လူရွှင်တော်ကြီးတွေ ပြောတဲ့ သင်္ကြန်သံချပ်

ပို့စ်တင်ချိန် - 4/12/2014 11:16:00 PM


သင်္ကြန်ရောက်ပြီဆိုတာနဲ့ ပြည်သူတွေအားလုံး တမ်းတသည်ကတော့ သင်္ကြန်သံချပ်တွေပဲ ဖြစ်ပါတယ်။ သံချပ်ဆိုသည်က ပြည်သူတို့၏ အသံများ ကို ဖော်ညွှ န်းကြ သည်များဖြစ်သည်။ ထို့ကြောင့်လည်း သင်္ကြန်နဲ့ သံချပ်အကြောင်းကို လူရွှင်တော်ကြီးတွေက အခုလို ပြောပြခဲ့ကြပါတယ်။

ဇာဂနာ

“သံချပ်ဆိုတာ ပြည်သူ ထဲကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့အသံတွေပါ။ သင်္ကြန်တစ်ခါလာရင် သူလည်း တစ်ခါလာတယ်။ အဲဒါကိုသင်္ကြန် သံချပ်သူရဲကောင်းတွေ က ပြည်သူတွေခံစားရတဲ့ သောက၊ ဒုက္ခ၊ အပူမီးတွေကို ရင်ဖွင့်ပေးလိုက်တဲ့အခါမှာ ဖမ်းဆီးခံရ၊ ပိတ်ပင်ခံရ၊ ထောင်ကျခံရတာတွေ ဖြစ် လာတဲ့အထိ ရှိခဲ့ဖူးတယ်။ ကိုယ့်အ တွက်တစ်ပါတီ အာဏာရှင်လက်ထက်မှာ သင်္ကြန်သံချပ်တွေကို လုံးဝပျောက်ကွယ်သွားအောင် ပိတ်ပစ်လိုက်တယ်။ သေချာတာ ကတော့ ခဏလေးပျောက်သွား တာ ပါ။ ပြည်သူတွေကလည်း သံချပ်ဆိုတာနဲ့ စည်းဝါးကိုက်လက်ခုပ်တီး အားပေးခဲ့တာပဲလေ။ ဒီသံချပ်တွေရဲ့စကား၊ သရော်စာကို ကြည့်ပြီး၊ နား ထောင်ပြီး ပြုပြင်ပြောင်း လဲ သွား တဲ့ အစိုးရခေတ်စနစ်တော့ မရှိဘူး။ တကယ်တော့ သင်္ကြန် သံချပ်သီချင်းတွေကို နားထောင်ရင်း ဘာကတော့ဘာဖြစ်တယ်၊ ဘယ်လိုရှိတယ်ဆို တာကို ပြည် သူတွေ ကိုသံချောင်းခေါက် လိုက်တာပါ။ ပြည်သူတွေကလည်း ဒါကိုကြားတော့ အဓိပ္ပာယ်တွေသိလာပြီး အသိတွေဝင်လာတယ်လေ၊ အသိဝင် လာ တဲ့ ပြည် သူတွေ ကို အစိုးရကလည်း ကြောက်ခဲ့တယ်။

ကြောက် တော့ တော်တော် ကြာကြာပိတ် ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှ အခု နှစ်၊ အခုအချိန်အထိ ပွင့်လင်း မြင်သာမှုနဲ့ ပြန်မဖွင့်သေးပါဘူး။ ရယ်စရာကောင်းတာက သံချပ် မှာ ဆင်ဆာတင်ရတာပဲ။ အရင် က ဒါတွေမှမရှိတာ။ ရန်ကင်း မြို့နယ်မှာဆိုရင်ဆုပေးမဏ္ဍပ် ၆ ခုလောက်ရှိတယ်။ ဒါပေမဲ့ အခုတစ်မြို့လုံးမှာ တောင် တစ်ခုမှမရှိတော့ဘူး။ ပုသိမ်၊ မန္တလေး၊ မော်လမြိုင်ထိတောင် ဆုပေးမဏ္ဍပ်တွေရှိခဲ့တယ်။ အခု အဲဒီလိုမျိုးပြန်ဖြစ်ရင်တော့ ကောင်းတယ်။ ဘာကြောင့် သံချပ် ကိုပိတ်တာလဲဆိုရင်တော့ အစိုးရ က ကြောက်လို့ ပိတ်တယ်လို့ပဲသိတယ်”

မေတ္တာ

နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးထဲမှာ သံချပ်လည်း အပါအဝင်ပါပဲ။ လူကြီးတွေကဆိုရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဆိုရင် သံချပ်ရဲ့ အနှစ်သာရကိုသိတယ်။ သံချပ်စာသားကောင်းရင် ချီးမွမ်းတယ်။ သံချပ်က အားလုံးအတွက်သာမက တစ်တိုင်းပြည်လုံးကလည်း သံချပ်ဆိုသဘောကျကြတယ်။ သံချပ်ဆိုတာက အပြုသဘောပဲ။ အပျက်သဘောမပါပါဘူး။ သံချပ်ရဲ့အနက်အဓိပ္ပာယ်ကိုက အဖြူသဘောပါ။ ပြုပြင်ပြောင်းလဲဖို့ သဘောပါ။ ပြောင်းလဲခြင်း၊ မပြောင်းလဲခြင်းကတော့ စိတ်နဲ့ ဆိုင်တယ်။ သံ ချပ်ကြောင့် ပြု ပြင်လိုက်တယ်ဆိုရင် ပိုကောင်းတာပေါ့။

