၈၈၈၈ - အမှတ်တရ သြဂုတ်လ ၏ မြင်ကွင်းတစ်ခု


ယနေ့ လူငယ်များသည် ၈၈၈၈- နှင့် ပတ်သက်၍ တိတိပပ မသိနိုင် ခဲ့ကြ။ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဖိနှိပ်၊ တားဆီးပိတ်ပင်ဟန့်တား မှုများကြောင့် အတိတ်သမိုင်းသည်ပင် မှိန်ပျပျ။ကျောင်းသားခေါင်းဆောင် များ၏ လှုပ် ရှားမှုပုံရိပ်များသည်လည်း ဝိုးတိုးဝါးတား။ အကြောင်းမူကား သူတို့ဘဝ မျက်စိပိတ် နားပိတ်ဖြစ်ခဲ့ရသည် မဟုတ်လား။

စင်စစ် ၈၈၈၈- အရေးတော်ပုံကြီး ဖြစ်ပေါ်လာရန် ၂၈-၇-၈၈ နေ့မှ စကာ ဝါဆိုလပြည့်နေ့တွင် ကျောင်းသားများ ဦးဆောင်၍ ရွှေတိဂုံ ဘုရားပေါ်တွင် တရားဟောသည်။ ပိုစတာများကပ် သည်။ ၂၉-၇-၈၈ နေ့တွင် ဦးအောင် ကြီး၊ ဦးစိန်ဝင်း အပါအဝင် ၁ဝ ဦး
ထိန်းသိမ်းခံခဲ့ရသည်။

၃-၈-၈၈ နေ့တွင် မွန်းလွဲ ၁ နာရီ မှစ၍ ရန်ကုန်မြို့တွင်းတွင် ကျောင်း သားများ လှည့်လည်ဆန္ဒပြကြသည်။ ထိုနေ့တွင် အာဏာပိုင်များက စစ်အုပ် ချုပ်ရေးကြေညာခဲ့သည်။

၎-၈-၈၈ နေ့တွင် ရန်ကုန်မြို့တွင်း တွင် ဆန္ဒပြမှုများ ဆက်လက်ပြု လုပ် သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက် လံဖမ်းဆီးရာ ကျောင်း သားအချို့အဖမ်း ခံခဲ့ရသည်။ ပဲခူးမြို့တွင် ကျောင်းသား များဦးဆောင်၍ ချီတက်ဆန္ဒပြကြသည်။ ဟောပြောပွဲများပြုလုပ်သည်။

၅-၈-၈၈ နေ့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ တိုးချဲ့ချထားကာ ၆-၈-၈၈ နေ့ တွင် ရေနံချောင်း၊ ပဲခူး၊ သနပ်ပင်မြို့များ တွင် ပုဒ်မ ၁၄၄- ထုတ်ပြန်ခဲ့သည်။ ၇-၈-၈၈ နေ့သည် ငြိမ်သက်နေသည်။ လမ်းမကို ထက်ခြမ်းခြမ်း၍ တစ်ခြမ်းကို လုံခြုံရေးကားများ သွားလာရန် သတ် မှတ်ထားသည်။ ၈-၈-၈၈နေ့တွင် ကျောင်းသားများဦးဆောင်သည့် အထွေ ထွေသပိတ်ကြီးဖြစ်မြောက်သည်။ နံနက် ခင်းကတည်းက ချီတက်ဆန္ဒပြသူများ ဖြင့် လမ်းမကြီးတစ်ခုလုံး ပြည့်လျက်ရှိ သည်။ လူ နှစ်သိန်းကျော်သည် တစ်နေ့ လုံးငြိမ်းချမ်းစွာမြို့တွင်းလှည့်လည် ဆန္ဒ ပြကြသည်။ ဆန္ဒပြသူများအား ရပ်ကွက် များက အစားအသောက် များ၊ ရေခဲ ရေများ၊ ဆေးလိပ်များကမ်း၍ အားပေး ခဲ့ကြသည်။ ဆန္ဒပြသူများသည် ပြုံးပျော် နေကြသည်။ အကြမ်းဖက်မှုလုံးဝမရှိ။

ညနေခင်းတွင် ဆန္ဒပြသူများသည် မြို့တော်ခန်းမရှေ့ ကားလမ်းမ၌ စခန်း ချကြသည်။ သပိတ်တပ်အားလုံး မြို့ တော်ခန်းမသို့ စုဝေးကြ၍ အနီးရှိ ရပ် ကွက်များက ရိက္ခာများ ပေးပို့ကြသည်။

ပဲခူးသပိတ်တပ်ချီလာမည်ဆို၍ ရန်ကုန် လူထုကမျှော်လင့်နေကြသည် ။ညဥ့်သန်း ခေါင်ယံ ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဘရင်းကယ်ရီယာနှစ်စီး၊ စစ်ကား ခုနစ် စီး မြို့တော်ခန်းမသို့ ဆူးလေဘုရား လမ်းအတိုင်းမောင်းနှင် လာပြီး ငြိမ်းချမ်း စွာဆန္ဒပြနေသူများကို ပထမလူစုခွဲရန် ပြောသည်။ လူစုမခွဲကြဘဲ မတ်တတ် ရပ်၍ အမျိုးသားသီချင်း သံပြိုင်သီဆိုနေ ကြစဉ် သီချင်းမဆုံးမီ စတင်ပစ်ခတ် သည်။ ကျောင်းသူ၊ ကျောင်းသား၊ ရ ဟန်းရှင်လူပြည်သူအများအပြား အသက် ပေးခဲ့ရသည်။ မျက်မြင်သက်သေ အဆို အရ အလံကိုင်ကျောင်းသားငယ်တစ်ဦး သည် ကျည်ဆန်များ ကြားတွင် အလံ မလှဲ အံကိုခဲရင်း ကျဆုံးခဲ့ရှာသည်ဟုဆို ၏။ မြန်မာပြည်အနှံ့အပြားတွင် ဆန္ဒပြ မှုများဖြစ်ခဲ့သည်။

၉-၈-၈၈ နေ့ ရန်ကုန်နေရာ အနှံ့ အပြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆန္ဒပြသူများကို ပစ်ခတ်လူစုခွဲသဖြင့် ကျောင်းသား၊ သံဃာပြည်သူ ရာပေါင်း များစွာ ကျဆုံးခဲ့ရသည်။ လှိုင်မြို့နယ်မှ အထက်တန်းကျောင်း သူ၊ ကျောင်းသား တစ်ထောင်ခန့် ကမာရွတ်သို့ ချီတက် ဆန္ဒပြကြ သည်။ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခံရသည်။ အာဏာပိုင်များက ရန် ကုန်တွင် ညမထွက်ရ အမိန့်ထုတ်သည်။ တစ်နိုင်ငံလုံးရှိ ကျောင်း များအားလုံးကို ပိတ်လိုက်သည်။ လစာနှုန်းများအနည်း ငယ်တိုးပေးခဲ့သည်။ အထွေထွေသပိတ် သည် နယ်မြို့များတိုး၍ပါဝင်လာကြသည်။

၁ဝ-၈-၈၈ နေ့တွင် မြောက်ဥက္က လာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှ င့် သာကေတမြို့နယ်များတွင် လုံခြုံရေး တပ်ဖွဲ့များက ပိုမိုပစ်ခတ်တိုက်ခိုက် ခဲ့ သည်။ ရပ်ကွက်များက လုံခြုံရေးတပ်ဖွဲ့ များ ဝင်ရောက်မလာနိုင်ရန် ပိတ်ဆို့မှု များ ပြုလုပ်ခဲ့ကြသည်။ ရဲစခန်းများ၊ အိမ်ထောင်သည်လိုင်းများ မီးရှို့ဖျက်ဆီး ခံရသည်။ ရဲသုံးဦး ခေါင်းဖြတ်ခံရသည်။ စသည် စသည်...။

ဤသို့အပြင်တွင် အထွေထွေ သပိတ်ကြီး ဆင်နွှဲနေသကဲ့သို့ မြန် မာ နိုင်ငံတစ်ဝန်းလုံးတွင် အကျဉ်းထောင် များအတွင်း ဆူပူမှုများ ဖြစ်ပွား လာရာ သြဂုတ် ၃၁ ရက်နေ့အထိ ဆူပူမှု ဖြစ် ပွားသော အကျဉ်းထောင် ၉ ခုရှိသွားပြီ ဖြစ်၏။ အင်းစိန်ထောင်တွင်လည်း ဆူ ပူမှုဖြစ်ရာ အကျဉ်းသား တစ်သောင်းနီး ပါးလွှတ်ပေးလိုက်၏။ အင်းစိန်ထောင် ဆူပူမှုမှာ သြဂုတ်လ ၂၆ ရက် သောကြာ နေ့တွင် စတင်ခဲ့သည်။ ၂၅ ရက်နေ့ ညနေပိုင်းတွင် ထောင်အပြင်ဘက်မှဆန္ဒ ပြသူများ၏ ကြွေးကြော်သံများကိုထောင် တွင်းမှ စတင်ကြားကြရပြီး အကျဉ်းသား များအော်ဟစ် ဆန္ဒပြကြခြင်း ဖြစ်သည်။

၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အဆောင် (၁) နှင့် တိုးချဲ့ဆောင်မှ အကျဉ်းသားများကို ဖယ်ရှားစေပြီး ဆူပူ သူ အကျဉ်းသားများ က ပုဆိုးစုတ်၊ အဝတ်စုတ်များကို လောင်စာအဖြစ် သုံးကာ မီးစတင်ရှို့ကြ၏။ ထို့နောက် အဆောင်မှူးရုံးခန်းကို ရှို့ကြပြန်၏။

မီးများတဝုန်းဝုန်း တောက်လောင် နေချိန်တွင် အကျဉ်းထောင် အုတ်ရိုးပေါ် ရှိ မျှော်စင်များပေါ်မှနေ၍ ထောင်အမှု ထမ်းများက ပစ်ခတ်လူစုခွဲရန် ကြိုးပမ်း ကြ၏။ ခေါင်းတိုင်ပုံ ဗဟိုမျှော်စင်ပေါ်မှ လည်း ပစ်ခတ်သည်။ အဆောင်အပြင် ရောက်နေသော ကျောင်းသားအများစု မှာ အဆောင်ကို ပတ်၍ ပြေးလွှားနေကြ သည်။ သေနတ်ထိမှန်သေဆုံးသူများ၊ ဒဏ်ရာဖြင့် လဲကျနေသူများ၊ ပြန့်ကျဲနေ သည်။ ထိုအချိန်တွင် နာလန်ထ လူနာ များထားရာ အဆောင် ၅ ကိုလည်း နာ လန်ထလူနာအကျဉ်း သားများက မီးရှို့ ကြပြန်၏။

နံနက် ၁၁ နာရီခန့်တွင် အကျဉ်း ထောင်တပ်ဖွဲ့ဝင်များ က ထောင်ကို ပြန် လည်ထိန်းသိမ်းအုပ်စီးနိုင်ခဲ့သည်။ မျက် မြင်အကျဉ်းသားများအဆိုအရ သေသူ ၃ဝ ခန့်၊ ဒဏ်ရာရသူ ၈ဝ ခန့်ရှိသည် ဆို၏။ ထောင်မှူးတစ်ဦးက မျှော်စင်ပေါ် မှနေ၍ ''အပြင်က
ဆန္ဒပြတာ မင်းတို့နဲ့ မဆိုင်ဘူး။ မင်းတို့အေးအေးဆေးဆေး နေကြ။ မင်းတို့ကို လွှတ်ပေးလို့မရဘူး''ဟု အော်ဟစ်သတိပေးသည်။ ထိုအချိန် တွင် ထောင်ဆူပူမှု အတန်ငယ် ငြိမ်ကျ သွား၏။

၂၆ ရက်နေ့ ညနေ ၆ နာရီခန့် တွင် ထောင်ဆရာဝန်နှင့် ဝန်ထမ်း များ ထောင်တွင်းမှ ထွက်သွားကြ၏။ ထိုည တစ်ညလုံး သေနတ်သံကို ကြားနေကြရ ၏။ ဆက်တိုက်ပစ်ခတ်ခြင်းတော့ မဟုတ်ချေ။ ၂၇ ရက်နေ့ နံနက်စော စောတွင် အကျဉ်းကျသူများ၏ ဆွေမျိုး သားချင်း များ ထောင်အနီးသို့ ရောက် လာကာ သတင်းမေးစုံစမ်းကြရာထောင် အပြင်ဘက်တွင် လူများစုဝေးမိလာ သည်။ အခြေအနေတင်းမာလာသော အခြေအနေတွင် ဘုန်းတော်ကြီး ဦးဝဏ္ဏ ခေါင်းဆောင်သော သံဃာတော်များ၊ ကျောင်းသားများနှင့် အရပ်သားများက ထောင် အာဏာပိုင်များထံ သွားရောက် ၍ စေ့စပ်ဆွေးနွေးကြသည်။ေ စ့စပ်ဆွေး နွေးရာတွင် အကျဉ်းသားများဘက်မှ ကိုယ်စားလှယ် ငါးဦးလည်း ပါသည်ဟု ဆိုသည်။

အပစ်အခတ် ရပ်စဲသွားပြီး အကျဉ်းသားများ သွားလာရေး ကိစ္စ အဝဝကို သံဃာတော်များ၊ ကျောင်း သားများက တာဝန်ယူပါမည် ကတိပေး လိုက်၏။ အကျဉ်းသားများ ထောင်နှင့် ချီ၍ သေဆုံးသည်ဆိုသော ပြင်ပ သတင်းမှာ မမှန်ကြောင်း ထောင်ဆရာဝန်များက ရှင်းပြ၏။ စေ့စပ်ေ ဆွးနွေးပြီး နောက် အကျဉ်းသားများကို စတင် လွှတ်ပေး၏။ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ အင်းစိန်မြို့နယ်သူ၊ မြို့နယ်သား များက အကျဉ်းသားများကို ကျွေးမွေးပြုစုကြသည်။ အမှတ် ၈ ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်ခေါ် သွားရာ အလှူရှင်များက ထမင်းထုပ် များဖြင့် ကျွေးမွေးကြသည်။

ရပ်ဝေး အကျဉ်းသားများကို သင်္ဘောဆိပ်များ၊ ဘူတာရုံများသို့ ကား များဖြင့် ပို့ဆောင်ပေးကြသည်။ ကိစ္စအ ဝဝကို သံဃာတော်များ၊ ကျောင်း သား များကပင် ဦးစီးကြပ်မတ်ဆောင်ရွက်ပေး ခဲ့ကြ၏။ တပ်မတော်(ရေ)နှင့် တပ်မ တော်(ကြည်း)မှ အကျဉ်းသားများကိုမူ ကားများဖြင့် လာရောက်ခေါ်ဆောင် သွားကြသည်။ ထိုင်းလူမျိုးနှင့် ထိုင်ဝမ် အကျဉ်းသားများလည်း ရှိရာ သက်ဆိုင် ရာ သံရုံးက၄င်းတို့အစီအစဉ်ဖြင့်ပင် လာရောက်ခေါ်ဆောင်သွားကြသည်။

လောလောဆယ် အနေအထား တွင် ရထားသွားလာမှုများ ရပ်ဆိုင်းနေ သဖြင့် ရန်ကုန်ဘူတာကြီးနှင့် ကြည့်မြင် တိုင်ဘူတာတို့တွင် ယာယီကွပ်ကဲရေး စခန်းများဖွင့်ကာ အကျဉ်းသားများကို စောင့်ရှောက် ထားရသည်။ ရန်ကုန်ဘူ တာကြီးတွင် အကျဉ်းသား ၃ဝဝ ခန့် အား သံဃာတော်များက ထိန်းသိမ်း စောင့်ရှောက်ထားပြီး အလှူရှင်များက ငွေကြေး၊ အကျွေးအမွေးများဖြင့် ထောက်ပံ့ပေးခဲ့သည်။

သြဂုတ်လ ၃၁ ရက် သတင်းအရ ရန်ကုန်ဘူတာကြီးတွင် ခိုလှုံနေ ကြသော အကျဉ်းသားများအား မီးရထားရိပ်သာ 'ဒေဝသာဂရသိမ်ကုန်းေ ကျာင်းတိုက်' မှ သံဃာတော်များနှင့် သိမ်ဖြူကျောင်း တိုက်မှ သံဃာအပါး ၅ဝ ခန့်က စောင့် ရှောက်ပေးခဲ့ရသည်။ ညတွင် သံဃာ အပါး ၃ဝ က အလှည့်ကျ ကင်းလှည့် စောင့်ရှောက်ပေးခဲ့ကာ စေတနာရှင် ဆရာဝန် ၃ ဦးကလည်း ဖျားနာသော အကျဉ်းသားများကို ဆေးဝါးကုသပေး ခဲ့သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မှ စေတနာရှင်များ၊ အခြားမြို့နယ်ပေါင်းစုံ မှ စေတနာရှင်များကလည်း ငွေ၊ ဆေး ဝါး၊ ထမင်းထုပ်စသည် ပံ့ပိုးလှူဒါန်း သွားကြသည်။ ၃၁ ရက် နံနက်ပိုင်းတွင် ကပလမှ ဒုဦးစီးမှူး ဦးကျော်သာ ဦးစီး ၍ ရခိုင်ပြည်နယ်၊ မကွေး၊ တောင်ကြီးမြို့ များသို့ သွားမည့် အကျဉ်းသားများအား တီအီးကားကြီးခြောက်စီးဖြင့် ပို့ဆောင် ပေးရန် စီစဉ်ပေးခဲ့သည်။ သံဃာတော် အပါး ၂ဝကလည်း ဝိုင်းဝန်းကြပ်မတ် ကူညီခဲ့သည်။

၈၈၈၈ ဒိုင်ယာရီကို ကြည့်လျှင် ပြင်ပတွင် အထွေထွေသပိတ်ကြီး ဆင်နွှဲ နေသကဲ့သို့ ထောင်တွင်း၌ နေရသော် လည်း တစ်သွေးတည်း တစ်သားတည်း စိတ်ဖြင့် အေးအတူပူအမျှ ဘဝကို ဖော်ကျူးခဲ့ သည့် ပြယုဂ်တစ်ခုအဖြစ် နောင် မျိုးဆက်သစ်များ သိရှိရန်
ရှာဖွေရေး သားလိုက်ရပါသည်။

ရည်ညွှန်း-၄.၉.၈၈ နေ့ထုတ် ဝရဇိန် သတင်းစာ

ခင်မောင်ဌေး(ပညာရေး)

ကမ္ဘာ့အချမ်းသာဆုံး Fortune 500 တို့အများစု Facebook မသုံးကြ


Facebook တစ်ခုတည်းမဟုတ်ပါဘူး။ Twitter, Google+, LinkedIn အစရှိသဖြင့် ရှိသမျှ Social Media အားလုံးကို အသုံးမပြုတာ ဖြစ်ပါတယ်။

CEO.com က ဖော်ပြတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀၀ (Fortune 500) မှာ -

စာရင်းအတိအကျတွက်လိုက်ရင် Facebook ပေါ်မှာ ၃၅ ဦး

Twitter ပေါ်မှာ ၂၈ ဦး တို့သာ ရှိပြီး LinkedIn ပေါ်မှာလည်း လက်ချိုးရေရ လောက်အောင်နည်းပါတယ်။

ဒီတော့ ရှိရှိသမျှ Social Media တွေအားလုံးပေါင်းလိုက်ပြီးမှ ရလာတဲ့ ရလဒ်ကတော့ ၃၀ ရာခိုင်နှုန်းသော Fortune 500 သာ Social Media ကို အသုံးပြုကြကြောင်း သိရပါတယ်။ Warren Buffett ဆိုရင်လည်း Twitter စသုံးတာ မကြာသေးပါဘူး။

