မန္တလေးမှာ ဖြစ်ပွားခဲ့သော ပဋိပက္ခ video အပိုင်းလေး တစ်ခု




ဘ၀အဖော်ရွေးချယ်ရာတွင်...


"အမျိုးသမီးများဟာ အ၀တ်အစား အသုံးအဆောင် ရွေးချယ်ရာမှာ၊ အမျိုးသားမိတ်ဆွေ ရွေးချယ်တာထက် ပိုပြီး ဦးနှောက်ကို အသုံးပြုလေ့ ရှိကြပါတယ်။"
- From "How To Marry Millionare"

"A Good Man Is Hard To Find" လို့ စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးပါတယ်။ အဲလိုပဲ တစ်ချို့ လူပျော်တွေကတော့ "A Hard Man Is Good To Find" လို့ ပြောကြပါတယ် (Viagra ဆေးတွေမပေါ်ခင်က ပြောကြတာဖြစ်နိုင်ပါတယ်)။ Mean-timers လို့ ခေါ်တဲ့ ရည်ရှည်ဆက်ဆံရေးအတွက် မစဉ်းစားရသေးပဲ လက်ရှိအခြေအနေမှာပဲ ရပါတည်နေကြတဲ့ အမျိုးသမီး အများစုကတော့ သူတို့ ဒီလို Long Term Relationship အတွက် မစဉ်းစားနိုင်သေးတာ ယောကျာ်းကောင်းတွေ နည်းပါးလာတာကြောင့်ပါတဲ့။ အမျိုးသမီးတွေရဲ့ စဉ်းစားမှုဟာ မှန်ကန်ပါရဲ့လား။

အမျိုးသားတွေဘက်က အမြင်ကတော့ တကယ်လို့  ယောကျာ်းတွေဟာ အမျိုးသမီးတွေ သတ်မှတ်ထားတဲ့ သင့်လျှော်တဲ့ အရည်အချင်း စံနှုန်းထားနဲ့  ကိုက်ညီမှု နည်ူပါးလာတဲ့အခါ အမျိုးသမီးတွေ ဘက်ကရော သူတို့ ရဲ့ စရိုက်နဲ့ ကိုက်ညီပြီး လက်ခံနိုင်ခြေရှိတဲ့ စံနှုန်းတစ်ခုရအောင် "ညှိနှိုင်း" လို့  မရနိုင်ဘူးလား။ အမျိုးသမီးတွေကတော့.. ဥပမာပေးရရင် ရှင်စားနေကျ စားသောက်ဆိုင်က ဟင်းလျာတွေရဲ့ အရည်အသွေးက ကျလာပြီဆိုပါစို့ ။ အရသာမရှိတဲ့ ဟင်းလျာတစ်ခွက်အတွက် ပေးနေကျ ဈေးအတိုင်းပေးပြီး အဲဒီဆိုင်မှာပဲ ဆက်စားနေမလား။ တစ်ခြားကောင်းတဲ့ဆိုင် ပြောင်းစားမလား။ ဒါမှမဟုတ် ရှင့်ဘာသာရှင်ပဲ ချက်စားတော့မလား။

ယောကျာ်းကောင်းတွေကို ရှာဖွေရ ခက်နေပါလား...

"ကြည့်လိုက်ရင်တော့ ပတ်ဝန်းကျင်မှာ ယောကျာ်းတွေအများကြီးပဲ။ တက်ာတမ်းတွဲကြည့်လိုက်တိုင်း ကိုယ့်စိတ်မှာ ရည်ရှည်အတွက် စဉ်းစားလို့ မရတဲ့သူတွေပဲ တွေ့ နေရတယ်။"

အပေါ်မှာ ရေးထားတဲ့ ကျွန်မ ဖတ်ဖူးတဲ့ "A Good Man Is Hard To Find" ဆိုတဲ့ စကားဟာ မှန်ကန်နေပါသေးသလားရှင်။ ယောကျာ်းတွေပေါပေမယ့် အခုကိစ္စက အရေအတွက်နဲ့ ဆိုင်လား အရည်အချင်းနဲ့ ဆိုင်လားဆိုတာ သေသေချာချာ စဉ်းစားဖို့ လိုပါလိမ့်မယ်။ လူဦးရေတိုးပွားမှုနှုန်းမှာတော့ အခုအချိန်အထိ အမျိုးသားဦးရေ ကျဆင်းတဲ့ အချိန်ရောက်နေပြီလို့  ကျွန်မ မကြားမိသေးပါဘူး။ မိန်းခလေး ဦးရေ ၁၀၀အတွက် ယောကျာ်းလေး ၁၀၅ဦးမွေးဖွားနေဆဲပါလို့  လေ့လာချက်များအရ သိရှိရပါတယ်။ အသက် ၃၀ကနေ ၃၅ ၀န်းကျင်အတွင်းမှာ အိမ်ထောင်မပြုတဲ့ အမျိုးသမီး ၃ယောက်ရှိပြီး အိမ်ထောင်မပြုတဲ့ အမျိုးသား ၄ယောက်ရှိပါတယ်တဲ့။ အဲလိုဆို အမျိုးသမီးတွေအတွက် အိမ်ထောင်ပြုစရာ မကျန်တော့တဲ့ အမျိုးသား ၂၅ရာခိုင်နုန်းကိုတောင် သနားနေရမလိုပါပဲ။ ကျွန်မဆိုလိုချင်တာက ကံမကောင်းစွာနဲ့  နယူးယောက်မြို့ လို အမျိုးသမီးလူဦးရေ အမျိုးသားထက် ရာခိုင်နှုန်းပိုများတဲ့ နေရာမှာ နေတဲ့သူ မဟုတ်ဘူးဆိုရင်တော့ အမျိုးသမီး တစ်ဦးတစ်ယောက်တိုင်းအတွက် အမျိုးသားတစ်ယောက်တော့ အနည်းဆုံးရှိပါတယ် (နယူးယောက်လိုနေရာမှာ အမျိုးသားမိတ်ဆွေ ကောင်းကောင်းတစ်ယောက် ရှာဖွေနိုင်ပြီဆိုရင်တော့ ဘယ်နေရာသွားသွား ရှင့်အတွက် အခက်အခဲ မရှိနိုင်တော့ဘူးလို့  မှတ်လိုက်ပါတော့)။

ဒီတော့ အမျိုးသားဦးရေ လျော့သွားလို့ ယောကျာ်းကောင်း ရှာရခက်တယ်ဆိုတာဟာ လုံးဝမဖြစ်နိုင်ပါဘူး။ အမျိုးသမီးတွေ တကယ်တမ်း အခက်တွေ့ နေတာ အမျိုးသားဦးရေ မဟုတ်ပါဘူး။ အမျိုးသားတွေရဲ့ အရည်အချင်းပါ။ အဲလိုအခက်အခဲတွေ နေတာလဲ ကောင်းတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ အဲလိုသေသေချာချာ စဉ်းစားခြင်းကြောင့် ကိုယ်နဲ့ စိတ်သဘောထားခြင်း မတိုင်ဆိုင်တဲ့သူ၊ Meantimers လို့ ခေါ်တဲ့ ရည်ရှည်ဆက်ဆံရေးအတွက် မစဉ်းစားရသေးပဲ "လက်ရှိအခြေအနေ"မှာပဲ ရပ်တည်နေကြသူတွေ နည်းပါးလာနိုင်ပါတယ်။ ယောကျာ်းကောင်း နည်းပါးလာတယ်လို့  ထင်မြင်ကြရခြင်းရဲ့ အခြားဖြစ်နိုင်ခြေတစ်ခုကတော့ အမျိုးသမီးတွေဟာ ပိုပြီး သံသယရှိခြင်း၊ ထက်မြက်ခြင်း၊ ရင့်ကျက်ခြင်း၊ စိတ်ဆန္ဒကို ထိန်းသိမ်းနိုင်ခြင်းတို့ ကြောင့် ဖြစ်နိုင်ပါတယ်။

အမျိုးသမီးများရဲ့ အဆင့်အတန်း မြင့်မားလာခြင်း..

"ကျွန်မ အချိန်တွေအများကြီးယူပြီး ပညာသင်ခဲ့တယ်။ အလုပ်လုပ်ခဲ့တယ်။ ကျွန်မလိုပဲ ပညာအရည်အချင်းရှိပြီး အလုပ်ကြိုးစားတဲ့ ယောကျာ်းတစ်ယောက်နဲ့ ပဲ ကျွန်မကိုယ်ကျွန်မ ထိုက်တန်တယ်လို့  ထင်ပါတယ်။"

ဘာကြောင့် အမျိုးသမီး အများစုဟာ ယနေ့  အမျိုးသားတွေကို မကောင်းဘူးလို့  ထင်ကြရတာပါလဲ။ ယောကျာ်းအတော်များများရဲ့ အခြေအနေဟာ ၁၉၇၂လောက်ကနေစပြီး ကြီးကြီးမားမား ပြောင်းလဲတိုးတက်ခြင်း မရှိကြတော့ပါဘူး။ အမျိုးသမီးများကတော့ ယနေ့ ခေတ်ကာလမှာ အရင်ကနဲ့ နှိုင်းယှဉ်ရင် အများကြီး တိုးတက်လာကြပါတယ်။ အဘွားတွေ အမေတွေနဲ့  နှိုင်းယှဉ်ရင် "Good" ဆိုတဲ့စကားတင်မကပဲ "Great" လို့ ပါပြောလို့ ရတဲ့ အခြေအနေကို တဖြည်းဖြည်းချင်း ရောက်ရှိနေကြပါတယ်။ အမျိုးသမီးများဟာ ပိုပြီး ထက်မြက်လာခြင်း၊ ပညာတတ်လာခြင်းတို့ အပြင် လုပ်ငန်းခွင်ဆိုင်ရာမှာပါ ပိုပြီး အောင်မြင်မှုရလာကြပါတယ်။ တက္ကသိုလ်၊ ကောလိပ်အများစုမှာ ထိပ်တန်းအဆင့်နဲ့  အောင်မြင်ကြပါတယ်။ အဖွဲ့ အစည်းတွေတင်မကပဲ အစိုးရ အုပ်ချုပ်ရေးအပိုင်းတွေမှာပါ ပါဝင်လာကြပါတယ်။ အမျိုးသမီးများအတွက် ပိုမိုလွတ်လပ်တဲ့ အခွင့်အရေးနဲ့  ရွေးချယ်မှုတွေရရှိလာကြပြီး မိမိတို့ ရဲ့ ရည်မှန်းချက်တွေကို လွတ်လပ်စွာ အကောင်အထည်ဖော်ရန် အိမ်ထောင်ပြုပြီး အခြေကျဖို့ ထက် အိမ်ထောင်မပြုပဲ လွတ်လပ်စွာ နေထိုင်မှုကို ရွေးချယ်လာကြပါတယ်။ အကျိုးဆက်ကတော့ သူတို့ အတွက် ကာကွယ်ပေးမယ့်သူ၊ ထောက်ပံ့ပေးမယ့်သူကို ရှာဖွေကြတာထက် ခြေရာတူနင်းနိုင်မယ့် အဖော်မျိုးကို ရှာဖွေလာကြပါတယ်။

အမျိုးသမီးများဟာ ကောလိပ်ပြီးတာနဲ့  အိမ်ထောင်ပြုဖို့ ကို ရွေးချယ်တာ နည်းပါးလာကြပါတယ်။ အမျိုးသား ကျောင်းနေဖက်တွေလိုပဲ ပြင်ပကမ္ဘာကို သွားရောက်စူးစမ်းလေ့လာလိုစိတ်တွေ ရှိလာကြပါတယ်။ အမျိုးသားတွေနဲ့ ပတ်သပ်ပြီး အတွေ့ အကြုံ အသစ်အဆန်းတွေ ရှာဖွေလိုလာကြပါတယ်။ အဘွားတွေလက်ထက်အလိုမဟုတ်ပဲ လက်ထပ်ခွင့်တောင်းသူ အမျိုးသားနဲ့ လက်မထပ်ခင် အတူနေကြပြီး တစ်ယောက်ကိုတစ်ယောက် လေ့လာ လာကြပါတယ်။ အဲဒီနောက် ယဉ်ကျေးမှု ပြောင်းလဲလာပြီး အချို့ သော အမျိုးသမီးများဟာ ယဉ်ကျေးမှု အဆိပ်သင့်ခြင်းကို ခံကြရပါတော့တယ်။

အသက် ၃၀ကျော်လာပြီး အိမ်ထောင်မပြုသေးတဲ့ အမျိုးသမီးတွေဟာ သူတို့ ဘ၀မှာ အောင်မြင်ချင် အောင်မြင်ခဲ့ပေမယ့် အိမ်ထောင်ပြုပြီး ဘ၀ကို မိသားစုနဲ့ အတည်တကျနေဖို့  အခွင့်အလမ်း ပိုမို နည်းပါးလာတာကို သတိထားရပါမယ်။ ဘ၀မှာ ကျန်းမာ၊ လှပပြီး အောင်မြင်မှုတွေရနေပေမယ့် လူဆိုတာ တစ်ယောက်တည်းနေထိုင်တဲ့ အမျိုးအနွယ်မဟုတ်တော့ တစ်ချိန်မှာ မိသားစု အသိုက်အမြုံလေးနဲ့  အခြေတကျနေထိုင်တာ အကောင်းဆုံးပါပဲ။

ကဲ.. ကိုယ့်လိုပဲ ပညာတတ်၊ အရည်အချင်းရှိ၊ ဘ၀မှာ အောင်မြင်ပြီး မိသားစုကို ချစ်တတ်တဲ့ အမျိုးသားတစ်ယောက်ကို ရှာဖွေနေပြီလား..။

ပညာတတ်၊ အရည်အချင်းရှိ၊ ဘ၀မှာ အောင်မြင်ပြီး ရှင်အထင်ကြီးလောက်စရာ အရည်အချင်းတွေ ရှိနေပေမယ့် ရှင်နဲ့ အတူရှိနေတာထက် လှပငယ်ရွယ်တဲ့ အရောင်းစာရေးမလေးတွေ အနားနေရတာ ပိုပြီး နှစ်သက်တဲ့ သူမျိုးတွေလဲ ရှိတယ်ဆိုတာ သတိထားစေချင်ပါတယ်။

မိမိကိုယ်ကိုယ် ရိုးသားပါ...
ကိုယ်တကယ်လက်မခံနိုင်တဲ့ အမျိုးသားတစ်ယောက်နဲ့  "ကောင်းတာမရမယ့်အတူ ရတာလေးပဲ ယူပါတော့မယ်လေ" ဆိုတဲ့ အကြောင်းပြချက်နဲ့  အိမ်ထောင်ပြုပြီး အခြေကျဖို့  ရည်ရွယ်တဲ့ သူတွေဟာ ကစားပွဲတစ်ခုကို မကစားခင်ကတည်းက ရှုံးပြီးသား သူတွေပါပဲ။ အခြား ကောင်းတဲ့ ဆိုင်တွေ အများကြီးရှိရက်နဲ့  အစားအသောက်ညံ့တဲ့ဆိုင်ကို ပြန်သွားတဲ့သူလောက် မိုက်တာရှိပါတော့မလား။ ဒါကြောင့် မကောင်းတဲ့အစားအသောက်ကို ဈေးကြီးပေးပြီး ၀ယ်စားမယ့်အတူ အခြားဆိုင်တွေမှာ ရှာဖွေကြည့်စေချင်ပါတယ်။ လက်ရှိအချိန်မှာ ရှာတွေ့ တဲ့အစားသောက်ကို မကြိုက်ရင်တောင် ကိုယ့်ဘာသာကိုယ်အိမ်မှာ ချက်စားလို့ ရပါတယ်။ စိတ်မလောဖို့ ပဲလိုအပ်ပါတယ်။

ဆောင်ရန် ရှောင်ရန်များ

ယောကျာ်းတွေ ဘယ်ရောက်ကုန်ပြီလဲး ကိန်ဂဏန်းများအရပြောရရင်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ ယောကျာ်းတွေ အများကြီး ရှိပါသေးတယ်။ အကုန်လုံးက ကိုယ့်အတွက်အဟုတ်ပေမယ့် ကောင်းတဲ့ယောကျာ်း မရှိတော့ဘူးဆိုတဲ့ ဆင်ခြေနဲ့  ရွေးချယ်မှုကို သေသေချာချာ မလုပ်ပဲ မနေမိအောင် သတိထားသင့်ပါတယ်။
ကိုယ်က အရမ်းကို အောင်မြင်နေတယ်ဆိုပါစို့း ပြသနာမရှိပါဘူး။ ရှင့်ရဲ့ အလုပ်၊ ရာထူးအရှိန်အ၀ါကြောင့် ကိုယ်နဲ့  သင့်တော်တဲ့သူ ရှာရခက်နိုင်ပါတယ်။ ဒါပေမယ့် ရှင့်ရဲ့ အဲဒါကြောင့်တော့ ရှင့်ရဲ့ အဆင့်အတန်းကို လျှော့ချစရာ မလိုအပ်ပါဘူး။

ဒါပေမယ့်....

အခွင့်အရေးကို လမ်းဖွင့်ထားပါး အရာရာမှာ တစ်လမ်းထဲမလုပ်ပဲ၊ အခြေအနေအရ ကောင်းစွာ ဆုံးဖြတ်တတ်ဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းက ဆရာဝန်တစ်ယောက်နဲ့  လက်ထပ်သွားလို့  သူ့ ထက်သာတာ ရအောင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး မရှိသင့်ပါဘူး။
အချိန်ကို စောင့်ပါး စိတ်ရှည်ခြင်းဟာ မလွယ်ကူတဲ့ အလုပ်ပါ။ ဒါပေမယ့် အချိန်ယူပြီး မိမိကိုယ်မိမိ ကောင်းစွာ နားလည်ခြင်းဟာ တစ်ကြိမ်တည်းနဲ့  အောင်မြင်တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။
အမျိုးသားတွေကလည်း မိမိလိုပဲ မျှော်လင့်ချက် ရှိကြပါတယ်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် အသက်အရွယ်နဲ့  အချိန်အခါမှာ ပိုပြီး အားသာချက် ရှိနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသား အတော်များများဟာလည်း Relationship နဲ့ ပတ်သပ်ရင် အမျိုးသမီးတွေလိုပဲ အတွေးအခေါ်မျိုး ရှိကြပါတယ်။ သူတို့ နဲ့  ကိုက်ညီမယ့် အဖော်တစ်ယောက်ကို အတည်တကျ ရှာဖွေလိုစိတ် ရှိကြတယ်ဆိုတာ သိသင့်ပါတယ်။

.
မေနန်းဦး
myanmar spectrum

အမေရိကန် ပြည်ထောင်စုရှိ ရှော့ပင်းမောလ်တစ်ခုအတွင်းသို့ ကျားသစ်တစ်ကောင်ဝင်ရောက်



ဇူလိုင်၂ရက်။

အမေရိကန်ပြည်ထောင်စု ယူထားပြည်နယ် ဆော့တ်လိတ်စီးတီးမြို့က Jordan Commons Centre ရှော့ပင်းမောလ်
အတွင်းကို တောရိုင်းတိရစ္ဆာန်ကျားသစ်တစ်မျိုးဖြစ်တဲ့ ပူးမားကျားသစ်တစ်ကောင် ဝင်ရောက်လာခဲ့တာကြောင့်ဈေးဝယ်သူတွေ
အထိတ်တလန့်ဖြစ်ပြီး ရှောင်ပုန်းခဲ့ရပါတယ်။

အဆိုပါ ကျားသစ်ဟာ ရှော့ပင်းမောလ်အတွင်းကို နံနက် ၈ နာရီခန့်က ဝင်ရောက်လာခဲ့တာဖြစ်ပြီး
အဲဒီနောက်မှာတော့ ဈေးဝယ်သူတွေဟာ ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ ကျားသစ်ရဲ့သွားလာမှုကို စောင့်ကြည့်ကင်မရာက
တစ်ဆင့် ဖမ်းယူကြည့်ရှုခဲ့တယ်လို့ အဆိုပါ ရှော့ပင်းမောလ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ လီရှာဖရန်စစ် က ပြောပါတယ်။
ယင်းနောက်ပိုင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့က

အဆိုပါ ရှော့ပင်းမောလ်သို့ ရောက်ရှိလာခဲ့ပြီး ကျားသစ်udk မေ့ဆေးသေနတ်နဲပ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
ကျားသစ်ဟာ မြောက်အမေရိကရှိ အကြီးဆုံး တောရိုင်းကြောင်အမျိုးအစားဖြစ်ပြီး အမြင့်ပေအားဖြင့် ၁၅ ပေ အထိ
ခုန်နိုင်တဲ့အပြင် အကွာအဝေးအားဖြင့် ပေ ၄ဝ အထိ ခုန်နိုင်တယ်လို့ သိရပါတယ်။

