ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ် ဖြစ်စေရန် ကွန်ကရစ် အပိုင်းအစများ ချထားသူအရေးယူ

ပို့စ်တင်ချိန် - 4/12/2014 10:00:00 AM


နေပြည်တော်၊ ဧပြီ ၁၁

၂၀၁၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်၌ လူတစ်ဦး ကွန်ကရစ်အပိုင်းအစများ ချထားကြောင်း သတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူသွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၃/၆-၇)ကြား၊ နေပြည်တော်မှရန်ကုန်သို့သွားလမ်းမပေါ်တွင် ကွန်ကရစ် အပိုင်းအစတုံးများ ချထားသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းရာရေငန်းမြောင်ကျေးရွာသို့ ခေတ္တလာရောက်နေထိုင်သူ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပေါကံ္ကရွာနေ အောင်ဇော်မြင့်(ခ)ဖိုးခွါး(၂၉)နှစ်မှ ချထားခြင်းဖြစ်ကြောင်းသိရှိရ၍၎င်းအား သာဂရ အမြန်လမ်းရဲစခန်း (ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၄၀ ဖြင့်လည်းကောင်း၊ ရဲရေးမပိုင်မှုအမှတ်စဉ်(၃၉/၂၀၁၄)၊ အမြန်လမ်းမကြီး ဥပဒေပုဒ်မ ၉(ဂ) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်