ပြီးတောလဲ ယင်း ပုဂ္ဂိုလ်များက အကောင့်ဖွင့်ထားပေမယ့် တကယ် အသုံးပြုသူ သို့မဟုတ်ပုံမှန် အသုံးပြုမှုအချိန်က အင်မတန် နည်းပါးကြောင်း ဆိုပါတယ်။ အချို့ ဆိုရင် အကောင့်ဖွင့်ထားပြီး လုံးဝ မသုံးပဲ ထားတဲ့အထိ ဖြစ်ပါတယ်။ အချို့ ဆိုရင် ရက် ၁၀၀ နေမှ Status Update တစ်ခု တင်ကြောင်း ဆိုပါတယ်။

သို့ပေမယ့် အနာဂတ်မှာ ယင်းပုဂ္ဂိုလ်တို့ Social Media အသုံးပြုမှု အရေအတွက် တိုးလာရန် အလားအလာ ရှိကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)

၁၅၀၀ တန်ဆင်းကတ် ထပ်ဆင့်ရောင်းချမှု အရေးယူမည်မဟုတ်


ရန်ကုန်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် အချိုးကျ ရောင်းချပေးနေသည့် မိုဘိုင်းလ်ဆင်းကတ်များကို ပြင်ပဈေးကွက် တွင် ကျပ်သိန်းဂဏန်းဖြင့် ထပ်ဆင့် ရောင်းချနေမှုကို အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ကျပ် ၁၅၀၀ နှုန်းဖြင့် ချထားပေးသည့် GSM မိုဘိုင်းလ်ဖုန်းများကို အမှန်တကယ် အသုံးပြုရန် လိုအပ်သူများက မူရင်းဈေးနှုန်းထက် အဆရာချီ ပိုမိုကာ ငွေကျပ်သိန်းဂဏန်းအထိ ပေးချေဝယ်ယူနေရခြင်းကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ရန်ရှိ မရှိ The Voice ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

GSM ဖုန်းများရောင်းချခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် မဲနှိုက်ခွဲဝေမှုကို ထင်သာ မြင်သာရှိစွာ မျှမျှတတ ဆောင်ရွက်ပေးနေကြောင်း၊ မဲပေါက်သူများက ထပ်ဆင့် ပြန်လည် ရောင်းချနေခြင်းမှာ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်၍ ကြားဝင်ဆောင်ရွက်ပေး၍ မရကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ နှုန်းဖြင့် ဖြန့်ချိပေးနေသည့် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်းအထိရှိကာ အမှန်တကယ် အသုံးပြုလိုသူ အများစုမှာ ယင်းပြင်ပဈေးနှုန်းဖြင့် ပြန်လည် ဝယ်ယူနေရကြောင်း ဖုန်းသုံးစွဲလိုသူများက တညီတညွတ်တည်း ပြောကြားသည်။

“တစ်သိန်းခွဲတန် GSM ဟန်းဆက်တစ်လုံး အစ်ကိုက လက်ဆောင်ပေးထားတာ ဆင်းကတ်မဝယ်နိုင်သေးတော့ သီချင်းနားထောင်ဖို့အတွက်ပဲ သုံးနေရတယ်” ဟု ရေနံချောင်း ဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ နယ်ဒေသများ၌ပင် ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးပေါက်နေ၍ ဖုန်းလျှောက်ထားသူ အဆမတန် များပြားလာခြင်းကြောင့် ဆက်သွယ်ရေး ဝန်ထမ်းများ စီမံခန့်ခွဲမှု အခက်တွေ့စေကြောင်း၊ အမှန်အတိုင်း ဆောင်ရွက်ခြင်းကိုပင် မယုံကြည်ဘဲ ပြစ်တင်စွပ်စွဲခံရ ကြောင်း မကွေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံအရာရှိတစ်ဦးက ဆိုသည်။

ဧပြီလမှစတင်၍ မိုဘိုင်းလ် ဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် စတင်ဖြန့်ချိရာတွင် ထပ်ဆင့်ရောင်းချခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ဆင်းကတ် သက်တမ်းသတ်မှတ်ခြင်း၊ လစဉ်အသုံးပြုရမည့် ငွေပမာဏသတ်မှတ်ခြင်း စသဖြင့် ဆောင်ရွက်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA ဆင်းကတ်များ စတင်ဖြန့်ချိသည့်နေ့၌ပင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်းအထိ မြင့်တက်ခဲ့သည်။
The Voice Weekly

လူကိုကိုက်သတ်သည့် ခွေး၏ပိုင်ရှင် ထောင်တစ်သက်ကျဖွယ်ရှိ

အောင်မင်းဘာသာပြန်သည်

လူတစ်ဦးကို ကိုက်သတ်ခဲ့သည့် ခွေး၏ပိုင်ရှင်မှာ လက်ရှိကာလတွင် ပြောင်းလဲလိုက်သည့် ဗြိတိန်နိုင်ငံ၏ ပြစ်ဒဏ်ချမှတ်မှု စနစ်သစ်ကြောင့် ထောင်ဒဏ်နှစ်နှစ်မှ တစ်သက်တစ်ကျွန်းသို့ တိုးမြှင့်ကျခံရမည့် အရေး နှင့်ရင်ဆိုင်နိုင်ရသည်။

မိမိတို့၏ ခွေးအားလူတစ်ဦးတစ်ယောက်အား တိုက်ခိုက်ခွင့်ပြုသည့် ခွေးပိုင်ရှင်များအနေဖြင့် ပြင်းထန် သည့်ပြစ်ဒဏ်များချမှတ်မှုတွင် အမြင်သဘောထားရယူရေးအတွက် ဗြိတိန်အစိုးရကလည်း စိတ်ပျက်နေလျက်ရှိသည်။

ခွေးက လူတစ်စုံတစ်ဦးကို ပြင်းထန်စွာတိုက်ခိုက်လျှင် ခွေးပိုင်ရှင်ကိုပြစ်ဒဏ်မည်မျှ ပေးသင့်သနည်းဆို သည့်အရေးနှင့် ပတ်သက်၍ ဗြိတိန်လူထုကြား အချေအတင်အငြင်းပွားနေကြသည်။

ဗြိတိန်တွင် ဆိုးသွမ်းသည့်ခွေးများ၏ အကိုက်ခံရသဖြင့် ၂၀၀၅ ခုနှစ်မှ ယခုနှစ်အထိ လူ ၁၆ ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်။

သူငယ်ချင်း အိမ်အလည်သွားသည့် ၁၄ နှစ်အရွယ် ကလေးတစ်ဦးကို ခွေးလေးကောင် ၀ိုင်းကိုက်သဖြင့် သေဆုံးသွားခဲ့ရသည့် အဖြစ်အပျက်ပင် ဖြစ်ပွားခဲ့ဖူးသည်။

ပြည်သူများ အငြင်းပွားနေသည့် ဆိုးသွမ်းသည့် ခွေးများ၏ ပိုင်ရှင်အပေါ်ချမည့် အရေးနှင့် ပတ်သက်၍ တိရစ္ဆာန်ရေးရာဝန်ကြီး လော့ဒ်မိုလေးက “ခွေးတွေရဲ့တိုက်ခိုက်မှုဟာ ကြောက်စရာကောင်းပါတယ်။ ဒါကြောင့်ခွေးတွေကို ထိန်းသိမ်းခြင်းမရှိဘဲနဲ့ အခြားသူတွေကို ကိုက်ခွင့်ပေးတဲ့ ပိုင်ရှင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လိုပါတယ်” ဟု မှတ်ချက်ပြုသည်။

ခွေးဆိုးများ၏ တိုက်ခိုက်မှုကို တစ်နှစ်လျှင်အကြိမ် ၅၀၀၀ ခန့် ကြုံတွေ့ရလေ့ရှိသည့် စာပို့သမားများနှင့် တယ်လီဖုန်းဆက်သွယ်ရေး ဆက်သွယ်ရေး အင်ဂျင်နီယာများ ပါဝင်သည့် သမဂ္ဂများက ကိုက်တတ်သော ခွေးများ၏ ပိုင်ရှင်များကို ပြင်းထန်စွာ အပြစ်ပေးမည့် စနစ်သစ်ကို ကြိုဆိုလိုက်သည်။

ယခင်က ခွေးကိုက်လျှင် ခွေးပိုင်ရှင်ကို ထောင်နှစ်နှစ်သာ ချမှတ်နိုင်သော်လည်း စနစ်သစ်အရ ထောင်ဒဏ် ၁၀ နှစ်မှသည် ထောင်တစ်သက်ပင် အပြစ်ပေးနိုင်သည်။

၂၀၀၉ ခုနှစ်က ခွေးကိုက်သတ်သဖြင့် သေဆုံးသွားခဲ့ရသည့် ကလေးငယ်တစ်ဦး၏ မိဘများနှင့် သူ့ သူငယ်ချင်း၏ မိဘများက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ထံသို့ပင်ခွေးများ ထိုသို့ကိုက်နေမှုကို ကာကွယ်ပေးရန် အသနားခံစာ တင်ခဲ့သည်။
Mizzima - News in Burmese

မြို့ပတ်အထူးတွဲပေါ်မှ စုံတွဲအချို့၏ မဖွယ်မရာသတင်း တရားဝင် တိုင်ကြားခြင်း မရှိသေး


မြို့ပတ်ရထားအထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြား သိရသော်လည်း တရားဝင်တိုင်ကြားမှု များမရှိသေး ဟု မြန်မာ့မီးရထားမှ ရန် ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ သူ တို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင်တယ်။ သိပ်ကြီးလွန်လွန် ကဲကဲ ဖြစ်လာ ရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့'' ဟု ၄င်းက ပြောသည်။

မြို့ပတ်အထူးတွဲများပေါ်၌ ရထား ရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက် မှတ်သိမ်းဝန်ထမ်းများပါရှိကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။

''အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ''ဟု အထက် ပါ အရာရှိက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ ကာအထူးတွဲ ချိတ်ဆက်ပြီးစီးမှုမှာ ၁၁ ဆိုင်းရှိပြီ ဟု သိရသည်။

မြို့ပတ်ရထားသည် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်၍ ထွက်ခွာပြီး ယင်း တွင်လည်း အထူးတွဲပါရှိကြောင်းညပိုင်း တွင် နောက်ဆုံးထွက် ရထားမှာ ၉ နာရီ ၄၅ မိနစ်ဖြစ်ပြီး အထူးတွဲပါရှိသည့် နောက်ဆုံးတွဲမှာ ၉ နာရီ မိနစ်၂ဝ တွင် ဘူတာကြီးမှစတင်ထွက်သည်ဟု မြန်မာ မီးရထားမှ သိရသည်။

''မနက်အစောပိုင်း နေ့ခင်းလူနည်း ချိန် ညပိုင်းတွေမှာ အဲလိုကိစ္စတွေ ပိုရှိ နိုင်တာပေါ့''ဟု အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။

ဝေမာထွန်း
Popular Myanmar News Journal

Novotel ရန်ကုန်ဟိုတယ် ဝန်ထမ်း ၆၀၀ ခန့် ခေါ်မည်ဟုဆို


ရန်ကုန်၊ သြဂုတ် ၇

လာမည့်နှစ်တွင် ဖွင့်လှစ်မည့် Novotel ရန်ကုန်ဟိုတယ်တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း ၆၀၀ ခန့် ခေါ်ယူမည် ဖြစ်ကြောင်း အဆိုပါဟိုတယ်ကို တာဝန်ယူ တည်ဆောက်နေသည့် မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝန်ထမ်း ၅၆၀ မှ ၆၀၀ အထိ ခေါ်ယူမည်ဖြစ်ပြီး အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအပိုင်းအတွက် အရာရှိများကိုမူ ကြိုတင်ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဝန်ထမ်းတွေကို သုံးလလောက် စောခေါ်ဖို့ စီစဉ်ထားတယ်။ Training ပေးတာတွေ ဘာတွေနဲ့ ကွက်တိလောက် ဖြစ်အောင်” ဟု ၎င်းကဆိုသည်။

အဆိုပါဟိုတယ်ကို မူလက ယခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသော်လည်း မိုးတွင်းကာလ အခက်အခဲများကြောင့် ၂၀၁၄ ခုနှစ် မတ်လရောက်မှသာ ဖွင့်လှစ်မည် ဖြစ်ကြောင်း မက်စ်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ Novotel Yangon ဟိုတယ်၏ လုပ်ငန်းစီမံခန့်ခွဲမှုပိုင်းကို ပြင်သစ် အခြေစိုက် ACCOR Hospitality က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟိုတယ်၏ အဆောက်အအုံ ဒီဇိုင်းကို စင်ကာပူနိုင်ငံမှ IIDA (International Interior Design Association) က ရေးဆွဲကာ အတွင်းပိုင်း အပြင်အဆင်ကို ဗီယက်နမ်အခြေစိုက် AA Corporation က ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွင် အခန်းစုစုပေါင်း ၃၆၆ ခန်း ပါဝင်မည်ဖြစ်ပြီး Presidential Suite၊ Penthouse၊ General Ball Room၊ Meeting Room၊ Conference Rooms၊ ကော်ဖီဘား၊ ဝိုင်ဘား၊ ပြင်သစ်စားသောက်ဆိုင်၊ ရေကူးကန်၊ အားကစားခန်းမနှင့် တင်းနစ်ကွင်းများ ပါရှိမည် ဖြစ်ကြောင်း မက်စ်မြန်မာက ဆိုသည်။

“အဆင့်မြင့်ဟိုတယ်တွေ ဖွင့်လာကြတော့ ဟိုတယ်ဝန်ထမ်းတွေအတွက် အခွင့်အလမ်းကောင်းတွေ များလာတယ်။ ကျွန်တော်တို့ ဟိုတယ်ဆိုရင် သင်တန်းတွေဘာတွေ တက်ခွင့်ပေးတာမျိုး၊ လစာတိုးတာ မျိုးလုပ်ပြီး ဝန်ထမ်းတွေ ထွက်မသွားအောင် လုပ်နေတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ ကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသော Tourism Master Plan အရ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား အရေအတွက် ခုနစ်သန်းခန့် ဝင်ရောက်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဝင်ငွေ အမရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရရှိနိုင်မည်ဖြစ်ကာ ယင်းနှင့်ဆက်စပ်၍ အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြား ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
The Voice Weekly

ပေ ၂၀ အရှည်ရှိ မိကျောင်းကိုက်၍ ကိုရင်သေဆုံး


ပုသိမ်၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာတွင် သြဂုတ်လ ၄ ရက်နေ့က ပေ ၂၀ အရှည်ရှိ မိကျောင်း ခေါင်းရှည်တစ်ကောင် ကိုက်သောကြောင့် ချောင်းအတွင်း ရေဆင်းချိုးနေသော အသက် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကြိမ်ချောင်းကြီးကျေးရွာ သာသနပါလ ကျောင်းတိုက်မှ ကိုရင်ရှင်ဝါယမသည် ဆတ်ကျွန်းချောင်းအတွင်း ယင်းနေ့ နေ့လယ်ပိုင်းက ရေဆင်းချိုးရာမှ အရှည်ပေ ၂၀၊ လုံးပတ် ခုနစ်ပေခန့်ရှိ မိကျောင်း အထီးတစ်ကောင် ကိုက်ဆွဲသွားသဖြင့် ရွာသား ၃၀၀ ခန့်က ဝိုင်းဝန်းရှာဖွေရာ အဆိုပါ ကျောင်းတိုက်နှင့် ကိုက် ၁၀၀ ခန့်အကွာ ချောင်းအတွင်း မိကျောင်းကို တွေ့ရှိ၍ မှိန်းဖြင့် ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါမိကျောင်းကို ကြိမ်ချောင်းကြီးရွာ မိန်းမလှကျွန်း ဘေးမဲ့တောရှိ သစ်တောထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်အပ်နှံခဲ့ပြီး တောအုပ်ကြီး၊ ကြိမ်ချောင်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘိုကလေး ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ကြပ် ထိန်ဝင်းမောင်နှင့် အသိသက်သေများ ရှေ့မှောက်တွင် မိကျောင်းကို ရင်ခွဲစစ်ဆေးရာ ကိုရင်ဝါယမ အလောင်းကို မတွေ့ရှိရသောကြောင့် ဆက်လက်ရှာဖွေရာ သြဂုတ်လ ၅ ရက်နေ့တွင် ကျောင်းတိုက်နှင့် ကိုက် ၈၀၀ ခန့်အကွာ ဆတ်ကျွန်းချောင်းအတွင်းမှ ကိုရင်ဝါယမ အလောင်းကို မိကျောင်းကိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောဆိုသည်။
The Voice Weekly

၁၁ နှစ်အရွယ် မိန်းကလေးကို မဖွယ်မရာလုပ်သူ တရားစွဲခံရ


မိတ္ထီလာ၊ သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု မကျီးချိုကျေးရွာ အရွယ်မရောက်သေးသော ၁၁ နှစ် မိန်းကလေးကို ကာယိနြေ္ဒပျက်အောင် ပြုလုပ်ခဲ့သည်ဟု သံသယရှိသူတစ်ဦးကို သြဂုတ်လ ၂ ရက်နေ့က မိတ္ထီလာမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု မကျီးချိုရွာနေ ဦးနိုင်ဝင်းစိန်၊ ဒေါ်မြမြထွေးတို့၏သမီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ ခန့်က ရွာအနောက်ဘက် ချောင်းအတွင်း ရွယ်တူသူငယ်ချင်းအဖော် မိန်းကလေးတစ်ဦးနှင့် ရေချိုးနေစဉ် လူကြီးတစ်ဦးသည် ရေငုပ်၍လာပြီး အဆိုပါ ၁၁ နှစ်အရွယ် မိန်းကလေး၏ ကိုယ်ခန္ဓာကို မဖွယ်မရာ ကိုင်တွယ်ခဲ့၍ အော်ဟစ် အကူအညီတောင်းရာ ယင်းနေရာနှင့် မလှမ်းမကမ်းတွင် ရောက်ရှိနေသည့် ဆယ်အိမ်မှူး ဦးမြခဲက ကြားသိ၍ ကူညီရာမှ ထိုလူမှာ ထွက်ပြေးသွားကြောင်း မိတ္ထီလာမြို့နယ် အလယ်ရွာ ရဲစခန်းထံမှ သိရသည်။

“ကလေးက အဖော်နဲ့ ရေချိုးသွားတာ ငိုယိုပြီး ပြန်လာတော့ ချော့မေးကြည့်မှ သမီးကို လူကြီးတစ်ယောက်က ရေငုပ်လာပြီး ခြေနှစ်ချောင်းကကိုင်ပြီး သုံးခါလောက် ရေထဲနှစ်တယ်။ ရေမွန်းနေတဲ့ သမီးကိုဖက်ပြီး ရင်သားတွေကို အကြိမ်ကြိမ် ဖျစ်ညှစ်တယ်။ သမီးတို့ အော်လိုက်တော့ ဦးမြခဲ ရောက်လာပြီး ဟေ့ကောင် ဘာလုပ်တာလဲလို့ မေးတော့မှ ကစားတာပါဆိုပြီး ထွက်ပြေးသွားတယ်လို့ ကလေးကပြောတယ်” ဟု အဆိုပါ မိန်းကလေး၏ မိခင်က The Voice ကို ပြောသည်။

လိုက်လံစုံစမ်းရာ ထွက်ပြေးသွားသူသည် မကျီးချိုကျေးရွာ၏ နီးစပ်သည့် မြိုင်သာကျေးရွာရှိ ဦးသိုက်စိုး ( ခ) ဦးထိုက် ၃၀နှစ် ဖြစ်သည်ဟုသိရပြီး မိတ္ထီလာမြို့နယ် အလယ်ရွာ ရဲစခန်းတွင် ဇူလိုင်လ ၉ ရက်နေ့က ပုဒ်မ ၃၅၄ ရဲစခန်း (ပ) ၁၂/၂၀၁၃ဖြင့် အမှုဖွင့်၍ သက်ဆိုင်ရာ မိတ္ထီလာမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုကို မိတ္ထီလာမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၄၂၇၆/၂၀၁၃ ဖြင့်လက်ခံ၍ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က စတင်ကြားနာ စစ်ဆေးခဲ့ကာ လာမည့် သြဂုတ်လ ၉ ရက်နေ့သို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ကျူးလွန်သည်ဟု သံသယ ရှိခံထားရသူ ဦးသိုက်စိုးကို မေးမြန်းရာ ပြောစရာမရှိဟု ၎င်းကပြန်လည် ဖြေကြားသည်။
The Voice Weekly

