မိုးရွာပြီးလေပြင်းတိုက်ခိုက်စဉ်သစ်ပင်လဲကျရာမှပိမိ၍ ၁ ဦးသေဆုံး

ပို့စ်တင်ချိန် - 4/12/2014 09:05:00 AM



နေပြည်တော်၊ ဧပြီ ၁၁
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူး-မကွေးကားလမ်း၊ မိုင်တိုင်အမှတ်(၁/၁)အနီးတွင် ဆိုင်ကယ်တစ်စီးသစ်ပင်ပိ၍လူနှစ်ဦး မင်းဘူးဆေးရုံသို့ရောက်ရှိနေကြောင်းသတင်းအရ မင်းဘူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မင်းဘူးမှ မကွေးသို့ မင်းဘူးမြို့နယ်၊ ပီအိုင်စီဝန်ထမ်းအိမ်ရာဝန်းနေ စိုးလှိုင်(၁၉)နှစ်မောင်းနှင်ပြီး မင်းဘူးမြို့နယ်၊ အမှတ်(၄) ရပ်ကွက်နေ ဟိန်းထက်အောင်(၁၉)နှစ်လိုက်ပါလာသည့် ၂၆ယ/xxxxx ဒါရမ်း ၁၁၀ အနက်ရောင်ဆိုင်ကယ်သည် ရှုခင်းသာအနီး စိမ်းစိုသစ်တောရုံးအရောက် ရုတ်တရက်မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်ရာ လမ်းဝဲဘက်ရှိ လုံးပတ် ၄ ပေခန့်၊အရှည်၂၀ပေခန့်ရှိ ကုက်္ကိုပင်မှာ၎င်းတို့၏ဆိုင်ကယ်အပေါ်သို့လဲကျခဲ့ရာ ဟိန်းထက်အောင်တွင်ဦးခေါင်းထိပ်ပေါက်ပြဲ ဒဏ်ရာရရှိပြီးစိုးလှိုင်တွင်ရင်ဘတ်ယာ/ယာခါးပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့်ဆေးရုံတွင်ဆေးကုသနေစဉ်သေဆုံးသွားခဲ့ ကြောင်းနှင့်မင်းဘူးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၄)ဖြင့်ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိ

ရဲဇာနည်