ရီးယဲလ်ကို စွန့်ခွာမည် မဟုတ်ဟု အန်ဆလော့တီ အတည်ပြုပြောကြား


ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာရန် အစီအစဉ် မရှိကြောင်း နည်းပြ ကာလိုအန်ဆလော့တီက ထုတ်ဖော် ပြောကြားလိုက်ပြီး မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဖြစ်ခွင့်ကို ငြင်းဆန် သွားခဲ့သည်။

အီတလီသား နည်းပြကြီးသည် ယခုရာသီ အစောပိုင်းကမှ ပြင်သစ်လီဂူးဝမ်း ချန်ပီယံ PSGအသင်းကို စွန့်ခွာကာ ရီးယဲလ်သို့ ရောက်ရှိလာခဲ့သည်။ အန်ဆလော့တီ လက်အောက်တွင် ရီးယဲလ်သည် အောင်မြင်မှုများ ရရှိနေပြီး ကိုပါဒယ်လ်ရေး ဆုဖလားကို ရရှိထားသလို လာလီဂါနှင့် ချန်ပီယံလိဂ် ဆုဖလားများအတွက်လည်း အကောင်းဆုံး ဆက်လက် စိန်ခေါ်နိုင်ဆဲ ဖြစ်သည်။ ယူနိုက်တက်သည် မန်နေဂျာ ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ်ပြီးနောက် လူသစ်တစ်ဦး ခန့်အပ်ရန် ရှာဖွေနေရာ အန်ဆလော့တီသည်လည်း လျာထား စာရင်းဝင် တစ်ဦးဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

သို့သော်လည်း ချယ်လ်ဆီးနှင့် အေစီမီလန် နည်းပြဟောင်းက ၎င်းသည် ရီးယဲလ်ကို ကာလတို ကိုင်တွယ်ပြီး ထွက်ခွာသွားရန် စိတ်ကူးမရှိကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော် လောလောဆယ် ရီးယဲလ်မှာပဲ ပျော်ရွှင်နေပါတယ်”ဟု အသက်(၅၄)နှစ် ရှိပြီဖြစ်သည့် အန်ဆလော့တီက ဆိုသည်။ “ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတစ်ခုနဲ့ အတူတွဲ အလုပ်လုပ်ခွင့်ရတာ ကျွန်တော် ကံကောင်းလို့ပါ။ ကျွန်တော့်နေရာက ဒီမှာပါပဲ။ မန်ချက်စတာ ယူနိုက်တက်အပေါ် ကျွန်တော် အများကြီး လေးစားမှု ရှိပါတယ်။ မိုယက်စ် ထုတ်ပယ်ခံရတာကို ကျွန်တော် စိတ်မကောင်းဘူး။ ဒါပေမဲ့ ခုလောလောဆယ် ကျွန်တော့် နေရာမှန်က ဒီမှာပါပဲ”ဟု ၎င်းက ပြောဆိုသွားသည်။

Ref:skysports
Soccer Myanmar

အလုံမြို့နယ်တွင် နှစ်ထပ်တိုက်ပြိုကျ


မဇ္ဈိမသတင်းဌာန။ ။ အလုံမြို့နယ်ရှိ အလုံလမ်းတွင် နှစ်ထပ်တိုက်အိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ထိုနေရာသို့ ရောက် ရှိနေသည့် မဇ္ဈိမဓာတ်ပုံသတင်းထောက်က ဧပြီ ၂၆ ရက် ညနေ ငါးနာရီခွဲက

ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် မီးလောင်မှုသတင်း


ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် (၁၃)ရပ်ကွက် အမှတ် ၁၉/အေ ပန်းခြံ ကျောင်းလမ်းနှင့် သီရိမြိုင် လမ်းထောင့်တွင် (၂၆-၄-၂၀၁၄) ရက်နေ့ ညနေ (၃:၀၇) နာရီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးဝင်းကြိုင် (မွေ့ယာ လုပ်ငန်းဆိုင်ပိုင်ရှင်)၏ နေအိမ်တွင် အိတ်ဇော Fan မော်တာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းရာ လူနေအိမ်ခြေ (၄)လုံး မီးလောင်ကျွမ်းပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ခန့်မှန်း (၂၅)သိန်း (၇)သောင်းဖိုးခန့် ရှိပြီး ညနေ (၃:၂၅) နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး (၃:၄၀) နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။
MRTV



ရိုင်ယန်ဂစ်သည် မန်ချက်စတာယူနိုက်တက် မန်နေဂျာရာထူးအတွက် ထိုက်တန်သူဖြစ်ကြောင်း ဖာဂူဆန် မှတ်ချက်ပြု


ယာယီ မန်နေဂျာ ရိုင်ယန်ဂစ်သည် အိုးထရတ်ဖို့ဒ်၏ အမြဲတမ်း မန်နေဂျာ ရာထူးနှင့် ထိုက်တန်သူ ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ထောက်ခံ ပြောကြားလိုက်သည်။

ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်၏ ယာယီ မန်နေဂျာ ဖြစ်လာသည့် အသက် ၄၀ နှစ်အရွယ် ဂစ်သည် ၎င်း၏ ပထမဦးဆုံး မန်နေဂျာ ဘဝကို စနေနေ့တွင် နော်ဝစ်ခ်ျနှင့် ကစားရမည့် ပွဲ၌ စတင်ရမည် ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်သည် ဂစ်ကို ယာယီ မန်နေဂျာအဖြစ် တာဝန်ပေးထားချိန်တွင် အသင်း၏ အမြဲတမ်း မန်နေဂျာ ရာထူးအတွက် ရီးယဲမက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီနှင့် နယ်သာလန် နည်းပြ လူးဝစ်ဗန်ဂါး တို့ကို စိတ်ဝင်စားလျက်ရှိသည်။

ကမ္ဘာ့ဖလားအပြီးတွင် နယ်သာလန် နည်းပြအဖြစ်မှ နှုတ်ထွက်ဖွယ်ရှိသည့် ဗန်ဂါးသည် ယူနိုက်တက်၏ မန်နေဂျာ ရာထူးအတွက် ရေပန်းစားလျက်ရှိပြီး ၎င်းကိုယ်တိုင်ကလည်း အိုးထရတ်ဖို့ဒ်သို့ လာရောက်ရန် စိတ်အားထက်သန် နေကြောင်း ဆိုထားသည်။

သို့သော်လည်း ဆာအဲလက်စ် ဖာဂူဆန်က ဂစ်တွင် ယူနိုက်တက်၏ အမြဲတမ်း မန်နေဂျာ ဖြစ်လာနိုင်မည့် အရည်အချင်းများ ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

“ကျွန်တော့်အထင်တော့ ဂစ်အနေနဲ့ ယူနိုက်တက်ရဲ့ အမြဲတမ်း မန်နေဂျာ ဖြစ်လာနိုင်ပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်နဲ့ နှစ် ၂၀ ကျော် အတွေ့အကြုံရှိထားသူပါ။ ကျွန်တော်သူ့ကို ၁၃ နှစ်အရွယ် ကတည်းက အသင်းကို ခေါ်ယူခဲ့တာပါ။ သူ့အနေနဲ့ အသင်းမှာ ဘယ်လို ကစားသမားမျိုး လိုအပ်တယ်ဆိုတာကို အသေအချာ သိပါတယ်။ နောက်ပြီး ပေါလ်စခိုးနဲ့ နစ်ကီဘတ်ကို နည်းပြအဖွဲ့ဝင်ထဲ ခေါ်ယူခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ သူတို့အားလုံးက အသင်းရဲ့ အကြောင်းကို အသေအချာ နားလည်သူတွေပါ” ဟု ဖာဂူဆန်က မန်ချက်စတာတွင် ပြုလုပ်ခဲ့သည့် ညစာစားပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရ အရေးမယူတဲ့အပေါ် ကုလဝေဖန်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း

ကုလသမဂ္ဂမှာ လုပ်တဲ့ မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဖက်များ အဖွဲ့ပထမဆုံး အစည်းအဝေးမှာ မြန်မာဘက်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ဝန်ကြီးတက်ရောက်တာဟာ မြန်မာနဲ့နိုင်ငံတကာကြား အပြုသဘော ပူးပေါင်းမှုပြတဲ့အတွက် ကြိုဆိုကြောင်း ဘန်ကီမွန်းကပြောပါတယ်

အဲဒီနောက်မြန်မာနိုင်ငံမှာ စီးပွားရေး တံခါးဖွင့်ပေးတာ နိုင်ငံရေး အကျဉ်းသားလွှတ်ပေးတာ ပါတီတွေလှုပ်ရှား ထူထောင်ခွင့်ပြုတာ မီဒီယာကို လွတ်လပ်ခွင့်ပိုပေးလာတာစတဲ့ အပြုသဘော ဆောင်ရွက်ချက်တွေ မြင်တွေ့ရေပေမယ့် စိန်ခေါ်မှုတွေအများကြီး ရင်ဆိုင်နေရတယ်လို့ထောက်ပြပါတယ်။

သူ့မိန့်ခွန်းမှာ အဓိကထောက်ပြ သွားတာကတော့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တို့ကြားတဖက်နဲ့တဖက် တင်းမာနေတဲ့ ပြဿနာတွေကြောင့် ပြုပြင်ရေး အစီအစဉ်ကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်စစ်တွေမှာ ကုလသမဂ္ဂနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်ခိုက်ခံရတာဟာ သန်းခေါင်စာရင်းကောက်ရေးကို ပျက်ပြားအောင် တမင်လုပ်တဲ့ သဘောတွေ့ရလို့လက်မခံနိုင်ကြောင်း ဝေဖန်လိုက်ပါတယ်။ နောက်တခါနိုင်ငံမဲ့ဖြစ်နေတဲ့ရိုဟင်ဂျာအရေးကို ဖြေရှင်းပေးဖို့နဲ့ ဥပဒေနဲ့ညီတဲ့သူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆောင်ရွက်ဖို့တောင်းဆိုထားပါတယ်။

ဒီလိုသာလူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အစိုးရက အသေအချာအရေးမယူဘဲ ထားရင်နိုင်ငံတကာနဲ့ရော ပြည်တွင်း လူ့အဖွဲ့အစည်းတွေမှာပါ ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လို့ ထောက်ပြလိုက်ပါတယ်။

အဲဒီထဲမှာ သန်းခေါင်စာရင်း ကောက်ရာမှာတွေ့ရတဲ့ အခက်အခဲတွေ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ရခိုင်ပဋိပက္ခလို လူမျိုးရေးဘာသာရေး ပြဿနာတွေဟာ အလေးအနက်ထားရမယ့် ကိစ္စတွေလို့ဆက်ပြောပါတယ်။ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ထိုးစစ်တွေကြောင့် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်း ပြောထားပါတယ်။

BBC Burmese

အငြင်းပွားနေရသော ပုဒ်မ (၅၉)


သမ္မတ ဆိုတာက ရုပ်ပြ ငပေါကြီးဖြစ်အောင် လုပ်ထားတာ မြန်မာတနိုင်ငံပဲ ရှိတယ်။ နိုင်ငံတကာမှာတော့ သမ္မတ စနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်း သမ္မတက ရပ်ဆို စစ်တပ်က ဆက်မတိုက်တော့ဘူး။

တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ... ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ စစ်ဖြစ်ဖို့ဟာ လိုအပ်ချက်မှန်း သိလို့စစ်ဖြစ်လို့ ရအောင် ၂၀၀၈ အခြေခံဥပဒေကို ရည်ရွယ်ရေးထားပါတယ်..


အငြင်းပွားနေရသော ပုဒ်မ (၅၉)

```````````````````````````````````````````

သူငယ်ချင်း မိတ်ဆွေအပေါင်းကို အငြင်းပွားနေရသော ပုဒ်မ (၅၉ ) ကို ကျနော် ဥာဏ်မီသလောက် တင်ပြမှာဖြစ်ပါတယ်၊ ရှေ့ဦးစွာ တောင်းပန်လိုသည်မှာ ကျနော် ဥပဒေပညာရှင်မဟုတ်သည့်အတွက် အခြားသော နိုင်ငံများ၏ အခြေခံဥပဒေများကို မကိုးကားနိုင်ပါ (တိတိကျကျ)ပေါ့..။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းဖြစ်ပါတယ်၊

ပုဒ်မ (၅၇) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။

ပုဒ်မ (၅၈) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။

ပုဒ်မ (၅၉) နိုင်ငံတော်သမ္မနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ ) မိမိနှင့် မိမိမိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားများ ဖြစ်ရမည်။

(ဂ) ရွှေးချယ်တင်မြှောက်ခြင်း ခံရသူသည် အနည်းဆုံး အသက်လေးဆယ့်ငါးနှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များ ရှိရမည်။

(င ) သမ္မအဖြစ် ရွှေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် (၂၀) နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။

(စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးသားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊

(ဆ) လွှတ်တော် ရွှေးကောက်ပွဲ၌ ရွှေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများ နှင့်လည်း ပြည့်စုံရမည်။

````````````````````````````````````````````````````````````````````

ယခု ဖတ်ခဲ့ရသော (၅၉) ပုဒ်မသည် သမ္မတအရည်အချင်းဆိုင်ရာ သတ်မှတ်ချက်ဖြစ်ပါသည်။
မရှင်းပါက မိတ်ဆွေများအနေဖြင့် ပြန်ဖတ်သင့်သည်ဟု အကြံပြုပါရစေ၊

ပုဒ်မတစ်ခုချင်းဆီကို ရှင်းကြပါစို့နော်..။ ပုဒ်မ (၅၈) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်..။ ဒီလိုပြန်ဌာန်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်၊။ တောသားလို ပြောမယ်ဆိုရင် လုပ်ပိုင်ခွင့် အခွင့်အာဏာ အရှိဆုံးသည် သမ္မတသာဖြစ်တယ်လို့ ဆိုလိုပါတယ်၊ ဒီပုဒ်မဟာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုလည်း ယူဆပါသည်..။ ဒီနေရာမှာ နိုင်ငံတစ်ဝန်းလုံးဆိုတဲ့ ၀ိသေသ ပါလာပြန်ပါတယ်၊ မြန်မာပြည် နယ်နိမိတ် အပိုင်းအခြားမှာ ရှိရှိသမျှသော လူသားအားလုံး၏ လက်နက်ကိုင် လက်နက်မကိုင်သော လူများအားလုံး၏ အထွတ်အထိပ်နေရာကို ရရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်၊။
တကယ်ရော ဟုတ်ရဲ့လား ဆိုတာကို သူနဲ့ ဆန့်ကြင်စွာ ပြဌာန်းထားတဲ့ ပုဒ်မကို ထုတ်ပြပါမယ်၊

ဒါ့အပြင် အခန်း( ၅) အုပ်ချုပ်ရေး ခေါင်းစဉ်အောက်က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း။ ပုဒ်မ (၂၀၁ )ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်သည်။

(က) နိုင်ငံတော် သမ္မတ

(ခ ) ဒုတိယသမ္မတ

(ဂ )ဒုတိယသမ္မတ

(ဃ) ပြည့်သူ့လွတ်တော်ဥက္ကဌ

(င)အမျိုးသားလွှတ်တော်ဥက္ကဌ

(စ )တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊

(ဆ)ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊

(ဇ) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊

(ဈ ) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊

(ည) ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊

(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊

အားလုံးပေါင်း (၁၁) နဲ့ ဖွဲ့စည်းထားသည်ကို မိတ်ဆွေများ သတိထားမိပါလိမ့်မယ်။

နောက်ပုဒ်မ တစ်ခုကို လေ့လာကြရအောင်ပါ မိတ်ဆွေတို့..။

(အဲ့ဒါကတော့ ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ) ခန့်အပ်ခြင်ဆိုင်ရာဖြစ်ပါတယ်..။

ပုဒ်မ (၂၃၂ ) (ခ) နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန်၊

(၁) လွတ်တော်ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ (က)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျှော်သည့် ပုဂ္ဂိုလ်များကို ရွှေးချယ်ရမည်။

(၂) ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျှော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။

(၃) ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

``````````````````````````````````````````````````````````````````

ပိုပြီးတော့ ထင်ရှားပေါ်လွင်အောင် ပုဒ်မတစ်ခုကို ထုတ်ပြခြင်ပါသေးတယ်..၊ လေ့လာကြပါဦးနော်.။

အခန်း (၇) ပုဒ်မ (၃၃၇) တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ပုဒ်မ(၃၃၈ )နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမူအောက်တွင် ရှိသည်။

ပုဒ်မ (၃၃၉) နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဥိးဆောင်ရမည်။

ပုဒ်မ (၃၄၃) စစ်ဘက်တရားစီရင်ရာတွင်

(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ၊ ဥပဒေနှင့်အညီ စီရင်နိုင်သည်။

(ခ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်..။

````````````````````````````````````````````````````````````

အစက နိုင်ငံတော်သမ္မတသည် နိုင်ငံ၏ အကြီးအကဲဖြစ်တယ်ဆိုတာ သတိထားမိပါလိမ့်မယ်..။

နောက် ပုဒ်မတွေက အရာအားလုံးသည် ကာကွယ်ရေးဦးစီးချုပ်၏ ညှိနိုင်းမူကို ရယူပြီး လုပ်ဆောင်ရမည်ဟု ပါရှိသည်ကို သတိပြုမိမယ်ထင်ပါတယ်..။ နောက် တပ်မတော်သားများသည် ပြည်သူပြည်သားများထဲမှ ပေါက်ဖွားလာသည်ဟု ဆိုသော်ငြားလည်း ဥပဒေအရ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်၊ မြန်မာပြည်ထဲမှာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဒါးမြပဲတိုက်တိုက် လူပဲသတ်သတ် ခိုးပဲခိုးခိုး မုဒိန်းပဲကျင့်ကျင့် အရပ်ဖက်တရားစီရင်ရေးက စွက်ဖက်ခွင့်မရှိဘူးဆိုတာ သိမယ်လို့ထင်ပါတယ်..။ မိတ္ထီလာမှာ ဘဏ်ကိုဒါးပြတိုက်သော ဗိုလ်ကြီးကို အရပ်ဖက်တရားစီရင်ရေးက ဘာမှလုပ်မရပါဘူး တပ်ကိုပဲလွဲပေးလိုက်ရတာ သိမယ်လို့ထင်ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သာ အဓိကဖြစ်နေလို့ပါပဲ..။ တရားမျှတလား မမျှတလား ဆိုတာ သိမြင်မည်ဟု ယုံကြပါတယ်..။