လားရှိုးအေတီချောင်းရေကြီးခြင်းကြောင့် ကားများသွားမရ


စံဝရဇိန် ၊ လားရှိုး ၊ သြဂုတ်(၇) ၊ ရန်ကုန်တိုင်းမ်သတင်းစာ

ရှမ်းပြည် နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ဩဂုတ်၎ရက်က မိုးသည်းထန်စွာ ရွာမှုကြောင့် ဩဂုတ်၅ရက် နံနက် ၃နာရီ၄၅မိနစ်မှစပြီး လားရှိုးမှသိန်းနီ သို့ အထွက် အေတီတံတားချောင်း ရေကြီးမှုကြောင့် မန္တလေး- မူဆယ်၊ မူဆယ်-လောက်ကိုင်၊ မန္တလေး သို့ပြေးဆွဲလျက်ရှိသော ခရီးသည် တင်ကားများ၊ ကုန်တင်ကားများ သွားမရဘဲ လမ်းပိတ်နေကြောင်း သိရသည်။
လားရှိုးမြို့အထွက် အေတီ ချောင်းတောင်ကျရေများခြင်း ကြောင့် ဩဂုတ်၅ရက် နံနက်၃ နာရီ၄၅မိနစ်မှစပြီး လားရှိုးမြို့နယ် မြေခံတပ်ရင်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်ရပ်ကွက်များမှ မီး သတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာရပ် ကွက်သားများက ခရီးသည်များ နှင့် ကားကြီးများအား ခရီးသွား နိုင်ရန် မီးသတ်ယာဉ်အားကြိုးဖြင့် ဆွဲကာ ရေပြန်လည်စီးဆင်းနိုင် စေရန်နှင့် ရေဝပ်မနေစေရန် ရေ လမ်းကြောင်းများ ဖွင့်ပေးခဲ့ကြ သဖြင့် နံနက်၁၁နာရီခွဲ၌ ကားကြီး များသွားနိုင်ခဲ့ပြီး ဆိုင်ကယ်များ အား ဝါးလုံးများလျှိုထမ်း၍ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Media Group

ဒုတိယကမ္ဘာစစ် နောက်ပိုင်း အကြီးဆုံး ဂျပန် စစ်သင်္ဘော ရေချ


တိုကျို၊ သြဂုတ် ၇

ဒုတိယကမ္ဘာစစ် နောက်ပိုင်း အကြီးဆုံးဖြစ်ကာ ပေပေါင်း ၈၂၀ ရှည်ပြီး အလေးချိန် တစ်သောင်း ကိုးထောင့် ငါးရာတန် ရှိသည့် စစ်သင်္ဘောကြီးကို စတင် အသုံးပြုနိုင်ရန်အတွက် ရေချလိုက်ကြောင်း CNN သတင်း တစ်ရပ်က ဖော်ပြထားသည်။

ရဟတ်ယာဉ် ၁၄ စင်း တင်ဆောင်နိုင်သော အဆိုပါ စစ်သင်္ဘောကြီးကို အီဇုမိုဟု အမည်ပေးထားပြီး ရဟတ်ယာဉ်ဖျက် တိုက်သင်္ဘောအဖြစ် အသုံးပြုနိုင်ကာ အပေါ်ပိုင်းတွင် အပြားပုံစံ ဒီဇိုင်း ဆင်ထားပြီး လေယာဉ်တင် သင်္ဘောနှင့် ပုံစံ တူပေသည်။

သို့သော် အဆိုပါ စစ်သင်္ဘောကြီးကို ဖိုက်တာ ဂျက်လေယာဉ်များ တင်ဆောင်သည့် သင်္ဘောအဖြစ် အသုံးပြုမည် မဟုတ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက NHK ကို ပြောကြားခဲ့သည်။

ယင်းသို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ကြေး ရှိသော စစ်သင်္ဘောကြီးကို ယိုကိုဟားမား သင်္ဘောကျင်း၌ ရေချခဲ့ခြင်းသည် အရှေ့တရုတ် ပင်လယ်အတွင်း ဂျပန်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ ကျွန်းစုများ ပိုင်ဆိုင်ရေး ကိစ္စ အငြင်းပွားနေစဉ်နှင့် တိုက်ဆိုင်လျက် ရှိပေသည်။

ဖျက်သင်္ဘော အီဇုမိုကို ဂျပန်နိုင်ငံ အနီးရှိ ရေပြင် ပိုင်နက်များ တွင် ဖြစ်လာနိုင်သော အရေးပေါ် ပြဿနာများအား ကိုင်တွယ် ဖြေရှင်းရန် အတွက် အသုံးပြုမည် ဖြစ်ကြောင်း NHK သတင်းက ဖော်ပြထားသည်။

ဂျပန်၏ စစ်ရေး တိုးချဲ့ လှုပ်ရှားနေခြင်းများကို တရုတ်ဘက်က သတိပေး ထားကြောင်း တရုတ် ပြည်တွင်းထုတ် Global Times သတင်းစာ က ရေးသား ဖော်ပြထားသည်။

“ဂျပန်ရဲ့ စစ်လက်နက်ပစ္စည်း တိုးချဲ့လာမှုတွေကြောင့် ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒီလိုတိုးချဲ့ စစ်အင်အား မြင့်လာတာတွေကြောင့် ဂျပန်ရဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ နိုးနိုး ကြားကြား စောင့်ကြည့်ဖို့ လိုအပ်လှပါတယ်” ဟု တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်တို့သည် အိုကီနာဝါကျွန်းနှင့် ထိုင်ဝမ်တို့ အကြားရှိ အရေးပါသော ပင်လယ်ကူး လမ်းကြောင်းအနီးတွင် ရှိပြီး ငါး သယံဇာတနှင့် တွင်းထွက် သယံဇာတများ ပေါများဖွယ် ရှိသော ကျွန်းစုများ ကို သူပိုင် ငါပိုင် ငြင်းဆန်လျက် ရှိကြသည်။ ယင်းကျွန်းများကို ဂျပန်က ဆန်ကာကု ဟု ခေါ်ဆိုကြပြီး တရုတ်က ဒိုင်ယုကျွန်းများဟု ခေါ်သည်။

ယင်းသို့ ဂျပန် အကြီးဆုံး စစ်သင်္ဘောကြီး ရေချသည့် အချိန်သည် မြို့တော် ဟီရိုရှီးမားကောင်းကင်ယံ မှ အမေရိကန် နျူကလီးယားဗုံး ကြဲချသည့် (၆၈) နှစ်မြောက်နှင့် တိုက်ဆိုင်လျက်ရှိသည်။

စစ်သင်္ဘောကြီး ရေချပွဲ အခမ်းအနားသို့ ဒုတိယ ဝန်ကြီးချုပ် တာရိုအာဆို ကိုယ်တိုင် တက်ရောက်ခဲ့သည်။
The Voice Weekly

ရဟန်းတပါး မုံရွာမှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ အဆုံးစီရင်


ရှစ်လေးလုံး ၂၅ နှစ်ပြည့် အစီအစဉ် ပြုလုပ်မည့်  မုံရွာမြို့ ဇောတိကတိုက်ကျောင်းတွင် ရဟန်းတပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့ အဆုံးစီရင်သွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့ရုံးက ပြောသည်။

သက်တော် ၂၄နှစ်၊ ၀ါတော် ၄ ၀ါရှိ ထိုရဟန်းသည်  စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကျည်းကုန်းကျေးရွာဇာတိဖြစ်ကြောင်း၊ မူလကျောင်းမှာ သန္တသုခကျောင်းဖြစ်ကြောင်း၊ ထိုရဟန်း ရေးသားခဲ့သည်ဟူသော   စာတစ်စောင်ကိုလည်း တွေ့ရှိရကြောင်း အမှုကို  တာဝန်ယူစစ်ဆေးနေသည့် မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှူးက ပြောသည်။

 “သူ့မိဘတွေကိုရည်ရွယ်ပြီးရေးသွားတဲ့ပုံစံပါ။ စာမျက်နှာ တစ်မျက်နှာကျော်ရှိတယ်။ ဆိုလိုရင်းကတော့ သဗ္ဗညုတဉာဏ်တော်ရချင်လို့ ရတနာသုံးပါးကို မီးပူဇော်တာပါ ဆိုတဲ့အချက်ပါ” ဟု ရဲအုပ် ညီညီအောင်က ဧရာဝတီသို့ ပြောသည်။

ကျောင်းရှိ သက်သေများကိုလည်း မေးမြန်းပြီး အတည်ပြုချက်များယူရဦးမည်ဖြစ်ကြောင်း စခန်းမှူးကပြောသည်။

“သူနဲ့အတူနေတဲ့ ကိုရင်လေးကိုတော့မေးပြီးပြီ။ ပျံသွားတဲ့ ကိုယ်တော်က ကိုယ့်ကိုယ်ကို မီးရှို့ပြီးပူဇော်ချင်တယ်လို့ မကြာခဏပြောဖူးတယ်လို့ ထွက်ဆိုပါတယ်။ ဒီနေ့က ရှစ်လေးလုံး အခမ်းအနားပွဲလည်း ရှိနေတော့ စုံအောင် သေသေချာချာမစစ်ရသေးပါဘူး” ဟု  ရဲအုပ်ညီညီအောင်က ဆက်ပြောသည်။

ယနေ့နံနက် ၃နာရီဝန်းကျင်တွင် သတင်းရရှိသဖြင့်သွားရောက် စစ်ဆေးခဲ့ရာ ပြင်မီးလောင်ဒါဏ်ရာများဖြင့် ပျံလွန်တော်မူကြောင်းတွေ့ရှိရသည်ဟု မုံရွာ ခရိုင် ရဲတပ်ဖွဲ့ရှိ အရာရှိကြီးတဦးက ပြောသည်။

“ဆေးရုံကို မနက် ၄နာရီလောက်မှာရောက်ပါတယ်။ ရင်ခွဲရုံမှာ သေသေချာချာ စစ်ဆေးကြည့်ပြီးပါပြီ။ အခြားဒဏ်ရာ မရှိဘူး” ဟု သူက ဧရာဝတီသို့ ယနေ့ပြောသည်။

ကားဝယ်ယူရန်ပေးအပ်ထားသည့်ဒေါ်လာငွေများအား လိမ်လည်ရယူထားသဖြင့် အရေးယူပေးရန် တိုင်ကြား


ရန်ကုန်၊ သြဂုတ် ၈

၂၀၁၂ ခုနှစ် ၁၂ လပိုင်းခန့်တွင် ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်နေ ကိုရီးယားနိုင်ငံသား Mr.Choi Jung Ho သည် ခင်မင်းရင်းနှီးသူ မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်နေ ကိုရီးယားနိုင်ငံသား
Mr.Choi Chung Hyun နှင့်အကျိုးတူ အဆောင်ငှားရမ်းသည့်
လုပ်ငန်းတွင်လုပ်ကိုင်ရန်အတွက် လိုအပ်သော မော်တော်ယာဉ်
ဝယ်ယူရန် တိုင်ပင်ပြီးနောက် ၂ဃ/----၊ Mark II ယာဉ်အားဝယ်ယူရန် Mr.Choi Jung Ho မှ ကျသင့်ငွေ အမေရိကန်ဒေါ်လာ (၁၄၄၀၀)ကို ငွေအပ်နှံထားသူ Mr. Shin Phyon Ho မှတဆင့် စာချုပ်ချုပ်ဆိုခြင်းမပြုဘဲ Mr.Choi Chung Hyun ထံသို့ပေးအပ်
ခဲ့ကြောင်း၊ ထိုသို့ပေးအပ်ပြီး တစ်လပြည့်သည့်နေ့အထိ ယာဉ်နှင့်
ပတ်သက်သည့် စာရွက်စာတမ်းများအား လာရောက်ပေးအပ်ခြင်းမရှိ
သဖြင့် Mr.Choi Chung Hyun အားမေးမြန်းခဲ့ရာ ၃၁.၁၂.၂၀၁၂နေ့တွင်
လာရောက်ပေးမည်ဟုပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုခဲ့၍စောင့်ဆိုင်း
နေသော်လည်း ယနေ့ထိ လာရောက်ပေးအပ်ခြင်းမရှိသဖြင့်စုံစမ်းခဲ့ရာ အဆိုပါ Mark II ယာဉ်မှာ ၀ယ်ယူထားသည့်ယာဉ် မဟုတ်ဘဲ ငှားရမ်းစီးနင်းနေသည့် ယာဉ်ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အမေရိကန်ဒေါ်လာ (၁၄၄၀၀) အားလိမ်လည်ရယူသွားသူ
Mr.Choi Chung Hyun အပေါ်အရေးယူပေးပါရန် Mr.Choi Jung Ho မှတိုင်တန်းခဲ့သဖြင့် မရမ်းကုန်းမြို့မရဲစခန်း (ပ)၃၃၀/၂၀၁၃၊
ပုဒ်မ ၄၂၀ ဖြင့် ၇.၈.၂၀၁၃ ရက်နေ့တွင် အမှုဖွင့်လှစ် စုံစမ်းစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ကင်ညာ နိုင်ရိုဘီ နိုင်ငံတကာ လေဆိပ် မီး အကြီးအကျယ် လောင်၍ ပိတ်ခဲ့ရ


နိုင်ရိုဘီ၊ သြဂုတ် ၇

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ လေဆိပ်တွင် ပမာဏ ကြီးမားသော မီးလောင်ကျွမ်းမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ယင်းမီးသည် လေယာဉ် အဝင်အထွက် အများဆုံး ဂျိုမိုကန်ယက်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ ပြည်ပဆိုက်ရောက် ဘက်ခြမ်းအထိ ကူးစက်လာသဖြင့် လေဆိပ်ကို အာဏာပိုင်များက ပိတ်ထားလိုက်ရန် အမိန့် ထုတ်ထားလိုက်သည်ဟု New York Times သတင်း တစ်ရပ်က ရေးသား ဖော်ပြထားသည်။

ထိုသို့ ပိတ်ထားလိုက်သော လေဆိပ်သည် အရှေ့အာဖရိက ဒေသ၏ အလုပ် အများဆုံး လေယာဉ် အကူးအပြောင်း လုပ်ရာ လေဆိပ်လည်း ဖြစ်ကာ အရေးပေါ် ဆင်းသက်ရေး တစ်ခုအတွက်သာ ဆင်းသက်ခွင့် ပြုထားပေ သည်။

ဥရောပမှ လာမည့် လေယာဉ်များ အပါအဝင် အခြား ကမ္ဘာအနှံ့ လေယာဉ် များ ဆိုက်ကပ်မည့် နံနက် ၅ နာရီခန့် အချိန်လောက်တွင် ဆိုက်ရောက် ဌာနသို့ မီးစတင် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လေဆိပ်ကို မည်သည့် အချိန်တွင် ပြန်ဖွင့်ပေးမည်ကို မကြေညာသေးပေ။

ထို့ကြောင့် ဆိုက်ရောက်လာသည့် လေယာဉ်များကို အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေ မြို့တော် မွန်ဘာဆာသို့ လမ်းကြောင်း ပြောင်း၍ ဆိုက်ကပ်စေလျက် ရှိသည်။

အချို့ လေယာဉ်များကို ယူဂန္ဒာ၊ ရဝမ်ဒါ လေဆိပ်များသို့လည်း ပြောင်းလဲ ဆင်းစေခဲ့ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ မီးသည် လေယာဉ်များ ဆီဖြည့်သည့် ဆီပန့်မှ တစ်ဆင့် လောင်ကျွမ်း သည်ဟု သတင်းများက ဖော်ပြကြပြီး လွန်ခဲ့သော နှစ်ရက်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးခိုးများကို ကင်ညာမြို့တော်နှင့် အတန်ငယ် ဝေးသော နေရာမှ ပင် မြင်နိုင်ကြောင်း၊ လေဆိပ်၏ အပြင်ဘက်တွင် ခရီးသည်များ အထုပ်အပိုး များဖြင့် သောင်တင်လျက် ရှိကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် ရောက် ရှိနေသည့် သတင်းထောက်များက ပြောကြားကြသည်။

လေဆိပ်သို့ လာသည့် လမ်းများ ယာဉ်ကြောလည်း ပိတ်ကုန်သဖြင့် အရေးပေါ် ကယ်ဆယ် ကုသရေး ယာဉ်များလည်း ပိတ်မိနေလျက် ရှိသည်ဟု မျက်မြင် သက်သေများက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်မဟုတ် ဆိုသည်ကို ပြောရန် စောသေးကြောင်း၊ မီးကို ငြှိမ်းသတ်ရန် အတွက်သာ ဦးစားပေးလျက် ရှိကြောင်း ကင်ညာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ အကြီးအကဲ ဘိုနီဖေ့စ်မွမ်နီကီက AP ကို ပြောကြားသည်။

ကင်ညာသည် အာဖရိကရှိ အနောက်အုပ်စု၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်သည်။

လူသေဆုံး ထိခိုက်မှု ဖြစ်သည့် သတင်းများ မကြားရသေးပေ။
The Voice Weekly

သစ်တောဂိတ်တွင်ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်အား လိုက်လံဖမ်းဆီး စစ်ဆေးရာမှ ကျွန်းသစ်များ တွေ့ရှိအရေးယူ


ရန်ကုန်၊ သြဂုတ် ၈

၇.၈.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာနမှ
တောအုပ်ဦးသန်းဇော်ဦး နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် (၄)လမ်းဆုံ၊ သစ်တောဂိတ်၌တာဝန်ထမ်းဆောင်နေချိန် ၄က/----၊တိုယိုတာမတ်တူး မီးခိုးရောင်ယာဉ်မှာတိုက်ကြီးဘက်မှ ထောက်ကြန့်ဘက်သို
့မောင်းနှင်လာစဉ် ဂိတ်၌ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွား
သဖြင့် မသင်္ကာ၍လိုက်လံဖမ်းဆီးခဲ့ရာ လှည်းကူးမြို့နယ်၊ မလစ်ကျေးရွာ အမှတ်(၇)လမ်း၊ မိုင်တိုင်အမှတ် (၇/၄)အရောက်တွင် ၎င်းယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲလမ်းဘေး သို့ထိုးကျရာမှ လမ်းဘေးတဲအားတိုက်မိရပ်သွားခဲ့ပါသည်။

အဆိုပါယာဉ်အားစစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာစန်းလွင်(ဘ)ဦးသိန်းလွင်၊ ဥက္ကံမြို့နှင့် အတူပါသူ အေးမင်းစိုး(ဘ)ဦးမြင့်စိုး၊ ဥက္ကံမြို့နေသူတို့အား ယာဉ်အတွင်းမှကျွန်းခွဲသား အပိုင်းအစဆိုဒ်စုံ (၂၁၈) ချောင်း၊
(၀.၄၁၂)တန်၊ တန်ဘိုးငွေကျပ်(၅)သိန်းခန့်နှင့်အတူတွေ့ရှိ
သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိသည့် သစ်များနှင့်ပတ်သက်၍ ယာဉ်မောင်းစန်းလွင်၊
အေးမင်းစိုးနှင့် သစ်ပိုင်ရှင် တို့အားအရေးယူပေးပါရန် တောအုပ်
ဦးသန်းဇော်ဦးမှတိုင်ကြားခဲ့သဖြင့် ဒါးပိန်နယ်မြေရဲစခန်း (ပ)၇၇/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်အရေးယူထားရှိကြောင်းသတင်း ရရှိပါသည်။
Yangon Police

