Updated: အမြန်လမ်း ၁၁၆မိုင် ယာဉ်မီးလောင်မှုမှာ ခလေးတစ်ဦး အပါအ၀င် လူ (၁၂)ဦး သေဆုံး (မီးလောင်မှု ရုပ်သံပါသည်)

ပို့စ်တင်ချိန် - 4/12/2014 03:16:00 PM


ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီ ၁၀ မိနစ်အချိန်လောက်က ခရီးသည်တင်ယာဉ်တစ်စီးနဲ့ အိမ်စီးကားတစ်စီးတို့ တိုက်မိရာက မော်တော်ယာဉ် ၂ စီးလုံး မီးလောင်ကျွမ်းပြီး လူ ၁၂ ဦး သေဆုံးသွားပါတယ်။

ဖြစ်စဉ်မှာ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်တင်ကား ၅ဃ/ ၈၂၅၆ နဲ့ မတ်တူး အိမ်စီးကား 9A-9302 တို့ဟာ ပဲခူးတိုင်းအတွင်း မိုင်တိုင်အမှတ် ၁၁၆/၂ နဲ့ ၁၁၆/၃ တို့အကြားမှာ ချိတ်မိရာက ခရီးသည်တင်ကားကြီးအောက် အိမ်စီးကား ရောက်သွားပြီး ကား ၂ စီးလုံး မီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။

တောင်ပြာတန်း ခရီးသည်တင်ကားပေါ်ပါသူ ၆ ယောက်နဲ့ အိမ်စီးကားပေါ်ပါသူ ကလေးတဦးအပါအ၀င် ၆ ယောက် စုစုပေါင်း ၁၂ ယောက် သေဆုံးသွားကြတာပါ။ တောင်ပြာတန်း ခရီးသည်တင်ကားပေါ်က ထိခိုက်ဒဏ်ရာရသူ ၄ ဦး ဖြစ်တဲ့ မသန်းသန်းဝင်း၊ မခင်စန်းဝေ၊ ကိုအောင်မင်းသိန်းနဲ့ ဦးသက်လှိုင်ထွန်းတို့ကို ဖြူးးပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။


DVB TV