သံလိုက်က အစားအသောက်ဆိုင်ရာ ပြဿနာများအား ကူညီဖြေရှင်းပေးနိုင်

ပို့စ်တင်ချိန် - 12/11/2013 06:30:00 AM


လေ့လာမှုအသစ်တစ်ခုအရ အစားအသောက်ပျက်ခြင်း၊ အစား အလွန်အကျွံစားပြီးနောက် စိတ်ဓာတ်ကျခြင်းစသည့် အစားအသောက်ဆိုင်ရာပြဿနာများအား သံလိုက်ကို အသုံးပြု၍ကုသနိုင်ကြောင်း အကြံပြုခဲ့သည်။ University of Toronto   မှ လေ့လာသူများက လူ နာ၏ဦးရေပြားပေါ်၌ ပြုပြင်ထားသော သံလိုက်ခွေအားတင်၍ ယင်းမှ တစ်ဆင့် ဦးနှောက်တွင်းရှိ  လျှပ်စီးလမ်းကြောင်းများအား  မှန်ကန်စေရန် လှုံ့ဆော်ပေးခြင်းဖြစ်သည်။ သံလိုက်ခွေအား ဦးနှောက်၏ မိမိကိုယ်ကို ထိန်းချုပ်သည့်အပိုင်းနှင့် နီးစပ်ရာတွင်ထားပြီး တစ်ပတ်လျှင် ၅ ကြိမ် တစ်လခန့်ကုသပြီး ရလဒ်များကို စောင့်ကြည့်ခဲ့ရာ ရောဂါလက္ခဏာများမှာ တစ်ဝက်ခန့်သက်သာသွားပြီး ရောဂါလက္ခဏာမပြဘဲ တစ်နှစ်လောက်ထိ နေနိုင်ကြောင်း သိရသည်။
မိုင်ကိ
ref:Netdoctor.co.uk
Health Updates Journal