မြေပဲတွင် အန္တရာယ်ရှိ တီတူးမှိုအဆိပ်ပါဝင်နေ

ပို့စ်တင်ချိန် - 4/26/2014 04:33:00 PM


မြတ်စုငြိမ်း

ရန်ကုန်၊ ဧပြီ ၁၉

လူအများစားသုံးကြသည့်မြေပဲများတွင်အန္တရာယ်ဖြစ်စေသောတီတူးမှို
အဆိပ်ပါဝင်မှု ရှိကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ
ပြည်) ဇီဝဗေဒ သုတေသန ဌာနခွဲက ပြုလုပ်သော စာတမ်း အရ သိရ
သည်။

''အဆိုပါမြေပဲစားသုံးမှုပုံစံအမျိုးမျိုးတွင်ထရိုင်ကိုသီစင်း(တီတူး)မှိုအဆိပ် ပါဝင်မှုကို စမ်းသပ်ခြင်း'' သုတေသန စာတမ်းကို အထက်ပါ ဌာနမှ သု
တေသန ပညာရှင်ရှစ်ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်း သုတေသနကို မြေပဲစားသောက်ပြင်ဆင်မှုအပေါ် မူတည်၍ အမျိုး
အစားခွဲကာ တီတူးမှိုအဆိပ်ပါဝင်မှုရှိမရှိကို လေ့လာခဲ့ခြင်း ဖြစ်သည်။
လေ့လာမှုတွင် ပါဝင်သော ပုံစံအမျိုးမျိုးမှာ အခွံမပါမြေပဲစိမ်း၊ အခွံပါမြေပဲ
စိမ်း၊ မြေပဲပြုတ်၊ မြေပဲကြော်၊ မြေပဲလှော်၊ မြေပဲယိုအမာ၊ မြေပဲထောပတ်
နှင့် မြေပဲချဉ်ဖတ်တို့ဖြစ်ကြသည်။

အဆိုပါ မြေပဲ နမူနာ စုစုပေါင်း လေးဆယ်ခန့်ကို ကွဲပြား ခြားနားသော
နေရာငါးခုမှဝယ်ယူ၍ တီတူးမှိုအဆိပ် ရှာဖွေစမ်းသပ်မှုကို ပြုလုပ်ရာတွင်
မြေပဲလှော် ၂ ခု၊ မြေပဲကြော် ၂ ခုနှင့် အခွံ မပါမြေပဲစိမ်းသုံးခုတွင် တီတူး
မှိုအဆိပ် ပမာဏ (၇၅ မှ ၅ဝဝ ပီပီဘီ)၊ မြေပဲ ချဉ်ဖတ် နမူနာ တစ်ခုတွင် တီတူးမှိုအဆိပ်ပမာဏ (၃ဝဝ မှ ၅ဝဝ ပီပီဘီ)အတွင်းကို ရှာဖွေ တွေ့ရှိခဲ့
ရသည်။

တီတူးမှိုအဆိပ်သည်လူကိုသေစေနိုင်သောအစွမ်းသတ္တိရှိပြီးလူ့ခန္ဓာကိုယ်
အတွင်း မျိုးဗီဇ ဒီအန်အေ နှင့် အာရ်အန်အေ နှစ်မျိုး စလုံး၏ ဖွဲ့စည်းတည်
ဆောက်မှုကို တားမြစ်နိုင်သည့် အစွမ်း ရှိသည်ဟု အဆိုပါ စာတမ်းတွင်
ဖော်ပြထားသည်။

ကနေဒါနိုင်ငံ၏စံသတ်မှတ်ချက်အရဝက် နှင့်ကြက်အစာအတွက် တီတူးမှို
အဆိပ်အမြင့်ဆုံး ခွင့်ပြုနိုင်သော ပမာဏမှာ (၁ဝဝဝ ပီပီဘီ)ဖြစ်သည်။ လူ
အများစားသုံးသောအစားအစာများတွင် တီတူးမှိုအဆိပ်အမြင့်ဆုံးခွင့်ပြုနိုင်
သောပမာဏကိုသတ်မှတ်ထားခြင်းမရှိသော်လည်းတီတူးမှိုအဆိပ်ပမာဏ
လုံးဝပါဝင်မှု မရှိခြင်းသည် အန္တရာယ်အကင်းဆုံး အခြေ အနေဖြစ်ကြောင်း အထက်ပါသုတေသနစာတမ်းက ထောက်ပြသည်။

ယင်းကြောင့် မြန်မာပြည်တွင်း စားသုံးသူ များအတွက် ဘေးကင်းစိတ်ချရ
သော အစားအစာများကို စိတ်ချလက်ချစားသုံးနိုင်စေရန် ပိုမိုတိုးချဲ့၍ကြပ်
မတ်ဆောင်ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်းစားသုံးသူကာကွယ်ရေးတက်
ကြွလှုပ်ရှားသူအချို့ကဆိုသည်။

Popular Myanmar News Journal