နောက်တစ်ခု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကိုဖွဲ့စည်းခြင်း ဆိုတာကို ပြန်ပြီး ဖတ်စေလိုပါတယ်..။ အားလုံးပေါင်း ၁၁ ယောက်ဆိုတာကို သတိထားမိမယ်ထင်ပါတယ်၊ ဘယ်ဌာနတွေပါတယ်ဆိုတာကိုလည်း သတိထားမိမယ်ထင်ပါတယ်၊ ပြည်တွင်းမှာသော်လည်းကောင်း ပြည်ပရန်ကို တွန်းလှန်ရာတွင်သော်လည်းကောင်း အမျိုးသားကာကွယ်ရေး ကောင်စီက အစီးအဝေးထိုင်ပြီး ဒီမိုကရေစီကျကျ မဲခွဲကြမယ်ဆိုရင်ကိုပဲ သမ္မတမှာ အင်အားမရှိပါဘူး.။ ရှင်းပြပါအံ့

အရပ်ဖွဲ့ အဖွဲ့အစည်းဟု နာမယ်ခံထားသော နိုင်ငံတော် သမ္မတ ဒု သမ္မတ နှစ်ယောက် ၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ဥက္ကဌများ အားလုံးပေါင်း (၅) ယောက်ဆိုတာ သတိထားမိမယ်ထင်ပါတယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှစပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအထိ ( ၆) ယောက် ဆိုတာ သတိထားမိပါလိမ့်မယ်၊..။

နယ်စပ်ရေးရာဝန်ကြီးဌာနများ စသည်တို့ကို သမ္မတက တိုက်ရိုက် ခန့်ပိုင်ခွင့်အား ပုဒ်မ (၂၃၂) ခ ပုဒ်မခွဲ (၁) (၂) (၃) တို့ဖြင့် ပြန်လည်ပြီး ချုပ်ကိုင်ထားတာကို မြင်သိရပါလိမ့်မယ်..။

