၁၁၆မိုင် အမြန်လမ်းပေါ် ယာဉ်၂စီး မီးလောင်၊ လူ ၁၁ ဦးသေဆုံး

ပို့စ်တင်ချိန် - 4/12/2014 01:46:00 PM


တောင်ငူခရိုင် ဖြူးမြို့နယ်အမြန်လမ်းရှိ မိုင်တိုင်အမှတ်၁၁၆/၂ နဲ့ ၁၁၆/၃ကြားမှာ ဧပြီ ၁၁ရက်နေ့ မနက် အစောပိုင်း ၂း၀၀ကျော်ခန့်က တောင်ကြီး-ရန်ကုန် ခရီးသည်တင် (တောင်ပြာတန်း) ကားက မတ်တူးယာဉ်ကို ကျော်တတ်စဉ် မတ်တူးကားမှာ တောင်ပြာတန်းကား အောက်သို့ ရောက်ရှိသွားပြီး
မော်တော်ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ပါတယ်။ မီးလောင်မှုကြောင့် မတ်တူးကားပေါ်ပါ (၅)ဦးနဲ့ တောင်ပြာတန်း
ကားပေါ်ပါ(၆)ဦး စုစုပေါင်း(၁၁)ဦး သေဆုံးခဲ့ပြီး အမြန်ယာဉ်ပေါ်ပါ ခရီးသည်(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြူးပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသနေရပါတယ်။





သတင်းဓာတ်ပုံ - သားကြီး (တောင်ငူ)
DVB TV News