီထောက်ပံတာတွေဟာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့၊ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေတရားမျှတ ဖို့၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်လာဖို့၊ ငြိမ်းချမ်းရေးရပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အဓွန့်ရှည်ဖို့တို့ကိုရည်ရွယ်ပြီး၊ ဗြိတိန်နိုင်ငံအနေနဲ့ အားပေးကူညီချင်တဲ့အတွက်ဖြစ်တယ်လို့ ဗြိတိန်အစိုးရ အင်တာနက်စာမျက်နှာမှာ ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ဖေါ်ပြထားတာဖြစ်ပါတယ်။

RFA Burmese

အတုယူစရာမြန်မာ့ သူဌေးကြီး


တချို့လည်း သိပြီးသားပါ၊ ဒါပေမယ့် မသိသေးတဲ့သူအတွက် ရည်ရွယ်ပါတယ်။ သဌေးကြီး ဦးနာအောက် အကြောင်းပါ။ သူက ဘာလို့ နာမည်ကြီးလဲဆိုရင် သူခေတ်က သူတစ်ဦးပဲ အင်္ဂလိပ်တွေနဲ့ စီးပွားရေး ပြိုင်လုပ်ရဲလို့ပါ။ ၁၈၃၂ မေလ ၁၇ ရက် ဘားအံ့မြို့နယ်၊ ခရဲရွာမှာ မွေးပါတယ်။
ငယ်စဉ်က ဆင်းရဲလို့ ကျွဲကျောင်းရပါတယ်။ အသက် ၃၅ နှစ် ရောက်တော့ ကတိုးကော့နပ်ရွာ က သစ်ကုန်သည် ဦးထော်မှာ ကူလီ ၀င်လုပ်ပါတယ်။ အလုပ်ကြိုးစာတော့ ကူလီခေါင်း ဖြစ်လာပါတယ်။ အဲ့လို အလုပ်ကြိုးစားရင်း ယိုးဒယား မှာ သစ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ရင်း သိန်း ၅၀ ကျော်လောက် ချမ်းသာလာပါတယ်။ ပိုက်ဆံရှိလာတော့ ဟေးလား၊၀ါးလား မလုပ်ပါဘူး။

ပရိယတ္တိသာသနာ ပြန့်ပွားရန် ကျောင်းတိုက်တွေ၊ စာသင်တိုက်တွေ လှူဒါန်း ပါတယ်။ ဦးနာအောက်က ကကိုးကော့နှပ်မှာ ချစ်တီး၊ဘာဘူ ကုလားတွေ နဲ့ ပြိုင်ပြီး ငွေးချေးလုပ်ငန်း၊ စပါး အရောင်းအ၀ယ် လုပ်ငန်းတွေ လုပ်ပါတယ်။ သူဆီချေးရင် အတိုးနည်းပြီး၊ စပါးဆို ဈေးကောင်းကောင်းပေးဝယ်ပါတယ်။ အဲတာကြောင့် တစ်ခါ စီးပွားပျက်သွားသေးပါတယ်။ ဒါပေမယ့် အလုပ်ပြန် ကြိုးစားတော့ ပြန်ချမ်းသာလာပါတယ်။

ဦးနာအောက် စီးပွားပျက်တာ အကြိမ်ပေါင်းမနည်းပါဘူး၊ သူက စီးပွားရေးကို စေတနာနဲ့ လုပ်လို့ပါ။ ဒါပေမယ့် နောက်ဆုံး ပြန်ချမ်းသာလာတာပါပဲ။
နောက် အမြတ်များလာတော့ မီးသင်္ဘောဝယ်ပြီး အင်္ဂလိပ် နဲ့ အပြိုင် ဈေးချပြီး ပြေးဆွဲပါတယ်။ နောက်ဆုံး အလကားပေးစီးသည့်တိုင်အောင် အပြိုင်ကြမ်းခဲ့ပါတယ်။ နောက်ဆုံး မီးသင်္ဘောလုပ်ငန်း ကို ရပ်လိုက်ရပါတယ်။ ဒါပေမယ့် သူရဲ့ ပြိုင်ရဲသည့် သတ္တိကိုတော့ အင်္ဂလိပ်တွေ လေးစားခဲ့ရပါတယ်။

သူရဲ့ အမည်ရင်းက ဦးအောက် ဖြစ်ပါတယ် အလုပ်သမားတွေက လေးစားတော့ အနိုင်အောက် ဟုခေါ်ရာမှ ဦးနာအောက်ဖြစ်သွားတာပါ။(အနိုင်က မွန်လို ဘကြီး လို့ခေါ်ပါတယ်) ဦးနာအောက် နာမည်ကြီးတော့ တချို့ အနောက်နိုင်ငံ သဌေး တွေသူ့ဆီ လာလေ့လာကြပါတယ်။

ဦးနာအောက်ကို မြင်တော့ အားလုံး အံ့သြသွားရပါတယ်။ ဦးနာအောက်က ရိုးရိုးတဲမှာ အလုပ်လုပ်နေလို့ပါ။ သူဌေးဆို အားလုံးက ဇိမ်နဲ့ နေတဲ့ထဲမှာ ဦးနာအောက် ကတော့ အလုပ်သမားတွေကြားမှာပဲ အလုပ်လုပ်နေပါတယ်။ ဦးနာအောက် ဟာ အသက် ၈၁ မှာ ကွယ်လွန်ခဲ့ပါတယ်။

သုတစွယ်စုံကျမ်း

Updated: အမြန်လမ်း ၁၁၆မိုင် ယာဉ်မီးလောင်မှုမှာ ခလေးတစ်ဦး အပါအ၀င် လူ (၁၂)ဦး သေဆုံး (မီးလောင်မှု ရုပ်သံပါသည်)


ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီ ၁၀ မိနစ်အချိန်လောက်က ခရီးသည်တင်ယာဉ်တစ်စီးနဲ့ အိမ်စီးကားတစ်စီးတို့ တိုက်မိရာက မော်တော်ယာဉ် ၂ စီးလုံး မီးလောင်ကျွမ်းပြီး လူ ၁၂ ဦး သေဆုံးသွားပါတယ်။

ဖြစ်စဉ်မှာ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်တင်ကား ၅ဃ/ ၈၂၅၆ နဲ့ မတ်တူး အိမ်စီးကား 9A-9302 တို့ဟာ ပဲခူးတိုင်းအတွင်း မိုင်တိုင်အမှတ် ၁၁၆/၂ နဲ့ ၁၁၆/၃ တို့အကြားမှာ ချိတ်မိရာက ခရီးသည်တင်ကားကြီးအောက် အိမ်စီးကား ရောက်သွားပြီး ကား ၂ စီးလုံး မီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။

တောင်ပြာတန်း ခရီးသည်တင်ကားပေါ်ပါသူ ၆ ယောက်နဲ့ အိမ်စီးကားပေါ်ပါသူ ကလေးတဦးအပါအ၀င် ၆ ယောက် စုစုပေါင်း ၁၂ ယောက် သေဆုံးသွားကြတာပါ။ တောင်ပြာတန်း ခရီးသည်တင်ကားပေါ်က ထိခိုက်ဒဏ်ရာရသူ ၄ ဦး ဖြစ်တဲ့ မသန်းသန်းဝင်း၊ မခင်စန်းဝေ၊ ကိုအောင်မင်းသိန်းနဲ့ ဦးသက်လှိုင်ထွန်းတို့ကို ဖြူးးပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။


DVB TV

ဖောက်ပြန်တဲ့ မိန်းမကို လည်ပင်းညှစ်လို့ တစ်ကျွန်းကျခဲ့တဲ့ ခင်ပွန်း

တရားခံ Iqbal

ငါတို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်းက ပြီးပြီလို့ ပြောခဲ့တဲ့ ဇနီးကို ခေါင်းစည်းပ၀ါနဲ့ လည်ပင်းညှစ်သတ်ခဲ့တဲ့ ခင်ပွန်းကို တစ်သက်တစ်ကျွန်း ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၂၉နှစ်ရှိ Muhammed Hussian Iqbal ဆိုတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီး Salma Parveen အသက် ၂၂ ကို သူတို့ရဲ့ အိပ်ခန်းထဲမှာ လည်ပင်းညှစ်သတ်ခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ သူ့ကို ထားသွားတော့မယ်လို့  ပြောခဲ့  ကြေငြာခဲ့တဲ့အတွက် ဖြစ်ပါတယ်။

Iqbal တစ်ယောက် အံ့သြသင့်ခဲ့ပြီး ဘဏ်ဝန်ထမ်းဖြစ်သူ Salma အလုပ်သွားဖို့ အဆင်သင့် ဖြစ်နေတဲ့အချိန်လို့ သိရပါတယ်။ ဒါကြောင့် သူမချည်ထားတဲ့ ခေါင်းစည်းပ၀ါနဲ့ သူမကို လည်ပင်းညှစ်ပြီး သတ်ခဲ့ပါတယ်။ သူမသေဆုံးသွားတဲ့ အခါမှာတော့ နောက်ထပ် ပ၀ါတွေ ခေါင်းစည်းတွေနဲ့ သူမရဲ့ ခြေနဲ့ လက်တွေကို ထုပ်ပိုးပြီး သူတို့နေထိုင်ရာ Coventry နေအိမ်မှာ ဖွက်ထားခဲ့ပါတယ်။ အဲဒီနောက် လန်ဒန်ကို ကြောက်ကြောက်နဲ့ ရထားစီးပြီး ထွက်ပြေးခဲ့ပါတယ်။

သို့သော်လည်း ရက်ပေါင်းအနည်းငယ် ကြာပြီးနောက်မှာတော့ လန်ဒန်က ရဲစခန်းတစ်ခုမှာ သူသွားရောက်ပြီး  အဖမ်းခံခဲ့ပါတယ်။

သူ့မှာ အပြစ်ရှိကြောင်း ခိုင်လုံတဲ့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမှာ ဖြစ်ပြီး ၁၅နှစ် အကျဉ်းချခံရမှာ ဖြစ်ကြောင်း တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

သူ့ရဲ့ ရှေ့နေကတော့ Iqbal ဟာ သူ့ဇနီးကို သေစေလိုတဲ့ ဆန္ဒမရှိခဲ့ပေမယ့် သူမကို ဆုံးရှုံးရမယ်ဆိုတဲ့ စိတ်ခံစားချက်ကြောင့် စိတ်မထိန်းနိုင်ဘဲ ယခုလို ဖြစ်ပျက်ခဲ့တာလို့ ပြောပါတယ်။ ဒါ့အပြင် သူ့ကို သူ့ဇနီးက ဓါးနဲ့ထိုးဖို့ ရည်ရွယ်ခဲ့တာကြောင့် ပြန်လည်ခုခံခဲ့ရပါတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အဆိုပါလျှောက်လဲချက်တွေဟာ အလိမ်အညာတွေ ဖြစ်ကြောင်း ရုံးတော်ကဖော်ပြခဲ့ပါတယ်။

Salmaနဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ ပျက်ဆီးခဲ့ပြီး သူမဟာ သူ့ကိုထားခဲ့ခြင်းကြောင်း သိရပါတယ်။ ဒါကြောင့် Iqbal ဟာ သူမကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး သူမကတော့ ဘယ်လိုမှ တန်ပြန် ကာကွယ်နိုင်ခြင်း  မရှိခဲ့ကြောင်း တွေ့ရပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်မှာ အစ္စလာမ်ထုံးစံအတိုင်း မင်္ဂလာဆောင်ခဲ့ကြပြီး Salma နဲ့ နောက်အမျိုးသားတစ်ဦး နမ်းနေကြတာကို Iqbal မြင်ပြီး နာရီပိုင်းအတွင်းမှာ ယခုလို လူသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Salma ဟာ Kamran Caan ဆိုသူ အမျိုးသားနဲ့ ၂၀၀၉/၁၀ ကနေစပြီး အဆက်အသွယ်ရှိခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့တယ်လို့ Kamran ကထွက်ဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အပြန်အလှန်ပေးပို့ကြတဲ့ ဖုန်းမက်ဆေ့ခ်ျများအရ Kamran ဟာ Salma ကို Cinderellaလို့ ခေါ်ဆိုပြီး သူဟာလည်း အခြားတစ်ဦးနဲ့ လက်ထပ်ဖို့ အစီအစဉ်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် Kamran ကတော့ Salma ကိုပြောကြာခဲ့တဲ့ စကားတစ်ခွန်းကတော့ သူဟာ သူမအတွက်နဲ့ သူ့ဇနီးကို ထားခဲ့ဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။ သို့သော်လည်း Salma သေဆုံးပြီး သုံးပတ်အကြာမှာတော့ သူတို့ရဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

Kamran နဲ့ Salma တို့ရဲ့ များပြားလွန်းတဲ့ ဖုန်းမက်ဆေ့ခ်ျတွေအပြင် သူတို့နှစ်ဦး အပြင်မှာ တွေ့ဖို့ ချိန်းထားကြတဲ့ စာတွေကိုလည်း တွေ့ရပါတယ်။

Salma ရဲ့မိဘများကတော့ သူတို့ရဲ့ သမီးချောအတွက် ယူကြုံးမရ ဖြစ်ခဲ့ကြပါတယ်။ သူမဟာ သူတို့မိသားစုရဲ့ အနာဂတ် ၊ မျှော်လင့်ချက်ဖြစ်ပြီး သူမတို့ရဲ့ အိပ်မက်ကို ဖော်ဆောင်ပေးမယ့် သမီးလို့ သူတို့ ယုံကြည်ခဲ့ကြောင်း၊ သူမဘာလုပ်လုပ် သူတို့အနေနဲ့ မျက်စိမှိတ် ယုံခဲ့ကြကြောင်း၊ သူမဟာ အလွန်လှသလို စိတ်ထားလည်း အလွန်ကောင်းမွန်ကြောင်း၊ ခွန်အားပြည့်ဝပြီး ဘယ်လို အခက်အခဲမျိုးကိုမဆို ရင်ဆိုင်နိုင်တဲ့ မိန်းမတစ်ဦး ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

သေဆုံးသူ Salma

ယခုလို သူမသေဆုံးရခြင်းဟာ သူမရဲ့ ခန္ဒာကိုယ်တစ်ခုတည်း ဆုံးရှုံးရခြင်း မဟုတ်ဘဲ သူတို့အတွက်တော့ သူမနဲ့ပတ်သတ်တဲ့ သူတို့ရဲ့ လူနေမှုဘ၀ အစစ အရာရာ အားလုံးဆုံးရှုံးရခြင်း ဖြစ်တယ်လို့ မိဘများက ပြောဆိုပါတယ်။

ref: dailymail
World Myanmar

ကွာရှင်းပြီးမှ အဓမ္မကျင့်ဖို့ကြိုးစားလို့ အပြစ်ပေးခံရတဲ့ Twitterမှ အင်ဂျင်နီယာ လိင်တူစုံတွဲ



တွစ်တာမှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်သူ လိင်ပြောင်းထားတဲ့ အမျိုးသမီးတစ်ဦးကိုတော့ ကွာရှင်းဖို့  လျှောက်လွှာတင်ထားပြီး  ဖြစ်တဲ့ သူမရဲ့ ဇနီးအား အတင်းအကျပ် ကာမကျူးလွန်မှုနဲ့

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပွဲတော်တွင် ခါးပိုက်နှိုက်ဆွဲကြိုးဖြတ်မှုဖြစ်ပွားပြီး တရားခံဖမ်းမိ


ပဲခူးမြို့၊မြို့မရဲစခန်းအပိုင် မြို့တွင်းကြီးရပ်ကွက်၊ ရွှေမော်ဓောဘုရားပွဲတော်အတွင်း (၁၂.၄.၂၀၁၄)နေ့ ည(၁၂း၄၅)အချိန်ခန့်က ခါးပိုက်နှိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အောင်ကျော်ဦး (၂၉)နှစ်၊ (ဘ)ဦးကျော်သိန်း၊ ဗမာ/ဗုဒ္ဓ၊ ရောင်း/၀ယ်၊ အမှတ်(၁၁၈)၊ မြသပိတ် (၅)လမ်း၊ ကလျာဏီရပ်ကွက်၊ ပဲခူးမြို့နေသူသည် သားဖြစ်သူ မြတ်ဘုန်းကျော် (၁၁)လအား ချီပိုးလျှက် မိသားစုနှင့်အတူ ဈေးဝယ်ရန် ပွဲဈေးလျှောက်ကြည့်စဉ် ဖိနပ်ဆိုင်ရှေ့အရောက်တွင် သားဖြစ်သူ မြတ်ဖုန်းကျော်၏လည်ပင်းတွင်ဆွဲထားသော တစ်မတ်သားခန့်(တန်ဘိုး ၁၅၀၀၀၀ိ/-)ရှိ ရွှေဆွဲကြိုးအား နောက်မှဆွဲဖြုတ်လိုက်သဖြင့် လှည့်ကြည့်ရာ ဆွဲကြိုးဖြုတ်သူလူငယ်(၂)ဦးအား တွေ့ရှိ သဖြင့် ကလေးအား ဇနီးဖြစ်သူမအေးအေးမြင့်ထံသို့ပေးအပ်ကာ ဆွဲကြိုးဖြုတ်သွားသူ လူငယ်(၂)ဦး၏ နောက်သို့လိုက်လံဖမ်းဆီးရာ လူငယ်(၂)ဦးအနက် ကိုကိုလွင် (၂၄)နှစ် (ဘ)ဦးအောင်စိုး၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ အလင်းရောင်(၁)(၉)လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့နေသူအား ဖမ်းဆီးခဲ့ပြီး ရွှေမော်ဓောဘုရားရဲကင်းသို့ သွားရောက်အပ်နှံခဲ့ပါသည်။
ဖမ်းဆီးရမိသူ ကိုကိုလွင်အား စစ်ဆေးမေးမြန်းခဲ့ရာ ကျန်တစ်ဦးအား ၄င်းမသိရှိကြောင်း၊ ဆွဲကြိုးအားဖြုတ်ပြေးစဉ် လွင့်ပစ်ခဲ့ကြောင်းသိရှိရသဖြင့် ဆွဲကြိုးဖြုတ်သူ(အမည်၊ အသက်၊ အဘ၊ အလုပ်၊ နေရပ် စစ်ဆေးဆဲ)လူငယ်(၁)ဦးနှင့် ကိုကိုလွင်အား အရေးယူပေးပါရန် အောင်ကျော်ဦးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပဲခူးမြို့မရဲစခန်း (ပ)၂၃၆/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၇၉(နှိုက်)အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

