ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ သောက်သုံးရေ ခန်းခြောက်မှုများ တွေ့ကြုံနေရ

ပို့စ်တင်ချိန် - 4/26/2014 01:59:00 PM


           ဧရာဝတီတိုင်းဒေသကြီး၏    မြို့တော် ပုသိမ်မြို့နယ်  အတွင်းရှိ   မဒေါ့ကုန်း၊  အနန်းကုန်း အပါဝင်  ကျေးရွာဒေသ အချို့  နှင့်  ပုသိမ် မော်တင် ကားလမ်း တစ်လျှောက်ရှိ    ကျေးရွာများတွင် နေပူပြင်း မှုကြောင့် သောက်သုံး ရေကန်များ၊ စမ်းချောင်းများ  ခန်းခြောက်ကာ သောက်သုံးရေ  ပြတ်လပ်မှု ဖြစ်ပေါ်နေ ရကြောင်း ဒေသခံ များက  ပြောသည်။    သောက်သုံးရေ   ပြတ်လပ်သော  အခက်အခဲ တွေ့ကြုံ နေရသည့်   ကျေးရွာများ  သို့  ပုသိမ်မြို့ ရှိ မြို့မရေလှူ  အသင်း၊ မေတ္တာရိပ်၊  မြတ်မေတ္တာ၊  ဂရုဏာ၊  တိုက်ကြီးကျောင်း စာသင်တိုက်၊  မနောဖြူ၊   မြင့်မြတ် စေတနာ  လူမှု ကူညီရေး အသင်းအဖွဲ့  များနှင့် စေတနာ ရှင် ပြည်သူ များမှ ဧပြီလ(၂၁) ရက်နေ့မှ စတင်၍ နေ့စဉ် ရေဂါလန် (၁၆၀၀) ကျော် ကို သွားရောက် လှူဒါန်း ကာ အကူအညီ ပေးလျက် ရှိကြောင်း သိရသည်။ ပုသိမ် ကတော့ ဒီလောက် မရှိသေးဘူး၊   ပုသိမ် မော်တင်ကားလမ်းဘေး   စိန်နောင် လမ်းခွဲ ကနေ  စလို့ ကားလမ်း ဘေးတောက် လျှောက် ရေအခက် အခဲ ကြုံနေတယ်  ဟု မြတ်မေတ္တာရိပ် လူမှု ကူညီရေး   အဖွဲ့မှ  ကိုရဲထက် ကပြောသည်။    လှူဒါန်း ကူညီ လျက်ရှိသော ရေ များမှာ ကျန်းမာရေးနှင့် ညီညွတ်သော ရေသန့်များ ဖြစ်ပြီး၊ ကားခ ဓာတ်ဆီဖိုး နှင့် ရေတန်ဖိုး အပါအ၀င် နေ့စဉ် ကျပ်နှစ်သိန်း ကျော်ခန့် ရှိရာ  စေတနာ ရှင်များ၏ အကူအညီ ဖြင့် မလုံလောက် ပါက အာဏာပိုင်    အဖွဲ့  အစည်းများ၏   အကူအညီ လိုအပ်မည်ဖြစ် ကြောင်း ကိုရဲထက် က ပြောသည်။  ပုသိမ် မော်တင် ကားလမ်းဘေးရှိ ရွာ များမှာ ရခိုင်ရိုးမ တောင်ပေါ်နှင့် တောင်ခြေတွင် တည်ရှိသော ကြောင့် စိမ့်ရေ၊ စမ်းရေများ  ကို   သောက်သုံး ကြရသည့် ရွာများ ဖြစ် ကာ စောလျင်စွာ ရေခမ်းခြောက်မှု  နှင့် တွေ့ကြုံ နေရပြီး၊  ပင်လယ် ကမ်းခြေ နှင့် နီးသော ရွာများနှင့် မြစ်ချောင်း နံဘေးရှိ ရွာများ မှာ လည်း ယခု ကာလ တွင် မြစ်ဝကျွန်း ပေါ်ဒေသ ၌ မြစ်ချောင်းများ အတွင်း ပင်လယ်ရေငံ စတင် ၀င်ရောက် နေချိန်တွင် မိုးကာလ က  မိုးရေကို စုဆောင်း ထားသည့် သောက် သုံးရေကန်များ ခမ်းခြောက်ချိန် နှင့် တစ်ပြိုင်တည်း ဖြစ်နေ သောကြောင့် ယခု ကဲ့သို့ ရေပြတ်လပ် မှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

                  တွင်းတူးနိုင်တဲ့နေရာတွေကို တွင်း တူး၊ တစ်ဖက်ပတ်ဆည်တွေဆောက်၊ မိုးရေ လှောင်ကန်တွေထား၊ မိုးရာသီမှာတံစက်မြိတ် သွပ်မိုးကရတဲ့ ရေတွေကိုလှောင်ထားဖို့ သက် ဆိုင်ရာ မြို့နယ်အဆင့် တာဝန်ရှိသူများ ကျေး လက်ဒေသ     ဖွံ့ ဖြိုးရေးနှင့်  စည်ပင်သာယာရေး ကော်မတီ တို့ကို ပြည်သူ တွေရဲ့ အခက်အခဲ တွေကို  တင်ပြပြီး     အားလုံး ပူးပေါင်း ဆောင်ရွက်ပေး သင့်ပါတယ်    ဟု  တိုင်းဒေသကြီး ရေအရင်းမြစ်  ဦးစီး ဌာန  မှ ဦးစန်ပေါ် က The Messenger သတင်းစာသို့ ပြောသည်။ ပုသိမ်မြို့ ပတ်ဝန်းကျင်ကျေးရွာများ တွင် ရေတွင်း၊  ရေကန်၊ စိမ့်၊  စမ်း များ  ခမ်းခြောက်၍   သောက်သုံးရေ ပြတ်လပ်မှု တွေ့ ကြုံရခြင်းမှာ  ပြီးခဲ့သော လေးနှစ်၊ ၂၀၁၀ ပြည့် နှစ်မှ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သော်လည်း  ယခုနှစ် တွင်  တစ်လခန့်စောလျင်စွာရေ ပြတ် လပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပုသိမ်မြို့ပေါ်ရှိ ကုန်းပိုင်း  ကျသော ဆင်ခြေဖုံးအချို့ ရပ်ကွက် ကျေးရွာ များရှိ  ရေတွင်းများတွင် လည်း ရေခမ်းခြောက် နိုင် ကြောင်း ပုသိမ်ဒေသခံ အချို့က ပြောသည်။

Messenger News Journal