Source;CNN

ဘာသာပြန် David
The Myanma Age

လုပ်ငန်းအတွေ့အကြုံရချင်လို့ အလုပ်လုပ်လိုက်တာ၊ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့တယ်ဆိုသော မဇင်မာထွေးနှင့်တွေ့ဆုံခြင်း



မြန်မာနိုင်ငံတွင် ကလေးလုပ်သားများ ပပျောက်ရေး နိုင်ငံတကာက ကူညီဆောင်ရွက်ပေးမှုများ ရှိသော်လည်း မိသားစုစားဝတ်နေရေးအတွက် အလုပ်ဝင်လုပ်နေရသော ကလေးများ ဒုနှင့်ဒေး ရှိနေသည်။ ကလေးများသည် ပလတ်စတစ်ကောက်ခြင်း၊ ပန်းရောင်းခြင်း၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်များတွင် စားပွဲထိုးအလုပ်လုပ်ခြင်းတို့အပြင် စက်မှုလက်မှု အလုပ်ရုံများတွင်လည်း လခစား၊ နေ့စားများအဖြစ် လုပ်ငန်းခွင်ဝင်ရောက်ကာ ဘဝနေထိုင် ရပ်တည်ရေးနှင့် မိသားစု စားဝတ်နေရေးအတွက် ပညာရေးနှင့်ဝေးကာ အလုပ်လုပ်ရင်း ရုန်းကန်နေရလျက် ရှိနေပါသည်။ ထိုကဲ့သို့ လုပ်ငန်းခွင် ဝင်ရောက်နေရင်းမှ ထိခိုက်ဒဏ်ရာရကာ လက်တစ်ဖက်ဆုံးရှုံးခဲ့သူ အသက် ၁၅ နှစ်အရွယ်ရှိသော မဇင်မာထွေးနှင့် မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မဇင်မာထွေးသည် မန္တလေးစက်မှုဇုန် (၂) ရှိ ကနောင်မင်းသားလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ ရှင်းယဲစတီးချိုင့်စက်ရုံတွင် နေစားအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း မေလ ၂ ရက်နေ့တွင် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရာကာ လက်တစ်ဖက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

Voice : ဒီစက်ရုံမှာ ဘာကြောင့် အလုပ်ဝင်ဖြစ်တာလဲ။ အလုပ်ဝင်ဖြစ်ခဲ့တဲ့ အခြေအနေလေးကို ပြောပြပါဦး။

ZMH : အိမ်မှာက စီးပွားရေး အခြေအနေလည်း အဆင်မပြေဘူး။ ကိုယ်ပိုင်ဝင်ငွေလေးလည်း ရချင်တာရယ်၊ လုပ်ငန်း အတွေ့အကြုံလည်း လိုချင်လို့ ဒီအလုပ်ကို ဝင်ရောက် လုပ်ကိုင်ဖြစ်ခဲ့တာပါ။

Voice : အလုပ်လုပ်နေတဲ့ ငါးရက်အတောအတွင်းမှာ အခုလို မတော်တဆ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ အခြေအနေလေးကို ပြောပြပေးပါဦး။

ZMH : ညီမက တစ်နေ့ကို ၁၅၀၀ ကျပ်နဲ့ အလုပ်သင်အဖြစ် နေ့စားအလုပ် ဝင်လုပ်ခဲ့တာပါ။ စတင်ဝင်ရောက် လုပ်ကိုင်တဲ့ရက်နဲ့ နောက်ထပ်နှစ်ရက်မှာ အမှုန့်တိုက်ဌာနမှာ လုပ်ခဲ့ရတယ်။ စပြီး အလုပ်လုပ်မယ် ဆိုကတည်းက ဒီနေရာမှာပဲ လုပ်ရမယ်ဆိုတာကို သိတာပါ။ အလုပ်လုပ်ပြီး သုံးရက်မြောက်နေ့မှာမှ စက်ရုံက စီနီယာခေါင်းဆောင်က ခုညီမ မတော်တဆ ဖြစ်ပွားခဲ့တဲ့ စက်မှာ အလုပ်လုပ်ရမယ် ဆိုပြီးတော့ စက်လည်ပတ်ပုံနဲ့ လုပ်ပုံလုပ်နည်းကို ခဏတာပြသခဲ့တယ်။ ညီမ သူငယ်ချင်းကလည်း ညီမမှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိတဲ့အတွက် တစ်ယောက်တည်း မဖြစ်နိုင်တဲ့ အကြောင်းနဲ့ တစ်ယောက်တည်း မလုပ်ခိုင်းဘဲ သူနဲ့အတူတွဲလုပ်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ စက်ရုံဘက်က ညီမကို တစ်ယောက်တည်း လုပ်စေခဲ့တယ်။ ဒီစက်က စတီးချိုင့် အတွင်းပိုင်း အချောသတ်တဲ့စက်ပါ။ ပထမဆုံးဒီစက်မှာ လုပ်ရတဲ့နေ့က ဘာမှမဖြစ်ခဲ့ဘူး။ နောက်တစ်ရက်ပေါ့။ အလုပ်လုပ်တဲ့ ငါးရက်မြောက်နေ့မှာ စက်ထဲ လက်ပါသွားခဲ့တယ်။ လက်တစ်ဖက်တင် မဟုတ်ဘူး ရင်ဘတ်ပါ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Voice : လက်ရှိဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေဘက်က ဘာများပြောပါသေးလဲ။

ZMH : ဆရာဝန်ကြီးကတော့ ဒီဇူလိုင်လ ၂၂ ရက်နေ့ကို ထပ်ပြီး လာရောက်ပြသဖို့၊ စစ်ဆေးဖို့အတွက် ရက်ချိန်းထားပါတယ်။ အခုကညီမ လက်မြှောက်လို့ မရဘူး၊ ဆရာဝန်တွေကလည်း လေ့ကျင့်ခန်းလုပ်ဖို့ ညွန်ကြားထားပါတယ်။ အကယ်၍ လေ့ကျင့်ခန်းလည်းလုပ်လို့မှ လက်မြှောက်လို့မရရင်၊ လက်မြှောက်လို့မရဘူး ဆိုတာကလည်း ထိခိုက်ဒဏ်ရာရတုန်းက လက်နဲ့ရင်ဘတ် ထိသွားတော့ အကြောဆက်နေတယ် ပြောတယ်။ လက်မြှောက်လိုက်ရင် ရင်ဘတ်အသားကပါ နာလာတယ်။ ဆရာဝန်ကြီးကတော့ လေ့ကျင့်ခန်းတွေလုပ်လို့မှ လက်မြှောက်လို့မရရင် နောက်တစ်ကြိမ် ခွဲစိတ်ကုသရမယ်လို့ ပြောပါတယ်။

Voice : ညီမအခုလို ထိခိုက်ဒဏ်ရာ ရရှိခဲ့တော့ အလုပ်ရှင်ဘက်ကကော ဘယ်လိုကူညီမှုတွေရှိလဲ။ နစ်နာကြေး အနေနဲ့ကော ပေးတာရှိလား။

ZMH : ညီမဆေးရုံတက်ကတည်းက အလုပ်ရှင်က ဆေးရုံကို ရောက်မလာပါဘူး။ သူ့မန်နေဂျာကိုပဲ အကုန်လုံး လွှဲထားပေးတယ်လို့ သိရတယ်။ နစ်နာကြေးရယ်လို့ မပေးပါဘူး။ ဆေးရုံစရိတ်အားလုံးကိုတော့ သူတို့တာဝန်ယူပေးပါတယ်။ ဆေးရုံကဆင်းလို့ အိမ်ကိုပြန်ရောက်တော့ အလုပ်ရှင် တစ်ရက်လာပါတယ်။ တစ်ရက်ပဲရောက်လာပြီး သတင်းမေးပါတယ်။ တခြားလိုအပ်တာတွေကိုတော့ သူ့မန်နေဂျာက နေ့တိုင်း လာရောက်မေးမြန်း လုပ်ဆောင်ပေးပါတယ်။ ညီမကို ကျောက်ဝိုင်းက ကုန်သည်တွေနဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းကလူတွေ လာရောက် ထောက်ပံ့ကူညီ ပေးကြပါတယ်။

Voice : လက်ရှိ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရပါလဲ။

ZMH : အခက်အခဲတွေကတော့ အစအစအရာရာပါပဲ။ အရင်ကိုယ်တိုင် လုပ်နေကျ အလုပ်သေးသေးလေးတွေတောင် ကိုယ်တိုင်မလုပ်နိုင်တော့ဘူး။ မိသားစုက လိုက်လုပ်ပေးနေရတယ်။ အားငယ်မှုတွေလည်း ရှိပါတယ်။ မွေးကတည်းက လက်တစ်ဖက်မပါတာမှ မဟုတ်တာ အခုမှ လက်တစ်ဖက် မရှိတော့တဲ့အတွက် အရာရာလုပ်ဆောင်ရတာ အရင်ကလို မဟုတ်တော့ပါဘူး။

Voice : ညီမအခုဖြစ်ချင်တဲ့ ဆန္ဒနဲ့ ရှေ့ဆက်ညီမ လုပ်ဆောင်ချင်တဲ့ ဆန္ဒလေးကို ပြောပြပေးပါဦး။
ZMH : ညီမအခုဖြစ်ချင်တဲ့ ဆန္ဒကတော့ ဆုံးရှုံးသွားတဲ့ ညီမလက်တစ်ဖက်ကို ပြန်ရချင်တာပါပဲ။ လုပ်ငန်းအတွေ့အကြုံရချင်လို့ အလုပ်လုပ်လိုက်တာ၊ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့တယ်။ ရှေ့ဆက်လုပ်ချင်တာကတော့ ညီမကအရင်လို အလုပ်လည်း မလုပ်နိုင်တော့ဘူး။ အိမ်မှာပဲ အေးအေးဆေးဆေးနဲ့ အိမ်ဆိုင်လေးဖွင့်ပြီး ဈေးရောင်းချင်ပါတယ်။

(နေလင်း)

The Voice Weekly

ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းများ မြင့်တက်လာ


ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းသည် ပုံမှန် မြင့်တက်လာလျက်ရှိသော်လည်း အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်ကြောင်း cloud ဝန်ဆောင်မှု ကုမ္ပဏီ Akamai က ဖော်ပြခဲ့သည်။

လူစီးရထား လက်မှတ်များအား ကွန်ပျုတာသုံး လက်မှတ်ရောင်းချမှု စနစ်ဖြင့်ဘူတာကြီး ၁၅ တွင်စတင်အကောင်အထည် ဖော်မည်


လူစီးရထားများ၏ လက်မှတ်များအား ရောင်းချရာတွင် ကွန်ပျူတာသုံးလက်မှတ် ရောင်းချမှုစနစ် (Com-puterized Ticketing System) ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် လူစီးရထားများ၏ လက်မှတ်များအား ကွန်ပျူတာအသုံးပြု၍ လက်မှတ်ရောင်းချမှုစနစ်( Computerized Ticketing System) ဖြင့်ကနဦး အဓိကဘူတာကြီး ၁၅ ဘူတာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အဆိုပါစနစ်ကို ပုဂ္ဂလိကနှင့်အကျိုးတူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ကိုင်လိုသည့်ပြည်တွင်းမှ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီများသို့ တင်ဒါတင်သွင်းနိုင်ရေး ဖိတ်ခေါ်ထားကြောင်း သိရသည်။

“ရန်ကုန်ဘူတာကြီး အပေါ်ထပ်မှာတင် ဒါနဲ့ပတ်သက်တာ အသေးစိတ်ကိုသွားရောက် ရယူကြည့်ရှုနိုင်ပါတယ်၊ သိချင်တာတွေကိုလည်း မေးမြန်းနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီမှဖြေကြားသည်။ အဆိုပါလုပ်ကိုင်ခွင့် သက်တမ်းကို သုံးနှစ်ခွင့်ပြုစာချုပ် ချုပ်ဆိုငှားရမ်းသွားမည်ဖြစ်ကြောင်း၊ တင်ဒါစာ အိတ်များကို တစ်ဒါစိစစ်ရွေးချယ်ရေးကော်မတီ၊ စီးပွားရေးဌာန၊ မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်ဘူတာကြီး) သို့ ဇူလိုင်လ ၁၄ ရက်နေ့နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။

အသေးစိတ် အချက်အလက်များကို ဖုန်း-၀၆၇-၇၇၀၈၁၊ ၀၆၇-၇၇၀၈၂ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ တင်ဒါပုံစံများကို တစ်စုံလျှင် သုံးသောင်းကျပ်ဖြင့် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ မြန်မာ့မီးရထား၊ စီးပွားရေးဌာန (နေပြည်တော်ဘူတာကြီး)နှင့် မန်နေဂျာ (သွားလာရေး၊တိုင်း) အမှတ် ၇ တိုင်း-ရန်ကုန်ရုံး၊ ရန်ကုန်ဘူတာကြီးတို့၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

Internet Journal

တယ်လီနော၊ အော်ရီဒူးနှင့် မမြင်နိုင်သော လက်နက်ပုန်း ဖုန်းဘေလ်များ



ကိုဇော် (ဘန်ကောက်)

မြန်မာ့ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာပေါ့ဗျာ။ အဝိုင်း လည်နေတာနဲ့ပဲ ဖုန်းဘေလ်ကုန်လို့ ဆိုတာကိုး။ အရင်ကတော့ ကျွန်တော့်စာတွေကို ပုံနဲ့တွဲသုံးသဗျ။ နောက်ပိုင်း ကျွန်တော့်မြန်မာပြည်က မိတ်ဆွေ စာဖတ်ပရိသတ်ကို အားနာလာတော့ များသောအားဖြင့် ပုံသိပ်မထည့်ဘဲ စာတွေရေးပါတယ်။ အခုနောက်ပိုင်း စက်တင်ဘာလမှာ တယ်လီနောက ဖုန်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ မြန်မာနိုင်ငံက မိတ်ဆွေများ ပျော်ကြလေသည်ပေါ့။ သို့ပေမယ့် အလေးထား ဂရုစိုက်ရမယ့် အချက်တွေ အများကြီး ရှိနေပါလျက်နဲ့ ကုလားပိုင်လို့၊ တရုတ်ပိုင်လို့ မသုံးဘူး အော်နေကြတာတွေကို တွေ့ရပါတယ်။ အထူးအလေးထားသင့်တဲ့ အချက်တွေကို သတိမပြုကြလေတော့ သတိပေးချင်တာလေး တွေကို ရေးသားတင်ဆက် လိုက်ရပါတယ်ဗျာ။

အခုဆောင်းပါးမှာ ဦးတည်ချက်က ဘယ်အဖွဲ့အစည်းကပဲ လာလုပ်လုပ် နိုင်ငံတကာက လာရင်းနှီးလုပ်ကိုင်ပြီး စီးပွားရေးဆန်ဆန် လုပ်မယ်ဆိုရင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ စာဖတ်သူတို့ ရရှိမှာဖြစ်သလို အမျိုးမျိုးသော ဝန်ဆောင်မှုတွေ၊ စကားမရှင်းတရှင်းနဲ့ လည့်ပတ်မှုတွေ၊ သုံးစွဲသူတွေအပေါ် စကားလုံး အသာစီးတွေနဲ့ အမြတ်ကျန်အောင် လှည့်ပတ်ကြဦးမှာ ထုံးစံပါပဲ။ ဒါတွေကို သိထားကြပါသလား၊ လေ့လာဖူးကြပါသလား၊ ကြုံဖူးကြပါသလား။ ဒီလို စကားလုံး တစ်လုံးနှစ်လုံးနဲ့ ကပ်လှည့်စားမယ့် နည်းဗျူဟာတွေ၊ ဖုန်းဘေလ်တွေ အတွက်ရော ကာကွယ်ထား ကြပြီးပါပြီလား။ မတရားကုန်ကျလာမယ့် ကျသင့်ငွေတွေအတွက် တရားမျှတမှုဖြစ်အောင် တိုင်တန်းလို့ရမယ့် အာဏာပိုင် အဖွဲ့အစည်းတွေကိုရော ပြင်ဆင်ပြီးပါပြီလား။

ဘယ်လိုနှုန်းထားနဲ့ သတ်မှတ်လို့ ဘယ်လိုစည်းကမ်းတွေနဲ့ လုပ်ဆောင်ရမယ်၊ အငြင်းပွားလာရင် ဘယ်လိုသုံးစွဲသူတွေ ဘက်က ကာကွယ်ပေးမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်း တွေရော ချမှတ်ပေး ထားပြီးကြပါပြီလား။ ထိုင်းနိုင်ငံမှာ လူဦးရေ ၆၆ သန်းရှိပါတယ်။ ၁၉၉၆ ခုနှစ် လောက်ကတည်းက မိုဘိုင်းလ်ဖုန်းကို စတင်အသုံးပြုခဲ့ပြီး အခုအခါ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်ကို လျှောက်ထားအသုံးပြုသူက သန်း ၉၀ ရှိပါတယ်။ ဘက်စုံသုံး Smart Phone တွေ အသုံးပြုသူကတော့ တစ်နှစ်ကို ၃၆ ရာခိုင်နှုန်း တိုးတက်လာပါသတဲ့။ အဲဒီဖုန်းတွေကို ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးသုံးခု ရှိပါတယ်။

တယ်လီနောပိုင် (ဒီတက်) (Telenor (DTAC)၊ ထရူး (TRUE) နဲ့ အေအိုင်အက်စ် (AIS) တို့ပါ။ သူတို့ကို ထိန်းချုပ်ပြီး လုပ်ထုံးလုပ်နည်းတွေ စည်းကမ်းဥပဒေတွေ ချမှတ်ပေးတာ၊ ဖုန်းသုံးစွဲသူတွေနဲ့ ကုမ္ပဏီကြီးတွေအကြား ပဋိပက္ခ ဖြစ်လာခဲ့ရင် ဆုံးဖြတ်ဖြေရှင်းပေးတာကတော့ ထိုင်းအစိုးရ အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် National Broadcasting and Telecommunications Commission (NBTC) ဖြစ်ပြီး ဒီကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကုမ္ပဏီကြီးတွေဟာ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်း၊ အင်တာနက် စတာတွေသုံးစွဲတဲ့သူတွေ ပထမဦးဆုံး သိထားသင့်တဲ့ အချက်က နိုင်ငံတကာက ဆက်သွယ်ရေး လုပ်ငန်းတွေ အခြေတည်လာပြီဆိုရင် သုံးစွဲသူနဲ့စနစ်ကို အခြေခံ နှစ်မျိုးခွဲထားပါတယ်။ Prepaid ကြိုတင်ငွေပေးချေမှုနဲ့ Postpaid သုံးစွဲသမျှ ကျသင့်ငွေ ကောက်ခံမှုပါ။ Prepaid တွေရဲ့ ပွေးဝဲယားနာအကြောင်း အရင်ပြောပါမယ်။

Prepaid ဆင်းမ်ကတ်တွေကို လမ်းဘေးမှာကြိုက်သလို ဝယ်လို့ရပါတယ်။ တစ်ခါတလေ အခမဲ့ပေးပါတယ်။ Postpaid စနစ်နဲ့ ကွာဟချက်က အသုံးပြုခ ဈေးပိုများပါတယ်။ အရေးပေါ် လုံခြုံရေးအတွက် လိုအပ်ခဲ့ရင်တော့ မှတ်ပုံတင်ခိုင်းပါတယ်။ ဒီနေရာမှာ စာချုပ်ချုပ်တာနဲ့၊ မှတ်ပုံတင်တာနဲ့ ကွာခြားကြောင်း သတိပြုစေလိုပါတယ်။ Prepaid စနစ်ကတော့ ရှင်းပါတယ်။ ကိုယ့်ဖုန်းထဲကို ငွေကြိုထည့်၊ ကျသလောက်သုံး၊ ကုန်ရင်ထပ်ဖြည့်ပါ။ ဒါတောင်မှ အရင်က ထိုင်းကဖုန်းနဲ့ အင်တာနက် ကုမ္ပဏီကြီးတွေက ဝယ်ဖြည့်ပြီး ဘယ်နှရက်အတွင်းပဲ ရက်ရတယ်၊ အဲဒီရက်ကျော်ရင် သုံးလို့မရဘူးဆိုတာ ရှိခဲ့ပါတယ်။

ဥပမာ-ဘတ် ၅၀၀ တန် ငွေဖြည့်ကတ် ဝယ်ဖြည့်လိုက်ရင် ဖုန်းထဲမှာ ဘတ် ၅၀၀ ဖြည့်ထားတာ ပေါ်လာပြီး နောက်ဘယ်နှရက်အတွင်းမှာ သုံးပါ၊ နောက်ရက်ထပ်တိုးချင်ရင် တစ်ပတ်ကို ဘတ်ဘယ်လောက် စသဖြင့်ပေါ့ဗျာ။ လူလည်လုပ်ပြီး သုံးစွဲသူတွေဆီက ငွေချူယူကြပါတယ်။ အဲဒီသတ်မှတ်ရက် ကျော်သွားလို့ မသုံးဖြစ်ရင် ဒါမှမဟုတ် ရက်သက်တမ်း ထပ်မတိုးဖြစ်ခဲ့ရင် ထည့်ထားတဲ့ငွေ ပလုံ ပေါ့ဗျာ။ အဲလောက်အထိ လူလည်ကျပါတယ်။

