အဖြူရောင် ဘီကနီကဲ့သို့ ပွင့်လင်းသည့် ဖက်ရှင်တွင် အလှဆင်ကျောက်များ စီခြယ်ထားသည့် ကာနေဗယ်လ် ဝတ်စုံကို ရီဟန်နာက ရွေးချယ်ခဲ့

ပို့စ်တင်ချိန် - 8/08/2013 08:45:00 AM

ပါတီပျော် မိန်းကလေး တစ်ဦးအဖြစ် လူသိများသော ရီဟန်နာတစ်ယောက် သူမ၏ လူစည်စည်ကားကား ပွဲလမ်းသဘင်များကို နှစ်သက်တတ်သည့် ဗီဇကို မွေးရပ်ဇာတိမြေတွင် အပြည့်အဝ ပြသခဲ့သည်။ အသက်(၂၅)နှစ်ရှိ R&B ဂီတစတား အဆိုတော်သည် သူမ၏ မွေးရပ်မြေဖြစ်သော ဘာဘေးဒိုးစ်တွင် ကျင်းပသည့် ကာနေဗယ်လ် ပွဲတော်တွင် ပါဝင် နွှဲပျော်ခဲ့သည်။ သူမသည် အဖြူရောင် ဘီကနီကဲ့သို့ ပွင့်လင်းသည့် ဖက်ရှင်တွင် အလှဆင်ကျောက်များ စီခြယ်ထားသည့် ကာနေဗယ်လ် ဝတ်စုံကို ရွေးချယ်ခဲ့သည်။
စနေနေ့က Diamondစတား အဆိုတော်သည် အရင်းနှီးဆုံး သူငယ်ချင်း အချို့နှင့်အတူ (၈)ရက်ကြာ ပြုလုပ်သော ပွဲတော်၌ ပါဝင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ သူမသည် ယခင်နှစ်များကလည်း အဆိုပါ ကာနေဗယ်လ် ပွဲတော်တွင် ပျော်မြူးခဲ့ဖူးသည်။ သူမ၏ ဝတ်စုံတွင် တောက်ပလှပသည့် ကျောက်များ စီခြယ်ထားသလို လိုက်ဖက်သည့် လည်ဆွဲကိုလည်း ဆင်မြန်းထားသေးသည်။ ကာနေဗယ်လ် ပွဲတော်တွင် အမျိုးသမီးများ အလှပြ ဝတ်ဆင်လေ့ရှိသည့် ဖက်ရှင်အတိုင်း ငှက်တောင်များဖြင့်လည်း ထိုးထိုးထောင်ထောင် ဒီဇိုင်းထွင်ထားသေးသည်။

rihanna-carnival

ထူးခြားမှုမှာ ခြေထောက်တွင် စီးထားသည့် ဖိနပ်ဖြစ်ပြီး အလှဆင် ဖက်ရှင်မျိုး မဟုတ်ဘဲ အဖြူရောင် Adidas အားကစားဖိနပ် တစ်ရံသာ ဖြစ်နေခဲ့သည်။ သူမသည် အပြာဘက်သမ်းသည့် နေကာမျက်မှန်ကိုလည်း ယူဆောင်လာခဲ့သေးသည်။ ရီဟန်နာသည် သောကြာနေ့က ဘာဘေးဒိုးစ်မြို့တော် ဘရစ်ဂ်ျတောင်းသို့ ရောက်ရှိလာခဲ့သည်။ ရီဟန်နာနှင့်အတူ သူမ၏ အချစ်ဆုံး သူငယ်ချင်း မယ်လီဆာဖော့ဒ်လည်း လိုက်ပါလာပြီး Umbrellaစတား အဆိုတော်သည် ညနက်သန်းခေါင်ထိ ပါတီပွဲများ ကျင်းပခဲ့သေးကြောင်းလည်း သိရသည်။



သူမ၏ တာဝန်ကျေသော သက်တော်စောင့်များသည် ရီဟန်နာ စိတ်ကြိုက် ပျော်မြူးသမျှ မျက်စိဒေါက်ထောက် လိုက်လံ စောင့်ကြပ်နေခဲ့ရကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ကာနေဗယ်လ် ပွဲတော်တွင် ရီဟန်နာ၏ မိသားစုများလည်း ပါဝင်ဆင်နွှဲခဲ့ရာ သူမသည် အဖိုးဖြစ်သူကို ယုယုယယ ပွေ့ဖက် နှုတ်ဆက်နေသည်ကိုလည်း တွေ့ရသည်။ ရီဟန်နာသည် လတ်တလောတွင် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်များမှ (၂)လကြာ အနားယူထားသည်။ သူမသည် ဥရောပမှ လော့စ်အန်ဂျလိစ်သို့ ပြန်လာပြီး ထိုမှတစ်ဆင့် ဘာဘေးဒိုးစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ရီဟန်နာသည် လာမည့်လပိုင်းတွင် အာရှတိုက်သို့ ခြေဆန့်ပြီး မကာအို၊ မနီလာနှင့် စကာင်္ပူတို့တွင် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဟု သိရှိရသည်။
Planet