ငါးမြွေထိုး ငပိကောင်ကြော်

ပို့စ်တင်ချိန် - 6/26/2014 06:08:00 PM


ငပိကောင်လို့ဆိုပေမဲ့ အရမ်းငံမနေဘဲ စားလို့ကောင်းရုံငံမြမြနဲ့ ငါးဆားနယ်လေးပါဘဲ ၃ရက်လောက်ဘဲဆားနယ်ပြီး ရေစင်အောင်ပြန်ဆေးကာ ငရုတ်သီးတောင့် ငရုတ်သီးလုံးကြမ်းခွဲ ကြက်သွန်ဖြူတို့နဲ့ကြော်ထားတာမို့ စွဲမက်စရာငါးငပိကောင်ကြော်လေးတစ်မျိုးပါ။


ငပိကောင်လုပ်နည်းလေးကို မာမာပြောပြပါမယ် အရမ်းကိုရိုးရှင်းပြီး လုပ်ရတာလဲတော်လေးကိုလွယ်ပါတယ်

ငါးမြွေထိုး - 300 g
ဆားကြမ်း - ထမင်းစာဇွန်းမောက်မောက် ၃ဇွန်းတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ
ပန်းကန်ပြားတစ်ချပ်ခံပြီး ဆားနယ်ထားသောငါးများကို စီပြီးထဲ့ပေးပါ
ငါးထဲ့ထားသော ပန်းကန်ပြားကိုပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှအလေးတစ်ခုခုနဲ့ဖိထားပါ
ရိုးရိုးအိမ်တွင်းမှာရှိတဲ့အခန်းအပူချိန်နဲ့ဘဲ ထားထားပါ
၂ရက်၃ရက်အတွင်း ထားလိုက်ရင်ရပါပြီ
ကြော်ရန်အတွက်
ငါးကိုဆားအငံပေါ့စေရန် ရေအနည်းဆုံး၅ထပ်လောက်ဆေးပေးပါ
အငံတော်တော်လေးပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက်စိမ်ပြီးမှဆေးပေးပါ
ဆီကိုမီးအလယ်အလတ်လောက်နဲ့အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်အနည်းငယ်ထဲ့ပေးပါ
ငါးကိုထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ
ကြော်ပြီးလို့ပိုသောဆီထဲသို့ ငရုတ်သီးတောင့်ကို ညိုရောင်သန်းလာတဲ့ထိကြော်ပြီး ဆယ်ထားပါ
ဆီများနေရင်နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးရှော့ကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီးဆယ်မွှာလောက်ကို အရင်အ၀ါရောင်သန်းလာအောင်ကြော်လိုက်ပါ
ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ငရုတ်သီးလုံးခြမ်းခွဲ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကိုထဲ့မွှေပါ
ငရုတ်သီးကြော်ထဲကို ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်နဲ့ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို ထဲ့ပြီးကြော်ပေးပါ
ကြော်ချိန်ခနအတွင်း ငရုတ်သီးအရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ကြော်ထားတဲ့ငပိကောင်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ
မွှေပြီးတာနဲ့ ငရုတ်သီးတောင့်ကြော်နှင့်အတူ ပန်းကန်ထဲကိုပြောင်းထဲ့ပေးပါ
ထမင်းမိန်စေတဲ့ငပိကောင်လေး ရပါပြီ။





စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