ယာဉ်ပိတ်ရပ်သည့်ကိစ္စနှင့်ပတ်သက်၍ ဓါးခုတ်မှုဖြစ်ပွား


ရန်ကုန်၊ သြဂုတ် ၈

၆.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် သာကေတမြို့နယ်၊
ထူပါရုံရပ်ကွက်နေ ရဲထက်နိုင် (ဘ)ဦးထွန်းထွန်းသန်းသည် ၎င်းယာဉ်နောက်လိုက်အဖြစ်လုပ်ကိုင်သည့်(၄၉)ယာဉ်လိုင်း ၆က/----ဒိုင်နာယာဉ်အား သင်္ဃန်းကျွန်းစံပြဈေးတွင် ဂိတ်ထိုးထားရှိစဉ်
(၄၉)ယာဉ်လိုင်း (နံပါတ်မမှတ်မိ) ယာဉ်အားမောင်းနှင်သည့် ဂနို(စုံစမ်းဆဲ)၊ ယာဉ်နောက်လိုက် ကုလား (စုံစမ်းဆဲ)တို့နှင့် ယာဉ်ပိတ်ရပ်သည့်ကိစ္စနှင့်
ပတ်သက်၍ စကားများခဲ့ကြပါသည်။

ထိုသို့ဖြစ်ပွားခဲ့ပြီး ၇.၈.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ (၄၉)ယာဉ်လိုင်းဂိတ်တွင် ရဲထက်နိုင်မှာ ၎င်း၏ယာဉ်မောင်းဖြစ်သူ ဝေယံမင်းနှင့်အတူ ရှိနေစဉ် ဂနိုနှင့်ကုလားတို့မှ ဓါးရှည်နှင့်သုံးမြှောင့်ချွန် များကိုင်ဆောင်ရောက်ရှိလာပြီး ဂနိုမှ
ရဲထက်နိုင်အား ဓါးဖြင့်ထိုးခဲ့၍ ယာဘက်ရင်ဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ ကုလားမှဝေယံမင်းအား သုံးမြှောင့်ချွန်ဖြင့်ထိုးခဲ့
သော်လည်း မထိခဲ့သဖြင့် ယာဉ်အနီးတွင်ရှိနေသော
ရဲထက်နိုင်၏မိခင်ဒေါ်မေစီ အားဂနိုနှင့်ကုလားတို့မှဓါး၊သုံးမြှောင့်ချွန် တို့ဖြင့်ထိုးခုတ်ခဲ့ကြသောကြောင့် ဒေါ်မေစီတွင် ဦးခေါင်းထိပ်၊ ၀ဲဘက်ရင်ဘက်၊ ၀ဲပုခုံးတို့တွင်ပြတ်ရှထိုးသွင်းဒဏ်ရာများရရှိခဲ့ပါသည်။

အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဂနိုနှင့်ကုလားတို့အပေါ်အရေးယူပေးရန် ရဲထက်နိုင်မှတိုင်တန်းခဲ့သဖြင့် သာကေတ မြို့မရဲစခန်း (ပ)၄၁၄/၂၀၁၃
ပုဒ်မ ၃၂၆/၃၂၄/၁၁၄ ဖြင့်အမှုဖွင့်အရေးယူခဲ့ပြီး ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ


အသားအ ရေဖြူဖွေးကြည်လင်တောက်ပ စေရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှုများလာကြောင်း Ama-ra International Company Limited မှ သိရသည်။
မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း နေရောင်ခြည် ကိုအများဆုံးခံရလေ့ရှိသဖြင့် အ သားညိုသူများပြားကြသည့်အ တွက် အဆိုပါကုမ္ပဏီမှ ဝန်ဆောင် မှုအသစ်အနေဖြင့် အသားဖြူစေ ရန်နှင့် အသားကို ကြည်လင်ဝင်းပ စေရန်အတွက် Gluta-White-ning Vitamin Cocktail Treat-ment by Glutathione injec-tion ဟူသောဆေးဖြင့် ဝန်ဆောင် မှုပေးရာ ယင်းသို့ဆောင်ရွက်သူ များလာခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာ ရဲအောင်က ပြောသည်။
ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိကအားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြီး ဆေး၏အာနိသင်သည် ချက်ချင်း အသားဖြူစေခြင်း မဟုတ်သော် လည်း အာဟာရ ဖြည့်တင်းပေး သောအနေဖြင့် ယင်းဆေးကိုအ သုံးပြုကြခြင်းဖြစ်ကာ ဘေးထွက် ဆိုးကျိုးမရှိကြောင်း သိရသည်။
''ငါးခါလောက်ထိုးပြီးရင် တော့တော်တော်လေးကို သိသာ သွားပါတယ်။ တစ်ခါသွင်းလိုက် တာနဲ့တင် သိသာပါတယ်။ ငါးခါ လောက်ဆိုတော့ ပိုပြီးတော့ သိ သိသာသာကြီးကို အသားအရေ က ကြည်လင်တောက်ပသွားတယ် ပေါ့။ ယိုးဒယားနိုင်ငံမှာတော့ ဒီလို ဆေးမျိုးကို နှစ်နဲ့ချီပြီးတော့ ထိုး ကြတယ်။ တစ်နှစ်လောက်ကို ထိုး ကြတယ်။ အထူးသဖြင့် သရုပ် ဆောင်တွေ၊ မော်ဒယ်တွေက အ ဓိကအသုံးများကြတယ်၊ အရင်တုန်း က သိပ်မသိဘူး။ လုပ်လေ့မရှိကြ ပေမယ့် အခုဆိုရင် အမျိုးသမီး တွေသာမက အမျိုးသားတွေပါ လုပ်လာကြပါတယ်''ဟု ဒေါက်တာ ရဲအောင်က ပြောသည်။
အဆိုပါဆေးသည် အသား ကိုဖြူစေရုံမက အသားအရေကျန်း မာရေးကိုကောင်းစေသည့်အပြင် ခန္ဓာကိုယ်တွင်ရှိသည့် အသည်း ကျောက်ကပ်တို့ကို အားကောင်း စေပြီး အားဆေးသဘောမျိုးနှင့် လည်းအသုံးပြုကြောင်း သိရသည်။
''ဒီဆေးက အသားကိုဖြူ စေတယ်၊ အသားအရေကျန်းမာ ရေးကို ကောင်းစေတဲ့အပြင် ခန္ဓာ ကိုယ်မှာရှိတဲ့ အသည်း၊ ကျောက် ကပ်တို့ကိုအားကောင်းစေတယ်။ အားဆေးသဘောမျိုးနဲ့လဲ အသုံး ပြုကြတယ်။ ဆေးကို ပုံမှန်တော့ တစ်ပတ်ကို တစ်ခါ ဒါမှမဟုတ် ရင်လဲ နှစ်ပတ်ကိုတစ်ခါလောက် သွင်းကြတယ်''ဟု ပြောသည်။
တစ်နှစ်ခန့်သွင်းပါက ခန္ဓာ ကိုယ်အတွင်းရှိ အစိတ်အပိုင်း များကိုကာကွယ်ပေးသည့်အပြင် အရေပြားကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးကြောင်း၊ အခြား သောနိုင်ငံများတွင် လွန်စွာခေတ် စားနေပြီး မြန်မာနိုင်ငံတွင်လည်း ယခုနောက်ပိုင်းမှာ ခေတ်စားလာ ခြင်းဖြစ်ကြောင်း သိရသည်။
''လာပြကြတဲ့ ကာစတန်မာ တွေကလဲ ဒါကိုပိုပြီးစိတ်ဝင်စား လာကြပါပြီ။ အသားဖြူအောင် လုပ်လာကြပါတယ်။ အောင်မြင် ပြီး ပြုလုပ်ပြီးသူများလဲ စိတ်ကျေ နပ်မှုကိုရကြတော့ အမျိုးသားများ၊ အမျိုးသမီးများပါ ပြုလုပ်သူများ လာပါတယ်။ အခုခေတ်က ခေတ် အခြေအနေအရ အသားဖြူချင် ကြတယ်။ ယောက်ျားလေး၊ မိန်း ကလေးလုပ်ကြတယ်။ ဆရာဝန် ကိုယ်တိုင်မှကြီးကြပ်ပြီး သွင်းပေး တယ်၊ ဆေးသွင်းချိန်မှာ မိနစ် ၂၀၊ နာရီဝက်အတွင်း ကြာမြင့်ပြီး တော့ ထိုးရုံနဲ့ သိသိသာသာကြီး ဖြူဖွေးသွားခြင်းမျိုးမဟုတ်ဘဲ လေးငါးကြိမ်သွင်းပြီးပါက သိသိ သာသာကိုဖြူစင်တဲ့အသားအ ရည်ကိုရရှိနိုင်ပါတယ်''ဟုဒေါက် တာရဲအောင်က ဆက်လက်ပြော သည်။
ပထမအကြိမ်ထိုးပြီးသည် နှင့် ဆေး၏အကျိုးသက်ရောက်မှု သည် ဒုတိယအကြိမ်မထိုးမီ လေး ငါးရက်ခန့်တွင် အကျိုးသက်ရောက် မှုအနေဖြင့် အသားပိုဖြူလာပြီး လက်ဖဝါးများ လက်ဖျံများတွင် ပိုမိုသိသာလာကာ တစ်ပတ်တစ် ခါသွင်းသူများသည် အသားအ ရေဖြူဖွေးကြည်လင်မှုကို ပိုမိုသိ သာစေနိုင်ကြောင်း သိရသည်။
ဆေးသွင်းလိုက်သည့်သ ဘောသည် ဆေးမှာ ခန္ဓာကိုယ် တွင်ရှိသောဆဲလ်များကိုပြောင်း လဲပေးလိုက်ခြင်းဖြစ်ပြီး ဆဲလ်များ ကိုပိုအားကောင်းစေရန် ပြုလုပ် ပေးခြင်းဖြစ်သောကြောင့် ပြင်ပနေ ထိတွေ့မှုများပါက ဆဲလ်များပျက် စီးသွားစေနိုင်ကြောင်း သိရသည်။
အဆိုပါဆေးမှာ တစ်လုံး လျှင် လေးသောင်းဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ပြီး ဆေးထိုးပြီးသူ များသည် နေရောင်ခြည် တိုက် ရိုက်ထိတွေ့မှုများကို ရှောင်ကြဉ်ရ မည်ဖြစ်ကြောင်း သိရသည်။
Yangon Media Group

ဈေးသက်သာ iPhone5C ဓာတ်ပုံများထွက်ပေါ်


ဈေးသက်သာ အိုင်ဖုန်းလို့ခေါ်တဲ့ Apple က ထုတ်မယ့် iPhone 5C ဓာတ်ပုံများကို C Technology အမည်ရ တရုတ်အခြေဆိုက် နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက စဖြန့်လိုက်ပြီ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ အနီရောင် နဲ့ အဖြူရောင် နှစ်မျိုး နှစ်စား ထွက်ရှိမှာ ဖြစ်ပါတယ်။ ပါဝင်မယ့် Feature အများစုက iPhone 5 နဲ့ တူညီ မယ်လို့ ဆိုပါတယ်။ အတွင်းက Hardware တည်ဆောက်ပုံ အားလုံး နီးပါးတူ ပါတယ်။ သို့ပေမယ့် စပီကာကတော့ နေရာ နည်းနည်းပြောင်း သွားပါတယ်။ connector Pin ကလည်း iPhone 5 နဲ့ အတူတူပါပဲ။

ဖန်သား မျက်နှာပြင် အရည်အသွေးကိုလည်း ကောင်းမွန်ကြောင်း ဆိုပါတယ်။ ဈေးနှုန်းကို တရုတ်ဆိုဒ်မှာ ဖြစ်တဲ့အတွက် ယွန် ၃ထောင်လို့ ဖော်ပြ ထားပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၃၇၀ ဝန်းကျင် လောက် ရှိမယ်လို့လည်း ခန့်မှန်းထား ကြပါတယ်။ ဒါဆိုရင် ဈေး အရမ်းသက်သာပါတယ်ဆိုတဲ့ ဖုန်းတော့ မဟုတ်ပါဘူး။ High end ဖုန်း များနဲ့ အဆင့်သိပ်မကွာတဲ့ အနေအထား ဖြစ်ပါတယ်။ HTC One mini နဲ့ အခြား Mini ဖုန်းအများစုကို ယှဉ်ပြိုင်မယ့်ဖုန်းဖြစ်ကြောင်း ဆိုပါတယ်။

အရွယ်အစားအားဖြင့်လည်း iPhone 5 နဲ့ သိပ်မကွာလှတဲ့ iPhone 5C ကို နောက်ဆုံးထွက်ရှိမယ့် iPhone 5S နဲ့ တပြိုင်နက်တည်း မိတ်ဆက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁)

မင်္ဂလာပါ၊
အရင်တစ်ခေါက်တုန်းကတော့ html4 နဲ့ css2 ကို အသုံးပြုပြီး website ရေးနည်း ကို video recording နဲ့ တင်ပေးဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ HTML5 နဲ့ CSS3 ကိုသုံးပြီးတော့ website ရေးတာကို video recording လုပ်ထားပေးပါတယ်။ Singapore Web Designer website ရဲ့ design ကို ကြည့်ပြီးတော့ HTML5 နဲ့ CSS3 coding ကို ပြန်ရေးပြတာ ဖြစ်ပါတယ်။ video ကို download လုပ်ရတာအဆင်ပြေအောင်၊ video လည်း ဝါးတားတားမဖြစ်အောင် အကောင်းဆုံး size ကို ချိန်ပြီးတော့ တင်ထားပေးပါတယ်။ ကြည့်ရတာ အဆင်မပြေဘူး သေချာမရှင်းဘူးဆိုရင်တော့ video ကို full screen ပြောင်းပြီး ကြည့်ပါ။ full screen ကိုပြောင်းချင်ရင်တော့ play လုပ်ပြီး အောက်ကပုံမှာ ဝိုင်းပြထားတာလေးကို နှိပ်လိုက်ရင် အကျယ်မြင်ရပါပြီ။

သင်ခန်းစာ Video ကြည့်မယ်ဆိုရင်တော့ အောက်မှာပါ။



Myanmar IT မှ ကူးယူဖော်ပြပါသည်။

တမလွန်ရောက် ဇနီး၏အမည်ဖြင့် တန်ဖိုးနည်းဖုန်းပေါက်၍ ထုတ်သွားသူ ရာအိမ်မှူးအား အရေးယူပေးရန် တိုင်ကြား


ငါးလကျော်က သေဆုံးခဲ့သော ဇနီး၏ အမည်ဖြင့် တန်ဖိုးနည်းဖုန်း ပေါက်၍ ထုတ်သွားခဲ့သော ရာအိမ်မှူး အား အရေးယူပေးရန် ရပ်ကွက်နေသူ တစ်ဦးက အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးထံသို့ တိုင်တန်းလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တစ်ဦး ဖြစ်သူက ဇူလိုင် ၃ဝ ရက်တွင် ပိန္နဲ ကုန်းရပ်ကွက် တန်ဖိုးနည်းဖုန်း ရောင်း ချရေးကော်မတီမှ ပေါက်မဲအမှတ် ၇၄ ဖြင့် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု တိုင်တန်းသူ ဦးဘိုဘိုတင်က ဆိုသည်။

”သေဆုံးသွားတဲ့သူ အမည်သုံးပြီး မမှန်မကန်လုပ်တဲ့အတွက် တိုင်တာ”ဟု ၄င်းက ပြောသည်။

အဆိုပါ ရာအိမ်မှူး၏ ဇနီးမှာ ၂ဝ၁၃ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သေဆုံးပြီးဖြစ်ကြောင်း နာရေးကြော်ငြာ နှင့်တကွ ၄င်းက တိုင်တန်းခြင်းဖြစ် သည်ဟုဆိုသည်။

”ရာအိမ်မှူးက လုပ်ပိုင်ခွင့်ကို ဆန့် ကျင်ပြီး၊ လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံး စားလုပ်တယ်။ ဒါကို အရေးယူပေးဖို့လို တယ်”ဟု ဦးဘိုဘိုတင်က ဆက်ပြော သည်။

ပိန္နဲကုန်းရပ်ကွက် ရာအိမ်မှူးဖြစ် သူ ဦးသန်းဝင်းက ¤င်းအနေဖြင့် ထုတ် ယူခဲ့ကြောင်းဝန်ခံခဲ့ပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း မဟုတ်ေ ကြာင်း ငြင်းဆိုခဲ့သည်။

”အခုသေဆုံးသွားတဲ့ ကျွန်တော့် ဇနီးက အိမ်ထောင်ဦးစီးဖြစ်တယ်။ သန်းခေါင်စာရင်းထဲမှာ ဖျက်လည်းမ ဖျက်ရသေးဘူး။ ဖုန်းကိုကျွန်တော် မလျှောက်ဘူး။ ကျွန်တော့်အိမ်က မသိ လို့ လျှောက်လိုက်တယ်။ မဲပေါက်တာ ကလည်း လူ ၈ဝဝ ကျော်ထဲမှာမှ မဲနှိုက် လိုက်လို့ ကံထူးပြီးပေါက် သွားတာ”ဟု ရာအိမ်မှူး ဦးသန်းဝင်းက ပြောသည်။

ထိုဖုန်းပေါက်စဉ် ယူသင့်၊ မယူ သင့်ကို ရပ်မိ၊ ရပ်ဖများက ဆုံးဖြတ်ပေး ၍ မိမိယူခြင်းဖြစ်ပြီး၊ မိမိတို့အိမ်ထောင် စုက တန်ဖိုးနည်းဖုန်း မဲပေါက် ခဲ့ခြင်းမှာ ယခုတစ်ခေါက်မှ ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

”ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့အဖွဲ့ဝင်တွေကို ဖုန်းမလျှောက် ဖို့မှာထားပါတယ်။ ဒီအတိုင်းပဲ မလျှောက် ပါဘူး။ အခုဖုန်းကိုလည်း ပြန်လိုချင်ရင် ပြန်ယူနိုင်ပါတယ်”ဟု ဦးသန်းဝင်းက ထပ်လောင်းဆိုသည်။

မင်းသုအောင်၊ ရန်နိုင်

Popular Myanmar News Journal

ကလေးငယ်အား ရောင်းချသူ သားဖွားမီးယပ် ဆရာဝန်ကို ရဲတပ်ဖွဲ့ဖမ်းဆီး ကလေးအား မိဘထံ ပြန်အပ်


တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ ဝင်များသည် သားဖွားနှင့် မီးယပ် ဆရာဝန် တစ်ဦးကတရားမဝင် ရောင်းချလိုက်သည့် ကလေး ငယ် တစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ ကလေး၏ မိဘများထံ ပြန်လည်အပ်နှံ နိုင်ခဲ့ကြောင်း သြဂုတ် ၅ ရက်တွင် တရုတ် သတင်း မီဒီယာ တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကလေးငယ်သည် ယောက်ျားလေး ဖြစ်ပြီး ရှန်ဇီပြည်နယ်တွင် ဇူလိုင် ၁၆ ရက်က မွေးဖွားခဲ့သူဖြစ်ကြောင်း၊၎င်းကလေးငယ် ကို ဟေနန် ပြည်နယ်တွင်သြဂုတ်၎ရက်အစောပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ကလေးငယ်၏ မျိုးရိုး ဗီဇနှင့် ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ရန် DNA စစ်ဆေးမှု များ ပြုလုပ်ခဲ့ကြကြောင်း ၎င်းသတင်း ဌာနက ပြောကြား ခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါ သားဖွားမီးယပ် ဆရာဝန်သည် ကလေးငယ်၌ အလွန်ဆိုးရွားသော မွေးရာပါ ရောဂါ ပါလာခြင်းကြောင့် ကလေးငယ်ကို ၎င်းထံတွင်အပ်နှံ၍ ဆေးကုသမှု ပြုလုပ်ပေးရန်မိဘများအား ပြောကြားခဲ့ခြင်း ဖြစ်ပြီး မိဘများကလည်း ကလေးငယ်ကို ဆရာဝန်ထံတွင် အပ်နှံခဲ့ကြောင်း၊ အပ်နှံခဲ့ပြီးနောက် မိဘ နှစ်ပါးသည် ၎င်းတို့ အလှည့်စားခံ လိုက်ရ သည်ဟု သံသယဖြစ်ရာမှ ရဲတပ်ဖွဲ့ထံ အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