ANP ဗဟိုကော်မီတီဝင် ဦးသိန်းမောင် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် စစ်တွေထောင်တွင် ကွယ်လွန်



(နိရဉ္စရာ- ၁၂ ဧပြီ ၂၀၁၄)

ရခိုင်အမျိုးသားပါတီ ( ANP) မှ ဗဟိုကော်မီတီဝင် ဦးသိန်းမောင်သည် စစ်တွေ ထောင်ထဲတွင် အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ဆက်စပ် ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် ကွယ်လွန်သွားခဲ့သည်ဟု သတင်း ရရှိသည်။

ခြင်္သေ့ ၄ ကောင်ကို မကြောက်မရွံ ပြန်လည်တိုက်ခိုက်ခဲ့သည့် ကြောင်


ဘော့ဆွာနာ နိုင်ငံမှာ ရှိတဲ့ သဘာဝ ဘေးမဲ့တောကြီး ထဲမှာ ကြောင်ကလေး တစ် ကောင်ဟာ သူ့ထက် အဆ ပေါင်း များစွာ ကြီး တဲ့ ခြင်္သေ့မလေး ကောင် ကို အနိုင်မခံ အရှုံး မပေး တဲ့ စိတ်ဓာတ် နဲ့ ပြန်လည် တိုက် ခိုက် မှု ပြု လုပ်ခဲ့ တယ် လို့ သိရပါတယ်။ ခြင်္သေ့မလေး ကောင်ဟာ ကြောင် ကလေး ကို ၀န်းရံပြီး တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ခြင်္သေ့မတစ်ကောင် ဟာ ကြောင်ကလေးကို စတင်အကဲစမ်းခဲ့တာဖြစ်ပါတယ်။ ဒီနောက် ခြင်္သေ့မလေးကောင် ဆက်တိုက်ရောက်လာ ပြီး တိုက်ခိုက် မှု တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကြောင် ကလေးဟာ သူ့ထက် အဆပေါင်း (၃၀) နီးပါးကြီးတဲ့ ခြင်္သေမတွေကို တုန်လှုပ် နေခြင်း မရှိဘဲ ပြန်လည် တိုက် ခိုက်ခဲ့ပါတယ်။ ခြင်္သေ့မတွေဟာ သူတို့ရဲ့ ကြီးမား လှတဲ့ ခြေ ထောက်တွေ နဲ့ ကြောင်ကလေး ကို ပုတ်ရိုက် မှုပြု လုပ်ပြီးတဲ့နောက် တုံ့ပြန်တိုက်ခိုက်ခြင်း ခံခဲ့ရတာကြောင့် အံသြခဲ့ကြပါတယ်။ ကြောင် ကလေး ဟာ အကြောက် အရွံ့လုံးဝမရှိဘဲ ခြင်္သေ့မတွေကို ဒေါသတကြီးအသံနဲ့ ခြိမ်း ခြောက်မှုပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ခြင်္သေ့မ တွေဟာ ကြောင်ကလေးကို ကိုက်ဖြတ်ခဲ့ တာမို့ နောက်ဆုံးမှာ လက်လျော့ အရှုံးပေး လိုက်ရပါတယ်။ ခြင်္သေ့မတွေဟာ ကြောင် ကလေးကို ကိုက်ဖြတ်ပြီးတဲ့နောက် ပါးစပ်နဲ့ ချီပြီး တစ်နေရာကို သယ်ဆောင်သွားခဲ့ပါ တယ်။ ဒီ အဖြစ် အ ပျက်ကို ဂျာမနီဓာတ်ပုံဆရာ ကလောဒီယာဟော့ဖ်က ရိုက်ကူးမှုပြုလုပ်ခဲ့ ပြီး ဒေးလီးမေးလ် သတင်းစာက ပြန်လည် ဖော်ပြခဲ့တာဖြစ်ပါတယ်။

The Messenger

မသန်စွမ်းသူများ ရေကစားမဏ္ဍပ် ဖွင့်မည်


မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရဲ့ စီစဉ်မှုဖြင့် မဟာသင်္ကြန်ကာလအတွင်း မသန်စွမ်းအသင်းအဖွဲ့များနဲ့ မသန်စွမ်းသူများ လာရောက်ကစားနိုင်ရန် အလုံမြို့နယ် စောရန်ပိုင်

သင်္ကြန်နဲ့ သင်္ကြန်စာ


မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ နီးလာတာနဲ့အမျှ သင်္ကြန် သံချပ်တွေ ဒိုးတွေ သင်္ကြန်သီချင်းတွေနဲ့ အတူ သင်္ကြန်စာကလည်း အတူပါလာစမြဲ ဖြစ်ပါတယ်။

