ကျွန်န်ုပ်နှင့် သရဲခြောက်သော ၀ါးရုံတော


(၁)

အချိန်ကာလကား လမိုက်ည သန်းခေါင်ယံ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက တိတ်ဆိတ်စွာ ကြီးစိုးနေ၏ ။ နွေဦးပေါက်မို့ တစ်ချက်တစ်ချက် တိုက်ခတ်သော လေတိုးသံမှအပ မည်သည့်အသံမျှ မကြားရပေ ။ သက် ကယ်သောင် ရွာကလေးကား အမှောင်ထုအောက်ဝယ် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေလေ၏ ။ ရွာတောင် ဖက်တွင်ရှိသော သင်္ချိုင်းကုန်းမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြောင့် ခြောက်ခြားဖွယ် အလွန် ကောင်း လှပေ၏ ။ ထိုအခိုက် မပီဝိုးတ၀ါး လမိုက်ညတွင် မဲမဲသဏ္ဍာန်နှစ်ခုက ရွာတောင်ဖက် သင်္ချိုင်းအလည်မှ တရွေ့ ရွေ့သွားနေ၏ ။ သက်ကယ်သောင်ရွာနှင့် ရွာသင်္ချိုင်းကြားတွင် လွန်စွာရှည်လျှားသော ၀ါးရုံတော ကြီးတစ်ခု ရှိလေ၏ ။ ထိုဝါးရုံတောနှင့် ရွာကလေးကလည်း အတော်အလှမ်းဝေး၏ ။ မဲမဲသဏ္ဍာန်နှစ်ခုကား သင်္ချိုင်းကို လွန်မြောက်ပြီးနောက် ၀ါးရုံတောကြီးအောက်သို့ ရောက်ရှိလာ၏ ။ ကွမ်းတစ်ယာညက်ခန့် ကြာသော အခါ ၀ါးရုံတောကြီးသည် တဝေါဝေါမြည်ကာ သွက်သွက်ခါအောင် လှုပ်ယမ်းလာချေ၏ ။ ထိုသို့ ဖြစ်ပြီး မကြာမီမှာ ပင် မဲမဲသဏ္ဍာန်နှစ်ခုသည် သက်ကယ်သောင်ရွာဆီသို့ ပြေးထွက်သွားလေ၏ ။

” ကယ်ကြပါဦးဗျို့… ကယ်ကြပါဦး.. သ…သရဲ ခြောက်လို့ဗျို့ “

အမောတကော ပြေးဝင်လာပြီး အော်ဟစ်နေကြသော အသံများကြောင့် တစ်ရွာလုံးလိုလို နိုးလာလေသည် ။ ထို့ နောက် မီးအိမ်လေးတွေကိုင်ပြီး ရွာလယ်လမ်းမသို့ ထွက်လာကြ၏ ။

” အလို ထွန်းခင်နဲ့ ညိုအေးတို့ပါလား ” ရွာလူကြီး ဦးအေးမောင်က လှမ်းမေးလိုက်သည် ။

” ဟေ့ ဘာဖြစ်လာကြတာတုန်း ညကြီးမင်းကြီး အလန့်တကြားနဲ့ “

” ဟို…ဟို…”

ထိုနှစ်ယောက်ကား ရုတ်တရက် ပြန်မဖြေနိုင်ရှာပေ ။ မောဟိုက်လွန်း၍ အသက်ကို မနဲ ရှုရှိုက်နေရ၏ ။

” ကဲကဲ သူတို့ကို ရေတိုက်လိုက်ပါဦး ” အတော်ကြာအမော ဖြေစေပြီးမှ ထွန်းခင်က

” ဟို ဟို ကျွန်တော်တို့နှစ်ယောက်က ကိုင်းဖိုးငွေတွေ သွားချေတာပါ အဲဒါ ရှစ်ဆိပ်ရွာကနေ အပြန် ရွာ သင်္ချိုင်း လည်း ဖြတ်ပြီးဝါးရုံတောလည်း ရောက်ရော ၀ါးရုံတောကြီးက လေမတိုက်ပဲနဲ့ တဝေါဝေါ မြည်လာတယ် ပြီးတော့ ၀ါးရုံ ပင်ကြီးတွေက ကျွန်တော်တို့ နှစ်ယောက်နောက်ကို လိုက်လာလို့ ကျွန်တော်တို့ အသက်လုပြီး ထွက်ပြေး လာရတာပါ “

” ဟေ.. ဟုတ်လို့လားကွာ ငါတို့ရွာမှာ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြားဖူးပါဘူး “

ရွာသားအားလုံး တအံ့တသြနှင့် အထိတ်တလန့် ဖြစ်ကုန်ကြ၏ ။

” ဟယ် ၀ါးရုံတောက သရဲခြောက်တယ်တဲ့ အောင်မလေး “

တစ်ယောက်တစ်ပေါက်ဆူညံကြကုန်၏ ။

” ကဲကဲ ဒါဆိုလည်း လူစုပြီး ၀ါးရုံတောကို သွားကြည့်ကြရအောင် “

” ဟို …ဟို.. ကျွန်တော်တို့တော့ ပြန်မလိုက်ရဲကြတော့ဘူး “

“အေး မင်းတို့ နှစ်ယောက်နေခဲ့ ကျန်တဲ့ ကာလသားတွေ ငါနဲ့လိုက်ခဲ့ “

သူကြီး ဦးအေးမောင် နောက်သို့ ကာလာသများ စုရုံးစုရုံးလိုက်သွားကြသည် ။ ၀ါးရုံတောသို့အရောက် ခြေလှမ်း တိုင်း လိုလိုက နှေးသွားကြလေသည်။ အမှောင်ထုအောက်ဝယ် ၀ါးရုံတောကြီးကား မိစ္ဆာ ကောင်ကြီး ထိုင်နေ သည့် နှယ် ။ အချို့ ကားကြောက်လွန်း၍ မျက်စိမျက်နှာများပင် ပျက်၍ နေပေသည် ။

လူအုပ်ကြီးက ၀ါးရုံပင်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေလေ၏ ။ တစ်နာရီခန့်ကြာသော် မည်သည့် ထူး ခြားမှုမှ မရှိသောကြောင့် ရွာသို့ ပြန်ခဲ့ကြလေသည် ။ နောက်တစ်နေ့ မနက်တွင် တစ်ရွာလုံးကား ဟိုတစ်စု ဒီတစ်စု နှင့် ၀ါးရုံတော သရဲအကြောင်းကား တောမီးပမာ ပျံ့နှံ့သွားလေတော့သည် ။


(၂)

သရဲအခြောက်ခံရသော ထွန်းခင်နှင့် ညိုအေးတို့မှာလည်း အကြောက်လွန်ပြီး ကိုယ်တွေ ခြစ်ခြစ်တောက်ပူကာ ဆရာခေါ်၍ ကုသရလေသည် ။ ထိုသို့ဖြင့် အခြားရွာသို့ သွားစရာရှိလျှင် အခြာလမ်းမှ ပတ်သွားပြီး ၀ါးရုံတောနှင့် ရွာသင်္ချိုင်းကို ဖြတ်သော လမ်းမှာ တစတစ တိတ်ဆိတ် ခြောက်သွေ့လာလေသည် ။ မဖြစ်မနေ ကိစ္စရှိမှသာလျှင် ထိုလမ်းကို အသုံးပြုကြလေသည် ။

အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး ၂ ရက်ခန့်အကြာတွင် သက်ကယ်သောင်ရွာကလေးသို့ လူနှစ်ဦး ရောက်ရှိ လာ လေသည်။ တစ်ဦးကား အထူးကုဆရာဝန်လေး ဒေါက်တာ နိုင်ဇော်ဖြစ်ပြီး ကျန်တစ်ဦးကား ကျွန်ုပ်သက်တန့် ပင်ဖြစ်လေတော့သည် ။ ဒေါက်တာနိုင်ဇော်မှာ အသက် ၃၀ ခန့်ဝန်းကျင် အရပ်အမောင်း ထောင်ထောင် မောင်းမောင်းနှင့် လွန်စွာ ကိုယ်ခန္ဓာ အချိုးအစားကျလှသူ တစ်ဦးဖြစ်လေသည်။ သူသည် အထူးကု ဆရာဝန်ဘွဲ့ကြီးကို ယူထားသော်လည်း မြို့ကြီးပြကြီး တွင်မနေထိုင်ပဲ ကျေးလက်တောရွာများတွင် လှည့်လည် ဆေးကုသနေသော စေတနာ ဆရာဝန်တစ်ဦး ဖြစ်လေသည် ။ ထို့အပြင်သူသည် လွန်စွာ ဗဟုသုတနှင့် ပြည့်စုံသကဲ့သို့ တိုက်ရိုက်ခိုက်ရည်နှင့် ပြည့်စုံသော စွန့်စားဝံ့သူ တစ်ဦးလည်း ဖြစ်ပေသည် ။ သူ့တွင် လိုင်စင်နှင့်ကိုင်သော တောပစ်သေနတ်တစ်လက်လည်း ရှိပေသည် ။ ကျွန်ုပ်သည် ထိုအချိန်က သာမန် ဆရာဝန်တစ်ဦး ဖြစ်ပြီး ဒေါက်တာနိုင်ဇော်နှင့် လွန်စွာ အတွဲညီလှသော ညီအစ်ကို ရင်းကဲ့သို့ သူငယ်ချင်းများ ဖြစ်ကြလေသည် ။ ကျေးလက်တောရွာများတွင် လှည့်လည်ဆေးကုရင်း သက်ကယ်သောင်ရွာသို့ အရောက်တွင် လူနာနှစ်ဦးနှင့် ၀ါးရုံတောသရဲအကြောင်းက ဆီးကြိုနေလေသည် ။

ကျွန်ုပ်တို့ နှစ်ဦးသည် ရွာသို့ရောက်ရောက်ခြင်း ရွာလူကြီး ဦးအေးမောင်ဆီသို့ အကျိုး အကြောင်း သွားပြော ပြလေသည် ။ ဦးအေးမောင်သည် ကျွန်တော်တို့ အကြောင်းသိပြီးသောအခါ

” အဆင်သင့်လိုက်တာ ဆရာတို့ရယ် အခုတလော ရွာမှာ ဂြိုလ်ဝင်နေတယ်ဗျာ ၀ါးရုံတောသရဲအခြောက်ခံရတဲ့ နှစ်ယောက်ကလည်း သတိရတစ်ချက် မရတစ်ချက်နဲ့ တစ်ချက်လောက်ကြည့်ပါဦး ဆရာရယ် “

ထိုသို့ပြောပြီး မကြာခင်မှာပင် ရွာသားတစ်ဦး အမောတကောနှင့် ပြေးဝင်လာလေသည် ။

” သူကြီး သူကြီး ကိုထွန်းခင်ကြီး ဆုံးသွားလို့ တဲ့ အဲဒါသူကြီးကို လာအကြောင်းကြားတာပါ “

” ဟေ ဖြစ်ရလေကွာ ကဲ ကဲ ..ဆရာ တို့လည်း ရှိတုန်း တချက်လောက် ကြည့်ပေးပါဦး ဗျာ “

သို့ဖြင့် ကျွန်တော်တို့ နှစ်ဦးကား သူကြီးနှင့်အတူ ထွက်လာခဲ့ကြတော့သည် ။ အိမ်တစ်အိမ်အရောက်တွက် ရှိလေသည် ။ အိမ်ပေါ်သို့ တက်ကြည့်သော် ထွန်းခင်ဆိုသူကား အသက်သေဆုံးနေပြီ ဖြစ်လေသည် ။ ကြောက် မက်ဖွယ်ရာ တစ်ခုခုကို ကြုံတွေ့ပြီး မအိပ်နိုင်မစားနိုင်နှင့် စိတ်ခြောက်ခြားကာ အသက်သေဆုံးခြင်းပင် ဖြစ်လေ သည် ။

” အင်း ဖြစ်မှ ဖြစ်ရလေဗျာ ဒီလူကတော့ အသက်သေဆုံးသွားပါပြီ ကဲ နောက်တစ်ယောက်ကို သွားကြည့် ရအောင်ဗျာ “

ဒေါက်တာ နိုင်ဇော်မှ ပြောလိုက်သောကြောင့် ရွာသူကြီးက ညိုအေးအိမ်သို့ လိုက်ပို့ပေးလေသည် ။ အိမ်သို့ ရောက် သော် ညိုအေးမှာလည်း အခြေအနေမကောင်း ။ အဖျားတွေ တက်ကာ ကယောင်ကတမ်းဖြင့်

” သရဲ…သရဲ..အောင်မလေး ..ကြောက်ပါပြီဗျ”

ဟူ၍ ညည်းငြူနေလေသည်။ ဒေါက်တာနိုင်ဇော်သည် လူနာကို အသေအချာစမ်းသပ်ပြီး ဆေးတစ်လုံးထိုးကာ သောက်ရမည့် ဆေးများပါ ပေးခဲ့လေသည် ။ ထို့နောက် အိမ်မှ ပြန်ဆင်းလာကာ သူကြီးကို ပြောပြီး ရွာထဲသို့ လှည့်လည်ခဲ့လေသည် ။

သက်ကယ်သောင်ရွာကား ရွာကြီးတစ်ရွာမဟုတ်သော်လည်း အတော်အသင့် ကြီးမားသော ရွာတစ်၇ွာ ဖြစ်လေ သည် ။ ရွာ၏ အနောက်ဖက်တွင် ဧရာဝတီ မြစ်ကြီး ရှိပြီး တောင်ဖက်တွင် သင်္ချိုင်းကုန်း မြောက်ဖက်တွင် သီးနှံစိုက် ခင်းများနှင့် လွန်စွာ နေချင့်စဖွယ်ကောင်းသော ရွာတစ်ရွာပင် ဖြစ်လေသည် ။ ရွာကလေးမှာကား သရဲ ခြောက်ခံရပြီး တစ်ပါတ်အကြာတွင် တစ်ယောက် သေဆုံးသွားသည့်အတွက် ညနေစောင်းပင် ဖြစ်လင့်ကစား ရွာထဲဝယ် လူသွားလူလာမရှိသလောက် တိတ်ဆိတ်နေကြလေသည် ။ ထိုအခိုက် ကျွန်တော်တို့ရှေ့တွင် ငှက်ပျောပွဲ အုန်းပွဲများကို ခေါင်းပေါ်ရွက်၍ သွားနေကြသော လူတစ်စုကို တွေ့ရလေသည် ။ အကျိုး အကြောင်း မေးမြန်းကြည့်သော် ငှက်ပျောပွဲ ရွက်ထားသူမှာ နတ်ကတော် ဒေါ် စိန်ပုဆို သူဖြစ်ပြီး ထိုလူစုသည် ၀ါးရုံပင် သရဲကို ပူဇော်ရန်နှင့် ကွင်းပိုင်လယ်ပိုင်တို့ကို တောင်းပန်ရန်အတွက် ရွာတောင်ဖက် သို့ သွားနေ ခြင်းဖြစ် ကြောင်း သိရလေသည် ။ ကျေးလက်တောရွာသူတောရွာသား များ၏ ယုံကြည်မှု ဖြစ်သောကြောင့် ကျွန်ုပ်တို့ နှစ်ဦး လည်း ဘာမှ မပြောတော့ပဲ သူတို့အုပ်စုနှင့် မလှမ်းမကမ်းမှနေ၍ ရွာတောင်ဖက်သို့ ထွက်လာ ခဲ့ တော့သည် ။

စကားတပြောပြောနှင့် ကွမ်းတယာညက်ခန့်အကြာတွင် သရဲခြောက်သည်ဟု လွန်စွာ နာမည်ကြီးသော ၀ါးရုံတော ကြီးဆီသို့ ရောက်ခဲ့လေတော့သည် ။ နေညိုချိန်မို့ လေတဖြူးဖြူးတိုက်ခတ်လျှက်ရှိရာ အလင်း ရောင်ရှိသော အချိန်တွင်ပင် ၀ါးရုံတောကြီးကား ဘယ်ညာယိမ်းနေသည်မှာ တစ္ဆေတစ်ကောင်နှင့် တူလှပေသည် ။ ရွာသား များသည် ၀ါးရုံတောနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော တောင်ဂမုလေးတစ်ခုတွင် ယူဆောင်လာသော ငှက် ပျောပွဲ အုန်းပွဲများကို တင်ပြီး ပူဇော်ပသကြလသည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း တအောင့်မျှ အကဲခတ်ကာ တည်းခို ရာအိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။

(၃)

နောက်တစ်နေ့ နံနက်တွင် ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ကို အဖန်ရေနှင့် လွေးနေခိုက် ဒေါက်တာ နိုင်ဇော်က

” ကိုသက်တန့်ရေ.. ကျွန်တော်တို့ တောလည်ကြရအောင် ၀ါးရုံတောသရဲ အကြောင်းလည်း စုံစမ်းရင်းနဲ့ပေါ့ ဘယ့် နှယ့် လည်း မကောင်းဘူးလား “

” ကောင်းသားပဲ ကိုနိုင်ဇော်ရသွားရအောင်လေ အမဲ မပစ်ရတာလည်း ကြာပေါ့ “

ပြောပြောဆိုဆို ကျွန်ုပ်သည် နံနက်စာစားခြင်းကို လတ်စသတ်လိုက်ပြီး ထမည်အပြုတွင်

” ဆရာ….ဆရာ ဟို… အဖေက ဟင်းပို့ခိုင်းလို့ပါ “

” အော်..ဟုတ်ကဲ့..လာပြီခင်ဗျ “

အိမ်ရှေ့သို့ထွက်ကြည့်သောအခါ နွဲ့နှောင်းသော ကိုယ်ဟန်နှင့် မိန်းမပျို တစ်ဦးကို တွေ့ရလေသည် ။

” ကျေးဇူးပဲနော်.. ဒါနဲ့ ညီမ အဖေက ဘယ်သူတုန်း “

” ဦးအေးမောင်ပါ ဆရာ “

” အော်.. သူကြီးကိုး.. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါခင်ဗျ “

” ဟုတ်ကဲ့ရှင့် ပြန်ခွင့်ပြုပါဦးဆရာ “

” ဟုတ်ကဲ့ “

မိန်းမပျိုလေး ပြန်သွားပြီးနောက် ဒေါက်တာနိုင်ဇော်က

” ဘယ်သူတုန်း ကိုသက်တန့်ရ “

” သူကြီးသမီးပါ ကိုနိုင်ဇော် ဟင်းလာပို့တာ ကဲ သွားကြရအောင် “

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဒေါက်တာနိုင်ဇော်က လက်စွဲတော် သေနတ်ကို စွဲကာ နှစ်ဦးသား ထွက်ခဲ့ကြ လေ တော့ သည် ။

ရွာတောင်ဖက်ရှိ ၀ါးရုံတောသို့အရောက်တွင် ဒေါက်တာ နိုင်ဇော်က ၀ါးရုံတော အောက်ခြေသို့ ဆင်းရန် ပြင်လေ သည် ။ ၀ါးရုံတော အောက်ခြေကား လူတရပ်မျှ ရှိသော ကိုင်းပင်များဖြင့် အုံ့ဆိုင်းလျှက်ရှိရာ အတွင်းသို့ ထိုး ဖောက်၍ မမြင်ရပေ ။

” ဖြစ်ပါ့မလား ကိုနိုင်ဇော်ရ မြွေတွေဘာတွေ တွေ့မှဖြင့် “

” အေးဗျ ကိုင်းပင်တွေက အတော့်ကို ထူတာပဲ ကျွန်တော်တော့ ဒီဝါးရုံတော အောက်ခြေမှာ လျှို့ဝှက်ချက် ရှိတယ် ထင်တယ်ဗျာ “

” ကဲ ညရောက်မှ သရဲခြောက်မခြောက်လာ ကြည့်တာပေါ့ဗျာ အခုတောဝင်စို့ “

ပြောပြောဆိုဆို ကျွန်ုပ်က ၀ါးရုံတော အလယ်တွင်လူတစ်ယောက်သွားနိုင်သော ခြုံလမ်းလေးထဲသို့ တိုးဝင် လိုက်လေသည် ။ ၀ါးရုံတောနောက်တွင် ရိုးမတောအုပ်ကြီး တည်ရှိပြီး ၀ါးရုံတောကား တောအုပ်ကြီး အ၀င်ပေါက်ကို ပိတ်ထားသကဲ့သို့ ရှိလေသည် ။ ကျွန်ုပ်သည် ၀င်ပေါက်ကို သက်ကယ်သောင်ရွာရှိ မုဆိုးများထံမှ စနည်းနာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဆရာဝန် နှစ်ဦးကား လူ့အသက်ကို ကယ်ရသော အလုပ်ကို လုပ်ရ သော် လည်း အမဲလိုက်ခြင်းကိုမူ လွန်စွာ ၀ါသနာပါလေသည် ။ ( ကျွန်ုပ်နှင့် ဒေါက်တာနိုင်ဇော် တို့၏ တောတွင်း အတွေ့ အကြုံများကို နောင်အခါ ရေးသားပါဦးမည် ) ။ ကျွန်ုပ်တို့သည် ယုန် ၊ မျောက် ၊ သမင်စသော အကောင်ငယ်လေးများကို တွေ့သော်လည်း ပစ်ခတ်ခြင်းမပြုပဲ တောနက်ထဲသို့ ဆက်၍ ၀င်ခဲ့ကြသည် ။ တောတွင်း တစ်နေရာ လျှိုမြောင်ကြီး ဆီသို့ အရောက်တွင် ဒေါက်တာနိုင်ဇော်က လက်ကာပြလိုက်၍ ကျွန်ုပ်လည်း ဒူးထောက်ထိုင်ချ လိုက်လေသည် ။

” ကိုသက်တန့် ကျွန်တော်တို့ အခြေအနေမကောင်းဘူးဗျ ဒီနားတစ်ဝိုက်မှာ နှောကူးကြီး (ပြောင်) ရှိနေတယ် ကျွန်တော်တို့က လေညှာအောက်ရောက်နေတယ်ဟို ကုန်းမြင့်ပေါ်တက်နိုင်မှ ဖြစ်မယ်ဗျ လာလာ “

ဟုဆိုကာ ရှေ့မှ ဦးဆောင်၍ တက်သွားလေသည် ။ ကျွန်ုပ်မှာ ပြောင်သဘာဝကို သိပြီး ဖြစ်သည့် အလျောက် ဇော်ချွေး များ ပျံလာမိသည် ။ ပြောင်များသည် အနံ့ခံ ကောင်းသလောက် သင်းကွဲ ( အုပ်စုကွဲ ) ဆိုလျှင် တွေ့ရာ ဂမူးရှူး ထိုး ရန်မူတတ်ပေသည် ။ လေညှာတွင် ရှိသော သတ္တ၀ါကို အနံ့ခံအာရုံဖြင့် ခွဲခြားနိုင်စွမ်း ရှိလေသည် ။

တောင်ကုန်းပေါ်ရှိ သစ်ပင်ကြီးအောက်သို့ ရောက်မှသာလျှင် ကျွန်ုပ်လည်း အသက်ပြင်းပြင်း ရှူ နိုင်လေသည် ။ ဒေါက်တာနိုင်ဇော်မှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ဒူးထောက်ထိုင်နေပြီး ပတ်ဝန်းကျင်ကို အကဲ ခတ်နေသည် ။ ထိုအခိုက် စောစောက ကျွန်ုပ်တို့ ရပ်နေခဲ့သော နေရာသို့ ပြောင်ကြးက ၀င်လာနေသည် ။ ဒေါက်တာ နိုင်ဇော်သည် တည်ငြိမ်စွာဖြင့် သေနတ်ကို ချိန်လိုက်ပြီး ပစ်ချလိုက်လေတော့သည် ။

