အပြန်အလှန် SME စီးပွားရေး ပူးပေါင်းလုပ်ဆောင်ဖို့ ထိုင်းနိုင်ငံက မြန်မာကို ဖိတ်ခေါ်

ပို့စ်တင်ချိန် - 4/26/2014 04:30:00 PM


မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံပူးပေါင်းပြီး အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ အပြန်အလှန်လုပ်ကိုင်ကြဖို့ ကျင်းပဖို့ရှိတဲ့ စီးပွားရေးဆွေးနွေးပွဲမှာ မြန်မာလုပ်ငန်းရှင်တွေ ပါဝင်ကြပါလို့ ထိုင်းနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ နှစ်နိုင်ငံပေါင်းပြီး ဘာတွေဆွေးနွေးကြမှာလဲ။

လာမယ့် ဧပြီ ၃ဝရက်နေ့မှာ Park Royal ဟိုတယ်မှာ ပြုလုပ်မယ့် တစ်ရက်ကြာ Thailand Week Bizmatch Fair ကို ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ စီးပွားမြှင့်တင်မှုဌာနက ဦးစီးကျင်းပသွားမှာဖြစ်ပြီး စီးပွားရေးရဲ့ ရေသောက်မြစ်ဖြစ်တဲ့ SME လုပ်ကိုင်သူဟာ ၆ဝ%အထက်ရှိနေတာကြောင့် မြန်မာနဲ့ပေါင်းပြီး အပြန်အလှန် လေ့လာသင်ယူချင်တယ်လို့ ဆိုပါတယ်။

အသေးစား အလတ်စား SME ရဲ့စံနှုန်းကို နည်းပညာ၊ စီမံခန့်ခွဲမှုတွေနဲ့ ဘယ်လိုအပြန်အလှန် သင်ယူကြမလဲဆိုတာနဲ့ မိရိုးဖလာယဉ်ကျေးမှုအပါအဝင် စီးပွားရေးဖိုရမ်တွေကနေတစ်ဆင့် ပလက်ဖောင်းတစ်ခုဖြစ်လာဖို့ မျှော်လင့်တယ်လို့ ဧပြီ ၂၄ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။

တစ်ရက်ကြာ ဆွေးနွေးပွဲပြီးတဲ့အခါမှာတော့ မေလ ၂ရက်နေ့ကစပြီး ထိုင်းကုမ္ပဏီ ၄ဝကျော်ရဲ့ ဆောက်လုပ်ရေး၊ အိမ်တွင်းအလှဆင်၊ ဖက်ရှင်၊ လူသုံးကုန်နဲ့ Spa ပစ္စည်းတွေကို တပ်မတော်ခမ်းမမှာ ၅ရက်ကြာ ကုန်စည်ပြပွဲလည်း ပြုလုပ်ဖို့ရှိနေပါတယ်။

Kamayut Media