CoCa Cola ရဲ့ မားကတ်တင်း

ပို့စ်တင်ချိန် - 8/08/2013 09:24:00 AM


India နဲ့ Pakistan နှစ်နိုင်ငံ ကွဲပြားနေကြတာ နှစ်ပေါင်း ၆၆နှစ်နဲ့ အတော်ကြာခဲ့ပါပြီ။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ နီးရက်နဲ့ ဝေးကွာနေကြတာကို ပေါင်းစည်းပေးနိုင်ဖို့ CoCa Cola ရဲ့ Small World Campaign က နည်းပညာကို အသုံးပြုပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ တကယ်တန်း ကြည့်မယ်ဆိုရင်တော့ မားကတ်တင်း Technique တစ်ခုပါပဲ။

နှစ်နိုင်ငံမှာ ရှိနေတဲ့ သူတွေ တစ်ယောက်ကိုတစ်ယောက် ကင်မရာ ကနေတစ်ဆင့် ထိတွေ့ပေါင်းစည်း လက်ပြနှုတ်ဆက် အတူတကွ လုပ်ဆောင်မှုတွေကတစ်ဆင့် Free Coca Cola တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

နေရာနှစ်ခုမှာရှိတဲ့ လူတွေကို ထိတွေ့ ပေါင်းစည်းနိုင်အောင် ဆောင်ရွက်ပေးတဲ့ သူတို့ရဲ့ မားကတ်တင်း နည်းပညာကတော့ Emotional ဖြစ်စေမှာတော့ အမှန်ပါပဲ။

Free Cola သောက်ရတာက အဓိက မဟုတ်ပေမဲ့ စည်းခြားထားတဲ့ တံတိုင်းတွေကို ချိုးဖျက်ပြီး ပေါင်းစည်းမှုခံစားချက်ကို ရရှိစေတာက အဓိက ဖြစ်မယ်လို့ထင်ပါတယ်။

Video ကတော့ အောက်မှာ ကြည့်ရှုကြည့်နိုင်ပါတယ်။ Creative Marketing Campaign တစ်ခုအဖြစ် မြင်တွေ့နိုင်ပါတယ်။

http://youtu.be/ts_4vOUDImE

THA: TSJ Tech Team