အိမ်မှာ အေအိုင်ဒီအက်စ် လူနာရှိရင်နဲ့ သေရင် (အမေးအဖြေ)

ပို့စ်တင်ချိန် - 6/26/2014 04:39:00 AM


မေး။    ။ ရောဂါဖြစ်တဲ့သူတိုင်းကို ဆေးရုံတင်ပြီး ကူသဖို့ လိုပါသလား။
ဖြေ။    ။ အေအိုင်ဒီအက်စ် ရောဂါ ဝေဒနာ ရှင်တွေကို ဆေးရုံမှာ အမြဲထားပြီး ကုသဖို့ မလိုပါဘူး။ ဝေဒနာ ပြင်ထန်နေတဲ့ အချိန်အခါမှာသာ ဆေးရုံတင်ဖို့ လိုပါတယ်။ ကျန်တဲ့အချိန်တွေမှာ ကိုယ့်အိမ်မှာပဲ နေပြီး အတူနေမိသားစုတွေက ပြုစုစောင့်ရှောက်ပေးလို့လည်း ရပါတယ်။
မေး။    ။ အေအိုင်ဒီအက်စ် ရောဂါဖြစ်နေတဲ့ အိမ်သားတစ်ဦးရဲ့ အဝတ်အစားကို ဘယ်လိုလျှော်ဖွတ်ရပါမလဲ။
ဖြေ။    ။ လူနာရဲ့သွေး၊ အညစ်အကြေးပေတဲ့ အဝတ်တွေနဲ့ အခြားအသုံးအဆောင်တွေကို ခွဲပြီးလျှော်ဖွတ်ပါ။ အပေသေးတဲ့ အစနေရာမှ ကိုင်ပြီး သွေးတွေအညစ်အကြေးတွေကို ရေနဲ့ အရင်ဆေးပါ။ ပုံမှန် လုပ်နေကျအတိုင်း ဆပ်ပြာရည်နဲ့ လျှော်၊ နေပူလှန်း၊ မီးပူတိုက်ပါ။ ဆပ်ပြာရည်အစား အရောင်ချွတ်ဆေးမှုန့် အရည်သုံးနိုင်ရင်တော့ ပိုကောင်းပါတယ်။
မေး။    ။ အရောင်ချွတ် ဆေးရည်နဲ့ လျှော်မယ်ဆိုရင် ဆေးမှုန့်ကို ဘယ်လိုအချိုးအဆနဲ့ အရည်ဖျော်ရပါမလဲ။
ဖြေ။    ။ ရေပုံးထဲမှာ ရေသန့်ဗူး (တစ်လီတာဗူး) တစ်ဗူးစာရေထည့်ပါ။ အရောင်ချွတ်ဆေးမှုန့် ထမင်းစားဇွန်း (စတီးဇွန်းအရွယ်) တစ်ဇွန်းကို ရေထဲ ထည့်မွြှေီ့းေးမှုန့် တွေ ပျော်သွားတဲ့ အခါ ခန့်မှန်းခြင်း ၅ ရာခိုင်နှုန်းပါတဲ့ အိမ်သုံးအရောင် ချွတ်ဆးမှုန့် အရည်အဖြစ် သုံးလို့ ရပါပြီ။ အရောင်ချွတ်ဆေးမှုန့် အရည်ဟာ ဖျော်ပြီးရင် အာနိသင်တွေ လျှော့သွားတတ်တာမို့ သုံးခါနီး မှ ဖော်ျပြီး သံးတာ ပိုကောင်းပါတယ်။
မေး။    ။ လူနာရဲ့ သွေးတွေ အရိအရွဲတွေပေသွားတဲ့ နေရာကို ဘယ်လိုဆေးကြောသန့်စင်ရပါမလဲ။
ဖြေ။    ။ လူနာရဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့အရည်များကို မထိမိအောင် ကာကွယ်ရပါမယ်။ လူနာရဲ့ သွေးတွေ၊ အရိအရွဲတွေကို ကိုင်တွယ်တဲ့အခါ ကိုယ့်ရဲ့ လက်မျာ ပွန်းပဲ့ ဒဏ်ရာရှီရင်၊ အနာ၊ နှင်းခူ ရှီရင် လက်မစိုအောင် လက်မပေအောင် လက်အိတ် (သို့မဟုတ်) ပလပ်စတစ်အိတ်ကို သုံးပါ။ သွေး၊ အရိအရွဲပေနေတဲ့ နေရာကို ဆပ်ပြာရည် (သို့မဟုတ်) အရောင်ချွတ်ဆေးရည်နဲ့ သန့်စင်အောင် ဆေးပါ။
မေး။    ။ အေအိုင်ဒီအက်စ် ရောဂါနဲ့ သေဆုံးတဲ့ အခါ ရေချိုးပေးသင့်ပါသလား၊ ချက်ချင်း မြှပ်ရမလား၊ အိမ်မှာ ဘယ်နှစ်ရက် ထားရပါသးလဲ။
ဖြေ။    ။ အသုဘကိစ္စ ဆောင်ရွက်လို့ ရပါတယ်။ ရေချိုးပေးလို့လည်း ရပါတယ်။ ချက်ချင်း မြှပ်လည်း ရတယ်။ ရက်ကြာကြာ ထားချင်လည်း ထားလို့ ရပါတယ်။ တစ်ခုသတိထားရမှာက သေးဆုံးသူရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေကို ကိုင်တွယ်ရတဲ့ အခါ မတော်တဆ ကူးနိုင်တယ်။ သေဆုံးသူရဲ့ ခန္ဓာကိုယ်အပေါက်တွေကို ဂွမ်းနဲ့ ဆို့ပါ။ ကိုင်တွယ်တဲ့ အခါမှာလည်း တစ်ခါသုံး လက်အိတ်သုံးပါ။ ကိုင်ပြီးရင် ဆပ်ပြာနဲ့ လက်ဆေးပါ။
မေး။    ။ အေအိုင်ဒီအက်စ် ရောဂါကြောင့် ဇနီး (သို့မဟုတ်) ခင်ပွန်း သေသွားခဲ့ရင် ကျန်ခဲ့တဲ့ သူက နောက်ထပ် အိမ်ထောင်ပြုသင့် မပြုသင့် သိချင်ပါတယ်။
ဖြေ။    ။ ကာယကံ၇ှင်တွေ ဆန္ဒအတိုင်း ဆုံးဖြတ်နိုင်ပါတယ်။ အရေးကြီးတာက နောက်အိမ်ထောင် ပြုခဲ့လို့ ရှိရင် ကိုယ့်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင် ကြိုကြိုတင်တင် ဖွင့်ပြောဖို့ သင့်ပါတယ်။ တစ်ယောက်ကနေ တစ်ယောက် ရောဂါထပ်ပြီး မကူးအောင်လည်း အကာအကွယ် ယူဖို့ လိုပါတယ်။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Author: HimBur | Category: HIM, Myanmar
ပညာပေး, ဒေါက်တာမြင့်မြင့်ခင်