မြိတ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 12/11/2013 05:26:00 PM


၈. ၁၂. ၂၀၁၃ရက်နေ့၊ည(၇း၄၅) အချိန်မြိတ်ခရိုင်ဒုစရိုက် နှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအုပ်ချိုလွင်နှင့် တပ်ဖွဲ့ဝင် များသည်သတင်းအရသက်သေများ နှင့်အတူ မြိတ်မြို့၊ကန်ခေါင်း ရပ်ကွက်၊သစ္စာလမ်း၊အမှတ်(၄၀၁)နေ သူရမိုး(ခ) တရုတ်(ခ) ဂျာမာ လူဒင်၏ နေအိမ်သို့ဝင်ရောက် ရှာဖွေခဲ့ရာ တရားခံ သူရမိုး (ခ) တရုတ်(ခ) ဂျာမာလူဒင် နှင့်တကွ နေအိမ် အတွင်းမှ ဘိန်းစာမှုန့်(၁၃၄)ထုပ်သိမ်းဆည်း ရမိခဲ့သဖြင့်သူရမိုး(ခ) တရုတ်(ခ) ဂျာမာ လူဒင်အားမြိတ်မြို့ရဲစခန်းမယ(ပ) ၆၆/၂၀၁၃မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ၁၅/၁၉(က)/၂၁ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရှိ ရသည်။
မြိတ်ပုလဲမြေ