” ဒိုင်း “

ယမ်းပေါက်ကွဲသံကြီးကြောင့် တစ်တောလုံးရှိ ကျေးငှက်များ လန့်ဖြန့် ပျံကုန်ကြသည်။ ထိုအခိုက် ထူးဆန်းသော ဖြစ်ရပ်ကို မျက်ဝါးထင်ထင် ကြုံရလေတော့သည် ။ ယင်းမှာ ပြောင်ကြီးသည် ချက်ကောင်းကို ထိပါလျှက်နှင့် လဲမကျ သွားသည့်အပြင် ကျွန်ုပ်တို့ နှစ်ယောက်ကို တွေ့သွားပြီ ဖြစ်၍ တောင်ကုန်းပေါ်သို့ တဟုန်ထိုး ပြေး တက် လာလေသည် ။ ကျွန်ုပ်လည်း အသက်မျှပင် မရှုရဲပဲ မကြံတတ်အောင်ပင် ဖြစ်သွားလေသည် ။ ပြောင်ကြီးသည် ကျွန်ုပ်တို့နှင့် တဖြည်းဖြည်း နီးလာပေသည် ။ ထိုအခိုက် ဒေါက်တာနိုင်ဇော်ကို ကြည့်လိုက်ရာ စိတ်မပူသည့် အလား အေးအေးဆေးဆေးပင် ထိုင်နေလေသည် ။ ပြောင်ကြီးကား ကျွန်ုပ်တို့ နှင့် သုံးကိုက်လောက် အကွာတွင် ဗုန်း ကနဲ လဲကျသွားပေတော့သည် ။ ထိုအခါမှ ကျွန်ုပ်လည်း အသက်ပြင်းပြင်း ရှူရဲလေတော့သည် ။ ဒေါက်တာ နိုင်ဇော်က

” ဒီလို ရှိတယ် ကိုသက်တန့်ရ ပြောင်တွေက သွေးနွေးသတ္တ၀ါတွေထဲမှာ နာကျင်မှုဒါဏ်ကို အခံနိုင်ဆုံးနဲ့ ဒေါသအကြီးဆုံး အကောင်တွေပဲ စောစောက ကျွန်တော်ပစ်လိုက်တာက သူ့ရဲ့ လက်ဖျံရိုးအောက်တည့်တည့်ပဲ ဒါပေမယ့် သူတို့ကို ရန်မူမှန်းသိတော့ ဒီကောင်တွေက လတ်တလောဒါဏ်ရာကို မေ့သွားတယ်ဗျ ပြီးတော့ ရန်သူရှိ ရာကို ရန်ပြုဖို့ ပြေးလာတယ် ။ ဒါပေမယ့် နှလုံးကို ထိထားတဲ့ ဒါဏ်နဲ့ ကုန်းတက်ကြီးကို ဒင်း ငါးကိုက် လောက်အပြင် ပြေးမတတ်နိုင်ပါဘူးဗျာ “

ဟု ရှင်းပြလေသည် ။ ထိုအခါမှ ကျွန်တော်လည်း ဒေါက်တာနိုင်ဇော်၏ ဗဟုသုတ ကြွယ်ဝပုံတို့ကို အသိအ မှတ်ပြုရလေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း ပြောင်ကြီးကို ၀ါးလုံးဖြင့် လျှိုထမ်း၍ ရွာသို့ ပြန်ကာ ရွာသား များအား ခွဲဝေပေးလိုက်လေတော့သည် ။

(၄)

အကာလ ညအချိန်မို့ လူခြေက တိတ်ဆိတ်နေသည် ။ ထိုအချိန် ၀ါးရုံတောကြီးနှင့် မလှမ်းမကမ်းရှိ သစ်ပင်ကြီး တစ်ပင်ကြီးတစ်ပင်ပေါ်တွင် ဇွဲနဘဲကြီးစွာ စောင့်ဆိုင်းနေကြသူ နှစ်ဦးကား ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်ပင် ဖြစ် လေ သည် ။ ကျွန်ုပ်တို့ကား ခြင်ကိုက်လည်း မရိုက်ရဲ အပေါ့အပါးလည်း မသွားရဲဘဲ ၀ါးရုံတောသို့သာ စူးစိုက် ကြည့်နေကြရသည် ။ နာရီပြန် ၂ ချက်ထိုးသောအခါ လူများကလည်း ငိုက်မျည်းစပြုလာသည် ။

” ဆရာနိုင်ဇော်ရေ ဒီည သရဲက ခြောက်ပါ့မလားဗျ”

” အင်းအသေအချာတော့ မပြောနိုင်ဘူးဗျ စောင့်တော့ကြည့်ရမှာပဲ “

ထိုအခိုက်

” ဆရာ.. ဆရာ.. အဖေက ညဥ့်နက်နေပြီဆိုလို့ ဆရာတို့ကို ခေါ်ခိုင်းလိုက်လို့ ဆင်းလာပါဦး “

ဟု အော်သံကို ကြားရလေသည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ကျွန်ုပ်တို့ကို ဟင်းလာပေးသော သူကြီး သမီး ဖြစ်နေလေသည် ။ ကျွန်ုပ်က ပြန်ပြောမည်အပြုတွင် ဒေါက်တာနိုင်ဇော်က

” ရှူးတိုးတိုး ဆရာ ဘာမှ ပြန်မပြောနဲ့ ကျွန်တော်နောက်မှရှင်းပြမယ် “

ဟုတည်ငြိမ်စွာ ပြောလေသည် ။ သစ်ပင်အောက်မှ မိန်းကလေးကလည်း လေးငါးခါလောက် အော်ခေါ်လေသည် ။ အတန်ကြာသောအခါ ကျွန်ုပ်တို့ မဆင်းလာမှန်းသိသည်နှင့် ကျွန်ုပ်တို့နှစ်ဦးရှိရာသို့ စူးစူးစိုက်စိုက် ကြည့်ကာ အမှောင် ထုထဲ ၀င်ရောက်ပျောက်ကွယ်သွားလေသည် ။ ကျွန်ုပ်၏ ရင်ထဲတွင် အေးခဲသော လက်ကြီးနှင့် စွဲဆုပ် ထားဘိသကဲ့သို့ ခံစားလိုက်ရလေတော့သည် ။

” ဒီလိုဆရာရဲ့ ဒီအချိန်ကြီးမှာ သူကြီးက သူ့သမီး မိန်းမပျိုလေးကို ကျွန်တော်တို့ နှစ်ယောက်တည်းရှိတဲ့ နေရာကို လာခေါ်ခိုင်းပါ့မလား စဉ်းစားပါဦး နောက်ပြီး ဆရာသတိထားမိလား ဒီမိန်းမက လုံးဝမျက်တောင်မခတ်ဘူးဗျို့ အမှန်တော့ ဒီလို တောတွေမှာ တောခြောက်တာတွေ နာနာဘာဝတွေ အများကြီး ရှိပါတယ် ကျွန်တော်တို့ကို ရမလားလို့ လှည့်စားတာပေါ့ဗျာ “

ဟုရှင်းပြလေသည် ။ ထိုအခါမှ ကျွန်ုပ်လည်း ကြက်သီးထမိသွားသည် ။ ဒေါက်တာ နိုင်ဇော်မပါပဲ ကျွန်ုပ် တစ်ယောက်တည်းသာဆိုလျှင် ဆင်းသွားမိမှာ သေချာပေသည် ။ ထိုအခိုက် ၀ါးရုံတောကြီးကား တဟီးဟီး မြည် လာပြီး ယိမ်းထိုးလာလေသည် ။ ထူးဆန်းသည်မှာ ဘေးနားမှ သစ်ပင်များမှာ တုတ်တုတ်မျှ မလှုပ် ။ ၀ါးရုံပင်များသာလျှင် သွက်သွက်ခါအောင် လှုပ်ခါနေခြင်းဖြစ်၏ ။ ကျွန်ုပ်တို့နှစ်ဦးလည်း သရဲခြောက်ခြင်းကို မယုံကြည် သူများ ဖြစ်သော်လည်း ယခုအခါ မစဉ်းစားတတ်အောင် ဖြစ်ရလေ၏ ။ နာရီဝက်ခန့် လှုပ်ခါပြီးသောအခါ တ ဖြည်းဖြည်း ငြိမ်သက်သွားလေတော့သည် ။ ကျွန်ုပ်တို့လည်း ဆက်လက်၍ ထူးခြားမှုများ မရှိတော့သောအခါ အောက် သို့ ဆင်းပြီး တည်းခိုရာ အိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။

နံနက်ရောက်သောအခါ သူကြီးကို ညတုန်းက ကြုံခဲ့ရသည်များကို ပြန်၍ ပြောပြလိုက်ရာ သူကြီးဦးအေးမောင်မှာ လွန်စွာ ထိတ်လန့်အံ့သြလျှက်ရှိပြီး သူကြီးသမီးမှာ အံ့သြနေသော အမူအယာ ရှိလေသည် ။ သို့နှင့် ကျွန်ုပ်တို့ သူငယ် ချင်း နှစ်ဦးလည်း မတွေးတတ်အောင်ပင် ရှိနေတော့သည် ။ ညတုန်းက အိပ်ရေးပျက်ခဲ့သောကြောင့် ကျွန်ုပ်တို့ နှစ်ဦးလည်း တည်းခိုရာအိမ် သို့ ပြန်ပြီး တရေးတမော အိပ်စက်ကြလေသည် ။ ညနေစောင်း ငါးနာ ရီအချိန်လောက်တွင် လူပေါင်း ၁၀ယောက် ခန့်ပါသော လူအုပ်ကြီးသည် ရွာလယ်လမ်းတလျောက် ဖုန် တ၀ုန်း ၀ုန်း ရှိအောင် သွားနေကြလေသည် ။

ထိုလူအုပ်ကြီး အလယ်တွင် လွန်စွာ သွေးစုပ်ဖြူလျော်လျှက်ရှိသော လူတစ်ဦးကို စောင်ပုခက်အတွက် သယ် ဆောင်လျှက် ကျွန်ုပ်တို့ နှစ်ဦး တည်းခိုရာ နေအိမ်အတွင်းသို့ ၀င်ရောက်လာ ကြလေသည် ။ ကျွန်ုပ်တို့လည်း အခြေ အနေကို မေးမြန်းကြည့်ရာ

” ကယ်ပါဦး ဆရာရယ် ဒါက ကျွန်တော်တို့ရွာကို လာနေကြ ကုန်သည်ကိုဘအေးပါ တစ်လ တစ်ခါလောက် လာ လေ့ရှိပါတယ် ဒီတစ်ခေါက်လာတာ ၀ါးရုံတောကြီး နားအရောက်မှာ လဲကျနေတာတွေ့လို့ ရွာသားတွေက သယ် လာတာပါ ဆရာဝန်တွေလည်း ဒီမှာ ရှိတယ်ဆိုလို့ ကျွန်တော်တို့ သယ်လာတာပါ “

သို့နှင့် ကျွန်ုပ်တို့လည်း လူနာကို စပ်းသပ်ကြည့်ရာ နှလုံးအားနည်းနေသည်က တစ်ကြောင်း ထိတ်လန့်စရာ တစ်ခုခုကို ရုတ်တရက်တွေ့လိုက်ရ၍ သွေးလန့်သွားခြင်းပင် ဖြစ်လေသည် ။ လိုအပ်သော ကုသမှုများပေးပြီး လူနာ ကို ကျွန်ုပ်တို့ နှစ်ဦးပင် စောင့်ကြည့်လေသည် ။ တစ်နာရီခန့်ကြာသောအခါ လူနာမှာ အတော်အတန် ထူထူ ထောင်ထောင် ဖြစ်လာလေသည် ။

” ကဲဆိုစမ်းပါဦးဗျ ဘာတွေများ တွေ့ကြုံခဲ့ရလို့လဲ “

” ဒီလိုပါဆရာ ကျွန်တော့်နာမည်က ဘအေးပါ ကျွန်တော်က ဒီရွာကို တစ်လတစ်ခါတော့ ကုန်ရောင်းကုန်သည် အ လုပ်နဲ့ လာနေကျပါ အခုတစ်ခေါက် မြို့ က ထွက်လာကတည်းက ဘာမှမစားလာမိဘူးဆရာ ဒါနဲ့ ရွာတောင် ဖက်က တောစပ်က ၀ါးရုံတော အောက်မှာ ကျွန်တော်ခဏနားပါတယ် ။ ပြီးတော့ကျွန်တော် ဗိုက်ဆာလွန်းလို့ မြို့က ၀ယ်လာတဲ့ ခေါက်ဆွဲခြောက်တွေ ပြုတ်သောက်ဖို့ ၀ါးရုံပင်အောက်မှာ မီးမွှေးပါတယ်ဆရာ အဲဒီလို မီး မွှေးပြီး ၀ါးနဲနဲလိုနေလို့ ကျွန်တော် ၀ါးရုံတောအစပ်က ၀ါးပင်ပေါက်လေးကို သွားနှုတ်မိပါတယ် ။ နှုတ်လိုက် တဲ့အခါ အထဲက သွေးတွေ ပန်းထွက်လာပါတယ် ကျွန်တော်ဖြင့်ကြောက်လိုက်တာ လွန်ပါရောဗျာ တောခြောက် တာလား ဘာလားတော့ မသိပါဘူး ဗျာ “

ထိုသို့ ပြောလိုက်သောအခါ ဒေါက်တာ နိုင်ဇော်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် အားရ၀မ်းသာစွာ

” ကဲဒါဆို ကျွန်တော်တို့ကို အဲဒီ သွေးတွေထွက်တဲ့ နေရာ လိုက်ပို့နိုင်မလားဗျာ ကျွန်တော့်မှာ သေနတ်လည်း ပါ ပါတယ် “

” ဟုတ်ကဲ့ ကျွန်တော်လိုက်ပို့ပေးပါ့မယ် “

သို့ဖြင့် ကိုဘအေး ၊ ဒေါက်တာ နိုင်ဇော် ၊ ကျွန်ုပ်နှင့် ရွာသား သုံးလေးယောက်တို့ ရွာ တောင်ဖက်သို့ ထွက်လာခဲ့ကြပေတော့သည် ။

(၅)

ဝါးရုံတောကြီး အလယ်တည့်တည့် ကျွန်ုပ်တို့ ရိုးမတော ထဲ ၀င်သော အစပ်နားလောက်တွင် သွေးကွက်ကြီးကို ထင်ထင် ရှားရှား မြင်လိုက်ရပေသည် ။ သွေးများကား ၀ါးပင်နှုတ်သော နေရာမှ ထွက်နေဆဲပင် ရှိသေးသည် ။ ရွာသား များကား သို့လော သို့လောနှင့် အလွန်ပင် ထိတ်လန့်တုန်လှုပ်လိုက်ရှိပေသည် ။ ဒေါက်တာနိုင်ဇော်ကား မှိုရသော မျက်နှာကဲ့သို့ အထူးပင် ၀မ်းသာလျှက် ရှိပေသည် ။

” ဘယ့်နှယ့်တုန်း ကိုနိုင်ဇော်ရ ပြုံးလှချည်လား “

” ဟဲဟဲ ပြုံးဆို အဖြေကို ကျွန်တော်သိပြီဗျ ဒါပေမယ့် ကျိန်းသေအောင်တော့ ကိုသက်တန့်ရယ် ကျွန်တော်ရယ် ဒီည စမ်းသပ်မှု တစ်ခု လုပ်ရလိမ့်မယ် “

” ဟုတ်လား ကျွန်တော်ဖြင့်မ စဉ်းစားတတ်အောင်ပါပဲ ဗျာ “

” ညရောက်ရင် ဒီသရဲ ဆိုတာကို ခင်ဗျား မျက်မြင်တွေ့ရပါစေ့မယ် ဗျာ…ဟားဟားဟား “

ဒေါက်တာနိုင်ဇော်ကို ကြည့်ရင်း ကျွန်ုပ်လည်း အတော်ပင် စိတ်အားတတ်သွားမိလေသည် ။ သို့နှင့်….

ဝါးရုံတောကြီးကား အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည် ။ ဟိုနားဒီနား ဖျက်ကနဲ တွေ့လိုက်ရသော အရိပ်များကား ကျွန်ုပ်ကို ခြောက်လှန့်လျက်ရှိသည် ။ နေ့လည်က တွေ့ခဲ့သော သွေး ကွက် များကား ခြောက်လျှက် ရှိပေသည် ။

” ကျွန်တော်ယူခိုင်းလိုက်တာတွေ ပါရဲ့လား ကိုသက်တန့် “

” ပါ ပါတယ်ဗျာ ဒီမှာ ရော့ “

ဒေါက်တာနိုင်ဇော်ကျွန်ုပ်ကို ယူဆောင်ခိုင်းသော ပစ္စည်းများမှာ ကောက်ရိုးခြောက် အနည်းငယ်နှင့် မီးခြစ်ပင် ဖြစ်ပေ သည် ။ ထို့နောက် ဒေါက်တာ နိုင်ဇော်သည် ၀ါးရုံတော အောက်ခြေတွင် မီးပုံတစ်ခုကို ဖိုလေသည် ။ ထိုသို့ ဖိုပြီး မကြာခင်မှာပင် ၀ါးရုံတောကြီးကား သွက်သွက်ခါအောင် လှုပ်ယမ်းလာလေသည် ။ အခြားသစ်ပင်များကား မလှုပ်ပေ ။ ၀ါးပင်များသာလျှင် တစ်စုံတစ်ဦးက လှုပ်ယမ်းနေသကဲ့သို့ လှုပ်ခါနေခြင်းဖြစ်သည် ။ အတန်ကြာသောအခါ ဒေါက်တာ နိုင်ဇော်က မီးပုံကို ငြိမ်းသတ်ပစ်လိုက်လေသည် ။ ထိုအခါ ၀ါးရုံတောကြီးကား တစ်စတစ်စ ပြန်လည် ငြိမ်သက်သွားလေတော့သည် ။

“ ဘယ်လို ဖြစ်တာတုန်း ကိုနိုင်ဇော်ရ ကျွန်တော်တော့ ဘာမှကို မစဉ်းစားတတ်တော့ဘူး “

” ခင်ဗျားကို အဖြေမပြောခင် နောက်တစ်ခု ပြအုန်းမယ်ဗျ လာ “

ဟုဆိုကာ ၀ါးရုံတော အစပ်ရှိ ၀ါးပင်များရှိရာသို့ ဦးတည်လျောက်သွားလေသည် ။

ဒေါက်တာ နိုင်ဇော်သည် ၀ါးအသေးပင်တစ်ပင်ကို ဆတ်ကနဲ နှုတ်ယူလိုက်လေသည် ။ ထိုအခါ ၀ါးရုံတောကြီးမှာ စော စောကကဲ့သို့ လှုပ်ရှားယိမ်းထိုးလာလေသည် ။ ထို့ထက် အံ့သြဖွယ်ကောင်းသည်မှာ ၀ါးနှုတ်လိုက်သော နေ ရာမှ သွေးများပန်းထွက်လာခြင်းပင် ဇြစ်သည် ။ နာ ရီဝက်ခန့် ကြာသောအ ခါမှသာလျှင် ပြန်လည် တည်ငြိမ် သွား လေတော့သည် ။

” ဘယ်လို ဖြစ်တာတုန်းကို နိုင်ဇော်ရ ဒီဝါးရုံတောက အသက်များ ရှိနေလား “

” ၀ါးရုံတောကတော့ အသက်ဘယ်ရှိမလဲဗျာ ၀ါးရုံတော အောက်ခြေမှာ အသက်ရှိတဲ့အ ကောင်ရှိနေလို့ပေါ့ “

” ဗျာ ဘယ်..ဘယ်လို “

” ဒီလိုဗျ ဆရာ ကြားဖူးလား မသိဘူး ရှေးနှစ်ပေါင်းများစွာ က သတ္တ၀ါကြီးတွေဟာ အလွန် အမင်းကြီး ထွားခဲ့ကြတယ် ဒါကြောင့် ကုန်းမှာ မြွေပွေး ရေမှာ ငရွေး ဆိုပြီး အဆိုရှိခဲ့ကြတယ်ဗျ ရေထဲမှာဆို ငရွေးဆိုတဲ့ ငါး ဟာ အကြီးဆုံးပဲ သူပြီးမှ ညံ သတ္တ၀ါတွေက အကြီးဆုံးပဲ မြေကြီးထဲမှာ ဆိုရင် ကုန်းနေသတ္တ၀ါတွေထဲမှာ ဆိုရင်ပေါ့ ဗျာ မြွေပွေးက အကြီးဆုံးပဲဗျ ဒီကောင်တွေက အစာစားပြီးတာနဲ့ တစ်နေရာရာမှာ နှစ်နဲ့ ချီပြီး ငြိမ်ငြိမ် လေး နေနေလေ့ ရှိတယ်ဗျ ရာသီဥတုတွေပြောင်းတော့ သူတို့ကိုယ်ပေါ်မှာ လေဒါဏ်မိုးဒါဏ်နဲ့ အလေ့ကျ အပင်တွေ ပေါက်လာတယ် မျှစ်စို့လေးတွေ လည်းပေါက်လာပြီး နောက်ပိုင်းကြီးလာတဲ့အခါ သူတို့ ကိုယ်က အသား တွေကို ဖောက်ပြီး ၀ါးရုံပင်တွေပေါက်လာတယ် ဒါပေမယ့်လည်း ဒီကောင်တွေက ငြိမ်နေတော့ မသိသာ ဘူးပေါ့ ဒါပေမယ့် ၀ါးရုံပင်ကို နှုတ်လိုက်တဲ့အခါ သူတို့ ကိုယ်ပေါ်က အသားတွေကို ဆွဲနှုတ်သလို ဖြစ်ပြီး သွေး တွေ ထွက်လာတာပဲဗျို့ ပြီးတော့ သူတို့ ကိုယ်ပေါ်ကိုမီးမွှေးတော့ အပူဒါဏ်ကြောင့် မြွေကြီး လှုပ်ရှား လိုက်တဲ့အခါ သူ့ကိုယ်ပေါ်မှာ အမြစ်တွယ်နေတဲ့ ၀ါးရုံတောကြီးပါ လိုက်ပြီး လှုပ်လာတာပေါ့ဗျာ “

” အော်.. လတ်စသတ်တော့ ဒီလိုကိုး ဒါဆို သူတို့ ခေါင်းကရောဗျာ “

” ခေါင်းကတော့ တောတွင်းတစ်နေရာမှာ ရှိမှာပေါ့ဗျာ “

” အော်…”

သို့နှင့် ကျွန်ုပ်ရင်ထဲက ပုစ္ဆာလည်း ဒေါက်တာ နိုင်ဇော် အဖြေကြောင့် ရှင်းလင်းသွားရလေတော့သည် ။

(၆)