သင်္ကြန် စာရောင်းတဲ့သူတွေရဲ့ ဒီနှစ်တော့ တနလာင်္သားသမီးတွေကို ဖက်ထားကြတော့ အပျိုကြီး လူပျိုကြီးတွေ စန်းပွင့်နေပြီဆိုတဲ့ အော်သံက နားထောင်တဲ့ လူတွေက ခပ်ပြုံးပြုံး ဖြစ်သွားစေပါတယ်။

ThaGyeinSarသင်္ကြန်ကာလအတွင်း လူပြည်ကို လာရောက်မယ့် သိကြားမင်းက ဘယ်လို ဘယ်နည်းနဲ့ လူပြည်ကို ဆင်းလာမယ်ဆိုတာက အစရှေ့လာမယ့် မြန်မာသက္ကရာဇ်မှာ ဖြစ်လာနိုင်တဲ့ စီးပွားရေး၊ လူမှုရေး၊ မိုးလေ၀သ၊ ကုန်ဈေးနှုန်း အခြေအနေနဲ့ ပျိုးကြဲရမယ့် ရက်တွေ စတာတွေကို သင်္ကြန်စာမှာ ထည့်သွင်းရေးသားလေ့ရှိတာပါ။

ဒါ့အပြင် လူတဦးချင်းရဲ့ မွေးဖွားတဲ့နေ့အလိုက် နှစ်သစ်မှာ ဖြစ်လာနိုင်တဲ့ ဟောကိန်းတွေကို လည်း ဝေေ၀ဆာဆာ ထည့်သွင်းရေးသားထားပါတယ်။

ဒီသင်္ကြန်စာတွေ မြန်မာ့ လူမှုဘ၀ထဲကို ဘယ်အချိန်က စရောက်လာတာပါလဲ။

မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုကတော့ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်က ပုံနှိပ်စက်တွေစပြီး ရောက်ရှိပြီးတဲ့ အချိန်ကစလို့ သင်္ကြန်စာကို ပုံနှိပ်ရောင်းချခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

သင်္ကြန်စာတွေဟာ မန္တလေး ရတနာပုံခေတ်ရဲ့ ကြွင်းကျန်တဲ့ မြန်မာ့ရိုးရာ တခုဖြစ်သလို သင်္ကြန်စာ ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးဇေယျာကိုက အခုလို ရှင်းပြပါတယ်။
“မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုအပေါ် ဗေဒင်နဲ့ ပတ်သက်ပြီးတော့မှ သူတို့ သိလိုတဲ့ ဟာလေးတွေ နောက်တခုကတော့ ကုန်ဈေးနှုန်းအခြေအနေလေးတွေ ရာသီဥတုအခြေအနေ လေးတွေကို သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သင်္ကြန်စာကို ထုတ်ဝေခဲ့တာ။”

သင်္ကြန်စာတွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တိုးပွားဖို့ အထောက်အပံ့တွေဖြစ်နေတာကို တွေ့ရ တယ်လို့လည်း သူက ပြောပါတယ်။

သင်္ကြန်စာမှာပါတဲ့ ဟောကိန်းတွေဟာ ပုံသေ သတ်မှတ်ထားတဲ့ ဟောကိန်းတွေကို တွေ့ရသလို ပညာရှင်တွေကလည်း ဒီပုံသေဟောချက်တွေကိုဘဲ ဟောပြောနေတာ ဖြစ်တဲ့ အတွက် မှန်တာတွေလည်း ရှိသလို မမှန်တာတွေလည်း ရှိတယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။
“သင်္ကြန်စာတွေမှာ အားနည်းချက်က ဘာဖြစ်လဲဆိုတော့ တိုင်းပြည်အတွက် ကောင်းတဲ့အကျိုး ဟောတာထက် မကောင်းတာတွေ အများကြီးပါလာတာတွေ့ရတယ်။ နောက် ပြည်သူလူထုကို စိတ်ခြောက်ခြားအောင် ဟောထားတဲ့ ဟောချက်တွေ တော်တော်များများ တွေ့ရှိရပါတယ်။ သင်္ကြန်စာတွေနဲ့ ပတ်သက်ပြီးတော့မှ ဒီဘက်ခေတ်မှာ ပြန်ပြီးတော့မှ ပြုပြင်ရေးသားဖို့လည်း လိုအပ်တယ်။ ဒီသင်္ကြန်စာတွေမှာ ဟောတာက ကျမ်းဂန်မှာ ဖော်ပြထားပေမယ့် ကိုယ့်ရဲ့ အသိဥာဏ်ပညာကို မြှင့်တင်ပြီးတော့ ပြန်ပြီး ရှာဖွေ လှမ်းဆက်ရမယ့်ဟာတွေ ရှိနေတယ်။ ဒါပေမယ့် ကျနော်တို့ရှေ့က ပညာရှင်တွေက အဲဒီလိုအခြေအနေမျိုး မဆောင်ရွက်သွားတာတွေ့ ရတယ်။”

