အရက်ကြောင်ကာ စာတိုက်ပုံးထဲသို့ လိင်အင်္ဂါထည့်ခဲ့တဲ့ စကော့တလန် အမျိုးသား

ပို့စ်တင်ချိန် - 6/26/2014 04:33:00 AM



အရက်သောက်တွေ အလွန်အကျွံသောက် သုံးလိုက်ပြီဆိုတာနဲ့ ပေါက်တတ်ကရ လုပ်ရပ်တွေကို အများဆုံးလုပ် လာတယ်ဆိုတာ တကယ်အမှတ်ပါပဲ။ ဒါကို ပတ်ဝန်း ကျင်မှာ ပြောတဲ့စကားနဲ့ဆိုရင် အရက်ကြောင်တယ်လို့ ပြောကြပါတယ်။

အခုလည်း ဒီမှာစကော့တလန် အမျိုးသားတစ်ဦးရဲ့ အရက်ကြောင်ပုံက အမျိုးသမီး နှစ်ဦးကို အထိတ်တလန့်အံ့သြသွားစေခဲ့တယ်လို့ ဒေးလီးရီပို့သတင်းတစ်ခုက ဖော်ပြ ထားပါတယ်။
စကော့တလန်၊ပီစလေမှာနေထိုင်သူ အသက် ၄၄ နှစ်အရွယ် အရက်စွဲလန်းနေတဲ့ အမျိုးသား မားရစ်ရော်ဂျစ်က အဆိုပါအမျိုးသမီးနှစ်ဦးနေထိုင်တဲ့ အိမ်ရဲ့ စာတိုက်ပုံး အ၀ထဲသို့စာအိတ်အတွင်း ထည့်ထားတဲ့သူ့ရဲ့လိင်အင်္ဂါတံကို မရမကအတင်းသွပ် သွင်းခဲ့တာပဲဖြစ်ပါတယ်။

ဒီမြင်ကွင်းကိုမြင်တွေ့တဲ့ အမျိုးသမီးနှစ်ဦးက အတော်လေး ကိုထိတ်လန့်အံ့သြသွားခဲ့ကြတယ်လို့သိရပါတယ်။
ထို့အတွက် မားရစ်ရော်ဂျစ်အနေနဲ့ ဒီလို လိင်ပိုင်းဆိုင်ရာ အပြုအမူကို အများပြည် သူလူမြင်ကွင်းမှာ ပြုလုပ်နေခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ သူကိုယ်တိုင်လည်း အပြစ်ရှိ ကြောင်း ၀န်ခံတဲ့အတွက် နိုင်ငံဥပဒေအရ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

image>> metro.co.uk

Phothutaw