လားရှိုးအေတီချောင်းရေကြီးခြင်းကြောင့် ကားများသွားမရ

ပို့စ်တင်ချိန် - 8/08/2013 03:56:00 PM


စံဝရဇိန် ၊ လားရှိုး ၊ သြဂုတ်(၇) ၊ ရန်ကုန်တိုင်းမ်သတင်းစာ

ရှမ်းပြည် နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ဩဂုတ်၎ရက်က မိုးသည်းထန်စွာ ရွာမှုကြောင့် ဩဂုတ်၅ရက် နံနက် ၃နာရီ၄၅မိနစ်မှစပြီး လားရှိုးမှသိန်းနီ သို့ အထွက် အေတီတံတားချောင်း ရေကြီးမှုကြောင့် မန္တလေး- မူဆယ်၊ မူဆယ်-လောက်ကိုင်၊ မန္တလေး သို့ပြေးဆွဲလျက်ရှိသော ခရီးသည် တင်ကားများ၊ ကုန်တင်ကားများ သွားမရဘဲ လမ်းပိတ်နေကြောင်း သိရသည်။
လားရှိုးမြို့အထွက် အေတီ ချောင်းတောင်ကျရေများခြင်း ကြောင့် ဩဂုတ်၅ရက် နံနက်၃ နာရီ၄၅မိနစ်မှစပြီး လားရှိုးမြို့နယ် မြေခံတပ်ရင်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်ရပ်ကွက်များမှ မီး သတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာရပ် ကွက်သားများက ခရီးသည်များ နှင့် ကားကြီးများအား ခရီးသွား နိုင်ရန် မီးသတ်ယာဉ်အားကြိုးဖြင့် ဆွဲကာ ရေပြန်လည်စီးဆင်းနိုင် စေရန်နှင့် ရေဝပ်မနေစေရန် ရေ လမ်းကြောင်းများ ဖွင့်ပေးခဲ့ကြ သဖြင့် နံနက်၁၁နာရီခွဲ၌ ကားကြီး များသွားနိုင်ခဲ့ပြီး ဆိုင်ကယ်များ အား ဝါးလုံးများလျှိုထမ်း၍ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Media Group