ဒီတော့ ကျနော်တို့တစ်တွေ သမ္မကြီး ဦးသိန်းစိန်ဟာ ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ သိပ်ဝမ်းနဲစရာကောင်းပါတယ်..။ ဒါမို့ ကချင်ကိုတိုက်နေခြင်းဟာ သမ္မတကို အသိပေးစရာမလိုပဲ တိုက်လို့ရနေပါတယ်၊ သမ္မတ၏ ညွှန်ကြားချက်မလိုပါဘူး၊ ကာချုပ်၏ အမိန့်ဖြင့် တိုက်လို့ရနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်..။ တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အလွန်သိသာပါတယ်၊ ဒီထက်မက ထုတ်ပြစရာတွေ အများကြီး ပါနေပါသေးတယ်..။

```````````````````````````````````````````````````````````````````````
အငြင်ပွားနေရတဲ့ ၅၉ ကို စတင်ပြီး လေ့လာကြရအောင်ပါခင်များ..။

ပုဒ်မ ခွဲ (က) ကတော့ ထင်ရှားနေပါတယ်..။ ဒါတောင်ပဲ သစ္စာရှိသူ ဖြစ်ရမည်ဆိုတာ ဘယ်လိုသစ္စာရှိသူကို ခေါ်တာလဲဆိုတဲ့ မေးခွန်း ရှိလာနိုင်ပါတယ်၊ (ကျနော် အတွေးလွန်တာလဲ ဖြစ်ချင်ဖြစ်ပါမယ် ၊)

နောက်တစ်ခု (ခ) ကတော့ လုံးဝ ငြင်းစရာမလိုတဲ့ ပုဒ်မခွဲ ဖြစ်ပါတယ်..။ သံသယလဲ ရှိစရာမလိုပါဘူး..။ နောက် ပုဒ်မခွဲ (ဂ) ဒါကတော့ သမ္မတ၏ အသက် ကန့်သတ်ချက်ပါ..။ ပြဿနာတက်စရာမလိုပါဘူး..။

နောက် ပုဒ်မခွဲ (ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ၊ စစ်ရေး အမြင်များ ရှိရမည် ၊ လို့ သတ်မှတ်ထားပါတယ်..။ ဒီနေရာမှာ ပြောစရာက အခြားသော နိုင်ငံတွေမှာ သမ္မတတစ်ယောက် ဖြစ်လာဘို့အတွက် မြို.နယ်အုပ်ချုပ်နေရးမှူး ကို ပြည်သူတို့ကိုတိုင် ရွှေးချယ်ရပါတယ်၊ ပါတီတစ်ခုခုကပေါ့.။ မိမိတို့ အကျိုး မြို့နယ်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သူကို ပြည်သူများက ရွှေးချယ်တင်မြှောက်ကြပါတယ်..။နောက် မြို့နယ်မှသည် ခရိုင်၊ ခရိုင်မှသည် တိုင်း/ ပြည်နယ်များသို့ အုပ်ချုပ်ရေးမှူး အဆင့်အဆင့် ဖြတ်သန်းရပါတယ်၊ ပေါ်တော်မူတွေ မဟုတ်ရပါဘူး၊ အထက်ကအမိန့်ဆိုတာတွေ မပါရပါဘူး၊။ တိုင်း ဒေသကြီး ပြည်နယ် စသည်တို့မှ သိက္ခာ သမာဓိ စွမ်းရည်သတ္တိ စီးပွားရေး တိုးတက်မူ လူနေမူအဆင့်အတန်း မြင့်မားမူ စသည်တို့ဖြင့် မိမိတို့ တိုင်း မိမိတို့ပြည်နယ်များကို အကျိုးဆောင်ရပါတယ်..။ အဲ့ဒီလို အကျိုးဆောင်ပြီး မှတ်ကျောက်တင်ခံပြီးမှ ဗဟိုအုပ်ချုပ်ရေးနား ကပ်ရပါတယ်၊ အဲ့ဒီတော့ စစ်ရေး စီးပွားရေး အုပ်ချုပ်ရေး နိုင်ငံရေးအမြင်ဆိုတာကို ထင်ရှားပါတယ်..။ ပြည်သူတွေက ရွှေးကောက်တင်မြှောက်ခြင်း ဖြစ်ပါတယ်၊ အထက်က ခန့်အပ်တာမဟုတ်ပါဘူး.။

ဒီတော့ ကျနော်တို့ နိုင်ငံရေးဆိုတာကတော့ ပါတီတစ်ခုခုကို ဦးဆောင်နေပြီဆိုရင် နိုင်ငံရေးအမြင်ရှိလို့ ဟုသတ်မှတ်နိုင်ပါတယ်.။ အုပ်ချုပ်ရေးအမြင်.. န၀တ ခေတ်က ငြိမ်ဝတ်ပိပြားရေး ဆိုတာမျိုး ဖြစ်မှာ စိုးရပါတယ်။။ လက်နက်နဲ့ ငြိမ်နေအောင် လုပ်တာမျိုး ဖြစ်နေမှာစိုးရပါတယ်.။ ဒါက စကားချပ်ပါ..။ အုပ်ချုပ်ရေးအမြင် လောလောဆယ် အရပ်သား ဖြစ်နေကြတဲ့အတွက် ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ မသိကြပါဘူး. ဥပဒေကျောင်းဆင်း တွေမှအပပေါ့.။ ဥပဒေကျောင်းဆင်းတွေကတော့ ဥပဒေအရ သိနားလယ်လို့ တော်သေးတယ်၊ ထားတော့..

နောက် စီးပွားရေးအမြင် ရှိရမယ်.. ဘယ်လိုစီးပွားရေးအမြင်လဲ..သန်းကြွယ်သူဌေးဖြစ်နေတာကို ဆိုလိုတာလား.. စီးပွားရေးနဲ့ ဘွဲ့ရထားသူ ကိုဆိုလိုတာလား..။ စဉ်းစားစရာတွေပါ..။ အုပ်ချုပ်ပြီးမှ တိုးတက်မူ ဆုတ်ယုတ်မူကို တိုင်းတာမှာလား..။

နောက်တစ်ခု စစ်ရေးအမြင်… ဒါကပိုဆိုးသည်.. စစ်ရေးအမြင် DSA ကျောင်းမှ ဘွဲ့ရထားတာကို ဆိုလိုတာလား..။ အရပ်သားဆိုတာ ဘယ်လိုစစ်ရေးအမြင်ရှိနိုင်မလဲ..။ စစ်ရေးအမြင်ရှိရမယ်ဆိုရင် ကာချုပ်ကို ဘာလို့ခန့်နေမှာလဲ..။ မလိုဘူးပေါ့… စဉ်းစားစရာကို တင်ပြခြင်းပါ..။ ဒီနေရာမှာ စစ်ရေးအမြင်ဆိုတာထက် ကျနော့်အလို ငြိမ်းချမ်းရေးအမြင်ရှိသူ လို့တောင် ပြင်လိုက်ချင်ပါတယ်..။ ဘာဖြစ်လို့လဲ .. ခု ကျနော်တို့ တိုင်းပြည်ကို ၁၉၆၂ ခုနှစ်မှ စပြီး ၂၀၁၀ အထိ အုပ်ချုပ်လာတာ အရပ်သား မဟုတ်ပါဘူး.။ စစ်ဗိုလ်ချုပ်တွေပါ.. နောက် ဆုံး ခရိုင်အုပ်ချုပ်ရေးမှူးကစပြီး ဦးနေ၀င်း ဦးစောမောင် ဦးစန်းယု ဦးစိန်လွင် နောက်ဆုံးဆုံး ဦးသန်းရွှေတို့ ဆိုတဲ့ နိုင်ငံအာဏာကို ရယူထားသူ အားလုံးသည် စစ်ဗိုလ်ချုပ်များ ဖြစ်ကြပါတယ်၊ စစ်ရေးအမြင်ရှိသူများ ဖြစ်ကြပါတယ်.။ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်၊ စစ်ဗိုလ်ချုပ်ကြီးတွေ အပြီးပြတ် တိုက်ပွဲမဆင်နိုင်ပါဘူး..။ တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးယူလိုက် နောက်တစ်ဖွဲ့နဲ့ ချလိုက် ဖြစ်နေပါတယ်.။ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ စစ်ရေးအမြင်သာရှိပြီး ငြိမ်းချမ်းရေးအမြင်မရှိသည့်အတွက် မြန်မာပြည် မငြိမ်းချမ်းနိုင်တာ တစ်တိုင်းပြည်လုံးတင်မက တစ်ကမ္ဘာလုံးက သိနေတဲ့ကိစ္စပါ..။ ဒါမို့ စစ်ရေးအမြင်ထက် ငြိမ်းချမ်းရေးအမြင် ရှိရမည် ဟု ထည့်သွင်းတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။

ဒါမို့ ဒီ ပုဒ်မခွဲ (ဃ) သည် အရပ်သားဟူသမျှ သမ္မတရာထူးကို မရနိုင်တော့ပါဘူး..။ မပြင်ရင်ပေါ့..။

စစ်ရေးအမြင် ဆိုတာကို သိသာအောင် တိုက်ပွဲတစ်ခုကို ဖန်တီးပြီး အုပ်ချုပ်ခိုင်းရမည် ဖြစ်နေပါတယ်..၊

နောက် ပုဒ်မခွဲ (င) ဆိုတာကတော့ ရှင်းပါတယ် အငြင်းပွားစရာမလိုပါဘူး။

နောက် ပုဒ်မခွဲ (စ) ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ မပါပါဘူး၊ ဒီလို ရေးဆွဲထားတာကို ၊ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားလာသူ ဖြစ်ရမည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူ ဖြစ်ရမည်၊

ဒါတွေလောက်ပါပဲ..။ ခု အထက်က ဖတ်ခဲ့တဲ့ ပုဒ်မကို မိတ်ဆွေများ ပြန်လည်သတိရမိမယ်လို့ ထင်ပါတယ်၊ တိတိကျကျ သက်သေမပြနိုင်ပေမဲ့ အခြား ဒီမိုကရေစီနိုင်ငံမှာ မရှိပါဘူးတဲ့၊ ခုဟာက သားသမိးတွင်မကဘူး သားသမီး၏ ချွေးမ သားမက် တွေ အကုန်ပါနေပါတယ်၊ ဒီလောက်ကြီး ဖြစ်စရာလဲ မရှိပါဘူး၊ ဒါမို့ ဥပဒေပညာရှင်များနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တမင်ရည်ရွယ်ပြီး ရေးထားသည်ဟု သုံးသပ်ကြပါတယ်၊

အခြေခံဥပဒေဆိုတာ အခြားသော ရာဇသတ်ကြီး ဦးပဒေများ၏ Mother Naw ဖြစ်ပါတယ်၊ အခြေခံဥပဒေကို ရေးဆွဲသည့်နေရာမှာ တရားမျှတခြင်း လွတ်လွပ်ခြင်း ၊ တန်းတူညီမျှခြင်း စတဲ့ သဘောတရားတွေကို အခြေခံရပါတယ်၊။။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှ တရားမျှတခြင်းတွေ အများကြီး ခေါင်းပါးနေပါတယ်..။ မိတ်တွေများ လေ့လာစေလိုပါတယ်..။

ဒီတော့ ကျနော်ပြောလိုတာက ဒီဥပဒေကို မပြင်မချင်း… တိုင်းရင်းသားရော ဗမာပြည်သူပြည်သားတွေ ဘယ်လောက်ပဲ မိုးပျံအောင်တော်နေပါစေ ဘယ်တော့မှ သမ္မတမဖြစ်ဘူးဆိုတာ သိစေခြင်ပါတယ်၊

နောက်ပြီး ဒီဥပဒေကို မပြင်သမျှ ကျနော်တို့ ရရှိလာတဲ့ သမ္မတဟာ ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်ပိုင်ခွင့်လည်း ရှိလာမှာမဟုတ်ပါဘူး၊ ဒါမို့ ယခုသမ္မတ ဦးသိန်းစိန်ဟာ အများအမြင်မှာ ရုပ်သေးသမ္မတဖြစ်နေပါတယ်၊ အကယ်၍ မရှင်းပါက တတ်သိနားလယ်သော ဥပဒေပညာရှင်များကို မေးမြန်စေလိုပါတယ်..။ ကျနော်ကတော့ မိတ်ဆွေများကို တင်ပြယုံသက်သက်ပါ..။

အမြင်မတူတာတွေ ရှိလာနိုင်ပါတယ်၊ ကွဲလွဲနိုင်ပါတယ်ခင်များ။

ကျေးဇူးအထူးတင်ပါတယ်၊
မိုးတိမ်လွှာ (၂၀.၄.၂၀၁၄)

သမ္မတအိုဘားမား မလေးရှားရောက်


သမ္မတ Barack Obama ကို မလေးရှားဘုရင် Abdul Halimက ကွာလာလမ်ပူမြို့မှာ နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုဧည့်ခံစဉ်။ (ဧပြီ ၂၆၊ ၂၀၁၄)

၃ ရက်ခရီးစဉ်နဲ့ မလေးရှားကို ဒီကနေ့ရောက်တဲ့ အမေရိကန်သမ္မတ Barack Obama ဟာ မလေးရှားဘုရင် Abdul Halim တည်ခင်းတဲ့ နိုင်ငံတော် ညစာစားပွဲကို တက်ရောက်ပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းလေယဉ်ရှာဖွေရေးမှာ အမေရိကန်တို့ရဲ့ မဆုတ်မနစ် ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်းစကား ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ မလေးရှားနိုင်ငံကြားမှာ စီးပွားရေးအရ ခိုင်မာတဲ့ဆက်ဆံရေးရှိတာကိုလည်း ဂုဏ်ယူကြောင်းပြောခဲ့ပြီး ဒီလို စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကြောင့် မလေးရှားနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံစာရင်းဝင်ဖြစ်အောင် အထောက်အကူဖြစ်လိမ့်မယ်လို့လည်း မလေးရှားဘုရင် Abdul Halim က ညစာစားပွဲမှာ ပြောကြားသွားပါတယ်။

Pacific ဒေသနိုင်ငံတွေကြား ကုန်သွယ်ရေးသဘောတူညီချက်နဲ့ ပတ်သက်လို့ မလေးရှားရဲ့ စိုးရိမ်မှု နည်းသွားအောင် ဝန်ကြီးချုပ် Najib Razak ကို သမ္မတအိုဘားမားက ဆွေးနွေး ပြောပြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်၊ တရုတ်နဲ့ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက သဘောတူညီချက်ထဲက အချက်တချို့ကို ကန့်ကွက်နေပါတယ်။

သမ္မတအိုဘားမားဟာ မလေးရှားမှာ ရောက်နေချိန်မှာ မြန်မာနိုင်ငံကအပါအဝင် အာရှလူငယ်တွေနဲ့ နက်ဖြန် တနင်္ဂနွေနေ့မှာ တိုက်ရိုက်တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားဖို့ရှိပါတယ်။ တနင်္လာနေ့မှာတော့ သမ္မတအိုဘားမား ဖိလစ်ပိုင်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

VOA Burmese

စစ်တွေမြို့အနီး စက်လှေမှောက် လူ ၁၀ ဦးသေဆုံး၊ ၃၀ ဦး ပျောက် ဆုံးနေဆဲ


ရခို်င်ပြည်နယ် စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ ဝိုင်စတာ မီးပြတိုက်အနီး မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က လှေတစ်စီးနစ်မြုပ်ခဲ့ တာကြောင့် လူ ၁၀ ဦးသေဆုံးကြောင်း RFA က ဒီကနေ့ သတင်းရရှိပါတယ်။

အဲဒီစက်လှေဟာ ဧပြီလ ၂၂ ရက်နေ့ည သန်းခေါင်နီး ပါးလောက်မှာ လူပေါင်း ၄၀ လောက်ကို တင်ဆောင်ပြီး စစ်တွေမြို့အနောက်ဘက် အောင်ဒိုင်ချောင်းကနေ စတင်ထွက်ခွာခဲ့တာလို့ သိရပါတယ်။ သူတို့အားလုံးဟာ စစ်တွေမြို့နားက သက္ကယ်ပြင်၊ ဒါးပိုင်ရွာဟောင်းနဲ့ ခုတင်ပိုက် ဒုက္ခသည်စခန်းတွေက မွတ်စလင် ဒုက္ခသည်တွေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတဆင့် မလေးရှားနိုင်ငံဘက်ကို သွားရောက်ဖို့ ဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အမည်မဖေါ်လိုသူ အရာရှိတစ်ဦးက ပြောပါတယ်။

လူ ၁၀ ဦးလောက်ရဲ့အလောင်းတွေ ပင်လယ်ပြင်ထဲ မျောပါနေတာကိုတွေ့ရှိရပြီး၊ ကျန်တဲ့လူအားလုံး ပျောက်ဆုံးနေ ဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

RFA Burmese

သတင်းမီဒီယာသမားတွေ ညီလာခံကျင်းပဖို့ ဆုံးဖြတ်


သတင်းမီဒီယာသမားတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့နဲ့ လွတ်လပ်စွာ သတင်းယူပိုင်ခွင့်ရှိဖို့အတွက် သတင်းမီဒီယာသမားတွေ အားလုံးပါဝင်မယ့် သတင်းမီဒီယာ ညီလာခံတစ်ခုကို မကြာခင် ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ မီဒီယာသမားတွေက ဒီနေ့ဆုံးဖြတ်လိုက်ကြပါတယ်။

လွတ်လပ်စွာ သတင်းရယူနိုင်ရေးနဲ့ သတင်းရပိုင်ခွင့် အခွင့်အရေးပိုင်းကို သတင်းမီဒီယာသမားတွေအကြား နားလည်စေဖို့ရည်ရွယ်ချက်နဲ့ အဲဒီညီလာခံကို ကျင်းပသွားမှာဖြစ်တယ်လို့ ဒီနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ DVB မြန်မာနိုင်ငံရုံး တာဝန်ခံ ကိုတိုးဇော်လတ်က RFA ကို ပြောပါတယ်။

"မီဒီယာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ဆက်လက်တာဝန်ခံပြီးတော့ အကောင်အထည်ဖော်နိုင်အောင်လုပ်မယ်ဆိုတဲ့ စုစည်းမှုတစ်ခုကို ကျနော်တို့ဒီနေ့ရပါတယ်၊ နောက်တစ်ခုက ဒီဟာကို ကျယ်ကျယ်ပြန့်ပြန့် seminar တစ်ခုလုပ်မယ်ဆိုတာ အများစုကဆွေးနွေးကြတယ်ဗျ၊ အထူးသဖြင့်တော့ သတင်းထောက်တွေက ဘယ်လိုအခွင့်အရေးရှိတယ်၊ အစိုးရဌာနတွေကလည်း ဘယ်လိုတာဝန်ရှိတယ်၊ အဲလိုပဲ သတင်းထောက်က ဘယ်လိုစနစ်တကျချည်းကပ်မယ်၊ နှစ်ဦးနှစ်ဖက်မျှမျှတတ သတင်းနဲ့ပတ်သက်လို့ သတင်းရယူရေးလွယ်ကူမှု၊ ခြိမ်းခြောက်မှုတွေ အန္တရာယ်တွေပေါ့နော်၊ အဲဒါတွေလျော့ချနိုင်တဲ့ဟာကိုလုပ်မယ်ဆိုတဲ့ ဆွေးနွေးချက်တစ်ခုနဲ့ ကျနော်တို့ seminar တစ်ခုကိုတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားဖို့ရှိပါတယ်"

အဲဒီညီလာခံကို ဘယ်တော့ကျင်းပသွားမယ်ဆိုတာတော့သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

သတင်းမီဒီယာသမားတွေကို ဥပဒေအရ အကာအကွယ်ပေးရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ၊ တရားရေးမဏ္ဍိုင်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း ဒီနေ့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆွေးနွေးကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က တာဝန်ရှိသူတွေ၊ မြန်မာဂျာနယ်လစ်ကွန်ရက် MJN၊ ပြည်တွင်း ပြည်ပက သတင်းသမားတွေ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

သတင်းမီဒီယာသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေးနဲ့ သတင်းသမားတွေကို ဥပဒေအရ အကာအကွယ်ပေးရေးတို့အတွက် ဆွေးနွေးကြမယ့် အဲဒီညီလာခံကို ရန်ကုန်မြို့မှာ မကြာခင် ကျင်းပသွားမယ်လို့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းပေါ်က Home Media ရုံးခန်းမှာ ဒီနေ့ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာနားဆင်နိုင်ပါတယ်။

နားဆင်ရန်

RFA Burmese

ဂျာမနီဆိုင်ရာ မြန်မာသံအမတ်ကြီး (ဗိုလ်ချုပ်မှုးဟောင်း) ဦးစိုးနွယ်အား အရေးယူပေးပါရန် တောင်းဆိုမှုများ ထွက်ပေါ်