နောက်တစ်နေ့ နံနက်တွင် ရွာသားများအား သူကြီးအိမ်တွင် စုနေစေပြီး အဖြေကို ပြောပြလိုက်လေသည် ။ ရွာသား များမှာ အံ့သြလွန်း၍ မျက်တောင်ပင် မခတ်ကြပေ ။ ပြီးနောက်

” တော်သေးတာပေါ့ ဆရာရယ် ဆရာတို့လို ဗဟုသုတကြွယ်ဝလူမို့သာပေါ့ ကျွန်တော်တို့ ဖြင့် သရဲ ခြောက် တယ်ပဲ ထင်နေတာဗျာ ဒါနဲ့ ဒီမြွေကြီးကို ဘယ်လို လုပ်ရမလဲဗျာ “

” ဒီလို ရှိတယ်ဗျာ ဒီကောင်ကြီး ငြိမ်နေတုန်းတော့ အကြောင်းမဟုတ်ဘူးဗျ ဒါပေမယ့် အချိန်တန်လို့ ဗိုက်ဆာလို့ လှုပ်ရှား လိုက်ရင်ဒီရွာကလေးလည်း ပျက်သွားနိုင်တယ် ဒီတော့ ဒီကောင်ကြီးကို ရှင်းပစ်ရမယ်ဗျာ ရှင်းရမယ့် နည်းလမ်းကတော့ အခု ဒီရွာရဲ့ ဘေးက ခမာ တောင်ခြေမှာ ရထားလမ်းဖောက်ဖို့ တောင်တွေ ဖြိုနေကြတယ် ။ သူတို့ကို အကူအညီတောင်းပြီး ဒီကောင်ကြီးကို မိုင်းနဲ့ ရှင်းပစ်ရမှာပဲ “

” အေးဗျာ ဆရာရဲ့ အကြံကတော့ အကောင်းဆုံးပဲ ဒီကောင်ကြီးက သူ့ဘာသာနေတဲ့အတွက် ရက်စက်ရာ ကျပေမယ့် မတတ်နိုင်ဘူးလေ တချိန်လူတွေ ဒုက္ခမရောက်ဖို့အတွက် ရှင်းပစ်ရမှာပဲ ဆရာရေ “

ဒီလိုနဲ့ ရွာသူကြီး ဦးအေးမောင် နဲ့ ရပ်ရွာလူကြီးများ ၊ ကျွန်ုပ်တို့ နှစ်ဦး ပေါင်းပြီး မိုင်းလုပ်သားများကို သွား၍ အကူ အညီတောင်းကြလေသည် ။

ရထားလမ်းအလုပ်သမားများကလည်း အထက်လူကြီးကို တင်ပြပြီး အကူအညီပေးလေသည် ။ သို့နှင့် သက်ကယ် သောင်ရွာ ကလေးတွင် ရွာသူရွာသားများအား ထိတ်လန့်တုန်လှုပ်စေခဲ့သော မြွေကြီးအား မိုင်းခွဲ၍ ရှင်းပစ် လိုက်လေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦး၏ စိတ်ထဲတွင်ကား သူ့ဘာသာနေသော မြွေကြီးအား တမင်တကာ သတ်ဖြတ်လိုက်ရခြင်း ဖြစ်သော်လည်း နောင်တစ်ချိန် ရွာသူရွာသူများ၏ အသက်ပေါင်းများစွာနှင့် ပတ်သည် နေသည်ဖြစ်သောကြောင့် သာ သတ်ဖြတ်ရခြင်း ဖြစ်သည်မို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရလေတော့သတည်း ။

စာရေးသူ……သက်တန့်ချို (၂၆.၃.၁၀)

စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီဂျာနယ် သတင်းထောက်က အမှုဖွင့်တိုင်ကြားထားမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ခုံရုံးဖွဲ့စစ်ဆေးနေ


ဝေလင်းအောင်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ခ.မ.ရ ၅၃၂ စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီသတင်းဂျာနယ်၏ အကြီးတန်းသတင်းထောက်က အမှုဖွင့်တိုင်ကြားထားမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လတ်တလောတွင် ခုံရုံးဖွဲ့စစ်ဆေးလျက်ရှိသည်။

“တိုင်းစစ်ဌာနချုပ်ကတော့ လတ်တလော ခုံရုံးဖွဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့ စခန်းက ဒုရဲအုပ်အဆင့်တပ်ဖွဲ့ဝင်ကို မေးမြန်းဖို့အတွက် ဆင့်ခေါ်စာပို့ထားပါတယ်။ စစ်ဌာနချုပ်အနေနဲ့ စစ်ဘက်ဆိုင်ရာမှာပဲ စစ်မလား။ အရပ်ဘက်ကိုလွှဲမလားဆိုတာတော့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို တရားဝင်အကြောင်းပြန်မှာပါ။ လက်ရှိအချိန်ထိတော့ မြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းပြန်စာ မရောက်သေးပါဘူး”ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက ဇွန် ၂၅ ရက် ကဆိုသည်။

ခ.မ.ရ ၅၃၂ စစ်တပ်အရာရှိတစ်ဦးက သတင်းထောက် ကိုကျော်ထွန်းအား ပိုင်နက်ကျူးလွန်မှုဖြင့် လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားပြီး ကိုကျော်ထွန်းအနေဖြင့် ယင်းစစ်တပ်အရာရှိနှင့် အပေါင်းအပါများအား လုယက်မှု၊ နာကျင်စေမှု၊ ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် ပြန်လည်အမှုဖွင့်သည့်အခါ ရဲစခန်းက ရဲအရေးမပိုင်သည့်အတွက် တရားရုံးကို ဦးတိုက်လျှောက်ရန်ပြောကြားခဲ့ပြီး တရားရုံးသို့ လျှောက်ထားရာတွင်လည်း တပ်မတော်သားဖြစ်နေ၍ သက်ဆိုင်ရာစစ်ဌာနချုပ် ခွင့်ပြုမိန့်ရမှ စစ်ဆေးလို့ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကျော်ထွန်းသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် လယ်သမား ကိုအောင်မင်းလှိုင်က ၎င်းလယ်လုပ်ကိုင်သည့် မြေနေရာအား တပ်မှဖယ်ရှားခိုင်းသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းပေးရန် မေ ၃၁ ရက်က ဆက်သွယ်ခဲ့သောကြောင့် ယင်းနေ့ည၌ သွားရောက်ပြီး သတင်းယူနေစဉ် လူအယောက် ၃ဝခန့်က တုတ်၊ ဓားလက်နက်များကိုင်ဆောင်၍ အိမ်ပေါ်ရှိ မီးချောင်းနှင့် မီးကြိုးများကို ရိုက်ဖြတ်မှုများ ပြုလုပ်ကြကြောင်း ယင်းသို့ဖျက်ဆီးမှုများအား ဓာတ်ပုံရိုက်သည့်အခါ လူသုံးဦးက ၎င်းအား ဝိုင်းဝန်းထိုးကြိတ်ကြကာ ဆိုင်ကယ်ဖြင့် ခ.မ.ရ၅၃၂ တပ်အတွင်း ခေါ်ဆောင်၍ စစ်ဆေးမြန်းမှုများပြုလုပ်ပြီး ရဲစခန်းတွင် ပိုက်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်းနှင့်သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများရှိက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို  တောင်းခံခွင့်ရှိစေရမည်ဖြစ်ကြောင်း သတင်းမီဒီယာဥပဒေပုဒ်မ ၇ အရ သိရသည်။

Eleven Media Group

ခရီးသည်အမျိုးသား(၂)ဦးမှ အငှားယာဉ်မောင်း၏ငွေများကို လုယက်မှုဖြစ်


ရန်ကုန်၊ ဇွန် ၂၆

၂၅.၆.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ညောင်တုန်း
ကားလမ်း၊ အစုကြီးကျေးရွာအနီးတွင်အငှားယာဉ်မောင်းထံမှငွေများအားခရီးသည်
အမျိုးသား(၂)ဦးမှ လုယက်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ဦးမိုးအောင်ဇော်၊ (၄၀)နှစ်
သည် ၎င်း၏အငှားယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးဝင်းရှေ့၌ ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသားလူငယ်(၂)ဦးမှ ထန်းတပင်မြို့နယ်သို့
ငွေကျပ်(၅၀၀၀)ဖြင့်ငှားရမ်းခဲ့၍ လိုက်ပို့ပေးခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ ရန်ကုန် -ညောင်တုန်းလမ်း၊ အစုကြီးကျေးရွာထိပ်အနီးအရောက် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူလူငယ်မှ အပေါ့သွားမည်ပြောသဖြင့် ယာဉ်အားခေတ္တရပ်ပေးခဲ့ပြီး ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ ဓါတ်တိုင်(၂)တိုင်ခန့်အရောက်တွင် ယာဉ်
ရှေ့ခန်းရှိလူငယ်မှလည်း အပေါ့သွားလိုကြောင်းပြောသဖြင့် ယာဉ်အားရပ်ပေး
ခဲ့ပြီး ပြန်တက်လာစဉ် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့်လူငယ်မှ ၎င်း၏
လည်ပင်းအား သိုင်းဖက်၍ချုပ်ထားကာ ယာဉ်ရှေ့ခန်းရှိလူငယ်မှ ၎င်း၏လက်အား ဆွဲကိုက်ခဲ့ကြောင်း၊ ၎င်းမှရုန်းကန်စဉ် ယာဉ်နောက်ခန်းရှိလူငယ်မှအိတ်ကပ်
အတွင်းရှိ ငွေ(၂၁၀၀၀)ကျပ်အားလုယူခဲ့၍ သံတုတ်ဖြင့်ရိုက်မည်ပြုရာ လူငယ်
(၂)ဦးမှာ ယာဉ်ပေါ်မှဆင်းပြေးသွားခဲ့ပါသည်။

ထို့နောက် ဦးမိုးအောင်ဇော်မှ ဒဂုံ-ဧရာအဝေးပြေးဂိတ်ရှိ သူငယ်ချင်းများအား သွားရောက်ခေါ်ဆောင်ပြီး တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဆိုပါလူငယ်(၂)ဦးအားလိုက်လံရှာဖွေရာ ယာဉ်ရှေ့ခန်းတွင်လိုက်ပါခဲ့သူ လူငယ်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ လှိုင်သာယာမြို့နယ်၊
(၈)ရပ်ကွက်နေ ပိုင်မင်းလွင်၊ (၁၈)နှစ်၊ (ဘ)ဦးသိန်းစိုးဖြစ်ကြောင်းသိရှိရပြီး ထွက်ပြေးသွားသူမှာ ၎င်းနှင့် ယောက္ဖတော်စပ်သူ ကောင်းခန့်ဇော်၊ (၂၅)နှစ်
ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းတို့(၂)ဦးအား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၈၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူကာ ထွက်ပြေးတိမ်းရှောင်သွားသူ
ကောင်းခန့်ဇော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

ယူကရိန်းပြဿနာကြီးထွားရင် အိုဘားမား ရုရှားအပေါ် ပိတ်ဆို့မှုချမည်


အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest

ယူကရိန်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အရှိန်လျော့ကျရေး မလုပ်ဆောင်ရင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်သွားဖို့ အဆင်သင့်ပဲလို့ သမ္မတ အိုဘားမား အစိုးရက ပြောလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်က ချမှတ်မယ့် ပိတ်ဆို့မှုအသစ်တွေအပေါ် ဥရောပနဲ့ အမေရိကန် ထုတ်ကုန်လုပ်ငန်းရှင်တွေထံက ညီညွတ်တဲ့ ထောက်ခံမှု မရခဲ့ဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

အသစ်ချမှတ်ဖို့ ပြင်ဆင်နေတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲမှာ ရုရှားနိုင်ငံက ဘဏ်လုပ်ငန်း၊ လောင်စာဆီလုပ်ငန်းနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပြီး ယူကရိန်းနိုင်ငံထဲ တင်ပို့နေတဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ တိုက်ခိုက်ရေးသမားတွေကို ရုရှားအနေနဲ့ ဟန့်တားနိုင်ခြင်းမရှိရင် အဲဒီ အရေးယူမှုတွေကို ထပ်မံ ချမှတ်သွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ ရုရှားလိုလားတဲ့ အုပ်စုတွေ လက်နက်ချဖို့ ရုရှားသမ္မတ Vladimir Putin အနေနဲ့ တောင်းဆိုသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က နေတိုးတပ်ဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို Brussels မြို့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံ တည်ငြိမ်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ရေးအတွက် ရုရှားသမ္မတအနေနဲ့ ကတိပေး ဆောင်ရွက်သင့်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောပါတယ်။

အမေရိကန်အနေနဲ့ ရုရှားအပေါ် တဖက်သတ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်လိုက်ရင် အမေရိကန် စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်ယုံတင်မကဘဲ အလုပ်ပြုတ်တဲ့အထိ ဖြစ်လာနိုင်တယ်ဆိုပြီး အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ အကြီးအကဲတွေက စည်းရုံး ပြောဆိုနေတဲ့အချိန် ပိတ်ဆို့မှုအသစ်တွေ ချမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)

ပန်းရောင်အမှုန့်များပါသော ထမင်းချိုင့်ကို စားမိ၍ ကျောင်းသား ၅ ဦး အစာအဆိပ်သင့်



သာစည်မြို့နယ် အင်းဝင်းကျေးရွာအုပ်စု ကုက္ကိုပေါက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဇွန်(၂၄) ရက်နေ့က ကျောင်းသားကျောင်းသူ (၅) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကုက္ကိုပေါက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသော အင်းဝင်းကျေးရွာမှ ကျောင်းသားကျောင်းသူ (၅) ဦးသည် ဇွန်(၂၄) ရက်နေ့က ထမင်းထုပ်များဖြင့် ကျောင်းသို့သွားခဲ့ရာ ကျောင်းသို့မရောက်မီ လမ်းတွင် နံနက်စာ ထမင်းချိုင့်များဖွင့်၍ စားခဲ့ကြကြောင်း၊ ထမင်းစားပြီး ကျောင်းသို့ဆက်သွားခဲ့ရာ ကျောင်းခန်းထဲရှိစားပွဲပေါ်တွင် ထမင်းချိုင့်များ တင်ထားခဲ့ကြောင်း၊ နေ့ခင်း ထမင်းစားကျောင်းဆင်းချိန်တွင် စားပွဲပေါ်မှ ထမင်းချိုင့်များယူစဉ် ပန်းရောင်းအမှုန့်ထုပ်တစ်ထုပ်နှင့် ဟင်းချိုင့်များထဲတွင် ပန်းရောင်အမှုန့်များတွေ့ရှိ၍ ဆရာမအားသွားရောက်အပ်နှံခဲ့ရာ ဆရာမက လက်ဖြင့်တို့ပြီး မြည်းစမ်းကြည့်ခဲ့ရာ တစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိသဖြင့် ကျောင်းသားကျောင်းသူ(၅)ဦးမှ မိမိတို့၏ ထမင်းချိုင့်များဖွင့်ပြီး ထမင်းစားခဲ့ကြောင်း သိရသည်။

ကျောင်းဆင်း၍ အိမ်သို့ရောက်ရှိပြီး ညနေ (၁၇း၀၀) နာရီတွင် အဆိုပါကျောင်းသားကျောင်းသူ (၅) ဦး ခေါင်းမူးဝေခြင်း၊ အော့အန်ခြင်း၊ ၀မ်းသွားခြင်း၊ မနေနိုင်မထိုင်နိုင်ဖြစ်၍ ညနေ (၁၈း၀၀) နာရီတွင် မိဘများမှ သာစည်မြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ကာ ဆေးကုသမှုခံယူခဲ့ရကြောင်း၊ ယခုအခါ ကျောင်းသားကျောင်းသူ (၅) ဦးစလုံး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း ဆဋ္ဌမတန်းကျောင်းသူ တစ်ဦး၏ဖခင်ဖြစ်သူ ဦးချိုကြီးက ပြောကြားသည်။ ကျောင်းသားကျောင်းသူများတွေ့ရှိသော ပန်းရောင်အမှုန့်ထုပ်ကို သာစည်မြို့နယ်ပြည်သူ့ဆေးရုံသို့အပ်နှံခဲ့ရာ ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်ရန် မန္တလေးသို့ ပေးပို့ထားကြောင်း သိရသည်။

အစာအဆိပ်သင့်ဖြစ်ပွားသော ကျောင်းသားကျောင်းသူ(၅) ဦးမှာ ဆဋ္ဌမတန်းတွင်ပညာသင်ကြားနေသော ကျောင်းသား(၁) ဦး၊ ကျောင်းသူ(၁) ဦး၊ ပဉ္စမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသူ(၂) ဦး၊ သတ္တမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသူ(၁) ဦး ဖြစ်ကြောင်း သိရသည်။

MOI Webportal


ဘန်ကောက်တွင် လူသတ်မှုကျူးလွန်ခဲ့ပြီး တာချီလိတ်သို့ ထွက်ပြေး တိမ်းရှောင်နေသူများ အား ထိုင်းတာဝန် ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်


ရန်ကုန်၊ ဇွန် ၂၅- ထိုင်းနိုင်ငံအတွင်း လူသတ်မှုကျူးလွန်ပြီးနောက် မြန်မာ နိုင်ငံနယ်စပ်ဒေသသို့ ထွက်ပြေးတိမ်း ရှောင် လာကြ သည့် ထိုင်း နိုင်ငံသား တရားခံ သုံးဦး အား နယ်ခြားဆက်ဆံ ရေးရုံး (BLO) အစီအစဉ်ဖြင့် ထိုင်း နိုင်ငံတာဝန်ရှိသူများထံသို့ ဇွန်၂၅ ရက် နံနက် ၈နာရီခွဲအချိန်တွင် တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည် ရေးတံ တား အမှတ်(၁)တွင် ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါလွှဲပြောင်းပေးအပ်ပွဲ သို့ BLO အဖွဲ့ဝင်များဖြစ်ကြသည့် တာ ချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူး ကြီးဝင်းထွန်း၊ ခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူးဦး ကျော်စွာလွင်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ချင်း ရိုင်ခရိုင် လူဝင်မှု ကြီးကြပ်ရေး ရဲမှူးကြီး စစ်စီလီ ဝုန်း ကုန်စွန်း၊ မယ်ဆိုင်မြို့ပိုင် နိုင်းဆုံမ် ချိုင်းရွန့်ဆာခွမ်း၊ မြန်မာ-ထိုင်းနယ် ခြားကော်မတီတို့မှ တာဝန်ရှိသူများ၊ နှစ်နိုင်ငံသတင်းမီဒီယာများ တက် ရောက်ကြပြီး ရှေးဦး စွား နှစ်နိုင်ငံ တာဝန်ရှိ သူများ သည် ချစ်ကြည်ရေး တံတားအမှတ်(၁)ရှိ အစည်းအဝေး ခန်းမတွင် လွှဲပြောင်း-လက်ခံစာချွန် လွှာအား လက်မှ တ်ရေး ထိုးကြပြီး တရားခံသုံးဦးကို ချစ်ကြည်ရေးတံတား ပေါ်တွင် လွှဲပြောင်းပေးခဲ့သည်။


လူသတ်မှုကျူးလွန်သည့်တရားခံများကို မြန်မာနှင့်ထိုင်း တာဝန်ရှိသူများနှင့်အတူတွေ့ရစဉ်။  ဓာတ်ပုံ - နေမင်းသူရိန်

အဆိုပါတရားခံသုံးဦးဖြစ်ကြ သည့် ပါဝှေ့ယုဒရား(ခ)နိုင်ပရစ်ယု ထရား (အသက် ၂၆နှစ်) မွန်ထင်(ခ) နိုင်းမွန်ထျဲန်းစုံထိချိုင်း ဝရာနွန်း (အသက် ၂၈နှစ်) မနွန်းစပါး (ခ)နန်း ဆောင် နွတ်စပါးစင်ထရု(အသက် ၂ဝနှစ်) တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် လူသတ်မှုကျူးလွန်လာပြီးတာ ချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေး ရွာ အုပ်စု နာဂျဲကျေးရွာသို့ထွက်ပြေး တိမ်းရှောင်ခို လှုံနေခဲ့ကြ ရာ ထိုင်း နိုင်ငံတာဝန်ရှိသူများမှ ကူညီစုံစမ်း ပေးပါရန် မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံဘက်မှ တာဝန် ရှိသူများ သည် ၎င်းတို့ပုန်းခိုနေထိုင်ရာအနီး တစ်ဝိုက်အား ဇွန် ၂ရက်တွင် ပိုက် စိပ်တိုက်ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပြီး တာ ချီလိတ်မြို့နယ်တရား ရုံးသို့တရားစွဲ တင်ပို့ခဲ့ ရာ မြို့နယ်တရားရုံးမှ ပြစ်မှု ဆိုင်ရာအမှုကြီးအမှတ် ၂၀၅၃/၂၀၁၄ ဖြင့် တရားစွဲဆိုခဲ့ကာ ၁၉၄ရခုနှစ်မြန် မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လက် တလောပြဋ် ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ-၁၃(၁)အရ တစ်ဦးလျှင် ဒဏ်ငွေ ကျပ်နှစ် သိန်းပေးဆောင်စေ ရန်နှင့် ဒဏ်ငွေမဆောင်က ထောင်ဒဏ် ၆လ ကျခံ စေရန် ဇွန် ၂၃ရက်က အမိန့်ချ မှတ်ခဲ့ရာ တရားခံများမှ ဒဏ်ငွေ ပေးဆောင် ခဲ့ပြီးနောက် အဆိုပါ တရားခံ သုံးဦးအား BLO  အစီအစဉ် အရ ထိုင်းနိုင်ငံ တာဝန်ရှိသူများထံ သို့ ယနေ့တွင် လွှဲပြောင်းပေး ခဲ့သည်။

NMTR
[--Democracy today Daily Newspaper--]


ကမ္ဘာအရွယ်စားရှိတဲ့စိန်ကြီးကို စကြာဝဠာအတွင်း ရှာဖွေတွေ့ ရှိ


သိပ္ပံပညာရှင်တွေဟာ သူတို့ ရဲ့ ရှာဖွေတွေ့ ရှိမှုအသစ်တစ်ခုကို စိန်ပွင့်လို့ ခေါ်ဆိုလိုက်
တာဟာ ချဲ့ ကားမှု တစ်ခုမဟုတ်ပါဘူး။အရမ်းအေးခဲကာ ကာဗွန်တွေ အေးခဲမာကျော
ခဲ့ပြီး ကမ္ဘာလောက်ကြီးတဲ့ စိန်အဖြစ် ကူးပြောင်းနေတဲ့ ကြယ်တစ်လုံးကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

အမျိုးသားရေဒီယိုဂြိုလ်နက္ခတ်စောင့်ကြည့်လေ့လာရေးစင်တာကနေ Green Bank တယ်လီစကုပ်နဲ့ ကြည့်ရင်း အဖြူရောင်ကြယ်သိမ်တစ်လုံးကို အလင်းနှစ် ၉၀၀ အကွာအဝေးမှာ သိပ္ပံပညာရှင်တွေ တွေ့  ရှိခဲ့ရတာဖြစ်ပါတယ်။ ဒီကြယ်ဟာ ကုံရာသီနက္ခတ်တာရာစု နဲ့ လမ်းကြောင်းတူတူမှာ တည်ရှိနေပါတယ်။