ဒီအတွက် ၂၀၁၄ ခုနှစ်မှာတော့ စာမျက်နှာ ၄ မျက်နှာ ရှိတဲ့ မော်ဒန် သင်္ကြန်စာကို ဖေးဘရိတ် ဂျာနယ်မှာ ထည့်သွင်းပုံနှိပ် ဖြန့်ဝေခဲ့ပါတယ်။ ဒီမော်ဒန်သင်္ကြန်စာနဲ့ အရင်က သင်္ကြန်စာတွေရဲ့ ကွာဟချက်ကိုလည်း သူက အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ရဲ့ အဓိက ကွာခြားချက်ကတော့ ကျနော်တို့ကတော့ သင်္ကြန်စာ ကျမ်းဂန်တွေက အကြောင်းအရာတွေကို လုံးဝဖယ်ထုတ်လိုက်တယ်ပေါ့။ ဘာကြောင့် ဖယ်ထုတ်လိုက်လဲဆိုတော့ ပြည်သူလူထု စိတ်ခြောက်ခြားမယ့်ဟာတွေ တိုင်းပြည်ရဲ့ မကောင်းကျိုးအနိဋ္ဌာရုံ ဟောတဲ့ဟာတွေကို အားလုံးဖယ်ထုတ်ပြီးတော့မှ မြန်မာလ တလချင်းအလိုက် လကွယ်ရဲ့ ဇာတာဂွင်မှာ ရှိနေတဲ့ ဂြိုဟ်ရပ်တည်မှုတွေ နောက် တလအတွင်းမှာ ဖြစ်ပေါ်လာမယ့် ထူးခြားတဲ့ ဂြိုဟ် ရပ်တည်မှုတွေအရ မြန်မာပြည်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်ဈေးနှုန်း အခြေအနေ နောက် သဘာဝ ဘေးအန္တရာယ် အခြေအနေတွေ ဘယ်လို ဖြစ်မယ်ဆိုတာကို တင်ပြထားတဲ့ မော်ဒန်သင်္ကြန်စာ ဖြစ်ပါတယ်။ ကျနော်တို့ ယူထားတဲ့ အိုင်ဒီယာက လကွယ်ချိန်ကို တွက်ပြီးယူတဲ့ဟာကတော့ မြန်မာရိုးရာ ယဉ်ကျေးမှုမှာတော့ မရှိဘူး။ အနောက်တိုင်း နက္ခတ်ပညာကနေ ယူထားပြီးတော့မှ ဒီစနစ်နဲ့ ပုံစံအသစ် အသွင်သဏ္ဍာန်သစ်နဲ့ ကျနော်တို့ ထောက်ပြဆွေးနွေးတာ ဖြစ်ပါတယ်။”

အရင်နှစ်အစိုးရက မြန်မာ့ စာနယ်ဇင်းလောကကို ဖြေလျော့ခွင့်တွေပေးပြီးတဲ့နောက်မှာတော့ သင်္ကြန်စာ ထုတ်ဝေခွင့်ကဒ်ရှိတဲ့သူတွေကလည်း သင်္ကြန်စာတွေကို ထုတ်ဝေခွင့်ရရှိခဲ့ပြီး ပုံနှိပ်ထုတ်ဝေခဲ့ရာက သင်္ကြန်စာ ၄၊ ၅ မျိုးလောက်အထိ ဈေးကွက်မှာရောင်းချပါတယ်။ အစောဆုံးထွက်တဲ့သင်္ကြန်စာကို လူတွေက ပိုပြီး ၀ယ်ယူဖတ်ရှုကြတယ်လို့လည်း ဆိုပါတယ်။

အရင်ကတော့ သင်္ကြန်စာတွေဟာ ယဉ်ကျေးမှု ၀န်ကြီးဌာနက တာဝန်ယူ ထုတ်ဝေခဲ့တာ ဖြစ်ပေမယ့် အခုတော့ မန္တလေးက ပုဏ္ဏားအနွယ်ဝင်တွေ မိသားစု အသိုင်းအ၀န်းတွေက သင်္ကြန်စာကို ထုတ်ဝေခဲ့ကြပါတယ်။

ရှေးယခင် ဘိုးဘွားတွေခေတ်က သင်္ကြန်စာကို ယုံလည်းယုံကြည်ကြသလို သင်္ကြန်စာကို ကြည့်ပြီး စိုက်ပျိုး ရိတ်သိမ်းဖို့ ပြင်ဆင်ကြသလို ပေါကုန်၊ ရှားကုန် တွေကိုကြည့်ပြီး အရောင်းအ၀ယ် ပြုလုပ်ကြ ပါတယ်။

မြို့ပြတွေမှာထက် ကျေးလက်တောရွာတွေမှာ သင်္ကြန်စာက ပိုလွမ်းမိုးမှုရှိသလို အိမ်တွေကလည်း တအိမ်ကို တစောင်နီးပါးလောက် ၀ယ်ယူကြတာလည်း ဖြစ်ပါတယ်။
“အဓိကတော့ ကျေးလက်တောရွာတွေ အထိ ၀ယ်ယူသုံးစွဲရတဲ့ အကြောင်းအရင်းကတော့ သင်္ကြန်စာတွေမှာ အဓိက နက္ခတ်တွေ ကြယ်တွေနဲ့ တွက်ချက်ပြီးတော့မှ ပျိုးကြဲရမယ့်ရက်တို့ နောက် အဓိကကတော့ စိုက်ပျိုးရေးကဏ္ဍတွေ လုပ်ရမယ့် တောင်သူဦးကြီးတွေအတွက် တန်ဖိုးရှိတဲ့ ရက်လေးတွေ ပါတယ်။ အဲဒါကြောင့် ကျေးလက်နေ လူတန်းစားက သင်္ကြန်စာကို ပိုပြီး စိတ်ဝင်စားတာတွေ့ရပါတယ်။ အဓိက တော့ ကျေးလက်နေမိဘပြည်သူတွေ သင်္ကြန်စာကို စိတ်ဝင်စားရတဲ့အကြောင်းအရင်းကတော့ ကျေးလက်နေတဲ့လူတန်းစားအလွှာဟာ စိုက်ပျိုးရေးကို ဆောင်ရွက်တဲ့ လူတန်းစာအလွှာဖြစ်နေတဲ့အတွက်ကြောင့် သင်္ကြန်စာကို မိမိရရ ဆုပ်ကိုင်ပြီးတော့မှ သူတို့ရဲ့ စိုက်ပျိုးရေးကဏ္ဍတွေ စပါးလှောင်ပဲလှောင် သီးနှံလှောင်တဲ့ ကိစ္စတွေကို ဆောင်ရွက်တာ တွေ့ရပါတယ်။”

