စိန်ရွှေ ရတနာဆိုင်မှ ပစ္စည်းများ ၀ယ်မည်ဟု ဟန်ပြကာ ရတနာများ ခိုးယူသွားသူ ပါကစ္စတန်နိုင်ငံသား (၂)ဦးကို စစ်ဆေးရာမှ အခြားခိုးမှုများ ထပ်မံပေါ်

ပို့စ်တင်ချိန် - 4/12/2014 04:42:00 PM



ရန်ကုန်၊ ဧပြီ ၁၂

၉.၄.၂၀၁၄ရက်နေ့၁၀၃၀အချိန်ကမာရွတ်မြို့နယ်၊(၇)ရပ်ကွက်၊ပြည်လမ်း
နှင့် ကျွန်းတောလမ်းကြား Junction Square စင်တာရှိ Rose Mary စိန်ရွှေရတနာဆိုင်သို့ နိုင်ငံခြားသားဟုယူဆရသော ကုလားအမျိုးသား(၂)ဦး

ရောက်ရှိလာပြီး စိန်ထည်ပစ္စည်းများကြည့်ရှုကာ မ၀ယ်ဘဲပြန်ထွက်သွား
ခဲ့ပြီးနောက် အသဲပုံစိန်လော့ကတ်(၁)ခု၊ ကာလတန်ဘိုးငွေကျပ်
(၁၁၈၀၀၀၀၀)နှင့် မိုးစက်ပုံစိန်လော့ကတ် (၁)ခု၊ ကာလတန်ဘိုးငွေကျပ် (၉၆၃၀၀၀၀)ခန့်တို့ ခိုးယူခံခဲ့ရသဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၁၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး တရားခံဖမ်းဆီး
ရမိရေးစုံစမ်း ဆောင်ရွက်ခဲ့ရာ ၁၀.၄.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်ပူးပေါင်းအဖွဲ့တို့ သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ အမှုမှတရားခံများဖြစ်သည့် ပါကစ္စတန်နိုင်ငံသား Mr.Ali Asifi နှင့်
Mr. Hussain Baqir တို့(၂)ဦးအားတွေ့ရှိရှာဖွေရာ ၎င်းတို့ထံမှ အမှုမှပါဆုံးပစ္စည်းများ ဖြစ်သော အသဲပုံစိန်လော့ကတ်(၁)ခုနှင့် မိုးစက်ပုံစိန်လော့ကတ် (၁)ခုတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အမှုဖြင့်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ပါကစ္စတန်နိုင်ငံသား (၂)ဦးအား ထပ်မံစစ်ဆေးခဲ့ရာ ၎င်းတို့သည် ၄.၄.၂၀၁၄ရက်နေ့ ၀၈၃၀ အချိန်တွင် ပါကစ္စတန်နိုင်ငံမှ ရန်ကုန်မြို့သို့
ရောက်ရှိခဲ့ပြီး ပုဇွန်တောင်မြို့နယ်ရှိ YOMAဟိုတယ်တွင် တည်းခိုနေထိုင်
ခဲ့ကြကြောင်း၊ ရန်ကုန်မြို့ရှိ မိတ်ဆွေဖြစ်သူ ဦးလှဦး(ခ)မာမက်ရှဖစ်နှင့် ဆက်သွယ်၍ အငှားယာဉ်တစ်စီးအား တစ်ရက်လျှင်(၁)သိန်းကျပ်ဖြင့် ငှားရမ်းကာယင်းနေ့ညပိုင်းအချိန်တွင် ဦးလှဦး (ခ)မာမက်ရှဖစ်၊ ယာဉ်မောင်း ရဲမြင့်ဝင်း(ခ)ရဖစ်တို့နှင့်အတူ မန္တလေးမြို့သို့ထွက်ခွာခဲ့ကြောင်း၊ ၅.၄.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် ပျဉ်းမနားမြို့သို့ရောက်ရှိခဲ့ပြီး ပျဉ်းမနားမြို့မ
ဈေးရှေ့တွင် ကားအားရပ်ခိုင်းထားခဲ့ကာ ၎င်းတို့(၂)ဦးမှ ဈေးအတွင်းရှိ
ရွှေဆိုင်(၁)ဆိုင်သို့ဝင်ရောက်၍ ရွှေဝယ် ဟန်ဆောင်ပြီး ရွှေဆွဲကြိုး(၆)ကုံး၊ စုစုပေါင်းအလေးချိန်(၄)ကျပ်(၁၀)ပဲသားခန့်ကိုခိုးယူခဲ့ကြောင်း စစ်ဆေး
ပေါ်ပေါက်သဖြင့် ပျဉ်မနားမြို့မရဲစခန်း (ပ)၁၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။



၅.၄.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် မန္တလေးမြို့သို့ရောက်ရှိခဲ့ပြီး စံပယ်ဖြူ
ဟိုတယ်တွင်ညအိပ် တည်းခိုးခဲ့ကြောင်း၊ ၆.၄.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်
တွင်၎င်းတို့(၄)ဦးအတူ ဟိုတယ်မှထွက်ခွါခဲ့ပြီး မန္တလေးမြို့၊ ကျောက်သပိတ်
ဈေးရှေ့တွင်ကားရပ်ခိုင်းခဲ့ကာ အဆိုပါပါကစ္စတန်နိုင်ငံသား(၂)ဦးမှ
ဈေးအတွင်းရှိ ရွှေဆိုင်(၁)ဆိုင်သို့သွားရောက်၍ ရွှေဝယ်ဟန်ဆောင်ပြီး
ရွှေထည်လက်ဝတ်ရတနာမျိုးစုံ (၅၈)မျိုး၊ စုစုပေါင်းအလေးချိန် (၈)ကျပ်
(၂)ပဲ၊ (၄)ရွေးသားခန့်အားခိုးယူခဲ့ကြောင်း၊ ဆက်လက်၍ ရတနာပုံဈေးသို့
သွားရောက်ခဲ့ပြီးဈေးရှေ့တွင်ကားရပ်ခိုင်းခဲ့ကာ ပါကစ္စတန်နိုင်ငံသား(၂)ဦးမှ
ဈေးအတွင်းရှိ ရွှေဆိုင်သို့ဝင်ရောက်၍ ရွှေဝယ်ဟန်ဆောင်ကာ ရွှေလက်
ကောက်(၄)ကွင်း၊ စုစုပေါင်း အလေးချိန်(၁)ကျပ်၊ (၁၀)ပဲ၊ (၃)ရွေးသားခန့်ကို ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့ စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့ထံမှ သက်သေခံရွှေထည်
ရတနာပစ္စည်းများအား သိမ်းဆည်းကာ အမှုဖွင့်အရေးယူသွားရန်
ဆောင်ရွက်လျက်ရှိပြီး ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police