ဒီကြယ်ဟာ တောက်ပနေနိုင်ပေမယ့်လည်း လူတွေအနေနဲ့ မြင်တွေ့ နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ သူ့ ကို မြင်နေရတဲ့ တစ်ခုတည်းသောအချက်ကတော့ သူ့ ရဲ့ အနီးနားက အကြီးစားပေါက်ကွဲမှုဖြစ်စဉ်ကနေ ဖြစ်ပေါ် လာတဲ့ ကြယ်တစ်လုံးက စကြာဝဠာထဲ ထုတ်လွှတ်နေတဲ့ ရေဒီယိုလှိုင်းတွေကြောင့် ဖြစ်ပါတယ်။

“ ဒါဟာ စိတ်ဝင်စားစရာ အရာတစ်ခုပါ” လို့ ပရော်ဖက်ဆာ David Kaplan က ပြောကြားခဲ့ပါတယ်။

“ အပြင်စကြာဝဠာထဲမှာရှိတဲ့အရာတွေဟာ အရမ်းမှိန်ဝါးတဲ့အတွက် သူတို့ ကို ရှာတွေ့ ဖို့ တော်တော် ခဲယဉ်းပါတယ်။”

အဖြူရောင်ကြယ်သိမ်တွေဟာ သူတို့ သက်တမ်းရဲ့ နောက်ဆုံးအဆင့်တွေမှာ အရမ်းသိပ်သည်းဆများတဲ့ကြယ် တွေဖြစ်ပါတယ်။ သူတို့ ရဲ့ လောင်ကျွမ်းမှုကုန်ဆုံးသွားတဲ့အခါမှာတော့ ကမ္ဘာ့အရွယ်အစားလောက် ပြိုကွဲသွားဖို့  ရှိပါတယ်။

အဖြူရောင်ကြယ်သိမ်ဟာ ၂၇၀၀ ဆဲလ်စီးယပ်နဲ့ လောင်ကျွမ်းနေပြီး ကျွန်တော်တို့ နေရဲ့ အတွင်းပိုင်း အပူချိန် ထက် အဆ ငါးထောင် အေးပါသေးတယ်။

Ref: Metro.co.uk

Treand Myanmar

မြန်မာအစိုးရရဲ့  မပြောင်းနိုင်တဲ့ စရိုက်ဟောင်း


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ မီဒီယာသမားတွေကို သတင်းတပ်ဖွဲ့က ဆိုင်းမဆင့်ဗုံမဆင့် ထင်သလို ခေါ်ယူစစ်ဆေးမေးမြန်းနေတာနဲ့ ပတ်သက်ပြီး မြန်မာမီဒီယာလောက က အတော်လေး ခံပြင်းနေကြပါတယ်။ စရိုက်ဟောင်း မဖျောက်နိုင်သေးတဲ့ ထောက်လှမ်းရေးတို့ရဲ့  မလေးမစားနဲ့ ခြိမ်းခြောက် သတိပေးနေတဲ့ လုပ်ရပ်လို့ ဝေဖန်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝါရင့်မီဒီယာသမားတွေဖြစ်ကြတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ ဓနမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။  မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့  လက်အောက်ခံဖြစ်တဲ့ သတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘာတွေသိချင်လို့ မေးသလဲ၊ မြန်းသလဲဆိုတာကို ဆရာကျော်မင်းဆွေ စပြောပါ။

ဦးကျော်မင်းဆွေ ။ ။ ကျနော့်တိုက်က အယ်ဒီတာတစ်ယောက်သွားတယ်။ သူတို့ အဓိကမေးတာက အရှုံးအမြတ်ကိစ္စ၊ ဝန်ထမ်းတွေ ဘယ်လောက်ခန့်ထားလဲ၊ လစာကိစ္စ အဲဒါတွေကို အဓိကထားမေးတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ကောလာဟလသတင်းတွေ အများကြီးကြားနေရတဲ့အထဲမှာ မီဒီယာလောကထဲမှာ ဝင်ပြီးတော့ ငွေကြေးတတ်နိုင်သူတချို့ က ငွေမဲခဝါချဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ ကောက်ချက်ဆွဲကြပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တဲ့သဘောက ပိုပြီးပေါ်လွှင်နေတယ်လို့ ပြောရမလား။

ဦးကျော်မင်းဆွေ ။ ။ ကျနော်ကတော့ အဲဒီလို အကြောင်းပြချက်က ဒီလောက်ကြီး မခိုင်လုံဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးခဝါချမှုလို့ ပြောလို့ရှိရင် အဓိက တိုက်ရိုက်ပတ်သက်တာ ဘဏ်တွေကို အရင်ဦးဆုံးစစ်ရမယ်။ ဒီလိုပြောလိုက်လို့ရှိရင် ဘဏ်တွေမှာ ငွေကြေးခဝါချမှု ရှိတယ်လို့ပြောတာ မဟုတ်ဘူး။ မီဒီယာလောကကို လုပ်တယ်ဆိုတာက တမျိုးဖြစ်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာလောကမှာ ကိုယ်ဂုဏ်သိက္ခာနဲ့ကိုယ် ရပ်တည်နေတယ့် မီဒီယာတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာက ဘဏ်တွေကို ငွေကြေးခဝါချတယ်လို့ မပြောပေမယ့် ကျနော်တို့ မီဒီယာသမားတွေ ကြားနေရတာကတော့ မြန်မာနိုင်ငံ စီးပွားရေး ဦးမော့ဖို့ လုပ်တယ်ဆိုကတည်းက တရားမဝင်ရရှိတယ့် ငွေကြေးတွေ၊ မူးယစ်ဆေးဝါးငွေတွေကို အခြေခံပြီးတော့ ဘဏ်တည်တယ်၊ ဘာလုပ်တယ်ဆိုတာတွေ အများကြီးကြားနေရတယ်။ ဆရာကျော်ရင်မြင့်ရဲ့  သဘောထားကို ပြောပါအုံး။ ဒီကိစ္စနဲ့ ပတ်သက်လို့။


ဦးကျော်ရင်မြင့် ။ ။ အဲဒါကတော့ ကျနော် မသိပါဘူး။ တကယ်လို့ အဲဒီလို ရှုထောင့်ကနေပြီးမှ လုပ်ကိုင်တယ်၊ စစ်ဆေးတယ်ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ ငွေမဲခဝါချတယ်သူ ဘယ်သူမဆို ခေါ်ယူရမယ်၊ စစ်ဆေးရမယ်၊ ဖော်ထုတ်ရမယ်။ ဒါကတော့ ကောင်းပါတယ်။ ခြိမ်းခြောက်တဲ့သဘော မဟုတ်ရင် ကျနော်တို့က သဘောကျပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော် စဉ်းစားတာက ငွေမဲခဝါချတယ်ဆိုတာက သတင်းစာထဲမှာ ဘယ်နှစ်သိန်း၊ နှစ်သန်း ချနိုင်မလဲ။ ဒီထက်ကြီးကြီးကျယ်ကျယ် ဘဏ်တွေဖွင့်ပြီးတော့ လုပ်နေတာရှိနေတယ်။ ရှင်းရှင်းပြောရင် မြန်မာနိုင်ငံ စီးပွားရေးစတင်လာတာ အဲဒါနဲ့ စတယ်ဆိုပြီးတော့ ပြောနေကြတာ အများကြီးပဲ။ အဲဒါကိုတော့ ဘာမှမပြောဘူးလား။

ဦးကျော်မင်းဆွေ ။ ။ ဦးဆန်းဆင့်ကို အရေးယူသလိုပေါ့။ ၇၂ သိန်းနဲ့ အရေးယူလိုက်တယ်။ သိန်းပေါင်းထောင်ချီတာကိုတော့ အခုထိ ဘာမှမကြားရသေးဘူး။ အဲဒီတော့ အသေးလေးက စကိုင်တဲ့မူလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အဲဒီအထဲမှာ ရိုးရိုးသားသား လုပ်နေတဲ့ မီဒီယာတွေလည်းရှိမယ်။ အဲဒီလိုပဲ တကယ့်ငွေကြေးတတ်နိုင်သူတွေဆီက အထောက်အပံ့ယူပြီးတော့ သူတို့ရဲ့  mouth-piece အဖြစ် လုပ်နေတဲ့ မီဒီယာတွေလည်း ရှိကောင်းရှိမှာပေါ့။ တချို့ ကတော့ အရှုံးခံပြီးတော့ ရောင်းတယ်ဆိုတာတွေတောင်ရှိပါတယ်။ အဲဒီဟာတွေ ဒီလိုပဲကွက်ပြီးတော့ မမေးတာလဲ။ ဆရာကျော်မင်းဆွေ ဆက်ပြောပါခင်များ။

ဦးကျော်မင်းဆွေ ။ ။ ကျနော်က အဲဒီလို ကွက်မေးတာတို့၊ အားလုံးမေးတာတို့ဘာတို့က တပိုင်းပေါ့။ ကျနော် ပြောချင်တာက သူတို့ ဘာပဲလုပ်လုပ် ဖြစ်စေချင်တာကတော့ ဥပဒေနဲ့အညီလုပ်ဖို့ လိုတယ်လို့ထင်တယ်။ ဥပဒေနဲ့အညီဆိုတာက လူကြီးလူကောင်းဆန်ဆန်လုပ်ဖို့လိုတယ်။ ဥပမာဆိုကြပါစို့ ဒါက ဘယ်အမိန့်၊ ဘယ်ဥပဒေပါ ညွှန်ကြားချက်အမှတ် ဘယ်လောက်အရ၊ လုပ်ထုံလုပ်နည်း ဘယ်လောက်အရ၊ ဘယ်သူက ညွှန်ကြားချက်ထုတ်တယ်၊ ဘယ်သူရဲ့  အမိန့်အရ ဘယ်လိုလုပ်တယ်ဆိုတဲ့ တရားဝင် officially အကြောင်းကြားစာ ပေးဖို့လိုလိမ့်မယ်လို့ထင်တယ်။ အဲဒီလို အကြောင်းကြားစာ မပေးဘဲနဲ့၊ တရားဝင်မဟုတ်ဘဲနဲ့ လုပ်တာဖြစ်တဲ့အခါကြတော့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဂုဏ်သိက္ခာနဲ့ ရပ်တည်နေတဲ့ မီဒီယာတွေကိုတော့ ဂုဏ်သိက္ခာထိခိုက်အောင် လုပ်သလို ဖြစ်သွားတယ်။ ကျနော်ပြောချင်တာက အဲဒါပါဗျ။ နောက်တခုက သတင်းလွတ်လပ်ခွင့်ကို ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတဲ့ သတင်းမီဒီယာတွေနဲ့ တခြားမီဒီယာတွေရဲ့  သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်ပြီး ခြိမ်းခြောက်သလို ဖြစ်နေတယ်။ အဲဒါလဲ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အဲဒီသဘော သက်ရောက်နေပါတယ်။ ကျနော်ပြောချင်တာ အဲဒါပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သတင်းတပ်ဖွဲ့က တကယ်တော့ ထောက်လှမ်းရေးပေါ့လေ။ ကျနော်လည်း တချိန်က အရင်တုန်းက မြန်မာနိုင်ငံကို သတင်းကိစ္စနဲ့ လာခဲ့တုန်းက သတင်းတပ်ဖွဲ့ရဲ့  ခေါ်ယူစစ်ဆေးမေးမြန်း၊ ခြိမ်းခြောက်တာ ခံခဲ့ရပါတယ်။ ဆိုတော့ သတင်းတပ်ဖွဲ့ဟာ အဲဒီတုန်းကနဲ့စာရင် အခု တိုင်းပြည်ဒီမိုကရေစီ ဘာညာလုပ်နေပြီဆိုပေမယ့် သူတို့စရိုက်တွေက မပြောင်းသေးဘူးဆိုတဲ့သဘောပေါ့ ဆရာကျော်မင်းဆွေ။

ဦးကျော်မင်းဆွေ ။ ။ ဒီလိုအပြောအဆို အဝေဖန်ခံရတာမျိုးလည်း သူတို့ရနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတပ်ဖွဲ့ဆိုတာ ကျနော်တို့ နားလည်းထားတာက နိုင်ငံရေးကိစ္စရယ်၊ နိုင်ငံတော် security အမျိုးသားလုံခြုံရေးကိစ္စတွေက သတင်းတပ်ဖွဲ့ရဲ့  တာဝန်ပေါ့။ အရင်တုန်းက Notorious ထောက်လှမ်းရေးက လုပ်တာပေါ့။ ဒါပေမဲ့ ဒီဖက် သတင်းတပ်ဖွဲ့က အဲဒါလုပ်ဖို့ လိုသလားပေါ့။ နောက်တခုက ငွေကြေးကိစ္စနဲ့ ပတ်သက်တာ၊ ငွေကြေးခဝါချမှုနဲ့ ပတ်သက်တာက Business နဲ့ ပတ်သက်တဲ့ကိစ္စတွေက DSI လို့ခေါ်တဲ့ စသုံးလုံး အလုပ်မဟုတ်ဘူးလား။ နောက်တခုက ဦးကျော်ဇံသာ ပြောသလိုပဲ အရင်ပုံစံဟောင်း။ ကျနော် ထင်ပါတယ် ခက်တာက ကျနော်တို့က Civil Services တို့၊ Civil Administration, Public Administration ဆိုတာတွေက သီးခြားရှိတဲ့ဟာဆိုတာ အားလုံးသိနေတာပေါ့။ ဒါပေမဲ့ အခုအချိန်အထိ (၃) နှစ်သာကျော်ကျော်ရှိတဲ့ အစိုးရက Public Services ဆိုတဲ့ နေရာတွေမှာ Civil Servants တွေ နေရာတွေမှာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့်ဆိုတဲ့ Concept ကို အခုအချိန်အထိ မပေးနိုင်သေးဘူးဆိုတာ ဖြစ်နေတဲ့ အခြေအနေတွေ၊ ပြဿနာတွေကိုကြည့်ရင် သိနိုင်တယ်။ ဒီမိုကရေစီယန္တရားမှာရှိနေတဲ့ လူတွေက အစိုးရနဲ့ ဒီမိုကရေစီယန္တရား မတူဘူးဆိုတာ အခုအချိန်အထိ မကွဲဘူးပေါ့။ အုပ်ချုပ်ရေးစနစ်ထဲမှာရှိတဲ့လူက နောင်မှာ တချိန်လုံး ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံရမယ့်လူတွေ။ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့်လူတွေ။ ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်လူတွေ။ အခုအချိန်အထိ ခြိမ်းခြောက်နေသလို ဖြစ်နေတာမျိုးက သိပ်တော့ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ထင်တယ်ဗျ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အစိုးရအဖွဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတရဲ့  ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီကိစ္စကို သူတို့ရုံးက ညွှန်ကြားတာ မဟုတ်ဘူးလို့ ဆိုတယ်လို့လဲ ကြားပါတယ်။

ဦးကျော်မင်းဆွေ ။ ။ သူတို့ရုံးက ညွှန်ကြားတာ မဟုတ်ဘူးဆိုရင် ပိုဆိုးသွားတာပေါ့။ ပြည်ထဲရေးက သူ့ဟာနဲ့သူ ထင်ရာစိုင်းနေတယ်ဆိုတဲ့ သဘောသက်ရောက်တာပေါ့။ သမ္မတရဲ့  ညွှန်ကြားချက်အောက်မှာ မရှိဘူးဆိုတဲ့ သဘောဖြစ်နေတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် သုံးသပ်မိတာက။ အဲဒီတော့ သူက ပြောပါတယ် ဒီကိစ္စတွေဖြစ်တာဟာ တိုင်းပြည်ရဲ့  ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ၊ နောက်ပြန်လှည့်တာ မဟုတ်ပါဘူး၊ ဘာညာဆိုပြီးပြောပါတယ်။ အဲဒီက သတင်းသမားတွေတော့ ပြန်မေးသလား၊ မေးသလား မသိဘူး။ ကျနော် မေးချင်တာက နောက်ပြန်လှည့်စရာမှ မရှိတာ။ အစကတည်းက ရှေ့ မတိုးသေးတဲ့ သဘောပေါ့။

ဦးကျော်မင်းဆွေ ။  ။ ဒီဟာကတော့ ပြောကြတယ်ပေါ့။ ပြောကြတယ်ဆိုတာက ကျနော်ကတော့ ဘာမြင်သလဲဆိုတော့ အခုအချိန်အထိ သူတို့မှာ ရဲတပ်ဖွဲ့တွေမှာ Capacity လိုအပ်ချက်။ သူတို့မှာ ဘယ်လိုကိစ္စဆို ဘယ်လိုကိုင်တွယ်ရမယ်။ သူ့ရဲ့  Dos and Don’ts ဘယ်လိုရှိတယ်။ သူ့ရဲ့  Do ရဲ့  Function က ဘာ။ ဒီမိုကရေစီစနစ်မှာရှိတဲ့ Professional ပီသတဲ့ ရဲတပ်ဖွဲ့က ဘယ်လို ဘယ်ညာဆိုတာ မသိသေးတဲ့သဘောလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက သတင်းသမားတွေကို ခေါ်ယူသတိပေးချင်တယ်ဆိုတဲ့ ကိစ္စဆိုတော့ သတင်းသမားတွေဖက်ကို ပြန်ကြည့်မယ်ဆိုရင်လဲ ၂၀၁၃ ဧပြီ လွတ်လပ်ခွင့် တော်တော်လေး ရလာပြီဆိုပြီးတော့ သတင်းမီဒီယာတွေက အများကြီးပေါ်ထွက်လာခဲ့တယ်။ ဖောင်းပွလာတယ်လို့ ပြောတယ်။ အဲဒီအထဲမှာ မီဒီယာသမားတွေ လိုက်နာရမယ့် ကျင့်ဝတ်ကို အလွှဲသုံးစားလုပ်တယ်။ Freedom ကို အလွှဲသုံးစားလုပ်တယ်ဆိုတဲ့ ဝေဖန်မှုတချို့ လည်း ရှိကြပါတယ်။ ဆိုတော့ သတင်းလွတ်လပ်မှုကို ထိန်းချုပ်ဖို့ အမှန်တကယ် လိုအပ်တယ်ဆိုတဲ့ အခြေအနေ ရှိပါသလား။ ဆရာကျော်ရင်မြင့်ရဲ့  သဘောထားကို ပြောပါအုံး။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ဖြစ်နိုင်တယ်လို့ မထင်ဘူး။ အခု ခေါ်ယူမေးမြန်းခံရတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေက မြန်မာနိုင်ငံမှာ လက်ဇောင်းအလွန်ထက်နေတဲ့ ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်း ဆရာသမားတွေ မဟုတ်သေးဘူး။ တကယ်လို့ အဲဒီလို သတိပေးချင်တယ်ဆိုရင်တော့ ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းတွေ ရှိနေတယ်လေ။ သူတို့ကို အရင်ခေါ်မှာလို့ ကျနော်ကတော့ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်မင်းဆွေရဲ့  သဘောထားလည်း ပြောပါခင်များ။

ဦးကျော်မင်းဆွေ ။ ။ အဲဒါကတော့ ကျနော်ကိုယ်တိုင် ပြောတာထက်စာရင် သီအိုရီတွေ ပြောထားတာရှိပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တွေ ပြောထားတာက အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ပြောင်းတဲ့နိုင်ငံတွေမှာ ဒီ transition ကာလမှာ ဒီလို တချို့  ဗရုတ်ဗရတ် အခြေအနေလေးတွေ၊ နားလည်းမှုလွှဲတာလေးတွေ၊ Capacity လိုအပ်ချက်တွေကြောင့် ပြဿနာလေးတွေ နေရာတိုင်းမှာ ရှိပါတယ်။ သတင်းမီဒီယာလောကမှ မဟုတ်ဘူးလေ။ ကျနော်တို့ တိုင်းပြည်မှာ နှစ်အများကြီး စနစ်တခုအောက် နေခဲ့တဲ့အခါကြတော့ Professionalism ဆိုတာကိုက နေရာတိုင်းမှာ အားနည်းနေတာ။ လွှတ်တော်၊ အစိုးရ၊ အုပ်ချုပ်ရေး၊ တပ်မတော်၊ တရားရေး၊ Civil Society, မီဒီယာ အကုန်လုံးမှာ Capacity လိုအပ်ချက်က ရှိနေတာ။ ကျနော်တို့က မီဒီယာလောကတခုတည်း လိုအပ်ချက် ရှိနေတာမဟုတ်ဘူး။ နယ်ပယ်တိုင်းမှာ ရှိနေတာ။ တဖန်တခါတခု နောက်တခုကြည့်တဲ့အခါကြတော့ ဒီအသွင်ပြောင်းကာလမှာ ထုံစံအတိုင်းပဲ ကျန်တဲ့နိုင်ငံတွေမှာလည်း ကြုံခဲ့တာပေါ့။ Resistance တွေ အများကြီး ကြုံရတတ်တယ်။ Resistance ဆိုတာ တည့်တည့်ပြောမယ်ဆိုရင်တော့ စနစ်ပြောင်းတာကို မလိုလားတဲ့ အခုအခံတွေ။ အဓိက မလိုလားတာက ကိုယ်ကျိုးစီးပွားအခြေပြုပြီး မလိုလားကြတာပေါ့။ ကိုယ့်ရဲ့  လုပ်ပိုင်ခွင့်အာဏာ၊ အခွင့်အရေး၊ စည်စိမ်ဓနဥစ္စာ အစရှိသဖြင့် ဒါတွေပေါ်မှာ မူတည်ပြီးတော့ သူက Resistance တွေရှိတယ်။ အဲဒီ Resistance တွေက လွတ်လပ်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်ရလာလို့ရှိရင် ဒါက ပြဿနာ ရှိလာနိုင်တယ်။ ပြဿနာရှိတဲ့အတွက် မီဒီယာလွတ်လပ်ခွင့်ဟာ နိုင်ငံသားတွေ၊ ဗမာပြည်ဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ မထိုက်တန်ဘူးဆိုတဲ့ ပုံစံမျိုး ဖန်တီချင်တဲ့ အသွင်လက္ခဏာတွေကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းမီဒီယာလောကမှာ ထွက်လာတဲ့၊ ဝင်လာတဲ့ သတင်းဂျာနယ်တချို့ က စည်းလွတ်ဝါးလွတ် ရေးနေတာက သတင်းမီဒီယာလောကကို ပုံဖျက်ချင်တယ်လို့ ကျနော်တို့က မြင်တယ်။ ဂျာနယ်လစ်အစစ် မဟုတ်ဘဲနဲ့ အရေခြုံသတင်းသမားတွေလို့ ကျနော်က ယူဆတယ်။ အဲဒါကလဲ သူက ဒီလို မဟုတ်တန်တရား၊ စည်းလွတ်ဝါးလွတန်၊ ကျင့်ဝတ်နဲ့မညီ ရေးနေတဲ့သူတွေကို လက်ညှိုးထိုးပြီး လွှတ်တော်မှာ Lobby လုပ်လို့ကောင်းအောင် လုပ်ထားတယ်လို့လည်း ကျနော်တို့က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော် နောက်ဆုံးမေးချင်တာက အခုလို သတင်းတပ်ဖွဲ့က သတင်းသမားတွေကို ခေါ်ယူပြီးတော့ စစ်ဆေးတယ်၊ မေးမြန်းတယ်ဆိုတဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံ မီဒီယာလောက ရှေ့ ကိုတိုးတက်မှုကို အဟန့်အတား တစုံတရာ ဖြစ်သွားမလာ။ မီဒီယာသမားတွေအတွက် တွန့်သွားမလား။ မီဒီယာသမားတွေ နည်းနည်းရွံ့ သွားမယ်လို့ သုံးသပ်မိပါသလား။