နောက်ပိုင်းမှ တိုင်တဲ့သူတွေများလာတော့ ထိုင်းအစိုးရ NBTC ကော်မရှင်က အဲလိုနည်းနဲ့လုပ်လို့ ဖုန်းသုံးစွဲသူတွေဆီက အလကားရလိုက်တဲ့ငွေဟာ တစ်နှစ်တစ်နှစ် ဘတ်သန်းရာကျော်ရှိလို့ အဲဒီလို မလုပ်ရဘူးလို့ တားမြစ်လိုက်တာ သိပ်မကြာလှသေးပါဘူး။ ဒီနည်းဟာ ဖုန်းသုံးစွဲသူတွေကို တန်ရာတန်ကြေး ဝန်ဆောင်မှု မပေးလိုက်ဘဲ မတရား အမြတ်ရသွားတဲ့ နည်းတွေထဲက တစ်နည်းပါ။ မြန်မာနိုင်ငံမှာရော...။ လာတော့မယ့် အော်ရီဒူးတို့၊ တယ်လီနောတို့ရော ဒီလိုအချိုးမျိုးလာမှာ လား......။ ဒါ့အပြင် ကြော်ငြာကုမ္ပဏီ တွေနဲ့ ဆက်စပ်ပြီး မိတ်ဆွေတို့ရဲ့ ဖုန်းနံပါတ်ကို ရောင်းစားတဲ့သကာလ မိတ်ဆွေတို့ဖုန်းထဲမှာ တစ်နာရီကို နှစ်ခါသုံးခါလောက် ကြော်ငြာမက်ဆေ့ခ်ျတွေ ဝင်လာပါတော့မယ်။

ဒါတွေကို သုံးစွဲသူဘက်က ရပ်တည်ပြီး သမာသမတ်ကျကျ တိုင်တောလာရင် ရပ်တည်ဖြေရှင်းပေးဖို့ ကော်မရှင်တစ်ရပ်ဟာ မဖြစ်မနေ အရင်ဖွဲ့စည်းထားရမှာပါ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ထိုင်းလယ်သူမကြီး တစ်ယောက်ရဲ့ သား၊ အမေ့ဖုန်းနဲ့ အင်တာနက်ဂိမ်းက စိန်ရမှတ်တွေကို ဘုမသိဘမသိ ဝယ်ဆော့နေတာ လကုန်ငွေရှင်းဖို့ တောင်းခံစာလာတော့ ဘတ် ၂ သိန်းကျော် (မြန်မာငွေ သိန်း ၆၀ ကျော်) တောင်းလာပါတယ်။ ဖုန်းကုမ္ပဏီရုံးခွဲကို သွားပြောတော့ သုံးပြီးဖြစ်နေလို့ မတတ်နိုင်ဘူး။ ပေးရမှာပဲလို့ ဆိုပါသတဲ့။ ဒီအဖြစ်အပျက်ကို စာနယ်ဇင်းတွေကတစ်ဆင့် ထိုင်းအစိုးရ NBTC ကော်မရှင်က သိသွားတော့ ကော်မရှင်အတွင်းရေးမှူးချုပ် တာကွန်တန်တာစစ်က ကုမ္ပဏီကို ခေါ်ပြောတော့မှ လယ်သူမ သားအမိ ဘုမသိဘမသိ လုပ်မိတဲ့အတွက် အဲဒီငွေတွေ မပေးပါနဲ့။ လျှော်ပစ်ပါတယ်လို့ အကြောင်းပြန်လာပါတယ်။ ဒီလိုနောက် ထပ်မဖြစ်အောင် ဖုန်းကုမ္ပဏီတွေကို အမြင့်ဆုံးဖုန်းကနေ ဝယ်ယူနိုင်တဲ့ ငွေပမာဏကို သတ်မှတ်ပေးဖို့ အမိန့်ထုတ်ပါတယ်။ အစိုးရကော်မရှင် ကနေ ပြည်သူတွေ မနစ်နာရအောင် ကြားဝင်ရပ်တည်ပေးတာပါ။

မြန်မာပြည်မှာ ဆိုရင်ရော ကလေးတစ်ယောက် အူကြောင်ကြောင် သုံးမိတဲ့အတွက် တစ်အိမ်သားလုံး ဆယ်သက်ဆပ်မကုန် ဘဝပျက်ရမှာပါလား။ ဘယ်အဖွဲ့အစည်းက ဝင်ရောက် ရပ်တည် ဖြေရှင်းပေးမှာပါလဲ။ မင်းတို့ လက်ကမြင်းတာ မင်းတို့ဘာသာ ခံပေရော့လို့ အကြောင်းပြန်မှာပါလား။

မြန်မာပြည်မှာ ဒီလုပ်ငန်းကြီးတွေက လုပ်လာမယ့် ဒီလိုအချိုးမျိုး လူလည်ကျမှုတွေကို စနစ်တကျ ထိန်းချုပ်ပြီး တိုင်တောလို့ရမယ့် အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ကြပ်မတ်ပြီး သုံးစွဲသူတွေဘက်က ရပ်တည်ဖို့ ပြင်ဆင်ပေးပြီးကြပြီလား။ ဖြစ်လာမှာနော်..။ နိုင်ငံခြားက လာတည်ထောင်လို့ သူတို့လက်သိပ်ထိုးတဲ့ ဂေါက်ဆက်ကလေးနဲ့ ဂေါက်သီးရိုက်လိုက် ဂျော်နီဝါးကား ဒဗယ်ဘလက်လေးနဲ့ နေနေရင်တော့ ဖုန်းသုံးမယ့်သူတွေကို သနားလှပါသဗျာ။ ဖုန်းသုံးသူတွေ ... ထူးမခြားနားသီချင်းဆိုပြီး ငိုချင်းသာ ချနေပါတော့။ ကဲ... နောက် အကြောင်းဆက်ရေးမယ်ဗျာ။

နောက်တစ်မျိုးကတော့ Postpaid အကြောင်းဗျ။ နိုင်ငံတကာကနေပြီး ဆက်သွယ်ရေး လုပ်ငန်းတစ်ခုခုကို တခြားတစ်နိုင်ငံမှာ ဝန်ဆောင်မှု လာပေးလာဟာ အဲဒီနိုင်ငံသားတွေ အတွက် ဝန်ဆောင်မှုပေးပြီး အကျိုးအမြတ်ကို ရယူတာဖြစ်ပါတယ်။ ဒီတော့ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ အခြေတကျ ဖြစ်တာနဲ့ နိုင်ငံသားတွေအတွက် Postpaid စနစ်ကို အမြန်ဆုံး ပူးတွဲ အကောင်အထည် ဖော်ကြပါတော့တယ်။ သုံးစွဲသူတွေကို နည်းမျိုးစုံနဲ့ မက်လုံးပေးကြတာပါ။ ဥပမာအားဖြင့် ကျွန်တော် အသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းဆိုရင် 3G အင်တာနက်ကို ကြိုက်သလောက်သုံး၊ ပြီးရင်ဖုန်းက ပြည်တွင်းမှာကြိုက်တဲ့ မိုဘိုင်းလ်ဖုန်းနံပါတ်ကို မိနစ် ၅၀၀ အခမဲ့ခေါ်၊ ပြည်တွင်း ကြိုက်တဲ့နံပါတ်ကို မက်ဆေ့ခ်ျ အစောင် ၅၀၀ အထိ အခမဲ့ပို့ စတဲ့အတွဲကို ယူထားတာ တစ်လကို ၅၉၉ ဘတ်ပေးရပါတယ်။ ပိုသုံးရင် ပိုတာထပ်ပေး၊ ပြည်ပခေါ်တာ သတ်သတ်ပေးပေါ့ဗျာ။ အင်တာနက်လည်း သုံးချင်သုံး မသုံးချင်နေပါ။ အဲဒီတော့ အခြေခံအားဖြင့် တစ်လ ၅၉၉ ဘတ်ကတော့ ပေးနေပေါ့ဗျာ။

ဒါက သူတို့ပေးတဲ့ ဝန်ဆောင်မှု ဥပမာပါ။ အများကြီး ရှိပါတယ်။ တစ်လ ဘတ် ၁၀၀ တန်၊ ၂၀၀ တန်၊ ၃၀၀ တန် ဝန်ဆောင်မှုတွေကနေ ဘတ် ၁၅၀၀ ကျော် ဝန်ဆောင်မှုတွေအထိ ရှိပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်ရွေးယူပြီး လူတန်းစား အသီးသီးအတွက် ဘယ်ဘက်ကမှ လွတ်မသွားရအောင် ဈေးကွက်ရှာကြတာပါ။ ခက်တာက အဲဒီလိုင်းတွေကို ကိုယ်ကနှစ်သက်လို့ တစ်ခုခုရွေးပြီး ဝယ်လိုက်မိရင် အတိုင်းအတာတစ်ရပ် အထိပဲ 3G 4G စသဖြင့် သုံးလို့ရပါတယ်။ သူတို့သတ်မှတ်တဲ့ မီဂါဘိုက် ဂစ်ဂါဘိုက် အရေအတွက်ပြည့်တာနဲ့ အဲဒီ 3G 4G Speed တွေကို ရပ်ဆိုင်းလိုက်ပြီး GPRS 2G အဆင့်ကို ပြောင်းချလိုက်တော့တာပါပဲ။ အဲဒီနောက်မှာတော့ ဖုန်းကနေတစ်ဆင့် အပိုထပ်ဝယ်ချင်ရင် ဘယ်နံပါတ်ကို နှိပ်ပါဆိုပြီး မက်ဆေ့ခ်ျတွေ အဆက်မပြတ် ပို့ပါတော့တယ်။

အဲဒီသုံးစွဲမှုစနစ်တွေ အနေနဲ့ မြန်မာအစိုးရကရော သတ်မှတ် ထားပေးပါပြီလား။ အဲလို သတ်မှတ်ပေးခြင်း မရှိလို့ကတော့ မြန်မာပြည်က သုံးစွဲသူတွေ နစ်နာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြတာ အများစုဟာ မြန်မာပြည်က စာဖတ်သူတွေအနေနဲ့ တွေ့ကြုံဖူးခြင်း မရှိသေးတဲ့အတွက် အထူးအဆန်းလို ဖြစ်နေဖို့ များပါတယ်။ နောက်တစ်ခုက အင်တာနက် ကုမ္ပဏီတွေရဲ့ မစားရ ဝခမန်း ရန်ကုန်တစ်မြို့လုံးပဲ ရမလို၊ မြန်မာပြည် နေရာအနှံ့ပဲ ရမလိုနဲ့ ပြောတတ်ကြပါတယ်။ ထိုင်းလို မိုဘိုင်းလ် အင်တာနက် အသားကျပြီးနေတဲ့ နိုင်ငံမှာတောင် ဘန်ကောက်မြို့ တချို့နေရာတွေမှာ လိုင်းမမိတာတွေ ရှိပါတယ်။ အဲဒီတော့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကနေ လိုင်းတစ်ခု ဝယ်တော့မယ်ဆိုရင် မိမိနေတဲ့ အရပ်ဒေသမှာ လိုင်းမိ မမိ လွှင့်အား ဘယ်လောက်ရတတ်လဲ မေးကြည့်ရပါတယ်။ တချို့နေရာတွေမှာ ကုမ္ပဏီ တစ်ခုနဲ့တစ်ခု ဈေးကွက်မျှတဲ့ အနေနဲ့ တယ်လီနော လိုင်းမိတဲ့နေရာမှာ အော်ရီဒူးမမိ၊ အော်ရီဒူးမိတဲ့ နေရာမှာ တယ်လီနောမမိ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တယ် ဆိုတာထက် ဖြစ်ကိုဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ တင်ပြချင်တဲ့ အကြောင်းအရာက Roaming လို့ဆိုတဲ့ ကိုယ့်ဖုန်းနံပါတ်ကို တခြားနိုင်ငံမှာ သယ်သွားချင် ကြတဲ့သူတွေအတွက် ဖုန်းကုမ္ပဏီတွေက ပေးတဲ့ ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုကို တော့ မိမိဖုန်းနံပါတ်ကနေ အလုပ်လုပ်နေကြတဲ့ တကယ့်ကို ကိုယ့်ဖုန်းနံပါတ်က အရေးပါတဲ့ အနေအထားမှာ ရှိနေသူတွေ သုံးကြတာပါ။ သာမန်လူတွေကတော့ မသုံးသင့်လှပါဘူး။

ဒီကနေ့ပဲ ထိုင်းသတင်းစာမှာ သတင်းတစ်ပုဒ် ပါလာပါတယ်။ လုပ်ငန်းရှင်တစ်ယောက်က နိုင်ငံခြားကို သွားပါတယ်။ မြန်မာနိုင်ငံမှာတော့ မသိဘူးပေါ့ဗျာ။ ဒီမှာကတော့ Roaming ဝန်ဆောင်မှုကို ဖုန်းကနေ ဖွင့်လိုက်တာနဲ့ တိုက်ရိုက် တန်းရနေတော့ အဲဒါကို ဖွင့်မိပါတယ်။ အဲဒါကြီးနဲ့ နိုင်ငံခြားမှာ အဆက်အသွယ်လုပ်တော့ လုပ်လို့လည်း မရပါဘူးတဲ့။ မရလေ ဖုန်းကို Restart ချပြီး ဖွင့်ချည် ပိတ်ချည်နဲ့ လုပ်လေနဲ့ နိုင်ငံခြားမှာ တစ်လကြာသွားပါတယ်။ ပြန်လာတော့ ရောက်လာတဲ့ ဖုန်း ဘေလ်တောင်းခံလွှာမှာ ဘတ် ၁၄ သန်း Roaming ကျသင့်ငွေအဖြစ် တောင်းခံထားပါသတဲ့။ မကျေနပ်လို့ ထိုင်းအစိုးရ NBTC ကော်မရှင်ကိုတိုင်တော့ ကော်မရှင် အတွင်းရေးမှူးချုပ် တာကွန်တန်တာစစ်က အခု လုပ်ငန်းရှင်ကိုင်တဲ့ ဖုန်းကို အင်တာနက်နဲ့ ဖုန်းဝန်ဆောင်မှုပေးတဲ့ တယ်လီနောရဲ့ ဒီတက် (DTAC) နဲ့ TRUE ပိုင် (TRUE MOVE) တို့ကို ဆင့်ခေါ်ပြီး ဒီလုပ်ငန်းရှင်က ဒေတာ အချက်အလက်တွေကို တကယ်သုံးခဲ့တာလား၊ ဒါမှမဟုတ် ဖုန်းကပဲ ပျက်ယွင်းနေလို့ ကောင်းကောင်း အလုပ်မလုပ်ဘဲ ကြောင်နေတာလား ပြန်စစ်ဖို့ အမိန့်ပေးထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဆိုင်ရာ ဂူဂဲလ်ပလေးစတေရှင် ကိုယ်စားလှယ်နဲ့ တခြားဖုန်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေကိုခေါ်ပြီး ဖုန်းကနေ အများဆုံး သုံးနိုင်မယ့် ငွေကြေးပမာဏကို သတ်မှတ်ဖို့လာမယ့် ကြာသပတေးနေ့မှာ အစည်းအဝေး ခေါ်ထားပါတယ်။ ဒီတော့ မလိုအပ်ရင် Roaming ဝန်ဆောင်မှုကို မသုံးသင့်ကြောင်းလည်း အသိပေးချင်ပါတယ်ဗျာ။

နောက်တစ်ချက်က ဖုန်းတွေကို လျှော့ဈေးနဲ့ ပေးပါတယ်။ ဥပမာ- iPhone 5S ဖုန်းမျိုးကို ပေါက်ဈေးထက် ထက်ဝက်လောက် လျှော့ပေးပြီး သူတို့ရဲ့ အင်တာနက်စနစ်ကို ဝယ်ယူအသုံးပြုရပါတယ်။ အဲလို ဘယ်နှနှစ် တောက်လျှောက် အသုံးပြုပါ့မယ်ဆိုတာ စာချုပ်ရပါတယ်။ စာချုပ်အတိုင်း မသုံးခဲ့ရင် တရားစွဲပါတယ်။ ရှုံးရင် တရားစရိတ်ကအစ ကျခံရပါတယ်။ တခြားအင်တာနက် ပက်ကေ့ဂ်ျတွေမှာလည်း အဲလိုစာချုပ်နဲ့ တွဲဝယ်ရတာမျိုး ရှိပါတယ်။ ၆ လ အနည်းဆုံး သုံးရမယ်တို့၊ တစ်နှစ် အနည်းဆုံးတို့ ချည်ပြီးတုတ်ပြီး သုံးခိုင်းကြတာပါ။ ကိုယ်က လစဉ်မပေးနိုင်ရင် သတိပေးစာ ပို့ပါတယ်။ ပျက်ကွက်ခဲ့ရင် တရားစွဲပါတယ်။ အဲလိုမျိုးတွေမှာ စေ့စေ့စပ်စပ် လှည့်ကွက်တွေကို ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။

Postpaid ဖုန်းရဲ့ ဆင်းမ်ကတ်တစ်ခု ဝယ်ရင် မှတ်ပုံတင်ပြပြီးမှ ကျား၊ မ နေရပ်လိပ်စာ ဖြည့်စွက်ပြီး ဝယ်ရတာနဲ့ ပတ်သက်လို့က ကျွန်တော်သိသလောက် တခြားနိုင်ငံတွေမှာလည်း လုပ်ရပါတယ်။ ဆင်းမ်ကတ်ကို ဖုန်းအနေနဲ့ သက်သက်အသုံးပြုရင် သိပ်အကြောင်း မဟုတ်ပေမယ့် အင်တာနက်လိုင်းဖွင့်ဖို့ လျှောက်တော့မယ် ဆိုရင်တော့ အော်ရီဒူးမှ ကွက်တောင်းတာ မဟုတ်ပါဘူး။ တယ်လီနောရော၊ ထရူးရော အကုန်တောင်းကြရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေကို ကာကွယ်ရာမှာ အများကြီး အထောက်အကူပြုပါတယ်။ နောက်ပိုင်းမှာ တွင်ကျယ်လာမယ့် မိုဘိုင်းလ်ဖုန်းသုံး ဘဏ်စနစ်တွေ၊ ငွေပေးချေမှုစနစ်တွေမှာ အများကြီး အထောက်အကူပြုပါတယ်။ ဘယ်လုပ်ငန်းကြီးလာလာ ဒီအချက်ကတော့ အခုမဟုတ်တောင် နောက်က လိုက်လုပ်ကြမှာပါ။

ဒီတော့ မရောင်ရာဆီလူး အစိုးရိမ်ပိုပြီး အဆုံးစွန်တွေ ကြိုတွေးမပူသင့်ပါဘူး။ ဒီစနစ်တွေအားလုံးရဲ့ အဓိက လိုအပ်ချက်ဟာ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ ဖုန်း၊ အင်တာနက် သုံးစွဲသူနဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီကြီးတွေကြားမှာ စံနှုန်း၊ လုပ်ထုံးလုပ်နည်း၊ စည်းစနစ် ချမှတ်ပေးမယ့်အပြင် အထက်က ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေလို ဖြစ်လာရင် ညှိနှိုင်းပေးနိုင်မယ့်၊ ဖြေရှင်းပေးရမယ့် သြဇာအာဏာရှိတဲ့ အမှုဆောင် ကော်မရှင်တစ်ရပ်က လိုကိုလိုအပ်ပါတယ်။ ကုမ္ပဏီဖွင့်ဟ... လုပ်ကြဟ... ငါတို့ကို နှစ်စဉ်ကြေးသွင်း၊ အခွန်အကောက်သွင်း၊ ကျန်တာ...မင်းတို့ အဆင်ပြေသလို စိတ်ကြိုက် လုပ်ထုံးလုပ်နည်း ချမှတ်ကြ ဆိုရင်တော့ ဖုန်းသုံးသူတွေနဲ့ ကုမ္ပဏီတွေကြားမှာ ကုမ္ပဏီတွေက သူတို့ကြိုက်သလို မိုဘိုင်းလ် အင်တာနက် ဝန်ဆောင်မှု စာချုပ်တွေကို ရေးချင်သလို အသာစီး ရေးဆွဲသွားရင် မြန်မာပြည်သား ဖုန်းသုံးစွဲသူတွေ နစ်နာမှာပါ။ ဘယ်နိုင်ငံမှာမဆို ဖုန်းသုံးစွဲသူတွေ အင်တာနက် ဝန်ဆောင်မှုကို ရယူကြတော့မယ်ဆိုရင် စာချုပ်ချုပ်ဆိုကြရတာ ထုံးစံပါ။ ကုမ္ပဏီတွေလည်း ရတဲ့နည်းနဲ့ အမြတ်ထုတ်ကြမှာပါ။