ရွှေတောင်မြို့ လက်ဖက်ရည်ဆိုင်တွင် ထိုင်လျှက်ကြီးသေဆုံးခဲ့


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက် ဆိုင်းတန်းလမ်း တွင်နေ ထိုင်သော ရွှေတောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပါတီဝင် အမှတ်(7/21/000013) ဦးငြိမ်း (77) နှစ်သည် 30.7.2013 ရက်နေ့ မနက်(113း0) အချိန်ခန့်တွင် ရွှေတောင်မြို့ (၁၀)နာ
ရီဈေး အနီး (ဆွေသဟာ)လ္ဘက်ရည်ဆိုင်တွင် လ္ဘက်ရည်မှာပြီး မသောက်သုံးခင်မှာ ၄င်းထိုင်လျှက်ရှိသော ထိုင်ခုံပေါ် တွင် ထိုင်လျှက်သေဆုံးသွား ခဲ့သည်။ ထိုကဲ့သို့ လ္ဘက်ရည် မှာအပြီးတွင် ရုတ်တရက် သေဆုံး မှူ့ကြောင့် အနားနေပြည်သူများမှ ရွှေတောင်ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့လို့
ရွှေတောင် ရဲစခန်းမှ ရဲအရာရှိများ နျင့် တာဝန်ရှိရဲဝန်ထမ်းများလာရောက်စစ်ဆေးလျှက်ရှိခဲ့ပြီး ထို့နောက်နေ့ လည် (123း0)ခန့်မှာ ရွှေတောင်မြို့ ပြည်သူ့ေ ဆးရုံကြီးသို့ ပို့ဆောင်ဆေးစစ်ခဲ့ပါသည်။

 နေ့လည် (23း0)ခန့်တွင်အဆိုပါဆေးစစ်ချက်များအရ ( နှလုံးသွေးခဲ)သွားသည်ဟုသိရှိခဲ့ရပါတယ်
အဆို ပါ ဦးငြိမ်း(77) နှစ်၏ ရုပ်အလောင်းအား နေ့လည် (3း00)ခန့်လောက်မှ ရွှေတောင်မြို့ ပရဟိတ နာရေး ကူညီမှူ့အသင်း၏ အကူအညီနှင့် ဦးငြိမ်း(77) နှစ် ရုပ်အလောင်းအား နေအိမ်သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီး ယနေ့ 31.7.2013 ရက်နေ့ ညနေ(3း00)နာရီအချိန်မှာ ရွှေတောင်မြို့ ဒရယ်
ချောင်း သုသန် တွင် မီးသဂြိုလ်ခဲ့ပါသည်။ အဆိုပါ ဦးငြိမ်း (77) နှစ်သည် ရွှေတောင်မြို့ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်၏ (နာယက)ကြီးတစ်ဦး ဖြစ်သလို (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ဦးကို ကိုကြီး (စမ်းချောင်း) ၏ ဦးလေးဟုလည်းသိရပါသည်။


From : ..ပြည်သတင်း

ရန်ကုန်မြို့နေမိဘများ စိတ်ပူစရာ Day Club


ကျွန်တော်၏ သမီးဖြစ်သူနှင့် သူ၏ သူငယ်ချင်းများသည် Day Club များသို့ ခိုးသွားခဲ့ရာ ကျွန်တော် လိုက် လံ ရှာဖွေရာမှ Day Club တော်တော် များများ တွေ့ရှိခဲ့ပါသည်။

Day Club များသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် မရဘဲ ပြုလုပ်နေကြောင်း တွေ့ရှိရ ပါသည်။ ၎င်းတို့သည် မြန်မာ့ ဝတ်စား ဆင်ယင်မှုနှင့် ယဉ်ကျေးမှုကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း တွေ့ခဲ့ ရပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသော Club တော်တော်များများတွင် Day Party များ ပြုလုပ်လျက်ရှိပြီး (ရှစ် တန်း၊ ကိုးတန်း) အသက် မပြည့်သေးသော ကလေးများမှာ ကျောင်းပြေးပြီး လာရောက် နေကြပါသည်။

၎င်းတို့မှာ ကျောင်းပိတ်ရက်၊ ဖွင့်ရက် မရှောင်ဘဲ ပြုလုပ်နေပါသည်။ အများဆုံး ပြုလုပ်သည့် Club များ ကတော့ အလုံမြို့နယ်ရှိ Sky World၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ဆရာဝန်အသင်းနှင့် မျက်စောင်းထိုး စိတ်တိုင်း ကျ လက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် IQ (or) Cloud 9၊ တာမွေမြို့နယ်ရှိ တာမွေပလာဇာဘေး Club ဖြစ် ပါသည်။

၎င်း Day Party များတွင် Sexy Dancer ကိုပါ ဆုများ ပေးလျက် ရှိပါသည်။ ၎င်း Club သည် ပြည့်တန်ဆာ များနှင့် ပြုလုပ်နေ သည်ဟုလည်း ကြားသိရပါသည်။

ကျွန်တော်သည် မိဘတစ်ယောက် အနေနှင့် စိတ်မသက်မသာ ဖြစ်ခဲ့ ရပါသည်။ အလားတူ ကလေးများ၏ မိဘများ လည်း ထပ်တူ ခံစား ရမည် ဖြစ်သောကြောင့် အယ်ဒီတာမှတစ်ဆင့် ကလေး မိဘများအား မသွား သင့်သော ထိုနေရာများသို့ မသွားခိုင်းကြရန် ဂျာနယ်တွင် ဖော်ပြပေးစေ လိုပြီး မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီသော နေရာများသို့သာ သွားစေ လိုကြောင်း မေတ္တာရပ်ခံ အကြံပြု တင်ပြအပ်ပါသည်။

From : ..the voice

ယောက်ျားမိန်းမ ထိုကိစ္စ


ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်း တပုဒ်ပါရှိ လာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သန်လျင် GTC ကျောင်း၏ စာသင်ခန်း အတွင်း ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူးနေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာ နက်ပေါ် လွှင့်တင် လိုက်ရာ ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက်  ယခုအခါ ဗွီဒီယိုအခွေများ အဖြစ်ရောက်ရှိ လာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည် ဆိုသည့်သတင်း ဖြစ်သည် ၊ မိမိစိတ်က ပထမဆုံးအကြိမ်ထွက်ရှိသောMelody Worldေ တးစီးရီးတွင်ပါဝင်လျှက် နာမည် ထွက်လာ ခဲ့သော အဆိုတော်မလေးတစ်ယောက် ကိုလည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည်လည်း GTCကျောင်းသားေ ကျာင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊ သူမအတွက် ပိုဆိုးတာက သူမသည် ပြည်သူသိ အဆိုတော်တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့် သူမ အနု ပညာ ပါ သေသွားရသည် ၊ ယခုအခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင် မသိ ရတော့ သူမ အကြောင်းတွေး မိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊ ထို့နောက် နှမျှောစိတ်လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း မကင်းနိုင် သည့်ကိစ္စတစ်ခုကြောင့် ဘ၀နှင့် ရင်းထား ရသော အနုပညာ လမ်းကြောင်းမှေ သွဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင် ဘယ်လောက်များအရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများ ရပ်တည်နေ ရမလဲ ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊
ထို့ပြင် အဆိုတော် တစ်ယောက် ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး
တစ်ယောက် ၏ ဟိုတယ်ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း အင်တာ နက်ပေါ် ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေတို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက်ဖြစ်ခဲ့ ရသည် ၊ မြန်မာ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုး အပြစ်ဆိုစရာ ဖြစ်ခဲ့ရသည် ၊ အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသား သားပြော ရလျှင် ရိုင်းသည်ဟုလည်း မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက် ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝသာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊
ဘာသာရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင် ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမယောက်ျားတိုင်း ကင်းနိုင်သော အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်း သာ ကွာမည်၊ ဘ၀၏ကန့်လန့်ကာနောက်ကွယ် မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမယော က်ျား တိုင်းအတွက် ကြီးမားသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရား အနိုင် ကျင့်မှုမျိုး မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊ အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန် အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊

ဤအဆိုသည် ယေဘုယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင် လူနှင့် တိရစ္ဆာန် များစွာ ခြားနားခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့သည် သူတို့၏ စိတ် အလို ဆန္ဒပြည့် ၀ရေးအတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦးသဘောတူ ကျင့်ကောင်း ကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်းလွတ်သည်သာဖြစ်သည် ၊ ဤအဆိုကို တစ်ချို့ လူကြီး လူကောင်း များက ခပ်ရှက်ရှက်နှင့် ငြင်းကောင်းငြင်းမည်ဖြစ်သော် လည်း သဘာဝတရားကို အနည်း ငယ်စဉ်း စားထောက်ဆကြည့်လျှင်တော့ ငြင်းဆိုဖို့ အလွန် ခဲယဉ်း ပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊ ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာ နက်ပေါ်ရောက်နေသောမြန်မာအမျိုးသားအမျိုးသမီးတို့၏ ဖိုမသဘာဝလိင်ကိစ္စတို့ကို အကာ အကွယ်ပေး နေခြင်းမဟုတ်၊ ကိုယ့် အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ
ကြသော လူကြီးလူကောင်းများ စဉ်းစားဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု တရား ကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား ထားရှိရေး ပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ၊

ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ်မရအောင် အလွယ်တကူ ရိုက်ကူး ထားနိုင်သော စက် ပစ္စည်းများ ပေါများသော ခေတ်ဖြစ်သည် ၊ မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော်ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့်ြ ပဿနာမရှိနိုင်သော်လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿ နာ များ ဖြစ်နိုင်စွမ်းရှိသည် ၊ အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမသဘာဝ လိင်ကိ စ္စတွင် နာမည်ပျက်စရာဖြစ်လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက်သည် ၊ ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင် ကင်မရာထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာဆင်ခြင်သင့်သည် ၊အမျိုး သား လုပ် သူ က “ ပြန်ဖျက်ပါ့မယ် “ ဟု ပြောတိုင်းလည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ်ေ တွ့  ရသော မြန်မာ ညစ်ညမ်း ဇာတ်ကား အများ စုသည် ပြန်ဖျက် ပါ့မယ်ဟူသော စကားကို ယုံကြည်မှုမှ ပေါက်ထွက်လာခြင်းဖြစ်ကြောင်း လေ့လာတွေ့ ရှိရသည် ၊ ဤနေရာတွင်ေ ယာက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင်ပါသည် ၊ ယောက်ျားအများစုသည် ကျန်သောကိစ္စများထက် လိင်ကိစ္စတွင် အချင်းချင်းကြွားလိုသော စိတ်သ ဘာဝ ရှိကြသည် ၊ ထိုစိတ်သဘာဝနှင့်ပင်  သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို
သူ့ အပေါင်း အသင်း တစ်ဦးမဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊ တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက်ရောရောပင် မျှဝေပေးလိုက်ပါသေးသည် ၊  ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး၏ အရှက်နှင့်သိက္ခာအတွက်တော့ တွေးဝံ့စရာ မရှိတော့၊ အယုံ အကြည် လွန် ကဲသော အမျိုးသမီးများ တစ်ခုသတိထားဖို့က မိမိနှင့်ဆက်ဆံေ သာ မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျား သည် မိမိနှင့် အစဉ်ထာဝရ အဆင်ပြေနေမည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့် တစ်ယောက် အဆင် မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦးမည်သာ ဖြစ်သည် ၊ ထိုအခါ ယောက်ျားလုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို ရိုက်ကူး ထားသော ဗွီဒီယိုမှတ်တမ်းစသည်များလည်း ကျန်ရှိမည်ဆိုလျှင် မိမိ၏အရှက်နှင့် သိက္ခာ ကတော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲ မှာပင် ပြီးပြတ်တာအကောင်းဆုံး ဖြစ်သည် ၊ ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင် GTCကျောင်း ၏အဖြစ်အပျက်ကဲ့သို့ မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေးအောင် လုံခြုံမှုကို အထူး ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း ယခုလို လိင်ကိစ္စများကို နှစ်နှစ်ခြိုက်ခြိုက်ခံစားနေကြသည်ကား မှန်၏ ၊ သို့ရာတွင် ကမ္ဘာဦးကတည်းက ဖြစ်တည် လာသော လူ့စည်း မျဉ်းဥပဒေက ကွယ်ကွယ်ဝှက်ဝှက်သာ ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုးအတိုင်း

“ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော်ပြပါ Melody World မှ တက်လာသော အဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည် အလွဲမသွေ ပျောက်ဆုံးပါလိမ့်မည်၊ ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါးေ လးကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စ တို့ဖြင့်နာ မည်ထွက်သော bloggerဆိုဒ် များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်းသလို ရယ်စရာလည်းကောင်းသည်၊ ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင် တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊ဒီကောင် မလေးတွေ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊ဖော်ချွတ်ပြ တတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊ (ဤစကား ရပ်တွင် တကယ့်ကို ဣနြေ္ဒ သိက္ခာ ကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊ မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီးများစွာ ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့ လာကြည့်ပြီးနောက် အမှတ်မထင်သုံးသပ်မိသော အတွေးမျှသာ ဖြစ်ပါသည်၊ ) vzoချက်ရာတွင် ၀ါသ နာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့်ပဲဖြစ်ဖြစ် ဖော်ချွတ်ြ ပခြင်း သည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်သည် ၊ပြဿ နာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူထားပြီး အင်တာနက်ပေါ်လွှင့်တင်ခြင်းပင် ဖြစ်သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊ထို့ကြောင့် ခပ်လွယ်လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သောကောင်မလေးများ အနေဖြင့် ဘာမ ဟုတ် သည့်ကိစ္စလေးတစ်ခုနှင့် မိမိတို့၏ရည်မှန်းချက်များ ၊ အနာဂတ်ဘ၀များ အဖု အထစ်မဖြစ်စေရန် လေးလေးနက်နက်တွေးတောဆင်ခြင်သင့်ပါသည် ၊ ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ် မထင်ပြု မူလိုက် မိသော ကိစ္စရပ်လေး တစ်ခုက မိမိ၏ မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက် နိုင်ကြောင်း သတိပြုသင့်ပါသည်၊ ဤဆောင်းပါးတွင် မြန်မာ့လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့် နည်းမျိုးစုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြောချင်မိ
သော်လည်း မိမိ၏ ပြောစကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက် ကုရာနတ္ထိ ဆေးမ ရှိပေ ၊ နှမချင်း ကိုယ်ချင်းစာနာတတ်သောစိတ်ကလေး နည်းနည်းလောက် ထားပေးနိုင်ကြ လျှင်တော့ အထူးဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်၊ အထက်ပါစကားရပ်တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်စော်ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါး လင်ယော က်ျားနှင့်ေ နာက်မီးလင်းခြင်းကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတို့၏နှစ်ဦး သဘော တူ ချစ်ရည်လူးသည့်ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊ ဒီကိစ္စသည် ဘ၀ တစ်ခု အတွက် အရေးပါသောစည်းစိမ်ဖြစ်သည် ၊ ခံစားလိုက ခံစားပိုင်ခွင့် ရှိသည် ၊ ဘာသာရေး ပုဂ္ဂိုလ် အနည်း ငယ်မှ တစ်ပါး အနန္တစကြာဝဠာတစ်ခုလုံး ဒီစည်းစိမ်ကို ခံလည်း ခံစားနေကြသည် ၊သို့ရာတွင် တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် လက်ခံထားသော လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏ အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာ ရိုက် ကူး၍ အင်တာနက်ပေါ်လွှင့်တင်ခြင်းမျိုးမဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက်သောကြောင့် ထင်ထင် ရှားရှားဖြစ်လာသောချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း ယဉ်ကျေးမှုအမြင်ဖြင့် အပြစ် ရှုထောင့် ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်ေ ပးနိုင်ကြစေရေး သည် ဤဆောင်းပါး၏ ပဓာန ရည်ရွယ်ရာ ဖြစ်ပါသည် ၊မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူးပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူး တင်ပါ သည် ……..။



From : ..ခလေးလေး

ရန်ကုန်မြို့၏ ဓာတ်ဆီဆိုင်များ ညအချိန် မဖွင့်သောကြောင့် ညယာဉ်မောင်းများ အခက်အခဲ ဖြစ်ပေါ်


ရန်ကုန် ၊ ၇-၈-၂၀၁၃

မြန်မာနိုင်ငံ ၏ လူဦးရေ ၆ သန်းမျှ နေထိုင်သော ရန်ကုန်မြို့ ၏ ၂၄ နာရီ ဓာတ်ဆီဆိုင် များမှာ ညအချိန် ဖွင့်လှစ်မှု မရှိသောကြောင့် ညပိုင်း ယာဉ်မောင်းများ မှာ ဓာတ်ဆီ ၀ယ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း ညယာဉ်မောင်း များနှင့် ကိုယ်ပိုင် ယာဉ်မောင်း များက ပြောကြား ကြကြောင်း သိရသည်။

ရန်ကုန် စီးပွားရေး မြို့တော်ကြီး ရှိ လုပ်သား ပြည်သူများမှာ ၂၄ နာရီ ကာလပတ်လုံး နီးပါး သွားလာ လှုပ်ရှား နေကြပြီး ညအချိန်များတွင် အရေးပါ် လိုအပ်ချက် များကြောင့် စက်သုံးဆီ ၀ယ်ယူရန် အတွက် စက်သုံးဆီ ဆိုင်များကို နေရာ အနှံ့ လိုက်ရှာ နေရပြီး သာကေတ ကျောက်တိုင် အနီးရှိ စက်သုံးဆီ ဆိုင်များ အထိပင် တကူးတက သွားရောက် ၀ယ်ယူ နေရကြောင်း ၊ ညဘက် အလုပ်ကိစ္စ နှင့် သွားရင်း စက်သုံးဆီ ပြတ်လပ်သွား မှုကြောင့် အခက်အခဲ တွေ့ရကြောင်း ကိုယ်ပိုင် ယာဉ်မောင်း များက ပြောဆို ကြသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် များ အားလုံးနီးပါး မှာ ၂၄ နာရီ ဖွင့်လှစ် ရောင်းချသော ဆိုင်များ ဖြစ်သော်လည်း ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုများ အလွယ်တကူ ၀ယ်မရခြင်း မှာ မည်သည့် အကြောင်းကြောင့် ဆိုသည်ကို မသိသော်လည်း ညဘက် ယာဉ်မောင်း များအတွက် ယင်းသို့ စက်သုံးဆီ ၀ယ်မရ ခြင်းကြောင့် လုပ်ငန်းများ နှောင့်နှေးကာ အခက်အခဲ များ ကြုံတွေ့ရကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင် များအနေဖြင့် ပြည်တွင်းသို့ တင်သွင်း လာသော မော်တော်ယာဉ် များနှင့် မော်တော် ဆိုင်ကယ် သုံးသန်းကျော် ၏ စက်သုံးဆီ လိုအပ်ချက် ကို ပြည်ပမှ အဓိက တင်သွင်း ရောင်းချနေပြီး တစ်ပတ်လျှင် စက်သုံးဆီ ဂါလန် တစ်သိန်းနီးပါး တင်သွင်း နေရကြောင်း သိရှိရသည်။

