အမျိုးသမီးတစ်ဦး သေဆုံးမှုကို လိုက်စုံစမ်းတဲ့ ခင်ဝင့်ဝါ

ပို့စ်တင်ချိန် - 6/26/2014 06:08:00 PM


အမျိုးသမီးတစ်ဦး သေ ဆုံးမှုကို  စုံစမ်းသူတစ်ဦးအဖြစ် ဒါရိုက်တာ သည်ခေတ်နေ၏  ‘‘ဟိုဘက်ဒီဘက်မှတ်စု’’ ဇာတ်ကားတွင် သရုပ်ဆောင်နေကြောင်း ခင်ဝင့်ဝါကပြောသည်။

‘‘ဟိုဘက် ဒီဘက်မှတ်စုဆို တဲ့ ဇာတ်ကားမှာ မမိုးဟေကို သေသွားတာကို စိတ်ဝင်စားလို့ လိုက်စုံစမ်းတဲ့   ပုံစံနဲ့   သရုပ် ဆောင်ထားပါတယ်။    စုံထောက် တစ်ယောက်     အနေနဲ့တော့ မဟုတ်ဘူး။     သေသွားတဲ့အ ကြောင်းကို သိချင်လို လိုက်စုံစမ်း တဲ့ ရုံးဝန်ထမ်းကောင်မလေးတစ် ယောက်ပုံစံနဲ့ပါ’’ ဟု ၎င်းကပြော သည်။

ယင်းဇာတ်ကားတွင် နေတိုး၊မိုးဟေကိုတို့နှင့် တွဲဖက် သရုပ် ဆောင်နေပြီး စိတ်ဝင်စားစရာ ကောင်းမည့် ဇာတ်ကားတစ်ကား ဖြစ်မည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။ယခုနှစ်အတွင်း ရုပ်ရှင်နှစ်ကားတွင် ပါဝင်ရိုက်ကူးခွင့်ရခဲ့ သလို လက်ရှိအချိန်အထိ ဇာတ် ကားများဆက်တိုက် ရိုက်ကူးဖြစ် သော်လည်း သရုပ်ဆောင်မှုနှင့် ပတ်သက်၍ ကိုယ့်ကိုယ့်ကိုယ် အားရကျေနပ်မှု မရှိသေးကြောင်း ခင်ဝင့်ဝါက ပြောသည်။

‘‘ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်တာတော့ မရှိသေးဘူး။   နောင်လည်းရှိမှာတော့ မဟုတ်ဘူး။     ဒါရိုက်တာတစ်ယောက်နဲ့တွေ့ရင် ပညာတစ်မျိုးရသလို   နောက်ထပ်ဒါရိုက်တာ တစ်ယောက်နဲ့   ထပ်တွေ့ရင်လည်း    ပညာတစ်မျိုးထပ်ရနိုင် တယ်။ အနုပညာက လေ့လာဖို့ကုန်သွားတယ်ဆိုတာ    မရှိဘူးလေ။ အခုမှ စရိုက်တာဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိမှာ ပါ’’ဟု ၎င်းကပြောသည်။

7day daily