နိဂုံးချုပ်အနေနဲ့ တိုက်တွန်းရရင်တော့ ဘယ်ကုမ္ပဏီက ဝယ်သုံးသုံး အထက်ဖော်ပြခဲ့တဲ့ ဝဲကွက်၊ ပွေးကွက်တွေတော့ ပါမှာဖြစ်ပါတယ်။ အလောတကြီး ဝမ်းသာအားရ မဝယ်ကြဘဲ သေသေချာချာမေးမြန်းပြီး ကိုယ်နဲ့သင့်တင့်မယ့် ဝန်ဆောင်မှုကိုသာ စောင့်ကြည့် ဝယ်သူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။


The Voice Weekly 

Apple Q & A


ကျွန်တော် အသုံးပြုနေတာကတော့ New iPad ကိုအသုံးပြုနေတာပါ။ ကျွန်တော့် iPad မှာအစက iPad ကိုလက်ငါးချောင်းနဲ့ ဆွဲလိုက်ရင် အသုံးပြုနေတဲ့ App စနစ်တွေပိတ်သွားတာတို့ အောက်ကနေ လက်ငါးချောင်းနဲ့ ဆွဲတင်လိုက်ရင် အသုံးပြုပြီးသားစနစ်တွေ ပေါ်လာပြီးဖျက်လို့ရတဲ့ စနစ်မျိုးတွေကို အသုံးပြုလို့ရနေပါတယ်။ ဒါပေမဲ့ ခုအဲဒီစနစ်တွေ တစ်ခုမှအသုံးပြုလို့ မရတော့ပါဘူး။ Home Key ကိုနှိပ်မှပဲ အသုံးပြုနေတဲ့ စနစ်ကိုပိတ်လို့ရပါတယ်။ ပြီးတော့အသုံးပြုပြီးသား App တွေကိုလည်းပြန်ရှာလို့ မရဘူးဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲခင်ဗျာ။

ဒါကတော့ iPad မှာ အသုံးပြုနေတဲ့ Gesture Sensor စနစ် ပိတ်သွားလို့ ဒါမှမဟုတ်ရင် ပျက်သွားလို့ ဖြစ်နိုင်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ iPad ထဲမှာရှိနေတဲ့ Setting ထဲကိုသွားလိုက်ပါ။ Setting ထဲမှာ General ဆိုတဲ့ထဲကို ဝင်လိုက်ပါ။ General ထဲမှာ Multitasking Gesture ဆို တဲ့စနစ်ရှိပါတယ်။ အဲဒီစနစ်နေရာ မှာ On ဖြစ်နေသလား Off ဖြစ်နေ သလားဆိုတာကို ကြည့်လိုက်ပါ။ Off ဖြစ်နေတယ်ဆိုရင်တော့ On လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ Multitasking Gesture ဆိုတဲ့နေရာမှာ On ဖြစ်နေပြီး Multi Touch စနစ်တွေက အသုံးပြုလို့မရတာ ဆိုရင်တော့ ပထမဆုံး Touch Screen ကိုစစ်ဆေးရပါလိမ့်မယ်။ Touch Screen က Multitouch စနစ်ကို အသုံးပြုဖို့အတွက် Gesture Sensor စနစ်တွေမကောင်းတော့ တာဆိုရင်တော့ ဒါက Hardware ပိုင်းက ဖြစ်တာဖြစ်နိုင်တဲ့အတွက် ပြန်လည်ပြင်ဆင်တာမျိုး ဒါမှမဟုတ် OS က Multitasking စနစ်ကိုအထောက်အပံ့ မပေးနိုင်တော့တာမျိုး ဖြစ်ခဲ့တာဆိုရင်လည်း OS ကိုအသစ်ပြန်လည် တင်တာမျိုးတွေပြုလုပ်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ ပထမဆုံးတော့ Setting ထဲမှာသွားပြီးတော့ Multitasking Gesture စနစ်ကိုအရင် ဆုံးစစ်ဆေးကြည့်လိုက်ပါ။


-ကိုသက်
Internet Journal

ငါးသားလေး ကြွတ်ကြွတ်ကြော်


ဒီနေ့တော့ မာမာကြိုက်တဲ့ ငါးသားလေးတွေကြော်ပါတယ် ငါးသားပေါက်ကလေးတွေမို့ ကြော်ပြီးဘဲစားစား အိုးကပ်လေးချက်ပြီးဘဲစားစား စားလို့အရမ်းကောင်းသလို အရမ်းလဲကြိုက်ပါတယ် ဒီနေ့အတွက်တော့ ငါးသားလေးတွေကို ကြွတ်နေအောင်ကြော်ပြီး ငါးကြော်ဆီလေးဆမ်းကာ စားမယ်လို့စိတ်ကူးထားပါတယ် ထမင်းမိန်မိန်စားရအောင် မာမာတို့တွေငါးသားလေးတွေကို အတူတူကြော်ကြတာပေါ့နော်။

ငါးသားလေးက အရသာနယ်ပြီးတာနဲ့နှပ်ထားစရာမလိုဘဲ တန်းပြီးကြော်လို့ရပါတယ် ငါးအသားကနုလွန်းတဲ့ အတွက်အရသာဝင်လွယ်ပါတယ် ကြော်တဲ့အခါမှာလဲ ဟိုဘက်ဒီဘက် ခနခနလှန်ပေးစရာမလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကိုလှန်ပေးပြီး နှစ်ဘက်လုံးကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေရပါမယ်။

ပါဝင်ရမှာလေးတွေကတော့

ငါးသားလေး - 250 g
ဆား လက်ဖက်ရည်ဇွန်း - တစ်ဝက်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း - သုံးပုံတစ်ပုံ
ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဝက်
ဆီ လက်ဖက်ရည်ပန်းကန်လုံး  -၂လုံးခန့်
ကြော်ဖို့အတွက်ပြင်ပါမယ်
ငါးသားလေးတွေကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရသာများအားလုံးထဲ့ပြီး နယ်ပေးပါ
ဆီကိုအပူပေးပါ ဆီပူလာပါက မီးကိုအနေတော်ထားပြီး ငါးသားလေးများထဲ့ကြော်ပေးပါ
ခနခနမွှေပေးရန်မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကိုလှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးထားပါ
ဆီစစ်သွားပါက ထမင်းပူပူလေးကို ငါးကြော်ဆီဆမ်းပြီး စားသုံးနိုင်ပါပြီ
ငါးသားလေးကြော်ဖို့အတွက် ငါးပုံလေးတွေပြထားတာပါ ဖုန်းနဲ့ရေးထားတဲ့အတွက်အဆင်ပြေသလို တင်ပေးလိုက်တာပါ။





စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

ချစ်ခြင်းမေတ္တာရဲ့အင်အား


အမယ်အိုတစ်ဦးဟာ လူ့ဘဝတစ်သက်တာကို ခက်ခဲပင်ပန်းစွာဖြတ်ကျော်ပြီးနောက် အသက် ၉၁နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်သွားပြီးနောက် အမယ်အိုဟာ ဘုရားသခင်နဲ့တွေ့ချိန်မှာ သူ့ကိုနှစ်ကာလကြာရှည်စွာစိတ်ရှုပ်စေခဲ့တဲ့ မေးခွန်းတစ်ခုကို ဘုရားသခင်ထံမေးမြန်းခဲ့ပါတယ်။

“တကယ်လို့ လူသားအားလုံးဟာ မွေးကတည်းက တန်းတူညီမျှရှိခဲ့တယ်ဆိုရင် ဘာဖြစ်လို့ တစ်ခါတလေမှာ လူတချို့က တခြားလူတချို့ကို ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံတတ်ပါသလဲ”

“လူတိုင်းက တိကျသေချာတဲ့သင်ခန်းစာတစ်ခုကို တက်ကြရတယ်။ ဒီသင်ခန်းစာတွေကိုတတ်မြောက်မှ ဘဝဆိုတာဘာလဲ၊ လူဆိုတာဘာလဲ ဆိုတာကို လူသားတွေနားလည်နိုင်မှာဖြစ်တယ်” လို့ ဘုရားသခင်ကဖြေတော့ အမယ်အို သဘောမပေါက်ခဲ့ပါဘူး။ ဒီလိုနဲ့ ဘုရားသခင်က အခုလို ရှင်းပြခဲ့ပါတယ်။

“တစ်ယောက်ယောက်က သင့်ကိုလိမ်ညာပြောဆိုတဲ့အခါမှာ အရာဝတ္ထုတစ်ခုဟာ သင်မြင်တဲ့အပြင်ပန်းသဏ္ဍာန်အတိုင်း မဟုတ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ အစစ်အမှန်ဟာ အမြဲတမ်း အတုအယောင်ရဲ့အောက်မှာ ဖုံးနေပါတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့တကယ့်အတွေးစစ်ကို သိချင်ရင် သူ့ရဲ့မျက်နှာဖုံးကိုထွင်းဖောက်ပြီး သူ့ရဲ့အတွင်းစိတ်ကိုကြည့်ရပါတယ်။ ဒီလိုကြည့်ချိန်မှာ သင်လည်း သင့်မျက်နှာဖုံးကို ချွတ်ပစ်ရပါမယ်။ ဒါမှ တခြားလူလည်း သင့်အပေါ် တကယ့်နားလည်မှာဖြစ်ပါတယ်”

“တစ်ယောက်ယောက်က သင့်ပစ္စည်းကိုခိုးယူတဲ့အခါမှာ ဘယ်အရာကမှ သင်ထာဝရမပိုင်ဆိုင်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါကြောင့် သင်လက်ရှိပိုင်ဆိုင်တဲ့အရာကို အမြဲတန်ဖိုးထားရပါတယ်။ အကြောင်းက အဲဒီအရာတွေ ဘယ်အချိန်မှာ ဆုံးရှုံးပျောက်ဆုံးမယ်ဆိုတာကို သင်မသိလို့ပါ။ သင့်အပေါ်ထားတဲ့ မိသားစု၊ သူငယ်ချင်းတွေရဲ့မေတ္တာကို ဒါဟာရသင့်လို့ရတဲ့အရာလို့ မထင်မှတ်ပါနဲ့။ မနက်ဖြန်ပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒါတွေဟာ ပျောက်ဆုံးသွားတတ်လို့ပါ။ အခုလက်ရှိအချိန်မှာပိုင်ဆိုင်တဲ့အရာကပဲ သင့်အတွက် သေချာပါတယ်”

“တစ်ယောက်ယောက်က သင့်ကိုရိုက်ပုတ်ပြီး နာကျင်အောင်လုပ်တဲ့အခါမှာ လူ့ခန္ဓာကိုယ်က ကျွတ်ဆတ်လွန်းကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါကြောင့် သင့်ကိုယ်သင်ကာကွယ်တတ်ရပါတယ်။ သင့်ခန္ဓာကိုယ်ကို သင်ဂရုစိုက်တတ်ရပါတယ်။ ဒါဟာ သင်မသေမချင်း သင်ပိုင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသော ဥစ္စာပစ္စည်းဖြစ်ပါတယ်”

“တစ်ယောက်ယောက်က သင့်ကိုလှောင်ရယ်တဲ့အခါမှာ လူအချင်းချင်း တူညီတဲ့လူ၂ယောက်မရှိနိုင်ကြောင်း သင့်ကိုပြောပြနေပါတယ်။ တကယ်လို့ သင်နဲ့မတူတဲ့တခြားလူတစ်ယောက်ကို သင်တွေ့ဆုံတဲ့အခါ သူ့ရုပ်သွင်သဏ္ဍာန် ဒါမှမဟုတ် သူ့အမူအရာတွေကို မဝေဖန်၊ မကဲ့ရဲ့ပါနဲ့။ သူရဲ့အကျင့်စရိတ္တ အနိမ့်အမြင့်ကိုပဲ အလေးထားပါ”

“တစ်ယောက်ယောက်က သင့်ကိုဝမ်းနည်းကြေကွဲစေတဲ့အခါမှာ လူတစ်ယောက်ကိုသင်ချစ်တိုင်း တစ်ဘက်လူကလည်း သင့်ကိုချစ်မှာမဟုတ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါပေမယ့် အချစ်အပေါ် သင်မျှော်လင့်ချက်မမဲ့ပါနဲ့။ သင်နဲ့သက်ဆိုင်တဲ့တကယ့်အချစ်ကို သင်ရှာဖွေတွေ့ရှိသွားတဲ့အချိန်မှာ ပျော်ရွှင်ခြင်းက သင်ရဲ့ဝမ်းနည်းကြေကွဲခြင်းတွေကို ဖာထေးသွားပါလိမ့်မယ်”

“တစ်ယောက်ယောက်က သင့်ကိုအပြစ်တင်တဲ့အခါမှာ ဘယ်သူမဆိုအမှားလုပ်တတ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ သင်အမှားလုပ်မိချိန်မှာ အကောင်းဆုံးသင်လုပ်နိုင်တဲ့အရာတစ်ခုက သင့်ကိုအပြစ်တင်နေသူကို ခွင့်လွှတ်ပေးလိုက်တာပဲဖြစ်တယ်။ ပြောရရင်တော့ ကိုယ့်ကိုထိခိုက်နာကျင်စေသူကို ခွင့်လွှတ်တယ်ဆိုတာဟာ ဘဝမှာ တကယ်လုပ်ရခက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း လူတစ်ယောက်ရဲ့ သတ္တိကိုဖော်ပြနေတာပဲဖြစ်ပါတယ်”

“သင့်ချစ်သူက သင့်အပေါ်သစ္စာဖောက်သွားတဲ့အခါမှာ ဆွဲဆောင်ဖြားယောင်းမှုကိုအံတုဖို့ဆိုတာ လူတွေရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဆွဲဆောင်ဖြားယောင်းမှုတွေကို အံတုခုခံနိုင်ဖို့ အမြဲမပြတ် သတိပေးရပါတယ်။ ဒါမှ တိုတောင်းတဲ့စည်းစိမ်မဟုတ်ဘဲ တာရှည်တည်မြဲတဲ့ပျော်ရွှင်ငြိမ်းချမ်းခြင်းကို သင်ရမှာဖြစ်တယ်”

“တစ်ယောက်ယောက်က သင့်ကိုလှည့်ဖြားတဲ့အခါမှာ လောဘဆိုတာ ဆိုးယုတ်ခြင်းရဲ့ရင်းမြစ်ဖြစ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ပန်းတိုင်ဟာ သင်နဲ့ဘယ်လောက်ပဲဝေးပါစေ... သင့်စိတ်ကူးအိပ်မက်ကို ကြိုးစားပြီးအကောင်အထည်ဖော်ပါ။ ဒါမှ သင့်အောင်မြင်မှုက တခြားလူရဲ့အကူအညီကြောင့်ဆိုတဲ့ စိတ်မသန့်တာမျိုးကို သင့်မခံစားရမှာဖြစ်တယ်။ အောင်မြင်ဖို့ဆိုပြီးတော့လည်း ဖြတ်လမ်းမလိုက်ပါနဲ့”

ဘုရားသခင်ရှင်းပြတာတွေကို နားထောင်ပြီးတဲ့နောက် အမယ်အိုက ပြန်မေးပါတယ်။

“ဘုရားသခင်… တခြားလူရဲ့ကောင်းမှုတွေက အကျွန်တို့ကို ဘာသင်ခန်းစာတွေများရစေသလဲဆိုတာကို ဘုရားသခင်မပြောသေးဘူးနော်”

ဘုရားသခင်က ပြုံးပြုံးလေးနဲ့ ဆက်ရှင်းပြပြန်တယ်။

“တစ်ယောက်ယောက်က သင့်ကိုချစ်ခင်နှစ်သက်တဲ့အခါမှာ ချစ်ခြင်းမေတ္တာ၊ ကြင်နာခြင်း၊ ရိုးသားခြင်း၊ နှိမ့်ချခြင်း၊ ခွင့်လွှတ်သည်းခံခြင်း၊ လက်ခံခြင်း… စတဲ့ လူသားဆန်တဲ့ ဒီကောင်းကျိုးတွေအားလုံးက လောကမှာရှိတဲ့ဆိုးယုတ်မှုအားလုံးကို အောင်မြင်နိုင်ကြောင်း သင့်ကိုပြောပြနေတာဖြစ်ပါတယ်။ အကောင်းရှိရင် အဆိုးလည်းရှိတယ်။ လူတွေက အကောင်းနဲ့အဆိုးကြားမှာ လက်ဦးမှုရယူတတ်ကြပေမယ့် ချစ်ခြင်းမေတ္တာရဲ့အင်အားကိုတော့ အမြဲမေ့လျော့နေတတ်ကြတယ်”

“သင့်ဘဝမှာ တစ်ယောက်ယောက်နဲ့တွေ့ဆုံမိတဲ့အခါ.... ချိန်းထားလို့တွေ့တာပဲဖြစ်ဖြစ်၊ တိုက်ဆိုင်လို့တွေ့တာပဲဖြစ်ဖြစ် အဲဒီလူဆီကနေ ကိုယ်ဘာများသင်ယူနိုင်မလဲလို့ သင်တွေးကြည့်သင့်ပါတယ်။ နောက်ပြီး အဲဒီလူက သင့်ကို ချစ်တတ်ဖို့ ဒါမှမဟုတ် မုန်းတတ်ဖို့ သင်ပေးလိုက်သလား။ လူ့ဘဝကနေ သင်ခွဲခွာသွားတဲ့အခါ လူတွေအတွက် ချစ်ခြင်းတွေအများကြီး သင်ချန်ခဲ့သလား၊ ဒါမှမဟုတ် အမုန်း နာကျင်ထိခိုက်ခြင်းတွေကိုပဲ သင်ချန်ခဲ့သလား၊ ပျော်ရွှင်ခြင်း ဒါမှမဟုတ် ကြေကွဲခြင်းတွေ ချန်ခဲ့သလား.. ဒါကို သင်တွေးကြည့်သင့်ပါတယ်။ လူတိုင်းမှာ ချစ်နိုင်တဲ့အစွမ်းအစတွေ ရှိကြပါတယ်။ ချစ်ခြင်းမေတ္တာရဲ့အင်အားကို ကောင်းကောင်းအသုံးချသင့်ပါတယ်”

***၂ဝ၁၃ခုနှစ် စက်တင်ဘာလထုတ် အမှတ်စဉ် ၁၈ တရုတ်Readers (DuZhe) မဂ္ဂဇင်းမှစာတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်မျှဝေပါတယ်။

တရုတ်လိုမူရင်းရေးသားသူ-- Sūn kāi Yuán (孙开元)

မြန်မာလို ဘာသာပြန်သူ -- နိုင်းနိုင်းစနေ (July. 1. 2014)



ရေစိုနေသည့် AIR CON အားကိုင်မိရာမှ ဓါတ်လိုက်သေဆုံး



ရန်ကုန်၊ ဇူလိုင် ၂

၁.၇.၂၀၁၄ ရက်နေ့ ၁၄၀၅ အချိန် ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင်အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးရောက်ရှိနေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ ပန်းရံအလုပ်လုပ်ကိုင်သူ မောင်ဝေလင်းအောင်ဖြစ်ပြီး ၀ဲလက်ဖ၀ါးနှင့်
ဝဲလက်သန်းတို့တွင်အရေပြားပွန်းစုတ်ဒဏ်ရာ၊ ယာခြေသန်းတွင်ညိုမဲဒဏ်ရာများ ရရှိ ထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်ရှိ နေအိမ်
တစ်အိမ်တွင် ရေချိုးခန်းအိမ်သာ ပြုပြင်ဆောက်လုပ်နေသော ပန်းရံအဖွဲ့တွင် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ၁၃၀၅ အချိန်ခန့်က အဆိုပါ နေအိမ်ရှိရေချိုးခန်းတွင်
ပြူတင်းပေါက်တပ်ဆင်ရန်အတွက် ဆောက်ရွက်နေစဉ် ၎င်း၏နောက် ဘက်ရှိနံရံတွင်တပ်ဆင်ထားသော မိုးရေစိုနေသည့် AIR CON အား လက်ဖြင့်ကိုင်မိရာမှ ဓါတ်လိုက် ကာ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။

Yangon Police

ဘရာဇီး ကမ်းလွန်မှ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေပွေးများ နေထိုင်ရာကျွန်း


ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းတစ်ကျွန်းကို အစိုးရက လူအများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်များ ရှင်သန်ပေါက်ဖွားနေခြင်းကြောင့် ဖြစ်သည်။

ဆော်ပေါ်လို ကမ်းလွန်မှ မိုင်(၂၀)မျှ ကွာဝေးသော နေရာတွင် တည်ရှိသည့် အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီကျွန်းကို မြွေကျွန်းဟုလည်း တင်စားခေါ်ဝေါ်လေ့ ရှိသည်။ စတုရန်းပေ (၄၆၃၀)မျှသာ ကျယ်ဝန်းသည့် ကျွန်းလေးသည် ကမ္ဘာပေါ်တွင် Golden Lancehead Viper (ရွှေလှံဖျားမြွေပွေး)များ ရှင်သန်ပေါက်ဖွားသည့် တစ်ခုတည်းသော နေရာလည်း ဖြစ်သည်။

