မီးအားမြှင့်စက်အပူရှိန်လွန်ကဲပြီး အိမ်ခြေ(၂၄)လုံးမီးလောင်ကျွမ်း

ပို့စ်တင်ချိန် - 4/26/2014 09:43:00 PM


မုံရွာ ဧပြီ ၂၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ သလ္လာရပ် ကွက်တွင် နေအိမ် အတွင်း မီးအားမြှင့်စက် အပူရှိန် လွန်ကဲပြီး ကူးစက် လောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၂၄)လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဧပြီလ(၂၅)ရက်နေ့ ည(၁၁)နာရီ အချိန်ခန့်တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်၊ နယ်မြေ(၄) စိတ္တသုခ လမ်းသွယ်တွင် အိမ်ငှား နေထိုင်သူ (ဘ)ဦးတူး၏ သားဖြစ်သူ စည်သူအောင်(ခ)ဗိုလ်တူးနှင့် ဇနီး မအေးယုဇော် (ဘ)ဦးဖိုးတွတ်တို့ နေထိုင်သော အခန်းမှ မီးအားမြှင့်စက် အပူရှိန် လွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားရာ အနီးရှိ အိမ်များသို့ ကူးစက် လောင်ကျွမ်းခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်စပ် ရေးရာဝန်ကြီး၊ စည်ပင်သာယာ ရေးဝန်ကြီး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်(၅၀)ဦး၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌများ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် သန္ဓေ မီးသတ် (၃၈)ဦး၊ အရန်မီးသတ် (၁၀၀)ဦး၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းငြိမ်း သတ်မှုကြောင့် ည(၁၁)နာရီ (၂၀)မိနစ် တွင် မီးညွန့်ကျိုးပြီး (၁၁)နာရီ(၄၅)မိနစ်တွင် မီးငြိမ်းသတ် နိုင်ခဲ့ သည်။





ထိုသို့ မီးလောင်ကျွမ်းမှု ကြောင့် လူနေအိမ် (၂၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၂၆)စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သဖြင့် အဆိုပါ ရပ်ကွက်ရှိ အမှတ်(၁၄) အခြေခံပညာ မူလတန်းကျောင်း တွင် မီးဘေး ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထား ကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုသူ စည်သူအောင် (ခ) ဗိုလ်တူးအား (ပ)၁၅၃/၂၀၁၄ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ (၂၈၅)အရ အမှုဖွင့် ထားကြောင်း သိရသည်။

MOI Webportal Myanmar