ဂျာမာန်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Condor လေကြောင်း လိုင်းနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်ပျံသန်းနိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုပွဲတွင် မြန်မာလူမျိုးများ အားလုံး အထွတ်အမြတ် ထားရာ ရွှေတိဂုံ စေတီတော်ပုံစံ ပြုလုပ်ထားသည့် ကိတ်မုန့်အား အဆိုပါ ကုမ္ပဏီမှ အရာရှိကြီးများနှင့် အတူ မြန်မာနိုင်ငံမှ ခန့်အပ်ထားသည့် သံအမတ်ကြီး ဦးစိုးနွယ် (ဗိုလ်ချုပ်မှုးဟောင်း) က ဓါးဖြင့် လှီးဖြတ်ခဲ့သည် ပုံမှာ အွန်လိုင်းမီဒီယာများတွင် ပျံနှံလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါ မူရင်းသတင်းအား ဖော်ပြထားသည့် http://www.anna.aero/2012/11/13/condor-becomes-first-airline-to-fly-to-burma-from-europe/ အား ကြည့်ရှုလေ့လာရာတွင်လည်း အဆိုပါကဲ့သို့ ကိတ်မုန့်အား ရွှေတိဂုံစေတီပုံစံ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ နှောင်းပိုင်းမှ စတင်ကာ ဘာသာရေး လူမျိုးရေးနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ ဒေသအနှံအပြားတွင် ဖြစ်ပွားခဲ့ ပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Tour ကုမ္မဏီတစ်ခုမှ မန်နေဂျာတစ်ဦးမှ ဂျာမနီသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ယခုကိစ္စ ပိုမိုကြီးထွားလာမည်ဆိုပါက ၄င်းတို့၏ ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်လာနိုင်ကြောင်း The Ladies ဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ သတင်းအား တင်ပြထားသည့် ဖေ့ဘုတ်အသုံးပြုသူ တစ်ဦးကမူ ၄င်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သောလည်း ရွှေတိဂုံစေတီတော် ဆိုသည်မှာ မြန်မာနိုင်ငံသားများအားလုံး လူမျိုးမရွေး ဘာသာမရွေး အလေးအနက်ထားသည့် မြန်မာ့သမိုင်းပြတိုက်တစ်ခုကဲ့သို့ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်ဖြင့် ရွှေတိဂုံစေတီတော်ပုံ ပြုလုပ်ထားသည့် ကိတ်မုန့်အား ဓါးဖြင့်ပင် မရွယ်သင့်ကြောင်း ၄င်း၏ ဖေ့ဘုတ်အကောင့်ပေါ် တွင် ရေးသားထားသည်။

မကြာသေးမီ လပိုင်းကပင် စစ်တွေမြို့တွင် လုပ်ငန်းများ လုပ်ဆောင်နေသည် MSF မှ ဌာနေကိုယ်စားလှယ် အမေရိကန်နိုင်ငံသူသည် သာသနာ့ အလံကို ၄င်းအဖွဲ့မှ ငှားရမ်းထားသည့် ရုံးခန်းတည်ရှိရာ အိမ်မှ ဖြုတ်သိမ်းခဲ့သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ အဓိကရုဏ်း ဖြစ်ပွားရာမှ ကလေးတစ်ဦး သေနတ်မှန်သေဆုံးပြီး ယူအင်အဖွဲ့အစည်းများ၏ ဂိုဒေါင်များ ရုံးခန်းများကို ဒေါသထွက်နေသည့် မြို့ခံလူအုပ်ကြီးမှ ၀င်ရောက်ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ပစ္စည်းတန်ဖိုး ဒေါ်လာ ၁ သန်းနီးပါး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

The Ladies News Journal 

အဆောက်အဦ ပြိုကျမှု လူ ၃ ယောက် သေဆုံး

ပြိုကျ အဆောက် အဉီးကို ရှင်းလင်းနေစဉ်

အလုံ မြို့နယ် အလုံ လမ်းနဲ့ ဧရာ ဝတီ လမ်းထောင့် က အဆောက် အဦ ဟောင်း တခုကို ဖြိုချရာမှာ အနည်းဆုံး အလုပ်သမား ၃ ယောက် သေဆုံး ခဲ့ပါတယ်။

၂ ဦးက နေရာမှာတွင် သေဆုံးပြီး ၁ ဦးကတော့ ဆေးရုံ ရောက်ပြီး မှ သေဆုံးသွား တာဖြစ်ပါတယ်။

အနီးနား မှာ ရှိတဲ့ ဆိုက်ကား ပေါ်ကို လည်း အပျက် အစီး တွေ ပိကျ ခဲ့ရာမှာ ဆိုက်ကား ပျက်စီးပြီး လူကို ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အသက် အန္တရာယ် စိုးရိမ် ရသလား ဆိုတဲ့ အခြေအနေကို ရှင်းရှင်း လင်းလင်း မသိရ သေးပါဘူး။

မျက်မြင် သက်သေရဲ့ ပြောဆိုချက် အရ အဆောက် အဦဟောင်းကို ဖြိုချပြီး အဆောက် အဦသစ် တည်ဆောက် ဖို့ဆောင်ရွက်နေရာမှာ ဆောက်လုပ်ရေးသုံး ယန္တရားကြီးတွေ မပါဝင်ဘဲ လူအင်အားနဲ့ ဖြိုဖျက်ကြရာမှာ လူပေါ်နံရံ လဲပြိုပိကျ သေဆုံး ခဲ့တာလို့ ဆိုပါတယ်။

မြန်မာ နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီ အများစုဟာ လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေး စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာ ဆောင်ရွက်မှု နည်းတယ်လို့ ဝေဖန်မှုတွေ ရှိကြပါတယ်။

BBC Burmese

ကျောင်းအနီးနားရှိ ဈေးဆိုင်များဆေးလိပ်နှင့်ဆေးရွက်ကြီး ရောင်းချပါက အရေးယူမည်


ရန်ကုန်၊ ဧပြီ ၂၆

ယခုနှစ် ကျောင်းဖွင့် ရာသီမှ စ၍ အခြေခံမူလတန်းကျောင်း၊ အထက်ကျောင်းများရှိအနီး၌ ရောင်းချက်လျက်ရှိသောအစားအသောက်နှင့် ဆေးလိပ်နှင့်
ဆေးရွက်ကြီးများအားစားသုံးသူ ကာကွယ်ရေးအသင်းနှင့်စည်ပင်ရဲ၊ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူလိုက်လံစစ်ဆေးကာ အရေးယူဆောင်ရွက် သွားနိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

ဒဂုံမြောက်ပိုင်း၊ ဒဂုံတောင်ပိုင်းများတွင် စတင်စစ်ဆေးမည်ဖြစ်ပြီးကျောင်းအနီး ၌ဆေးလိပ်နှင့် ဆေးရွက်ကြီးများ ရောင်းချနေခြင်းအားတွေ့ရှိပါက
၂၀၀၄ ခုနှစ်က ပြဌာန်းခဲ့သောဆေးလိပ် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်းစားသုံးသူ
ကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်ကပြောသည်။

” ကျွန်တော်တို့ရယ်၊ စည်ပင်၊ ရဲနဲ့ ပညာရေးကတာဝန်ရှိတဲ့သူနဲ့ ပူးပေါင်းလုပ်သွားဖို့ရှိတယ်။ ကျောင်းတွေကိုစစ်ဆေးဖို့ပြောထားတာတော့
အဆင်ပြေတယ်။ ရောင်းချတာကိုတွေ့ရှိတယ် ဆိုရင်တော့ ပထမတစ်ကြိမ်မှာပစ္စည်းကိုသိမ်းမယ်။ ဒဏ်ငွေတွေချပါမယ်။ ဒုတိယတစ်ကြိမ်
ဆိုရင်တော့  တရားဥပဒေ လမ်းကြောင်းအရသာသွားမှာပါ “ဟုဦးဗအုပ်ခိုင် ကဆိုသည်။

ကျောင်းများတွင် အဆိုပါကဲ့သို့ စစ်ဆေးခြင်းလုပ်ငန်းများအားကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိအစားအသောက်နှင့်ဆေးဝါးစစ်ဆေးရေး
ဦးစီးဌာနအနေဖြင့် ဆောင်ရွက်သွားရန်ရှိနေသေးကြောင်းသိရသည်။

” ကျွန်မတို့လဲစစ်ဆေးသွားဖို့တော့ ရှိပါတယ်။ ဧရာဝတီတိုင်းထဲမှာရှိတဲ့ ကျောင်းတွေမှာတော့ ဆေးလိမ်နဲ့ ဆေးရွက်ကြီးကိုစတင်ပြီးစစ်ဆေး
နေပြီ၊ ရန်ကုန်မှာလဲလုပ်သွားဖို့ရှိပါတယ် “ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ချစ်ဆိုသည်။

ဆေးလိပ် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရဆေးလိပ် သောက်ခွင့် မရှိသော နေရာများတွင် ကျောင်းပတ်ဝန်းကျင်လည်း
ပါဝင်သည့် အတွက် ကျောင်းအုပ်များကို ပညာရေးဝန်ကြီးဌာန က ညွှန်ကြားချက် များရှိရာကျောင်းပတ်ဝန်းကျင် တွင် ဆေးလိပ် ရောင်းနေသောဆိုင်
မရှိစေရန် ကျောင်းအုပ် များကလည်းဆောင်ရွက်ရန် လိုသည်။

“  ဒီဟာကို ကြားတာအခုမှ မဟုတ်ပါဘူး ကျွန်မဒီကျောင်းနားမှာဈေးမရောင်းခင် တစ်နှစ်နှစ်နှစ်ထဲက ထွက်နေတာ ဒီမှာရောင်းနေကြတာပဲလေ
ဘာမှအရေးယူမှုတော့မရှိဘူး” ဟုပုဇွန်တောင်မြို့နယ်ရှိ ကျောင်းအနီး တွင် မုန်ဆိုင်ဖွင့်လှစ်ရောင်းချသူဒေါ်အုန်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအင်းစိန် မြို့နယ်တွင်းစာသင် ကျောင်းခုနစ် ကျောင်းအနီးတစ်ဝိုက် ရှိဆေးလိပ် အရောင်းဆိုင် ၁၀ ဆိုင်ကိုပိတ်သိမ်းရန်စားသုံးသူ
ကာကွယ်ရေးအသင်းက ၂၀၁၃ ခုနှစ်အောက်တိုဘာ လ ၃၀ ရက်နေ့ တွင် လိုက်လံနှိုးဆော် သတိပေးခဲ့ပြီးကျောင်းအနီးတွင် ရောင်းချသည်ထက်
လမ်းသွားလမ်းလာများ ကိုသာရောင်းချသည့်အတွက်ကြောင့် ပစ္စည်းများကိုသာသိမ်းဆည်းရုံမှအပအဆိုပါဆိုင်များအား အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်းဦးဗအုပ်ခိုင်၏ထပ်မံပြောပြချက်အရသိရသည်။

နှင်းနွယ်
The Myanma Age

Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း


January 03, 2011 8:21 AM
ကျွန်တော်က အသက် ၂၃ နှစ်၊ အဝေးမှုန် မျက်မှန်တပ်ပါတယ်။ တက္ကသိုလ် ပထမနှစ်လောက်မှ စတပ်တာပါ။ အခု ကျောင်းပြီးပါပြီ။ ပါဝါက ဘယ် ၃ဝဝ၊ ညာ ၁၅ဝ ရှိပါတယ်။ ဒီပါဝါမှာတင် တန့်နေတာကြာပါပြီ။ ထပ်မတိုးပါ။ အဲဒါ လေဆာနဲ့ ဖျောက်လို့ရ၊ မရသိချင်ပါတယ်။ လေဆာနဲ့ ပါဝါဖျောက်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးပြစ် ကုသမှုစရိတ် ဘယ်လောက် ကုန်နိုင်မလဲပါ သိချင်ပါတယ်။ နောက်ပြီး လေဆာနဲ့ တကြိမ်ဖျောက်ပြီးရင် အရင်လို ပါဝါ ပြန်တက်လာနိုင် မလားလဲ သိချင်ပါတယ်။

အမေး Fri, Aug 16, 2013 at 2:20 PM
ဆရာလို့ရေးရအောင် အသက်က နှစ် ၄ဝ လောက်ကွာနေတော့ သိပ်ရေးမထွက်ဖူး။ ကျန်မက စကားပြောရင် ခင်ဗျား၊ ကျန်တော်လို့ ပြောတာ အကျင့်ပါနေတယ်။ အဲ့ဒါ တောကျတယ်လို့ ပြောကြတာပဲ။ ဖုန်းနဲ့ ရေးရင်း လက်ကွက်က ဖုန်သွား မမြင်ရတော့ဘူး။ မျက်စိပါဝါဖျောက်မလို့ စုံစမ်းတာ တစ်ဖက်ကို၈သိန်းလောက်ကုန်မယ်တဲ့။ ဘယ်ဘက်မျက်စိက -450 နဲ့ ညာဘက်မျက်စိက -500 မျက်ကြည်လွှာရောဂါ။ ဆလင်ဒါ မရှိဘူးပြောတာပဲ။ မျက်စိအဝေးမှုန်တဲ့သူတွေအတွက် အကြံလေးရေးပါဦး။ မျက်ကပ်မှန်တခါတလေ တပ်ပါတယ်။

ကြိုးစားဖြေကြည့်ခြင်း
မေးတာ-ရေးတာတွေကို သဘောပေါက်အောင် ၄-၅ ခေါက် ကြိုးစားဖတ်ပါတယ်။ သိပ်တော့ နားမလည်သေးပါ။ မေးတဲ့သူက အမျိုးသမီးလား၊ အမျိုးသားလား မသိပါ။ အသက်လဲမသိပါ။ ဖုန်းနဲ့ ဆက်သွယ်ရသူတွေရဲ့ အခက်အခဲကို နားလည်ပါတယ်။ စာရိုက်တာကိုလဲ ကြိုးစားပြီး ထပ်ရေးထားလိုက်တယ်။ ဆောရီး။

မျက်စိကို လေဆာနဲ့ကုသတာကိုပြောတာလားမသိပါ။

ပဌမဆုံးပြောပါရစေ။ ကျွန်တော် မျက်စိအထူးကု ဆရာဝန် မဟုတ်ပါ။

မျက်စိအမြင်ရောဂါ Nearsightedness, Farsightedness and Astigmatism တွေကို Laser eye surgery နည်းနဲ့ ကုလို့ ရတယ်။ Excimer laser လေဆာနဲ့ကုသနည်းကို ၁၉၈၅ ကတည်းက စခဲ့တယ်။ တိုးတက် လာနေတာပါ။ LASIK ခွဲစိတ်နည်းဟာ အံသြလောက်အောင် ကောင်းတယ်။ Myopia ခေါ်တဲ့ ဆိုတဲ့ အနီးမြင်-အဝေးမှုန်တာ အတွက် (LASIK) Laser Assisted In-Situ Keratomileusis က နောက်ဆုံးပေါ်ပါ။ အနာလဲ သက်သာတယ်။ အလွန်တရာတကျ၊ အတော် စိတ်ချ၊ တကယ် ကောင်းတယ်လို့ ဆိုကြပါတယ်။ Refractive surgery ခေါ်တဲ့ Laser eye correction ဖြစ်တယ်။

ArgonFluoride (ArF) gas ကို UV wavelength of 193nm ရှိတဲ့ high-energy photons နဲ့သုံးပြီး 0.25 microns သာထူတဲ့ Corneal tissue မျက်ကြည်လွှာကို တိတိကျကျ ဖြတ်ပေးတယ်။ ဘေးကို မထိစေဘူး။ ဆေးရုံတက်စရာ မလိုဘဲ ရတယ်။ ၁၅ မိနစ်၊ နာရီဝက်သာကြမယ်။ နှစ်ဖက်လုံးကို တထိုင်ထဲကုလို့ရတယ်။ ၁ ရက်နေရင် ကောင်းကောင်းမြင်လာပြီး ၂-၃ လမှာ (ပါဖက်) ဖြစ်သွားမယ်။ ခွဲပြီး မျက်မှန်မလိုတော့ဘူး။

ဈေးကြီးပါတယ်။ ဘာဘဲလုပ်လုပ် စွန့်စားရတာမျိုးရှိတာပါ။ ဒီနည်းမှာ အကြီးအကျယ် မရှိပါ။ နဲနဲလေး လုပ်မိလိုက်ရင် ဒုတိယတကြိမ်လုပ်ရနိုင်တယ်။ များများကြီးလုပ်လိုက်မိရင်တော့ အပြင်ရပိုခက်တယ်။ တချို့မှာ မှောင်နေရင် မမြင်ရတာ၊ အဝိုင်းတွေ မြင်ရတာ၊ အရုပ် ၂ ထပ်မြင်တာ၊ မျက်စိခြောက်တာတွေ ဖြစ်တတ်တယ်။

မခွဲခင် ပြင်ဆင်တာ အလွန်အရေးကြီးတယ်။
• Visual acuity, fundus inspection, corneal curvature, corneal topography, corneal thickness, tear secretion, wave-front aberration, and other preoperative examination တွေ လုပ်ရမယ်။ • လူတိုင်းကိုတော့ လုပ်မရပါ။
• Myopia upto -20.0 to +8.0 with cylinder +/- 4 ရှိသူတွေ၊ +- 3 D to 20 or more ရှိသူတွေ၊
• အသက် ၁၈-၂ဝ ကျော် ရမယ်။ အမြင်စွမ်းအားလဲ ငြိမ်လာ၊ မျက်ကြည်လွှာကလဲ လိုသလောက် ထူလာလို့။
• တခြား မျက်စိရောဂါတွေ Cataract, Glaucoma Keratoconus, Retinal detachment မရှိသူ ဖြစ်ရမယ်
၊ • လေဆာ မလုပ်ခင် တပ်နေတဲ့ မျက်မှန်ကို ၂-၃ ပါတ် ဖြုတ်ထားရမယ်။
• Eye makeup လဲ မလုပ်ရပါ။
• ရုပ်ရှင်၊ ဘောလုံးပွဲကြည့်တာလဲ နားထားပါ။

NearVision CK နည်းကတော့ Radio waves ရေဒီယိုလှိုင်းသုံး ကုသနည်းဖြစ်တယ်။ လေဆာတို့ ဓါးတို့ မသုံးပါ။ ဆံပင်ထက်သေးတဲ့ Probe အချောင်းလေးနဲ့ Cornea မျက်ကြည်လွှာက Collagen တွေကို သေးကျုံ့သွာစေတယ်။ လုပ်ပေးနိုင်တဲ့ မျက်စိ အထူးကု ဆရာဝန်နဲ့ သေသေခြာခြာ တိုင်ပင်ပါ။ ဒီစာက ဆေးပညာ-ဗဟုသုတထက် မပိုလောက်ပါ။

ဒေါက်တာတင့်ဆွေ
၃-၁-၂ဝ၁၁
၁၆-၈-၂ဝ၁၃

Heat stroke အပူဒဏ် ဘယ်လိုခံမလဲ


ရာသီဥတုပူလွန်းလို့ လူတွေကိုဒုက္ခပေးတာဟာ ကျန်းမာရေး အရေးပေါ်တခုဖြစ်တယ်။ နေပူလို့ဖြစ်တာကို Sunstroke လို့လဲ ခေါ်တယ်။ အရပ်ခေါ်အပူရှပ်ဆိုတာနဲ့ မတူပါ။ အပူဒဏ်ကနေ လူကိုသေစေနိုင်တယ်။ အသက်ကြီးသူတွေက ပိုမခံနိုင်ကြပေမဲ့ အရွယ်ကောင်းတွေကိုလဲ ဖြစ်စေနိုင်တယ်။

Heat cramps အပူမိလို့ကြွက်သားတွေနာတာ တက်တာ၊ Heat syncope (Fainting) သတိလက်လွတ်ဖြစ်တာ်၊ Heat exhaustion အပူကြောင့်ကုန်ခမ်းသွားတာတွေက ဆိုးတဲ့လက္ခဏာတွေမဟုတ်သေးပါ။ ဒီလိုဖြစ်တာက အပူနဲ့မဆိုင်ဘဲလဲ ဖြစ်တတ်တယ်။

အပူချိန်မြင့်နေတာနဲ့ အချိန်ကြာထိတွေ့မိမှသာ ဆိုးတာတွေဖြစ်တယ်။ အပူဒဏ်နဲ့အတူ ရေ + ဓါတ်ဆား ခမ်းခြောက်တာ တွဲလာပြီဆိုရင် ဆိုးပြီ။ ဒီကနေတဆင့် ကိုယ်ခန္ဓာကို အပူချိန်ထိန်းတဲ့နစ်ကိုထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးပညာ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီ ဖါရင်ဟိုက်ထက်ကျော်တာကိုခေါ်တယ်။ အဲဒီအချိန်မှာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်လာမယ်။

ဘာတွေခံစားရမလဲ -
• Nausea and vomiting ပျို့-အန်ချင်၊
• Fainting သတိလစ်ချင်လာတာက ပဌမလက္ခဏာဖြစ်တတ်တယ်။
• Throbbing headache ခေါင်းထိုးကိုက်၊
• Dizziness and light-headedness ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊
• Lack of sweating despite the heat ပူပေမဲ့ချွေးမထွက်၊
• Red, hot, and dry skin အရေပြာတွေနီရဲနေ၊
• Muscle weakness or cramps ကြွက်သားအားနည်း၊ ကြွက်တက်၊
• Rapid heartbeat နှလုံးခုန်မြန်၊
• Rapid, shallow breathing အသက်ရှူတိမ်ပြီးမြန်၊
• Behavioral changes အမူအယာပြောင်း၊ ဥပမာ confusion စိတ်ရှုတ်ထွေး၊ disorientation ရောက်နေတဲ့နေရာမသိ၊ or staggering လုပ်တာကိုင်တာဖြေးနှေး၊
• Seizures တက်၊
• Loss of consciousness or coma သတိလက်လွတ်ဖြစ်မယ်။

First Aid for Heat Stroke ရှေးဦးသူနာပြုစုခြင်း
• အရေးပေါ်ဖြစ်လာရင် ဆေးရုံ၊ ကြက်ခြေနီ အကူအညီတောင်းပါ။
• အကူအညီမလာမီမှာ အေးတဲ့နေရာ (အရိပ်ရှိရာ၊ လေအေးစက်ရှိရာ) ကိုရွေ့ထားပါ။ အဝတ်အစားတွေ ဖယ်ရှားပေးပါ။ Dehumidifying air conditioning လေအေးနည်းသုံးပါ။
• လူနာကိုလှဲနေစေပါ။ ခြေရင်းမြှင့်ပေးထားပါ။