သိပ္ပံအမည် Bothrops insularis ဟုခေါ်သော မြွေများသည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေပွေးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ယင်းတို့၏ အဆိပ်သည် သွေးကြောများကိုရော၊ အာရုံကြောများကိုပါ ပျက်စီးနိုင်သည့် ဓာတ်သဘာဝနှစ်မျိုး ရောနှောလျက် ရှိသည်။ ဘရာဇီး အစိုးရသည် ဇီဝဗေဒဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်မည့် သိပ္ပံပညာရှင် အချို့မှလွဲပြီး အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီသို့ လူအများ သွားရောက်ခွင့် မပေးချေ။

ထိုကျွန်းအနီးတွင် မီးပြတိုက်တစ်ခု တည်ဆောက်ထားသဖြင့် ဘရာဇီးရေတပ်က ရံဖန်ရံခါ သွားရောက်စစ်ဆေးမှုမျိုးသာ လူသူအရောက်အပေါက် ရှိသည်။ ယင်းမြွေများသည် ရွှေညိုရောင်ရှိပြီး ဦးခေါင်းဖွဲ့စည်းပုံမှာ သွယ်လျချွန်မြသဖြင့် Golden Lancehead Viperဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ အဆိုပါ မြွေများကို တရားမဝင် ဖမ်းဆီးမှုများ ရှိနေပြီး မှောင်ခိုဈေးကွက်တွင် မြွေတစ်ကောင်၏ဈေးသည် ဒေါ်လာသုံးသောင်းမျှထိ ပေါက်ဈေးရှိနေသည်။

အကြီးဆုံး အရွယ်အစား နှစ်ပေခွဲမျှထိ ရှည်လျားလေ့ရှိသည့် မြွေပွေးများ၏ အဆိပ်မှာ ပြင်းထန်လွန်းသဖြင့် အကိုက်ခံရသော သားကောင်သည် အသားများပင် အရည်ပျော်သွားနိုင်ကြောင်း သိရသည်။ ယင်းတို့၏ အဆိပ်သည် အခြားသော မြွေပွေးမျိုးနွယ်များထက် ငါးဆမျှ ပိုမိုပြင်းထန်ပြီး သားကောင်ကို လှမ်းပေါက်လိုက်သည်နှင့် ချက်ချင်း အသက်သေဆုံးစေနိုင်သည်။

Golden Lancehead Viperများ အကိုက်ခံရပါက လူတစ်ဦး သေဆုံးနိုင်သည့် အခြေအနေသည် (၇)ရာခိုင်နှုန်းနှင့် (၁၀)ရာခိုင်နှုန်းကြား ရှိသည်။ အဆိုပါမြွေများ အကိုက်ခံရခြင်းကြောင့် ကျွန်းပေါ်သို့ မျက်စိလည်လမ်းမှား ရောက်ရှိသွားသည့် တံငါသည်တစ်ဦးနှင့် မီးပြတိုက်စောင့် မိသားစုတို့ သေဆုံးခဲ့ဖူးကြောင်း ပါးစပ်ရာဇဝင်များ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ကျွန်းပေါ်ရှိ Golden Lancehead Viperများ၏ အရေအတွက်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များကထက် (၁၅)ရာခိုင်နှုန်း လျော့ကျသွားပြီး ထောင်ဂဏန်း အနည်းငယ်သာ ရှိတော့သည်။ နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အဆိုပါ မြွေပွေးများကို မျိုးသုဉ်းလုနီးပါး အခြေအနေမျိုး ခြိမ်းခြောက်ခံနေရကြောင်း သတ်မှတ်ထားသည်။

_Ref: Dailymail
7 Day Daily

မန္တလေး အဓိကရုဏ်း ငါးဦးဒဏ်ရာရပြီး ဈေးဆိုင်နဲ့ ကားတချို့ဖျက်ဆီးခံရ


မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော်အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဒဏ်ရာရသူတစ်ဦး မနေ့ညက အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့လည်း မျက်မြင်တစ်ဦးကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့အတည်ပြုပြောကြားချက်ကို မရရှိသေးပါဘူး။

အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ လမ်း၈ဝကနေ ၈၆ လမ်း အနီးတ၀ိုက်မှာ ရဲတပ်ဖွဲ့အင်အား ငါးရာခန့် လက်ရှိလုံခြုံရေး ယူထားတယ်လို့လည်းဆိုပါတယ်။ မန္တလေးမြို့ခံတစ်ဦးက လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားတာကို မြင်ရကြောင်း RFA ကိုအတည်ပြု ပြောဆိုခဲ့ပါတယ်။

“ဖြစ်တာကတော့ ၈ နာရီဝန်းကျင်လောက်မှာဖြစ်တယ်၊ ၂၇၊ ၂၈ ကြား ဗလီမှာ ဘုန်းကြီးတွေ ဝိုင်းတဲ့ဟာကနေစဖြစ်တာ၊ ဘာ့ကြောင့်ဝိုင်းလဲဆိုတော့ ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်က သတင်းကိုအခြေခံပြီးတော့ အဲဒီလိုဖြစ်တယ်လို့ကြားရတယ်၊ လူအင်အား ၂ဝဝ၊ ၃ဝဝ လောက်ရှိတယ်၊ ပထမဦးဆုံးစဖြစ်တဲ့ ၂၂ လမ်း၊ ၂၇၊ ၂၈ နေရာမှာတော့ တော်တော်များတယ်ခင်ဗျ၊ ကျနော်တို့ နောက်ဆုံးရတဲ့သတင်းက ကျနော်တို့ ၂၆ လမ်းပေါ့နော် နောက် ၈၆ လမ်းတို့ ဘာတို့မှာ မွတ်စလင်ဆိုင်နဲ့ ပတ်သက်တာတွေတော့ ဖျက်ဆီးတယ်တော့ ကြားနေရတယ်၊ အဲဒီမှာလုံခြုံရေးတွေလာပြီးတော့ သူတို့ တစ်ပြပတ်လည် အကုန်ပိတ်ပစ်လိုက်တယ်၊ ခုလောလောဆယ်တော့ မန္တလေးမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပါတယ်”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့ ၂၇ လမ်း နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အင်တာနက်မှာသတင်းတစ်ခု ပေါ်ပေါက်ခဲ့ရာကနေ မနေ့ညနေ ၇ နာရီခန့်မှာ အဓိကရုဏ်းစတင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

ဆူပူမှုမှာပါဝင်သူ တစ်ထာင်နီးပါးရှိခဲ့ပြီး ဂဠုန်နီဆရာတော်ဦးဆောင်တဲ့ သံဃာတွေနဲ့ မွတ်စလင်ခေါင်းဆောင်တွေ အခင်းဖြစ်ပွားရာကို သွားရောက်ကူညီထိန်းသိမ်းခဲ့ပါတယ်။ ဒီနေ့မနက် ၂ နာရီက ဂဠုန်နီဆရာတော်ကို ဆက်သွယ်လျှောက်ထားမေးမြန်းရာမှာ ၂၆ နဲ့ ၂၇ လမ်းကြားက ၈၁ လမ်းပေါ်ရှိ ရွှေတိုက်ဝင်း ဗလီရှေ့မှာ ဗုဒ္ဓဘာသာမြန်မာ ၅ဝ ခန့်စုဝေးနေကြပြီး ဗလီအတွင်းမှာလည်း မူစလင်တချို့ရှိနေဆဲဖြစ်ကာ နှစ်ဖက်အခြေအနေ တင်းမာနေကြလို့ ထိန်းသိမ်းဖို့ကြိုးစားနေကြောင်း RFA ကို မိန့်ကြားပါတယ်။

“ဒကာဒကာမတွေကို ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံးတော့ ထိန်းပေးတာပဲ၊ မီးရှို့တာတွေ အဓိကမဖြစ်အောင် တတ်နိုင်သလောက် သံဃာ ၃ဝ၊ ၄ဝ လောက်နဲ့ လုပ်နေရတာ”

သွေးထိုးလှုံ့ဆော်မှုတွေကြောင့် သာမန်လူမှုရေးပြဿနာတစ်ခုကနေ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းဖြစ်ခဲ့ရတယ်လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ဒီနေ့မနက် နောက်ဆုံး သတင်းအရ မနက် ၄ နာရီမှာ လူစုလူဝေးလုံးဝမရှိတော့ဘူးလို့ သိရပါတယ်။

RFA Burmese

အနုပညာသမားတွေ အတွက် မိုးရေက မျက်ရည်ပဲလို့ ဖွင့်ဟလာတဲ့ ကျော်ထူး



” အစ်ကိုတို့ အနုပညာရှင်တွေ အနေနဲ့ကတော့ မိုးရာသီကို ကြောက်တယ်။ ဘာကြောင့်ကြောက်တာလဲဆိုတော့ မိုးရေတွေက အစ်ကိုတို့အတွက်ကတော့ မျက် ရည်တွေ ပါပဲ။ နဂိုကမှ ကားရိုက်တွေနည်းနေရတဲ့ ကြားထဲ မိုးရွာတော့ ပိုဆိုးတာပေါ့။ ရှေးလူကြီးသူမတွေက ပြောကြတယ်။ ဖိနပ်နဲ့ ထီးမပါရင် နွေအခါမှသိတဲ့။ အစ်ကို တို့အ တွက်ကတော့ ဖိနပ်နဲ့ထီးမပါရင် မိုးအခါမှသိပဲ။ မိုးတွင်းဆိုရင် ဖိနပ်က ပြတ်ပြီ။ အရေးထဲ ထီးကမပါရင် မိုးကရွှဲပြီးထီးကလည်း ယူလေ့ယူထမရှိဘူးလေ” လို့ မိုးတွင်း ကာလ မှာဖြစ်လေ့ရှိတဲ့ အနုပညာသမားတစ်ယောက်ရဲ့ဘဝကို ပြောပြလာသူကတော့ ဟာသသရုပ်ဆောင် ကျော်ထူးပဲဖြစ်ပါတယ်။ ဒါရိုက်တာကောင်း ကျော် ရိုက်ကူးတဲ့ ” ဘဒ္ဒ ကမ္ဘာမှာမင်းနဲ့ငါ” ဇာတ်ကားကို မိုးရေထဲမှာ ရိုက်ကူးခဲ့ပြီး ဒီဇာတ်ကားက တစ်ကားလုံးဖိုက်တင်အခန်းတွေချည်းပဲဖြစ်တဲ့အပြင် မိုးရေထဲမှာ ရိုက်ခဲ့ရတဲ့အတွက် သူ့အနေနဲ့ အမှတ်တရဖြစ်ခဲ့ကြောင်း ကျော်ထူးကပြောပါတယ်။

မိုးနဲ့ပတ်သက်ပြီး အငြိမ့်တွေမှာ ပြက်လုံးအနေနဲ့ ထည့်ပြက်ခဲ့ဖူးတယ်လို့ဆိုလာပြန်တဲ့ ကျော်ထူးက ” မိုးကအဓိကက တော့ လူတွေကို ကောင်းကျိုး ပေးတာလည်းရှိသလို၊ ဆိုးကျိုးပေးတာတွေလည်းရှိတယ်။ ကောင်းကျိုးဘက်ကတွက်ကြည့် မယ်ဆိုရင်လည်း ကောင်းတာပေါ့ လေ။ ဆိုးတဲ့ဘက်က ကြည့်တော့လည်း ဆိုးတာပေါ့။ မိုးရေ ကတော့ ဘာသာခြားတွေလည်း သောက်ကြတယ်။ မြန်မာလည်း သောက်တယ်။ တိုင်းရင်းသားတွေလည်း သောက်တယ်။ သူ့မှာ ခွဲခြားမှု ဘာမှမရှိဘူး။ အဲဒါကို အစ် ကို တို့က ဖွဲ့နွဲ့ပြီးတော့ ပြက်လုံးအနေနဲ့ ပြက်ခဲ့ဖူးတယ် ” လို့ ပြောပြပါတယ်။ကျော်ထူးက ဇာတ်ကားတွေ ရိုက်ရင်း ဆောင်းပါးတွေ လည်း ရေးလေ့ရှိပြီး ဆောင်း ပါးတွေကို ပြန် လည်စုစည်းပြီး စာအုပ်တစ်အုပ်အဖြစ်လည်း ထုတ် ဖြစ်ပါတယ်။ အခု လတ်တလောမှာလည်း ” ရှေးကထက် ပိုချစ်ကြသည်” စာအုပ်ကို ထွက်ရှိထားပါသေးတယ်။

Popular Myanmar

အမျိုးသားပေါင်း ၁သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ


Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီးဟာ အသက် ၂၁ နှစ်မှာ
 Escort လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောင့်ရေးလုံခြုံရေး လုပ်ငန်း တစ်ခုမှာ အမျိုးသား
 တွေနဲ့ တန်းတူ လုပ်ကိုင် ပါတယ်။

 အဲ့ဒီ အချိန်ကနေ စလို့ Prostitution ကိုပါ လုပ်လို့လုပ်မှန်း မသိ လုပ်မိလာခဲ့ ပါတယ်။

၁၀ နှစ်ကျော် ကြာသွားတဲ့ အချိန် လေယာဉ်မောင်း လိုင်စင် ရလို့ ပိုင်းလော့ စလုပ်ပေမယ့် တစ်နှစ် အတွင်းမှာပဲ ကျောက်ကပ် ရောဂါ ကြောင့် အနားယူရ ပြန် ပါတယ်။ ဒီတော့ Prostitution ဘက် ကိုပဲ ပြန်ရောက် ပါတယ်။ ၁၅ နှစ် ကျော် ကြာ လုပ်ကိုင်ခဲ့တဲ့ အဲ့ဒီ နယ်ပယ်မှာတော့ သူဟာ အင်မတန် ထူးချွန် ပါတယ်။ အမျိုးသားပေါင်း ၁၀၀၉၁ (တစ်သောင်းကျော်) နဲ့ တစ်သက် တစ်လျှောက် အိပ်ခဲ့ ဖူးပြီး တစ်ရက်ကို ၁.၈ ယောက် နဲ့ အိပ်ကြောင်း သင်္ချာနည်းကျကျ တွက်ချက်လို့ ရ ပါတယ်။

 တစ်လကို ၅၆ ဦးနဲ့ အိပ်စက်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ms Montenegro ဟာ ယောင်္ကျား အကြောင်း နောကြေ သွားသူ ဖြစ်ပါတယ်။ ဒီတော့ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို သူမ ကိုယ်တိုင် ရေးသား ထုတ်ဝေ လိုက်ပါတယ်။

သက်တမ်း တစ်လျှောက် သူမ နဲ့ အိပ်စက် ခဲ့တဲ့ အမျိုးသား အရေ အတွက် ကိုလည်း တိတိကျကျ မှတ်တမ်း တင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရည် နဲ့ ပညာ အရည်အချင်း အရလည်း ခေ သူ မဟုတ်ပေမယ့် အဲ့ဒီ အလုပ်မှာ ပရော်ဖက်ရှင်နယ် ဖြစ်ခဲ့သူသာ ဖြစ်ပါတယ်။ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို အွန်လိုင်းကနေရော၊ စာအုပ်ဆိုင်တွေမှာကော ဥရောပ နဲ့ အမေရိက တို့မှာ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

မြန်မာအလုပ်သမားမှ ထိုင်းရဲ( ၄ ) ဦးဘတ်ငွေ ၇,၀၀၀ နှင့် လက်ကိုင် ဖုန်း တစ်လုံးအားယူပြီး လူတွေကိုပြောရင် သတ်ပစ် မယ်လို့ ခြိမ်းခြောက်


 မြန်မာနှင့်ထိုင်းစစ်အစိုးရတို့က မြန်မာအလုပ်သမားများအား ဖမ်းဆီးခြင်း မပြုကြောင်း အမျိုးမျိုးကြေညာ နေသော်လည်း နေရာအတော်များများတို့တွင် မြန်မာ အလုပ်သမားများအား ဖမ်းဆီးခံနေရကြောင်းသိရှိရသည်။


 ယနေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့ အယ်ကချိုင် ၆၀/၆၆ ဈေးရှေ့တွင်ရှိသော KASKORN BANK ရှေ့ ကား မှတ်တိုင်တွင် ပတ်စပို့နှင့်ဝတ်ပါမစ်အပြည့်အစုံပါရှိသော ရခိုင်အလုပ်သမား တစ်ဦး ထံမှ ထိုင်းရဲ၎ဦးက ကားပေါ် သို့ တင်ဆောင်သွားပြီး ဘတ်ငွေ ၇,၀၀၀ နှင့် လက်ကိုင် ဖုန်း တစ်လုံးအား သိမ်းယူသွားခဲ့သည်။

 ရခိုင်အလုပ်သမား ကိုနေလင်းအောင် က“ကားက အပြာနုရောင်ပါ။ ထိုင်းစာတော့ ကျနော် မဖတ်တတ်ဘူး။ နံပတ်က 8164 ဖြစ်ပါတယ်။ လူတွေကိုပြောရင် သတ်ပစ် မယ်လို့ ခြိမ်းခြောက်သွားပါတယ်” ဟုပြောသည်။

     အလားတူ ယမန်နေ့က နကပထုန်မှ ရခိုင်အလုပ်သမားတစ်ဦး ပတ်စပို့ရှိသည့် ဇနီးဖြစ်သူ မ၀င်းနု အား ပုလိပ်ဖမ်း ထားသဖြင့် MAT အဖွဲ့သို့ လာရောက် တိုင်ကြား ပြီးအပြန်တွင် ဘန်ခေဈေးအနီးတွင် ပုလိပ်ဖမ်းသဖြင့် ဘတ် ၂၀၀ ဖြင့် ကျေးအေး လိုက်ရသည်။


ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“အစိုးရ နှစ်ရပ်ကို သက်သေပြချင်လို့ ဒီနေ့ ကျနော်တို့အဖွဲ့က တစ်ယောက် သူ့ကိုယ်ပိုင်ကားနဲ့ အယ်ကချိုင်လမ်း ၈၉/၇ မှာ ပုလိပ်တွေ ဖမ်းတာကို ဓါတ်ပုံရိုက်တယ်။

လမ်းမှာအမှိုက်လှဲတဲ့အမျိုးသမီးတစ်ယောက်က ပြောလို့ ပုလိပ်သိ သွားတယ်။ မနဲရှင်းလိုက်ရတယ်။ ကယ်မရာထဲကပုံတွေကို အကုန်ဖျက်ပစ်လိုက်ရ တယ်။ ပုလိပ်ဖမ်းပါပြီးတဲ့ ဘယ်အစိုးရ ဘယ်ဖုန်းကို ဆက်သွယ်ပြီး အကူညီတောင်း လို့ ဖြေရှင်းနိုင်မလဲ။ ကျနော်တို့တောင် အချက်အလက်ရအောင် လုပ်တာ အခက်အခဲ ရှိရင် အလုပ်သမားတွေဆို ဘယ်လိုလုပ်ပြီး ဓါတ်ပုံရိုက်ရဲမလဲ၊ စစ်တပ်ကဖမ်းတာ မဟုတ်ဘူး။

ပုလိပ်ကဖမ်းတာ၊ ပုလိပ်လုံးဝမဖမ်းအောင် အစိုးရက နိုင်နိုင်နင်းနင်း ကန့်သတ်ဖို့လိုပါမယ်” ဟုပြောသည်။
ပတ်စပို့ရှိလျှက်နှင့် ပုလိပ်အဖမ်းခံထားရသည့် အလုပ်သမားများ၏ မိသားစုအချို့ နက်ဖြန်တွင် သံရုံးသို့ အကူညီတောင်းရန်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