ဒါပေမယ့် အခုချိန်မှာတော့ သင်္ကြန်စာတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်လာသလို ၀ယ်ယူဖတ်ရှုတာ နည်းပါးလာတယ်လို့ ရှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့ခံ တဦးက အခုလို ပြောပါတယ်။
“သင်္ကြန်စာဖတ်ပြီးတော့မှ သင်္ကြန်စာမှာ ဘယ်လိုဆိုထားတယ်မျိုး မပြောကြတော့ဘူး။ အရင်တုန်းက ဘယ်အချိန်မှာ မိုးခေါင်တာတို့ ရေရှားတာတို့ အဲဒါတွေ အရင်တုန်းကတော့ ဖတ်ကြတာပေါ့။ နောက်မဖတ်ကြတော့ဘူး။”

သင်္ကြန်စာတွေကို ခေတ်သစ်ပုံစံနဲ့ ပြုပြင်ရေးသားမယ်ဆိုရင်တော့ ဖတ်ရှုတဲ့သူတွေအနေနဲ့ ပိုပြီး ဗဟု သုတရတာတွေ နိုင်တယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။ ဘယ်လိုပင်ဖြစ်စေကာမှု သင်္ကြန် အချိန်ရောက်ရင် သင်္ကြန်စာ တွက်ချက်ရောင်းချကြသူတွေ ရှိနေမှာဖြစ်သလို ၀ယ်သူ ဖတ်ရှူတွေ ကလည်း ရှိနေဦးမှာပါ။

မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့ သင်္ကြန်စာဆိုတာ ခွဲခြားမရတဲ့ ဓလေ့ ထုံးတမ်းတခုအဖြစ် မြန်မာကျေး လက်လူထုအကြား အခိုင်အမာ ဆက်ရှိနေဦးမယ်ဆိုတာကတော့ ယုံမှား သံသယဖြစ်စရာ မရှိကြောင်းပါ။

DVB Burmese

အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေကြား တိုက်ပွဲတွေအပေါ် ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းနဲ့ မေးမြန်းချက်

ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်း

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်ကြား မန်ဝိန်းဒေသမှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ဒီတိုက်ပွဲရဲ့ အရင်းခံဟာ သန်းခေါင်စာရင်း ကောက်ယူတဲ့ ကိစ္စနဲ့ လုံးဝ မပတ်သက်ဘူးလို့ ကေအိုင်အို က ပြောပါတယ်။
တိုက်ပွဲဖြစ်ရခြင်း အကြောင်းအရင်းတွေ အပါအ၀င် ကုလသမဂ္ဂကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား ကေအိုင်အိုဌာနချုပ်မှာ ဘာတွေ ဆွေးနွေးခဲ့သလဲ စတဲ့ အကြောင်းအရာတွေကို ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင် အပြည့်အစုံ နားဆင်နိုင်ပါတယ်။


DVB Burmese

၁၁၆မိုင် အမြန်လမ်းပေါ် ယာဉ်၂စီး မီးလောင်၊ လူ ၁၁ ဦးသေဆုံး


တောင်ငူခရိုင် ဖြူးမြို့နယ်အမြန်လမ်းရှိ မိုင်တိုင်အမှတ်၁၁၆/၂ နဲ့ ၁၁၆/၃ကြားမှာ ဧပြီ ၁၁ရက်နေ့ မနက် အစောပိုင်း ၂း၀၀ကျော်ခန့်က တောင်ကြီး-ရန်ကုန် ခရီးသည်တင် (တောင်ပြာတန်း) ကားက မတ်တူးယာဉ်ကို ကျော်တတ်စဉ် မတ်တူးကားမှာ တောင်ပြာတန်းကား အောက်သို့ ရောက်ရှိသွားပြီး

ငါ့ wall မှာ ငါတင်တာ၊ မကျေနပ်ရင် unfriend လုပ်သွား


ဒီ post ရဲ့ ခေါင်းစဉ်လိုမျိုး facebook status တွေ မကြာခဏ တွေ့မိကြမယ်ထင်ပါတယ်။ ဒီလို status တွေကြောင့်လည်း အပြင်က သူငယ်ချင်းအရင်းကြီးတွေ Facebook သုံးပြီးခါမှပဲ သူစိမ်းတွေဖြစ်ကုန်ကြပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းက နှစ်ယောက်လုံးက facebook ကို မကျွမ်းကျင်လို့ပါ။ Facebook ကို ကျွမ်းကျင်မယ်ဆိုရင် တင်တဲ့လူကလည်း ကိုတင်ချင်တာ တင်လို့ရမယ်၊ ကြည့်မယ်လူကလည်း ကိုယ့်ဆီမှာ ဘယ်လိုအကြောင်းအရာတွေပဲ လာပေါ်

ရမယ်ဆိုတာ သတ်မှတ်လို့ရတယ်။ ဒီတော့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ပျက်စရာမလိုတော့ဘူးပေါ့။

အရင်ဆုံးပြောချင်တာက ကိုယ့်အကောင့်ထဲမှာ လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ သူတစ်ယောက်တည်းကပဲ တင်တဲ့ status တွေက ကိုယ့်ဆီမှာ လာပေါ်နေရသလဲဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အပြင်မှာလည်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် facebook သုံးတယ်ဆိုပါစို့၊ friend လည်း အဒ်ထားတယ်။ ပထမတော့ ကိုယ့်သူငယ်ချင်းကြီးဆိုပြီး တင်သမျှ အကုန် like၊ comment တွေပေး၊ facebook မှာတွေ့ရင်လည်း chat ပေါ့ဗျာ၊ အဲဒီလို သူ့ post ကို like ထားဖူး၊ comment ပေးထားဖူး၊ chat ထားဖူးရင် facebook က အဲဒီလိုလူနှစ်ယောက်ကို အပြင်မှာရင်းနှီးတယ်လို့၊ ပိုခင်တယ်လို့ ယူဆပြီး သူတင်တဲ့ post ကို ပိုပြပေးတာ။ ဒါပေမယ့် နောက်ကျတော့ ဒီကောင်က နည်းနည်းလွန်လာပြီ၊ ထမင်းစားလည်းတင်၊ အပြင်သွားလဲတင်၊ checkin တွေလည်းဝင်၊ feeling တွေ watching တွေလည်းလုပ်၊ အိပ်ယာထလည်းတင် ဆိုတော့ မျက်စိနောက်လာကော၊ ဒါနဲ့ သူငယ်ချင်းအချင်းချင်းဆိုတော့ unfriend လည်းမလုပ်ချင်တော့ အရိပ်အမြွက်လေးပြောလိုက်တယ်၊