• ကိုယ်အပူချိန်တိုင်းပါ။ ၁ဝ၅ ကနေ ၁ဝ၁-၁ဝ၂ အထိရောက်အောင် အေးစေတဲ့နည်းတွေသုံးပါ။ ရေအေးဝတ်တိုက်ပါ၊ ချိုင်း၊ ပေါင်ခြံ၊ နောက်ကျောနေရာတွေမှာ ရေခဲတင်ပါ။ ရေလောင်းပါ။ ရေချိုးပါ။ ရေချိုးစည်ထဲထားပါ။ ပန်ကာဖွင့်ပေးပါ၊ ယပ်ခပ်ပေးပါ။
• သက်သာလာပြီးနောက်မှာလဲ အပူဒဏမခံရအောင် ဆက်ရှောင်ရှားနေပါ။ ပြင်းထံတဲ့အားကစား၊ ကိုယ်လက်လေ့ကျင့်ခန်း ရှောင်ထားပါ။
• ရေအေးတဘက်နဲ့ပတ်ပေးထားနည်း မသင့်ပါ။
• ရေချိုးစည်ပိုင်းမှာ အသင့်အတင့်အေးတဲ့ရေသာသုံးပါ။ သတိလစ်နေသူကို အဲလိုမလုပ်ပါနဲ့။ တခြားရွေးစရာမရှိရင် ခေါင်းကို ရေထဲမနစ်ဘို့သတိထားလုပ်ပါ။
• ရေအေးသောက်စေပါ။ ORS ဓါတ်ဆားရည်သောက်စေပါ။ လိုလာရင် သွေးကြောထဲ RL drip ဆေးသွင်းပါ။
• အသက်ရှူ-နှလုံးခုန် မကောင်းတော့ရင် CPR လုပ်ဘို့ပြင်ဆင်ထားပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၄

သုက်ကောင်နှင့်မျိုးဥမျက်နှာပြင်မှ အဓိကကျသောပရိုတိန်းများကို တွေ့ရှိခြင်းက သန္ဓေအောင်စေရေးကုသမှုများအတွက် အလားအလာရှိလာ


ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၅)

ကိန်းဘရစ်၊

၂ဝဝ၅ ခုနှစ်က သုက်ကောင်၏ မျက် နှာပြင်ပေါ်ရှိ ပရိုတိန်းတစ်မျိုးကို ဂျပန်သု တေသီများက တွေ့ရှိခဲ့သည်။ ယင်းပရိုတိန်း က သန္ဓေသားလောင်းတစ်ခု ဖြစ်ပေါ်ရေး အတွက် တွယ်ဆက်ပေါင်းစပ်ရန် မျိုးဥကို ရရှိသည်။ ဂျပန်သုတေသီတို့က ဂျပန်တို့၏ထိမ်းမြားမှုဆိုင်ရာ အထွတ်အမြတ်နေရာ တစ်ခုကို အစွဲပြု၍ ယင်းပရိုတိန်းကို အိဇုမို ဟုခေါ်ခဲ့ကြသည်။

ယခုအခါ ယူကေရှိ သုတေသီများက လည်း မျိုးဥပေါ်မှ မိတ်ဖက်ပရိုတိန်းတစ်ခု ကို တွေ့ရှိထားပြီး ၎င်းသုတေသီတို့က ယင်း ပရိုတိန်းကို သန္ဓေအောင်ခြင်းနှင့် ထိမ်းမြား ခြင်းဆိုင်ရာ ရောမနတ်သမီး၏အမည်ကို အစွဲပြု၍ ဂျူနိုဟုခေါ်သည်။
ယူကေနိုင်ငံ ကိန်းဘရစ်ရှိ Well come Trust Sanger Institute မှ သုတေသီများ သည် ¤င်းတို့၏ လေ့လာတွေ့ရှိချက်များကိုNature ဂျာနယ်တွင်အစီရင်ခံခဲ့သည်။

''ကိုယ်ဝန်ရှိဖို့ မဖြစ်မနေပေါင်းစည်း ရမယ့် သုက်ကောင်နဲ့မျိုးဥပေါ်က မော်လီ ကျူးတွေကို ခွဲခြားသိရှိခြင်းအားဖြင့် ဇီဝဗေ ဒပညာမှာ ကာလရှည် ပဟေဠိဖြစ်နေတဲ့ အရာတစ်ခုကို ဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။ ဒီလို မရှိမဖြစ် အပြန်အလှန်တုံ့ပြန်မှု မရှိ ရင် သန္ဓေအောင်မှုဆိုတာ ဖြစ်မလာနိုင်ပါ ဘူး''ဟု အဆိုပါအင်စတီကျု၏ Cell Surface Signalling Laboratory ကို ဦး ဆောင်သူ အကြီးတန်းစာတမ်းရေးသူ ဒေါက် တာဂေဗင်ရိုက်က ပြောကြားခဲ့သည်။

ယခုကဲ့သို့တွေ့ရှိမှုက သန္ဓေအောင် ရေးကုသမှုများနှင့် ပဋိသန္ဓေတားဆေးသစ် များ ထုတ်လုပ်ရေးတို့တွင် တိုးတက်မှုများ ရရှိလာမည်ဟု ဂေဗင်ရိုက်နှင့် လုပ်ဖော်ကိုင် ဖက်သုတေသီတို့က မျှော်လင့်နေသည်။

ပထမအဆင့်အနေဖြင့် သုတေသီအ ဖွဲ့သည် အိဇုမိုကို အတတ်ပညာဖြင့် ဖန်တီး ပြီးြ<ွကက်မျိုးဥတစ်ခု၏ မျက်နှာပြင်ပေါ်ရှိ ပေါင်းစည်းပါတနာများကို ရှာဖွေတွေ့ရှိရန် အသုံးပြုခဲ့သည်။ အဆိုပါအိဇုမိုသည် ဂျူနိုဟုပြန်လည်အမည်ပေးထားသော folate receptor 4 (Folr 4) နှင့် ပေါင်း စည်းသည်ကို သုတေသီတို့ တွေ့ရှိခဲ့သည်။
ထို့နောက် သုတေသီတို့သည် ဥများ ပေါ်တွင် ဂျူနိုပရိုတိန်းမရှိသောြ<ွကက်အမ များကိုြ<ွကက်ထီးများ၏သုက်များ ထိုးပေး ခဲ့ရာ ¤င်ြး<ွကက်များ သန္ဓေမအောင်သည် ကို တွေ့ခဲ့ရသည်။

¤င်ြး<ွကက်အမများ၏ မျိုးဥများသည် ပုံမှန်သုက်များနှင့် တွယ်ဆက်ပေါင်းစည်း မှု မရှိခဲ့ပေ။ ယင်းသို့ဖြစ်ခြင်းက ဂျူနိုပရိုတိန်း သည် ထိုအဆင့်၌ မရှိမဖြစ်လိုအပ်နေပြီး အမဘက်မှ သန္ဓေအောင်မှုအတွက် လိုအပ် နေကြောင်း ပြသလျက်ရှိသည်။

တစ်ဖန် သုတေသီများသည် သုက် များ၏မျက်နှာပြင်တွင် အိဇုမို ပရိုတိန်းမပါ သော သုက်များနှင့် စမ်းသပ်ရာတွင်လည်း သန္ဓေမအောင်ကြောင်း တွေ့ရှိခဲ့ကြသည်။

Ref: Medical News Today
Yangon Media Group

မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်


ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့
Comment အချို့ကိုတွေ့လိုက်လို့ ဒီစာကိုရေးလိုက်ရတာပါ။
အပုပ်ချထားတဲ့စာထဲမှာ သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာကြီးမှာ သူစီးမဲ့ ရထားထွက်သွားလို့
သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ထိုးတယ်ဆိုပြီး ရေးထားပါတယ်။
ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ်သားလဲ ကျောင်းထုတ်ခံရတယ်လို့ရေးထားပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေခဲ့တဲံအတွက်ကြောင့်မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။
ရုံပိုင်က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။အဲဒီလိုဖြစ်တဲ့အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။

ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း
ကျောင်းထုတ်တယ် ဆိုတာ မဟုတ်ပါဘူး။အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ
အဲဒီအချိန်က မန္တလေးဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။သူဆုံးသွားလို့ သူ့အကြောင်းမကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကိုအားလုံး
သိစေချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။

ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်း
ယူပြီး လာခဲ့ ဆိုပြီး ပြောလိုက်ပါတယ်၊ဒုဗိုလ်မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။
ပစ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြောနေပါတယ်။
ရုံပိုင်က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက်မှတ်တွေကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိတစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။
အခုလက်ရှိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်းထားတာပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြောပါတယ်။
အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေတာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက်အစောကြီးကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန်နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။

မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့
သွားလာနေတဲ့သူတွေကျတော့ဒီလိုလက်မှတ်လုပ်မပေးတာ
ကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။
ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။
ဒီမှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ်စဉ်က ဒါပါပဲ။

အဲဒီတုန်းက ရုံပိုင် ဘယ်လိုလူစားလဲ ဆိုတာ မကြာပါဘူး။ ပြဿနာ တက်ပါတယ်။မန္တလေး ဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ
ကျောင်းပိတ်လို့ ခွင့်ပြန်ကြတဲ့အချိန်မှာ ဖြစ်တာပါ။ရုံပိုင်ကို အဲဒီတုန်းက စစ်တိုင်းမှူးက ဆေးကျောင်းသားတွေအတွက် ရထားလက်မှတ်တွေ ချန်ခိုင်းထားပါတယ်။ကျောင်းသားတွေလည်း Ok ဆိုပြီး ဘူတာကို အုပ်စုလိုက်ကြီး ရောက်လာကြပါတယ်။ဘူတာလည်းရောက်ရော ကျောင်းသားတွေဖို့ လက်မှတ်မရှိဘူး ဆိုပြီး ရုံပိုင်ချုပ်က ပြောပါတယ်။
အမှန်တော့ ကျောင်းသားတွေအတွက်လက်မှတ်တွေကို မှောင်ခိုသမားတွေလက်ထဲထည့်ချင်တဲ့ရည်ရွယ်ချက်နဲ့ အကြံအဖန်လုပ်တာပါ။

ဒါတွေကို ကျောင်းသားတွေက သိလို့ ပြောတဲ့အခါမှာ ကျောင်းသားတွေက
ို ရုံပိုင်ချုပ်က မိုက်မိုက်ရိုင်းရိုင်း ဆဲပါတယ်။ မင်းတို့ ဒီရထား မရလည်း နောက်ရထားရမှာပဲ..နောက်ရထား မရလည်း နောက်နေ့ ရထားရမှာပဲ။ ငါ့လီးမို့လို့ ငါ့ကို လာပြီး ပြောနေတာလဲ ဆိုပြီး ရုံပိုင်က ပြောတာပါ။မင်းတို့လို ကောင်တွေနဲ့ ပြောရတာ အချိန်ကုန်တယ်။ မအေလိုးတွေဆိုပြီး ဆဲတာပါ။အဲတော့ ကျောင်းသားတွေက စိတ်တိုပြီး ရုံပိုင်ချုပ်ကို ၀ိုင်းရိုက်ဖို့ လုပ်ပါတယ်။ကျောင်းသားတွေကလည်း စစ်တိုင်းမှူးကို ပြောထားတယ်။ စစ်တိုင်းမှူးကလည်း ပြောထားပြီးပြီ ဆိုတော့ ရပြီဆိုပြီး စိတ်အေးလက်အေး ဘူတာဆင်းသွားကြတာပါ။
အဲတုန်းက ပြဿနာဖြစ်ခဲ့တဲ့ ကျောင်းသားတွေက အသိဆုံးပါ။
ရုံပိုင်ချုပ်က ငွေမက်တယ်။

မှောင်ခိုပဲ ရောင်းစားတယ်။ တစ်ကယ် လိုချင်ရင် ဈေးကြီးပေးပြီး ၀ယ်ရတယ်။ဒီမှာပဲ ရဲတွေ ရောက်လာပြီး ကျောင်းသားတွေကို
တားပါတယ်။ ကျောင်းသားတွေအားလုံး ရုံပိုင်ကို တစ်ကယ်ရိုက်တော့မှာပါ။
နောက် လပခက စစ်သားတွေ ရောက်လာတယ်။နောက်ဆုံးမှ
ကျောင်းသားတွေ လက်မှတ်ရပါတယ်။ ပြီးတော့ ရထားပေါ်တက်ပြီး အိမ်ပြန်လာခဲ့ကြတယ်။နောက်တော့ သတင်းကြားပါတယ်။ ရုံပိုင်ကို အဖွဲ့ဖွဲ့စစ်တော့ ကျောင်းသားတွေ နာမည်နဲ့လက်မှတ်နေရာတွေကို
မှောင်ခိုရောင်းထားတာ တွေ့ရတယ် လို့ ပြောပါတယ်။
ဒါတင်မကဘူး မရိုးမသား ထင်ရာစိုင်းလုပ်နေတဲ့ အခြား အလွဲသုံးစားတွေလည်း ပေါ်ပါတယ်။ဒီမှာပဲ ရုံပိုင်ကို အနားပေးလိုက်တာပါ။ တစ်ကယ်က ရုံပိုင်က အဲလိုလူမျိုးပါ။ကျွန်တော်အနေနဲ့ အဲဒီဖြစ်စဉ်တွေမှာ ရုံပိုင်ချုပ်နဲ့တကယ်ကြုံတွေ့ပြီး ဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြ
ရခြင်းဖြစ်ပါတယ်။

ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)
အမှန်တရား အား မြတ်နိုးရင် သမ္မတကြီး အတွက် ၀ိုင်းဝန်း ရှယ်ပေး
ကြပါစို့…… We Love True မှ စုံစမ်း မေးမြန်တင်ဆက်ပါသည်။

ဘာလီလေဆိပ်အာဏာပိုင်တွေ လေယာဉ်ခေါင်းခန်းထဲဝင်ဖို့ ကြိုးစားခဲ့တဲ့ ခရီးသည်ကို ဖမ်းဆီး


သြစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့ကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ကို ပျံသန်းခဲ့တဲ့ Virgin Australia လေကြောင်းခရီးစဉ်မှာ အရက်မူးပြီး လေယာဉ်ခေါင်းခန်းထဲဝင်ဖို့ ကြိုးစားခဲ့တဲ့ ခရီးသည်တဦးကို ဘာလီလေဆိပ်အာဏာပိုင်တွေက ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

ခရီးသည်ဟာ သြစတြေးလျသားက အသက် ၂၈ နှစ်အရွယ် မက် ခရစ်စတိုဖာ လော့ကလေ ဖြစ်ပြီး ဘာလီလေဆိပ်ကို ဆင်းဖို့ တနာရီအလိုမှာ လေယာဉ်ခေါင်းခန်းတံခါးကို ထုခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်အပိုင်စီးဖို့ ကြိုးစားတာမျိုးတော့ မတွေ့ရပေမယ့် ခရီးစဉ်အရေးပေါ် အခြေအနေကိုတော့ ကြေညာလိုက်ရတယ်လို့ လေကြောင်းလိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။

လေယာဉ်ဝန်ထမ်းတွေက လော့ကလေ ကို ချုပ်နှောင်ခဲ့ကြပြီး ဘာလီလေဆိပ်မှာလည်း အရေးပေါ်အခြေအနေ တပ်လှန့်ခဲ့ရပါတယ်။ လော့ကလေဟာ ပုံမှန်တော့ မဟုတ်ဘူးလို့ လေယာဉ်မယ်တဦးက ပြောဆိုခဲ့တာကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု ရှိမရှိ စစ်ဆေးမယ်လို့ ဘာလီရဲဌာနက ပြောဆိုပါတယ်။

ခရီးသည် ၁၃၇ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦးတို့ကတော့ ထိခိုက်မှုမရှိပါဘူး။ လေကြောင်းလိုင်းမှာ သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းဖြစ်ပါတယ်။

အခုလိုကာလမျိုးမှာ သြစတြေးလျလူငယ်လူရွယ်တွေဟာ အင်ဒိုနီးယားနိုင်ငံ ဘာလီကျွန်းကို အပန်းဖြေခရီး အများအပြားလာရောက်ကြတယ်လို့လည်း ဆိုပါတယ်။

DVB Burmese

အမျိုးသမီးအင်္ဂါထဲ သေနတ်ဖွက်ယူလာတဲ့ ဆယ်ကျော်သက်မိန်းကလေး


အသက် ၁၉ နှစ်အရွယ် Dallas Archer ဆိုသူ မိန်းကလေးတစ်ယောက်ကို ဆိုင်းငံ့ထားတဲ့ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်မှုနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

Tennessee ပြည်နယ်၊ Kingsport မြို့ သူ Archer ကို ထောင်မိန့် ချပြီးနောက် အမျိုးသမီးထောင်အရာရှိ တစ်ယောက်က ရှာဖွေစစ်ဆေးခဲ့ရာ ပေါင်ခြံကြားက အမည်မသိအရာဝတ္ထုတစ်ခုကို တွေ့ ရှိခဲ့ပါတယ်။

ထောင်မှူးနဲ့ အမျိုးသမီးရဲဝန်ထမ်းတစ်ယောက်က သူမကို သန့် စင်ခန်းဆီခေါ်ဆောင်ပြီး စစ်ဆေးခဲ့ရာ Revolver သေနတ်တစ်လက်ကို သူမရဲ့ မိန်းမအင်္ဂါအတွင်းက တွေ့ ရှိခဲ့ကြောင်း သိရှိရပါတယ်။

လေးလက်မအရွယ်ရှိတဲ့ Revolver သေနတ်ကို ၂၀၀၃ ခုနှစ်က အသက်ကြီးအမျိုးသားတစ်ယောက်ရဲ့ ကားထဲကနေ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်ပိုင်ရှင် အသက် ၇၀ အရွယ် John Souther က သေနတ်လေးကို ပြန်လည်တိုက်ချွတ်ပြီးမှ ပြန်ယူချင်တယ်လို့ ဆိုပါတယ်။

The Smoking Gun သတင်းဌာနရဲ့ အဆိုအရ Archer ကို သေနတ်လက်ဝယ်ထားရှိမှု ၊ အကျဉ်းထောင်ထဲ တားမြစ်ပစ္စည်း ခိုးသွင်းမှုနဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

Archer ကို အာမခံဒေါ်လာ ၆၀၀၀ နဲ့ အချုပ်ထောင်ကနေ လက်ရှိလွှတ်ပေးထားကြောင်း ထောင်အာဏာပိုင် တစ်ယောက်က ပြောကြားခဲ့ပါတယ်။

တရားဝင်ရဲမှတ်တမ်းမှာ “ Ms.Archer ကို ရေချိုးခန်းတွင် ထောင်မှူးက စစ်ဆေးခဲ့ရာမှာ NAA 22 LR revolver အသေးစားတစ်လက်ကို Ms Dallas ရဲ့ မိန်းမအင်္ဂါအတွင်းကနေ ကျည်ဖြည့်ထားလျက်နဲ့ တွေ့ ရှိခဲ့ရတယ်” လို့  ဖော်ပြထားပါတယ်။

Ref: Mirror.co.uk
Trend Myanmar

အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိတိုက်ပြိုကျမှုဖြစ်ပွား လူနှစ်ဦးသေ တစ်ဦးဒဏ်ရာရ


(ရန်ကုန် ဧပြီ ၂၆)
ယနေ့ ညနေ ၅း၀၀ အချိန်တွင် အလုံလမ်းနှင့် ဧရာဝတီ လမ်းထောင့်ရှိ တိုက်ဖြိုနေစဉ် တိုက်ပြိုကျ၍ ဆောက်လုပ်ရေး အလုပ်သမားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း မီးသတ်ဦးစီး

ကန်တော်ကြီးရေကြည်လင်ရန်အမေရိကန်နည်း ပညာရှင်များဖြင့်ဆောင်ရွက်မည်


ကန်တော်ကြီးပတ်ဝန်းကျင် နှင့် ကန်တော်ကြီးရေကြည်လင် လာစေရေးအတွက် အမေရိကန် နိုင်ငံမှနည်းပညာရှင်များဖြင့်ဆောင် ရွက်သွားရန်ရှိကြောင်းသိရသည်။

အဆိုပါကဲ့သို့ဖြစ်လာစေရန် အတွက်ကန်တော်ကြီးမှရေကို နမူနာဓါတ်ခွဲရန်အမေရိကန်နိုင်ငံ သို့ပို့ထားပြီး စမ်းသပ်တိုင်းတာမှု ကို ယခုနှစ် ဧပြီလ ၁ ရက်နေ့စတင် ကာလုပ်ဆောင်နေလျက်ရှိကြောင်း အမေရိကန်မှပညာရှင်များနှင့်ပူး ပေါင်းလုပ်ဆောင်သည့်Myan mar Mega Tran ကုမ္ပဏီမှတာဝန် ရှိသူကိုဇော်ကပြောသည်။

