လှည်တန်းဂုံးကျော်တံတားပေါ်တွင် အရှိန်လွန်မောင်းနှင်သည့်ယာဉ်မှ တံတားဘောင်ကိုဝင်ရောက်တိုက်မိ

ပို့စ်တင်ချိန် - 4/26/2014 09:44:00 PM


ရန်ကုန်၊ ဧပြီ ၂၆

၂၆.၄.၂၀၁၄ရက်နေ့ ၀၁၂၀အချိန်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း မရမ်းကုန်းမြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)
မောင်းနှင်လာသော 9C---- Mark II BLIT ခဲရောင်ကိုယ်ပိုင် ယာဉ်သည် လှည်းတန်းဂုံကျော်တံတားပေါ်အရောက် အရှိန်မထိန်းနိုင်သဖြင့် တစ်ဘက်
ယာဉ်ကြောသို့ ရောက်ရှိပြီး တံတားဘောင်ကို ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် တံတားဘောင်ပျက်စီးမှုမရှိသော်လည်း ယာဉ်၏ရှေ့
ခေါင်းပိုင်းမှာ ပျက်စီးသွားခဲ့ပါသည်။

ယင်းသို့ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေး
တိမ်းရှောင်သွားသူ ယာဉ်မောင်းကို ကမာရွတ်မြို့မရဲစခန်းယာဉ်(ပ)
၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police