ယာဉ်ပိတ်ရပ်သည့်ကိစ္စနှင့်ပတ်သက်၍ ဓါးခုတ်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 8/08/2013 03:44:00 PM


ရန်ကုန်၊ သြဂုတ် ၈

၆.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် သာကေတမြို့နယ်၊
ထူပါရုံရပ်ကွက်နေ ရဲထက်နိုင် (ဘ)ဦးထွန်းထွန်းသန်းသည် ၎င်းယာဉ်နောက်လိုက်အဖြစ်လုပ်ကိုင်သည့်(၄၉)ယာဉ်လိုင်း ၆က/----ဒိုင်နာယာဉ်အား သင်္ဃန်းကျွန်းစံပြဈေးတွင် ဂိတ်ထိုးထားရှိစဉ်
(၄၉)ယာဉ်လိုင်း (နံပါတ်မမှတ်မိ) ယာဉ်အားမောင်းနှင်သည့် ဂနို(စုံစမ်းဆဲ)၊ ယာဉ်နောက်လိုက် ကုလား (စုံစမ်းဆဲ)တို့နှင့် ယာဉ်ပိတ်ရပ်သည့်ကိစ္စနှင့်
ပတ်သက်၍ စကားများခဲ့ကြပါသည်။

ထိုသို့ဖြစ်ပွားခဲ့ပြီး ၇.၈.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ (၄၉)ယာဉ်လိုင်းဂိတ်တွင် ရဲထက်နိုင်မှာ ၎င်း၏ယာဉ်မောင်းဖြစ်သူ ဝေယံမင်းနှင့်အတူ ရှိနေစဉ် ဂနိုနှင့်ကုလားတို့မှ ဓါးရှည်နှင့်သုံးမြှောင့်ချွန် များကိုင်ဆောင်ရောက်ရှိလာပြီး ဂနိုမှ
ရဲထက်နိုင်အား ဓါးဖြင့်ထိုးခဲ့၍ ယာဘက်ရင်ဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ ကုလားမှဝေယံမင်းအား သုံးမြှောင့်ချွန်ဖြင့်ထိုးခဲ့
သော်လည်း မထိခဲ့သဖြင့် ယာဉ်အနီးတွင်ရှိနေသော
ရဲထက်နိုင်၏မိခင်ဒေါ်မေစီ အားဂနိုနှင့်ကုလားတို့မှဓါး၊သုံးမြှောင့်ချွန် တို့ဖြင့်ထိုးခုတ်ခဲ့ကြသောကြောင့် ဒေါ်မေစီတွင် ဦးခေါင်းထိပ်၊ ၀ဲဘက်ရင်ဘက်၊ ၀ဲပုခုံးတို့တွင်ပြတ်ရှထိုးသွင်းဒဏ်ရာများရရှိခဲ့ပါသည်။

အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဂနိုနှင့်ကုလားတို့အပေါ်အရေးယူပေးရန် ရဲထက်နိုင်မှတိုင်တန်းခဲ့သဖြင့် သာကေတ မြို့မရဲစခန်း (ပ)၄၁၄/၂၀၁၃
ပုဒ်မ ၃၂၆/၃၂၄/၁၁၄ ဖြင့်အမှုဖွင့်အရေးယူခဲ့ပြီး ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police