Myawady Daily Myawady

မြန်မာလူမျိုးများ ပြည်ပခရီးစဉ် ထွက်ခွာမှု တစ်နှစ်လျှင် သုံးသိန်းရှစ်သောင်းကျော်အထိ ရှိလာ


မြန်မာလူမျိုးများ ပြည်ပခရီးစဉ် ထွက်ခွာမှုသည် တစ်နှစ်လျှင် ဦးရေသုံးသိန်းရှစ်သောင်းကျော်အထိ ရောက်ရှိ လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော် ၀င်းက ပြောကြားသည်။

သြဂုတ် ၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ပြည်ပခရီးစဉ် ၀န်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး ပွဲ၌ ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တစ်ရက်တစ်ရက်ကို ပြည်ပကို ထွက်နေတာက ၂၀၁၁ ကဆို ၉၀၀ ကျော်လောက် ရှိတယ်။ ၂၀၁၂ မှာဆို ၁၀၀၀ လောက် ရှိတယ်။ ဒါနေ့စဉ် သွားနေတာပေါ့။ total ပြောရင်တော့ တစ်နှစ်ကို သုံးသိန်းရှစ်သောင်း ရှိတာပေါ့။ လေဆိပ်က ထွက်တာနဲ့ ကြည့်လိုက်ရင် inbound (ပြည်ဝင်ခရီးစဉ်)နဲ့ outbound (ပြည်ပ ခရီးစဉ်)သည် သိပ်မကွာပါဘူး။ မတိမ်းမယိမ်းလောက်ထိ ရှိလာပါတယ်" ဟု ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

မြန်မာလူမျိုးများ ပြည်ပခရီးစဉ် ထွက်ခွာမှုသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် စတင်တွင်ကျယ်လာပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း၌ ထွက်ခွာမှု ပိုများလာခဲ့သည်။
မြန်မာနိုင်ငံသားများ ပြည်ပသို့ ခရီးစဉ်ထွက်ခွာမှုတွင် သွားရောက်မှု အများဆုံးနိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်-မကာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ ဂျပန်တို့ ဖြစ်သည်။

မြန်မာခရီးသွားများ ပြည်ပသို့ ခရီးထွက်ခွာရာတွင် အလည်အပတ် အားလပ်ရက် အပန်းဖြေခြင်း၊ ဟန်းနီးမွန်း ခရီးစဉ်၊ ဈေးဝယ်ခြင်း၊ စွန့်စားခရီးသွားခြင်း၊ ကျန်းမာရေးကုသ စစ်ဆေးမှုခံယူခြင်း၊ ပညာရေး၊ စီးပွားရေးနှင့် အခြားရည်ရွယ်ချက်များနှင့် သွားရောက်ခြင်း ဖြစ်သည်ဟု Ayarwaddy Legend ခရီးသွားကုမ္ပဏီမှ ဒါရိုက်တာဦးဘုန်းပိုင်ဦးက ပြောကြားသည်။

"ခရီးသွားရာမှာ လေကြောင်း၊ နယ်စပ်ကနေ ကုန်းကြောင်းလမ်းတို့နဲ့ သွားကြပါတယ်" ဟု ဦးဘုန်းပိုင်ဦးက ဆိုသည်။

လေကြောင်းခရီးဖြင့် ရန်ကုန်၊ မန္တလေးတို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ သွားလာကြပြီး နယ်စပ်လမ်းကြောင်းများတွင် ထားဝယ်မှ ထိုင်းနိုင်ငံ၊ မြ၀တီမှထိုင်းနိုင်ငံ၊ တာချီလိတ်မှ ထိုင်းနိုင်ငံ၊ မူဆယ်မှ တရုတ်နိုင်ငံ၊ ကော့သောင်းမှ ထိုင်းနိုင်ငံ၊ တာချီလိတ်မှ လာအိုနိုင်ငံ၊ တမူးမှ အိန္ဒိယနိုင်ငံတို့သို့ သွားလာကြသည်ဟု သိရသည်။

"မြန်မာတွေ ခရီးသွားတာ တော်တော်များလာတယ်။ စီးပွားရေးနဲ့လည်း သွားကြတယ်။ ကျောက်မျက်လိုမျိုး ပြပွဲတွေ သွားကြတယ်။ သင်တန်းတွေ၊ အပန်းဖြေ ခရီးတွေလည်း သွားကြတယ်။ အခုနောက်ပိုင်း အပျော်စီးသင်္ဘောလို ခရီးတွေလည်း သွားဖို့ရှိလာတယ်" ဟု Myanmar Voyages ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပြသည်။

ယင်းသို့ မြန်မာလူမျိုးများ ပြည်ပခရီးစဉ် သွားရောက်မှု များပြားလာသည်နှင့်အမျှ လေကြောင်းလိုင်းများမှ ခရီးစဉ်ဒေသသစ်များ တိုးချဲ့ရေး၊ ခရီးစဉ် ဒေသများအကြောင်း ဖလှယ်၍ ဈေးကွက်မြှင့်တင်ခြင်း၊ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများအတွက် သင်တန်းများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံသားများ ဗီဇာလျှောက်ထားရာတွင် ကြုံတွေ့ရသည့် အခက်အခဲ အချို့အား ကူညီခြင်း စသည်တို့ လိုအပ်လာမည် ဖြစ်သည်ဟု အကြံပြု ဆွေးနွေးမှုများအရ သိရသည်။

From : ..eleven

စစ်တွေတွင် လျှပ်စစ်မီးသုံးစွဲခတိုးကောက်ရန်အတွက် ကုမ္ပဏီများက တောင်းဆိုခြင်းကို ကန့်ကွက်သဖြင့် လျှပ်စစ်မီး တစ်မြို့လုံးဖြတ်တောက်


သြဂုတ် ၇ ရက် ၊rsv

ယနေ့ သြဂုတ်လ ၇ ရက်နေ့က စစ်တွေမြို့တွင် လျှပ်စစ်မီးသုံးစွဲခ တစ်ယူနစ် ၄၈၀ အထိ တိုးကောက် မည်ဟု မြို့ပေါ် ရပ် ကွက်အသီးသီးမှ ရပ်ကွက်လူကြီးများအား ဖိတ်ခေါ်ကာ ဖိုးသီးချိုကုမ္ပဏီအပါအ၀င် မီးပေး သည့်ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသခံများက ဖိုးသီးချိုကုမ္ပဏီ၏ အစိုးရမှ ဆီမပေးသဖြင့် မီးသုံးစွဲခြင်းကို တိုးမြှင့်ရန်ရှိသည်ဟု ပြော ဆိုခြင်း ကို တက်ရောက်လာသည့် မြို့ခံများက ကန့်ကွက်ကဲ့ကြကြောင်း သိရသည် ။

ယင်းအတွက် စစ်တွေမြို့တစ်မြို့လုံးအား လျှပ်စစ်မီးပေးမှုအား ဖိုးသီး ချိုကုမ္ပဏီက ညနေ၇နာ ရီ ခန့်မှ စကာ မီးဖြတ်တောက်ထားခြင်းဖြစ်သည်။ ယင်း အကျိုး ဆက်ကြောင့် ဒေသခံများအနေဖြင့် မကျေ မနပ်ဖြစ် နေကြပြီး လျှပ်စစ်မီးပေးသည့် ကုမ္ပဏီများအနေဖြင့် မြို့လူထုဆန္ဒကို ဆန့်ကျင်နေလျင် ရှေ့ဆက် အကျိုး ရလဒ်ကောင်း မွန်မည် မဟုတ်ကြောင်း လည်း ပြောဆိုနေကြသည်။

လျှပ်စစ်မီးပေးမည့်ကုမ္ပဏီများမှာ မိမိတို့အကျိုးတစ်ခုတည်းကိုသာကြည့်ပြီး သက်ဆိုင်ရာနှင့်ပူးပေါင်းကာ ဒေသ ခံများအား အလေးမထားပဲ လုပ်ဆောင်နေကြောင်း၊ယင်းအပြင်အဆိုပါကုမ္ပဏီများမှာ မြို့လူထု၏ တောင်း ဆိုချက် အရ ပေါ်လာခြင်းမဟုတ်ဘဲ ကုမ္ပဏီကောင်းစားရေးအတွက် လုပ်ဆောင် နေခြင်းဖြစ် သည့် အပြင် ရခိုင်ပြည်သူလူထုကိုဂုတ်သွေးစုပ် နေခြင်းသာဖြစ်ကြောင်းလည်းပြောကြ သည်။

ရခိုင်ပြည်နယ်မှသဘာဝဓါတ်ငွေ့ဖြင့်တရုတ်နိုင်ငံလျှပ်စစ်မီးအတွက် ဆောင်ရွက်နေပြီဖြစ်သော်လည်း ရခိုင်ပြည် သူများအတွက် သဘာဝဓါတ်ငွေ့ကို သုံးစွဲခြင်း ရရေး အတွက် အစိုးရ အနေဖြင့် မည်သည့် လုပ်ဆောင် မှုမျိုးလည်း လုပ်ဆောင်ခြင်းမရှိကြောင်းလည်း ပြောကြသည်။

From: RSV

တယ်လီနောကုမ္ပဏီ ဆင်းမ်ကတ်ဝယ်ယူရရှိနိုင်မည့်နေရာ ခုနစ်သောင်းခန့် ထားမည်ဆို


ဆွေမွန်
ရန်ကုန်၊ ဇူလိုင်-၂၁

ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Telenor Group က တစ်နိုင်ငံလုံးတွင်  ဆင်းမ်ကတ်ဝယ်
ယူရရှိနိုင်မည့် နေရာခုနစ်သောင်းနီးပါးနှင့် ငွေဖြည့်ကတ်များအတွက် နေရာတစ်သိန်းခန့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

Telenor Group မှ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံထားရသည့် မစ္စတာ Petter Furberg က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက်ဝန်ဆောင်မှုများကို ရှစ်လအတွင်း လုပ်ကိုင်သွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ အဆိုပါဝန်ဆောင်မှုများကို အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း ယနေ့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဆင်းမ်ကတ်ကို ၀ယ်ယူနိုင်မယ့်နေရာကို တစ်နိုင်ငံလုံးမှာ ခုနစ်သောင်းနီးပါး ဆောင်ရွက်ဖို့စီစဉ်ထားပါတယ်။ ဆင်းမ်ကတ်ကို ၀ယ်ပြီး ထပ်ပြီးတော့ ငွေဖြည့်ကတ်ဝယ်ယူနိုင်ဖို့အတွက်ကို နေရာကိုးသောင်းကနေ တစ်သိန်းထိလုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်” ဟု မစ္စတာ Petter Furberg က ပြောသည်။ ရှစ်လအတွင်း ဆက်သွယ်ရေး ကွန်ရက်ချိတ်ဆက်မှုတွင် 2G နှင့် 3G နှစ်မျိုးစလုံးကို လုပ်ဆောင်သွားမည်ဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကွန်ရက်နှစ်မျိုးစလုံးတပ်ဆင်သွားမည်ဖြစ်ပြီး 3G အသုံးပြုမှုများသည့် နေရာများသာမက အင်တာနက်အသုံးပြုမှုကိုပါ အသုံးပြုသွားနိုင်မည်ဖြစ်သည်။

ငါးနှစ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို တစ်နိုင်ငံလုံးအသုံးပြုရာတွင် မိုဘိုင်လ်ဖုန်းအသုံးပြုမှုများသာမက အင်တာနက်အသုံးပြုမှုကိုပါ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေးကွန်ရက်များ ဆောင်ရွက်မှုပြီးစီးပါက မိုဘိုင်းလ်ဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ အောက်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဖုန်းပြောဆိုခအနေဖြင့်လည်း တစ်မိနစ်လျှင် ၂၅ ကျပ်ထက်လျော့နည်းသည့် ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Telenor Myanmar မှ အမှုဆောင်အရာရှိချုပ်က ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိရန်အတွက် နောက်ဆုံးအဆင့်အနေဖြင့် အစိုးရအာဏာပိုင်များနှင့် သက်ဆိုင်ရာအရာရှိများ ဆွေးနွေးနေသည့် အခြေအနေဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်လုပ်ကိုင်ခွင့်အတွက် အဆင့်ဆင့်ရွေးချယ်ခဲ့ရာတွင် နော်ဝေးနိုင်ငံအခြေစိုက် Telenor Group နှင့် ကာတာနိုင်ငံအခြေစိုက် Ooredoo(Qatar Telecom) တို့မှ ရရှိထားခြင်းဖြစ်သည်။

7 days news

ရဲသားကြီးတွေတာဝန်ကျေဖို့လိုပြီ


မှုခင်းဖြစ်စဉ်များတွင် မှားယွင်းဖမ်းဆီးခြင်း၊ အထက်အရာရှိ အချို့၏ ဖိအားကြောင့် သံသယရှိသူကို တရားခံအဖြစ်ထွက်ဆိုဝန်ခံစေခြင်း၊ စွပ်စွဲသူနှင့် စွပ်စွဲခံရသူတို့ကြား ကိုယ်ကျိုးရှာသောရဲအရာရှိ အချို့ကြောင့် အမှန်တရားနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သွားသည့် ဖြစ်စဉ်များ လူမှုဝန်းကျင်တွင် တွေ့ကြုံခဲ့ရသလို ယင်းကဲ့သို့ ရင်ဆိုင်နေရသူများလည်း ရှိနေသည်။

ပြည်သူ့ဝန်ကိုထမ်းနေကြသော နိုင်ငံဝန်ထမ်းများအားလုံးက ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ရှိသည့် သန့်ရှင်းသည့်အစိုးရ ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအ၀၀၌ ပြည်သူလူထုဗဟုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အစိုးရဌာနအဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတက ထိုသို့ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်လက်အောက်ရှိ အောက်ခြေရဲတပ်ဖွဲ့ဝင်အချို့တွင် ရဲဥပဒေမလိုက်နာသော အကျင့်ပျက် ရဲဝန်ထမ်းအချို့ပါဝင်နေသောကြောင့် နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ ကြီးကြပ်ကာဖမ်းဆီးအ ရေးယူခဲ့ရသည်။

ဒေသအချို့တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်လူထုမှ ရဲတပ်ဖွဲ့ဝင်များအပေါ် ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများဆူညံနေပြီး ယခုကဲ့သို့ အခြေအနေများ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်အရိပ်မည်းထိုးလျက်ရှိသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ်ဆိုလျှင် သက်ဆိုင်ရာမြို့နယ်ရဲစခန်းအပေါ် မြိုနေလူထု၏ ယုံကြည်မှုမှာ သုညအမှတ်အောက်ရောက်သွားခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များကို လှောင်ရယ်သည်အထိပင်တန်ဖိုးမဲ့ခဲ့ရသည်။

ငါးနှစ်အရွယ်သူငယ်တန်းကျောင်းသူလေးတစ်ဦး အဓ္ဓမပြု ကျင့်ခံရသည့်ဖြစ်စဉ်တွင် ကလေးငယ်ကိုယ်တိုင်က လူကြီးတစ်ဦးက အဓ္မမပြုကျင့်ကြောင်း ထုတ်ဖော်ပြောဆိုပြီးမှုခင်းဆရာဝန် ကြီး၏ဆေးစာတွင်လည်း အရွယ်ရောက်ပြီးသူ လူကြီးတစ်ဦး၏ အ ဓ္မမပြုကျင့်ခြင်းခံခဲ့ရကြောင်း သုံး သပ်ချက်ပါဝင်သော်လည်း မြို့ နယ်ရဲစခန်းတာဝန်ရှိသူများက သူငယ်တန်းကျောင်းသားလေး ၁၇ ဦးကို သံသယရှိသူများအဖြစ် စစ်ဆေးရန်စီစဉ်ခဲ့သည်။ ယင်းသို့ စီစဉ်ခဲ့ခြင်းကို မြို့နယ်ကျန်းမာရေးနှင့် ပညာရေးတာဝန်ရှိသူများက အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး ဌာနဆိုင်ရာအချင်းချင်းပင် တင်းမာမှုမျိုးဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကျောင်းသားမိဘများစု ပေါင်း၍ နိုင်ငံတော်သမ္မတဆီဦး တည်တိုင်ကြားခဲ့ကြပြီး ယင်းအမှုတွဲကို နေပြည်တော်ရဲတပ်ဖွဲ့အဆင့်မြင့်ရဲအရာရှိများက လွှဲပြောင်းယူပြီး စစ်ဆေးရသည်အထိ အခြေအနေဆိုးရွားခဲ့ရသည်။

“အမှုမှန်ပေါ်ပေါက်ဖို့အတွက်ရဲက လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးဖို့တာဝန်ရှိတယ်။ တာဝန်မယူဘူးဆိုရင် တရားဥပဒေစိုးမိုးရေး မရှိလို့ဘဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ်ကပြောသည်။

ရဲလက်စွဲဥပဒေတွင် လျှို့ဝှက်အက်ဥပဒေအရ ထုတ်ဖော်ပြောခွင့်မရှိသော်လည်း အချို့သောရဲဝန်ထမ်းများ၏ လုပ်ရပ်အပေါ် ယုံကြည်မှုမရှိတော့ခြင်းကြောင့် လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုကြားတွင် တံတိုင်းများစွာခြားနားသွားခဲ့ရသည်။ ရဲနှင့် ပြည်သူလက်တွဲကူဆို သည့်ထက်တွဲမည့်လက်များပိုမို အလှမ်းကွာခဲ့ရသည်။

“ဆွမ်းဆန်ထဲမှာ ကြက်ချေးရောသလိုပါဘဲ။ တပ်ဖွဲ့ဝင်တစ်ယောက်ကြောင့် ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် မယုံကြည်တော့တာမျိုး မဖြစ်စေချင်ပါဘူး။ ဥပဒေချိုးဖောက်တဲ့ ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးဖော်ထုတ်ပြီး ထိထိရောက်ရောက်အရေးယူနေပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲအရာရှိတစ်ဦးကပြောသည်။

မည်သည့်အချိန်ကပင် အမြစ်တွယ်နေသည်ကို မသိနိုင်သောမူးယစ်ဆေးဝါးမှုများတွင် ရဲအရာရှိများပါဝင်ပတ်သက်နေသောကြောင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ခရိုင်နှင့် မြို့နယ်အဆင့်ရဲအရာရှိအချို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စစ်ဆေးအရေးယူခဲ့ သည်။

မကြာသေးမီက ရန်ကုန် မြို့၊ စမ်းချောင်းမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို လူငယ်တစ်စုဖောက်ထွင်း ၀င်ရောက်သောအမှုတွင် ဖမ်းဆီးရမိသူများထဲ၌ ရဲအရာရှိ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူလူငယ်တစ်ဦးပါဝင်နေသောကြောင့် အမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်လိုက်မှုများရှိနေသည်ဟု ဖုန်းဆိုင်ပိုင်ရှင်ကစွပ်စွဲ ခဲ့သည်။ ၎င်းက မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်သို့ အဆင့်ဆင့်တိုင်ကြားရာ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦးအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွင့်၍ အထက်အရာရှိများက စစ်ဆေးရ သည်အထိအမှုမှာ ရှုပ်ထွေးနေခဲ့သည်။