ဦးကျော်မင်းဆွေ ။ ။ ကျနော်အနေနဲ့ပြောရင် သူ့ဘာသာ ပုံမှန်သွားနေတဲ့ ရေစီးကြောင်းတခုကို တခုခုနဲ့ ဟန့်တားတဲ့အခါ အဲဒီ ရေစီးကြောင်းက တန့်သွားမှာ မဟုတ်ဘူးလေ။ ပိုပြီးတော့ အားကောင်းပြီး ဒီဟာအပေါ်ကို ထိုးဖောက်ဖို့အတွက်၊ အဆီးအတားကို ကျော်ဖို့အတွက် ရေစီးကြောင်းက ပိုပြီးတော့ သန်လာလိမ့်မယ်လို့ ထင်တယ်။ ရေစီးကြောင်းက ဝုန်းဆိုစီးဆင်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီဟာကတော့ သွားနေတဲ့ လမ်းကြောင်းကို ထိခိုက်လိမ့်မယ်လို့ မယူဆဘူး။ သို့သော် စိတ်အနောက်အယှက် ရှိကြမယ်။ ကျနော်တို့ရှိနေတဲ့ အကောင်းမြင်စိတ်လေးတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တလျှောက်လုံး စနစ်ဆိုးအောက်မှာ နေခဲ့ရတယ်ဆိုတော့ အကောင်းမြင်စိတ်နည်းတယ်။ ဒါပေမဲ့ အကောင်းမြင်စိတ်လေးတွေ အထိုက်အလျောက်ရှိပြီးတော့ Professional ပီပီသသ ရပ်တည်နေတဲ့ မီဒီယာတွေကိုလည်း အကောင်းမြင်စိတ်လျော့ပါးသွားအောင် လုပ်သလိုမျိုး ဖြစ်သွားနိုင်တယ်။ ဖြစ်သွားလို့ရှိရင် မီဒီယာတွေက အဆိုးပဲမြင်တယ်ဆိုတဲ့ စကားနဲ့ လာအုံးမယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့တော့ ကျနော် ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့် က ဘယ်လို သဘောရပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ အားကိုးမရှိတဲ့ လူတွေအတွက်တော့ နောက်တွန့်စေမယ်ထင်တယ်။ ဦးပုညစကားနဲ့ပြောရင် “ဘုရားလိုဏ်ခေါင်း အောင်း၍ မာန်သွေးဟောင်သောခွေးကို အရေးပျူငှာ ခွင့်မသာသို” သူတို့ကတော့ ဒီလိုပဲ ဟောင်းနေကြမှာပါ။ သူတို့ကတော့ ဏဘရံ ဘေးမရှိ ဆက်လက် ချီတက်နေမယ်လို့ မြင်ပါတယ်။

voa burmese

ရန်ကုန်ဘူတာကြီးစာသင်ဝိုင်းမှ ကလေးငယ်များ အမိန်.ရပါက ယနေ.ညပြန်လွှတ်မည်ဟုသိရ


ရန်ကုန်ဘူတာကြီး စင်္ကြန်အမှတ်(၃)တွင် ဖွင့်လှစ်ခဲ့ပြီး၊ ယခုအခါ ပိတ်သိမ်းခံထား
ရသော လမ်းဘေးစာသင်ဝိုင်းမှ ကလေးငယ်များအား လေလွင့်ကလေးများဟု

နှစ် ၆၀ ပြည့်မှ ပြန်တွေ့ကြတဲ့ ချစ်သူ နှစ်ဦး


ရုရှားနိုင်ငံမှာ ဖြစ်ပါတယ်။ ကမ္ဘာစစ် ကာလ ဖြစ်တာကြောင့် စစ်သားအင်အား လိုအပ်နေချိန် မင်္ဂလာဆောင်ပြီး ၃ ရက်သာ နေထိုင်ရသေးတဲ့ ဇနီးမောင်နှံဟာ ခွဲရမယ့် အကြောင်းကံ ပါလာ ပါတယ်။ စစ်မှုထမ်းဖို့ အတွက် Red Army ရဲ့ ခေါင်ဆောင်မှုမှာ အမျိုးသား ဖြစ်သူ ပါသွားပါတယ်။

အဲ့ဒီနောက်ပိုင်း ကွဲသွားကြတာ နှစ်အတော်လေး ကြာပါတယ်။ နှစ်ဦး စလုံး ဟာ နောက် ချစ်သူ အသစ် ရှာဖွေခြင်း လုံးဝ မရှိပဲ မျော်လင့်ချက်နဲ့ စောင့်ဆိုင်း ခဲ့ကြ ပါတယ်။ တစ်နေ့တော့ လည်ရင်းပတ်ရင်း မြို့တစ်ခုမှာ မထင်မှတ်ပဲ ပြန်ဆုံ ပါတယ်။ ကြားထဲမှာ နှစ် ၆၀ ကျော်တောင် ကြာမြင့်ခဲ့ ပါတယ်။ သို့ပေမယ့် သူတို့ နှစ်ဦးရဲ့ အချစ်ဟာ ခိုင်မြ်ဲ နေဆဲ ပါပဲ။ အသက်တွေ ကြီးလို့ အဘိုးကြီး အဖွားကြီး ဖြစ်နေသည့်တိုင် ငယ်စဉ်က အချစ် ဇာတ်လမ်း ပုံရိပ်တွေကို ပြန်ပြော လို့ ပျော်ရွှင်နေရဆဲ ဖြစ် ပါတယ်။

ကံကြမ္မာ ကြောင့် ခွဲရပေမယ့် ယင်းကံကြောင့်ပဲ အခွင့်အရေး ပေးတဲ့ အချိန် ဖူးစာရှင် နှစ်ဦး ပြန်လည် စုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

Credit : innewsmyanmar

ဘာသာကူးပြောင်းမှုကြောင့် သေဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီး ထပ်မံအဖမ်းခံရ


အစ္စလာမ် ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းကိုးကွယ်မှုအတွက် သေဒဏ်ချမှတ်ခံရပြီး ယင်းပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီးသည် နောက်ထပ်ပြစ်မှု တစ်ခုဖြင့် အဖမ်းခံထားရကြောင်း သိရှိရသည်။

အသက်(၂၆)နှစ်ရှိ မာရီယမ် ယာယာအီဘရာဟင်အီရှက်သည် ခရစ်ယာန် ဘာသာဝင် တစ်ဦးနှင့် လက်ထပ်ပြီးနောက် ဘာသာကူးပြောင်း ကိုးကွယ်သဖြင့် အဖမ်းခံရပြီး ဆူဒန်တရားရုံးတစ်ခုက သူမကို သေဒဏ်ချမှတ်ခဲ့သည်။ အီရှက်သည် အဖမ်းခံရချိန်တွင် ဒုတိယကိုယ်ဝန်ကို လွယ်ထားပြီး မေလ(၂၇)ရက်နေ့က အကျဉ်းထောင်ထဲတွင် သမီးလေး တစ်ဦး ဖွားမြင်ခဲ့သည်။

နိုင်ငံတကာ ဖိအားပေးမှုများကြောင့် သူမသည် သေဒဏ်စီရင်ချက်မှ လွတ်မြောက်လာပြီး ဆူဒန်နိုင်ငံမှ ထွက်ခွာရန် ကြိုးစားနေစဉ် စာရွက်စာတမ်း အတုများ ကိုင်ဆောင်မှုဖြင့် ထပ်မံ အဖမ်းခံရခြင်း ဖြစ်သည်။ အီရှက်သည် တောင်ပိုင်းဆူဒန် နိုင်ငံသို့ ထွက်ခွာရန် ကြိုးစားစဉ် လေဆိပ်၌ အဖမ်းခံရခြင်း ဖြစ်သည်။

“ခါတွမ်လေဆိပ်မှာ သူ့ကို ပြန်ဖမ်းထားလိုက်တာပါ”ဟု အီရှက်၏ ရှေ့နေ မိုဟာနတ်ဒ် မူစတာဖာက AFPသို့ ပြောကြားခဲ့သည်။ အီရှက်တို့ မိသားစုကို ဆူဒန်ရဲများက တားဆီးခဲ့ပြီး သူမကို ထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။ မူစတာဖာက အီရှက်သည် စာရွက်စာတမ်း အတုများ ပြုလုပ်ကိုင်ဆောင်မှုအပြင် သတင်းအချက်အလက် အမှားအယွင်းများ ဖော်ပြမှုအတွက်ပါ စွဲချက်တင်ခံထားရကြောင်း ဆိုသည်။

အီရှက်၏ အမေရိကန်နိုင်ငံသား ခင်ပွန်းသည် ဒန်နီရယ်လ်ဝါနီက ၎င်းတို့ မိသားစုကို အမေရိကန် သံရုံးအရာရှိများက တာဝန်ယူ ခေါ်ဆောင်လာသည့်တိုင် အဖမ်းခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ဝါရှင်တန်ထိ သွားဖို့အတွက် ရည်ရွယ်ထားတာပါ”ဟုလည်း ဆိုသည်။ ထို့အပြင် အီရှက်၏ ခရီးသွားခွင့် စာရွက်စာတမ်းများတွင် မည်သည့် အမှားအယွင်းမျှ မရှိခဲ့ကြောင်းလည်း ဝါနီက အခိုင်အမာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ဆူဒန်ကနေ အမြန်ဆုံး ထွက်သွားချင်ပါတယ်”

“ကျွန်တော်တို့ စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ဆူဒန်ကနေ အမြန်ဆုံး ထွက်သွားချင်ပါတယ်”ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။ ဆူဒန်တွင် ဘာသာရေး အစွန်းရောက်များက အီရှက်၏ အသက်ကို ရန်ရှာမည်ဟု ခြိမ်းခြောက်မှုများ ထွက်ပေါ်နေသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟက်ဖ်ကလည်း အီရှက်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး သူမတို့ မိသားစု အနေဖြင့် အမြန်ဆုံး ထွက်ခွာခွင့် ရရှိစေရန် တိုက်တွန်းခဲ့သည်။ “ဆူဒန်အစိုးရကတော့ သူတို့မိသားစုရဲ့ လုံခြုံရေးကို အာမခံထားပါတယ်”ဟု ဟက်ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဆူဒန်မှ SUNA သတင်းဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနသည် စာရွက်စာတမ်း အတုများဖြင့် အီရှက် ခရီးသွားနိုင်အောင် စီစဉ်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအား ပြစ်တင် ရှုတ်ချထားကြောင်း ဖော်ပြခဲ့သည်။ ပြန်ကြားရေး ဝန်ကြီးဖြစ်သူ အာမက်ဘီလယ်အော့စ်မန်က အီရှက်သည် ဆူဒန်နိုင်ငံသား ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားသင့်ကြောင်း ဝေဖန်ခဲ့သော်လည်း သူမ၏ ရှေ့နေက အီရှက်တွင် ဆူဒန်ပတ်စ်ပို့တ် မရှိကြောင်း ဆိုသည်။

“အဓိက ပြဿနာက အဲဒါပဲ။ ခရီးသွားလာဖို့ဆိုရင် သူက နိုင်ငံခြားသား စာရွက်စာတမ်းတွေကိုပဲ အသုံးပြုနေရတယ်။ အဲဒါကိုက တရားမဝင်သလို အဓိပ္ပါယ် သက်ရောက်သွားနိုင်တယ်”ဟု ရှေ့နေ မူစတာဖာက မှတ်ချက်ပြုခဲ့သည်။

မေလ(၁၅)ရက်နေ့က ဆူဒန်တရားရုံးတစ်ခုသည် အီရှက်အား အယူဝါဒ ဖောက်ပြန်မှုအတွက် သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံးမှ လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ သူမသည် ဇွန်လ(၂၂)ရက်နေ့က အယူခံဖြင့် လွတ်မြောက်လာခဲ့ပြီး ခြိမ်းခြောက်ရန်လိုမှုများကြောင့် အမေရိကန် သံရုံးအကူအညီဖြင့် လေဆိပ်သို့ မသွားရောက်မီ အတောအတွင်း လုံခြုံသော နေရာတစ်ခုတွင် ပုန်းကွယ်နေခဲ့ရကြောင်း သိရှိရသည်။

_Ref: Aljazeera
7day daily

ကင်မ်ဂျုံအန်းကို စော်ကားသည့် အမေရိကန် ရုပ်ရှင်များကို ဒဏ်ခတ်တုံ့ပြန်မည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်


မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက မိမိတို့၏ ခေါင်းဆောင် ကင်မ်ဂျုံအန်းကို စော်ကားသည့် အမေရိကန် ရုပ်ရှင်များအတွက် အညှာအတာမရှိ တုံ့ပြန် ဒဏ်ခတ်သွားမည်ဟု ခြိမ်းခြောက် ပြောကြားလိုက်သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကြီးကို လုပ်ကြံသည့် ဇာတ်လမ်းမျိုး စိတ်ကူးပုံဖော်ထားသည့် အက်ရှင်ဇာတ်မြူး ရုပ်ရှင်တစ်ခု မကြာမီ ရုံတင်ရန် စီစဉ်ထားရာ ယင်းကို ရည်ညွှန်းပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

The Interview ဟု အမည်ပေးထားသော ဇာတ်ကားကို အောက်တိုဘာလတွင် စတင်ပြသမည်ဖြစ်ပြီး မြောက်ကိုရီးယားက ရည်ရွယ်သတိပေးသည့် ဇာတ်ကားအဖြစ်လည်း ယူဆရသည်။ အဆိုပါ ရုပ်ရှင်တွင် ဂျိမ်းစ်ဖရန်ကိုနှင့် ဆက်သ်ရိုဂျန်တို့သည် Talkshow အစီအစဉ်မှူးများ ဖြစ်ကြပြီး ကင်မ်ကို အင်တာဗျူးခွင့် ရလာသည့်ပုံစံမျိုး ပုံဖော် ရိုက်ကူးထားသည်။ ၎င်းတို့နှစ်ဦးကို CIAက စည်းရုံးသိမ်းသွင်းကာ ကင်မ်ကို လုပ်ကြံစေမည် ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မိမိတို့၏ ခေါင်းဆောင်ကို စော်ကားခြင်းသည် စစ်ကြေညာသည့် သဘောမျိုးဟု ယူဆကြောင်း ဆိုသည်။ ၎င်းက “လူဆိုးဂိုဏ်းသားတွေလို ပုံစံမျိုးနဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဖန်တီးသူတွေဟာ မြောက်ကိုရီးယား ခေါင်းဆောင်တွေကို ပြည်သူလူထုနဲ့ စစ်တပ်ကြား သွေးထိုးပေးထားသလို ဖန်တီးယူနေကြတာပါ”ဟုလည်း စွပ်စွဲခဲ့သည်။

အဆိုပါ ပြောရေးဆိုခွင့်ရ အရာရှိက “တကယ်လို့ အမေရိကန် အစိုးရက ဒီလိုရုပ်ရှင်မျိုးတွေ ပြသခွင့်ကို ကာကွယ်ပေးမယ် ဆိုရင်တော့ မြောက်ကိုရီးယားဘက်က အညှာအတာမရှိ တုံ့ပြန်လာတဲ့ အခြေအနေမျိုးကို မျှော်လင့်ရပါလိမ့်မယ်”ဟုလည်း ပြောကြားခဲ့သည်။

အခြားသော သတင်းများအရ မြောက်ကိုရီးယားသည် ၎င်းတို့၏ ဒုံးကျည်လက်နက် နည်းပညာကို မြှင့်တင်မှုများ ပြုလုပ်နိုင်ခဲ့ပြီဟု ယူဆရကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်ခဲ့သည့် ဝါဒဖြန့် ဗီဒီယိုတွင် ခရုစ်ဒုံးကျည်များ တိုက်သင်္ဘော အသစ်တစ်စင်း၏ ပုံရိပ်ကို မြောက်ကိုရီးယားစစ်တပ်က ပထမဆုံးအကြိမ် ထည့်သွင်းပြသသွားခဲ့သည်။

_Ref: BBC

အမှိုက်ပုံထဲက အစားအစာတွေကိုသာစားတဲ့ ဘွဲ့ရ ပညာတတ်တစ်ဦး


ပြင်သစ်နိုင်ငံအလယ်ပိုင်း Tours မြို့က လူတစ်ဦးဟာ လူတွေ စွန့်ပစ်ထားတဲ့ အမှိုက်ပုံထဲက အစာတွေကိုသာ စားပါတယ်။ Baptiste Dubanchet လို့ခေါ်တဲ့ ဒီလူဟာ sustainable development ဘာသာရပ်မှာ မစ္စတာဘွဲ့ရထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ဦးဖြစ်ပါတယ်။

အစားအစာများစွာ ဒီလို အပိုဖြစ်နေတာကို သူက ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ စားသုံးပြနေတာဖြစ်ပါတယ်။
လက်ရှိမှာ သူဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေ ဂျာမနီနိုင်ငံ ဝါဆောမြို့ထိ မိုင်ပေါင်း ၃၀၀၀ ခရီးကို စက်ဘီးစီးသွားနေပြီး လမ်းတစ်လျှောက်မှာ အမှိုက်ပုံထဲက အစားအစာတွေကိုသာ စားသုံးနေပါတယ်။

ဒီလိုစားကြွင်းစားကျန်တွေကိုသာ စားဖို့စိတ်ကူးဟာ အရှေ့တောင်အာရှနဲ့ ကိုလံဘီယာနိုင်ငံတွေကို သွားလည်ရာမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဒေသတွေက အလွန်အမင်း ဆင်းရဲမွေတေမှုဟာ သူ့အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့တယ် လို့ ဆိုပါတယ်။

“ဆင်းရဲတဲ့နိုင်ငံတွေမှာ ကျွန်တော်က သူဌေးဖြစ်နေတယ်။ ဒီလူတွေ ဒီလောက်ဆင်းရဲနေတာ ကျွန်တော် ဝမ်းနည်းတယ် ။ ဒီလူတွေမှာက ရွေးချယ်စရာမရှိဘူး။ ဆင်းရဲဖို့ သူတို့က ရွေးလိုက်တာမဟုတ်ဘူး။ ကျွန်တော်တို့တွေ အစားအစာ ကောင်းတွေကို ဘယ်လောက်တောင် ဖြုန်းတီးနေလဲဆိုတာကို ပြရအောင် တစ်ခုခုလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

Baptiste ဟာ မြို့သစ်တစ်ခုကို ရောက်ပြီဆိုတာနဲ့ တည်းဖို့ ရှာပါတယ်။ တည်းဖို့ရပြီဆိုတာနဲ့ အမှိုက်ပုံတွေပတ်ပြီး အစာ ရှာပါတော့တယ်။ စားသောက်ဆိုင်တွေမှာ လွှင့်ပစ်မယ့် အကျန်တွေများ ရှိမလား သူကမေးပါတယ်။ ဘာပေးပေး သူက စားတာပါပဲ။

“ကျွန်တော် စားတဲ့အရာတွေအတွက် ကျွန်တော်က ပေးစရာမလိုဘူးလေ။ ကျွန်တော် ယူလာတာက ရေပဲ”လို Baptiste က ပြောကြားခဲ့ပါတယ်။

ဒီလို သူများအကျန်တွေ လိုက်စားပြတာဟာ နည်းနည်းတော့ အစွန်းရောက်လွန်းတယ်လို့ ထင်စရာရှိပေမဲ့ ဥရောပ တစ်ဝန်း အစားအစာအမြောက်အမြား စွန့်ပစ်နေကြတာကို အာရုံစိုက်လာကြမယ့် နည်းလမ်းဖြစ်တယ် လို့ သူကတော့ခံယူထားပါတယ်။

Photutaw

ရိုမန်းဘော့တွေရဲ့ ကမ္ဘာကို ဗီဒီယိုရိုက်ရန်ကမ်းလှမ်း


 အပြာရောင် စာပေအရေးအသားများ ပါဝင်နေ ၍ ဝေဖန်မှုများရှိနေသော “ရိုမန်ဘော့တွေရဲ့ ကမ္ဘာ”စာအုပ်ကို ဗီဒီယို ရိုက်ကူးရန် ကမ်းလှမ်း ထားကြောင်း ယင်းစာအုပ်ရေး သားသူ စာရေးဆရာ အောင်ရင်ငြိမ်းက ပြောသည်။ ကဗျာဆရာ ခိုင်စိုးရဲ့ မိတ်ဆွေ တစ်ယောက်က ကမ်းလှမ်းထားတာ။ ကျွန်တော်အေးဂျင့်ကို လွှဲထားတယ် ဟု ၎င်း က ပြောသည်။

                အဆိုပါ စာအုပ်ကို ဗီဒီယို ရိုက်ကူးရန် ၀ယ်ယူပါက ဈေးနှုန်း မြှင့်တင် ရောင်းချမည်ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာ၊ မင်းသားနှင့် မင်းသမီးတို့ အပေါ် မူတည်ပြီးမှသာ ရောင်းချ သွားမည် ဖြစ်ကြောင်း ယင်းစာအုပ်ရေးသားသူက ဆိုသည်။ ယခု သီတင်းပတ်တွင် ရိုမန်ဘော့တွေရဲ့ ကမ္ဘာစာအုပ်သည် အရောင်းဆိုင်များ၌ ၀ယ်ယူ၍ မရနိုင်တော့ဘဲ စာအုပ်ရောင်းဈေး  (၂၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ် အထိ ဈေးနှုန်းမြင့်တက် သွားကြောင်း သိရသည်။ ထို့အပြင် လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် မိတ္တူများကို ပြန်လည် ရောင်းချမှုများရှိနေပြီး ဈေးနှုန်းမှာကျပ် (၈၀၀၀) ၀န်းကျင် ရှိကြောင်း သိရသည်။

                 အဆိုပါ စာအုပ်အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေရေးလုပ်ငန်း ဥပဒေအရ အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။ စာပေနယ်မှ စာရေးဆရာ အများစုက လိင်ဆက်ဆံခန်းများကို အနုစိပ်ရေးသားမှုများသည့် အတွက် ယဉ်ကျေးမှု နှင့် ကိုက်ညီမှု မရှိကြောင်း ဝေဖန်မှုလျက် ရှိသည်။

The Messenger News Daily

မန္တလေးမြို့ ကပန်းပျိုးသူများလမ်းဘေးစာသင်ဝိုင်းလေးဖွင့်လှစ်


မန္တလေးမြို့ ကလမ်းကျုံးဘေးတွင် ကျောင်းလွှတ်ချိန် စားဝတ်နေရေးအတွက်
ပန်းရောင်းနေကြသော ကလေးငယ်များအား စာသင်ကြားပေး၍ ကလေးငယ်များ စားဝတ်နေရေး အတွက်

ဗမာပြည်မှာ တရားဥပဒေစိုးမိုးမှုရှိမရှိဆိုတာမဟာသန္တိသုခကျောင်းကြီးကိစ္စနဲ့ သက်သေပြရမယ်ဆိုပြီးမိန့်ကြား


