ကမ္ဘာ့အချမ်းသာဆုံး Fortune 500 တို့အများစု Facebook မသုံးကြ

ပို့စ်တင်ချိန် - 8/08/2013 06:55:00 PM


Facebook တစ်ခုတည်းမဟုတ်ပါဘူး။ Twitter, Google+, LinkedIn အစရှိသဖြင့် ရှိသမျှ Social Media အားလုံးကို အသုံးမပြုတာ ဖြစ်ပါတယ်။

CEO.com က ဖော်ပြတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀၀ (Fortune 500) မှာ -

စာရင်းအတိအကျတွက်လိုက်ရင် Facebook ပေါ်မှာ ၃၅ ဦး

Twitter ပေါ်မှာ ၂၈ ဦး တို့သာ ရှိပြီး LinkedIn ပေါ်မှာလည်း လက်ချိုးရေရ လောက်အောင်နည်းပါတယ်။

ဒီတော့ ရှိရှိသမျှ Social Media တွေအားလုံးပေါင်းလိုက်ပြီးမှ ရလာတဲ့ ရလဒ်ကတော့ ၃၀ ရာခိုင်နှုန်းသော Fortune 500 သာ Social Media ကို အသုံးပြုကြကြောင်း သိရပါတယ်။ Warren Buffett ဆိုရင်လည်း Twitter စသုံးတာ မကြာသေးပါဘူး။

ပြီးတောလဲ ယင်း ပုဂ္ဂိုလ်များက အကောင့်ဖွင့်ထားပေမယ့် တကယ် အသုံးပြုသူ သို့မဟုတ်ပုံမှန် အသုံးပြုမှုအချိန်က အင်မတန် နည်းပါးကြောင်း ဆိုပါတယ်။ အချို့ ဆိုရင် အကောင့်ဖွင့်ထားပြီး လုံးဝ မသုံးပဲ ထားတဲ့အထိ ဖြစ်ပါတယ်။ အချို့ ဆိုရင် ရက် ၁၀၀ နေမှ Status Update တစ်ခု တင်ကြောင်း ဆိုပါတယ်။

သို့ပေမယ့် အနာဂတ်မှာ ယင်းပုဂ္ဂိုလ်တို့ Social Media အသုံးပြုမှု အရေအတွက် တိုးလာရန် အလားအလာ ရှိကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)