မန်ယူ ယာယီနည်းပြသစ် Giggs သတင်းစာ ရှင်း

ပို့စ်တင်ချိန် - 4/26/2014 01:39:00 PM


ပြီးခဲ့တဲ့နှစ်က ဒေးဗစ်မွိုင်းစ်နဲ့ အတူ တွေ့ရတဲ့ ဂစ်စ်

ဒီတစ်ပတ် အစောပိုင်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြ ဒေးဗစ် မွိုင်းစ်ကို ထုတ်ပယ် ပြီးတဲ့နောက် အသင်းအနေနဲ့ မရေမရာ ဖြစ်သွားခဲ့တဲ့ ရက်အနည်းငယ် ရှိခဲ့တယ်လို့ မန်ယူရဲ့ ယာယီ နည်းပြသစ် ရိုင်ယန်ဂစ်စ်က ဖော်ပြ ပြောဆိုလိုက်ပါတယ်။

မနက်ဖြန် အိုးထရက်ဖို့ဒ် အိမ်ကွင်းမှာ ကစားရမယ့် နောရစ်ခ်ျနဲ့ ပွဲမှာ ကစားသမားတွေ အစွမ်းပြ နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ မန်ယူ ပရိတ်သတ်တွေ မျက်နှာမှာ အပြုံးတွေ ပြန်ဝေဆာ လာအောင် သူကြိုးစားမယ်လို့ လည်း နည်းပြအနေနဲ့ ပထမဆုံး လုပ်တဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ရိုင်ယန်ဂစ်စ်က ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့်နှစ် ဥရောပ ချန်ပီယံလိဂ်ပွဲကို ဝင်ခွင့် မရတော့တဲ့ နောက်မှာ ဒေးဗစ် မွိုင်းစ်ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့် မရတော့တဲ့ အတွက် ဝင်ငွေ ဒေါ်လာ သန်းပေါင်း အမြောက်အမြား နစ်နာသွားခဲ့ရပါတယ်။

အသက် ၄၀ အရွယ် ရိုင်ယန်ဂစ်စ်ဟာ မန်ယူ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ် ရခဲ့ဖူးပါတယ်။

BBC Burmese