သစ်တောဂိတ်တွင်ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်အား လိုက်လံဖမ်းဆီး စစ်ဆေးရာမှ ကျွန်းသစ်များ တွေ့ရှိအရေးယူ

ပို့စ်တင်ချိန် - 8/08/2013 03:44:00 PM


ရန်ကုန်၊ သြဂုတ် ၈

၇.၈.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာနမှ
တောအုပ်ဦးသန်းဇော်ဦး နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် (၄)လမ်းဆုံ၊ သစ်တောဂိတ်၌တာဝန်ထမ်းဆောင်နေချိန် ၄က/----၊တိုယိုတာမတ်တူး မီးခိုးရောင်ယာဉ်မှာတိုက်ကြီးဘက်မှ ထောက်ကြန့်ဘက်သို
့မောင်းနှင်လာစဉ် ဂိတ်၌ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွား
သဖြင့် မသင်္ကာ၍လိုက်လံဖမ်းဆီးခဲ့ရာ လှည်းကူးမြို့နယ်၊ မလစ်ကျေးရွာ အမှတ်(၇)လမ်း၊ မိုင်တိုင်အမှတ် (၇/၄)အရောက်တွင် ၎င်းယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲလမ်းဘေး သို့ထိုးကျရာမှ လမ်းဘေးတဲအားတိုက်မိရပ်သွားခဲ့ပါသည်။

အဆိုပါယာဉ်အားစစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာစန်းလွင်(ဘ)ဦးသိန်းလွင်၊ ဥက္ကံမြို့နှင့် အတူပါသူ အေးမင်းစိုး(ဘ)ဦးမြင့်စိုး၊ ဥက္ကံမြို့နေသူတို့အား ယာဉ်အတွင်းမှကျွန်းခွဲသား အပိုင်းအစဆိုဒ်စုံ (၂၁၈) ချောင်း၊
(၀.၄၁၂)တန်၊ တန်ဘိုးငွေကျပ်(၅)သိန်းခန့်နှင့်အတူတွေ့ရှိ
သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိသည့် သစ်များနှင့်ပတ်သက်၍ ယာဉ်မောင်းစန်းလွင်၊
အေးမင်းစိုးနှင့် သစ်ပိုင်ရှင် တို့အားအရေးယူပေးပါရန် တောအုပ်
ဦးသန်းဇော်ဦးမှတိုင်ကြားခဲ့သဖြင့် ဒါးပိန်နယ်မြေရဲစခန်း (ပ)၇၇/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်အရေးယူထားရှိကြောင်းသတင်း ရရှိပါသည်။
Yangon Police