ရွှေလုပ်သား

ဆိုးဆိုးဝါးဝါး ယာဉ်တိုက်မှု ဖြစ်ခဲ့ပေမယ့် အရေးယူခြင်း မခံရတဲ့ ရဲတပ်သား



အေသင်အောင်
တရုတ် ရဲတပ်သားတစ်ဦးဟာ ဆိုးဆိုးဝါးဝါး ယာဉ်တိုက်မှု ဖြစ်ခဲ့ပေမယ့် အရေးယူခံရခြင်း ကနေ ကင်းလွတ်ခွင့်ရသွား ပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိ ပက်ဟီအမည်ရ ရဲတပ်သားတစ်ဦးဟာ တာဝန်ထမ်းဆောင်ပြီး ရဲစခန်းကို ပြန်လာရာမှာ ရုတ်တရက်ထွက်လာတဲ့ ကားကို ရှောင်လိုက်ရတာမို့ အတားအဆီးကို ကျော်ဖြတ်သွားကာ သုံးထပ်တိုက် နံရံကို တိုက်မိသွားပါတယ်။ အောက်ကနေ ကြည့်လိုက်ရင် ကားဟာ လမ်းမပေါ် ရောက်နေပြီး တိုက် နံရံနဲ့ ချိတ်နေတာ အံ့အားသင့်ဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တကယ့်ကို ဆိုးဝါးလှတဲ့မြင်ကွင်း ဖြစ်ပေမယ့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အားလုံး ထိခိုက်မှု မရှိအောင် မောင်းနှင်ခဲ့ရတာမို့ အခုလိုဖြစ်သွားရကြောင်း၊ ထို့အတွက် မည်သည့် အရေးယူမှုကိုမှ ပြုလုပ်သွားမည် မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ၎င်းက လူတိုင်းဟာ အမှားအယွင်းရှိ တတ်ကြောင်း၊ သို့သော် ယခုဖြစ်စဉ် အတွက် ယာဉ်မောင်းကို သင်တန်းပြန် တက်ခိုင်း ရမည်ဖြစ်ကြောင်း ဆက်လက်ဆိုခဲ့ပါတယ်။ ကံကောင်းတာက ဒီဖြစ်စဉ်ကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာမရခဲ့ခြင်း ဖြစ်ပါတယ်။ ရဲကားကို ကရိန်းတွေ အကူအညီယူပြီး အောက်ကို ပြန်လည်ချခဲ့ရပြီး အပျက်အစီးတွေကို ချက်ချင်း ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

messneger

အရက်မူးပြီးစိတ်ဖောက်ပြန်ကာ ဇနီးနှင့်မြေးအား လည်ပင်းညှစ်သတ်


နာရီ ၂၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ လားရှိုး မြို့နယ်၊ အီနိုင်းကျေးရွာနေ ဦးချိုချို
(၅၄)နှစ်သည် နေအိမ်၌ရှိနေစဉ် ကျေးရွာသူကြီး ရောက်ရှိလာပြီး ဦးချိုချို၏ ဦးလေးတော်စပ်သူ ဦးညွန့်မောင်(၆၄)နှစ်သည် ဇွန်လ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အရက်သောက်စားမူးယစ်ပြီး စိတ်ဂယောင်ခြောက်ခြားဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်ညို(၆၂)နှစ်နှင့် မြေးဖြစ်သူ မချစ်ငြိမ်းသူ(၁၆)နှစ်တို့ ၂ ဦးအား လည်ပင်းညှစ်သတ်၍ သေဆုံးသွားကြောင်း ပြောပြသိရှိရသဖြင့် လိုက်လံကြည့်ရှုခဲ့သည်။

ထိုသို့လိုက်လံကြည့်ရှုရာ ဒေါ်ညိုအား နေအိမ်အိပ်ခန်းအတွင်းရှိကုတင်ပေါ်တွင် နှာခေါင်းသွေးထွက်ဒဏ်ရာနှင့် မချစ်ငြိမ်းသူအား ဘုရားစင်အောက်ကြမ်းပြင်ရှိအိပ်ယာခင်းပေါ်တွင် နှာခေါင်းသွေး
ထွက်ဒဏ်ရာများဖြင့် နှစ်ဦးစလုံးသေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် အရေးယူပေးရန် တိုင်တန်းခဲ့ရာ ဦးညွန့်မောင်အား လားရှိုးမြို့မရဲစခန်း(ပ)၁၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ပြည်ပတူရိယာ ဂစ်တာတီးတဲ့ Iron Cross က ဆရာချစ် မြန်မာ့ဆိုင်းဝိုင်းမှာ လက်စွမ်းပြ


အထက်ပါ ပုံကတော့ မြန်မာ့ဆိုင်းဝိုင်းမှာ အားလုံးနဲ့အတူ ဝင်ရောက်တီးခတ်နေတဲ့ ဆရာချစ်ခေါ် ဂစ်တာဆရာ ချစ်စမ်းမောင်ရဲ့ ဓာတ်ပုံပါ။ အိုင်စီမှာ ဂစ်တာ လက်စွမ်းပြသလို တစ်ယောက်တည်း လက်စွမ်းပြသွားတာတော့ မဟုတ်ပေမယ့် အားလုံးနဲ့ အတူတူ အဆင်ပြေပြေ ချောချောမွေ့မွေ့ မှန်ဝိုင်းထဲမှာ တီးခတ်ပြသွားနိုင်ပါတယ်။

ဆရာချစ်ရဲ့ လက်စွမ်းပြ သံစဉ်ကို နားဆင်လိုတယ်ဆိုရင်တော့ အောက်ပါ video မှာ နားဆင်နိုင်ပါတယ်။

Ygn News



စွမ်းအားဖြည့် အချိုရည်တွေမှာ နွားထီးမှရရှိတဲ့ ကျင်ငယ်ရည် နဲ့ သုတ်ရည်တို့ ပါဝင်တယ်လို့ သိရ


စွမ်းအားဖြည့်အချိုရည်တွေမှာ နွားထီးရဲ့ ကျင်ငယ်နဲ့  သုတ်ရည်တို့ ကနေ ထုတ်ယူထားတဲ့ ပါဝင်
ပစ္စည်းတွေ ပါရှိတယ်လို့ ဆိုပါတယ်။Longhorn Cattle ကုမ္ပဏီကနေ လုပ်ဆောင်ခဲ့တဲ့ လေ့လာ
မှုတစ်ရပ်မှာ RED BULL နဲ့  MONSTER တို့ လိုမျိုး ထိပ်တန်းနာမည်ကြီး အားဖြည့်အချိုရည်တွေထဲက တစ်ချို့ ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

သူတို့ ရှာဖွေတွေ့ ရှိခဲ့တဲ့အရာကတော့ သင့်ကို ဗိုက်နာကောင်း နာစေမှာပါ။ အားဖြည့်အချိုရည်တွေမှာ နွားသိုးရဲ့ သုတ်ရည်ပါဝင်နေတယ်လို့  ဆိုတဲ့ သူတို့ ရဲ့ ရှာဖွေတွေ့ ရှိချက်က အမှန်ပဲဖြစ်ပါတယ်။

တော်ရိန်းဓာတ်( Taurine) ဆိုတာဟာ လက်တင်ဘာသာနဲ့ နွားသိုးလို့ အဓိပ္ပါယ်ရတဲ့ (Taurus) ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။၁၈၂၇ ခုနှစ်မှာ သြစတြေးလျလူမျိုးများဖြစ်တဲ့ သိပံ္ပပညာရှင် Friedrich Tiedemann နဲ့ Leopold Gmelon တို့ က သည်းချေရည်ကနေ အဲ့ဒီ တော်ရိန်းဓာတ်ကို သီးခြား ခွဲထုတ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။သိပ္ပံဘာသာစကားမှာတောင် အဲ့ဒါကို အမိုင်နိုအက်ဆစ်(Amino acid – အသားဓာတ်ပါသော အက်ဆစ်ဓာတ်)လို့  ခေါ်ဝေါ်ကြပါတယ်။

ဒါပေမယ့် တော်ရိန်းမှာ Carboxyl အုပ်စု မပါဝင်တာကြောင့် အမိုင်နိုအက်စစ်လို့ အတိအကျ သတ်မှတ်လို့  မရပါဘူး။ တော်ရိန်းဓာတ်ဟာ နွားထီးရဲ့ အသည်း၊ ကျင်ငယ်နဲ့ သုတ်ရည် တို့ မှာ ပါရှိတာပါ။ သေချာတာကတော့ Red Bull လို မျိုး စွမ်းအားဖြည့် အချိုရည်များမှာ အသုံးပြုထားတဲ့ တော်ရိန်းဓာတ်ဟာ အဲ့လိုမျိုး အရင်းအမြစ်တွေကနေ ထုတ်ယူထားတာ ဖြစ်ပါတယ်။

အားဖြည့်အချိုရည်တွေမှာ တွေ့ ရတဲ့ တော်ရိန်းဟာ နွားထီးရဲ့  ဝှေးစေ့များကို ချေဖျက်ပြီး ရရှိလာတဲ့ ထွက်ကုန်ဖြစ်တာကြောင့် သတ်သတ်လွတ်သမားတွေ အတွက် မသင့်တော်ဘူးလို့ စဉ်းစားလို့ ရပါတယ်။ အဲ့ဒီ တော်ရိန်းဟာ နွားသိုးရဲ့ သည်းချေရည်နဲ့  မိခင်ရဲ့  နို့ ရည်ထဲမှာလည်း သဘာဝအလျောက် တွေ့ ရှိရတဲ့ ပါဝင်ပစ္စည်းလည်းဖြစ်ပါတယ်။

Ref:www.3gu.im

Treand Myanma

ဘင်္ဂါလီအရေး ကိုင်တွယ်ရန် ပြည်နယ်အစိုးရတွင် အဖြေမရှိ



 ရခိုင်ပြည်နယ်တွင် ၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ စိစစ်မည်ဖြစ်သော်လည်း စစ်ဆေးမှု ပြီးစီးပါက ရခိုင်ပြည်နယ်တွင် နေထိုင်သော တရားမ၀င်ဘင်္ဂါလီများကို မည်သို့ဆောင်ရွက်မည်ကို ညှိနှိုင်းဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းက မဇ်္ဈိမကို ပြောသည်။
ရခိုင်အင်အားစုများက ၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေကို အကောင်အထည်ဖော်ပြီးနောက် ဒေသတွင်းရှိ ဘင်္ဂါလီလူမျိုးစုများ အနက်မှာ နိုင်ငံသားဖြစ်ခွင့် မရှိသူများကို မည်သို့မည်ပုံထားရှိမည်ကို မေးမြန်းရာတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“စိစစ်ခြင်း ကိစ္စတွေ၊ ဘင်္ဂါလီဒုက္ခသည် စခန်းတွေမှာ ပြန်လည်နေရာချထားရေးတွေ ကိစ္စတွေကို ညှိနှိုင်းဆဲ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်မောင်မောင်အုန်းက ဖြေကြား ခဲ့သည်။

၁၉၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ စိစစ်ခြင်းကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်လျက်ရှိပြီး မြေပုံမြို့နယ် ဒုက္ခသည်စခန်းမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေစိစစ်ခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ကိုခိုင်ကျော်မိုးက “စစ်တာတော့ဟုတ်တယ်၊ စစ်ဆေးပြီးရင် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကျွန်တော်တို့ ကြိုဆိုတယ်။ ဒါပေမဲ့ ဥပဒေနဲ့မညီညွတ်သူတွေကို ဥပဒေအတိုင်းပဲ ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု မဇ်္ဈိမကို ပြောသည်။

မြေပုံမြို့ ဒုက္ခသည်စခန်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် စိစစ်မှုအရ လက်ရှိတွင် နိုင်ငံသားဖြစ်ခွင့်ရှိသူဦးရေ အရေအတွက်နှင့် ဖြစ်ခွင့်မရှိသူ အရေအတွက်တို့ကို ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ စိစစ်မှုအတွက် လက်ခံသည့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ၇၀၀ ခန့် ရောက်ရှိပြီဟုသာ မြေပုံမြို့ နိုင်ငံသားစိစစ်ရေး ကော်မတီဝင် ဦးမောင်ရေချမ်းက မဇ္ဈိမကို ပြောသည်။

ရခိုင်အင်အားစုများကမူ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို လွတ်လပ်စွာ သွားလာခွင့်ပေးသင့်သည်ဟု ဆိုသည်။ စစ်တွေ၊ ကျောက်ဖြူ ဘင်္ဂါလီဒုက္ခသည်စခန်းရှိ ဘင်္ဂါလီလူမျိုးစုများကမူ ထိုသို့ ကြန့်ကြာခြင်းကြောင့် နိုင်ငံသားဖြစ်နိုင်ခြေ အခွင့်အရေးရှိသူများ အခွင့်အရေးဆုံးရှုံးနိုင်သည်ဟု ဆိုသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးနေသဖြင့် နှစ်ဖက်အဖွဲ့အစည်းက ကျေနပ်အားရခြင်း မရှိဟု ဆိုသည်။ နိုင်ငံသား စိစစ်ခြင်းကို မြေပုံမြို့ လူဦးရေ ၃,၀၁၀ ဦးရှိ တောင်ပေါ် ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ဇွန်လ ၁၅ ရက်က စတင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀ သိန်းကျော်ရှိသည်။ ယခုဆောင်ရွက်နေသည့် စိစစ်မှုတွင် ရိုဟင်ဂျာဟု ခံယူသူများ အကျုံးမ၀င်ပေ။

Mizzima

ရေချိုးရင်းရေနစ်သည့် ကျောင်းသူကို ကယ်ဆယ်ရာမှ နှစ်ဦးစလုံး သေဆုံး


မန္တလေးတိုင်းဒေသကြီး ရှိ နည်းပညာတက္ကသိုလ် (ရမည်း သင်း) မှ ကျောင်းသားများ သစ်
ဆုံဆည်သို့ အလည်သွားရောက် ရာမှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ရေနစ်သေဆုံး
 ခဲ့ကြောင်း သတင်းရရှိသည်။


ရမည်းသင်းမြို့ အနောက် မြောက်ဘက် ကိုးမိုင်ခန့်အကွာရှိ သစ်ဆုံဆည်သို့ နည်းပညာတက္က သိုလ်ကျောင်းသားများ ဇူလိုင် ၁ ရက်တွင် သွားရောက်လည်ပတ် စဉ် ရေချိုးနေသော ကျောင်းသူ တစ်ဦး ရေနစ်သဖြင့် ကျောင်းသား တစ်ဦးက လိုက်လံကယ်ဆယ်ရာ မှ

‘‘B.E (EC) နောက်ဆုံးနှစ် ကျောင်းသားတွေပါ။ အသက် (၂၂) လောက်စီပဲ ရှိဦးမယ်။ တစ် ခန်းတည်းနေ သူငယ်ချင်းတွေပါ ပဲ။ ကျောင်းသူက ရေချိုးနေတာ ရေညှိတွေကြောင့် ရေနုတ်မြောင်း ဘက်ရောက်သွားတာ။ အဲဒါကို ကျောင်းသားက လိုက်ဆယ်တာ။ နှစ်ယောက်လုံး ရင်ခွဲရုံရောက်နေ ပြီ။ ရွာသားတွေက ကူညီပေးပါ တယ်’’ ဟု နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရမည်း သင်း)မှ ကျောင်းသားတစ်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ်နှင့် အနည်းငယ်လှမ်းသော သစ်ဆုံ ဆည်သို့ ကျောင်းသားများ သွား ရောက်လေ့လာတတ်ကြပြီး ယခု ကဲ့သို့ ရေနစ်သေဆုံးသော ဖြစ် စဉ်မျိုးယခင်က မကြားဖူးကြောင်း အထက်ပါ ကျောင်းသားက ပြော ကြားသည်။

 ရေနစ် သေဆုံးခဲ့သော ကျောင်းသူသည် ပျော်ဘွယ်မြို့မှ ဖြစ်ပြီး ကျောင်းသားသည် ပျဉ်းမနားမြို့မှဖြစ်ကာ အဆောင်နေ ကျောင်းသားများဖြစ်ကြောင်း သိရသည်။

နှစ်ဦးလုံး သေဆုံးခဲ့ခြင်းဖြစ် သည်။
7Day News Daily

ရန်ကုန်မြို့၌ ဇွန်လအတွင်း လျှပ်စစ်ကြိုးပြတ်ကျမှုများနှင့် နေအိမ်သို့သွယ်တန်းထားသော လျှပ်စစ်ကြိုးမှ သွပ်မိုးနံရံသို့ လျှပ်စစ်စီးဝင်ကာ လူသေဆုံးမှုအပါအ၀င် ဓာတ်လိုက်သေဆုံးသူ ၂၀ အထိရှိ


ဇွန် ၃၀ ရက်ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်လအတွင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုနှင့် လျှပ်စစ်နှင့်ပတ်သက်သော အခြားဆက်စပ်ဖြစ်စဉ်များကြောင့် သေဆုံးသူဦးရေ ၂၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းများအရ စုံစမ်းသိရသည်။
ဇွန် ၃၀ ရက် ညနေ ၄ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် ပုလဲလမ်းတွင် ကန်စွန်းခင်းထဲမှ ကန်စွန်းရွက်ခူးနေသူတစ်ဦးသည် ကန်စွန်းခင်းဘောင်ပေါ်မှ သဲအိတ်များပေါ် ကန်စွန်းရွက်များကို တင်ပြီးရေခါနေချိန်တွင် သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးပြတ်ကျသွားပြီး ၎င်း၏ပခုံးကိုပတ်မိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ၂၅ နှစ်အရွယ်အမျိုးသားသည် ကန်စွန်းခင်းတွင် သုံးဦး လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်ပြီး  မိနစ်နှစ်ဆယ်ခန့်အကြာ ဆေးရုံသို့သွားရာလမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကန်စွန်းရွက်ခူးနေတာက သုံးယောက်ခူးနေတာပါ။ ညီလေးက ကန်စွန်းရွက်ရေခါဖို့ ဘောင်ပေါ်တက်နေတုန်း သူ့ပခုံးပေါ်ကို ဓာတ်ကြိုးကပြတ်ကျပြီး ပတ်သွားတာ။ ကျန်နှစ်ယောက်ကတော့ ဘာဒဏ်ရာမှမရပါဘူး။ သေတဲ့လူကလည်း သေပြီဆိုတော့ ကံလို့ပဲသတ်မှတ်ရပါတော့မယ်။ ဘာမှမထူးတော့ပါဘူး။ လျှပ်စစ်ရုံးကိုလည်း အမှုမဖွင့်ချင်ပါဘူး” ဟု သေဆုံးသူအမျိုးသား၏အစ်ကိုဖြစ်သူ ကိုမင်းမင်းထွန်းကဆိုသည်။

ပြတ်ကျသွားသောလျှပ်စစ်ဓာတ်ကြိုးသည် ကြေးကြိုး ၇/၁၂ ၄၀၀ ဗို့လိုင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်က သွယ်တန်းထားသော ဓာတ်ကြိုးများဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“သေဆုံးသွားတဲ့လူကို နာရေးကိစ္စနဲ့ ရက်လည်ကိစ္စတွေအတွက် ကျွန်တော်တို့တာဝန်ယူပေးသွားမှာပါ။ ကျန်တဲ့ကိစ္စအပိုင်းတွေကိုတော့ ရန်ကုန်တိုင်းလျှပ်စစ်ရုံးက တာဝန်ယူသွားမယ်လို့သိရပါတယ်။ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုတွေအတွက် လူတွေ ဆောင်ရန်၊ ရှောင်ရန်ဖြစ်အောင်လို့ လက်ကမ်းစာစောင်တွေလိုက်ဝေထားတယ်။ အခုလည်း နေရာတော်တော်များများမှာ ဓာတ်အားလိုင်းတွေ၊ ဓာတ်ကြိုးတွေကို ပြင်ဆင်မှုတွေလုပ်နေပါတယ်” ဟု မြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ဇော်က ပြောကြားသည်။


ဇွန် ၃၀ ရက် ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျသည့်နေရာအား တွေ့ရစဉ်  (ဓာတ်ပုံ-အောင်မျိုးသန့်)



ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် ညနေပိုင်းက ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီး မိုးသည်းထန်စွာရွာသွန်းနေချိန်၌ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ရွှေပြည်သာမြို့နယ်တွင်လည်း ဇွန် ၂၃ ရက်ညပိုင်းက အမျိုးသားတစ်ဦးသည် လမ်းဘေးတွင်အိကျနေသော လျှပ်စစ်ဝိုင်ယာကြိုးပေါ်သို့ချော်လဲရာမှ ဓာတ်လိုက်သေဆုံးခဲ့ရသည်။

တစ်လအတွင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်လိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၂၀ဦးအထိရှိလာပြီး သေဆုံးသူများမှာ စက်ရုံလုပ်သားများ၊ လျှပ်စစ်ဝန်ထမ်းများ၊ ဖုန်းပြုပြင်ရေးလုပ်သားများ၊ ပန်းရန်လုပ်သားများဖြစ်ကြပြီး လုပ်ငန်းခွင်ဝင်နေစဉ်အချိန်အတွင်း မတော်တဆမှုများကြောင့် ဓာတ်လိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Eleven

ရဟတ်ယာဉ်ပေးထားသည်ဆိုသည့်သတင်းကို ဗိုလ်ချုပ်မောင်မောင်အုန်း ငြင်းဆို



ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ချိန်အတွင်း
 အသုံး ပြုရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရဟတ်ယာဉ်တစ်စီး ပေးထား
သည်ဟု သတင်းများ ထွက်ပေါ်လာခြင်းမှာမမှန်ကန် ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်း က ငြင်းဆိုလိုက်သည်။

စစ်တွေမြို့တွင် ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်သောအရေးပေါ် ပြည်နယ်လွှတ်တော်အစည်းအဝေး အပြီးတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေဆိုသွားခြင်း ဖြစ်သည်။

