ပါကစ္စတန်နိုင်ငံက ဗေဒင်ဟောတဲ့ လူတစ်ပိုင်း မြေခွေးတစ်ပိုင်း

ပို့စ်တင်ချိန် - 6/26/2014 04:33:00 AM



ပါကစ္စတန်နိုင်ငံ ကရာချီတိရစ္ဆာန်ရုံမှာတော့ တခြားဘယ်မှာမှ မတွေ့နိုင်တဲ့ အရာတစ်မျိုးကို တွေ့နိုင်ပါတယ်။


Mumtaz Begum လို့ခေါ်တဲ့ လူတစ်ပိုင်း မြေခွေးတစ်ပိုင်း သတ္တဝါတစ်ကောင်ဖြစ်ပါတယ်။
ဒီ Mumtaz ဟာ အစစ်မဟုတ်ဘူးဆိုပေမဲ့ ဒီတိရိစ္ဆာန်ရုံရဲ့ အဓိကဝင်ငွေရှာပေးနေတဲ့ သတ္တဝါဖြစ်ပြီး သူရှိနေတာဟာ နှစ်ပေါင်းများစွာ ရှိပါပြီ။

အထူးပြုလုပ်ထားတဲ့ ဒီနေရာမှာ အထူးရွေးချယ် ခန့်အပ်ထားတဲ့ လူတစ်ယောက်က ကလေးများကို ဟာသဆန်တဲ့ စကားများပြောပြီး လူကြီးများကိုတော့ ဗေဒင်ဟောကြားခြင်းများ ပြုလုပ်ပေးရတာဖြစ်ပါတယ်။

ဒီလူတစ်ပိုင်း မြေခွေးတစ်ပိုင်းမ ကို ကြည့်ချင်တယ်ဆိုရင်တော့ ၁၀ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။
ဒီလိုမျိုး မြေခွေး ခန္ဓာကိုယ် နဲ့မိန်းမလို ပြင်ဆင်ထားသူက အသက် ၃၃ နှစ်အရွယ် Murad Ali ဆိုသူဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်က သူ့အဖေသေဆုံးခဲ့တာကြောင့် အဖေဖြစ်သူရဲ့ ဒီနေရာကို သူကဆက်လက် အမွေ ဆက်ခံခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သူ့အဖေ သေဆုံးပြီးပြီးခြင်း ဒီနေရာကိုရ ခဲ့တာမဟုတ်ပါဘူး။


လူပေါင်းများစွာကို ရွေးချယ်ခဲ့ပြီးမှ Murad Ali က သူ့အဖေရဲ့ နေရာကိုဆက်ခံခဲ့တာဖြစ်ပါတယ်။
တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Mohammad Fahim Khan ရဲ့အဆိုအရ Mumtaz လုပ်မယ့်သူအား သူတို့ရဲ့ အရည်အချင်းကို ကြည့်ပြီးရွေးချယ်တယ် လို့ဆိုပါတယ်။

အထူးသဖြင့် ဒေသဘာသာ စကားဘယ်လောက်များများ ပြောတတ်လဲဆိုတာနဲ့ သက်ဆိုင်တဲ့ အရည်အချင်းတွေကို ကြည့်ပြီး ခန့်အပ်တယ်လို့ဆိုပါတယ်။


photo>> DailyMail
World Myanmar News