မင်းကွာ .. တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းလည်းမသိဘူး၊ ငါ့ဆီမှာ လာပေါ်တာ ရှုပ်နေတာပဲ

ဆိုတော့ သူငယ်ချင်းကလည်း သဘောပေါက်တယ်၊ ဒါပေမယ့် လက်မခံနိုင်ဘူး၊ ပထမတော့ ဘာမှမပြောဘဲနေလိုက်တယ်။ ဒါပေမယ့် တင်တာတော့မလျှော့ဘူး၊ မလျှော့တော့ နောက်တစ်ကြိမ် အပြောခံရကော၊ ဒီတစ်ခါတော့ သူလည်း

ဒေါသထွက်လာပြီးတော့

ငါ့ဝေါမှာငါတင်တာကွာ၊ မင်းမမြင်ချင်ရင် unfriend လုပ်သွား၊ block သွားလည်း ဘာမှမဖြစ်ဘူး၊ ငါစိတ်မဆိုးဘူး

စိတ်မဆိုးဘူးသာပြောတာ၊ တစ်ကယ်လုပ်ကြည့်ပါလား၊ အပြင်မှာပါ မိတ်ပျက်ကုန်မယ်။ အဲဒါနဲ့ သူတင်တာတွေကို သည်းမခံနိုင်ရာကနေ သူက ဒီလိုပါပြောလာတော့ ဒေါသငယ်ထိပ်ရောက်ပြီဆိုပါတော့၊ ဒါပေမယ့်

မကောင်းတတ်လို့ unfriend လောက်ပဲလုပ်လိုက်တယ်။ ဒါပေမယ့် အပြင်မှာ အခေါ်အပြောမလုပ်ကြတော့တဲ့အထိ ဖြစ်သွားရော။ ဒီလိုနဲ့ တစ်ကယ်အပြင်က သူငယ်ချင်းတွေ Facebook ကြောင့် မိတ်ပျက်ကုန်လို့၊ facebook က အရင်တုန်းကတည်းက လုပ်ထားပေးတာ တစ်ခုရှိတယ်။ အဲဒီတုန်းကတော့ သူငယ်ချင်းဝေါကိုသွားပြီးတော့ Show in news feed ဆိုတာလေးကို အမှန်ခြစ်လေး ဖြုတ်ထားရတာ။ ဒါပေမယ့် အဲဒါက လူမမြင်လို့ထင်တယ်။ Facebook က follow နဲ့ unfollow ဆိုတာကို အသစ်လုပ်ပေးလိုက်ပါတယ်။ အသစ်ဆိုပေမယ့် ကြာပါပြီ။ ဒါပေမယ့် ကျွန်တော့်ပတ်ဝန်ကျင်မှာ ဒီလို ပြဿနာတွေ တွေ့နေရလို့ အခုမှ ပြန်တင်ပေးလိုက်တာပါ။ တင်တဲ့အခါမှာလည်း နှစ်ဖက်လုံးအတွက် အဆင်ပြေအောင် တင်ပေးမှာပါ။

ပထမကတော့ သူငယ်ချင်းဆီက post တွေ မမြင်ချင်တော့တဲ့လူတွေ အတွက်ပါ။ သူ့ post တွေ မမြင်ချင်ရင် သူ့ကို သွားပြောဖို့ မလိုပါဘူး။ အရင်ဆုံး မပြင်ချင်တဲ့လူရဲ့ wall ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ဝိုင်းပြထားတဲ့ Following ဆိုတာလေးကို နှိပ်လိုက်ပါ။ Follow လို့ ပြန်ပေါ်နေပါလိမ့်မယ်။ အဲဒါဆိုရပါပြီ။ သူ့ တင်သမျှ ကိုယ့်ဆီမှာ မတက်တော့ပါဘူး။

facebook unfollow


နောက်တစ်နည်းကတော့ ကိုယ်တင်တာတွေ များနေတယ်လို့ အပြောခံရတဲ့ လူတွေအတွက်ပါ။ အရင်ဆုံး တင်တာများနေပြီ၊ ငါ့ဆီမှာ လာပေါ်တာရှုပ်နေတာပဲ လို့ ပြောတဲ့သူရဲ့ wall ကိုသွားလိုက်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း Friends ဘေးက down arrow လေးကိုနှိပ်ပြီး၊ Acquaintances ကိုနှိပ်လိုက်ပါ။

acquaintance


ပြီးရင် ကိုယ် post တင်တော့မယ်ဆိုရင် အောက်ကပုံထဲကအတိုင်း post visibility setting မှာ “Friends except acquaintances” ဆိုတာကို ရွေးပြီး တင်လိုက်ပါ။

friend except acquaintances


ဒါဆို ကိုယ်နဲ့ friend ဖြစ်တဲ့သူ အားလုံးမြင်ရပါမယ်။ ဒါပေမယ့် Acquaintances ထဲက လူတွေကတော့ Freind ဖြစ်ပေမယ့် မမြင်ရပါဘူး။ အဲဒါအပြင် ဒီနည်းလမ်းနှစ်ခုလုံးကို လုပ်တာဟာ တစ်ဖက်ကလူကို အဲဒီလိုလုပ်ထားတယ်ဆိုတာ မသိစေတဲ့အတွက် အပြင်မှာလည်း မိတ်မပျက်သလို Facebook ကိုလည်း စိတ်ကြိုက်သုံးနိုင်မှာပါ။

Myanmar IT (http://www.myanmarwebdesigner.com/blog/) မှ ကူးယူဖော်ပြပါသည်