ထိုအခြေအနေများထက် ကြီးမားကျယ်ပြန့်သော မှုခင်းပြဿနာများ အတိတ်မှာရေရာ ယခုလက်ရှိ ပစ္စုပန်မှာပါရှိနေဆဲဖြစ်သည်။ တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်ခဲ့သော ရန်ကုန်မြို့ X2O သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုတွင် ပေါက်ကွဲသံကြား၍လာရောက် သတင်းယူသောသတင်းသမားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ဗုံးဖောက်ခွဲမှုတရားခံအဖြစ် အတင်းအကျပ်ဝန်ခံထွက်
ဆိုစေခဲ့ပြီး မတရားအသင်း၊နယ်စပ်ဖြတ်ကျော်၊ အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေများဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၁၈နှစ်ချမှတ် ခံခဲ့ရကြောင်း အဆိုပါသတင်း သမားက ၎င်းရင်ဆိုင်တွေ့ကြုံခဲ့ရသော အခြေအနေကိုပြောသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက နိုင်ငံ တော်သမ္မတ၏ ဒုတိယအကြိမ် မြောက်လွတ်ငြိမ်းချမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော် လည်း ထောင်ထဲတွင် နေခဲ့ရသည့် အချိန်များက လူငယ်တစ်ယောက်၏ အရှိန်နှင့် လှမ်းနေသော ခြေလှမ်းများအတွက် ခလုတ်ကန်သင်းဖြစ်ခဲ့ရသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ဆက်သွယ်ရေးရုံးဝန်းအတွင်းဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင်လည်း မသင်္ကာသူအချို့ကို ခေါ်ယူစစ်ဆေးခဲ့သည်မှာ စစ်ဆေးခံရသူတို့ စိတ်ပိုင်းဆိုင်ရာပြဿနာများရင်ဆိုင်ခဲ့ရသည်အထိ ပြင်းထန်ခဲ့သည်။ အမှုတစ်ခုဖြစ်ပွားပါက အထက် အရာရှိချုပ်များ၏ ဖိအားကြောင့် အမှုကို အမှန်ထက်အမြန်ပေါ် ပေါက်စေလိုသော ဆနကြောင့် သံသယရှိခံရသူအချို့ စိတ်ဒဏ် ရာရခဲ့ကြသည်။

“ရဲဆိုတာ ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်ရှိပြီး မည်သူ့ကိုမဆို သံသယရှိမှုနဲ့ ဖမ်းဆီး စစ်ဆေးနိုင်တဲ့ အခွင့်အရေးလည်း ရှိတယ်။ ဒါကြောင့် ကိုယ်ကျင့်တရားကောင်းပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်နေဖို့လိုအပ်ပါတယ်”ဟု ဥပဒေပညာရှင် ဦးခင်ဇော်( မရမ်းကုန်း)ကအကြံပြုသည်။

အစိုးရသစ်လက်ထက်တွင် ရဲတပ်ဖွဲ့ဝင်များ၏ လစာနှင့် အခွင့်အရေးများ နိုင်ငံတော်မှ ပိုမို ထောက်ပံ့ပေးခဲ့ပြီး ယခင်စစ်အစိုးရလက်ထက်က ၀တ်ဆင်မည့် ရဲ ယူနီဖောင်းကိုပင် ကိုယ့်စရိတ်နှင့် ကိုယ်ဝတ်ဆင်ခဲ့ရခြင်းမျိုးကြောင့် အောက်ခြေရဲတပ်ဖွဲ့ဝင်များသည်လည်း လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများပြားခဲ့ရခြင်း ဖြစ်ကြောင်း နေပြည်တော်ရဲတပ် ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ၎င်းရင်ဆိုင်ဖြတ်သန်းခဲ့ရသော အခြေအနေကို သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကလည်း ဥပဒေချိုးဖောက်သည့် ဖြစ်စဉ်များတွင် ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် အရာရှိအင်အား တစ်ရာခန့် ပါဝင်သော အထူးရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အရေးယူအပြစ်ပေးမှုများ သိသိသာသာပြုလုပ်လာခဲ့သည်။

“လစာတွေ ခံစားခွင့်တွေကို နိုင်ငံတော်က တိုးပေးခဲ့တယ်။ အဲဒီအခြေအနေကို မရောက်ဘဲ ကိုယ်ကျိုးအတွက် အာဏာကို တ လွဲအသုံးချမယ်ဆိုရင်တော့ ကိုယ့်သားကို ကိုယ်ပြန်ပြီး ယစ်ပူဇော်ရသလို ခံစားရပေမယ့် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူမှာပါ”ဟု နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ကျန်ရှိနေသော အစိုးရသက်တမ်းကာလအတွင်း နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ် ရေးကဏ္ဍများတွင် အရေးပါသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေ နှင့်အညီ ပြုမူလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားထားသည်။

“နိုင်ငံရေးပညာရှင်တွေပြော နေကြတဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာ ရဲရော၊ ပြည်သူရော ဥပဒေကို နားလည်ပြီး တစ်ဦးနဲ့တစ်ဦး ထိန်းကျောင်းသွားဖို့လိုအပ်ပါ လိမ့်မယ်”ဟု ဥပဒေပညာရှင် ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ရေးသားသူ- အောင်သစ်လွင်
7Day News Journal

ခေါင်းမူးဝေဒနာနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ.. ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)


(ကိုယ်ဝန်ရှိစ မူးဝေသူများ၊  သဘောင်္လေယာဉ်စီး မူးဝေသူများနှင့် မူးမော်တတ်သူများ အတွက်)

ခေါင်းမူးဝေဒနာကို သက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးတွေ ဟောပြောပို့ချထားတာ များစွာရှိပြီးဖြစ်ပါသည်။  အများစုမှာ  ခေါင်းမူးတာကို  ဆေးသောက်ခြင်းဖြင့် ကုသဖြေရှင်းခြင်းသာဖြစ်ပါသည်။  ကျနော်ကတော့  ခေါင်းမူးတာအတွက်  တို်က်ကျွေးရသာဆေးအများစုမှာ  မထိရောက်တာက တစ်ကြောင်း  ထိုးဆေးတွေရဲ့ ဆိုးကျိုးတွေအန္တရာယ်က မသေးလှတာတစ်ကြောင်း  ကျနော်နည်းက  ခေါင်းမူးတာကို လွယ်လွယ် ကုသနိုင်တာတစ်ကြောင်း  ကိုယ်တိုင်လဲ ခေါင်းမူးဝေဒနာရှင်တဦးလဲဖြစ်  အလူးအလဲ မူးတတ်တာကြောင့်  ကျနော့် ကုသနည်းကလည်း  ဆေးလောကမှာ (ဆေးကုသရေး  သင်ရိုးညွှန်းတမ်းများမှာ) မပါတာတစ်ကြောင်းမို့  ရေးသားပြီး  မျှဝေလိုက်ပါသည်။

ပထမဦးဆုံး  (တိုက်ခို်က်တာ  မဟုတ်ပါ) ၂ဝဝဝ-ခုလွန်နှစ် တနှစ်မှာ  ကျနော်ထောင်က လွှတ်ခါစက   မြန်မာနိုင်ငံ ဂျီပီဆရာဝန်များ ညီလာခံမှာ  ဒီခေါင်းမူး ဝေဒနာစာတမ်းဖတ်ဖို့ တင်ပြခဲ့ပါတယ်။  အဲဒီညီလာခံ ကော်မတီက  ဝမ်းသားအားရ (အားရ) လက်ခံခဲ့ပါတယ်။

 ဝမ်းသာအားရ ဟု သုံးရသည်ကလဲ  ကိုယ်ပိုင်ဆေးခန်းတွေက  စာတမ်းတင်ထားတာ ကနည်းနေလို့  ကျနော့်စာတမ်း လာတင်တော့ စာတမ်းကိုဖတ်ကြည့်တော့   အကြောင်းအရာကလဲ  အသစ်အဆန်း။   ကျနော့်ကိုလဲ ထောင်ထွက်မှန်းလဲမသိကြဘူး။ စာတမ်းအသစ်ဆိုတော့   ဝမ်းသာအားရပေါ့။  စာတမ်းဖတ်ရန် တော်တော်တန်တန် အတွေ့အကြုံနှင့်  ဖတ်ကြားရန် မလွယ်ပါ။ မေးလာမည့် မေးခွန်းတွေကို  ကြောက်ကြရပါသည်။

 ညီလာခံစခါနီးရက်တွင်တော့  ကျနော်ရဲ့ စာတမ်းကိုဖတ်ခွင့်   ပယ်ခံလိုက်ရပါတယ်။  ဘာကြောင့်ဆိုတာ  ထမင်းစားသူမှန်လျှင် သဘောပေါက်ကြပါသည်။
ဒီတော့ စာတမ်းနှင့် ဆက်စပ်နေသော စာတမ်းတခု ကို ဆရာဝန်တစ်ဦးမှ  ဖတ်လာချိန်မှာ  ကျနော်ထပြီး  အချိုမှုန့် စားသူအချို့ တွင်   ခေါင်းမူးတတ်ကြောင်းကို တင်ပြပါသည်။  သက်ဆိုင်ရာအထူးကု (ပါမောက္ခပညာရှင်)မှ  အချိုမှုန့် ကြောင့်  ခေါင်းကိုက်တတ်တာဘဲ ဖြစ်တတ်ပါသည်။  ခေါင်းမူးတယ်ဆိုတာ မရှိဘူး။

သူ့ စကားကလဲ   တုံးတိတိ  ယတိပြတ်။  ကျနော်က ဆက်လက်ပြီး  ကျနော့် အတွေ့ အကြုံတွေကို   တင်ပြတော့  ပါမောက္ခကြီးက (ကျနော့်ထက်အတန်း- ၄-တန်းငယ်ပါသည် )က  There is  no such things in literature..  ပြောပါသည်။   ကျနော်က ထပ်မံတင်ပြတော့ I have told you...there is no such things in literature   ပြောလာတော့  ကျနော်ကလဲ  မထူးဖူးဆိုပြီး  .....Is your literature  coming down from heaven ....like Bible or  like Koran.??? ...or  your literature were complied by human scientists , doing  researches on  animals and  human beings like me.. ချပါတော့သည်။

ဒီတော့  ပါမောက္ခကြီးနှစ်ဦးက (တစ်ဦးက လက်ဆွဲပြီး) ထိုပါမောက္ခကို ထိုင်ခိုင်းပါတော့သည်။  ထိုပါမောက္ခကြီးနှစ်ဦးက  ကျနော့် ဆရာတော် ဖူးသူများဖြစ်ပါသည်။  သဘောကတော့ ဒီဆရာဝန်နဲ့  သွားမငြင်းနဲ့  သဘောဖြစ်ပါမည်။  ထိုပါမောက္ခကြီးနစ်ဦးက  ညီလာခံမစတင်မှီ  ယခုဂျာနယ်မှာ ထင်ပေါ်နေသော ဆရာဝန်မကြိးတစ်ဦးကိုလွှတ်ပြီး  ကျနော်ကိုခေါ်ခိုင်းပါသည်။ ပြီး သူတို့ စာတမ်းများဖတ်ကြပါမည်။  သူတို့ စာတမ်းဖတ်အပြီး-မေးခွန်းဖိတ်ခေါ်လျှင်  ကျနော်က  မေးခွန်းမမေးရန် ခေါ်ပြောခြင်းဖြစ်ပါသည်။  မင်းက  ကြံကြံဖန်ဖန် မေးတတ်တာ  ငါတို့  တခါတလေ ဖြေရန်အသင့် မရှိဖြစ်တတ်လို့ ဟု  ခေါ်ပြောခြင်းဖြစ်ပါသည်။

နာမည်တွေကိုတော့ ဖေါ်ပြရန်မသင့်ပါ။
ဒီတော့  ယခုခေတ်တွင် ခေါင်းမူးတတ်သူ တော်တော်လေးများ ကြပါသည်။  နေမကောင်းလျှင် ခေါင်းမူးဝေဒနာက နှူရာဝဲစွဲ  လဲရာသူခိုးထောင်း အဆစ်အနေနဲ့ ဝင်နှိပ်စက်တတ်ပါသည်။ ယခုတလော  နယ်ထွက်ရာမှာ  ကားစီးရတော့  လမ်းမှာ (ကားပေါ်တွင် မူးအန်နေသူတွေ)  ခေါက်တိုင်း ကြုံဆုံနေရပါသည်။  ကြုံရသည်မှ  မူးအန်သူ ၂- ဦး ၃-ဦးမကပါ။ လေလုံ အဲယားကွန်းကားနဲ့ ဆိုလျှင်  တစ်ကားလုံး  အနံ့ ဆိုးတွေ ခံကြရပါတော့သည်။

မူးနေသူခမြှာလဲ မျက်နှာမှာသွေးစုပ်ပြီး    ဖျော့တော့တော့။  ဒီတော့ ကျနော့် ကုသချက်ကို  အားလုံးသိရအောင်   ရေးဘဲနေလို့ မဖြစ်တော့လို့ ရေးလိုက်ရပါသည်။  အထက်က  ပြင်ပဆေးကု ဆရာဝန်များ ညီလာခံမှာလို  (ဒီလို ပေါက်တတ်ကရတွေ  ဆေးပညာသင်ရီုးထဲမှာ  မရှိဘူးပြောလိုတဲ့  ဆရာဝန်တွေရှိခဲ့မည်ဆိုလျှင်)  သုသေသနသဘော စမ်းသပ်ကြည့်ပြီးမှ ပိုကောင်းသော ပိုထိရောက်သော ကုသနည်းများ  တိုင်ပြည်တွင် အလွန်လိုအပ်နေလို့ ဝမ်းသားစွာ ကြိုဆိုနေပါမည်ဖြစ်ကြောင်း  စကားပါးထားလိုပါသည်။  ရှိကြလျှင်လည်း  တိုင်းပြည်သိအောင် တင်ပြကြဖို့ လည်း   အထူးပန်ကြားလိုပါသည်။  ဆေးနည်းအသစ်တွေ မရှိသေးလို့   ကျနော်က အထူးကုဆရာဝန်  မဟုတ်ဘဲရေးနေရတာကိုလဲ  နားလည်ပေးကြဖို့။

ဖြစ်နိုင်လျှင်  လမ်းခရီးတွင် မူးအန်တတ်သူတွေ  မည်မျှ များနေကြောင်းကို ဘတ်စ်ကားများ  အဝေးပြေးယာဉ်မောင်း ယာဉ်လိုက်များကို မေးကြည့်နိုင်ပါသည်။  သုသေသန  ပြုသင့်ပါသည်။ ကားဂိတ်တွေမှာ  ခေါင်းမူးပြေဆေး အဝါလုံးဆေးလေးများ (Dramamine)  ရောင်းချနေမှုကလဲ သက်သေခံနေပါသည်။ ဒီခေါင်းမူးတာထက်ပို  အရေးကြီးတာကတော့  ကိုယ်ဝန်ဆောင်ခါစ အမျိုးသမိးများတွင် ပြင်းထန်သော ခေါင်းမူးဝေဒနာ ခံစားရမှုဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ခါစ  သန္ဓေသားလောင်းလေး  သန္ဓေတည်စအချိန်  (ပထမသုံးလ- First Trimester) တွင်  ဖြစ်နိုင်လျှင်  မည်သည့်ဆေးမှ  မပေးသင့်ပါ။

သို့သော် ကျနော် အတွေ့အကြုံတွင်  ထိုကာလ  ခေါင်းမူးသော မိခင်လောင်း အချို့ကို  ဆရာဝန်အချို့နဲ့ ရမ်းကု  တွေက  အမူးပျောက်ဆေးတွေ လှိုင်လှိုင်ကြီး ပေးတတ်ကြပါသည်။  ပေးလိုက်သူတိုင်းမှာ  ဆိုးကျိုးဒါဏ် မသ့င်ပေမယ့်  အချို့ တွင်  သန္ဓေသား ဦးဏှောက်ကို ဆိုးကျိုးသက်ရောက်မှုများ  ကျနော့်တွေ့ ကြုံခဲ့တာတွေ  လက်တွေ့ ရှိနေပါသည်။

ထိုသို့ အမူးပြေဆေးပေး ခံလိုက်ရသူ  မိခင်တဦး၏ ကလေးသည်  AUTISM လက္ခဏာများ  ခံစားရပါတော့သည်။  အော်တစ်ဇင် ကို သင်္ကြန်အကြိုနေ့   ဧပြီ- ၁၃ ရက်နေ့ဟု သတ်မှတ်ထားပါသည်။  အော်တစ်ဇင်ကို ဘာကြောင့်ဖြစ်သည်ဟု  ပညာရှင်များ အခိုင်အမာ မသိရှိနိုင်ကြသေးပါ။  သို့သော်  အော်တစ်ဇင် ဖြစ်ရသူ၏ မိခင်  အချို့ ကိုမေးကြည့်ရာတွင်  အများစုမှာ  ကိုယ်ဝန်ဆောင်စတွင်  ခေါင်းမူးတတ်ကြ  ဆေးသောက်မိကြသူတွေ ပါနေပါသည်။  အော်တစ်ဇင်  ပညာရှင်တို့ဆို ပိုမိုသိကြပါမည်။  မိမိကလေး  အော်တစ်ဇင်ဖြစ်လျှင်  မိဘတွေမှာ  ရင်ကျိုးကြရတော့၏ ။  ၎င်းလက္ခဏာမှာလည်း ကလေး အသက် - ၂ - နစ်ကျော်မှ သတိထား မိလာတတ်ကြပါသည်။

အလွယ်ပြောရလျှင်တော့ အသိဥာဏ်နိမ်ကျတဲ့ ကလေးဟု ပြောရမည်ပင်။ ထိုကလေးများသည်လည်း  အရသာမှုန့် ပါသေအစားကိုမှ  ခုံမင်တတ်ကြပါသည်။  သူတို့နဲ့ လုံးဝမတဲ့ပါ။  ထိုအစားများစားလေ  ပိုဆိုးလေဖြစ်ပါမည်။ အဓိကပြောလိုသည်က  ခေါင်းမူးတယ်ဆိုတာ  ဝေဒနာလေးပါလို့ ပေါ့ပေါ့သဘောမထားမိရန်နဲ့ အရေးကြီး ဝေဒနာအဖြစ် သဘောပိုက်ရန် တင်ပြရခြင်းဖြစ်ပါသည်။  ရိုးရိုးမူးတယ်ဘဲထားပါ။  လမ်းခရီးသွားနေချိန်မူးပါပြီ တဲ့   အချို့ လေယာဉ်ခရီးစဉ်တွေက  ခရီးစဉ်ပြောင်းလို့ မရတဲ့  လက်မှတ်ကိုင်ထားသူဆို  ဒုက္ခလှလှကြီး ရောက်ပါပြီ။

ဒီတော့ ခေါင်းမူးတာဟာ  ပေါ့သေးသေး ဝေဒနာမဟုတ်ပါ။ အလေးထားရမည့် ဝေဒနာဖြစ်ပါသည်။
ခေါင်းမူးတာအကြောင်း  ဆွေးနွေးရာမှာ   ခေါင်းမူးရခြင်း၏ အကြောင်းရင်းကို တင်ပြလိုပါသည်။   နားအတွင်းပိုင်းရှိ  Middle earရှိ   cochlear & vestibular တွင်း  ခရီးသွားစဉ်တွင်...  ဥပမာလှိုင်းလှုပ်လျှင်  ထိုအပိုင်းလေးတွင်  အရည်များ တင်းဖေါင်းလာလို့  မူးတဲ့ဝေဒနာ ပေါ်လာရခြင်းဖြစ်ပါသည်။  ထိုသို့အများစု မလာအောင်   တင်မလာအောင်   ဖိအားများမလာအောင် လုပ်ဆောင်ပေးနိုင်လျှင်  အမူးဝေဒနာ ပေါ်လာမည်မဟုတ်ပါ။  မူးပြီဆိုလျှင်လည်း    ထိုတင်းနေသော အရည်များကို အမြန်ဆုံး  လျှော့ချနိုင်လျှင် ဝေဒနာလျှင်မြန်စွာ သက်သာလာပါမည်။  မျက်စေ့ထဲမှာသာ  ပုံဖေါ်ကြည့်လို်က်ပါ။  ရှင်းပါသည်။