သံချပ်ကို ဆိုကြ၊ တိုက်ကြတဲ့ သင်္ကြန်အသင်းကြီးတွေ အများကြီးပဲရှိတယ်။ ကြည့်မြင်တိုင်ကထွက်တဲ့ သင်္ကြန်သံချပ်အသင်းတွေ အများကြီးပါပဲ။ ဦးမေတ္တာတို့နဲ့ အတူ သင်္ကြန်ဆို အတူတူလုပ်တဲ့ နှစ်ပေါင်းများ စွာတွဲလာတာဆိုရင် ” ကျွန်ုပ်တို့သည်” အဖွဲ့ပေါ့ဒီသံချပ်ထိုးကြတဲ့ အဖွဲ့တွေ၊ အဲဒီအသင်းတွေ အားလုံးကသံချပ်တိုက်ရင် အပျ က်သဘောနဲ့ တစ်ယောက် မှမပြောကြပါဘူး။ တိုင်းပြည် ပျက်စီးအောင်၊ လူတွေ ပျက်စီး အောင်၊ စနစ်တွေပျက်စီး အောင် ပြောတာမျိုးမဟုတ်ပါဘူး။ တိုင်းပြည်ေ ကာင်းေ အာင် အပြုသဘောတွေပဲပြောကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါကြောင့် မို့ သံချပ်ဟာ အပြုသဘောနဲ့ တင်ပြတဲ့သံချပ်တွေ ဖြစ်တာ ကြောင့်မို့ ခွင့်လွှတ်သင့်တယ်။ လက်ခံရမယ်။

မနှစ်တုန်းကဆိုရင် ” ပြည်တော်ချစ်” ရေသဘင်အဖွဲ့ဆိုပြီးထွက်တယ်။ ဦးမေတ္တာ ဦးဆောင်ပြီးတော့ သံချပ်သီချင်းရေးတယ်။ လုပ်ဖော်ကိုင်ဖက်တွေအားလုံး ရဲ့ အတွေ့ အကြုံ၊ အယူအဆ၊ အတွေးအခေါ်တွေနဲ့ပေါင်းပြီး သံချပ်သီချင်းရေးခဲ့တယ်။ နာမည်ရတယ်၊ အောင်မြင်ခဲ့တယ်။ အခုလောလောဆယ် ရေးထားတာ က ပညာရေး အကြောင်းရေးထား တယ်။ အဲဒီသံချပ်တွေမှာ ဗဟု သုတ ဖြစ်စရာလေးတွေလည်း ပါ တယ်။ သံချပ်နဲ့ ပတ်သက်ပြီး ပြည်သူ့တရားရှင်ဆိုပြီး ဦးမေတ္တာ ခေါင်းဆောင်ဖြစ် ခဲ့ဖူးတယ်။ ဦးမေတ္တာ ရှစ်တန်းကျောင်းသား ဘဝကတည်းက သံချပ်တွေနဲ့ ရင်းနှီးခဲ့တာပါ”

အရိုင်း

ပြည်သူနဲ့နီးစပ်တဲ့အကြောင်းအရာလေးတွေကို သံချပ်နဲ့ဖော်ဆောင်ပေးတဲ့အတွက် တိုင်းပြည်ရဲ့ လိုအပ်တဲ့နေရာက ထောင့်ပေါင်းစုံပေါ့။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဒါတွေ အကုန်လုံးကို ထောက်ပြနေတဲ့ သံချပ်တွေဖြစ်တဲ့အတွက် ဒါတွေ က တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သင်ခန်းစာယူတတ်မယ်ဆိုရင် တော့ အင်မတန်ကောင်းတဲ့ သင်္ကြန်ရဲ့ သံချပ်ဖော်ဆောင်မှုက အများကြီး ထိရောက်မှုရှိနိုင်မှာပါ။ ဒါပေမဲ့ ထောက်ပြတဲ့ သူကဘယ်လောက်ပဲ ထောက်ပြထောက်ပြ၊ ဘယ်ေ လာက်ပဲ ဖော် ဆောင်ပေးနေပေးနေ မလိုက်နာခဲ့ဘူးဆိုရင် ဘယ်လောက် သံချပ်ထိုးနေနေ၊ ဘယ်လောက်ပဲ တင်ပြနေနေအကျိုးထူးမှာတော့ မဟုတ် ဘူးေ ပါ့။ ထောက်ပြနေတဲ့သူက ဘယ်လောက်ပဲ ထောက်ပြနေနေ မှားတဲ့သူကလည်း ပြင်ဦးမှကိုး။ မြန်မာတွေရဲ့ထုံးတမ်းအစဉ်အလာအရ ဒီအချိန်လေးမှာ သင်္ကြန် သံချပ်တွေ ထိုး ပြီး ပြောကြ၊ ဆိုကြတယ်ဆိုတာကလည်း ဒီအချိန်မှာ စိတ်သစ်လူသစ်နဲ့ လွတ်လွတ်လပ်လပ် ပျော်ကြ၊ ပါးကြတဲ့အချိန် ဖြစ်တဲ့အတွက် ရင်ထဲမှာ ရှိတဲ့ဟာတွေကို တစ်နှ စ်တာအတွက် ဖွင့်ထုတ်ကြတာပေါ့။ ဒီသဘောပါပဲ”

ထူးထူး၊ သိမ့်သိမ့်
Popular Myanmar