““ဧပြီလ ၁ ရက်နေ့ကစပြီး တော့လုပ်နေပြီ၊ ရေကလည်းတော် တော်လေးကိုကြည်နေပါပြီ။ ၉၉ ရာခိုင်နှုန်းအထိရေကိုကြည် သွားအောင်လုပ်ဖို့ရှိပါတယ်””ဟုကိုဇော်ကဆို သည်။

အမေရိကန်မှပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုသည် ၃လ ခန့်ကြာမြင့်မည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီသောနည်းပညာများဖြင့် သာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

““ရေကြည်ဖို့အတွက်ရေထဲကို လူတွေမကြားနိုင်တဲ့လှိုင်းအသံနဲ့ ထည့်ပြီးလုပ်သွားပါမယ်။ ရေကြည် ဖို့အတွက်လူနဲ့ငါးတွေကိုအန်္တရာယ် မဖြစ်စေတဲ့ဆေးဝါးများကိုသာသုံး သွားမှာပါ””ဟုကိုဇော်ကထပ်လောင်း ပြောဆိုသည်။

ယခင်က ကန်တော်ကြီးပတ် ၀န်းကျင်နှင့် ကန်တော်ကြီးရေကြည် လင်လာစေရေးအတွကJICA ၏ အကူအညီဖြင့်ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါ အမေရိကန်ပညာရှင်များ ကပြန်လည်ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။

ဖြိုးအောင်
The Hot News Weekly

အကြမ်းဖက်မှုတွေဟာ ဗုဒ္ဓဘာသာဝင် အချင်းချင်းဘက် လှည့်လာပြီလား

ဆူးလေစေတီတော်၊ ဧမာနွေလဘုရားကျောင်းနဲ့ ဗလီတစ်ခုရှိရာ ရန်ကုန်မြို့လယ်က ညရှုခင်း

ဒေါ်အင်ကြင်းနိုင်။        ။ ပြီးခဲ့တဲ့ သင်္ကြန်တွင်း ဧပြီ ၁၅၊ ၁၆ နဲ့ ၁၇ ရက်တွေတုန်းက ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ ထူးခြားမှုကတော့ အစ္စလာမ်ဘာသာဝင် လူငယ်လေးတစ်ယောက်ကို လက်ခံထားလို့ဆိုပြီး ဒေသခံ လူအုပ်စုကြီးက ဗုဒ္ဓဘာသာဝင် မိသားစုတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်မှာ လူနေအိမ် လေးလုံးပဲ ဖျက်ဆီးခံခဲ့ရတယ်ဆိုပေမယ့် အသေးစိတ် လေ့လာကြည့်တဲ့အခါ စိုးရိမ်စရာ ကြောက်စရာကောင်းတဲ့ အနေအထားတစ်ခုအဖြစ် တွေ့မြင်ကြရပါတယ်။ အဲဒီ အကြမ်းဖက်မှု ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ အခု ရက်ပိုင်းအတွင်း အလားတူ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားမယ်ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်။     ။ ပြည်တွင်း သတင်းဖော်ပြချက်တွေအရ နတ်တလင်းမြို့ပေါ်နေ အစ္စလာမ်ဘာသာဝင် လူငယ်လေးတစ်ယောက်ဟာ တောင်ညိုမြို့သစ်က ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ကြတယ်လို့ ဆိုပါတယ်။ မိန်းကလေးရဲ့ ဖုန်းဆက်ခေါ်ဆိုမှုကြောင့် အဲဒီလူငယ်လေးဟာ တောင်ညိုမြို့သစ်က မိန်းကလေးရဲ့ အိမ်ကိုသွားပါတယ်။ အဲဒီအိမ်ကို ရောက်ပြီးနောက် ဒေသခံ လူအုပ်စုကြီးက ဘာသာခြားလူငယ်ကို ထုတ်ပေးဖို့၊ သူတို့လက်အပ်ဖို့ တောင်းဆိုပါတယ်။ ထုတ်မပေးတဲ့အခါ အရေအတွက် ၃၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက အဲဒီ အိမ်ကို ခဲနဲ့ပေါက်၊ နေအိမ်နဲ့ အိမ်သုံးပစ္စည်းတစ်ချို့ကို ဖျက်ဆီးခဲ့ကြပါတယ်။ နောက်ရက်တွေမှာလည်း အဲဒီ လူငယ်နဲ့ရင်းနှီးတဲ့ နေအိမ်သုံးလုံးကို ဆက်ပြီး ဖျက်ဆီးခဲ့ကြပါသေးတယ်။ ဒီအတောအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် (၅၀) လောက် လာရောက်ခဲ့ပေမယ့် တစ်စုံတစ်ရာ တားဆီးတာမျိုး မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဇာတ်လမ်းနိဂုံးချုပ်မှာတော့ အစ္စလာမ်ဘာသာဝင် လူငယ်ကို ရဲတပ်ဖွဲ့က ဧည့်စာရင်းမတိုင်တဲ့ပုဒ်မနဲ့ သာယာဝတီဘက်ကို ခေါ်သွားပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုတွေကိုတော့ ရဲတပ်ဖွဲ့က စောင့်ရှောက်ပေးထားရပါတယ်။ ထူးခြားတာတစ်ခုက လူစုလူဝေးနဲ့ နေအိမ်ဖျက်ဆီးသူတွေထဲက တစ်စုံတစ်ယောက်မှ ဖမ်းဆီး စစ်ဆေး အရေးယူ မခံရတာပါ။ ပြဥနာ မဖြစ်ပွားခင်မှာရော ပြဿနာ ဖြစ်ပွားနေစဉ်မှာပါ လူစုလူဝေးနဲ့ အကြမ်းဖက်ဖို့ ကြိုးစားသူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင် တစ်ချို့၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလို့ခေါ်တဲ့ မ.ဘ.သ အဖွဲ့ဝင်တစ်ချို့ အခြေအတင် မေတ္တာရပ်ခံပြောဆိုတာ၊ ညှိနှိုင်းတာမျိုး ရှိခဲ့တဲ့အတွက် အကြမ်းဖက်သူ ဘယ်သူဘယ်ဝါတွေ ဆိုတာ သိနေကြတဲ့သဘောရှိပါတယ်။ ဒါပေမယ့် အရေးယူမှု မရှိခဲ့ပါဘူး။ ဒီ ဖြစ်ရပ်ကို သုံးသပ်ကြည့်ရင် အကြမ်းဖက်သမားတွေဟာ သူတို့ ပစ်မှတ် မိသားစုတွေကို စိတ်တိုင်းကျ အကြမ်းဖက်နိုင်တဲ့ အခြေအနေ တွေ့ကြရမှာဖြစ်ပြီး ထူးခြားတာ တစ်ခုကတော့ အရင်အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာလို တိုက်ခိုက် ခံရသူတွေဟာ ဘာသာခြားတွေ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် အချင်းချင်း ဖြစ်နေတာပဲဖြစ်ပါတယ်။

ဒေါ်အင်ကြင်းနိုင်။        ။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်ရင် ဒီလိုပဲ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာတာ တွေ့ရမှာဖြစ်ပါတယ်။ ပထမ တဆင့် ဘင်္ဂလီတွေနဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ ဒီ အကြမ်းဖက်မှုကြီး ဖြစ်ပြီးတဲ့အခါ အစိုးရအာဏာပိုင်တွေကိုယ်တိုင်က ဒါဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ တစ်ဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ ဖြစ်ကြတာ၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြတဲ့ ပြဿနာ မဟုတ်ဘူး၊ ဒါကြောင့် ဒီ မီးပွားတွေ မြန်မာနိုင်ငံ ပြည်မထဲ ကူးစက်မလာနိုင်ပါဘူး ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း မိထ္တီလာ၊ ပဲခူးတိုင်း နေရာတစ်ချို့နဲ့ ရှမ်းပြည်နယ်တွေမှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ အဖြစ် ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။ အမုန်းတရား ဖြန့်ဖြူးမှုတွေလည်း ပိုမို ကျယ်ပြန့်လာပါတယ်။

ရခိုင်ပြည်နယ်မှာတော့ အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုဟာ အဲဒီလောက်နဲ့ ရပ်မနေပါဘူး။ နောက်ထပ် ပစ်မှတ်ဟာ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာကိုးကွယ်သူ တိုင်းရင်းသား ကမန်လူမျိုး တွေဘက် လှည့်သွားပါတယ်။ ကမန်တွေကို တိုက်ခိုက်တာ၊ ကမန်ကျေးရွာနဲ့ နေအိမ်တွေ ဖျက်ဆီးတာစတဲ့ ပြဿနာတွေ ပေါ်ပေါက်လာပါတယ်။ ဒီလောက်ပဲလားဆိုတော့ မကသေးပါဘူး။ မြောက်ဦးက စပြီး နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို အကြပ်ကိုင်ဖို့ ကြိုးစားလာပါတယ်။ အစွန်းရောက်တွေရဲ့အမြင်မှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဟာ သူတို့ မုန်းတီးတဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီတွေကို အကူအညီ အထောက်အပံ့တွေ ပေးတယ်၊ ဒါကြောင့် အဲဒီ အဖွဲ့အစည်းတွေကို ထိန်းကွပ်ဖို့ လုပ်ရမယ်ဆိုပြီး တောင်းဆိုချက်တွေထုတ်၊ ဖိအားပေးတာတွေ လုပ်လာပါတယ်။

ဦးစည်သူအောင်မြင့်။     ။ ရခိုင်ပြည်နယ် မြောက်ဦးမှာ ရပ်မိရပ်ဖလို့ ခေါ်တဲ့ အဖွဲ့တွေက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို တောင်းဆိုတဲ့ အချက်တွေဟာ အတော်လေး တစ်ဖက်စောင်းနင်း နိုင်ပါတယ်။ အဲဒါတွေကတော့ NGO – INGO  အဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ရာမှာ ဒေသခံတွေပါဝင်တဲ့ ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဘက်လိုက်မှုမရှိဘဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့ ပစ္စည်း၊ အခြား အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒီ ကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ NGO – INGO  အဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး (၅) ယောက်ကို အတူ လိုက်ပါ ခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှု အခြေအနေ ကော်မတီကို အချိန်မရွေး ဝင်ရောက် စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်းကာလနဲ့ အကူအညီပေးမယ့် အဖွဲ့အစည်းရဲ့နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး လုံးဝမလုပ်ဖို့၊ အကူအညီပေးတာကို မနက် ၆ နာရီကနေ ည ၆ နာရီ အတွင်းပဲ လုပ်ဖို့၊ အရေးပေါ် အကူအညီလိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှ လုပ်ဖို့ စတဲ့ အချက်တွေ ပါပါတယ်။

ဒေါ်အင်ကြင်းနိုင်။        ။ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်းတွေအနေနဲ့ တဖက်စောင်းနင်း နိုင်ပြီး လိုက်နာဖို့ မဖြစ်နိုင်တဲ့ ဒီ စည်းမျဉ်းစည်းကမ်းတွေကို အလျှော့ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီ အချိန်ကတည်းက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင်တွေ တည်းခိုနေထိုင်တဲ့ မြောက်ဦးက ဟော်တယ် ပိုင်ရှင်တွေနဲ့ နေအိမ်ပိုင်ရှင်တွေဟာ အစွန်းရောက်တွေရဲ့ ဖိအားပေး အကြပ်ကိုင် ခြိမ်းခြောက်မှုတွေ ခံခဲ့ရပါတယ်။ ဒီလိုနည်းနဲ့ပဲ စစ်တွေမှာ မာတေဇာ အဖွဲ့က နိုင်ငံခြားသူတစ်ဦး သာသနာ့အလံကို ဖြုတ်ချ မဖွယ်မရာလုပ်တယ်ဆိုတဲ့ ကောလဟလ သတင်းတစ်ခု ထွက်ပေါ်လာတာနဲ့ တပြိုင်နက် အစွန်းရောက်တွေဟာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင်တွေ နေထိုင်ရာ နေအိမ်တွေ၊ ရုံးခန်းတွေ၊ ကုန်ပစ္စည်းသိုလှောင်ရာ ဂိုဒေါင်တွေကို အကြမ်းဖက် ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်။     ။ အခု အဲလို ပုံသဏ္ဍန်ဆင်တူတဲ့ လှုပ်ရှားမှုမျိုး ပြည်မကြီးထဲမှာ စ ပြီး ပေါ်ပေါက်လာနေပြီလို့ ယူဆနိုင်ပါတယ်။ ပဲခူးတိုင်း၊ နတ်တလင်း တောင်ငူမြို့သစ်က အကြမ်းဖက်မှုမှာဆိုရင် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို လက်ခံထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ဗုဒ္ဓဘာသာဝင် နေအိမ်တွေကို ဖျက်ဆီးခဲ့တာပါ။ အလားတူပါပဲ။ သိပ်မကြာသေးခင်တုန်းက လားရှိုးအခြေစိုက် ရှမ်းပြည်မြောက်ပိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မ.ဘ.သ အဖွဲ့ကလည်း ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီက မကြာခင် ထုတ်ရောင်းမယ့် မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို သပိတ်မှောက်ကြဖို့ ထုတ်ပြန်ကြေညာတာတွေ လုပ်လာပါပြီ။ ဒီလှုပ်ရှားမှုတွေကို မတားဆီးနိုင်၊ အရေးမယူနိုင်ဘဲ ကျယ်ပြန့်လာရင် ရခိုင်ပြည်နယ်မှာလို အကြမ်းဖက်မှုဆီကို အချိန်မရွေး ကူးပြောင်းသွားနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

VOA Burmese

မန်ယူသင်ခန်းစာ


မြန်မာများ သဲသဲလှုပ် အားပေးကြသည့် အင်္ဂလန်အခြေစိုက် မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြ David Moyes ကို ထုတ်ပယ်ပစ်လိုက်သည့် ကိစ္စတွင် ဘောလုံးပွဲသာမက နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်စုံတွင် အသုံးချနိုင်သည့် ခေါင်းဆောင်မှု သင်ခန်းစာများကို တွေ့ရမည်။

မန်ချက်စတာယူနိုက်တက် (မြန်မာတို့အခေါ် မန်ယူ) အသင်းသည် အင်္ဂလန်တွင် အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်သလို ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး အသင်းတစ်သင်းလည်း ဖြစ်သည်။ မန်ချက်စတာအသင်း၏ လက်ရှိ အောင်မြင်မှုသည် ယခင်နည်းပြဟောင်း အဲလက်စ်ဖာဂူဆန် လက်ထက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်သည် ၂၆ နှစ်တိုင်တိုင် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပြီး အင်္ဂလန်တွင်ရော ဥရောပတွင်ပါ အောင်မြင်မှုများစွာကို ရယူပေးခဲ့သည်။ ဖာဂူဆန်သည် ယမန်နှစ်က အငြိမ်းစားယူကာ သူ့နေရာတွင် အဲဗာတန်အသင်း နည်းပြ David Moyes ကို စိတ်ကြိုက်ရွေးခဲ့သည်။ David Moyes မန်ယူနည်းပြအဖြစ် တာဝန်ယူအပြီး ဆယ်လအကြာတွင် မန်ယူအသင်းအတွက် အရှုံးစံချိန် များစွာကို တင်ပေးခဲ့သည့် စံချိန်ရှင်အဖြစ် ထုတ်ပယ်ခံလိုက်ရသည်။ နှစ်စဉ်နှစ်တိုင်းလိုလို ချန်ပီယံဆုအတွက် ပြိုင်ပွဲဝင်နေသည့် မန်ယူသည် ရှေ့နှစ်တွင် စတုတ္ထအဆင့်ပင် မဝင်တော့ဘဲ လောလောဆယ်တွင် အဆင့်ခုနစ်သို့ ရောက်ရှိနေသည်။

ဆက်ခံသူ

နာမည်ကျော် ခေါင်းဆောင်တစ်ဦး၊ ဧရာမ ခေါင်းဆောင်တစ်ဦး နေရာကို အစားထိုး ဝင်ရောက်ရသူ ခေါင်းဆောင်တိုင်းသည် ဆက်ခံသူ ဒုက္ခကို ခံရစမြဲဖြစ်သည်။ သူ့ကို ရှေ့မှ ခေါင်းဆောင်ကြီးနှင့် နှိုင်းယှဉ်ကြမည်ကို ရှောင်လွဲမရ။ သူ့တွင် သူ့စရိုက် သူ့အရည်အချင်းနှင့် ရှေ့မှ လူတွင်လည်း သူ့စရိုက် သူ့အရည်အချင်းနှင့် ဆိုသည်ကို လူအများက စဉ်းစားမည် မဟုတ်။ ရှေ့မှလူ အောင်မြင်လေလေ၊ သက်တမ်းကြာလေလေ ထိုနှိုင်းယှဉ်မှုကို ပိုခံရလေလေ ဖြစ်သည်။ ထိုဒဏ်ကို မခံနိုင်လျှင် စိတ်ထောင်းကိုယ်ကြေ ဖြစ်ပြီး အဖွဲ့ကို ဦးဆောင်နိုင်မည် မဟုတ်။ Apples ကုမ္ပဏီခေါင်းဆောင် Steve Jobs ဆုံးပါးအပြီး ဆက်ခံသူ Tim Cook ခံစားရသော ဖိအားသည် ထင်ရှားသော ဥပမာတစ်ရပ် ဖြစ်သည်။

ဖာဂူဆန်သည် ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးအဖြစ် အသတ်မှတ်ခံရပြီး ဆာဘွဲ့ချီးမြှင့်ခံရသူ ရှားရှားပါးပါး နည်းပြဖြစ်သည်။ အနားယူပြီးချိန်တွင် ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်က စီမံခန့်ခွဲမှု ပညာများအား ပို့ချပေးရန် ဧည့်ပါမောက္ခအဖြစ် ဖိတ်ကြားခံရသူ ဖြစ်သည်။ David Moyes သည် အဲဗာတန်ကို ဘတ်ဂျက်နည်းနည်းဖြင့် သူ့အထွာနှင့်သူ အောင်မြင်အောင် စွမ်းဆောင်နိုင်သူ ဖြစ်သော်လည်း ကျော်ကြားမှု၊ ဖလားရရှိမှုတို့တွင် ဖာဂူဆန်နှင့် ကွာလှမ်းလှခြင်းက နှိုင်းယှဉ် ဝေဖန်လိုသူတို့ စိတ်ကြိုက် ဖြစ်စေခဲ့သည်။

David Moyes ဦးဆောင်ရသော မန်ယူအသင်းသားများသည် ဖာဂူဆန် စိတ်ကြိုက် ခေါ်ယူထားသူများ ဖြစ်ပြီး ဖာဂူဆန်စိတ်ကြိုက် နည်းစနစ်များဖြင့် ပုံသွင်း လေ့ကျင့်ခြင်း ခံထားရသူများ ဖြစ်သည်။ David Moyes ၏ နည်းစနစ်များသည် ပိုကောင်းချင် ကောင်းမည် ဖြစ်သော်လည်း အသင်းသားများစိတ်တွင် အကောင်းမြင်ရန် အချိန်ယူရမည် ဖြစ်သည်။ တစ်ဖန် အသင်းအတွက် အရေးကြီးသော အားဖြစ်သည့် ပရိသတ်များသည်လည်း ဖာဂူဆန်နှင့်သာ အသားကျနေသူများ ဖြစ်သည်။ အသက်၂၆ နှစ်ရွယ် မန်ယူပရိသတ်များသည် ဖာဂူဆန် နည်းပြဖြစ်ပြီးမှ မွေးသူများ ဖြစ်ကြသည့်အတွက် မန်ယူပရိသတ် အများစုသည် ဖာဂူဆန်မှလွဲလျှင် အခြားမန်ယူနည်းပြကို မမြင်ခဲ့ဖူးခြင်းကြောင့် David Moyes ပခုံးထက်တွင် ဖိအားပိုကြီးသည်။

