ယောက်ျားမိန်းမ ထိုကိစ္စ

ပို့စ်တင်ချိန် - 8/08/2013 10:56:00 AM


ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်း တပုဒ်ပါရှိ လာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သန်လျင် GTC ကျောင်း၏ စာသင်ခန်း အတွင်း ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူးနေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာ နက်ပေါ် လွှင့်တင် လိုက်ရာ ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက်  ယခုအခါ ဗွီဒီယိုအခွေများ အဖြစ်ရောက်ရှိ လာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည် ဆိုသည့်သတင်း ဖြစ်သည် ၊ မိမိစိတ်က ပထမဆုံးအကြိမ်ထွက်ရှိသောMelody Worldေ တးစီးရီးတွင်ပါဝင်လျှက် နာမည် ထွက်လာ ခဲ့သော အဆိုတော်မလေးတစ်ယောက် ကိုလည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည်လည်း GTCကျောင်းသားေ ကျာင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊ သူမအတွက် ပိုဆိုးတာက သူမသည် ပြည်သူသိ အဆိုတော်တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့် သူမ အနု ပညာ ပါ သေသွားရသည် ၊ ယခုအခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင် မသိ ရတော့ သူမ အကြောင်းတွေး မိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊ ထို့နောက် နှမျှောစိတ်လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း မကင်းနိုင် သည့်ကိစ္စတစ်ခုကြောင့် ဘ၀နှင့် ရင်းထား ရသော အနုပညာ လမ်းကြောင်းမှေ သွဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင် ဘယ်လောက်များအရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများ ရပ်တည်နေ ရမလဲ ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊
ထို့ပြင် အဆိုတော် တစ်ယောက် ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး
တစ်ယောက် ၏ ဟိုတယ်ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း အင်တာ နက်ပေါ် ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေတို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက်ဖြစ်ခဲ့ ရသည် ၊ မြန်မာ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုး အပြစ်ဆိုစရာ ဖြစ်ခဲ့ရသည် ၊ အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသား သားပြော ရလျှင် ရိုင်းသည်ဟုလည်း မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက် ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝသာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊
ဘာသာရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင် ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမယောက်ျားတိုင်း ကင်းနိုင်သော အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်း သာ ကွာမည်၊ ဘ၀၏ကန့်လန့်ကာနောက်ကွယ် မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမယော က်ျား တိုင်းအတွက် ကြီးမားသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရား အနိုင် ကျင့်မှုမျိုး မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊ အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန် အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊

ဤအဆိုသည် ယေဘုယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင် လူနှင့် တိရစ္ဆာန် များစွာ ခြားနားခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့သည် သူတို့၏ စိတ် အလို ဆန္ဒပြည့် ၀ရေးအတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦးသဘောတူ ကျင့်ကောင်း ကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်းလွတ်သည်သာဖြစ်သည် ၊ ဤအဆိုကို တစ်ချို့ လူကြီး လူကောင်း များက ခပ်ရှက်ရှက်နှင့် ငြင်းကောင်းငြင်းမည်ဖြစ်သော် လည်း သဘာဝတရားကို အနည်း ငယ်စဉ်း စားထောက်ဆကြည့်လျှင်တော့ ငြင်းဆိုဖို့ အလွန် ခဲယဉ်း ပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊ ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာ နက်ပေါ်ရောက်နေသောမြန်မာအမျိုးသားအမျိုးသမီးတို့၏ ဖိုမသဘာဝလိင်ကိစ္စတို့ကို အကာ အကွယ်ပေး နေခြင်းမဟုတ်၊ ကိုယ့် အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ
ကြသော လူကြီးလူကောင်းများ စဉ်းစားဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု တရား ကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား ထားရှိရေး ပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ၊

ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ်မရအောင် အလွယ်တကူ ရိုက်ကူး ထားနိုင်သော စက် ပစ္စည်းများ ပေါများသော ခေတ်ဖြစ်သည် ၊ မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော်ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့်ြ ပဿနာမရှိနိုင်သော်လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿ နာ များ ဖြစ်နိုင်စွမ်းရှိသည် ၊ အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမသဘာဝ လိင်ကိ စ္စတွင် နာမည်ပျက်စရာဖြစ်လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက်သည် ၊ ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင် ကင်မရာထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာဆင်ခြင်သင့်သည် ၊အမျိုး သား လုပ် သူ က “ ပြန်ဖျက်ပါ့မယ် “ ဟု ပြောတိုင်းလည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ်ေ တွ့  ရသော မြန်မာ ညစ်ညမ်း ဇာတ်ကား အများ စုသည် ပြန်ဖျက် ပါ့မယ်ဟူသော စကားကို ယုံကြည်မှုမှ ပေါက်ထွက်လာခြင်းဖြစ်ကြောင်း လေ့လာတွေ့ ရှိရသည် ၊ ဤနေရာတွင်ေ ယာက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင်ပါသည် ၊ ယောက်ျားအများစုသည် ကျန်သောကိစ္စများထက် လိင်ကိစ္စတွင် အချင်းချင်းကြွားလိုသော စိတ်သ ဘာဝ ရှိကြသည် ၊ ထိုစိတ်သဘာဝနှင့်ပင်  သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို
သူ့ အပေါင်း အသင်း တစ်ဦးမဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊ တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက်ရောရောပင် မျှဝေပေးလိုက်ပါသေးသည် ၊  ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး၏ အရှက်နှင့်သိက္ခာအတွက်တော့ တွေးဝံ့စရာ မရှိတော့၊ အယုံ အကြည် လွန် ကဲသော အမျိုးသမီးများ တစ်ခုသတိထားဖို့က မိမိနှင့်ဆက်ဆံေ သာ မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျား သည် မိမိနှင့် အစဉ်ထာဝရ အဆင်ပြေနေမည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့် တစ်ယောက် အဆင် မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦးမည်သာ ဖြစ်သည် ၊ ထိုအခါ ယောက်ျားလုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို ရိုက်ကူး ထားသော ဗွီဒီယိုမှတ်တမ်းစသည်များလည်း ကျန်ရှိမည်ဆိုလျှင် မိမိ၏အရှက်နှင့် သိက္ခာ ကတော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲ မှာပင် ပြီးပြတ်တာအကောင်းဆုံး ဖြစ်သည် ၊ ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင် GTCကျောင်း ၏အဖြစ်အပျက်ကဲ့သို့ မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေးအောင် လုံခြုံမှုကို အထူး ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း ယခုလို လိင်ကိစ္စများကို နှစ်နှစ်ခြိုက်ခြိုက်ခံစားနေကြသည်ကား မှန်၏ ၊ သို့ရာတွင် ကမ္ဘာဦးကတည်းက ဖြစ်တည် လာသော လူ့စည်း မျဉ်းဥပဒေက ကွယ်ကွယ်ဝှက်ဝှက်သာ ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုးအတိုင်း

“ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော်ပြပါ Melody World မှ တက်လာသော အဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည် အလွဲမသွေ ပျောက်ဆုံးပါလိမ့်မည်၊ ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါးေ လးကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စ တို့ဖြင့်နာ မည်ထွက်သော bloggerဆိုဒ် များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်းသလို ရယ်စရာလည်းကောင်းသည်၊ ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင် တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊ဒီကောင် မလေးတွေ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊ဖော်ချွတ်ပြ တတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊ (ဤစကား ရပ်တွင် တကယ့်ကို ဣနြေ္ဒ သိက္ခာ ကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊ မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီးများစွာ ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့ လာကြည့်ပြီးနောက် အမှတ်မထင်သုံးသပ်မိသော အတွေးမျှသာ ဖြစ်ပါသည်၊ ) vzoချက်ရာတွင် ၀ါသ နာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့်ပဲဖြစ်ဖြစ် ဖော်ချွတ်ြ ပခြင်း သည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်သည် ၊ပြဿ နာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူထားပြီး အင်တာနက်ပေါ်လွှင့်တင်ခြင်းပင် ဖြစ်သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊ထို့ကြောင့် ခပ်လွယ်လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သောကောင်မလေးများ အနေဖြင့် ဘာမ ဟုတ် သည့်ကိစ္စလေးတစ်ခုနှင့် မိမိတို့၏ရည်မှန်းချက်များ ၊ အနာဂတ်ဘ၀များ အဖု အထစ်မဖြစ်စေရန် လေးလေးနက်နက်တွေးတောဆင်ခြင်သင့်ပါသည် ၊ ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ် မထင်ပြု မူလိုက် မိသော ကိစ္စရပ်လေး တစ်ခုက မိမိ၏ မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက် နိုင်ကြောင်း သတိပြုသင့်ပါသည်၊ ဤဆောင်းပါးတွင် မြန်မာ့လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့် နည်းမျိုးစုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြောချင်မိ
သော်လည်း မိမိ၏ ပြောစကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက် ကုရာနတ္ထိ ဆေးမ ရှိပေ ၊ နှမချင်း ကိုယ်ချင်းစာနာတတ်သောစိတ်ကလေး နည်းနည်းလောက် ထားပေးနိုင်ကြ လျှင်တော့ အထူးဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်၊ အထက်ပါစကားရပ်တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်စော်ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါး လင်ယော က်ျားနှင့်ေ နာက်မီးလင်းခြင်းကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတို့၏နှစ်ဦး သဘော တူ ချစ်ရည်လူးသည့်ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊ ဒီကိစ္စသည် ဘ၀ တစ်ခု အတွက် အရေးပါသောစည်းစိမ်ဖြစ်သည် ၊ ခံစားလိုက ခံစားပိုင်ခွင့် ရှိသည် ၊ ဘာသာရေး ပုဂ္ဂိုလ် အနည်း ငယ်မှ တစ်ပါး အနန္တစကြာဝဠာတစ်ခုလုံး ဒီစည်းစိမ်ကို ခံလည်း ခံစားနေကြသည် ၊သို့ရာတွင် တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် လက်ခံထားသော လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏ အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာ ရိုက် ကူး၍ အင်တာနက်ပေါ်လွှင့်တင်ခြင်းမျိုးမဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက်သောကြောင့် ထင်ထင် ရှားရှားဖြစ်လာသောချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း ယဉ်ကျေးမှုအမြင်ဖြင့် အပြစ် ရှုထောင့် ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်ေ ပးနိုင်ကြစေရေး သည် ဤဆောင်းပါး၏ ပဓာန ရည်ရွယ်ရာ ဖြစ်ပါသည် ၊မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူးပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူး တင်ပါ သည် ……..။



From : ..ခလေးလေး