၂၅.၆.၂၀၁၄နေ့က မဟာသန္တိသုခကျောင်းကနေအတင်းဖယ်ရှားခံလိုက်ရတဲ့ လန်ဒန်ဆရာတော်လို့လူသိများတဲ့ဆရာတော်ဦးဥတ္တရအပါအဝင်ဆရာတော်ငါးပါးခေတ္တ

MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ် သတ်မှတ်ကြေညာ


MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ်ကို ဖော်ပြထားသည့် မြေပုံ

ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်ကို ဖြန့်ကျက်ရှာဖွေမည့် ဧရိယာသစ်ကို ဩစတြေးလျက အစိုးရက ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ(၈)ရက်နေ့ ကတည်းက လိုက်ပါသွားသူ (၂၃၉)ဦးနှင့်အတူ အကြောင်းရင်း မသိရဘဲ ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါ ဂြိုဟ်တုပုံရိပ်များကို အခြေခံ တွက်ချက်ကာ နေရာသစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်သည် ကွာလာလမ်ပူမှ တရုတ်နိုင်ငံ၊ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း တောင်တရုတ်ပင်လယ် ရေပြင်ထက်တွင် အဆက်အသွယ် ပြတ်သွားသော်လည်း ဂြိုဟ်တုမှ ဖမ်းယူသော ပုံရိပ်များအရ လာလမ်းအတိုင်း ပြန်လှည့်ကာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းသို့ ဦးတည်ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယူဆရသည်။

ယခင်က နယ်နိမိတ် သတ်မှတ် ရှာဖွေမှုများ အောင်မြင်မှု မရခဲ့သည့်နောက် ယခုတစ်ကြိမ်တွင် ဩစတြေးလျ အနောက်ဘက်ကမ်းလွန်မှ ကီလိုမီတာ (၁၈၀၀)မျှ အကွာအဝေးတွင် ဧရိယာ သတ်မှတ်ကာ လေယာဉ်ပျက်ကို ရှာဖွေသွားမည် ဖြစ်သည်။ ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရက်စ် ကြေညာသည့် နေရာသည် ယခင်ရှာဖွေခဲ့သည့် ဧရိယာ၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။

“လေယာဉ်က အလိုအလျောက် မောင်းနှင်စနစ်နဲ့ ဆက်ပြီး ပျံသန်းနေရာက လောင်စာကုန်ချိန်မှာ ပျက်ကျသွားဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။ လေယာဉ် ပျံသန်းသွားနိုင်တဲ့ လမ်းကြောင်းတွေကိုတော့ ဂြိုဟ်တုက ရိုက်ယူထားတဲ့ ပုံရိပ်တွေကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်”ဟု ထရက်စ်က ရှာဖွေရေးဇုန်သစ်ကို သတင်းထုတ်ပြန် ကြေညာရင်း မှတ်ချက်ပေး ပြောကြားသွားသည်။

လေယာဉ်နှင့်အတူ လိုက်ပါသွားသူများ၏ ကျန်ရစ်သူ မိသားစုများမှာမူ လနှင့်ချီ ကြာမြင့်လာသည့်တိုင် ရှာဖွေရေး လုပ်ငန်းစဉ်များ၌ ရလဒ်တိုးတက်မှု ရှိမလာခြင်းအတွက် စိတ်ပျက်လျက်ရှိသည်။

_Ref: BBC
7day daily

လူးဝစ် ဆွာရက်ဇ်ကို ဖီဖာက စတင် စစ်ဆေး


အီတလီ နောက်ခံလူနဲ့ ဆွာရက်ဇ် ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်က ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကို စည်းကမ်း ထိမ်းသိမ်းရေးနဲ့ ဆိုင်တဲ့ စုံစမ်း စစ်ဆေးမှု စတင် လိုက်ပါတယ်။

အင်္ဂါနေ့က ကမ္ဘာ့ ဖလားပွဲ အုပ်စုပွဲ အီတလီနဲ့ ပွဲစဉ်အတွင်း အီတလီ ကစားသမားကို ကိုက်ခဲ့ပုံ ရပါတယ်။

ဗီဒီယို ပုံရိပ်တွေ အရ ဆွာရက်စ်က ဂျော်ဂျီယို ချီလီနီ Giorgio Chiellini ရဲ့ ပခုံးကို သူ့ပါးစပ်နဲ့ ကိုက်လိုက်တဲ့ပုံမျိုး မြင်ရပါတယ်။

ချီလီနီက သူ့ရဲ့ ပခုံးမှာ သွားရာ ထင်သွားတာကို ဒိုင်လူကြီးကို ပြခဲ့ပေမယ့် အဲဒီ ဘောလုံးပွဲ အတွင်း တစုံတရာ အရေးယူခြင်း မရှိခဲ့ပါဘူး။

ဆွာရက်ဇ်ကတော့ သူက ဝင်တိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဆွာရက်ဇ်ဟာ ကလပ် အသင်း အဆင့်မှာ ကစားစဉ်လည်း တဖက် ကစားသမားကို ကိုက်ခဲ့မှုနဲ့ ကစားခွင့် ၂ ခါ ပိတ်ပင် ခံခဲ့ရဖူးပါတယ်။

အခု စုံစမ်း ဆေးမှုမှာ အပြစ်ရှိတယ်လို့ သတ်မှတ်ခံရရင် ဆွာရက်ဇ် အနေနဲ့ လက်ကျန် ကမ္ဘာ့ဖလားပွဲတွေ အပါအဝင် ပွဲပေါင်း ၂၄ ပွဲအထိ ကစားခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။

BBC Burmese

ဖမ်းဆီးခံ မိန်းကလေးများနှင့် အပျိုစင်ဘဝ လဲလှယ်ရန် ကမ်းလှမ်းခဲ့သည့် နိုက်ဂျီးရီးယား အဆိုတော် ဝေဖန်မှုမျိုးစုံ ကြုံနေရ


ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် ကျောင်းသူ မိန်းကလေးငယ်များ လွတ်မြောက်ရေးအတွက် မိမိ၏ အပျိုစင်ဘဝနှင့် လဲလှယ်မည်ဟု ကြေညာခဲ့သည့် နိုက်ဂျီးရီးယား Popဂီတ အဆိုတော်နှင့် ပတ်သက်ပြီး နိုက်ဂျီးရီးယားတွင် ဝေဖန်မှု၊ ထောက်ခံမှု အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျှက် ရှိသည်။

အေဒိုကီရီ အန်းဂိုဇီကိုင်ရီယန်က ဘိုကိုဟာရမ်တို့ အဓမ္မ ပြန်ပေးဆွဲ ခေါ်ယူသွားသည့် ရာနှင့်ချီ များပြားသော ကျောင်းသူလေးများကို ပြန်လွှတ်ပေးပါက ဘိုကိုဟာရမ် စစ်သွေးကြွများထံ မိမိ၏ အပျိုစင်ဂုဏ်ရည်ကို အစတေးခံမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

အသက်(၂၃)နှစ်ရှိ အေဒိုကီရီက “ဒါဟာ မမျှတပါဘူး။ မိန်းကလေးတွေက သိပ်ငယ်လွန်းသေးတယ်။ သူတို့အတွက် ကျွန်မကိုယ်ကို အလဲအထပ် လုပ်ချင်ပါတယ်”ဟု ဆိုသည်။ သူမသည် မိမိသည် အပျိုစင်ဘဝကို ထိန်းသိမ်းထားသူ တစ်ဦးဟု ကြေညာထားဖူးပြီး ဖြစ်သည်။

မကြာသေးမီက နိုက်ဂျီးရီးယား ရုပ်ရှင်နှစ်ခုတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ကာ သရုပ်ဆောင် ဘဝကို အစပြုထားသည့် အဆိုတော်က “ကလေးမလေးတွေ အသက်က (၁၂)နှစ်ကနေ (၁၅)နှစ်လောက်ပဲ ရှိကြဦးမယ်။ ခရစ်တော်ရဲ့ အလိုအရပဲပေါ့။ ကျွန်မက သူတို့လေးတွေထက် အသက်ပိုကြီးတယ်။ အတွေ့အကြုံလည်း ပိုများတယ်။ ကျွန်မကို ညတိုင်း လူ(၁၀)ယောက်ကနေ (၁၂)ယောက်လောက်က အသုံးချမယ် ဆိုရင်တောင် ဂရုမစိုက်ပါဘူး။ မိန်းကလေးတွေကိုသာ ပြန်လွှတ်ပေးပါ။ သူတို့ကို မိဘတွေဆီ ပြန်သွားဖို့ ခွင့်ပြုလိုက်ပါ”ဟုလည်း အေဒိုကီရီက ပြောကြားထားသည်။

အေဒိုကီရီ၏ လုပ်ရပ်အပေါ် အားပေးထောက်ခံပြီး မိန်းကလေးများ လွတ်မြောက်လာပါက သူမကဲ့သို့ ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် အသင့်ရှိကြောင်း နိုက်ဂျီးရီးယား အမျိုးသမီး အချို့က တုပကြေညာခဲ့သည်။ အချို့ကလည်း အေဒိုကီရီသည် နာမည်ကြီးစေရန်အတွက် အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ်တို့ကို အသုံးချခြင်းဟု ဝေဖန်ခဲ့ကြသည်။ ဧပြီလ (၁၄)ရက်နေ့က ဘိုကိုဟာရမ်တို့သည် နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ချီဘော့ခ်မြို့မှ မိန်းကလေး (၂၇၆)ဦးကို ပြန်ပေးဆွဲသွားခဲ့သည်။

ခရစ်ယာန် ဘာသာဝင် မိန်းကလေးများကို ဘိုကိုဟာရမ်တို့က အဓမ္မ ခေါ်ယူသွားခြင်းဖြစ်ပြီး ယင်းတို့အနက် အနည်းငယ်သာ လွတ်မြောက်လာကာ အများစုမှာ သတင်းအစအန ပျောက်ကွယ်နေဆဲ ဖြစ်သည်။

_Ref: AU News
7day daily

ငါးမြွေထိုး ငပိကောင်ကြော်


ငပိကောင်လို့ဆိုပေမဲ့ အရမ်းငံမနေဘဲ စားလို့ကောင်းရုံငံမြမြနဲ့ ငါးဆားနယ်လေးပါဘဲ ၃ရက်လောက်ဘဲဆားနယ်ပြီး ရေစင်အောင်ပြန်ဆေးကာ ငရုတ်သီးတောင့် ငရုတ်သီးလုံးကြမ်းခွဲ ကြက်သွန်ဖြူတို့နဲ့ကြော်ထားတာမို့ စွဲမက်စရာငါးငပိကောင်ကြော်လေးတစ်မျိုးပါ။

အမျိုးသမီးတစ်ဦး သေဆုံးမှုကို လိုက်စုံစမ်းတဲ့ ခင်ဝင့်ဝါ


အမျိုးသမီးတစ်ဦး သေ ဆုံးမှုကို  စုံစမ်းသူတစ်ဦးအဖြစ် ဒါရိုက်တာ သည်ခေတ်နေ၏  ‘‘ဟိုဘက်ဒီဘက်မှတ်စု’’ ဇာတ်ကားတွင် သရုပ်ဆောင်နေကြောင်း ခင်ဝင့်ဝါကပြောသည်။

‘‘ဟိုဘက် ဒီဘက်မှတ်စုဆို တဲ့ ဇာတ်ကားမှာ မမိုးဟေကို သေသွားတာကို စိတ်ဝင်စားလို့ လိုက်စုံစမ်းတဲ့   ပုံစံနဲ့   သရုပ် ဆောင်ထားပါတယ်။    စုံထောက် တစ်ယောက်     အနေနဲ့တော့ မဟုတ်ဘူး။     သေသွားတဲ့အ ကြောင်းကို သိချင်လို လိုက်စုံစမ်း တဲ့ ရုံးဝန်ထမ်းကောင်မလေးတစ် ယောက်ပုံစံနဲ့ပါ’’ ဟု ၎င်းကပြော သည်။

ယင်းဇာတ်ကားတွင် နေတိုး၊မိုးဟေကိုတို့နှင့် တွဲဖက် သရုပ် ဆောင်နေပြီး စိတ်ဝင်စားစရာ ကောင်းမည့် ဇာတ်ကားတစ်ကား ဖြစ်မည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။ယခုနှစ်အတွင်း ရုပ်ရှင်နှစ်ကားတွင် ပါဝင်ရိုက်ကူးခွင့်ရခဲ့ သလို လက်ရှိအချိန်အထိ ဇာတ် ကားများဆက်တိုက် ရိုက်ကူးဖြစ် သော်လည်း သရုပ်ဆောင်မှုနှင့် ပတ်သက်၍ ကိုယ့်ကိုယ့်ကိုယ် အားရကျေနပ်မှု မရှိသေးကြောင်း ခင်ဝင့်ဝါက ပြောသည်။

‘‘ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်တာတော့ မရှိသေးဘူး။   နောင်လည်းရှိမှာတော့ မဟုတ်ဘူး။     ဒါရိုက်တာတစ်ယောက်နဲ့တွေ့ရင် ပညာတစ်မျိုးရသလို   နောက်ထပ်ဒါရိုက်တာ တစ်ယောက်နဲ့   ထပ်တွေ့ရင်လည်း    ပညာတစ်မျိုးထပ်ရနိုင် တယ်။ အနုပညာက လေ့လာဖို့ကုန်သွားတယ်ဆိုတာ    မရှိဘူးလေ။ အခုမှ စရိုက်တာဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိမှာ ပါ’’ဟု ၎င်းကပြောသည်။

7day daily

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားကို သတ်ပြီး တက္ကစီကားထဲ ထည့်ထား


ထိုင်းနိုင်ငံအလယ်ပိုင်း မဟာာချိုင်လို့ လူသိများတဲ့ စမွတ်စခွန်မြို့နယ်မှာ မြန်မာအလုပ်သမားလို့ ယူဆရသူတဦး အသတ်ခံရပြီး တက္ကစီကားထဲ လာထည့်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

ဇွန် ၂၄ ရက် မနက် ၁ နာရီလောက်က တက္ကစီကားတစီးပေါ်မှာ လူသေအလောင်း တွေ့ကြောင်း သတင်းပေးချက်အရ တာဝန်ကျရဲနဲ့ ကုသိုလ်လူမှုကူညီရေးအဖွဲ့တို့က သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ဘန့်နမ့်ကျစ်ရပ်ကွက် ကျတ်ဆန်ဖနန်လမ်းကြား သံထည်စက်ရုံအနီးမှာ ရပ်ထားတဲ့ တက္ကစီကားတစီး နောက်ဖုံးခန်းထဲကနေ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်ရွယ် အမျိုးသားတဦးကို တွေ့ရှိခဲ့တာလို့ ဘန့်နမ့်ကျစ်ရဲစခန်းက စခန်းမှူး ဗိုလ်မှူကြီး ဆနွန် ဆွန်မတ်က သတင်းထောက်တွေကို ပြောပါတယ်။

တက္ကစီကားမောင်းသမားရဲ့ ဖွင့်ဟပြောဆိုချက်အရ သူဟာ ဧကချိုင်းလမ်းမကြီးပေါ်မှာ တက္ကစီမောင်းနေတုန်း ဆိုင်ကယ်နဲ့ လူတဦးက ပစ္စည်းတင်ဖို့ ခေါ်သွားကြောင်း၊ သံထည်စက်ရုံနား ရောက်တော့ လူ ၂ ယောက်က ကားနောက်ဖုံးထဲကို ပစ္စည်းတင်ပြီး ထွက်သွားကြောင်း၊ ဆိုင်ကယ်နဲ့ လာခေါ်တဲ့သူကတော့ တက္ကစီပေါ် ပြန်လိုက်ခဲ့ပြီး တနေရာအရောက် ကိစ္စရှိလို့ ခဏဆင်းမယ်ပြောကာ သူ့ကို တက္ကစီခ ဘတ် ၂၀၀ ပေးပြီး ထွက်သွားကြောင်း၊ ခရီးသည် ဆင်းသွားတာ ကြာလို့ လိုက်ကြည့်တော့ မတွေ့တော့တာနဲ့ ကားနောက်ဖုံးခန်းကို ဖွင့်ကြည့်တာမှာ ပလတ်စတစ်ပုံး အနက်ရောက်ထဲ ထည့်ထားတဲ့ လူသေအလောင်းကို တွေ့လို့ နဂိုနေရာကို ပြန်မောင်းလာခဲ့ပြီး ရဲကို ဖုန်းဆက်ခေါ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီအနီးတ၀ိုက်မှာ မြန်မာလူမျိုး အများအပြား စုနေထိုင်တဲ့ အလုပ်သမား တန်းလျားတွေ ရှိပြီး အခန်းတွေကို လိုက်လံစစ်ဆေးရာမှာ အခန်းတခုမှာ သွေးစ၊ ဘီယာ ပုလင်းတွေနဲ့ အလောင်းထည့်တဲ့ ရေပုံးနဲ့ ဆင်တူတဲ့ တခြားရေပုံးတလုံးပါတွေ့လို့ အခန်းငှား နေသူနဲ့ အခန်းပိုင်ရှင်တွေကိုပါ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ စခန်းမှူးရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

နောက်ဆက်တွဲသတင်းနဲ့ ပတ်သက်ပြီး သည်နေရှင်းသတင်းမှာတော့ ဒီအမှုမှာ ပါဝင်ပတ်သက်နေသူ အသက် ၃၆ နှစ်ရှိ မြန်မာအလုပ်သမား ဦးချစ်ဆန်းမြိုင်နဲ့ အသက် ၂၇ နှစ် ရှိ ကိုသားကြီး တို့ ၂ ဦးကို ဇွန် ၂၄ ရက် ည ၁၀ နာရီကျော်မှာ ဖမ်းမိခဲ့ပြီး ကိုဖုဂျီ ဆိုသူတဦးက ထွက်ပြေး လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိ မြန်မာ အလုပ်သမား နိုင်တွန့်နိုင်ပု ဖြစ်ကြောင်း၊ အလုပ်သမားကတ်ကိစ္စနဲ့ သူတို့ဆီက ငွေ ဘတ် ၁ သောင်း ၇ ထောင် ယူထားတာ ပြန်မပေးလို့ စကားများပြီး သံချောင်းနဲ့ ရိုက်သတ်ကြောင်း ၀န်ခံခဲ့တယ်လို့ စမွတ်စခွန်ခရိုင်ရဲမှူးကြီး ဆုမ်ပွန်းဟွပ်ပန်းယန်း က ဇွန် ၂၅ ရက် သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ဖော်ပြသွားပါတယ်။

DVB Burmese

ကျမမှာ ရည်းစားရှိပါတယ်လို့ ဆိုလိုက်တဲ့ နိုင်ငံဂုဏ်ဆောင် မြန်မာကာယဗလမယ်



"ဒါက မြန်မာမိန်းကလေးလား..၊ သူများ နိုင်ငံမှာ ဖော်ချွတ်ပြပြီးမှ ပထမဆုရလာတာ
ဘာအထင်ကြီးစရာရှိလို့လဲ"ဆိုတဲ့ စာသားတွေအပြင် တခြားအနှုတ်ဆန်တဲ့ စကားလုံးတွေက
အနက်ရောင်ပေါ်မှာမှ ရွှေအိုရောင် ဇာသား၊ ဘော်ကြယ်တွေနဲ့ တွဲစပ်ချုပ်လုပ်ထားတဲ့ ရေကူးဝတ်စုံ
ဒီဇိုင်းဆန်းလေးကိုဝတ်ဆင်ထားပြီး ရရှိထားတဲ့ ပထမဆုကို ကိုင်လို့ စင်မြင့်ထက်မှာ ပြုံးပျော်နေတဲ့
အသက် ၂၄ နှစ်အရွယ် မြန်မာကိုယ်စားပြု ကာယအလှမယ်လေးရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်က
ဓာတ်ပုံအောက်မှာ နေရာယူလို့ ထားပါတယ်။

"တခြားမစ္စတွေကိုတောင် ရေကူးဝတ်စုံတွေနဲ့ ကြည့်ကြ၊ အားပေးကြပြီးတော့ ကျွန်မတို့
အားကစားသမားတွေ အနေနဲ့လည်း လိုအပ်လို့ ၀တ်ရတာဖြစ်လို့ အားကစားအမြင်၊ အားကစား
မျက်စိနဲ့ပဲ အားပေးကြဖို့ တောင်းပန်ချင်ပါတယ်။ ပြီးတော့ ပုရိသတွေ မက်မော အောင်ပြတဲ့ပို့စ်
မဟုတ်ပါဘူး။ စင်မြင့်ပေါ်မှာ အသက်ရှူအောင့်၊ ခန္ဓာကိုယ်က ကြွက်သားတွေကို ညှစ်ထုတ်ပြီး
နဖူးကချွေး ခြေမကျလောက်တဲ့ထိ ပင်ပင်ပန်းပန်း လုပ်ရပါတယ်။ တခြားအလှမယ်တွေလို
ပေါ့ပေါ့ပါးပါးနဲ့ catwalk လျှောက်ပြီး၊ အလှပြလို့ရတဲ့ ပုံစံ မဟုတ်ပါဘူး။ သူတို့တွေထက်
ပင်ပန်းပြီးတော့ ယှဉ်ပြိုင်ရတာဖြစ်တဲ့တွက် အဲဒီလောက်ထိတော့ မဝေဖန်သင့်ဘူးလို့ ထင်ပါတယ်။
ဒီလို မျိုးဝတ်စုံဆိုတာကလည်း နိုင်ငံတကာပြိုင်ပွဲတွေမှာပဲ ၀တ်တာပါ။ တကယ့်တကယ် အပြင်မှာ
ဝတ်ဖို့ဆိုတာ စိတ်ကူးထဲမှာတောင် မရှိတာပါ"လို့ မကြာသေးခင်ကမှ ပြီးစီးခဲ့တဲ့ နိုင်ငံတကာ
ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ ကာယအလှမယ်လေး အေးအေးစိုးက ပြောလိုက်ပါတယ်။

ဇွန်လ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၂)ကြိမ်မြောက်
အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားတံခွန်စိုက်ပြိုင်ပွဲကြီးရဲ့ Women's
Athletic Physique ပြိုင်ပွဲ (၁၆၅ စင်တီမီတာအောက်)မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ်
ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမြင့်ဆုံးဆုကို ရယူပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တာမို့ သူ့အနေနဲ့ ကြိုးစားရကျိုးနပ်သလို
နောက်ထပ်နိုင်ငံတကာပွဲတွေမှာ ဆက်ယှဉ်ပြိုင်ဖို့ အားဖြစ်ရပေမယ့် ပြည်တွင်းက ဝေဖန်သူ
တချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။

"ဆုရလို့ ပျော်ပေမယ့် တစ်ဖက်က ကိုယ့်ကို ဒီလိုမျိုး ဝေဖန်တာတွေရှိတော့ နည်းနည်းတော့
စိတ်ညစ်မိတယ်။ ငါဒီလောက် ကြိုးစားခဲ့တာ ဘာကြောင့်လက်ခံမှုအပြည့်အ၀ မရလည်း
ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ စိတ်ဓာတ်တော့ မကျပါဘူး။ ဒီလိုမျိုးဝေဖန်တာတွေကိုလည်း
ဂရုမစိုက်ချင်ဘူး"လို့ လေးထောင့်ဆန်တဲ့ မျက်နှာလေးနဲ့ လိုက်ဖက်စွာ ခပ်တိုတိုဆံပင် ပုံစံနဲ့
ဆွဲဆောင်မှုရှိစွာ ညိုချောချောလေးချောတဲ့ အေးအေးစိုးက ဆိုလိုက်ပါတယ်။