ဖာဂူဆန်အား ဆက်ခံရသော အနီးဆုံး နည်းပြသည် ဖာဂူဆန်နှင့် နှိုင်းယှဉ် ခံရသည့်အတွက် အားကျစရာ မကောင်းဆုံး အနေအထား (Unenviable Position) တွင် အလုပ်လုပ်ကိုင်ရခြင်း ဖြစ်သည်။ David Moyes နေရာရောက်မည့် နည်းပြတွင် ဖိအားများ လျော့သွားပြီ။ သူ့လောက် မညံ့လျှင်ပင် နည်းပြသစ်အတွက် လုံလောက်ဖွယ် ရှိသည်။

ခေတ်အပြောင်း

ဖာဂူဆန် အငြိမ်းစား ယူသွားခြင်းသည် ဖာဂူဆန်တစ်ခေတ် ပြီးဆုံးသွားခြင်း ဖြစ်သည်။ ခေတ်ကြီးတစ်ခေတ်အပြီး နောက်တစ်ခေတ်သို့ အကူးအပြောင်းသည် မရေရာ မသေချာမှုများစွာ ရှိနေပြီး အခက်အခဲကြီးပေါင်းများစွာ ကြုံရလေ့ ရှိသည်။ စပ်ကူးမပ်ကူး ကာလကို မခန့်ခွဲ မကွပ်ကဲနိုင် (Transition management) လျှင် ရောက်နေသော အမြင့်မှ အရှက်တကွဲ အကျိုးနည်း ပြုတ်ကျတတ်သည်။

မန်ယူသည် ဘောလုံးအရရော စီးပွားရေးအရပါ အောင်မြင်မှု ကြီးသဖြင့် အပြောင်းအလဲကို စနစ်တကျ ထိန်းကွပ်ထားနိုင်မည်ဟု ယူဆရသည်။ သို့သော် ယခု စပ်ကူးမပ်ကူးသည် မျှော်လင့်ထားသလို ဖြစ်မလာသည့်အခါတွင် အကောင်းဘက်သို့ ပြန်ရောက်အောင် စီမံခန့်ခွဲနိုင်ခြင်း မရှိဘဲ အောက်သို့ ဆင်းသထက် ဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်နှင့် အတူလက်တွဲကာ မန်ယူကို အောင်မြင်အောင် စီမံနိုင်ခဲ့သော အမှုဆောင်အရာရှိချုပ် CEO သည် ဖာဂူဆန်နှင့် တစ်ပြိုင်တည်း ထွက်သွားခြင်းက မန်ယူတွင် ခေါင်းဆောင်မှု အပြောင်းအလဲကို ပိုမိုကြီးမားစေခဲ့ပြီး ထိုဧရာမ အပြောင်းအလဲကို ကွပ်ကဲရာတွင် ပျော့ကွက်များစွာ ရှိခဲ့သည်။

အထူးသဖြင့် နည်းပြ David Moyes ခေါ်ယူလိုသော ကစားသမားများကို မန်ယူ အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူမပေးနိုင်ခဲ့ခြင်းက အသင်းကို စီးပွားရေးနှင့် အုပ်ချုပ်ရေးအရ ဦးဆောင်မှု ပျော့ကွက်ကို ဖော်ပြနေသည်။ Moyes သည် သူ့စိတ်ကြိုက် ကစားသမားများကို လက်လွှတ်လိုက်ရပြီး နှစ်သိမ့်ဆုများနှင့်သာ စခန်းသွားခဲ့ရသည်။ အပြောင်းအလဲကြီး နှစ်ခုကို တစ်ပြိုင်တည်းတွင် ပြုလုပ်လိုက်ခြင်းသည် မန်ယူ၏ အမှားကြီး ဖြစ်ပြီး အသင်းကို အထိနာစေခဲ့သည်။

မန်ယူကဲ့သို့ နည်းပြ ပြောင်းသော်လည်း မန်ယူကဲ့သို့ အခြေမပျက်သော အသင်းကြီးများ ချယ်လ်ဆီး၊ မန်ချက်စတာစီးတီး (မန်စီးတီး) တို့ ရှိနေပါသည်။ သို့သော် ချယ်လ်ဆီးတွင် သူတို့ကို အမြင့်ဆုံး အောင်မြင်မှုများ ပေးအပ်ခဲ့သော နည်းပြဟောင်း မော်ရင်ဟို ပြန်ရောက်လာခြင်း ဖြစ်သည်။ တစ်ဖန် ချယ်လ်ဆီးရော မန်စီးတီးရောသည် နည်းပြများကို ကြာကြာထားလေ့ မရှိရာ နည်းပြ အပြောင်းအလဲသည် ချယ်လ်ဆီးရော မန်စီးတီးတွင်ပါ ပုံမှန်သဘောဆောင်နေသည်။

မီဒီယာ

မီဒီယာမီးမောင်း၏ ဒဏ်ကို ခံနိုင် မခံနိုင်သည်လည်း ကုမ္ပဏီကြီးများ၊ အစိုးရများကဲ့သို့ နိုင်ငံနှင့်ချီ ပရိသတ်ရှိသည့် ခေါင်းဆောင်များအတွက် မှတ်ကျောက်ဖြစ်သည်။ ဖာဂူဆန်သည် ရောက်ရောက်ချင်း အောင်မြင်မှု ရသည်မဟုတ်ဘဲ နှစ်အနည်းငယ် အချိန်ယူပြီးမှ ပထမဦးဆုံး လိဂ်ဖလားကို ရယူနိုင်ခဲ့သည်။ David Moyes ထိုအခွင့်အရေးမျိုး မရပါ၊ သူ၏ ပွဲတိုင်း ပွဲတိုင်း၊ မျက်နှာအရိပ်အကဲ၊ လူထုတ်ပုံ နည်းဗျူဟာတို့ကို အသေးစိတ် ရေးသားဖော်ပြသည့် မီဒီယာတို့က ရှိနေသည်။ ဖာဂူဆန် မန်ယူသို့ စရောက်ရောက်ချင်းက မီဒီယာသည် အရာရာကို မီးမောင်းထိုး စေ့ငုနိုင်ခြင်း မရှိသေးပါ။ ဖာဂူဆန် ရှုံးပွဲတွေ့လျှင် မြန်မာပြည်၊ အင်ဒိုနီးရှားတို့မှ ပရိသတ်များက ဝေဖန်သုံးသပ်ခြင်း မရှိ။ ဖာဂူဆန် ကိုင်တွယ်စ မန်ယူသည် ယနေ့ မန်ယူကဲ့သို့လည်း အောင်မြင်ခြင်း မရှိသည်ကလည်း တစ်ကြောင်းပါသည်။

David Moyes သည် မီဒီယာတို့ကိုလည်း မကိုင်တွယ်တတ်။ သတင်းစာ ရှင်းလင်းပွဲတွင် သူပြောသမျှသည် အလွဲလွဲ အချော်ချော် များသည်။ အဲဗာတန်တွင် မီဒီယာမီးမောင်းဒဏ် သိပ်မခံရသည့်အတွက် အတွေ့အကြုံ နည်းခြင်း ဖြစ်နိုင်သလို နဂိုစရိုက်ကိုက မီဒီယာနှင့် မဆီလျော်သောကြောင့်လည်း ဖြစ်နိုင်သည်။ မီဒီယာကို အကောင်းဆုံး အသုံးချတတ်သူမှာ ချယ်လ်ဆီးနည်းပြ မော်ရင်ဟို ဖြစ်သည်။ သူသည် သူ့အသင်း အနိုင်ရရေးအတွက် စိတ်ဓာတ်စစ်ဆင်ရေး၊ အသင်းသားများနှင့် ပရိသတ်များ စိတ်ဓာတ် တက်ကြွရေးကို မီဒီယာမှတစ်ဆင့် ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်တတ်သည်။

ယနေ့ခေတ်တွင် မီဒီယာကို ရှောင်လွှဲ မရနိုင်သည့်အတွက် ခေါင်းဆောင်တို့သည် မီဒီယာကြောကို သိရန်လိုသည်။ မီဒီယာကို မသုံးတတ်လျှင် ထိပ်ပိုင်းခေါင်းဆောင် အဆင့်တွင် အောင်မြင်သင့်သလောက် အောင်မြင်မည် မဟုတ်ပါ။

မန်ယူရှုံးလျှင် အားကစားဂျာနယ် ရောင်းမကောင်းဟု ပြောစမှတ် ပြုလောက်အောင် မြန်မာများ သည်းခြေကြိုက်သော မန်ယူအသင်း၏ ယခုနှစ်ဖြစ်အင်တို့သည် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာကောင်းများပင် ဖြစ်သည်။

The Voice Weekly

Telenor ဆင်းမ်ကတ် အသုံးပြုသူများ၏ အချက်အလက်များကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ကာကွယ်ပေးမည်


အဲဒီဟာက စာချုပ်ထဲမှာလည်း ပါပြီးသားပါ။ Telenor အသုံးပြုသူ တွေရဲ့ အချက် အလက်တွေ တောင်းခံလာရင် သက်ဆိုင်ရာ တရားရုံးကနေ ချမှတ်ထားတဲ့ ဒီအချက်နဲ့ ပတ်သက်ပြီး သိချင်ပါတယ်ဆိုတဲ့ ကိုယ်စားလှယ် ပဲဖြစ်ဖြစ်၊ စာနဲ့ပဲဖြစ်ဖြစ် လာပြီးတောင်းတော့ မှသာ Telenor အနေနဲ့ ဒီအချက်အလက် တွေကို ပေးမှာပါ ဟု Telenor (မြန်မာ)မှ အမှု ဆောင်အရာရှိ Mr.Petter Furberg က ပြောသည်။

Telenor မြန်မာအနေဖြင့် မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများတွင်လည်း ယင်း ကဲ့သို့ပင် တရားရုံးမှ တရားဝင် တောင်းခံသည့် စာပါမှသာ အချက်အလက်များ အားပေးပြီး နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ ကျင့်သုံး ကြောင်း ၎င်း က ပြောသည်။

လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အော်ပရေတာလိုင်စင်
ရရှိရန် ကြိုးစားနေသကဲ့သို့ ရတနာ ပုံတယ်လီပို့ အများပိုင် ကုမ္ပဏီများကလည်း အော်ပရေတာ လိုင်စင် ရရှိရန် ဆောင်ရွက် လျက်ရှိသည်။

မကြာမီ ကာလတွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင် မှုကဏ္ဍတွင် အော်ပရေတာလေးခုအထိ ရှိ လာမည်ဖြစ်ကာ အပြိုင်အဆိုင် ၀န်ဆောင်မှု များပေးလာနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

နိုင်ငံတော်က ချမှတ်တဲ့ မူဝါဒ တွေမှာ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းနဲ့ ဆိုင် တဲ့ဟာတွေမှာ ဆက်ပြီး ညွှန်ကြားမယ်၊ ကြပ်မတ်မယ်။ သုံးစွဲ သူတွေကို နစ်နာမှု မရှိအောင် ကာကွယ်ပေးဖို့က ၀န်ကြီးဌာနရဲ့ အဓိက တာ ၀န်ပါ ဟု မြန်မာ့ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း၊ ရတနာပုံတယ်လီပို့ တို့အပြင် ပြည်ပ ကုမ္ပဏီများဖြစ် သော Telenor နှင့် Ooredoo တို့မှ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ ထားပြီး ၀န်ဆောင်မှု ပေးနိုင်ရန် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

The Messenger Journal

လှည်တန်းဂုံးကျော်တံတားပေါ်တွင် အရှိန်လွန်မောင်းနှင်သည့်ယာဉ်မှ တံတားဘောင်ကိုဝင်ရောက်တိုက်မိ


ရန်ကုန်၊ ဧပြီ ၂၆

၂၆.၄.၂၀၁၄ရက်နေ့ ၀၁၂၀အချိန်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း မရမ်းကုန်းမြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)
မောင်းနှင်လာသော 9C---- Mark II BLIT ခဲရောင်ကိုယ်ပိုင် ယာဉ်သည် လှည်းတန်းဂုံကျော်တံတားပေါ်အရောက် အရှိန်မထိန်းနိုင်သဖြင့် တစ်ဘက်
ယာဉ်ကြောသို့ ရောက်ရှိပြီး တံတားဘောင်ကို ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် တံတားဘောင်ပျက်စီးမှုမရှိသော်လည်း ယာဉ်၏ရှေ့
ခေါင်းပိုင်းမှာ ပျက်စီးသွားခဲ့ပါသည်။

ယင်းသို့ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေး
တိမ်းရှောင်သွားသူ ယာဉ်မောင်းကို ကမာရွတ်မြို့မရဲစခန်းယာဉ်(ပ)
၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police 

မီးအားမြှင့်စက်အပူရှိန်လွန်ကဲပြီး အိမ်ခြေ(၂၄)လုံးမီးလောင်ကျွမ်း


မုံရွာ ဧပြီ ၂၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ သလ္လာရပ် ကွက်တွင် နေအိမ် အတွင်း မီးအားမြှင့်စက် အပူရှိန် လွန်ကဲပြီး ကူးစက် လောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၂၄)လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်သမားတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ ဧပြီ ၂၆

၂၅.၄.၂၀၁၄ ရက်နေ့ ၁၉၁၅ အချိန်တွင် ဒေါပုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် ရန်ကုန်ဆေးရုံကြီး၌ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးကာ
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုတင့်ဇော်၊(၂၃)နှစ်၊ သံချည်သံကွေးလုပ်သား၊ လှိုင်သာယာမြို့နယ်နေသူ
ဖြစ်ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၈၀၀ အချိန်ခန့်က ဒေါပုံမြို့နယ်၊ ကျည်စု
ရပ်ကွက်၊ ကန်သာယာ(၂)လမ်းရှိ ကန်ထရိုက်တိုက်ဆောက်လုပ်ရေး
လုပ်ငန်းခွင်၌ လုပ်ကိုင်နေစဉ် အလျား(၃၀)ပေ၊ လုံးပတ်(၅)မူးလုံးရှိ သံချောင်းအား တိုက်၏(၃)လွှာပေါ်သို့ အောက်မှထိုးတင်ပေးရာမှ အနီးရှိ
လျှပ်စစ်ဓါတ်တိုင်တွင်သွယ်တန်းထား သောဓါတ်ကြိုးနှင့် သံချောင်းတို့ထိမိ
ကာ ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးခြင်းနှင့်ပတ်သက်၍ ဒေါပုံမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိ
ပါသည်။

Yangon Police 

အလုံမြို့နယ်တွင် နှစ်ထပ်တိုက်ပြိုကျ


ရန်ကုန်(မဇ္ဈိမသတင်းဌာန)။ ။

အလုံမြို့နယ်ရှိ အလုံလမ်းတွင် နှစ်ထပ်တိုက်အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ထိုနေရာသို့ ရောက်ရှိနေသ ည့် မဇ္ဈိမဓာတ်ပုံသတင်းထောက်က ဧပြီ ၂၆ ရက် ညနေ ငါးနာရီခွဲက သတင်းပေးပို့သ ည်။

ထိုနေရာသို့ မီးသတ်ကား ခြောက်စီးခန့်ရောက်ရှိနေပြီး တိုက်ပြိုမှုကြောင့် လူနှစ်ဦးအား ပိမိခဲ့သည်ဟု ၎င်းကပြောသ ည်။ သေဆုံးမှု ရှိ၊ မရှိနှင့် အရေအတွက်အတိအကျကို အသေးစိတ်မသိရှိရသေးဘဲ နောက်ဆက် တွဲအနေဖြင့် မဇ္ဈိမက ဓာတ်ပုံနှင့်တစ်ကွ ဆက်လက် ဖော်ပြပေးပါမည်။

Mizzima Burmese

ပြည့်တန်ဆာတစ်ယောက်၏ အရိုးရှင်းဆုံး ဖွင့်ဟ၀န်ခံချက်


ဒီမိုကရေစီခေတ်သို့ လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ အမျိုးသမီးအခွင့်အရေး တက်ကြွစွာလှုပ်ရှားမှုများနှင့် ပြည့်တန်ဆာတရားဝင် ရှိသင့်/မရှိသင့် လွှတ်တော်တွင် ဆွေးနွေးမှုရှိခဲ့သော်လည်း ထင်ရှားသည့် ပြောင်းလဲမှုကို မတွေ့ရသေးပေ။

ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်ခဲ့ရင်း သက်ဆိုင်ရာ၏ အနိုင်ကျင့်ခြယ်လှယ်မှုများ၊ လူ အချင်းချင်း ခေါင်းပုံဖြတ်မှုများရှိနေသည့် ယင်းလုပ်ငန်းမှ ကြိုးစားရုန်းထွက်ရန်ခဲ့သူ၊ HIV ဝေဒနာခံစားနေရသော အမျိုးသမီးတစ်ဦးက News Watch ဂျာနယ်သို့ ရင်ဖွင့်စာပေးပို့ခဲ့သည်။

ပြည့်တန်ဆာ လောက၏ ပုံရိပ်အား အနည်းနှင့်အများ ပေါ်လွင်အောင်ရေး
သားထား ခြင်းဖြစ်၍ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည် ခင်ဗျား။

“ကျွန်မ ဒီရောဂါရတာ သွေးသွင်းလို့၊ ကတုံးရိတ်လို့၊ မျက်ခုံးမွေးရိတ်လို့ဆိုတဲ့ ရုပ်ရှင်တွေဇာတ်လမ်းတွေအတိုင်းတော့ မဟုတ်ပါဘူး။ လွယ် လွယ်ငွေနောက်လိုက်တယ်ပဲပြောပြော၊ ခေတ်ကြီးကြောင့်ပဲဆိုဆို တိုင်းပြည်က စစ်အာဏာရှင်ကြောင့် ဆင်းရဲလို့ပဲပြောပြော ဘယ်လိုအကြောင်း
ပြပဲပြောပါစေ ကျွန်မကိုယ်တိုင် ပြဋ္ဌာန်းခဲ့တဲ့ဇာတ်ကာင်ပါပဲ။

ပြောရရင် ကျွန်မပြည့်တန်ဆာလောကမှာ ကျင်လည်ခဲ့ဖူးတယ်။ ဒီလောကဟာ တော်တော်ဇာတ်လမ်းပေါင်းမြောက်မြားစွာ က ရတဲ့ဘ၀ပါ။ ကျွန်မဘ၀ ဟာ အမေရယ်၊ အစ်မတစ်ယောက်ရယ်၊ မောင်အငယ်ဆုံးလေးရယ် လှိုင်သာယာမှာ နေပါတယ်။

အစ်မက ရောဂါသည်။ အမေကတော့ စက်ချုပ်တယ်။ အဲဒီဝင်ငွေ နှင့်မလောက်ဘူးပဲပြောကြပါစို့။ မောင်လေးကတော့ ဆိုးတယ်။ ဇာတ်နာအောင်တော့ မပြောချင်ပါဘူး။ ကျွန်မလည်း ထွက်ပေါက်တစ်ခုဖြစ်တဲ့ အသက် (၂၀)ကျော်မှာ ယောကျာင်္းယူလိုက်တယ်။ ယောကျာင်္းကလည်း လက်ကြောတင်းအောင် အလုပ်မလုပ်ဘူး။

သိပ်မကြာပါဘူး၊ တစ်နှစ် ကျော်ကျော်မှာပဲ ကွဲတယ်။ သူကတော့ ပြန်ပေါင်းချင်ပါတယ်။ အဲဒီလိုနဲ့ ကျွန်မ တရုတ်ဘီးကျဲဘောစေ့တစ်ယောက်ကို ပြုစုပေးရမယ်ဆိုပြီး ကျွန်မ တို့နားက အစ်မတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့် ကိုယ်တစ်ပိုင်း သေနေတဲ့ အသက် (၅၀)ကျော် ယောကျာ်းတစ်ယောက်ကို ဟင်းတွေ ဘာတွေ တစ်ပတ်ခြားချက်ပေးရတယ်။

ကိုယ်လက်သန့်စင်၊ အ၀တ်လျော်၊ မီးပူတိုက်ပေါ့ရှင်။ သူကတော့ ငွေစ၊ ကြေးစလေးလည်း ပိုပိုမိုမိုပေးပါ တယ်။ နောက် လက်ဝတ်လက်စားလည်း ဆင်ပေးပါတယ်။ တိုတိုပြော ရရင် သူနဲ့နေတယ်ပဲပြောကြပါစို့။ အဲဒီလိုနဲ့ သူရဲ့မယားကြီး ထိုင်ဝမ်က ပြန်လာတဲ့အချိန်မှာ ကျွန်မရဲ့စိတ် မထိန်းနိုင်မှုကြောင့် စိန်လော့ကတ်သီး ခိုးမိတယ်။

အဲဒီပုဒ်မကြောင့် ထောင်တစ်နှစ်ကျပြီး ဒီလိုင်းကိုကျရောက် လာတာပါရှင်။ ပထမတော့ ကျွန်မ ပြည့်တန်ဆာခေါင်းနဲ့ အလုပ်လုပ်ပါ တယ်။ ဖောက်သည်ကို ကိုယ့်ဘာသာရှာစရာမလိုဘူး။ သူ့ ရဲ့ထိန်းချုပ်မှု အောက်မှာလုပ်ရုံပဲ။ ရုပ်ချောရင် ချောသလောက် ချေးငွေပေးထားတယ်။ အများဆုံး တစ်သိန်း၊ တစ်သိန်းခွဲလောက် ငွေကြိုပေးတဲ့သဘောပါ။ နောက်လုပ်ငန်းခွင်ထဲက ဖဲ့ဆပ်ပေါ့။

သူရဲ့ခေါင်းကြေးက ကျွန်မတို့တစ်သောင်းရရင် သူက ခြောက်ထောင်ယူတယ်။ ရဲလိုင်းကြေးပေးပြီး စားစရိတ်၊ သောက်စရိတ်အပြီး အိမ်ပြန်ရင် (၁၀)ယောက်ဆိုရင် လေးသောင်းယူသွား၊ ဧည့်သည်တွေ စေတနာရှိလို့
ပိုပေးရင် ကျွန်မတို့လက်ထဲကိုထည့်မှရတယ်။ အဲဒီလိုနဲ့ လုပ်လာခဲ့တာ၊ အပိုင်နယ်ထိန်းက ကျွန်မတို့နဲ့နေချင်တယ်ဆိုလည်း နေ ပေးရပါတယ်။