“၀န်ကြီးချုပ်တစ်ယောက်အနေ နဲ့ ရဟတ်ယာဉ်ကိုတောင်းလို့မရ ပါဘူး။ ဒီမှာနယ်မြေခံတိုင်းမှူးရှိ ပါတယ်။ တိုင်းမှူးရဲ့ ခရီးစဉ်မှာ ၀န်ကြီးချုပ်နဲ့ပေါင်းစပ်ပြီးတော့ ဒေသတွေကိုသွားဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အတွက် ရဟတ်ယာဉ်သီးခြား စီစဉ်ပေးမှာ မဟုတ်ဘူးလို့ ပြော လိုပါတယ်”ဟု ဗိုလ်ချုပ်မောင်မောင် အုန်းက ပြောသည်။

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ပြည်နယ်တွင် ပြည်နယ်ဝန် ကြီးချုပ်ရာထူးထမ်းဆောင်စဉ်ကာလ အတွင်း အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်မှ ရဟတ်ယာဉ်တစ်စီး စီစဉ်ထားသည်ဟု သတင်းများ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တပ်မတော် သားကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည် နယ်ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ရန် အဆိုကို ကန့်ကွက်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်က အတည် ပြုလိုက်ပြီ ဖြစ်သည်။

“သူ့ရဲ့ တစ်နှစ်ခွဲသက်တမ်း မှာ အပြောင်းအလဲလုပ်မယ်လို့ တော့ ပြောထားတယ်။ ဒါပေမဲ့ ဘက်စုံနိမ့်ကျနေတဲ့ ရခိုင်ပြည်နယ် ကို ဘယ်ဟာက အရင်ဆွဲတင် မလဲ။ အဲဒါတစ်ချက်။ နောက် တစ်ခုက အခု သူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်သွားပြီ။ အရင် တုန်းက အတိုင်းလိုပဲ အရပ်သား အစိုးရလို့ ပြောပေမဲ့ စစ်တပ် အုပ်ချုပ်တဲ့ ပုံစံလို ဒေသခံတွေ ခံစားမိကြမှာ။ ဒါပေမဲ့ သူရဲ့ အယူအဆတွေကိုတော့ အများစု လက်ခံကြတယ်”ဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရခိုင် ပြည်နယ်လွှတ်တော်က သမ်္မတထံ သ၀ဏ်လွှာပို့ပြီးနောက် နိုင်ငံတော် သမ်္မတက အမိန့်ပြန်တမ်းစာထုတ် ပြန်မည်ဖြစ်ပြီး ပြန်လည်ခေါ်ယူ မည့် ပြည်နယ်လွှတ်တော်အစည်း အဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ကျမ်းသစ်္စာကျိန်ဆို မည်ဖြစ်သည်။

Hot News Journal

မန္တလေး ရုတ်ရုတ်သဲသဲ ဖြစ်မှု ပြန်တည်ငြိမ်



အင်္ဂါနေ့ညက မန္တလေးမြို့မှာ လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့မှုဟာ ဗုဒ္ဓဟူးနေ့ မနက်
၃နာရီလောက်မှာတော့ တည်ငြိမ်စ ပြုသွားပြီ
 ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်နေ့တုန်းက အိမ်ဖေါ် မိန်းကလေးတဦးကို မွတ်ဆလင် အလုပ်ရှင် နှစ်ဦးက ပျဉ်းမနားကို ခေါ်သွားပြီး မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ရာမှာ အင်္ဂါနေ့ ညနေပိုင်းလောက် မှာတော့ အဲဒီ အလုပ်ရှင်တွေ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာ လူတွေ စုရုံးရောက်ရှိလာပြီး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာပါ။

ခဲတွေနဲ့ အပြန်အလှန် ပစ်ပေါက်မှုတွေ ရှိခဲ့တဲ့အတွက် လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ထောင်နဲ့ချီ ချထားခဲ့ရပါတယ်။

ဒေါသ ဖြစ်နေကြတဲ့ လူအုပ်ကြီးကို ဂဋုန်နီ ဆရာတော် ဦးကာဝိဒနဲ့ သံဃာတွေက ထိန်းသိမ်း ဖြောင့်ဖျ ခဲ့ကြပါတယ်။

အဲဒီ လက်ဖက်ရည်ဆိုင် ပိုင်ရှင် မိသားစု ဘက်ကတော့ အိမ်ဖော်မလေးကို မတရား ပြုကျင့်တယ် ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ပျဉ်းမနားရဲစခန်းက တာဝန်ရှိသူတွေ ဆိုင်ကို လာရောက် ရှာဖွေတာတွေ လုပ်သွားပြီး ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

BBC (မြန်မာပိုင်း)

Viber နှင့် လက်ဆော့သူ အရေးယူခံရတော့မည်


နည်းပညာနှင့် လူမှု ကိစ္စအ၀၀တို့ တွင် အသုံးဝင်လှသော အင်တာနက် ဆက်သွယ်ရေးနယ်ပယ်ကို တလွဲ
အသုံးပြုမှုတို့ သတိထားဖွယ်အမှု တစ်ခုဖြစ်ပွားခဲ့သည်။


MOI Webportal

ဖေ့ဘွတ်ခ်စာမျက်နှာများတွင် ဘာသာရေးနှင့် ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့ (၈၂) လမ်းနှင့် (၂၇) လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးချထားခဲ့ရ

မန္တလေးမြို့ (၈၂) လမ်းနှင့် (၂၇) လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး လူစုလူဝေး ဖြစ်နေသည်ကို ဇူလိုင် ၁ ရက် ည ၁၀ နာရီကျော်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)



ဖေ့စ်ဘွတ်စာမျက်နှာများတွင် ဘာသာရေးနှင့် ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး၌ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး အပြည့်ချထား ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် ည ၈ နာရီကျော်ခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင် အနီးတွင် အွန်လိုင်းကောလာဟလမှတစ်ဆင့် လူစုလူဝေး ဖြစ်ပေါ်လာခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးချထား ဆောင်ရွက်ခဲ့ရပြီး ညဥ့်ဦးပိုင်း အချိန်တွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အခြေအနေအရ အဆိုပါဆိုင်အား ပိတ်ထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ကောလာဟလသတင်းတွေကြောင့် လုံခြုံရေးချထားပြီး ဆိုင်ကိုပိတ်ထားဖို့ သွားရောက်ညှိနှိုင်းပါတယ်။ နောက်ပြီး ဆိုင်အနီးဝန်းကျင်နဲ့ လမ်းတွေမှာ လုံခြုံရေးရယူ ဆောင်ရွက်ရတာပါ။ အခြားဘယ်လို အကြောင်းအရာမှ ဖြစ်ပွားမှု မရှိခဲ့ပါဘူး” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး စိန်ထွန်းက ပြောကြားသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ လက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူတစ်ဦး ဆိုသူက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဖုန်းဆက်ခြိမ်းခြောက် ပြောဆိုမှု ရှိခဲ့သည်ဟု ဆိုသည်။

ဘာသာရေးနှင့်ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး၌ လူစုလူဝေး ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးချထားစဉ် (ဓာတ်ပုံ-မင်းသန့်)

“ကောလာဟလပါ။ အွန်လိုင်းပေါ် ရေးသားမှုတွေကြောင့် အခုလိုဖြစ်ရတာ မကောင်းဘူးပေါ့။ ဆိုင်ကို ခဲနဲ့ထုသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အဲလို မဖြစ်ခင် ဘုန်းကြီးတွေ ဒီဆိုင်ပတ်ဝန်းကျင်မှာ တွေ့တယ်။ ကားနှစ်စီးနဲ့ ပတ်နေတယ်ဆိုတာမျိုး ကြားရပေမယ့် ကျွန်တော်ရောက်တဲ့ အချိန်မှာ မတွေ့ပါဘူး” ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ ကိုဇော်မင်းထွန်းက ဆိုသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဘာသာခြားမှ မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟူသော အဖြစ်အပျက်ကို အခြေခံကာ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းကောလာဟလကြောင့် လူစုလူဝေး ဖြစ်ပေါ်နေသည့် နေရာသို့ ရဲတပ်ဖွဲ့မှ အချိန်မီ လာရောက်ခဲ့ပြီး အခြေအနေအား လုံခြုံရေးရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ပါးစပ်မှာကိုက်ပြီး ဆော့ရာကနေ ဦးနှောက်ထဲထိ တူစိုက်သွား



ပါးစပ်ကနေတစ်ဆင့် ဦးနှောက်ထိရောက်အောင် တူတစ်ချောင်းဟာ ဖောက်ဝင်သွားတာကြောင့် တရုတ်နိုင်ငံက ကလေးတစ်ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။

ဒီကလေးဟာ တူကို ပါးစပ်မှာကိုက်ထားရင်း ပြေးလွှား ဆော့ကစားရာကနေ ချော်လဲခဲ့တာ ဖြစ်ပါတယ်။
ခေါင်းက ရှေ့ကို အရင်စိုက်ကျသွားတာကြောင့် တူဟာ ပါးစပ်အခုံးကိုဖောက်ပြီး ဦးနှောက်ထဲထိ တစ်လက်မ နစ်ဝင်သွားခဲ့ပါတယ်။

တူကို ဖယ်ရှားခဲ့အပြီးမှာ ကံကောင်းစွာနဲ့ပဲ Li Kaiyi လို့ခေါ်တဲ့ ဒီကလေးဟာ ပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ဆိုပါတယ်။

“တူ က ၂ စင်တီမီတာလောက် ဦးနှောက်ထဲဝင်သွားတယ်။ ကံကောင်းစွာနဲ့ပဲ အဓိကနာဗ်ကြောကြီးတွေကို မထိခဲ့ပါဘူး” လို့ ခွဲစိတ်ဆရာဝန် Liu Jinfang က ပြောကြားခဲ့ပါတယ်။

ဆေးရုံကနေ မကြာခင် ဆင်းနိုင်ဖွယ်ရှိပေမဲ့ ဆရာဝန်တွေက အပြည့်အဝ ပြန်လည်ကောင်းမွန်လာတဲ့အထိ နေသင့်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်

Samsung Galaxy Tab S ဝယ်ယူသူများကို ကိုရီးယားကေပေါ့ပ် 2NE1 ဂီတပွဲလက်မှတ်ပေးမည်


Samsung Electronic မှ Samsung Galaxy Tab S စတင်မိတ်ဆက်ခြင်း အထူးအစီအစဉ် အဖြစ် Galaxy TabS ဝယ်ယူသူများကို ကိုရီးယားကေပေါ့ပ်အဖွဲ့ 2NE1 ဂီတပွဲလက်မှတ်များကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



ပရိုမိုးရှင်းအစီအစဉ်ကို ရန်ကုန်နှင့်မန္တလေးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တွင် ဇူလိုင်လ ၄ ရက်၌ဆူးလေရှိ Samsung Brand Shop (နံနက် ၈ နာရီမှစ၍) ၊ သမိုင်းလမ်းဆုံ ရှိ Samsung Brand Shop (နံနက် ၉ နာရီမှစ၍)နှင့် မန္တလေးတွင် ဇူလိုင်လ ၅ ရက်၌ ၇၈ လမ်းရှိ Samsug Brand Shop (နံနက် ၈ နာရီမှစ၍) စတင်ဝယ်ယူနိုင်မည် ဖြစ်သည်။



အထက်ပါ အရောင်းဆိုင်တစ်ဆိုင်လျှင် အလုံးရေ ၅၀ စီဖြင့် အလုံးရေ ၁၅၀ စတင်ရောင်းချ ပေးမည်ဖြစ်သည်။ Galaxy Tab S ဝယ်ယူသူများအား ဂီတပွဲလက်မှတ်တစ်စောင်၊ တစ်သောင်းတန် Top-up ကတ်သုံးကတ်နှင့် ငွေသား Discount ၅,၀၀၀ ကျပ်လျှော့၍ ရောင်းချပေးမည်ဖြစ်ပြီး အရောင်းဆိုင်တစ်ခုစီ၌ ပထမ ဦးဆုံး ဝယ်ယူသူတစ်ဦးအနေဖြင့် ဂီတပွဲလက်မှတ်နှစ်စောင်ရရှိနိုင် မည်ဖြစ်ကြောင်းသိရသည်။ ကိုရီးယားကေပေါ့ပ်ဂီတပွဲကို သြဂုတ်လ ၂ ရက်၌ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။

Internet Journal

Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း ( ဗဟုသုတ ရစေရန် ပြန်လည် မျှဝေပါသည်။)



• ဆရာခင်ဗျား ကျွန်တော် ရဲ့လိင်အင်္ဂါ ရဲ့ ထိပ်ကအရေပြား မဖြတ်ရသေးပါဘူး။ အဲဒါ ဖြတ်ချင်ပါတယ်ဆရာ။ ဒီကိစ္စအတွက် ဖြတ်လိုက်ရင် ဘာတွေဖြစ်လာနိုင်မလဲ။ ဘာတွေ ကောင်းကျိုးရနိုင်မလဲဆရာ။ ဆိုးကျိုးတွေကရော ဘာတွေဖြစ်နိုင်မလဲ ဆရာ။ ဖြတ်မယ်ဆိုရင် ဘယ်ဆေးခန်းမှာ ဖြတ်လို့ရနိုင်မလဲ ဆရာ။
• ဆရာခင်ဗျာ ကျွန်တော့သားလေးကအခု ၄၅ ရက်ရှိပါပြီ။ ဆီးသွားတဲ့အခါတိုင်း အရမ်းငိုပါတယ်။ ကျွန်တော် သူ့အင်္ဂါကို ကြည့်တော့ ထိပ်မှာပိတ်သလောက်နီးပါးကိုဖြစ်နေတာတွေ့ရပါတယ်။ အငုံသဘောမျိုးပေါ့ ဆရာ။ အဲဒါ ကျွန်တော်တို့က ထိပ်သရေလေးကိုဖြတ်ပေးဖို့တိုင်ပင်ကြပါတယ်။ အဲဒါလုပ်သင့်မသင့်သိချင်ပါတယ်ဆရာ။
• ဆရာ ပန်းငုံတာကို ဖြတ်လို့ ရပါသလားဆရာ။ ရတယ်ဆို ဘယ်လိုဆရာဝန်နဲ့ ပြသင့်ပါသလဲ ဆရာ။ ဘယ်လို ဆေးခန်းမျိုးမှာ ပြသင့်ပါသလဲဆရာ။ ကျနော်က ရန်ကုန်မှာနေပါတယ်။ အသက်က ၂၈ ပါ။ ပန်းငုံနေလို့ ပန်းအဖျား ဖြတ်ချင်တာတော့ ကြာပါပြီ။ ဝန်ဆောင်ခ အရမ်းကြီးမြင့်မှာလဲ စိုးရိမ်တာလဲ၊ ဘယ်မှာစုံစမ်းရမယ် ဆိုတာ မသိတာကြောင့် အခက်တွေ့နေရတာပါ။ ခုဆရာ့ ဘလော့ကိုတွေ့မှ ဆရာ့ဆီက အကြံဥာဏ်လေး တောင်းတာပါဆရာ။

ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို Foreskin (Prepuce) ခေါ်တဲ့ အရေပြားနဲ့ ဖုံးပေးထားတယ်။ ငယ်တုံးမှာ အတွင်းပိုင်း သွားကပ်နေတာကို အရွယ်ရောက်ချိန်မှာ အပေါ်ဆွဲတင်ရင် ပွင့်လာရပါမယ်။ ကလေးကို စမ်းကြည့်တာနဲ့ ဆွဲဖွင့်ရင် ပွင့်လာနိုင်ခြေကို သိတယ်။ အတင်းဆွဲဖွင့်မပေးရပါ။ အကုန် ဖွင့်မရရင်တော့ Phimosis ပန်းငုံနေတယ်လို့ ခေါ်တယ်။ ခွဲစိတ်ပေးရလိမ့်မယ်။

ငယ်သေးရင် ဆီးသွာတာ ကလေးက နာလို့ မငိုဘူးဆိုရင် နဲနဲကြီးအောင် စောင့်နိုင်ပါတယ်။ အညစ်အကြေး အောင်းနေတတ်တယ်။ အဆီဥလေးတွေလဲ ဖြစ်လာတတ်တယ်။ အဟာအယာ၊ လိုအပ်ရင် ထုံဆေးနဲ့ ရှင်းထုတ်ပေးရမယ်။ ပန်းခေါင်းလေး ပြာနေတာ တွေ့လာရမယ်။ သွေးကောင်းကောင်း မလျှောက်ခဲ့ရလို့ပါ။ လုပ်ပေးပြီး၊ ပြန်ကောင်းသွားမယ်။

ယောက်ျားလေးရဲ့ ပန်းအဖျား လှီးဖြတ်ပေးတာကို ဆေးပညာအရ လိုအပ်လို့ လုပ်ပေးရတာရှိသလို ဘာသာရေးအရ လုပ်ကြရတာလဲ ရှိတယ်။ (ဂျူး) မှာ Commandment from God အရ လုပ်ကြရပြီး၊ အစ္စလမ်အရ (ကိုရမ်) မှာ မပါပေမဲ့ အများအားဖြင့် Sunnah လုပ်ရိုးလုပ်စဉ်တရပ်လို့ သတ်မှတ်ပြီး၊ တွင်တွင် ကျယ်ကျယ် လုပ်ကြပါတယ်။ အာဖရိကမှာလဲ ကက်သလစ် မဟုတ်တဲ့ ခရစ်ယန် ဘုရားကျောင်းများက လုပ်စေတာပါဘဲ။

သမိုင်းအရ ပြန်ကြည့်ရင် ဟိုရှေးရှေး ဘီစီ ၁၃၆ဝ အီဂျစ် ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့တယ်လို့ အရုပ်တွေကြည့်ပြီး သိရတယ်။ အဲဒီတုံးက ခေတ်စားခဲ့တဲ့ ယဇ်ပူဇော်မှု သဘောအရ ကြီးကောင်ဝင်တော့မဲ့ ယောက်ျားလေးကို ဒီလိုလုပ်ထားရင် အိမ်ထောင်ရေး ဖေါက်ပြန်မှု နည်းစေအောင်၊ မိန်းမတွေကို ဆွဲဆောင်မှု နည်းစေအောင်၊ သန့်ရှင်းရေး ဆိုတဲ့ ရည်ရွယ်ချက်တွေရှိမယ်လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။

အာဖရိကတိုက် မြောက်ပိုင်းနဲ့ အာရေဗျ ကျွန်းဆွယ်မှာနေကြတဲ့ ရှေးဟောင်း Semitic လူမျိုးအားလုံးက အကုန်အစင် မဟုတ်တောင် အများက လိုက်နာ ကျင့်သုံးခဲ့ကြပါသတဲ့။ ဒါပေမဲ့ မဟာအလက်ဇန်းဒါး ဒီနေရာ ဒေသတွေကို အောင်နိုင်တဲ့အခါ ဂရိတွေက ဒီနည်းကို မကြိုက်လို့ အလေ့အထ နည်းသွားစေခဲ့ပါတယ်။

တကမ္ဘာလုံးမှာ ၃ဝ% သော ယောက်ျားလေးများ ပန်းအဖျား လှီးဖြတ်ပေးတာ လုပ်ကြရတယ်တယ်။ အဲဒီအထဲက ၇ဝ% ကတော့ မွတ်ဆလင်များ ဖြစ်ပါသတဲ့။ ၁၉၃၄ ကတည်းက Gomco clamp ဆိုတဲ့ ကရိယာကို သုံးတယ်။ မွေးစကလေးအတွက် Plastibell ကရိယာဆိုတာကို ၁၉၅၉ ကတည်းက သုံးတယ်။ ပလပ်စတစ် ကွင်းလေး တခုပါ။ အခု ကရိယာတွေ မသုံးဘဲ ခွဲစိတ်တာက ပိုများပါတယ်။

ဘာသာရေးအရ လုပ်ကြရာမှာ ရှေးကဆိုရင် အသုံးအဆောင် ကရိယာတွေကို ခန့်ညားလှတဲ့ သားရေဖုံး သေတ္တာနဲ့ ထည့်တယ်။ ဂျူးတွေကတော့ ငွေထည်တွေ သုံးပြီး၊ သတ်မှတ်ထားတဲ့ ဝတ်စုံတွေ ဝတ်ရတယ်။ ၈ ရက် မြောက်နေ့မှာ လုပ်ရတယ်။ မလုပ်ဘဲ သေသွားသူကိုတောင် မသာမချခင် လုပ်ပေးတာလဲ ရှိတယ်။ တချို့က အကအခုန်တွေတောင် ပါတာသေးတာ။

