ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပွဲတော်တွင် ခါးပိုက်နှိုက်ဆွဲကြိုးဖြတ်မှုဖြစ်ပွားပြီး တရားခံဖမ်းမိ

ပို့စ်တင်ချိန် - 4/12/2014 02:16:00 PM


ပဲခူးမြို့၊မြို့မရဲစခန်းအပိုင် မြို့တွင်းကြီးရပ်ကွက်၊ ရွှေမော်ဓောဘုရားပွဲတော်အတွင်း (၁၂.၄.၂၀၁၄)နေ့ ည(၁၂း၄၅)အချိန်ခန့်က ခါးပိုက်နှိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အောင်ကျော်ဦး (၂၉)နှစ်၊ (ဘ)ဦးကျော်သိန်း၊ ဗမာ/ဗုဒ္ဓ၊ ရောင်း/၀ယ်၊ အမှတ်(၁၁၈)၊ မြသပိတ် (၅)လမ်း၊ ကလျာဏီရပ်ကွက်၊ ပဲခူးမြို့နေသူသည် သားဖြစ်သူ မြတ်ဘုန်းကျော် (၁၁)လအား ချီပိုးလျှက် မိသားစုနှင့်အတူ ဈေးဝယ်ရန် ပွဲဈေးလျှောက်ကြည့်စဉ် ဖိနပ်ဆိုင်ရှေ့အရောက်တွင် သားဖြစ်သူ မြတ်ဖုန်းကျော်၏လည်ပင်းတွင်ဆွဲထားသော တစ်မတ်သားခန့်(တန်ဘိုး ၁၅၀၀၀၀ိ/-)ရှိ ရွှေဆွဲကြိုးအား နောက်မှဆွဲဖြုတ်လိုက်သဖြင့် လှည့်ကြည့်ရာ ဆွဲကြိုးဖြုတ်သူလူငယ်(၂)ဦးအား တွေ့ရှိ သဖြင့် ကလေးအား ဇနီးဖြစ်သူမအေးအေးမြင့်ထံသို့ပေးအပ်ကာ ဆွဲကြိုးဖြုတ်သွားသူ လူငယ်(၂)ဦး၏ နောက်သို့လိုက်လံဖမ်းဆီးရာ လူငယ်(၂)ဦးအနက် ကိုကိုလွင် (၂၄)နှစ် (ဘ)ဦးအောင်စိုး၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ အလင်းရောင်(၁)(၉)လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့နေသူအား ဖမ်းဆီးခဲ့ပြီး ရွှေမော်ဓောဘုရားရဲကင်းသို့ သွားရောက်အပ်နှံခဲ့ပါသည်။
ဖမ်းဆီးရမိသူ ကိုကိုလွင်အား စစ်ဆေးမေးမြန်းခဲ့ရာ ကျန်တစ်ဦးအား ၄င်းမသိရှိကြောင်း၊ ဆွဲကြိုးအားဖြုတ်ပြေးစဉ် လွင့်ပစ်ခဲ့ကြောင်းသိရှိရသဖြင့် ဆွဲကြိုးဖြုတ်သူ(အမည်၊ အသက်၊ အဘ၊ အလုပ်၊ နေရပ် စစ်ဆေးဆဲ)လူငယ်(၁)ဦးနှင့် ကိုကိုလွင်အား အရေးယူပေးပါရန် အောင်ကျော်ဦးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပဲခူးမြို့မရဲစခန်း (ပ)၂၃၆/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၇၉(နှိုက်)အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