လူတော်တော်များများအနေနဲ့ ကာယကြံ့ခိုင်မှု အားကစားကို ယောက်ျားလေး ကာယဗလမောင်
တွေနဲ့သာ တွဲပြီး ရင်းနှီးထားကြတာမို့ မိန်းကလေးတစ်ဦးကို ကြွက်သားတွေနဲ့ တွဲမမြင်တတ်
သေးတာက သူ့အတွက် စိန်ခေါ်မှု တစ်ခုလည်း ဖြစ်နေတယ်လို့လည်း ကာယအလှမယ်လေးက
ဆိုပါတယ်။

"ကြွက်သားတွေနဲ့ မိန်းကလေးဆိုရင် ယောက်ျားဆန်တယ်၊ ယောက်ျားစိတ်ပေါက်နေလို့သာ
ဒီကစားနည်းကို လုပ်နိုင်တယ်ဆို ပြီးတော့ ထင်နေကြတယ်။ ဒီမှာက သူများနိုင်ငံနဲ့ယှဉ်ရင်
အားကစားအမြင်က အရမ်းကို နောက်ကျနေတယ်။ အပြင်မှာဆိုရင် ကြွက်သားနဲ့ မိန်းကလေးတွေ
ကို ယောက်ျားစိတ်ရှိတဲ့သူ၊ ယောက်ျားကြီးလို့ပြောကြ၊ လှောင်ပြောင်ကြတယ်။ ညီမအနေနဲ့က
အားကစားသမား တစ်ယောက်အဖြစ် ရွေးချယ်ခဲ့တာက ၀ါသနာနဲ့ ရပ်တည်မှုအတွက်ကြောင့်ပါ။
ကျွန်မက တခြားမိန်းကလေးတွေလို မိန်းမဆန်ဆန်နေချင်၊ ၀တ်စားသွားလာချင်တဲ့ မိန်းကလေး
စစ်စစ်ပါ။ ကျွန်မ ယောက်ျားမဟုတ်ပါဘူး"လို့ ဆိုပါတယ်။

"ဒါတောင် ဒီအမြင်တွေက ခုချိန်မှာ အရင်ကထက်စာရင် နည်းသွားတာပါ။ အခုညီမကို လက်ခံ
အားပေးတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒီလိုမျိုး တခြားသူတွေ အမြင်ပြောင်းလဲဖို့ဆိုတာက
နောက်ထပ်အချိန်တွေ ကြာလာရင်တော့ အဆင်ပြေမယ်လို့ထင်ပါတယ်။ ညီမတို့က အခုက
ဒီလိုပုံစံနဲ့ သတင်းစာတွေ၊ နောက်ဖေ့စ်ဘွတ်ခ်တွေမှာ ပထမဦးဆုံးလို တွေ့ရတော့ ပြောချင်ရက်
လက်တို့ဖြစ်နေတဲ့ သူတွေကသာ ပြောကြတယ်လို့ မြင်ပါတယ်"လို့လည်း အေးအေးစိုးက
ထပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ကာယအလှမယ် ရွေးချယ်တဲ့ပွဲတွေကို မြန်မာနိုင်ငံရဲ့ဝတ်စား ဆင်ယင်မှု
စံထုံးအရသာ ၀တ်ဆင်ယှဉ်ပြိုင်ခဲ့ရာကနေ ၂၀၁၂ ခုနှစ်ကစတင်ပြီး အသားကပ် ဘောင်းဘီတိုနဲ့
လက်ပြတ်ဝတ်စုံတို့ကို ပြောင်းလဲ ၀တ်ဆင်ခဲ့ကြပေမယ့် နိုင်ငံတကာပွဲတွေမှာတော့
သတ်မှတ်ထားတဲ့ ရေကူးဝတ်စုံ အမျိုးအစားတွေကို ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတာဖြစ်တယ်လို့
ကာယဗလနှင့် ကာယကြံ့ခိုင်မှုအား ကစားအဖွဲ့ချုပ်မှာ အမျိုးသမီးနည်းပြချုပ်၊ ဒိုင်လူကြီးအဖြစ်
ဆောင်ရွက်နေတဲ့ ကာယအလှမယ်ဟောင်းတစ်ဦးဖြစ်သူ ဒေါ်ရည်ရည်ဝင်းက ပြောပါတယ်။

"အားကစားနည်းအရ လိုအပ်တာကြောင့် မဖြစ်မနေ ရေကူးဝတ်စုံကိုမှ ကြိုးသိုင်းထားတဲ့ ပုံစံနဲ့
ဝင်ရောက်ယှဉ်ပြိုင်ရတာပါ။ ပြိုင်ပွဲဝင်တွေရဲ့ ကြွက်သားကို အဓိကထားပြီး ခန္ဓာကိုယ်ကြံ့ခိုင်ပြီး
အဆီကင်းတာကို ပြရတာဖြစ်တဲ့တွက်ကြောင့် တခြားအလှမယ်မစ္စပြိုင်ပွဲ တွေနဲ့မတူဘဲ
ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ရတယ်။ ပေါင်ရင်းကနေ ခြေဖျားထိ ကြွက်သားတည် ဆောက်ပုံ၊
ကျောဆိုလည်း ကျစ်လစ်တဲ့အချိုး အဆစ်ကို မြင်နေရမှ အမှတ်ပေးလို့ရတာ။ ပြီးတော့ ပြိုင်ပွဲဝင်
တွေရဲ့ ၀တ်စားဆင်ယင်မှု ကိုယ်ဟန်ပြမှုပေါ်မှာ အမှတ်ပေး ဆုံးဖြတ်သွားတာဖြစ်ပါတယ်။
ဒါကြောင့် အ၀တ်အစားကလည်း တစ်ကဏ္ဍအနေနဲ့ အရေးပါအရာ ရောက်နေတယ်"လို့ သူက
ဆိုပါတယ်။
စင်ကာပူနိုင်ငံမှာ အေးအေးစိုးရဲ့ ပြိုင်ပွဲဝင်ဟန်။ ဓာတ်ပုံ - အေးအေးစိုး ဖေ့စ်ဘွတ်ခ်

ဒေါ်ရည်ရည်ဝင်းဟာ ပြီးခဲ့တဲ့ စင်ကာပူပြိုင်ပွဲမှာ အေးအေးစိုးအတွက် နည်းပြတစ်ဦး အဖြစ်
ဆောင်ရွက်ခဲ့တာဖြစ်ပြီး အေးအေးစိုးနဲ့ ပတ်သက်လို့ "သူ့အနေနဲ့က အခုမှ အစပဲရှိ သေးတယ်လို့
မြင်ပါတယ်။ အာရှပွဲတွေ၊ ကမ္ဘာပွဲတက်နိုင်ဖို့ နေ့စဉ်နဲ့အမျှ ကျင့်ရမယ်။ တစ်ပွဲတိုးသဘောနဲ့
မဟုတ်ဘဲ နှစ်နဲ့ချီပြီး ကျင့်ရမယ်။ ဒါကြောင့် သူ့ကို ဆက်ပြီးကြိုးစားစေချင်တယ်" လို့
တိုက်တွန်းသလို "ဒီထက်မကမြင့်တဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရဖို့ ရည်မှန်းထားတယ်"
လို့လည်း ဆိုပါသေးတယ်။

လက်ရှိမှာ ရန်ကုန်မြို့ရဲ့ နာမည်ကြီး အားကစားခန်းမ တစ်ခုဖြစ်တဲ့ Balance Fitness Centre မှာ
personal trainer တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ မအေးအေးစိုးကလည်း သူ့ရဲ့ ပရော်ဖက်ရှင်
အလုပ်တစ်ခုအဖြစ် ဒီအားကစားကို လုပ်ဆောင်သွားမှာသလို အဖွဲ့ချုပ်အနေနဲ့လည်း သူ့ကို
ဆက်ပြီးရွေးချယ်မယ်ဆိုရင် နိုင်ငံတကာပြိုင်ပွဲဝင်တွေ ၀င်ပြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

"မိန်းကလေးတွေက ပင်ပန်းတာမို့ ဒီအားကစားနည်းကို မနှစ်သက်ကြဘူး။ ဒီကစားနည်းက
တခြားနဲ့မတူတဲ့အချက်က အဲဒါပဲ။ တော်ရုံစိတ်ဓာတ်နဲ့မှ ထွန်းပေါက်နိုင်မယ်လို့ ထင်တယ်။
ညီမလည်း အရမ်းပင်ပန်းတဲ့အချိန် တွေကျရင် လက်လျှော့ဖို့ထိ စဉ်းစားဖူးတယ်။ ဒါပေမဲ့
ဒီအားကစားနည်းနဲ့ ၀င်ငွေရှိလာတယ်။ ဆုရလာတယ်။ လူတွေ သတိထားမိလာတယ်ဆိုတော့
ဒီကစားနည်းနဲ့ ညီမနဲ့ စန်းရှိတယ်လို့ထင်တယ်။ ကိုယ်တိုင်ထရိန်နာ လုပ်တဲ့အခါကျတော့
ကိုယ်တိုင်လှနေမှ၊ ကျစ်လျစ်နေမှ ကိုယ့်ရဲ့သင်တန်းသားတွေက ကိုယ့်ကိုယုံကြည်မှာလေ။
ဒါကြောင့် ပိုလုပ် ဖြစ်လာတယ်။ အခုလို ဆုတွေရတာကလည်း ညီမ ဒီအားကစားနည်းကို
ဆက်လုပ်သွားဖို့ တွန်းအားတစ်ခုပါ"လို့လည်း အေးအေးစိုးက ဆိုပါတယ်။

အားကစားလောကထဲ ရောက်ဖြစ်ပုံကိုတော့ အသက် ၁၆ နှစ်အရွယ်၊ ၁၀ တန်းအောင် ပြီးခါစမှာ
လက်ဦးဆရာဖြစ်တဲ့ ဦးမောင်မောင်ကြည်ရဲ့ လေ့ကျင့်ရေးစခန်းမှာ ခန္ဓာကိုယ်ကြံ့ ခိုင်လှပအောင်
ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခဲ့ရာကနေ ဆရာ့ရဲ့တိုက်တွန်းမှုကြောင့် ပြည်တွင်း ပွဲတွေ ၀င်ပြိုင်ဖို့
အတွက် စတင်လေ့ကျင့်ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။

"အသက် ၂၀၊ ၂၀၁၀ လောက်မှာ ပြည်တွင်းပြိုင်ပွဲ ၀င်ပြိုင်ခဲ့တယ်။ ဆုရပြီးတော့ နောက်ပိုင်းမှာ
ဆရာရဲ့ လေ့ကျင့်ရေးစခန်းမှာ နည်းပြလုပ်ခဲ့တယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံတကာပွဲမှာ
ဆုရပြီးတော့ နာမည်ကြီး gym မှာ နည်းပြလုပ်ခဲ့တယ်"လို့ နိုင်ငံတကာပွဲလေးကြိမ်
သွားရောက်ခဲ့ဖူးပြီး ရှေ့သုံးကြိမ်မှာ တတိယဆု၊ ပဉ္စမဆုနဲ့ ဆဋ္ဌမဆုတို့ကို ရရှိခဲ့တဲ့ အေးအေးစိုးက
ပြောပါတယ်။

လက်ဦးဆရာဖြစ်တဲ့ အသက် ၄၃ နှစ် အရွယ် ဦးမောင်မောင်ကြည်ကလည်း "လွန်ခဲ့တဲ့ ရှစ်နှစ်
လောက်ကဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က မိန်းကလေးတစ်ယောက်အနေနဲ့ မလှတဲ့၊ ကြည့်မကောင်းတဲ့
ထဲမှာ ပါတယ်။ လူကပိန်ပြီး အကောင်သေးတယ်။ လက်ပြင်ကုန်းပြီး တင်လည်းမရှိဘူး။
မိန်းမဆန်ဆန်လှအောင် မလုပ်နိုင်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံပိုင်ရှင် တစ်ဦးပါ။ သူ့မှာ ပြည့်စုံတဲ့၊
ကျွန်တော် သဘောကျတဲ့ အချက်တစ်ချက်ရှိတယ်။ အဲဒါက အားကစားစိတ်ဓာတ်ပြင်းထန်တယ်။
လွယ်လွယ်နဲ့ အလျှော့မပေးဘူး။ ဒါကြောင့် မိန်းမတစ်ယောက်အနေနဲ့ ကြံ့ခိုင်တဲ့ ပုံစံဖြစ်
အောင်ရယ်၊ နောင်တစ်ချိန် ပြိုင်ပွဲတွေရှိရင် ၀င်ပြိုင်နိုင်အောင်ရယ်ဆိုပြီး သူ့ကို လေ့ကျင့်ခိုင်းခဲ့တာ
ပါ။ အခုဆိုရင် သူဖြစ်ချင်တဲ့၊ လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံကို သူ့အစွမ်းအစနဲ့ ရအောင် လုပ်နိုင်ခဲ့ပြီ။
ဒါပေမဲ့ သူ့ကို ဒီထက် ကြိုးစားစေချင်တယ်"လို့ဆိုပါတယ်။

အရပ် ၅ ပေ၊ ၄ လက်မမှာ ပေါင်ချိန် ၁၁၆ ပေါင်ကို အားကစားစွမ်းရည်နဲ့ ထိန်းသိမ်းထားနိုင်တဲ့
အေးအေးစိုးကလည်း "အရင်က မှန်ဆိုတာကို မကြည့်ချင်ဘူး။ ဒါပေမဲ့ အခု နိုင်ငံတကာပြိုင်ပွဲတွေ
ဝင်ဖို့ လေ့ကျင့်လိုက်၊ ကိုယ့်ခန္ဓာကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်လိုက်၊ ကျေနပ်လိုက်နဲ့ပဲ မိန်းကလေး
တန်မယ့် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေအောက်မှာ အသားကျလာခဲ့တာပါ။ ဒီကစားနည်းကြောင့်
ကျန်းမာရေးပိုင်း ကောင်းမွန်တာ၊ ပြင်ပကလာတဲ့ ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုး တွေရန်ကို
ကာကွယ်တာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်းထန်တာတွေက အားသာချက်တွေဖြစ်သလို
အားနည်းချက်ကတော့ အခန့်မသင့်ရင် ထိခိုက်မိတတ်တာပါပဲ။ အဲဒါကတော့ ဂရုစိုက်ရတာပေါ့"
လို့ ဆိုပါတယ်။

အပင်ပန်းခံ လေ့ကျင့်ခဲ့သလို အစားအသောက်ကိုလည်း ထိန်းချုပ်ခဲ့တာမို့ ပြောင်းလဲလာတဲ့
သူ့ခန္ဓာကိုယ်ကို သဘောကျတယ်လို့လည်း အေးအေးစိုးက ဆိုပါတယ်။

"ညီမ အသက် ၁၈ နှစ်အရွယ်လောက်ကတည်း ခင်မင်တဲ့ သူငယ်ချင်းတွေထဲ တောင်မှာမှ
ဒီအားကစားနည်းကို ရွေးချယ်ပြီး ဒီလောက်လေ့ကျင့်လို့ ဗလထွက်လာရင် ယောက်ျားကြီးနဲ့
တူနေဦးမယ်ဆိုတဲ့ စကားတွေကို ပြန်ကြားရတယ်။ အခုမှမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါတွေက
အချိန်က ဆုံးဖြတ်ပေးသွားမှာပါ။ တစ်ကိုယ်လုံးက အစိတ်အပိုင်းတွေကို ကြိုက်တယ်။ ဒါပေမဲ့
လက်မောင်းနဲ့ ကျောပြင်တွေကို ပိုပြီးသဘောကျတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ကို
ပိုပြီးကျစ်လျစ်ကြံ့ခိုင်စေတယ်လို့ ထင်တာကြောင့်"လို့ ဆိုပါတယ်။

အနာခံခဲ့တာမို့ ခုချိန်မှာ အသာစံနေရပြီလည်း ပြောလို့ရနိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကို
ဆက်ထိန်းထားနိုင်ဖို့ရင်တော့ လေ့ကျင့်မှုတွေကို ဆက်လုပ်နေရ ဦးမှာဖြစ်ပါတယ်။ သူ့အနေနဲ့
ပုံမှန်တစ်ရက် လေ့ကျင့်ချိန် နှစ်နာရီလောက်ရှိပြီး ပြိုင်ပွဲ နီးကပ်တဲ့အခါမှာတော့ လေ့ကျင့်ချိန်
တစ်ကြိမ်ကို တစ်နာရီခွဲနှုန်းနဲ့ တစ်နေ့ သုံးကြိမ် ပြင်းပြင်းထန်ထန်လေ့ကျင့်တဲ့အပြင် diet control
တွေပါ လုပ်ရတယ်လို့လည်း ဆိုပါတယ်။

"ဒီလိုမျိုးရပ်တည်နိုင်ဖို့ ရှစ်နှစ်တွင်း အစားဆင်းရဲခံ၊ အငန်၊ အချိုတွေ အရသာ ရှိတဲ့အစားမှန်သမျှ
ချင့်ချိန်စား၊ ကာဗွန် ဟိုက်ဒရိတ်ပါတဲ့ အစားအသောက်တွေ ဖြတ်တောက်၊ အချိန်တိုင်း
လေ့ကျင့်ခန်း တွေလုပ်ပြီး နေလာရတယ်။ လေ့ကျင့်တာက လေ့ကျင့်တာပဲ၊ နောက်ပြီး ပြိုင်ပွဲနီးရင်
diet control လုပ်ရ။ အဲဒီအခါ စားရတဲ့ ကြက်သားက ရော်ဘာတုံးကို စားရသလိုပဲ။ အပြင်အစာ
ကို ရန်သူလို့သတ်မှတ်ပြီး အရသာ မရှိတာကို ဒါက အရသာရှိတယ်၊ ပြိုင်ပွဲဝင်ရင် ကိုယ့်အတွက်
ကောင်းကျိုးရှိတဲ့ အစားသောက်ဆိုပြီး ရေလုံပြုတ်တွေ စားခဲ့ရတယ်။ ဒါကြောင့် ဒီလိုဆုရခဲ့တယ်၊
ဒီအလုပ်နဲ့ပဲ ရပ်တည်ပြီးတော့ မိဘကိုလည်း ထောက်ပံ့ပေးနိုင်တယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ
Industrial Chemistry မေဂျာ နဲ့ ကျောင်းပြီးထားပြီဖြစ်သလို ချစ်သူလည်း ရှိနေပါပြီလို့လည်း
ကာယအလှမယ်လေးက ဆိုပါတယ်။

"ရည်းစားရှိတယ်။ ညီမက ကိုယ်တိုင်လည်း အားကစားသမားမို့လို့ လားမသိဘူး။ အခုခေတ်
ယောက်ျားလေး တော်တော်များများကြားမှာ ခေတ်စားနေတဲ့ ကိုရီးယားစတိုင် ပိန်နေတဲ့သူတွေ
သဘောမကျဘူး။ ယောက်ျားလေးဆိုရင် ဗလတောင့်တောင့်နဲ့ ကြည့်ကောင်းတဲ့သူပဲ
သဘောကျတယ်" လို့လည်း ဆိုတာကြောင့် သူ့ရဲ့ချစ်သူဟာ ထောင်ထောင်မောင်းမောင်းနဲ့
ဗလတောင့်တင်းသူဖြစ်မယ်ဆိုတာ သေချာနေပါပြီ။

Myanmar Times

ထောင်မှပြန်လွတ်လာသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အစိုးရနှင့် အတိုက်အခံမလုပ်တော့ဟုဆို



ရန်ကုန်၊ ထောင်မှပြန်လည်လွတ်မြောက် လာပြီးနောက် ယခင်ကဲ့သို့ အစိုးရနှင့် အတိုက်အခံ ပြုလုပ်ခဲ့ရာမှ ယခုအခါ တွင် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲ ရန်လိုလားသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဗိုလ်ကြီးဟောင်းနေ မျိုးဇင်က ပြောသည်။

”ထောင်ထဲမှာကတည်းက စဉ်း စားခဲ့တာပါ။ အရင်လို အတိုက်အခံ ချည်းပဲမလုပ်တော့ဘူး။ အစိုးရဘက် က ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ နဲ့ပူးပေါင်းသွားဖို့ ရှိပါတယ်”ဟု ယင်း ကပြောသည်။
လယ်သမား ၂ဝဝဝခန့်ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်သုံးလကျခံခဲ့ ရသော ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဟောင်း ဦးဝင်းချိုတို့သည် ဇွန် ၂၄ရက်တွင် ပြန် လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၈ရက်တွင် ဒေသအသီး သီးရှိ လယ်သမား၂ဝဝဝခန့်အား ဦးနေ မျိုးဇင်နှင့် ဦးဝင်းချိုတို့က ဦးဆောင် ကာ လယ်သမားများ ဆုံးရှုံးနစ်နာခြင်း၊ ဖမ်းဆီးခံနေရခြင်းများနှင့် ပတ်သက် ၍ ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာရဲ တပ်ဖွဲ့သို့ခွင့်ပြုချက်တင်ပြခဲ့ရာ ခွင့်ပြု မိန့်မရရှိသဖြင့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့် အရေးယူကာ ထောင်ဒဏ်သုံးလကျ ခံခဲ့ရသည်။

”အစက ပြောတာက ဒဏ်ငွေ ၁ဝဝဝဝ ပေးရင်ရတယ်တဲ့။ ပြီးတော့မှ တရားရုံးမှာသုံးလချလိုက်တာပဲ။ လတ် တလောတော့ ရွှေညဝါဆရာတော်ကြီး နဲ့တွေ့နေပါတယ်”ဟု ဦးနေမျိုးဇင်က ပြောသည်။

ဦးနေမျိုးဇင် ယခုကဲ့သို့ပြောဆို ခြင်းမှာ အစိုးရနှင့်ပူးပေါင်းလိုက်ခြင်း သာဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ် ရှားသူတစ်ဦးက ပြောသည်။
”ဒါကအစိုးရနဲ့ ပေါင်းလိုက်တာ ပဲ။ အရင်လိုတော့ သူလွတ်လွတ်လပ် လပ် မလှုပ်ရှားနိုင်တော့ဘူးဆိုတဲ့ သ ဘောပဲ”ဟု ယင်းကပြောသည်။
လက်ရှိအချိန်တွင် ဦးဝင်းချိုမှာ တောင်သူလယ်သမား အခွင့်အရေး များရရှိရေး ဆက်လက်လှုပ်ရှားသွား မည်ဖြစ်ပြီး ဦးနေမျိုးဇင်မှာ တရားစွဲဆို ခံထားရသည့် မဟာသန္တိသုခကျောင်း တိုက်မှ ဆရာတော်များအတွက်ကူညီ ဆောင်ရွက်သွားမည်ဟု သိရသည်။

ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် အစိုးရ၏ မူဝါဒများအပေါ် ကန့်ကွက် မှုများ၊ ဆန္ဒထုတ်ဖော်မှုများ အကြိမ် ကြိမ်ပြုလုပ်ခဲ့ပြီး တောင်သူလယ်သမား အရေး၊ အလုပ်သမားအရေးများတွင် ဦးဆောင်ကာ ရပိုင်ခွင့်များကို တောင်း ဆိုခြင်းများ အနယ်နယ်အရပ်ရပ်တွင် ပြုလုပ်ခဲ့ကြသူများဖြစ်သည်။

အဂ္ဂမင်း ၊ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀) အမှတ် (၂၃ )
Yangon Media Group

FBI ဖော်ထုတ်ခဲ့သည့်ကလေးငယ်များ လိင်လုပ်သားအဖြစ် လူကုန်ကူးခံရမှု



အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို FBI ဟာ အမေရိကန်မြို့ကြီးတွေမှာ ဖြစ်ပွားနေတဲ့ ကလေးငယ်များ လိင်လုပ်သားအဖြစ်
လူကုန်ကူးခံရမှုကို တစ်ပတ်ကြာ  စုံစမ်းထောက်လှမ်းခဲ့တယ်လို့ သိရပါတယ်။

တစ်ပတ်ကြာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ လိင်လုပ်သားဖြစ်နေသူ ကလေးငယ် (၁၆၈)ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး
ခိုင်းစေနေမှု(၂၈၁)ခုနဲ့ ဆက်စပ်နေသူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ တစ်ပတ်ကြာပြုလုပ်ခဲ့တဲ့ တိုက်ဖျက်ရေးအစီအစဉ်မှာ ဥပဒေစိုးမိုးရေးအဖွဲ့
(၄၀၀)နဲ့ နိုင်ငံတစ်ဝှမ်းက မြို့ကြီး (၁၀၀)ကျော်က ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အခုတစ်ကြိမ်တိုက်ဖျက်မှုဟာ ရဲ့(၈)ကြိမ်မြောက် ကလေးငယ်များ
လိင်လုပ်သားအဖြစ် လူကုန်ကူးခံရမှု တိုက်ဖျက်ရေးအစီအစဉ်ဖြစ်ပါတယ်။ (၁၁)နှစ်အတွင်းပြုလုပ်ခဲ့တဲ့ အစီအစဉ်တွေ အတွင်းမှာ FBI ဟာကလေးငယ်ပေါင်း (၃၆၀၀)ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်မှု(၁၄၅၀)ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ FBI က သတင်းထုတ်ပြန်ထားပါတယ်။

ကယ်ဆယ်ခံထားရတဲ့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကုသမှုတွေကို လိုအပ်နေတယ်လို့ FBI အရာရှိတွေက ပြောပါတယ်။
ကလေးပျောက် ကာယကံရှင်တွေဟာ သူတို့ရဲ့ကလေးတွေဟာ အိမ်ကနေထွက်ပြေးတာဖြစ်ပြီး မကြာခင် ပြန်လာမှာဖြစ်တယ်လို့ယူဆကာ
သက်ဆိုင်ရာကို တိုင်ကြားစုံစမ်းခြင်း မရှိတာကလည်း အမေရိကန်နိုင်ငံမှာ ကလေးငယ်တွေလိင်လုပ်သားအဖြစ် လူကုန်ကူးခံရမှုဖြစ်စေတဲ့
အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

Source;CNN

ဘာသာပြန် David

The Myanma Age

တစ်ဖက်ကဆဲတာလိုပြန်ဆဲမိလို့ ဆဲတတ်တယ်ဆိုတဲ့အထဲတော့အပါမခံနိုင်ဘူးလို့ ဆိုလိုက်တဲ့ ဦးဌေးဦး(အင်တာဗျူး)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော် နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမို ကရေစီရေးနှင့် လူ့အခွင့်အရေးကော်မတီ ဥက်္ကဋ္ဌ ဦးဌေးဦးနှငHot News သတင်းထောက်တို့ဦးဌေးဦး၏ ရုံးခန်းတွင်းသီးသန့် တွေ့ဆုံခဲ့ပြီး မေးမြန်းဖြစ်ခဲ့သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအခန်းကဏ္ဍ၊ ၂၀၁၅အတွက် ပြည်ခိုင်ဖြိုး ပါတီ၏ ပြင်ဆင်ထားရှိမှု၊ ညွန့် ပေါင်းဖွဲ့ရန် လိုအပ်လာပါက ပြည်ခိုင်ဖြိုး သဘောထား စသည်တို့အပေါ် သဘောထားအမြင် မေးဖြစ်ခဲ့ရာမှ ကျန်ရှိနေသေးသည်များအား ဆက်လက်တင်ပြလိုက်ပါသည်။

ခုဆိုရင် ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည် တွင်းမှာ နိုင်ငံရေးအင်အားစုအချို့ရဲ့ ဦးဆောင်မှုနဲ့ Capigm တွေဖြစ်နေချိန်မှာ အချို့သော ပြည်ပကဥပဒေပညာရှင်တွေ၊ ပြည်တွင်းက တတ်သိပညာရှင် အချို့က လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟာ ပြည်စုံပြီး ဖက်ဒရယ်နဲ့ အနှစ်သာရ တွေပါတယ်လို့ပြောတယ်။ Perfect ဖြစ် တယ်လို့လည်း ပြောတယ်။ ခုဖြစ်နေတဲ့ Papigm တွေအရ တစ်ဖက်က မပြည့်စုံ ဘူးပြင်မယ်လို့ပြောနေတဲ့ Constitution အပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ကျွန်တော်တို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၉၂-၄၈ ဆိုတာ ရာပြည့် ကာလကို အခွင့်ကောင်းယူပြီးမှ လုပ်ခဲ့ တာ၊ တကယ်မဟုတ်ဘူးလို့ပြောတဲ့သူ တွေလည်း ရှိပါတယ်။ အဲတုန်းကလည်း နိုင်ငံတကာက ဘာမှ မပြောပါဘူး။ နိုင်ငံ တကာအသိုင်းအ၀ိုင်းကလည်း ဘာမှ မဝေဖန်ပါဘူး။ အခုပြောနေတယ်ဆိုတာ ကလည်း ပြောတဲ့နိုင်ငံတော့ ပြောနေ တယ်ပေါ့နော်။ ဒါပေမဲ့ နိုင်ငံအနေနဲ့ ပြော တာမဟုတ်ဘူး။ ပတ်သက်ရာပတ်သက် ကြောင်းတွေတော့ပြောမှာပေါ့။ဒါကတော့ ပြောပိုင်ခွင့်အရသူတို့အမြင်သူတို့ပြောင်း တာပဲလေ။ ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးပြုမလားမပြုဘူးလား၊အကျိုးရှိမလား မရှိဘူးလား၊ဒါကတော့ အရေးကြီးတယ်။ အကျိုးရှိအောင် လုပ်နိုင်တယ်ဆိုရင် ဒါ အောင်မြင်တာပါပဲ။ ကျွန်တော်ကတော့ နိုင်ငံအတွက်တကယ်လက်တွေ့အကောင် အထည်ဖော်တယ်ဆိုတဲ့ကိစ္စပဲ အရေးကြီး တယ်လို့ ပြောချင်ပါတယ်။

မြန်မာ့နိုင်ငံရေးသုံးသပ်ချက်တွေအရ ၂၀၁၅ ဆိုတဲ့ကာလမှာ အတိုက်အခံဖြစ် တဲ့NLD က အပြတ်အသတ်သာ နိုင် သွားခဲ့ရင်Military Back ရှိတဲ့ ပြည် ခိုင်ဖြိုးသာရှုံးခဲ့ရင် အာဏာသိမ်းမှုအောက် တိုင်းပြည်တစ်ကျော့ပြန်ရောက်မလားဆိုပြီး စိုးရိမ်တာတွေသိရပါတယ်။ တကယ်ရော အဲဒီလို ဖြစ်နိုင်ခြေရှိပါသလား။

ကျွန်တော်ပြောတာ ရှင်းပါတယ်။ ပါတီဟာ တိုင်းပြည်အတွက်ပဲ။ အဲဒီမှာ ရှုံးတာနဲ့နိုင်တာနဲ့ မဆိုင်ဘူး။ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်မှာ ကျွန်တော်တို့ ရှုံးခဲ့ တယ်... ရှုံးတယ်ဆိုပြီး မိဘပြည်သူ တွေရဲ့အကျိုး ကျွန်တော်တို့ မလုပ်ဘဲ မနေခဲ့ပါဘူး။ ဒီနေ့ရှုံးတဲ့ ညနေပိုင်းထဲက စပြီး မိဘပြည်သူတွေ လိုအပ်ချက်တွေကို တတ်နိုင်သလောက် လိုက်လုပ်ပေးတာပဲ။ ကျွန်တော်တို့ရှုံးလည်း မိဘပြည်သူတွေ အကျိုးရှိတာပဲလုပ်မှာပဲ။ဆက်လည်းလုပ် သွားမှာပါပဲ။ ဒီအဖြေကရှင်းနေတာပါပဲ။

ဟုတ်ကဲ့၊ ဒါမှမဟုတ် သူမသာ ကိုယ်မနာဖြစ်ပြီး ဒီရွေးကောက်ပွဲရလဒ် အရ ညွန့်ပေါင်းဖွဲ့ရမယ်။ ဒါမှမဟုတ် ဖွဲ့ဖို့လိုတယ်ဆိုရင်ရော ပြည်ခိုင်ဖြိုးပါတီနဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဒါကတော့ ရွေးကောက်ပွဲ အခြေ အနေပေါ်ပဲ မူတည်ပါတယ်။ အဲဒီရွေး ကောက်ပွဲ အခြေအနေပေါ်မူတည်ပြီး လုပ်သင့်လုပ်ထိုက်တာလို့တော့ လုပ်ရမှာ ပေါ့။ အဲဒီတော့ အဲဒီအချိန်ဖြစ်လာမယ့် ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်ရမှာ ပေါ့ဗျာ။ နောက်ပြီး ၂၀၁၅ ဆိုတာအတွက် နယ်မြေတွေကွင်းဆင်းကြည့်ရှုတဲ့အခါ အဲသလို ကွင်းဆင်းခဲ့တဲ့ ရလဒ်တွေအရ အခြေအနေကောင်းပါတယ်။ ပြည်သူ တွေကလည်း လိုလားကြပါတယ်။ ဘာလို့ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူ တွေလိုလားတာကို အပြည့်အ၀လုပ်မပေး နိုင်သော်လည်း အတိုင်းအတာတစ်ခု အထိတော့ လုပ်ပေးနိုင်အောင် ကြိုးစား တယ်။ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားတယ်။ ဒီလိုလိုက်လုပ်နေတာတွေကလည်း ပါတီ အတွက်မဟုတ်ဘူး၊ နိုင်ငံနဲ့လူမျိုးအတွက် မိဘပြည်သူအတွက် လုပ်နေတာ။ မိဘ ပြည်သူတွေနဲ့ တိုင်းပြည်ရဲ့အကျိုးကိုပဲ ရှေးရှုပြီး လုပ်နေတဲ့အတွက် ရလာမယ့် ရွေးကောက်ပွဲ ရလဒ်တွေအပေါ်လည်း မစိုးရိမ်ပါဘူး၊ စိုးရိမ်စရာလည်း မရှိပါဘူး။တလောက ပြည်ခိုင်ဖြိုးပါတီဝင် အမျိုး သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ခဲ့ဖူးပါတယ်။ တိုင်းပြည်ရဲ့ ထိလွယ်ရှလွယ်နေရာဒေသမျိုးတွေမှာ တပ်မတော်နောက်ခံ(Military Back) ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီသာမကိုင်ရင် ပြည် တွင်းစစ်ကို ဦးတည်လာနိုင်တယ်။ နောက်ပြီး ဒေသကွက်ပြီး တပ်မတော်က ၀င်ထိန်းရမယ့်အနေအထားတွေ ဖြစ်လာ နိုင်တယ်လို့ သုံးသပ်တယ်။

ထိလွယ်ရှလွယ်နေရာတွေမှာ ပြည် ခိုင်ဖြိုးမနိုင်ရင်ရော ဖြစ်လာတဲ့ပြဿနာ တွေကို ဘယ်လိုကိုင်တွယ်မလဲ၊ ဒီအနေ အထားမှာ ပြည်ခိုင်ဖြိုးကရော မျက်နှာလွှဲ နိုင်ပါသလား။

လုပ်တဲ့ရည်ရွယ်ချက်ကိုက ပြည်သူ တွေအကျိုး၊ တိုင်းပြည်ရဲ့အကျိုးအတွက် ပဲ။ တိုင်းပြည်နဲ့ ပြည်သူအကျိုးမရှိမှာကို လည်း ကြည့်မနေဘူး။ ပါတီဖွဲ့တယ်ဆို ကတည်းက မိဘပြည်သူတွေကို အလုပ် အကျွေးပြုဖို့ ဖွဲ့တာပဲ။ ခုနက ပြောသလို ပြည်ခိုင်ဖြိုးကမနိုင်ရင် ထိလွယ်ရှလွယ် ဒေသတွေမှာ ပြည်တွင်းစစ်ဦးတည်မလား၊ ဒေသအတွက် တပ်မတော်ဝင်ထိန်းရ မလားဆိုတော့ မဖြစ်နိုင်ပါဘူး။ သို့သော် လည်းပဲ တစ်ခုတော့ရှိတာပေါ့နော်။ တည် ငြိမ်အေးချမ်းမှုလည်းမရှိဘူး၊ အုပ်ချုပ်ရေး ပိုင်းကလည်း ထိရာက်တဲ့ ထိန်းသိမ်းမှု မလုပ်နိုင်ဘူးဆိုရင်တော့ ဒီလိုပဲ ၀င်ရမှာ ပေါ့။ အခုလက်ရှိကာလမှာလည်း တပ်မ တော်က ၀င်ပြီးတော့မှ ဆောင်ရွက်နေ တာတွေ တွေ့နေရတာပဲ။ အုပ်ချုပ်ရေး ပိုင်းက မကိုင်နိုင်ဘူး။ ဒါ့ကြောင့် ပဋိပက်္ခ တွေကြီးထွားလာမယ့် အနေထားဖြစ်လာ ရင်တော့ တပ်မတော်က ၀င်ရမှာပဲလေ။ ဒါပြဿနာတွေမဖြစ်အောင်၊ မကြီးအောင် လို့လေ၊ ဒါဆို တပ်မတော်မ၀င်အောင် ပြဿနာတွေ ပဋိပက္ခတွေမဖြစ်အောင် လုပ်ပေါ့။ ကျွန်တော်တို့ကပလည်း အဖြစ် မခံပါဘူး။ မိဘပြည်သူတွေက တည်ငြိမ် အေးချမ်းတာကိုလိုလားတယ်။ ဒါကြောင့် မဖြစ်အောင်လို လုပ်မှာပဲ။

ခု လွှတ်တော်နဲ့ လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာတွေအတွက် ပြည်ခိုင် ဖြိုးရဲ့ ပြင်ဆင်မှု၊ ကိုယ်စားလှယ်လျာထား ဆောင်ရွက်မှုကရော ဘယ်လိုအခြေအနေ ရှိပါပြီလဲ၊ ဒီလျာထားတဲ့ပါတီရဲ့ ကိုယ် စားလှယ်လောင်းတွေ အပေါ်မှာရော Capacity အတွက် ပါတီက ဘယ်လိုပံ့ပိုး ထားပါသလဲ။

လစ်လပ်နေရာအတွက် ကိုယ်စား လှယ်တွေ လျာထားမှုအခြေအနေက တော့ အားလုံးပုံမှန်ပါပဲ။ သို့သော်လည်းပဲ ရွေးကောက်ပွဲကာလရောက်ရင်တော့ ရွေးကောက်ပွဲအကြိုကာလဆိုတာနဲ့ လျော်ညီတဲ့ Campigm တွေ လုပ်မှာပေါ့ ဗျာ။ ဒီ့အတွက် ခုသင်တန်းတွေလည်း ပေးနေတယ်။ ဒီအပေါ် ထပ်မံပြီး ဆင့် ပွားသင်တန်းတွေလည်းပေးတယ်။ ဥပဒေ နဲ့ညီညွတ်သော ရွေးကောက်ပွဲကြီးဖြစ် တာမို့ အောင်မြင်ဖို့အတွက် ကျွန်တော်တို့ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ၀ိုင်းကူ ပေးမှာပဲ။ ပံ့ပိုးပေးမှာပဲ။ ဒါ အားလုံးသိပါ တယ်။ နိုင်ငံတကာလည်း သိပါတယ်။

အခြားသော ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးအရ ပါတီအချင်းချင်း၊ အတိုက် အခံအချင်းချင်း အပြန်အလှန်ဝေဖန်မှုတွေ လုပ်တဲ့အခါမှာလွန်ကျူးတဲ့စကားတွေကို သေချာပြန်လည်ဆန်းစစ်ပြီးဥပဒေကြောင်း အရ အရေးဆိုတာတွေရှိပါတယ်။ မှန်တဲ့ ဘက်က ပြန်ပြီးအရေး ဆိုတဲ့သဘောပေါ့ နော်။ ခုပြည်တွင်းမှာဆို ပြည်ခိုင်ဖြိုးရဲ အလားအလာအပေါ်ဝေဖန်ရာမှာပြင်းထန်မှု တွေရှိသလိုအသင်းကြီးအဖြစ်စတင်မတည် ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစရှိသူ တွေအပေါ်မှာတောင် ပြင်းထန်စွာ ဝေဖန် ပြောကြားမှုတွေရှိတော့ ဒီ့အပေါ်ဘယ်လို တုံ့ပြန်မလဲသိပါရစေ။

ဒါကတော့ ရှင်းပါတယ်။ ဥပမာ ရန် ဖြစ်ကြတယ်ပေါ့နော်။ တစ်ဖက်က ရန်လို တာကို လိုသလိုပြန်လုပ်ရင် ရန်ဖြစ်တဲ့ထဲ ရန်ဖြစ်တဲ့စာရင်းထဲ ပါသွားမှာပေါ့ဗျာ.. နော်။ ကျွန်တော်တို့ကို ဆဲတယ်ပေါ့နော်။ အဲဒါကို ပြန်ဆဲရင် ကျွန်တော်တို့လည်း ဆဲတယ်ဆိုတဲ့အထဲ ပါသွားမှာပေါ့။ ကျွန် တော်တို့ကတော့ ဆဲတဲ့အထဲမပါချင်ဘူး။ အမှန်တရားဆိုတာကတော့ ဘယ်တော့ မှ မပျောက်ကွယ်ပါဘူး။ လူထုတွေထဲမှာ သက်ဆိုင်ရာဒေသတွေ၊ နယ်မြေတွေ တော့ သိမှာပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတ ဖြစ်ခြင်းအပေါ် တိုင်းရင်းသားထုတစ်ရပ် လုံးက ကြိုဆိုတယ်၊ ထောက်ခံတယ်ဆို ပြီး ပြည်တွင်းမှာဖြစ်နေတဲ့ Campigm တွေမှာလည်း ဒီစကားတွေကြားရသလို အချို့သော တိုင်းရင်းသားခေါင်းဆောင် အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ်္မတရာထူးအလားအလာအပေါ် ကြိုဆို တယ်ဆိုတဲ့အကြောင်း ဖွင့်ဟဖူးတယ်။ တိုင်းရင်းသားထုတစ်ရပ်လုံးက ကြိုဆို တယ်ဆိုတဲ့အပေါ် အာဏာရ အတိုက်အခံ ပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

ဒါကတော့ ကျွန်တော် မပြောတတ် ဘူး။ ဒီ့အပေါ် ထောက်ခံတဲ့သူလည်း ရှိသလို ကန့်ကွက်တဲ့သူတွေလည်း ရှိမှာ ပေါ့ဗျာ။ ဒါကြောင့် တစ်ခုခုပြောမယ်။ သုံးသပ်မယ်ဆိုရင် နိုင်ငံ့မျက်နှာကြည့်ပြီးပဲ သုံးသပ်ကြပေါ့ဗျာ။ နောက်ပြီး ဘာပဲ ပြောပြော နိုင်ငံကောင်းစားရေးဆိုတာပဲ ကြည့်ပြီးပြောပေါ့ဗျာ။ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်။

ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့ အတွက် အထူးကျေးဇူးပါတယ်။



Hot News

အိမ်၌ မပြု-မထားသင့်သော ရှောင်သင့်သော အရာများ



ခေတ်ကြီးသည် ၂၀ ရာစုမှသည် ၂၁ ရာစုသို့ရောက်ရှိလာခဲ့ပါပြီ။
အရာရာတို့ သည်လည်းတစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလဲခဲ့ကြပါပြီ။
သို့ပါသော်လည်းကျွန်တော်တို့ဘိုးဘွားစဉ်ဆက်ဆိုမိန့်ခဲ့ကြသော
အောက်ပါအချက်ကလေးများကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် အသက်ဝင်နေဆဲ၊အလေးဂရုပြုရမည့်အရာများ ဖြစ်နေဆဲဖြစ်ပါတော့သည်။

၁။ အိမ်ရှေ့၌ ဌက်ပျောပင်မစိုက်ကောင်း။

၂။ ကိုယ်ဝန်ဆောင်များသည် အပြောအဆိုမကြမ်းကောင်း။

၃။ လက်ဖက်သုပ်စားပြီးနောက် ကလေးငယ်၏ပါးကို မနမ်းကောင်း။

၎။ ကတ်ကြေး၊ကွမ်းညှပ်၊ဓား စသည်တို့ကို ဖြတ်စရာ ညှပ်စရာ မပါပဲ
မညှပ်ကောင်း။

၅။ သစ်ပင်နှစ်ပင်ကြားတွင် အ၀တ်လှန်းရန် ၀ါးမညှပ်ကောင်း။

၆။ အိမ်တွင် ဇယ်မခုတ်ကောင်း။

၇။ အိမ်သားတစ်ဦးဦး ဖျားနာနေစဉ် ခေါင်းမလျှော်ကောင်း။

၈။ ယောက်မနှင့်ထမင်းအိုးကို မရိုက်ကောင်း။

၉။ စလောင်းဖုံးကို မီးဖိုပေါ်မအုပ်ကောင်း။

၁၀။ မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူမီးမမှုတ်ကောင်း။

၁၁။ ညောင်သားကိုထင်းမစိုက်ကောင်း။

၁၂။ ကျောက်နီလက်စွပ်ကို နှစ်ကွင်းထပ်၍ မစွပ်ကောင်း။

၁၃။ ဖိနပ်ချွတ်သောနေရာတွင် ထီးမထားကောင်း။

၁၄။ ဖိနပ်ပေါ်သို့ထီးအချွန်မထောက်ကောင်း။

၁၅။ ဖျာကိုလိပ်ပြီး အမြှင့်၌ မတင်ကောင်း။

၁၆။ နာရီကို ခြေရင်းဘက်တွင် မချိတ်ကောင်း။

၁၇။ မိဘ ကြီးကဲသူတို့၏ ဖိနပ်ကိုမနင်းကောင်း။

၁၈။ ဓာတ်ခဲအဟောင်းများကို အိမ်တွင်မထားကောင်း။

၁၉။ အိမ်၏မျက်နှာစာတွင် ထမင်းဟင်းချက်ပြုတ်၍ မစားကောင်း။

၂၀။ ကွဲအက်နေသော မှန်များ အိမ်တွင်မထားကောင်း။

.
Ashin Mu Nain Da
Myanma Spectrum