တခါ  နားအတွင်းပိုင်းကို  ဖေါယောင်စေနိုင်သော  အစားအသောက်များကို ပြန်စဉ်းစားကြည့်လိုက်ပါ။  ထိပ်ဆုံးက  အချိုမှုန့်ပါ။  အချိုမှုန့်က လူ၏တစ်သျူးတွေကို ဖေါင်းတင်းစေကြောင်း  အချိုမှုန့် အန္တရာယ်သတိပေးစာတမ်းတွေမှာ  အတိအကျရေးထားပါသည်။  ဒီတော့  မူးတတ်သူတွေ  အချိုမှုန့် ရှောင်ကြပါ။

မမူးတတ်သူတွေကော  မရှောင့်သင့်ဘူးလား။  ၂၀၁၂-  နစ်က သြစတေးလျှနိုင်ငံ  ကွင်းလန်ပြည်နယ် Australia ..Queensland  ပြည်နယ်မှ အထက်တန်းကျောင်း တစ်ကျောင်းက  တော်လှန်သော အစီအစဉ်တခု  စတင်လိုက်ရာ  ကနေ့  ကမ္ဘာကျော်နေပါပြီ ။  အနောက်နိုင်ငံကြီးတွေမှာ  ကလေးတွေမှာ  ADHD (Attention Deficit Hyperactive Disorder) ဆိုသော  ကလေးတွေမှာ  အာရုံစူးစိုက်မှုနည်းပြီး လွန်ကဲစွာဆော့ ကစားတတ်မှု  လက္ခဏာစုမှာ   အနောက်နိုင်ငံကြီးများတွင်  အလွန်ခေါင်းလေးနေရသော  လူမှုရေးပြသနာကြီး ဖြစ်နေပါသည်။  ဒီလို မြောက်ရှုံးလက္ခဏာစု အတွက်  ကလေးတွေကို  ငယ်ငယ်ရွယ်ရွယ်နင့်  စိတ္တဇဆေးဝါးတွေ ကျွေးနေကြရပါတော့သည်။

၎င်းကွင်းလန်ကျောင်းက ၎င်းကျောင်းတွင်ပညာသင်နေသော  ၎င်းADHD ကလေးတွေအတွက်  ကျောင်းမှာ အပ်ထားသူ မိသားစုအားလုံးကို (တစ်ကျောင်းလုံး)   ပြင်ပအစားအသောက်များ ကျွေးမွေးခြင်းကို (လုံးဝ) ရပ်တန့် စေပြီး  ကျောင်းမှာ စာဖိုးမှုးကောင်းများ ငှားရမ်းကာ ကလေးတွေ   အိမ်မှာစားရန် မုန့် ကိုပင်ကျောင်းမှ ဝယ်စေသည်အထိ ကြပ်မတ်လိုက်ပါသည် ။ အချိုအတွက်  သကြားကိုပင် မသုံးဘဲ  ပျားရည်ကိုသုံးစေပါသည်။  သကြားမှာ ဓါတုအရောင်ချွတ်ဆေး ပါနေလို့ ဖြစ်ပါသည်..။

ထူးခြားမှုကလဲ  နှစ်လ - အတွင်းမှာပင်  ၎င်းမျောက်ရှုံးလေးတွေဟာ  သူတို့ ကိုတိုက်ကျွေးနေရသည့်  စိတ္တဇဆေးများကို ဖြတ်တောက်လိုက်နိုင်ကာ ဂဏှာငြိမ်လာပြီး ကျောင်းစာများကို  စိတ်ဝင်စားလာ  စာသင်လို့ ရလာပါတော့သည်။  အခုတော့ တခြားကျောင်းတွေကပါ  လိုက်လုပ်လာနေကြပါပြီ။

ပြောလိုသည်ကတော့  ကျနော်တို့ မြန်မာနိုင်ငံမှာ အခု လွတ်လပ်ခွင့်နင့်အတူ  အသင့်စားမုန့် တွေကို (JUNK  FOODS)    ကလေးတွေ အလွန်အမင်း စားသောက်နေကြသည်မှာ  သည်မုန့် တွေထဲမှာပါတဲ့ ဓါတုပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို  ကျနော်တို့  မြန်မာကလေးငယ်တွေ  မကြာခင် ကြုံကြရပါတော့မည်မို့ သတိထားကြဖို့ သတိပေးလိုပါတယ်။  ကျနော်တို့ ကလေးတွေ  ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ္တဇဆေးတွေ တိုက်တာမခံကြရအောင်သတိပေးလိုတာပါ။

အချိုမှုန့် ထက်ပင်   အန္တရာယ်မရှိ ယူဆထားရတဲ့ တခြားအစားအသောက် ဓါတုတွေရဲ့ ဆိုးကျိုးတွေကို  အနောက်နိုင်ငံကြီးတွေ ကြုံတွေ့ ထားရပြီးတာကို  ကျနော်တို့ ဆီက ဆရာဝန်ကြီးတွေက  ပြည်သူတွေ သိရှိအောင်  အချိန်ရှိသမျှဆေးကု ငွေရှာနေကြတာလေးတွေ လျှော့ပြီး  ပြည်သူတွေ ကိုအသိပညာများ တိုးဖြန့် ကြပါရန်လည်း ပန်ကြားလိုပါသည်။  ကျနော်တို့ ပြည်သူတွေမှာ  ကျန်းမာရေး အသိများ အတော်လေးနိမ့် နေတယ်ဘဲ ပြောလိုပါသည်။  ဆရာဝန်ကြီးများ အမျိုးသားရေး အသိကြီးကြီးထားပြီး  အသိပညာပေးကြရန် အထူးပန်ကြားလိုက်ပါသည်။
မိဘများလဲ  မိမိတို့ ကလေးတွေကို စတ္တိဇဆေးအကျွေးခံရတဲ့ အဆင့်အထိ  အဖြစ်မခံမိကြရန်အထူး အလေးထားကြပါရန်။

အခုခေါင်းမူးတာ ဘက်ကိုပြန်လှဲ့ ရလျှင်  ခေါင်းမူးလာလျှင်  ၎င်းနားအတွင်းပိုင်း အရည်ပိုတွေကို လျှော့ချရန် အထိရောက်ဆုံး နည်းလမ်းကတော့  ဦးဏှောက်အရည်ပိုတွေကို စုတ်ထုတ်ပေးနိုင်သည့်  ဆေး (ဆီးဆေး) ပင်ဖြစ်တော့၏။ ကျနော်ထောင်က လွှတ်စ  တရက်တွင်  တိုင်းတရားသူကြီးတဦး (အမျိုးသမီး)သည် မကြာခဏ  တာဝန်ဖြင့် မန္တလေးသို့  သွားရပါသည်။  တာဝန်အရ  လေယာဉ်ဖြင့်သာ သွားခွင့်ရှိပါသည်။  မူးတတ်သည်ကလဲ  လွန်လွန်ကဲကဲ။  သူမ၏အမကလဲ အထူးကုဆရာဝန်ကြီး။

တရက်  ကျနော့်ကို တိုင်ပင်လာ၏ ။  ကိုလှိုင်မြင့်  လေယာဉ်စီးရင် မူးတာ မဖြစ်အောင်ကုပေးပါပေါ့။  ကျနော်က DIAMOX (Acetazolamide)  ကိုတဝက်-သောက်ခိုင်းပါသည်။  ဆီးဆေးဆိုတော့ ဆီးသွားများပါသည်။  ဒီတော့  နားအတွင်းက Cochlear လေးတွေ အရည်မတင်းနိုင်တော့ လမ်းခရီးမှာ  မအန်တော့သည့်အပြင်  မူးပင်မမူးတော့ပါ။  လေယာဉ် အမှုထမ်းတွေကလည်း  အံ့သြယူကြပါ့။  တရက်သူတို့က   ရှေးသူဌေးတွေဆိုတော့ မကြာခန အလှုဒါနပြုတတ်တော့  ဆွမ်းကျွေးမှာ  သူတို့ မိတ်ဆွေ အထူးကုဆရာဝန်ကြီးတွေက  ကျနော့်ကို ဒီနည်းဘယ်စာအုပ်မှာဖတ်လို့ တွေ့ ရှိတာလဲမေးကြပါသည်။  ကျနော်ဘာကြောင့်မူးရတာ  ပြန်မေးတော့  အဲဒီလို   Cochlear မတင်းအောင်  တင်းနေတာလျှော့အောင်  အထိရောက်ဆုံး  အမြန်ဆုံးက  ဒိုင်ယာမောက်  (ဆီးဆေး) ဆိုတာ ဖြေလိုက်ပါသည်။

နောက်ဆေးတခုကတော့  ဦးဏှောက်သွေးကြော အားဆေးဖြစ်ပါသည်။  ဦးဏှောက်ကို သွေးလေ အားကောင်းစေတော့  နားအတွင်းပိုင်း အရည်စုနေမှုကို အကာအကွယ်ပြုစေသော ဆေးဖြစ်ပါသည်။ ပင်လယ်ပြင်မှာ  မုန်တိုင်းမိတဲ့အချိန်  သင်္ဘောသားတွေပင်  မူးအန်နေချိန်မှာ ခရီးသည်အချို့ က စာဖတ်  ကစားနေလို့ ပင်ရအောင် ဒီဆေးက  စွမ်းပါသည်။  STUGERON  (Cetrinzine) ဆေးဖြစ်ပါသည်။  သင်္ဘောသားများ  အထက်ပါဆေးနှစ်ခု ဆောင်ထားသင့်ပါသည်။

နောက်တချက် ပြောလိုသည်ကတော့  ကိုယ်ဝန်ဆောင်ခါစတွင်မူးအန်နေလျင်  ဆရာကဆေးသောက်လို့ မရပြောတော့  ဘာလုပ်ရမည်နည်း။  ဟုတ်ကဲ့ သဘာဝနည်းလေးကတော့ မူးနေချိန် အစာအိမ်နင့် အူသိမ်အားလုံး  လှုပ်ရှားမှုမရှိတော့ဘဲ  ငြိမ်နေပါတော့သည်။  လေပင်မလည်တော့ပါ။
ထိုအခါ  ဖရဲသီးကိုခြေပြီး  သကြား (အညို) အနည်းငယ်ထဲ့ကာ (တတ်နိုင်လျှင် ရေခဲသေတ္တာထဲ) မှာ တညသိပ် သိမ်းဆည်းထားပြီး  မနက်မှာ  ၎င်းအရည် အနည်းငယ်ကို သောက်လိုက်ပါက  အချိန်တိုအတွင်း  ဝမ်းမီး တောက်လောင်လာကာ  စာလာပြီးမူးတာ ပြေလာတတ်ပါသည်။

သို့မဟုတ် လက်လုပ်အချဉ် အရည်အနည်းငယ် သောက်ပေးလို့ လဲရပါသည်။             အော်ဇီကိုရောက်စက  အခြေချ ပြောင်းရွှေ့ လာသူအားလုံး   (MIGRANT =  ကူးလာသူ  အားလုံး) အင်္ဂလိပ်စာ သင်တန်းမတက်မနေရ  ခြောက်လ (နာရီ- ၅၂၀-နာရီ) မတက်မနေ တက်ရပါသည်။  သင်တန်းမှာ  တရုတ်မတဦးနင့်  ကိုးရီးယားမတစ်ဦး  ကိုယ်ဝန်ရှိစ  မူးနေပါသည်။  ကျနော်က ဖရဲသီးနည်း (အလင်ဖေါက်နည်း) ပေးလိုက်တော့ ချက်ချင်းအမူးပြေကာ စားနိုင်သောက်နိုင်ဖြစ်ကာ  ဆရာမတွေကို ပြောပြပါသည်။  ဆရာမ (ဘိုမတွေက)  အာရှဆိုရင်  အထင်သေးတတ်တာကလဲ   ရောဂါတခု။  အဲဒီတော့မှ  နည်းနည်း အထင်မသေးတော့ပါ။

တခါ အမူးပြေတော့မည်ဆိုလျှင်  ပထမဦးဆုံး  လေလည်တာက စတာပါဘဲ။  ဝမ်းဗိုက်ခွဲစိပ်ထားတဲ့လူနာကို ဒါဏ်ရာသက်သာပြီလားကို  ဆရာဝန်က လေလည်ပြီးလားမေးနေသလို  ခေါင်းမူးသူကို မေးဖို့ လိုပါသည်။
 လေလည်ပြီဆိုရင် အမူးပျောက်ပါတော့မည် ။

တဆက်ထည်း  ဖရဲသီးဖျော်ရည် (အလင်ဖေါက်ထားတာ)နဲ့  ဆက်စပ်နေတဲ့  လူတွေ အခုခေတ်  အဝလွန်ရောဂါ အကြောင်းပြောလိုပါသည်။  အခုခေတ် ဖျော်ရည်တွေ အသောက်များသူများ  အဝလွန်လာတတ်တာကို လူအတော်များများက ပြောနေကြပါပြီ။

ကမ္ဘာ့ပညာရှင်တွေက  ဖျော်ရည်ထဲ့မှာ သကြားဓါတ်များများထဲ့ ထားလို့   ကယ်လိုရီ များလို့ဟု ထောက်ပြကြပါသည်။  ကယ်လိုရီများတာက လဲ အကြောင်းတရပ်ပါ။  ထိုထက်ပိုသည့် အကြောင်းရင်းကြီးတခုကို  ထဲ့မစဉ်းစားထားကြပါဘူး။
အထက်က ပြောခဲ့သော  ဖရဲသီးဖျော်ရည်  ကိုပြန်ပြောပြပါမည်။  လူတိုင်းစမ်းကြည့်ကြပါ။  ဖရဲသီးကို ခြေပြီး ခွက်နှစ်ခုတွင် ခွဲထဲ့လိုက်ပါ။  တစ်ခွက်ကို သကြားမထဲ့ဘဲ  တစ်ခွက်ကိုသာ သကြားအနည်းငယ်သာထဲ့ပါ။  သကြားထဲ့သောခွက်က  အလင်ပိုပေါက်ပါသည်။ ခွက်နစ်ခုစလုံးကို ရေခဲသေတ္တာထဲ  အတူတူထားလိုက်ပါ။

နောက်တနေ့ မနက်မှာ  အစားမစားမှီ ပထမ (သကြားမပါ )သောခွက်ကို ပထမ သောက်ကြည့်ပါ။  တော်တော်လေး စာလာတာ သတိထားမိပါမည် ။  ဒုတိယခွက် (သကြားထဲ့ထားသော) ကိုသောက်လိုက်လျှင်  ဝမ်းမီးတောက်သည်မှာ မစားဘဲ မနေနိုင်အောင်အထိ ဖြစ်လာပါမည်။

ပြောလိုသည်ကတော့  ယခုခေတ်ဖျော်ရည်တွေမှာ  သကြားနှင့် ဖျော်ရည်ထဲက အသီးအနှစ်တွေ တွေ့တော့  အလင်ဖေါက်ထားသလိုဖြစ်ပြီး ဝမ်းမီးတောက်တာ  ဖျော်ရည်သောက်သူတွေ   အစာလဲကျေလွယ်  မကြာခဏလဲ စာလာကြပြီး  အစားလွန်ပြီး  အလင်ဓါတ်နဲ့ အစာခြေအားကလဲကောင်းတော့   ဝလာစေတာ ပါဘဲ။ အစာခြေအားကလဲကောင်း  ဖျော်ရည်ထဲက  သကြားဓါတ်ကလဲများတော့ ဝလာကြတာပါဘဲ။  အစာခြေအားကလဲကောင်း  စားတာကလဲပိုစားလာတော့  ဘာပြောကောင်းမလဲပေါ့။

သတိလေး ထားတတ်ဖို့ မျှဝေလိုက်တာပါ။
ရေးတာလဲ  ခေါင်မူးစာတမ်းကနေ  အဝလွန်တဲ့ အကြောင်းကိုပါ ဆက်သွားပါသည်။
အားလုံးကျန်းမာပြီး  အမူးဝေဒနာကို  သဘောတရားကအစသိမြင်ပြီး  ကာကွယ်နိုင်ကြပါစေ။ ကုသနိင်ကြပါစေ။

လေးစားစွာဖြင့်
လှိုင်မြင့်

မင်းဓမ္မပန်းကွင်း စည်ပင်က အင်အား ၅ထောင်ခန့်ဖြင့် တိုက်ခိုက်၊ ၂ဦး ပြင်းထန်စွာ ဒဏ်ရာရ (ရုပ်/သံ)


လအတန်ကြာ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မင်းဓမ္မပန်းကွင်းနဲ့ပတ်သက်ပြီး စည်ပင်အလုပ်သမားတွေနဲ့ ပန်းအရောင်းဆိုင်ပိုင်ရှင်တွေကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ သြဂုတ်လ ၂ရက်နေ့မနက်မှာ ဖြစ်ပွားခဲ့တာကြောင့် လူ၂ ဦး ပြင်းထန်တဲ့ဒဏ်ရာရရှိသွားပါတယ်။


ရှစ်လေးလုံး ငွေရတုအခမ်းအနား ဒုတိယမြောက်နေ့ ဝန်ကြီးဦးအောင်မင်း တက်ရောက် (ရုပ်/သံ)


သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ဝင်တွေဟာ ရှစ်လေးလုံး ငွေရတုအခမ်းအနားရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ သြဂုတ် ၇ရက်နေ့မှာ တက်ရောက်လာခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။



al-Qaida အကြမ်းဖက် အစီအစဉ် ယေမင်ဖယ်ရှား


ယီမင်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ မြို့ ၂ မြို့ကို သိမ်းပိုက်ပြီး အနားက မဟာဗျူဟာကျတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စက်ရုံတွေကို ဝင်ရောက်သိမ်းပိုက်မယ့် အယ်လ်ကိုင်းဒါး အကြမ်းဘက်အဖွဲ့ရဲ့ အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ယီမင် အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ အဲဒီဒေသမှာ အလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲတာတို့၊ သတ်ပစ်တာတို့အထိ လုပ်ဆောင်ဖို့ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။

ယီမင်အစိုးရအနေနဲ့ နိုင်ငံတွင်းမှာ အလုပ်လာရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှ  လုပ်ဆောင်မယ်လို့ ယီမင်ကာကွယ်ရေးဝန်ကြီး  ဗိုလ်မှူးချုပ် မိုဟာမက် နာစာ အာမက် (Mohammad Nasser Ahmad) က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတလွှားမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေ ရှိလာနိုင်တာအတွက်  သတိပေးချက်တွေနဲ့အတူ အမေရိကန်အစိုးရက သံတမန်ဌာနတွေကို ပိတ်ထားမယ်လို့ ကြေညာခဲ့ပြီး တဲ့နောက် ယီမင်နိုင်ငံမှ al-Qaida အဖွဲ့ဝင် ၇ ဦးထက်မနဲ အမေရိကန်တွေဆီကလို့ ယူဆရတဲ့ မောင်းသူမဲ့လေယာဉ်နဲ့ အတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ချိန်မှာပဲ  ယီမင်အစိုးရက အခုလို al-Qaida တွေရဲ့ အကြမ်းဖက်မယ့်အစီအစဉ်ကို ဖော်ထုတ်နိုင်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အကြမ်းဖက် အန္တရာယ်အတွက် ခြိမ်းခြောက်ခံရမှုတွေကို အလေးထားပေမဲ့ ကြောက်လန့်ပြီး နောက်ဆုတ် သွားမှာမဟုတ်ကြောင်း အမေရိကန်သမ္မတ Barack Obama က ကြာသပတေးနေ့ အမေရိကန် မရိန်းတပ်သားတွေကို မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ရှိလာနိုင်တာမို့ အရေးပါတဲ့ ဝန်ထမ်းတွေမှတပါး ကျန်ဝန်ထမ်းအားလုံး ယီမင်နိုင်ငံကနေ ထွက်ခွာကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက  အင်္ဂါနေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ယီမင်နိုင်ငံက ထွက်ခွာလာတဲ့ ဝန်ထမ်းတွေဟာ အခုအခါမှာ ဂျာမဏီနိုင်ငံမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ရောက်နေကြ ပီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)