သူမပြန်မချင်း ကျွန်မတို့ ဖောက်သည်မရဘူးပေါ့။ အဲဒီ လောက်အထိ ကျွန်မ စိတ်မပျက်သေးဘူး။ နောက်တစ်ချက်က အမှုလို တယ်ဆိုပြီး အဖမ်းပြတယ်။ အဲဒီနေ့က ကျွန်မနေမကောင်းလို့ကံကောင်း သွားတယ်။ အလုပ်မဆင်းဘဲ အိမ်မှာနေတဲ့အချိန်ဖြစ်နေလို့ပေါ့။

ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေ ပြည့်တန်ဆာပုဒ်မနဲ့ အင်းစိန်ထောင်ထဲရောက် သွားတယ်။ အဲဒီအချိန်မှာ ကျွန်မခေါင်းနဲ့လုပ်စားတဲ့ကိစ္စကို စိတ်ပျက် သွားတယ်။ လုပ်ငန်းလည်း ကျွမ်းကျင်သွားပြီဆိုတော့ ကိုယ်တိုင်ကွင်း ဆင်းတယ်။ ကိုယ်ရတဲ့ငွေကြေးဟာ ကိုယ့်အတွက်ချည်းပဲ။ အန္တရာယ်တော့ ကြည့်ရှောင်ပေါ့။

'ညောင်သီးလည်းစား လေးသံလည်းနားထောင်'ဆိုရိုးစကားလိုပါ ပဲ။ အဲဒီမှာ သီရိမင်္ဂလာဈေးတို့ KTV တို့က အောက်လိုင်း၊ လေယာဉ်ကွင်းတို့၊ ကန်တော်ကြီးဟိုတယ်တို့၊ ဘာတို့က အထက်လိုင်းဆိုပြီးခွဲထား တဲ့ဈေးကွက်လည်း ရှိသေးတယ်။ တချို့က တော်တော်နပ်သွားတော့ ကိုယ့် ဘာသာ လိုင်းကြေးပေးပြီး သွားတယ်။

အဖမ်းအဆီးရှိရင် ကြိုသတင်းရ အောင်ပါ။ အဲဒီလိုနဲ့ ဗိုလ်ချုပ်ဈေး၊ မြို့ထဲ၊ ကန်တော်ကြီးတို့ဟာ ကျွန်မ စားကျက်တွေပါပဲ။ တစ်ပတ်ကို (၃)ရက် အလုပ်ဆင်းပါတယ်။ ကျွန်မ နှစ်နှစ်လောက်လုပ်ကိုင်ရင်း
နေမကောင်းဖြစ်လာတယ်။ အဲဒီလိုနဲ့ ကျွန်မ AZG ကိုရောက်တယ်ပဲဆိုပါစို့။ AZG ကတော့ အတော်လေးကောင်း ပါတယ်။ ကျွန်မကို အလုပ်နားခိုင်းတယ်။

'တစ်လ၊ နှစ်လလောက်နားပါ' ဒီမှာ ဆေးကုနေတဲ့အချိန်မှာ အလုပ်မဆင်းပါနဲ့။ ရောဂါဟာ HIV အဆင့် (၂)ဖြစ်နေတယ်။ ဒီကြားထဲမှာ အိမ်ကို ဆီ၊ ဆန်၊ ရိက္ခာပေးတယ်။ ကျွန်မ ရဲ့ရောဂါကို နောက်လူမကူးနိုင်အောင် အသိပညာပေးတယ်။ အဖော်လည်း ဆောင်ခိုင်းထားပါတယ်။

ကျွန်မတို့ မိန်းမကိုယ်ကိုလည်း တစ်ပတ်တစ်ကြိမ် ဆေးကြောပေး တယ်။ တစ်လတစ်ကြိမ် ဆေးခန်းကို လာပြရတယ်။ အနီးကပ်ကုသပေး တဲ့သဘောပေါ့ရှင်။ နောက်ထူထူထောင်ထောင်ဖြစ်တော့ အလုပ်ပြန်ဆင်း တယ်။ ကံဆိုးချင်တော့ ကျွန်မလက်ထဲမှာ အဖော်နဲ့ လက်ပူးလက်ကြပ် မိတယ်။ ထောင် (၁) နှစ်ပြန်ကျတယ်။ စစ်အစိုးရ လက်ထက်မှာပါ။

အခုလို ဒီမိုကရေစီအစိုးရတို့ လွှတ်တော်ခေတ်တို့ ဘာတို့မှာတော့ အဖော်မိ လို့ရှိရင် ဘယ်လိုပုဒ်မနဲ့ ဖမ်းမလဲ ကျွန်မလည်းမသိဘူး။ အခြေခံဥပဒေ ဘယ်လိုပြဋ္ဌာန်းတယ်ဆိုတာလည်း မသိပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ကျွန်မတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာလေး ကျွန်မ ကြားမိတယ်။ ကျွန်မတို့နဲ့ ပတ်သက်ပြီး ရှိသင့်တယ်။ မရှိသင့်ဘူးဆိုတဲ့ အဓိကအကြောင်းအရာပဲ သိတယ်။

ကျွန်မ အနေနှင့်ကတော့ ရှိသင့်တယ် လို့ ထင်တယ်။ ဥာဏ်နည်းလို့၊ အသိပညာမရှိလို့ ထင်ချင်ထင်ပါစေ၊ ကျွန်မတို့ရဲ့ ဘ၀တွေကို ရဲတွေ၊ ခေါင်းတွေရဲ့ မတရား အလုပ်ခံရတဲ့ အကြောင်းတွေကြောင့် တရားဝင်ရှိသင့်တယ်လို့ ကျွန်မ ပြောချင်တယ်။

ဘယ်နိုင်ငံကများ ပြည့်တန်ဆာမရှိဘူးလို့ပြောရဲလဲ ကျွန်မ မေးချင်တယ်။ တရားဝင်ရှိတာနဲ့ တရားမ၀င်ရှိတာပဲကွာတယ် မဟုတ်လား။ တရုတ်နိုင်ငံမှာလည်းရှိတယ်။ ဒီလောက်တောင် သတ်နေဖြတ်နေပါ တယ်ဆိုတဲ့ မြောက်ကိုရီးယားနိုင်ငံမှာလည်းပဲ ပြည့်တန်ဆာ မရှိဘူးလို့ ဘယ်သူပြောနိုင်သလဲ။

လူသားတွေရှိတဲ့နေရာမှာ အာဏာရှင်ဆန်ဆန် ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မတွေဟာ မှောင်ခိုဈေးကွက်အားပေးတဲ့သဘော သက်ရောက်သွားပြီး လုပ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့ အိတ်ထဲကို ငွေများများရောက်သွားတဲ့ အကြောင်းအရာပဲ။ မရှိလို့ လုပ်စားတဲ့ အခြေခံလူတန်းစားတွေအနေနှင့် သူတို့ပြုသမျှ နုရတဲ့သဘောပဲ ရှိတယ်။

ဟိုတလောက ဖတ်လိုက်ရတယ်။ မြောက်ကိုရီးယားက အာဏာရူး ကောင်လေးရဲ့အဖေကို ပြည့်တန်ဆာရှာပေးရတဲ့ သူ့ဦးလေးကို ခွေးစာ ကျွေးလိုက်တယ်ဆိုပဲ။

ကျွန်မပြောချင်တဲ့အကြောင်းအရာက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်လို့ မရှိသင့်ဘူးတို့၊ ရှိသင့်တယ်လို့ ဆွေးနွေးနေမယ့်အစား ရှိရင်ဘာဖြစ်နိုင်တယ်၊ မရှိရင် ဘယ်လိုအကျိုးရလာဒ်တွေထွက်မလဲ စဉ်းစား သင့်တယ်၊ စာရွက်ပေါ်မှာရှိတယ်၊ မရှိဘူးဆိုတာ အရေးမကြီးပါဘူး။ အပြင် မှာ တကယ်ရှိနေတာကို စဉ်းစားမှ အဖြေကောင်းကောင်းထွက်မှာပါ။ ကျွန်မအနေနှင့် တရားဝင်ပြည့်တန်ဆာ ရှိရေး၊ မရှိရေးအတွက်တင် မဟုတ်ပါဘူး။ တခြား ကဏ္ဍတွေမှာပါ စဉ်းစားဖို့လည်း ပါဝင်ပါတယ်။

အဲဒီလို တရားဝင်ရှိတော့ မှတ်ပုံတင်ထားတဲ့ ပြည့်တန်ဆာက ဘယ်နှယောက်၊ ရောဂါဖြစ်နေတဲ့သူက ဘယ်နှယောက်၊ ဆေးဝါးကုသ ပေးနေတဲ့သူက ဘယ်နှယောက်ဆိုပြီး ခွဲခြားထွက်လာမယ်။

အဲဒီမှာ HIV ခံစားနေရသူကို ဘယ်လိုအလုပ်အကိုင်တွေပေးမယ်၊ ဘယ်လို လုပ်မယ် ဆိုရင် ကူးစက်နှုန်းကျဆင်းမယ်ဆိုတဲ့အဖြေတွေ ထွက်လာ ပါလိမ့်မယ်။ ကျွန်မ ဥာဏ်မီသလောက် ပြောကြည့်တာပါ။ ကျွန်မတို့ရဲ့ ပြည့်တန်ဆာ လုပ်ငန်းဟာ ဘုရားရှင်လက်ထက်ကတည်းက ရာဇဂြိုဟ်မြို့ ထဲမှာလည်းပဲ ရှိခဲ့ပါတယ်။

ယခု အချိန်အထိ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်နေတုန်းပဲလို့ မထင်လိုက်ပါနဲ့။ ကျွန်မတို့လို ဘ၀တူညီအစ်မတွေကို ကိုယ်ချင်းစာလို့ပါ။ ကျွန်မ အခု ကွမ်းယာဆိုင် လှိုင်သာယာမှာ ရောင်းနေပါတယ်။ တစ်နေ့ကို ကွမ်း (၇၀) သားလောက်ကုန်ပါတယ်။

လေးငါးထောင်လောက် မြတ်ပါတယ်။ အိမ်စရိတ်လေးတော့ ရပြီ။ (ART) ဆေးတော့ ၀ယ်မသောက်နိုင်ပါ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးကို ပြည့်တန်ဆာတို့၏ ပုံရိပ်ဟာ ဘယ်လောက်ဆိုးဝါးနေသလဲကို သိရှိနိုင်အောင် ရင်ဖွင့်ရေးသားခြင်းသာ ဖြစ်ပြီး တောင်းဆိုမှုတွေ အများကြီးခံနေရသော နိုင်ငံတော် သမ္မတကြီး အနေနှင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါရှင်။

အမည်မဖော်လိုသူတစ်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မုန့်တီဆိုင်၌ အရက်သောက်နေသူ(၂)ဦးကို အမည်မသိအမျိုးသားမှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာများရ


ရန်ကုန်၊ ဧပြီ ၂၆

၂၆.၄.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်
ရပ်ကွက်နေ ဒေါ်မြင့်မြင့်လေးမှ ၎င်း၏သားဖြစ်သူ သီဟစိုး၊(၃၀)နှစ်မှာ ဗဟန်းမြို့နယ်၊ ဗိုလ်မင်းရောင်လမ်းထိပ်တွင် ရန်ဖြစ်နေကြောင်းကြားသိရ
သဖြင့် သွားရောက်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာ၌သားဖြစ်သူတွင် ယာရင်အုံ
ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် သားဖြစ်သူ ၏သူငယ်ချင်း နန္ဒကျော်ခေါင်၊ (၂၉)နှစ်တွင် ၀ဲရင်အုံအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ရရှိထားသည်ကို
တွေ့ရှိရကြောင်း၊ ဖြစ်စဉ်အားမေးမြန်းရာ ၎င်းတို့(၂)ဦးသည် ဗိုလ်မင်းရောင်
လမ်းထိပ်ရှိမုန့်တီဆိုင်၌ အရက်သောက်နေကြစဉ် အမျိုးသားတစ်ဦးရောက်ရှိ
လာပြီး အသင့်ပါလာသော စကေဘာဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိ ခဲ့ခြင်းဖြစ်
ကြောင်းသိရှိရပြီး သားဖြစ်သူနှင့် သူငယ်ချင်းတို့မှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယင်းသို့ ပြစ်မှု
ကျူးလွန်သူကိုအရေးယူပေးပါရန် တိုင်တန်းလာပါသည်။

တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း(ပ)၁၆၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့်
အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အမျိုးသား(စုံစမ်းဆဲ)ကို ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ


ကွန်ပြူတာသုံးပြီး အလုပ်လုပ်ရသူပါ။ မျက်မှန်လည်း တတ်ပါတယ်။ ဒါပေမယ့် မျက်လုံးက ပိုအားနဲနဲ လာတယ် ထင်တယ် ခင်ဗျ။ အဲဒါ ဆေးအများကြီး မသုံးပဲ အစားအသောက်နဲရော ကုလို့ ရနိုင်ပါသလား ခင်ဗျာ။

တီဗွီတွေ၊ ကွန်ပြူတာတွေ မပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုး-မျက်စိလို သုံးဘို့သာ လိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို (ကွန်ပလိန့်) လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါး အပြင် အားအင် ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ Glaucoma ရေတိမ် နဲ့ ကွန်ပြူတာ သုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS) ဖြစ်တာတွေ သက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိ လေ့ကျင့်ခန်းတွေနဲ့ လုပ်နိုင်ပါတယ်။

မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ National Institute of Occupational Safety and Health (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်း ပြောပါမယ်။
1. အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။ ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။ ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် (မော်နီတာ) နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင် အဆင်မပြေသူတွေ ရှိတယ်။ (မော်နီတာ) အလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။
2. ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို သုံးပါ။
3. Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။ Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။
4. ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။ အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray ဖြစ်နေရင်လဲ နည်းတယ်။
5. Text size နဲ့ Color တွေလဲ ကိုယ်နဲ့ ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။
6. မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။
7. မျက်လုံး လေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ အဝေး (ပေ ၂ဝ အဝေး) ကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။ နောက်တနည်းကတော့ ပိုပြီးဝေးတဲ့ဆီကို ၁ဝ-၁၅ စက္ကန့်ကြာ ၁ဝ ခါ ကြည့်ပေးပါ။
8. မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။
9. ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင် အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။
10. Computer eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့ Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။

Computer Glasses ဆိုတာဘာလဲ။
မျက်မှန်ဟာ ၂၈ လက္မ ဖိုးကပ်စ် လုပ်နိုင်ရင် ကွန်ပြူတာနဲ့ သုံးနိုင်ပါတယ်။ Optical quality ကောင်းဘို့တော့လိုတယ်။ စပါယ်ရှယ် လုပ်ပေးထားတဲ့ မျက်မှန်ကိုမှ Computer glasses ခေါ်ပါတယ်။ Trifocals နဲ့ Weak Bifocals တွေလဲ သုံးလို့တော့ ရတယ်။ မကောင်းလှပါ။ ဒီမျက်မှန်တွေရဲ့ ဆုံချက်က မှန်ရဲ့ အောက်ခြေမှာ ရှိပြီး၊ ကွန်ပြူတာ-မျက်နှာပြင်က မျက်စိနဲ့ တည့်တည့် ဖြစ်နေလို့ပါ။ ခေါင်းကို ပြင်နေရတာက လည်ပင်း ကြွက်သားတွေ နာစေတယ်။ ရိုးရိုး စာကြည့် မျက်မှန်တွေက ပိုတော့ ကောင်းတယ်။ ဒါပေမဲ့ ၁၄ လက္မ ဖိုးကပ်စ် ဖြစ်တာ များလို့ ခေါင်းကို ရှေ့ငုံ့ရတော့မယ်။ လည်ပင်း-ပခုံး နာစေမယ်။ မျက်စိစွေ ကြည့်နေရလိမ့်မယ်။ ခေါင်းကိုက်လာမယ်။ မျက်စိ နားထင်ဘေးမှာ အရစ်တွေထင်စေမယ်။

မုဆိုးနဲ့စတော့ အကောင်နဲ့ အဆုံးသတ်ရမှာပေါ့။ အဲလိုဖြစ်တာကို Crow Foot ခေါ်တယ်။ “ငှက်ခြေ” ပေါ့။ ကွန်ပြူတာနဲ့ လုပ်ရတာ ကြာလို့ ဖြစ်နေပြီးများ ပြင်လို့ရပါတယ်။ Nicole Kidman လဲ အဲလို လုပ်ထားတာပါ။

Dr. တင့်ဆွေ

မဇ္ဈိမသတင်းထောက် ကိုရေခဲအား ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သောကြောင့် မြို့မစခန်းမှူးဦးမျိုးမြင့်က တရားစွဲ


ရန်ကုန်၊ဧပြီ ၂၆။

DVB သတင်းထောက်ကိုဇော်ဖေအား ပြန်လည်လွတ်ပေးရန် ပြည်မြို့တွင် ဧပြီ ၂၅ရက်က ခွင့်ပြုမိန့်မရရှိဘဲ
ဆန္ဒပြခဲ့သော မဇ္ဈိမသတင်းထောက် ကိုရေခဲအား ပနံပါတ် ၂၂၁/၁၄ ပုဒ်မ ၁၈ဖြင့် မြို့မစခန်းမှူး ဦးမျိုးမြင့်မှ တရားလိုလုပ်ကာ
ဧပြီ ၂၆ရက်က တရားစွဲဆိုခဲ့ကြောင်း DVB မှ ကိုသန်းထိုက်အောင် က ပြောသည်။

“ကျွန်တော်တို့ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်းတာကိုမြို့နယ်ရဲတပ်ဖွဲ့မှူးခွင့်ပြု မပြုသူဆုံးဖြတ်ခွင့်မရှိဘူးထင်တယ်။ခုတော့သူတို့ဆုံးဖြတ်တယ်။
နောက်တော့ ရဲကလိုက်ပါဆောင်ရွက်ရတယ် အရေးယူဆောင်ရွက်ရတယ်။ ရဲနဲ့ပြည်သူကိုအဆင်မပြေအောင်လုပ်တဲ့ဥပဒေမျိုးကို
ကျွန်တော်တို့အလိုမရှိဘူး၊မြို့နယ်အုပ်ချုပ်ရေးမှူးကသူကဘေးကနေ ကြည့်နေတယ်။ဒါကြောင့်(ပုဒ်မ ၁၈ ကိုဖျက်သိမ်းစေချင်တယ်)” ဟု
DVB မှ ကိုသန်းထိုက်အောင်ကပြောသည်။

၎င်းဖြစ်စဉ်မှ ဧပြီ ၂၅ရက်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် သတင်းထောက် ၂၀ ဝန်းကျင်နှင့် ပြည်သူအင်အား ၈၀ ဝန်းကျင်ဖြင့်
DVB သတင်းထောက် ကိုဇော်ဖေအား ပြန်လည်လွတ်ပေးရန်အတွက် မဇ္ဈိမသတင်းထောက် ကိုရေခဲမှ ဦးဆောင်ဆန္ဒပြခဲ့ရာ  ဧပြီ ၂၆ရက်တွင်
ပြည်မြို့ မြို့မစခန်းမှူး ဦးမျိုးမြင့်သည် ပနံပါတ် ၂၂၁/၁၄ ပုဒ်မ ၁၈ဖြင့် တရားလိုလုပ်ကာ တရားစွဲဆိုခဲ့သောကြောင့် မဇ္ဈိမသတင်းထောက်
ကိုရေခဲနှင့် DVBသတင်းထောက် ကိုသန်းထိုက်အောင်တို့သည် ယနေ့ မနက် ၁၀ နာရီတိတိအချိန်၌ မြို့မရဲစခန်းကိုသွားရောက်
အဖမ်းခံခဲ့သော်လည်း မြို့မစခန်းမှ ၎င်းတို့ကိုယ်တိုင်ခံဝန်ကတိလက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ ကြောင်း၎င်းကပြောသည်။

ပြည်မြို့နယ်တွင် ပြီးခဲ့သည့်လက ခရိုင်လယ်သမားများသပိတ်မှောက် ဆန္ဒပြခဲ့ရာ ပုဒ်မ ၁၈ ဖြင့်တရားစွဲခဲ့ပြီး ကိုဇော်ဖေအား ဖမ်းဆီးခြင်းနှင့်
ပတ်သက်၍ ကိုဝင်းလှိုင်ကလည်း တစ်ကိုယ်တော်ဆန္ဒပြခဲ့ရာ ပုဒ်မ ၁၈ဖြင့်ပင် ထပ်မံ တရားစွဲဆိုခဲ့သလို လက်ပံတောင်းတောင်ကိစ္စအား
ကိုကျော်ဆွေမှ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့စဉ် ယင်းပုဒ်မဖြင့်ပင် ထပ်မံတရားစွဲခဲ့သောကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုပေါင်း ၂၀
ဝန်းကျင်ရှိပြီး၊ ယခု မဇ္ဈိမသတင်းထောက် ကိုရေခဲအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းသည် ၂၁ မှုမြောက်ဖြစ်ကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanma Age