Telenor ဆင်းမ်ကတ် အသုံးပြုသူများ၏ အချက်အလက်များကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ကာကွယ်ပေးမည်

ပို့စ်တင်ချိန် - 4/26/2014 10:43:00 PM


အဲဒီဟာက စာချုပ်ထဲမှာလည်း ပါပြီးသားပါ။ Telenor အသုံးပြုသူ တွေရဲ့ အချက် အလက်တွေ တောင်းခံလာရင် သက်ဆိုင်ရာ တရားရုံးကနေ ချမှတ်ထားတဲ့ ဒီအချက်နဲ့ ပတ်သက်ပြီး သိချင်ပါတယ်ဆိုတဲ့ ကိုယ်စားလှယ် ပဲဖြစ်ဖြစ်၊ စာနဲ့ပဲဖြစ်ဖြစ် လာပြီးတောင်းတော့ မှသာ Telenor အနေနဲ့ ဒီအချက်အလက် တွေကို ပေးမှာပါ ဟု Telenor (မြန်မာ)မှ အမှု ဆောင်အရာရှိ Mr.Petter Furberg က ပြောသည်။

Telenor မြန်မာအနေဖြင့် မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများတွင်လည်း ယင်း ကဲ့သို့ပင် တရားရုံးမှ တရားဝင် တောင်းခံသည့် စာပါမှသာ အချက်အလက်များ အားပေးပြီး နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ ကျင့်သုံး ကြောင်း ၎င်း က ပြောသည်။

လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အော်ပရေတာလိုင်စင်
ရရှိရန် ကြိုးစားနေသကဲ့သို့ ရတနာ ပုံတယ်လီပို့ အများပိုင် ကုမ္ပဏီများကလည်း အော်ပရေတာ လိုင်စင် ရရှိရန် ဆောင်ရွက် လျက်ရှိသည်။

မကြာမီ ကာလတွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင် မှုကဏ္ဍတွင် အော်ပရေတာလေးခုအထိ ရှိ လာမည်ဖြစ်ကာ အပြိုင်အဆိုင် ၀န်ဆောင်မှု များပေးလာနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

နိုင်ငံတော်က ချမှတ်တဲ့ မူဝါဒ တွေမှာ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းနဲ့ ဆိုင် တဲ့ဟာတွေမှာ ဆက်ပြီး ညွှန်ကြားမယ်၊ ကြပ်မတ်မယ်။ သုံးစွဲ သူတွေကို နစ်နာမှု မရှိအောင် ကာကွယ်ပေးဖို့က ၀န်ကြီးဌာနရဲ့ အဓိက တာ ၀န်ပါ ဟု မြန်မာ့ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း၊ ရတနာပုံတယ်လီပို့ တို့အပြင် ပြည်ပ ကုမ္ပဏီများဖြစ် သော Telenor နှင့် Ooredoo တို့မှ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ ထားပြီး ၀န်ဆောင်မှု ပေးနိုင်ရန် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

The Messenger Journal