(ဆာကမ်ဇေးရှင်း) ကို အဆိုး-အကောင်း၊ လုပ်သင့်-မသင့် ငြင်းနေကြပါတယ်။ ပန်းဖြတ်လို့ မကောင်းကျိုးဆက်ရတာကို လေ့လာရင် ကိန်းဂဏန်း အမျိုးမျိုးတွေ ရှိတယ်။ ဝ့ဝ၆% ကနေ ၅၅% အထိ။ သွေးယိုတာနဲ့ ပိုးဝင်တာ။ နေရာဒေသတော့ ကွာပါတယ်။ ၁၉၉၉ က နိုက်ဂျီရီးယားမှာ ကလေး ၄၈ ယောက်ကို ဆန်းစစ်တော့ သွေးယိုတာ ၅၂%၊ ပိုးဝင်တာ ၂၁% တောင်ရှိတယ်။ အမေရိကားမှာ ကလေးပေါင်း ၃၅၄၂၉၇ ယောက်ကို လေ့လာတော့ ဝ့ဝ၁ ကနေ ဝ့ဝ၂% ရှိတယ်လို့ ထုတ်ပြန်တယ်။ အခုပြောနေတာတွေက လက်ငင်း ဆိုးကျိုးတွေသာဖြစ်ပြီး၊ ရှာရှားပါးပါး နောင်မှာ ဖြစ်နိုင်တာတွေလည်း ရှိသေးတယ်။ တစ်ရှူးတွေ ရောင်တာ၊ သွေးမလျှောက်တာနဲ့ အမာရွက်ဖြစ်တာ၊ ထိပ်ဝကျဉ်းသွားတာ။ တခြားဟာတွေလဲ ရှိသေးတယ်။

ယောက်ျားရဲ့ ပန်းဖျားဖြတ်ပေးလို့ လိင်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိတယ်၊ မရှိဘူးလဲ ငြင်းကြတာဘဲ။ ၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ပြောတာက၊ လိင်ဆက်ဆံရေးမှာ ထိခိုက်မှု အနည်းနဲ့အများ ရှိနိုင်သတဲ့။ ၂ဝဝ၂ မှာ သုတေသန တခုက မိမွေးတိုင်းရှိတဲ့ ကျားအင်္ဂါမှာ ထောင်ချီတဲ့ အာရုံကြောတွေ ရှိနေတာကို ပန်းဖြတ်တာ လုပ်လိုက်လို့ ပျက်စီးသွားစေတယ်လို့ ဆိုတယ်။ အမေရိကန် မိသားစုဆရာဝန်များ အသင်းကတော့ ၂ဝဝ၇ မှာ ဒါ မရေရာပါဘူးတဲ့။ ဘာလို့လဲဆိုတော့ ပန်းဖြတ်ပေး လိုက်ရင် ပန်းထိပ်ဖျားက ထူသွား၊ ထုံသွားတယ်။ အာရုံခံ နည်းသွားစေတယ်။ ဒါပေမဲ့ ကျေနပ်မှုကို သွားမသက်ရောက် ပါဘူးတဲ့။ ၂ဝဝ၆ မှာ ဗြိတိန် BMA က ပြောတာကတော့ ပန်းဖြတ်ရလို့ ခွဲစိတ်ရတာဟာ ဆေးပညာ အရရော စိတ်ပိုင်းပါ သက်ရောက်မှု ရှိတယ်တဲ့။

အရေပြားဖြတ်ရာမှာ များသွားတာနဲ့ နည်းသွားတာ ဖြစ်တတ်တယ်။ များတာလဲ မကောင်း၊ နည်းတာလဲ မကောင်းပါ။ ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ခွဲစိတ်ပြူပြင်ပြီးတာနဲ့ ပြန်ဆွဲဖုံးလိုက်ရင် ၃ ပုံ ၁ ပုံ အုပ်နေမှ ကောင်းတယ်။ အပေါ်ဖုံးအရေပြားရဲ့ အောက်ပိုင်း။ အလယ်တည့်တည့်မှာ လိင်တံရဲ့ခေါင်းကို လာဆက်ထားတဲ့ နေရာကို Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီ ရှိတယ်။ အရေပြားဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ချန်ထားမှ ကောင်းပါတယ်။ ဖြတ်ပြီးပြီးချင် ကြည်လိုက်ရင်တော့ အဖုအထစ် ရှိနေသလို မြင်ရပေမဲ့ ချန်းထာတာ နောင်အတွက် ကောင်းတယ်။

ဖြတ်ပေးတာ နည်းရင်လဲ ကုပေးတာ အရာ မရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ သိပ်ငယ်တဲ့ ကလေးကို လုပ်ရရင် ဘယ်လောက် ဖြတ်ထုတ်မလဲ ဆုံးဖြတ်ရတာ ပိုခက်တယ်။ ထုံဆေးနဲ့ခွဲရင် ကလေးက ငြိမ်နေတာ မဟုတ်လို့ ပို ခက်တယ်။ မေ့ဆေးပေးတာလဲ အထူးဂရုစိုက်ရတဲ့ အရွယ်ပါ။ ခွဲစိတ်အပြီး သန့်ရှင်းရေးနဲ့ ဆေးထည့်တာလဲ အရေးပါတယ်။ ခွဲပြီး ဂရုအစိုက် နည်းရင် မကျက်သေးတဲ့ အရေပြားတွေက မတော်တဲ့ နေရာချင်း သွားဆက်နေရင် တံတားလို ဖြစ်သွား တတ်သေးတယ်။

ပန်းငုံတာဖြတ်ခြင်းနဲ့ HIV အကြောင်း သိသင့်တယ်။ ပန်းငုံတာဖြတ်ပေးရင် လိင်တံပတ်ဝန်းကျင်မှာ နေတတ်တဲ့ (ဗက်တီးရီးယား ကွန်မြူနတီ) ကို ပြောင်းလဲစေတာမို့ HIV ကို ကာကွယ်ရာ ကျတယ်လို့ ဆိုတာတယ်။ Translational Genomics Research Institute နဲ့ Johns Hopkins University တွေက သုတေသန လုပ်ထားတယ်။ “အကြောင်းနဲ့ အကျိုး ဆက်စပ်မှု ဆိုတာ ပန်းငုံတာ ဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလဲ ပန်းငုံတာ ဖြတ်တာ အလေ့နဲပြီး၊ HIV အဖြစ်များလှတဲ့ ဆာဟာရ အောက်ပိုင်း နေရာတွေမှာ။ သက်သာတာ ၄ဝ% ရှိတယ်။ ဆိုချင်တာက ပန်းငုံဖြတ်သူ ယောက်ျားထဲမှာ ၁ဝဝ ဆို ၄ဝ က HIV အဖြစ် နည်းတယ်။ ဘာလို့လဲဆိုတော့ အဲလို ပန်းအရေပြား ဖြတ်ပေးတာကြောင့် ဗက်တီးရီးယားတွေရဲ့ Ecosystem ပြောင်းသွားလို့တဲ့။ ဒီတော့ ယောက်ျား လုပ်သူကနေ သူနဲ့ ဆက်ဆံတဲ့ မိန်းမမွေးလမ်း ပိုးဝင်တာ နည်းသွားစေလို့တဲ့။ လေမကြိုက်တဲ့ ဗက်တီးရီးယား Anaerobic bacteria တွေကို ရှင်းပြစ်ရာကျတယ်။ ကပ်ကပ်သပ်သပ် စဉ်းစားကြည့်ရင် မြူးကပ်စ်ထွက်တဲ့ အပေါ်ဖုံး Mucosal tissue က နည်းသွားလို့ ဆက်ဆံနေတုံး မိန်းမကိုယ်က ထွက်တဲ့ အရည် Vaginal secretions နဲ့တွေ့ဘိုလဲ နည်းစေတယ်။ ဒါ့ကြောင့် ရှိချင်ရှိနေမဲ့ ဗိုင်းရပ်စ် နဲ့ Target immune cells ခုခံအား ဆဲလ်တွေ အပြန်အလှန်ပြုတာလဲ နည်းစေတယ်။”

ပန်းအဖျားခွဲစိတ်လိုက်တာကြောင့် ပန်းကို ထိပ်ဖျားမှာဖုံးနေတဲ့ အရေပြားအောက်လွှာ Inner foreskin ဟာ မာကျောလာတယ်။ Keratinization ဖြစ်တာလို့ ခေါ်တယ်။ ဒါကြောင့် Target immune cells ကို ကာကွယ်မှု ပိုရစေတယ်။ နောက်ပြီး အဲလိုဖြတ်လိုက်လို့ စိုစွတ်မှုနည်းပြီး လေပိုရစေလို့ လေမကြိုက်တဲ့ပိုး Anaerobic bacteria တွေနည်းစေတယ်။ ဒီအကောင်တွေရှိနေရင် Target immune cells တွေကို HIV ဒဏ် ခံရစေနိုင်တယ်။ ဗက်တီးရီးယား အဆိုးနဲ့ အကောင်း အရေအတွက် ပြောင်းသွားစေပါသတဲ့။ ၂ဝဝ၈ ခုနှစ်က ထုတ်ပြန်ချက်တွေအရ HIV ရတာကို သိသိသာသာ နည်းစေတယ်လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်နည်းက နဲနဲသာ အကာအကွယ်ပေးနိုင်လို့ တခြား ကာကွယ်နည်းတွေကို အစားထိုးလို့ မသင့်ဘူလို့ ဆိုပါတယ်။

မိန်းကလေးတွေကို လုပ်ပေးတာလဲ အာဖရိကားမှာ လုပ်နေကြတာ ကြာလှပါပြီ။ မိန်းကလေးရဲ့ မ-အင်္ဂါကို လှီးဖြတ် ထုတ်ပြစ်တာပါ။ ဒီနည်းမှာလဲ အမျိုးမျိုး။ အစိနေရာကို လှီးထုတ်တာ ရှိသလို၊ နုတ်ခမ်းသားကို ထုတ်တာလဲ ရှိတယ်။ ၁၉၇၉ ရောက်မှ ကျန်းမာရေး ရှုဒေါင့်ကနေ ပြောဆို လာကြရတယ်။ အခုလဲ မပျောက်သေးပါဘူး။ ဆေးပညာအရပြောရရင် မလုပ်သင့်တာပါ။ အခွင့်အရေးသမားတွေ ပြောနေတာက သဘာဝကျပါတယ်။

ဒီ (အော်ပရေးရှင်း) က (ဗဲရီး-မိုင်နာ) ပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုသာ အားကိုးပါ။ “ရှေ့နေပျိုမှ၊ သမားအိုမှ” ဆိုတာရှိတယ် မဟုတ်လား။ အတွေ့အကြုံများတဲ့ သူတွေက အသေးစိတ်ကအစ ကြိုမြင်တတ်တယ်။ ခွဲစိတ်ဆရာဝန် တယောက်ရဲ့ ရှိအပ်တဲ့ အရည်အသွေး ၃ ရပ်ဆိုတာ ပြောစမှတ်ရှိတယ်။ ‘မိန်းမလက်များ’ လို ညင်သာသိမ်မွေ့ရမယ်။ ‘သိန်းငှက်တို့ မျက်စိ’ လို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။ နောက်ဆုံး ‘ခြင်္သေ့တို့ထုံး နှလုံးမူ’ ဆိုတာ ပိုအရေးကြီးတယ်။ သားကောင်ကို ဖမ်းရင် သားကောင်ကြီးကို စိုက်ထုတ်တဲ့ လုံ့လနဲ့ ယုံကလေးကို စိုက်ထုတ်ရတဲ့လုံ့လ အတူတူထားရတယ်၊ (မိုင်နာ-အော်ပရေးရှင်း) ဆိုပြီး ခပ်ပေါ့ပေါ့ မလုပ်ရဘူး။

Dr. တင့်ဆွေ

CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း



ဆရာရှင့် CPR အကြောင်း သိချင်လို့ပါ။ ကျေးဇူးပြုပြီး ကူညီပါရှင့်။

Cardio-Pulmonary Resuscitation နှလုံး-အဆုပ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း

နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့်အကြောင်းများ
၁) Cardiac Arrest နှလုံးခုန်ရပ်သွားခြင်း၊
၂) Cardiac Attack နှလုံးသွေးကြောပိတ်ခြင်း၊
၃) Drowning ရေနစ်ခြင်း၊
၎) Drug Overdose ဆေးအလွန်များသွားခြင်း၊
၅) Poisoning အဆပ်သင့်ခြင်း၊
၆) Electrocution လျှပ်စစ်ဓါတ်လိုက်ခြင်း၊

နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း အေ-ဘီ-စီ-ဒီ
A for Airway အေ အသက်ရှူလမ်းစစ်ဆေးပါ၊
B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊
C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊
D for Defibrillation လျပ်စစ်ဓါတ်နှင့် နှစ်လုံးခုန်စေသည့်စက်သုံးခြင်း၊

A for Airway အသက်ရှူလမ်းစစ်ဆေးခြင်း၊
နှာခေါင်း-ပါးစပ်တို့ပိတ်နေ-မနေစစ်ပါ။ လည်ပင်ရိုး ကျိုးနေ-မနေစစ်ပါ၊
လူနာကို မာသောကြမ်းပြင်ပေါ် တင်ထားပါ၊ သတိလစ်နေသည့်လူနာ၏လျာသည် အသက်ရှူလမ်း အာခေါင်ကို ပိတ်နေတတ်သည်၊
ထိုသို့မပိတ်စေရန် လူနာ၏လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့  မ-တင်ပေးထားရမည်။

B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးခြင်း၊
အသက်ရှူနေလျင် ရင်ပတ်-ဝမ်းဗိုက် လှုပ်နေမည်၊ နှာခေါင်းကလေထွက်မည်၊ ထွက်လေသည် အပြင်လေထက် အနည်းငယ်ပိုပူသည်။
အသက်မရှူပါက ချက်ချင်း Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်းလုပ်ပါ။

Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း
ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းများ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ပိတ်နေပါက ဖယ်ရှားပါ။
လူနာကို ပက်လက်လှန်ထားပါ။ မာသောကြမ်းပြင်ဖြစ်က ပိုကောင်းသည်။
လူနာ၏လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့မတင်ပေးပါ။
လူနာ၏ပါးစပ်ကို ဖွင့်ထားပါ၊
မိမိက လေတဝကြီးရှူလိုက်ပြီး၊ လူနာ၏ပါးစပ်ကို မိမိပါးစပ်နှင့် တေ့ပိတ်လျက် လေသွင်းပေးပါ။
ပါးစပ်ဖွင့်မရပါက နှာခေါင်းကနေလေသွင်းပေးပါ။
ပါးစပ်ဖွင့်ရပါက နှာခေါင်းကိုမိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေလေသွင်းပါ။
ပဌမဦးစွာ (၂)ကြိမ်လုပ်ပါ။
ထိုသို့လုပ်ရသည်မှာ အချိန်တစ်စက္ကန့်သာကြမည်။
လူနာ၏အဆုပ်ကို လေဘူဘောင်းကဲ့သို့ အတင်းဖေါင်းသွားအောင်လုပ်ရန်မလိုပါ။
နှစ်ကြိမ်လုပ်ပြီး ပြန်လည်ရှူလာမည်။
မရှူသေးပါက (စီ-ပီ-အာရ်)လုပ်ပါ။

C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးခြင်း၊
လည်ပင်းဘေးတဖက်တချက်ရှိ သွေးလွှတ်ကြောအားစမ်းပါ။ (ကရောတစ်အာထရီ)ဟုခေါ်သည်။ ၄င်းသည် သွေးခုန်ခြင်းမရှိပါက (စီ-ပီ-အာရ်) လုပ်ပါ။

(စီ-ပီ-အာရ်) လုပ်နည်း
လူနာကို မာသောကြမ်းပြင်ပေါ်ထားပါ၊
မိမိက လူနာ၏ဘေးမှာ ဒူးနှစ်ဖက်ထောက်ထိုင်ပါ။
လူနာမှ တင်းကြပ်နေသောအဝတ်အစားများ လျော့ပါ-ဖယ်ပါ။
မိမိ၏လက်ဝါးနှစ်ဖက်ကို ထပ်လျက် လူနာ၏ရင်ပတ်အလယ်ကောင်တည့်တည့် နို့အုံနှစ်ဖက်၏အလယ်၊ ရင်ညွန့်ရိုးအပေါ်မှာ တင်ပါ၊
မိမိ၏လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ကိုယ်အလေးချိန်ကို လက်နှစ်ဖက်အပေါ်သို့ပြောင်းရွှေ့ကာ မိမိ၏လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။
နှစ်လက်မခန့်ကျသွားအောင်ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။
တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက်လုပ်ရမည်။
အကြိမ် ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေးသွင်းခြင်း (၂)ခါလုပ်ရမည်။
ရင်ပတ်ဖိ-ကြွခြင်းနှင့်ပါးစပ်မှလေသွင်ခြင်းကို စုစုပေါင်း (၂)မိနစ် သို့ မဟုတ် (၅)ပါတ် လုပ်ရမည်။

တနှစ်အောက်ကလေးအား (စီ-ပီ-အာရ်) လုပ်နည်း
အသက်ရှူလမ်းစ်ဆေးပါ။ ပိတ်နေလျင်ဖွင့်ပါ။
လေနှစ်ကြိမ် ညင်သာစွာသွင်းပေးပါ။ ကလေး၏ ပါးစပ်ရောနှာခေါင်းပါ မိမိ၏ပါးစပ်က ငုံလျက်သွင်းပါ။
ကလေး၏ရင်ပတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်လျက် ကလေးရင်ပတ်၏ သုံးပုံတပုံ ပြားသွားအောင် ဖိပေးပါ။ တမိနစ်လျင် အကြိမ် ၂ဝဝ နှုန်းဖြင့် အခါ ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေသွင်းရမည်။
လူကြီးကဲ့သို့ အကြိမ် ၃ဝ ဖိပြီးတိုင်း၊ လေနှစ်ခါမှုတ်ပေးရမည်။
စုစုပေါင်း (၂)မိနစ် သို့မဟုတ် (၅)ပါတ် လုပ်ရမည်။

Hands-only CPR enough to save a life နှလုံး-အဆုပ် ပြန်လည် အလုပ်လုပ်ခြင်း အရေးပေါ်ပြုစုပေးရန် ပါးစပ်-ပါးစပ် လေမှုတ်စရာမလို၊ လက်ဖြင့် ရင်ပတ်ကိုဖိခြင်း တမျိုးတည်းဖြင့် လုံလောက်။

CPR New Guidelines 2010 နှလုံး-အဆုပ် ပြန်လည်လုပ်စေရန် အရေးပေါ် ဆောင်ရွက်နည်း ၂ဝ၁ဝ
ထူးခြားတာကတော့ နှလုံးနေရာ ဖိပေးတာကို ဦးစားပေး အရင်ဆုံး လုပ်ပါတဲ့။ အရင်ကတော့ A-B-C ဆိုပြီး သတ်မှတ် ထားခဲ့ကြတာပါ။ “အေ ဖေါ် အဲယားဝေး” လေဝင်-ထွက်လမ်း၊ “ဘီ ဖေါ် ဘရီးသီးန်” အသက်ရှူ-မရှူ နဲ့ “စီ ဖေါ် ကွန်ပရက်ရှင်း” နှလုံးနေရာဖိတာ။ အခု နောက်ဆုံး ဟာကနေ စရပါမယ်တဲ့။

လူတယောက် ကောက်ခါ-ငင်ကာ နှလုံးသွေးရပ် မတ်တပ်က လဲရင် ချက်ချင်း ရင်ညွန့်ရိုးပေါ်မှာ ဖိချပေးပါ။ Mouth-to-mouth ပါးစပ်ကနေ မှုတ်တာ နောက်မှ၊ လိုမှ လုပ်ပါ။ ကြမ်းပြင်မာမာမှာ လူနာကို လှဲထား။ သူ့ ရင်ညွန့်ရိုး Sternum ခေါ် Breast bone ပေါ်မှာ ကိုယ့်လက်ဝါးပြင် နှစ်ခုထပ်ပြီး လက်ဖနောင့်နဲ့ မိမိရရ ဖိချပါ။ လူကြီးဆိုရင် အောက်ကို ၂ လက္မ ကျသွားအောင်၊ ကလေးဆိုရင် ၁ လက္မခွဲ ပိကျသွာစေအောင် ဖိရမှာပါ။ တမိနစ်မှာ အကြိမ် ၁ဝဝ နှုန်း။ ဆိုချင်တာက တခါနဲ့ တခါ ၁ စက္ကန့်တောင် မကြာစေပါနဲ့။

မမေ့အောင် ပြောရရင် ဟိုအရင် ၁၉၇၇ “စနေ-ညချမ်း-အဖျား” ထဲက ပေါ့ပ်-ဒစ်စကို သီချင်းဟာ Billboard Hot 100 မှာ နံပါတ် တစ် စွဲခဲ့တယ်။ သူတို့ သီချင်းက (ပါကားရှင်း) ကလဲ တမိနစ်မှာ ၁ဝဝ၊ နာမယ်ကလဲ Stayin' Alive ပါ။ နှလုံးရပ်ရင် အသက် ပြန်ရှင်အောင် တမိနစ်မှာ အကြိမ် ၁ဝဝ ဖိချပေးပါလေ။

Dr. တင့်ဆွေ