ဘုရားပွဲတွင် လောင်းကစား ပြုလုပ်၍ အရေးယူ

ပို့စ်တင်ချိန် - 4/12/2014 11:22:00 AM


ပဲခူးမြို့၊ဆုတောင်းပြည့် ရွှေမော်ဓေါ စေတီတော်မြတ်ကြီး ဘုရားပွဲတော် တွင်(၁၁.၄.၂၀၁၄)နေ့ ည(၇း၄၀) အချိန်ခန့်က သုဒဿနလမ်း ဈေးဆိုင်တန်းရှိ လမ်းဘေးတွင် စုံ/မ ကြွေအံ လောင်းကစားပြုလုပ်နေသူ ဒေါ်အေးလွင်၊(၄၅)နှစ်၊(ဘ)ဦးဝင်ကြည်၊ မှတ်ပုံတင် အမှတ် မရှိ၊ ညောင်ဝိုင်း(၁၃)လမ်း၊ကမ်းနားလမ်း၊ညောင်ဝိုင်း ရပ်ကွက်၊ ပဲခူးမြို့နေသူ အား ခရုကြွေစေ့ (၃၄)စေ့၊စုံ/မ စာတန်းပါ ရေးထိုးထားသည့် (၃၁.၁.၂၀၁၄) ရက်စွဲပ့ါ ကြေမုံ သတင်းစာ စာရွက်(၁)ရွက် နှင့်အတူ လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရ သဖြင့် (92)နံပါတ်ပါ ကွမ်းစား ဆေးဗူးအတွင်းမှလောင်းကြေးငွေ (၂၀၀၀ိ/) ကျပ်၊ဒေါ်အေးလွင် လွယ်ထားသော ကချင်လွယ်အိတ်အတွင်းမှငွေစက္ကူ ရောရာ (၁၀၀၀၀ိ/) ကျပ်တိတိအား သက်သေများနှင့်အတူ ဒေါ်အေးလွင် ထံမှ သိမ်းဆည်းရခဲ့သဖြင့် ပဲခူးမြို့မရဲစခန်းမှ (ပ)၂၃၄/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေလောင်းကစားပုဒ်မ ၁၂ (က) အရအရေးယူထားကြောင်းသတင်းရရှိသည်။
သန့်ဇင်
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