ဈေးသက်သာ iPhone5C ဓာတ်ပုံများထွက်ပေါ်

ပို့စ်တင်ချိန် - 8/08/2013 03:41:00 PM


ဈေးသက်သာ အိုင်ဖုန်းလို့ခေါ်တဲ့ Apple က ထုတ်မယ့် iPhone 5C ဓာတ်ပုံများကို C Technology အမည်ရ တရုတ်အခြေဆိုက် နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက စဖြန့်လိုက်ပြီ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ အနီရောင် နဲ့ အဖြူရောင် နှစ်မျိုး နှစ်စား ထွက်ရှိမှာ ဖြစ်ပါတယ်။ ပါဝင်မယ့် Feature အများစုက iPhone 5 နဲ့ တူညီ မယ်လို့ ဆိုပါတယ်။ အတွင်းက Hardware တည်ဆောက်ပုံ အားလုံး နီးပါးတူ ပါတယ်။ သို့ပေမယ့် စပီကာကတော့ နေရာ နည်းနည်းပြောင်း သွားပါတယ်။ connector Pin ကလည်း iPhone 5 နဲ့ အတူတူပါပဲ။

ဖန်သား မျက်နှာပြင် အရည်အသွေးကိုလည်း ကောင်းမွန်ကြောင်း ဆိုပါတယ်။ ဈေးနှုန်းကို တရုတ်ဆိုဒ်မှာ ဖြစ်တဲ့အတွက် ယွန် ၃ထောင်လို့ ဖော်ပြ ထားပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၃၇၀ ဝန်းကျင် လောက် ရှိမယ်လို့လည်း ခန့်မှန်းထား ကြပါတယ်။ ဒါဆိုရင် ဈေး အရမ်းသက်သာပါတယ်ဆိုတဲ့ ဖုန်းတော့ မဟုတ်ပါဘူး။ High end ဖုန်း များနဲ့ အဆင့်သိပ်မကွာတဲ့ အနေအထား ဖြစ်ပါတယ်။ HTC One mini နဲ့ အခြား Mini ဖုန်းအများစုကို ယှဉ်ပြိုင်မယ့်ဖုန်းဖြစ်ကြောင်း ဆိုပါတယ်။

အရွယ်အစားအားဖြင့်လည်း iPhone 5 နဲ့ သိပ်မကွာလှတဲ့ iPhone 5C ကို နောက်ဆုံးထွက်ရှိမယ့် iPhone 5S နဲ့ တပြိုင်နက်တည်း မိတ်ဆက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)