FBI ဖော်ထုတ်ခဲ့သည့်ကလေးငယ်များ လိင်လုပ်သားအဖြစ် လူကုန်ကူးခံရမှု

ပို့စ်တင်ချိန် - 6/26/2014 05:52:00 PM



အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို FBI ဟာ အမေရိကန်မြို့ကြီးတွေမှာ ဖြစ်ပွားနေတဲ့ ကလေးငယ်များ လိင်လုပ်သားအဖြစ်
လူကုန်ကူးခံရမှုကို တစ်ပတ်ကြာ  စုံစမ်းထောက်လှမ်းခဲ့တယ်လို့ သိရပါတယ်။

တစ်ပတ်ကြာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ လိင်လုပ်သားဖြစ်နေသူ ကလေးငယ် (၁၆၈)ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး
ခိုင်းစေနေမှု(၂၈၁)ခုနဲ့ ဆက်စပ်နေသူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ တစ်ပတ်ကြာပြုလုပ်ခဲ့တဲ့ တိုက်ဖျက်ရေးအစီအစဉ်မှာ ဥပဒေစိုးမိုးရေးအဖွဲ့
(၄၀၀)နဲ့ နိုင်ငံတစ်ဝှမ်းက မြို့ကြီး (၁၀၀)ကျော်က ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အခုတစ်ကြိမ်တိုက်ဖျက်မှုဟာ ရဲ့(၈)ကြိမ်မြောက် ကလေးငယ်များ
လိင်လုပ်သားအဖြစ် လူကုန်ကူးခံရမှု တိုက်ဖျက်ရေးအစီအစဉ်ဖြစ်ပါတယ်။ (၁၁)နှစ်အတွင်းပြုလုပ်ခဲ့တဲ့ အစီအစဉ်တွေ အတွင်းမှာ FBI ဟာကလေးငယ်ပေါင်း (၃၆၀၀)ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်မှု(၁၄၅၀)ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ FBI က သတင်းထုတ်ပြန်ထားပါတယ်။

ကယ်ဆယ်ခံထားရတဲ့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကုသမှုတွေကို လိုအပ်နေတယ်လို့ FBI အရာရှိတွေက ပြောပါတယ်။
ကလေးပျောက် ကာယကံရှင်တွေဟာ သူတို့ရဲ့ကလေးတွေဟာ အိမ်ကနေထွက်ပြေးတာဖြစ်ပြီး မကြာခင် ပြန်လာမှာဖြစ်တယ်လို့ယူဆကာ
သက်ဆိုင်ရာကို တိုင်ကြားစုံစမ်းခြင်း မရှိတာကလည်း အမေရိကန်နိုင်ငံမှာ ကလေးငယ်တွေလိင်လုပ်သားအဖြစ် လူကုန်ကူးခံရမှုဖြစ်စေတဲ့
အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

Source;CNN

ဘာသာပြန် David

The Myanma Age